အခန်း ၁၆၃၁
Vol. 110 Ch. 1631
အပိုင်း (၁၆၃၁)
ကြီးမြတ်သူတုံးကုနှင့် ကြီးမြတ်သူ မာစတာတိုကီတာနိုတို့သည် ထမင်းကြော်ပန်းကန်ပေါင်း တစ်သောင်းကျော်တို့ကို ထုတ်ပိုးကာ ထွက်ခွာကြ၏။
ကျွင်းချောင်ရှောင်းအနေဖြင့် ဤနှစ်ယောက်သည် သူအား အင်မော်တယ်အဆင့် ဂိုဏ်းဆယ်ဂိုဏ်းနှင့် ပတ်သက်၍ရောက်ကာ ပြောကြားသည်လား၊ ထမင်းကြော် လာဂုန်းဆင်းသည်လားပင် ဝေခွဲမရ ဖြစ်မိနေသည်။
"မင်းဆရာပြောတာ မှန်တယ် "
စနစ်က ပြောလိုက်၏။ "လက်ရှိအချိန်မှာ သတိအပြည့်ထားမှ ဖြစ်လိမ့်မယ်"
အင်း
ကျွင်းချောင်ေရှာင်းသည် ပြုံးကာပြောလိုက်သည်။
"အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းက အမြင်ကျဉ်းတဲ့သူတွေဆိုတော့ သူတို့ထက်ပိုပြီး အားကောင်းလာတဲ့ သူတစ်ယောက်ကို ဘယ်လိုလုပ် သည်းခံပြီး ထိုင်ကြည့်နေမှာလဲ။ ဒါပေမဲ့ ….."
သူသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ "ငါက နတ်ဆိုးဘိုးဘေးကြီးလို ကံဆိုးတဲ့သူမဟုတ်ဘူးလေ။ ပြိုင်စံရှားဂိုဏ်းကို ပစ်မှတ်ထားတဲ့သူတွေကို ပြာအဖြစ် ပြောင်းပစ်မယ် "
ကျွင်းချောင်ရှောင်းအနေဖြင့် အင်မော်တယ်အဆင့် ဂိုဏ်းဆယ်ဂိုဏ်းကို ဖျက်စီးရန်အတွက် အင်အားမရှိနိုင်ချေ။ သို့ပေမဲ့ မျိုးနွယ်စုသုံးစုရှိနေသောကြောင့် ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။ သူ့အား ဖွံ့ဖြိုးတိုးတက်ရန် အချိန်အနည်းငယ် ပေးမည်ဆိုပါက တစ်ဖက်သူများ၏ ဦးခေါင်းကိုပင် ဖြတ်ကာနင်းသွားမှာ သေချာသည်။
"ဂိုဏ်းချုပ်"
ထိုအချိန်မှာပဲ တင်းရှင်းဝမ်သည် အလောတကြီး ဝင်ရောက်လာ၏။ သူ၏အကြီးအကဲဝတ်စုံသည် စုတ်ပျက်သတ်နေပြီး သူ၏ပုံပန်းသွင်ပြင်မှာလည်း မောပန်းနွမ်းနယ်နေခဲ့၏။ "ခင်ဗျားထွက်လာပြီလား"
"ဟုတ်ပါတယ်"
"ဘာတွေတွေ့ခဲ့လဲ။ ဘာတွေရခဲ့လဲ"
"အရမ်းကောင်းတာတွေကို…… "
တင်းရှင်းဝမ်၏ မျက်လုံးများသည် တောက်ပြောင်လျက် ရှိနေ၏။
သူသည် ပထမအသုတ်အဖြစ် တပည့်များကိုခေါ်ဆောင်ကာဖြင့် တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်ခဲ့၏။ လေးနာရီခန့် ကြာပြီးသည့်နောက် သူတို့သည် ကြမ်းတမ်းလှသည့် တိုက်ပွဲကို အတွေ့အကြုံယူပြီး ဘာမှန်းမသိသည့် သိုင်းကျင့်ကြံသူ ငါးရာကျော်တို့ကို သတ်ဖြတ်နိုင်ခဲ့၏။ ထို့ပြင် များပြားလှသည့် အမှတ်များကိုလည်း ရရှိခဲ့သည်။
