အခန်း ၁၆၃၂
Vol. 110 Ch. 1632
အပိုင်း(၁၆၃၂)
၁ လ၊ ၂ လအတွင်းမှာပဲ ဖြူမဲညီနောင်၊ တင်းရှင်းဝမ်၊ ကျန့်ရာနှင့် တစ်ခြားသော ဂိုဏ်း၏စီနီယာအဖွဲ့သားများအားလုံး တို့သည် တိုက်ပွဲနယ်မြေကြီးကို အမှီအခိုပြုကာဖြင့် အဆင့်ချိုးဖြတ်နိုင်ခဲ့ကြ၏။
ဟုတ်ပေသည်။ ဤအရာကြောင့် အကျိုးအမြတ်အများဆုံးရရှိသူသည် အတွင်းစည်းနှင့် အပြင်စည်း ဂိုဏ်းသားများ သာဖြစ်တော့၏။ ၎င်းတို့သည် အမြုတေပြောင်းလဲခြင်းအဆင့် ၂ အထဲကို ဝင်ရောက်ပြီးသည့်နောက် တည်နေရာနယ်မြေထဲသို့ ဝင်ကာ ကျင့်ကြံခြင်းအတင့် တိုးတက်အောင် ပြုလုပ်နိုင်ခဲ့သည်။ ဤအရာသည် သိုင်းကျင့်ကြံခြင်း လောက၏ ဖြတ်လမ်းတစ်ခုဟု ဆိုရမည်ဆိုလျှင်တောင်မှ တစ်ခါဝင်လျှင် လူ ၅ရာ သာလျှင် ဝင်နိုင်စွမ်းရှိသည်။
ပြိုင်စံရှားဂိုဏ်း၏ အလုံးစုံသော ဂိုဏ်းသားအရေအတွက်သည် ၁ သိန်းရှိ၏။ ထို့ကြောင့် အဖွဲ့လိုက် အဖွဲ့လိုက် ဝင်ရမည်ဆိုလျှင် အချိန်အနည်းငယ်ကြာအောင် စောင့်မျှော်ရပေဦးမည်။ သို့ပေမဲ့ ကိစ္စမရှိချေ။ လက်ရှိအခြေအနေ မှာတော့ အထူးတာဝန်သည် ပြည့်ဝလုမတတ် ဖြစ်နေတော့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အလွန်တရာ စိတ်ကျေနပ်လျက်ရှိ၏။
တပည့်များအနေနှင့် အနာဂတ်တွင် ပိုမိုမြန်ဆန်စွာ တိုးတက်လာနိုင်သည်ဟူသော ခံစားချက်သည် သူ့အား အမှန်ပင် ပျော်ရွှင်မိစေ၏။ မကြာသေးခင်အချိန်တုန်းက သူသည် စိတ်ဓာတ်ကျ ဝမ်းနည်းမှုများကို ကြုံဆုံခဲ့ရ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အလွန်သာယာသည့် ခရီးလမ်းကို လျှောက်လှမ်းနေခဲ့ရပြီဖြစ်သည်။
ထို့အပြင် ပိုမို၍ ကောင်းမွန်သည့် ခံစားချက်ကို ရရှိစေသည်မှာ ထာဝရရွက်သင်္ဘောကြီးထဲတွင် ရှိနေသော ကြယ်တာရာမြေပုံသည် အထက်နယ်မြေ၏ တည်နေရာတစ်ခုတွင် စိတ်ဝိညာဉ်စွမ်းအင်များ လှုပ်ခါမှုဖြစ်နေသည် ဖြစ်ကြောင်းကို အချက်ပြခဲ့၏။ သုံးသပ်ချက်အရဆိုလျှင် အဆင့်မြင့်မိုင်းတွင်းကြီးတစ်ခုပေါ်ပေါက်လာလုနီးပါးပင်။
“အစစ်အမှန်ကျောက်တုံးလား။”
ကျွင်းချောင်ရှောင်းသည် ပဲ့ဦးတွင် မတ်တပ်ရပ်လျက်ရှိ၏။ သူသည် ကြယ်မြေပုံကြီးပေါ်တွင်ရှိနေသည့် စွမ်းအင်လှိုင်း များလှုပ်ခတ်မှုကို ကြည့်ရှုလိုက်၏။ တည်နေရာ၏ ဖုံးလွှမ်းမှုသည် မသေးကွေးလှချေ။
“စွမ်းအင်လှိုင်းတုန်ခါမှုကို သုံးသပ်ရမယ်ဆိုလျှင်”
ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်၏။ “ဒီမိုင်းတွင်းက တကယ့်ကို ကြီးမားလိမ့်မယ်။”
“သွားကြရအောင်။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“သွားပြီးတူးကြမယ်။”
အထက်နယ်မြေ၏ မိုင်းတွင်းသည် ပိုင်ရှင်မဲ့ဖြစ်သည်။ ထို့ကြောင့်အရင်ဆုံးတွေ့ရှိသူသည် မနှေးမမြန်သွားရောက်ကာ ရယူရမည်ဖြစ်သည်။
“ဂိုဏ်းချုပ်”
ထိုအချိန်မှာတော့ လီချင်းယန်သည် အသံပို့လွှတ်လိုက်၏။ “အပြင်မှာ ပတ်ဝန်းကျင်ပြောင်းလဲမှုဖြစ်ပြီ။”
“ဟမ်”
ကျွင်းချောင်ရှောင်းသည် ထာဝရရွက်သင်္ဘောဆီမှ လျှောက်ထွက်လိုက်သည်။ အနောက်မြောက်ကောင်းကင်ယံ အထက်တွင် အလင်းတန်းများ ဖြေးညှင်းစွာ ပေါ်ပေါက်လာသည်ကို သူက မြင်လိုက်ရသည်။
ထိုက်ရွှမ်အဘိုးအိုက မျက်မှောင်ကုတ်မိလိုက်၏။ “ပေါ်သွားပြီပဲ။”
“……..”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ကြယ်မြေပုံကို သေသေချာချာကြည့်ရှုနေစဉ်အတွင်းမှာပဲ မိုင်းတွင်း၏ မြေအောက်တွင် ရှိနေသော စိတ်ဝိညာဉ်လှုပ်ခါမှုကို သူက ကြိုတင်သိရှိခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် အခြားဘယ်သူမှ မသိအောင် ရယူနိုင်လိမ့်မည်ဟု တွေးထင်ထားခဲ့၏။ သို့ပေမဲ့ လက်ရှိပတ်ဝန်းကျင်ပြောင်းလဲမှုကြီးသည် တစ်လောက လုံးကို ထုတ်ဖော်ပြသလျက်ရှိနေသည်။
“သင်္ဘောပေါ်ကို တက်ကြ။”
ဆွစ် ဆွစ် …….။
ဂိုဏ်း၏ စီနီယာတပည့်များနှင့် အတွင်းစည်းတပည့်များအားလုံးတို့သည် ရွက်သင်္ဘောပေါ်သို့ တက်ရောက်လိုက်၏။ မြေပုံ၏ သုံးသပ်မှုအရဆိုလျှင် ဤမိုင်းတွင်းသည် မသေးကွေးလှချေ။ ထို့ကြောင့် လူများများကို ခေါ်ဆောင်သွားမှ ဖြစ်ပေလိမ့်မည်။ ထိုမှသာလျှင် အနည်းဆုံး တိုက်ခိုက်ရာ၌ အသာစီးက ရယူနိုင်ပေလိမ့်မည်။
ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ကျူးကျော်မှုသည် ပြဿနာကြီးတစ်ခုဖြစ်ခဲ့ကြောင်း သူက သိရှိမိ၏။ ထို့ကြောင့် တစ်စုံတစ်ယောက်အနေနှင့် အားအင်အဆင့်သည် လုံလောက်ခြင်းမရှိပါက အဖွဲ့လိုက် ဝင်ရောက်ကာ တိုက်ခိုက်ရမည် ဖြစ်ကြောင်း သင်ခန်းစာကို ကောင်းကောင်း ရရှိခဲ့သည်။
“ဟင်း”