ထိုသိုင်းကျင့်ကြံသူများကို သတ်ဖြတ်သည့် လူတိုင်းသည် အမှတ်များကို ရရှိ၏။ တင်းရှင်းဝမ်၊ အဘိုးကြီးကုန်းနှင့် အခြားသော အထက်ပိုင်းအကြီးအကဲတို့သည် ပိုမိုကာ အားကောင်းကြ၏။ ထို့ကြောင့် သူတို့သည် အမှတ်များကို များများစားစား ရရှိခဲ့ကြ၏။
တပည့်များမှာလည်း အနည်းနှင့် အများဆိုသလို ရရှိခဲ့ပြန်သည်။ လေ့ကျင့်ရေးပြီးဆုံးပြီးနောက် အားလုံးတို့သည် အပြင်ဖက်ဆီသို့ တည်နေရာရွေ့ပြောင်းခံလိုက်ရ၏။ ထိုအချိန်မှာပဲ သူတို့၏နားထဲတွင် သတိပေးသံများ ထွက်ပေါ်လာခဲ့၏။ သူတို့၏ အမှတ်များကို သိုင်းတာအိုနှင့် လဲလှယ်မလားဟူသည့် မေးမြန်းချက်ပင် ဖြစ်သည်။
ပြောနေစရာပင် မလိုအပ်ချေ။ သူတို့သည် လဲလှယ်မည်ကို ရွေးချယ်လိုက်ကြ၏။
“ဒင် …အတွေ့အကြုံ လဲလှယ်မှု အောင်မြင်သည်"
“ဒင် … အတွေ့အကြုံ လဲလှယ်မှု အောင်မြင်သည်"
ဝှစ် ဝှစ်
ချက်ချင်းပဲ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များသည် ထူးဆန်းလှသည့် သိုင်းတာအို၏ ထိန်းချုပ်ခြင်းကို ခံရပြီး သူတို့၏ အသိစိတ်ပင်လယ်ထဲသို့ တစ်စုံတစ်ခု ဝင်ရောက်လာကြောင်း ခံစားမိလိုက်ကြသည်။ ကြည့်ရသည်မှာ ကျွင်းချောင်ရှောင်း၏ သိစိတ်ပင်လယ်ထဲသို့ သိုင်းအသိဉာဏ်များ ထိုးထည့်လိုက်သည်နှင့်ပင် ဆင်တူသည်။ ပြောရမည်ဆိုလျှင် ၎င်းတို့အားလုံးသည် ဆာဗာခိုးနေကြပြီ ဖြစ်၏။
"ငါအဆင့်ကျော်ဖြတ်သွားပြီ"
လီထျန်းထျန်းသည် စိတ်လှုပ်ရှားမှုကြောင့် ခုန်ဆွခုန်ဆွပင် ဖြစ်လို့နေ၏။ "ငါအမြူတေပြောင်းလဲခြင်း အဆင့်ခုနှစ်ကို ချိုးဖျက်ရောက်ရှိသွားပြီ"
"ကျုပ်လည်း ချိုးဖျက်သွားပြီ"
စုန့်ရွှမ်ကျူး၊ လီယုဟွာတို့နှင့် အခြားသောသူတို့သည် အမြူတေပြောင်းလဲခြင်း အဆင့်တစ်ဆင့်ကို ချိုးဖျက် ရောက်ရှိခဲ့၏။ လက်ရွေးစင် ဒုတိယအသုတ်မှ တပည့်များ ဖြစ်သည်မို့ ၎င်းတို့၏ အားအင်အဆင့် အမြူတေပြောင်းလဲခြင်း အလယ်အလတ်မှ ထိပ်ဆုံးအဆင့်ကြားတွင် ရှိနေကြ၏။ လေ့ကျင့်ရေးနယ်မြေရှိ မွန်းစတားများနှင့် သိုင်းကျင့်ကြံသူများကို သတ်ဖြတ်ပြီးနောက် ၎င်းတို့၏ အားအင်အဆင့်သည် တိုးတက်ရုံသာမက ကျင့်ကြံခြင်းသည်လည်း တိုးတက်သွားခဲ့တော့၏။ ဤအရာမှာ ရူးလောက်ဖွယ်ရာပင်။
တင်းရှင်းဝမ်နှင့် အခြားသော အထက်ပိုင်းအကြီးအကဲများမှာမူ အမှတ်များကို လဲလှယ်ပြီးသည့်နောက် အဆင့်မတတ်ကြချေ။ ဆိုလိုသည်မှာ သူတို့အနေဖြင့် အစစ်အမှန်ရှာဖွေခြင်း အလယ်အလတ်အဆင့်သို့ ချိုးဖျက်ရောက်ရှိရန် အလွန်ခက်ခဲနေသေး၏။သို့ပေမဲ့ များပြားလှသော သိုင်းအတွေ့အကြုံများကို ထပ်မံကာရရှိလျှင်တော့ ဖြစ်နိုင်ဖွယ်ရှိနေသည်။
ရေအေးအေးတစ်ခွက်ကို သောက်သုံးပြီးနောက် တင်းရှင်းဝမ်သည် ပြန်လည်ကာတည်ငြိမ်လာခဲ့၏။ သူက ပြောလိုက်၏။ "တွက်ချက်မှုအရ အထဲကို အကြိမ်အနည်းငယ်လောက် ထပ်ပြီးလေ့ကျင့်ရမယ်ဆိုရင် အစစ်အမှန်ရှာဖွေခြင်း အလယ်အလတ်အဆင့်ကို ချိုးဖျက်ရောက်ရှိနိုင်မယ်ထင်တယ်"
"ဘယ်နှစ်ကြိမ်လောက် ဝင်ရမလဲ"
"သုံးခါ ၊ လေးခါလောက်ပေါ့"
ကျွင်းချောင်ရှောင်းက ပျော်ရွှင်သွားမိ၏။ ဤတိုက်ပွဲနယ်မြေသည် အချိန်နှင့်တည်နေရာလိုဏ်ဂူကဲ့သို့ အချိန်အကန့်အသတ်တော့ တည်ရှိ၏။ သို့ေပမဲ့ လဝက်ခန့်သာ အနားယူရသည်။ သုံးကြိမ်၊လေးကြိမ်ဆိုသည်မှာ တစ်လ၊နှစ်လခန့်သာ ဖြစ်သည်။ ထို့ပြင် အဘိုးကြီးတင်းနှင့် အခြားသူများသာ အဆင့်ချိုးဖျက်နိုင်သွားပါက သူ၏ တာဝန်လိုအပ်ချက်နှင့် ကိုက်ညီသွားမှာဖြစ်၏။
"အဘိုးကြီးတင်း"
ကျွင်းချောင်ရှောင်းသည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။ "ဒီနေ့ကစပြီး ခင်ဗျားနဲ့ အထက်ပိုင်းအကြီးအကဲတွေအကုန်လုံး ဘာမှလုပ်စရာမလိုတော့ဘူး။ ကျင့်ကြံခြင်းပေါ်မှာပဲ အာရုံစိုက်ကြ"
"ကောင်းပါပြီ"
...............
ဘုတ် ဘုတ်ဘုတ်
နတ်ဆိုးသတ်ဖြတ်သူ သုံးယောက်တို့သည် တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်လိုက်၏။
"ဒီတည်နေရာက ဘာတွေလုပ်ဆောင်ချက်ရှိတာလဲ" ပိုင်လီချင်းချောင်က မေးလိုက်၏။ သူသည် ပြိုင်စံရှားဂိုဏ်းကိုသို့ ဝင်ရောက်သည်မှာ အချန်အနည်းငယ်သာ ကြာသေးသည်ဆိုသော်လည်း ဆေးလုံးများကို စားသုံးရင်း သိုင်းပညာနှင့်ပက်သက်သည့် လေ့ကျင့်ခန်းများကို တွေ့ကြုံရပြီးသည့်နောက် အမှန်ပင် စိတ်လှုပ်ရှားလျက်ရှိနေသည်။
"ကျုပ်လည်းမသိဘူး"
ယုစီနန်က ပြောလိုက်၏။ “ဒီကိုပထမဆုံး ရောက်ဖူးတာပဲ"
ကုန်းစွန်းဟုန့်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "အဘိုးကြီးတင်းဆီက ပြောစကားအရဆိုရင် အရမ်းအားကောင်းတဲ့ သိုင်းပြိုင်ဖက်တွေကို အနိုင်ယူရမယ်။ အဲကနေ အမှတ်တွေ ရှိပြီး သိုင်းတာအိုနဲ့ လဲလှယ်နိုင်တယ်တဲ့။ ဒါဆိုရင် အဆင့်တက်မြန်သွားလိမ့်မယ်"
"ပိုပြီးမြန်မယ် ဟုတ်လား"
ပိုင်လီချင်းချောင်က မေးလိုက်သည်။ "ဘယ်လောက်မြန်မှာလဲ"
ဒွီ ဒွီ ……..။
ထိုအချိန်မှာပဲ သူတိုရှေ့ရှိ တည်နေရာကြီးသည် တုန်ခါသွားခဲ့၏။ ပြီးနောက် မတူညီသည့် သိုင်းကျင့်ကြံရေး ဝတ်စုံများကို ဝတ်ဆင်ထားသည့် သိုင်းကျင့်ကြံသူများသည် လေထုထဲတွင် ပေါ်ပေါက်လာ၏။
အားလုံးသည် ငါးရာတိတိဖြစ်သည်။ ထိုသူများထဲမှ တစ်ဝက်သည် အစစ်အမှန်ရှာဖွေခြင်း တတိယအဆင့်တွင် ရှိနေသည်။
ယုစီနန်သည် သူ၏ကျောက်အခေါင်းကြီးကို ဘေးသို့ချပြီးနောက် လက်ချောင်းများတွင် စွမ်းအင်များကို စုစည်းလိုက်၏။ သူသည် ပြုံးကာ ပြောလိုက်၏။ "ကြည့်ရတာ မိတ်ဖွဲ့ချင်ပုံမပေါ်ဘူး။ တိုက်ကြရအောင်"
ဟူး ဟူး ဟူး
ချက်ချင်းပဲ မတူညီသည့် နေရာသုံးခုဆီမှမတူညီသည့် အော်ရာသုံးခုသည် ပေါက်ကွဲထွက်သွား၏။ တည်နေရာစွမ်းအင်၊ သဲစွမ်းအင်နှင့် ကောင်းခြင်းနှင့် ဆိုးခြင်းတို့၏ စွမ်းအင်များ ပါဝင်နေလေသည်။
"တည်နေရာလှောင်အိမ်"
"သဲတည်နေရာ"
"မျောက်မက်မွန်သီးခူး"
ဘုန်း ဘုန်း ဘုန်း ……..။
ထူးခြားလှသည့် စွမ်းအင်များ သက်ရောက်သွားပြီးသည့်နောက် ကောင်းကင်တွင် စွမ်းအင်လှိုင်းများဖြင့် ပြည့်နှက်ကုန်၏။ အကြိမ်အနည်းငယ်ကြာအောင် ထပ်မံတိုက်ခိုက်ပြီးနောက် ရုတ်တရက်ပေါ်ပေါက်လာသည့် သိုင်းကျင့်ကြံသူ ငါးရာကျော်တို့သည် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွား၏။
ယုစီနန်၏ အသက်ရှုသံများသည် မြန်ဆန်နေ၏။ သူ၏နှဖူးစက်တွင် ချွေးများပြန်လို့နေသည်။
ကုန်းစွန်းဟုန်သည် သဲစွမ်းအင်ဖြင့် ဖန်တီးထားသည့် မွန်းစတားကြီးတစ်ကောင်၏ ကျောပေါ်တွင် ထိုင်ကာ စပ်ဖြီးဖြီးနှင့် ပြောလိုက်၏။ "ဒီလိုမျိုး ပျော်ပျော်ရွှင်ရွှင်နဲ့ မတိုက်ခိုက်ရတာ ကြာပြီပဲ"
ပိုင်လီချင်းချောင်က ပြောလိုက်သည်။ "သိုင်းတာအိုအတွေ့အကြုံဆိုတာက ဘယ်မှာလဲ"
ဆွစ်
ထိုအချိန်မှာပဲ သူတို့ကို ထူးခြားလှသည့် ဓာတ်သဘာဝများက လွှမ်းခြုံသွား၏။ နားထဲတွင် သတိပေးသံများ ပေါ်လာ၏။
"ယခုရရှိထားသော အမှတ်များကို သိုင်းတာအိုအတွေ့အကြုံနှင့် လဲလှယ်မည်လား"
သူတို့သည် ဘာကိုဆိုလိုမှန်း နားမလည်သော်လည်း သံပြိုင်ဆိုသလို ပြောလိုက်ကြ၏။ "လဲလှယ်မယ်"
“ဒင် ….. အတွေ့အကြုံတာအို လဲလှယ်ခြင်း အောင်မြင်သည်။”
ဒင် … ဒင် ….။
ဟူး ဟူး
နတ်ဆိုးသတ်ဖြတ်သူ သုံးယောက်တို့သည် အလွန်နက်နဲသည့် ကောင်းကင်နှင့်မြေကြီး နိယာမများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရ၏။ ပြီးသည့်နောက် သိုင်းတာအိုအတွေ့အကြုံများသည် သူတို့၏ သိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်လာ၏။
"ချီးတဲ့မှ " ယုစီနန်သည် အံ့အားသင့်သွားမိ၏။ သိုင်းတာအိုအတွေ့အကြုံများကို ရရှိပြီးနောက် သူသည် အစစ်အမှန်ရှာဖွေခြင်ထိပ်ဆုံးအဆင့်သို့ ချိုးဖျက်ရောက်ရှိသွားသောကြောင့်ပင်။
ဘာမှန်းမသိသည့် သိုင်းကျင့်ကြံသူများနှင့် တိုက်ခိုက်နေစဉ်က သူသည် အစစ်အမှန်ရှာဖွေခြင်း အလယ်အလတ် အဆင့်တွင်သာ ရှိနေကြောင်း ကျိန်ဆိုရဲ၏။
“ဒင် ….. အစစ်အမှန်ရှာဖွေခြင်း အထက်အဆင့် ၁/၁"
ကျင့်ကြံသူတို့စကားဝိုင်း စာအုပ်ကို ဖတ်ရှုနေသော ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ပျော်ရွှင်သွားမိ၏။ သူသည် ထိုင်ခုံပေါ်မှ ခုန်ချကာဖြင့် ပျော်ရွှင်စွာ ပြောလိုက်သည်။ "ဘယ်သူအဆင့်ချိုးဖျက်တာလဲ"
"..."
"ငါအဆင့်ချိုးဖျက်သွားတာလား။ ငါဒီလိုပဲ အဆင့်ချိုးဖျက်နိုင်ခဲ့တာလား"
တိုက်ပွဲနယ်မြေအတွင်းမှာတော့ ယုစီနန်သည် ကြောင်တောင်တောင်နှင့် ရပ်လျက်ရှိ၏။
ကုန်းစွန်းဟုန့်နှင့် ပိုင်လီချင်းချောင်တို့သည် မနာလိုသောကြောင့် ထ၍အော်လုမတတ်ပင် ဖြစ်နေကြသည်။ နတ်ဆိုးသတ်ဖြတ်သူများထဲတွင် ၎င်းတို့သည် အစစ်အမှန်ရှာဖွေခြင်း အလယ်အလတ်အဆင့်တွင် ရှိနေသူများ ဖြစ်ကြသည်။ အဘယ့်ကြောင့် သူတို့ထက်အရင် တစ်စုံတစ်ယောက်သည် အဆင့်ချိုးဖျက်သွားရ သနည်း။
အဘယ့်ကြောင့်ဆိုေသာ် ယုစီနန်သည် ဂိုဏ်းထဲသို့ အစောဆုံး ဝင်ရောက်ခဲ့သောကြောင့် ကောင်းမွန်လှသည့် အရာများကို အရင်ဆုံး တွေ့ကြုံခံစားရပြီး ပိုမိုကာ အားကောင်းခဲ့၏။
တခြားသူနှစ်ယောက်တို့သည် အဆင့်ချိုးဖျက်ခြင်း မရှိနိုင်သော်လည်း သိုင်းတာအိုအတွေ့အကြုံများကို တော်တော်ရရှိခဲ့၏။ ထို့ကြောင့် အကြိမ်အနည်းငယ်လောက် ထပ်မံဝင်ရောက်လျှင် လွယ်လွယ်ကူကူနှင့် ချိုးဖျက်နိုင်ပေလိမ့်မည်။
တိုက်ပွဲနယ်မြေထဲမှ ထွက်ခွာပြီးနောက် ပိုင်လီချင်းချောင်သည် စားသောက်ခန်းထဲတွင် အသာထိုင်ချလိုက်၏။ သူသည် မျက်ရည်အပြည့်ဖြင့် ထမင်းကြော်ကို ဝါးမြိုလျက်ရှိ၏။ သူသည် စိတ်ထဲမှကြိတ်ကာ ရေရွတ်နေမိ၏။ "ဂိုဏ်းချုပ် ငါ့ကိုဘာလို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက လာပြီးမခေါ်ထုတ်ခဲ့ရတာလဲ"
သူ၏ဘေးတွင် ရှိနေသော ကျွင်းချောင်ရှေုာင်းသည်လည်း စားရင်းမျက်ရည်ဝိုင်းလျက်ပင်ရှိနေ၏။ တူညီသည့် အရာပင် ဖြစ်၏။ သူသည်ထိုထဲသို့ ဝင်လို့မရချေ။
............
ယုစီနန်သည် အစစ်အမှန်ရှာဖွေခြင်း အထက်အဆင့်သို့ ရောက်ရှိသည်နှင့်ပတ်သက်၍ ဘာပြဿနာမှ မရှိချေ။ သို့ပေမဲ့ တစ်ကယ်တမ်း လေ့ကျင့်ကျော်ဖြတ်မည်ဆိုပါက နှစ်ပေါင်းထောင်ချီ ကြာမြင့်ပေလိမ့်မည်။ လက်ရှိတွင် တိုက်ပွဲနယ်မြေထဲ၌ အတွေ့အကြုံခံယူပြီးနောက် လွယ်လွယ်ကူကူနှင့် အဆင့်ချိုးဖျက်နိုင်စွမ်း ရှိလို့နေ၏။ ထို့ကြောင့် ဤအရာသည် အလုံးစုံအံ့အားသင့်ဖို့ကောင်းသော အရာတစ်ခုဖြစ်မှန်း ပြသလျက်ရှိ၏။ ထူးခြားသောပစ္စည်းဆိုသောနာမည်နှင့် ထိုက်တန်လွန်းလှသည်။
"တူညီတဲ့အရာလည်း ရှိသေးတယ်"
စနစ်က ပြောလိုက်၏။ "မင်းအနေနဲ့ ပိုပြီးအားကောင်းချင်ရင် စနစ်ကို အမှီခိုပြုမှ ဖြစ်လိမ့်မယ်"
အကြိမ်ပေါင်းများစွာ ပါးရိုက်ခံရပြီးနောက် သူသည် ကျောရိုးမကြီးကို မတ်မတ်ထားကာ ကြေညာရဲနေပြီဖြစ်သည်။
ဒင် ….. အစစ်အမှန်ရှာဖွေခြင်း အထက်အဆင့် ၂/၁"
ဒင် … အစစ်အမှန်ရှာဖွေခြင်း အထက်အဆင့် ၃/၁"
ဒင် ….. အစစ်အမှန်ရှာဖွေခြင်း အလယ်အလတ်အဆင့် ၃/၅"
ဒင် … အစစ်အမှန်ရှာဖွေခြင်း အနိမ့်အဆင့် လက်ရွေးစင်တပည့်များ သီးသန့် - ၁၆/၁၀"
အချိန်များ ကုန်လွန်ပြီးနောက် အထက်ပိုင်းအကြီးအကဲနှင့် ပြိုင်စံရှားဂိုဏ်း တပည့်များသည် အဆင့်တက်လျက်ရှိနေ၏။ အခြေအနေသညည် မရိုးရှင်းလှချေ။ ကြောက်မက်ဖွယ်ကောင်းသည့် အခြေအနေကို ရင်ဆိုင် ကျော်ဖြတ်ပြီးမှသာလျှင် ရရှိခဲ့ခြင်း ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းတွင် ထိုင်လျကိရှိနေပြီး သူ၏နှုတ်ခမ်းတွင် အပြုံးတစ်ခု ဖြစ်တည်နေ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ပြိုင်ဖက်ကင်းဖြစ်ရသည်မှာ ပျင်းရိဖွယ်ကောင်းသည်ဟူသော ခံစားချက် နှင့် တူညီသော ခံစားချက်သည် အထက်နယ်မြေတွင် ပေါ်ပေါက်လာပြီ ဖြစ်သည်။
"ဂိုဏ်းချုပ်"
ထိုအချိန်မှာပဲ ကျန်းတယ်ကျွင်း၏ အသံသည် နားထဲတွင် ပေါ်ပေါက်လာခဲ့၏။ "ကြယ်တာရမြေပုံကို သုံးသပ်ချက်အရ အနောက်မြောက်ပိုင်းရဲ့ မြေအောက်မှာ လှုပ်ရှားမှုတွေရှိနေတယ်။ ဒါက အဆင့်မြင့် မိုင်းတွင်းတစ်ခု ပေါ်ပေါက်လာတာဖြစ်နိုင်တယ်။"