စနစ်သည် သက်ပြင်ချလိုက်၏။“အထက်ပိုင်းအကြီးအကဲတွေ ပိုပြီးအားကောင်းလာတဲ့အချိန်မှာ မိုင်းတွင်းကြီးက ပေါ်ပေါက်လာတယ်လေ။ ဒါက တိုက်ဆိုင်လွန်းတယ်။ ပြိုင်စံရှားဂိုဏ်းကို သပ်သပ်နာမည်ကြီးအောင် လုပ်ပေးလိုက်သလိုပဲ။”
…
အနောက်မြောက်ဒေသကြီးသည် လှပသည့်တောတောင်များ၊ ရေမြေများနှင့် ဖန်တီးတည်ဆောက်ထား၏။ ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများသည် ပိုမိုကာ နက်ရှိုင်းလွန်းလှပြီး ဆန်းကြယ်လှသော တည်နေရာကြီး တစ်ခုအဖြစ် ထီးထီးကြီး တည်ရှိနေ၏။ ထို့ကြောင့် ဤတည်နေရာတွင် ကြီးမားလှသော မိုင်းတွင်းကြီး ပေါ်ပေါက်လာသည် ဆိုခြင်းမှာ သာမန်ပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပတ်ဝန်းကျင်သည် ကောင်းမွန်လွန်းသောကြောင့်ပင်။
လက်ရှိအခြေအနေမှာတော့ ဤပတ်ဝန်းကျင်ပြောင်းလဲမှုကြီး ဖြစ်တည်နေရာ အပြင်ဘက်တွင် ရွှမ်၊ အစစ်အမှန်နှင့် တာအိုအဆင့်ဂိုဏ်းများသည် စုဝေးရောက်ရှိနေခဲ့ကြ၏။ စုစုပေါင်း လူဦးရေကလည်း ၅၀၀၀ မှ ၆၀၀၀ နီးပါးခန့် ရှိ၏။ ၎င်းတို့၏မျက်လုံးများသည် ကန်းမနေသောကြောင့် အထဲတွင် ဖြစ်ပေါ်နေသည့် အလင်းတန်းများကို ချက်ချင်း သတိပြုမိခဲ့ကြခြင်းပင်။
ကျွတ် ကျွတ် ကျွတ်
သိုင်းကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။ “ထွက်ပေါ်နေတဲ့ အော်ရာတွေကို ကြည့်ရတာ ဒါက တကယ့်ကို ကြီးမားတဲ့ မိုင်းတွင်းကြီးပဲဖြစ်ရမယ်။”
အထက်နယ်မြေတွင် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း ပေါ်ပေါက်လာမှုသည် အကြိမ်အရေအတွက် အလွန်မြင့်မား၏။ လုံလောက်သည့် အတွေ့အကြုံမရှိဘဲနှင့် ထိုအရာကို သွားရောက်ကာ ရယူနိုင်ဖို့ မလွယ်လှချေ။
“အင်း”
တစ်စုံတစ်ယောက်သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “ဘယ်လိုပဲဖြစ်ဖြစ် ဒီကြီးမားတဲ့ ပတ်ဝန်းကျင်ကြီး ပြောင်းလဲမှုကို ကြည့်ရှုပြီးတဲ့နောက်မှာ ကျုပ်တို့က အဝေးကနေ ကြည့်ဖို့ပဲ ကံပါတယ်။”
တစ်ချို့သော အားအင်နည်းပါးလှသောကျင့်ကြံသူများနှင့် လွတ်လပ်သော ကျင့်ကြံသူများသည် သူတို့၏ အကန့်အသတ်ကို သိရှိကြ၏။ ဤတည်နေရာသို့ ရောက်ရှိလာခြင်းဆိုသည်မှာ အပျော်သဘောဖြင့် လာရောက်ကြည့်ရှုခြင်းသာလျှင် ဖြစ်၏။ ဝေစုအနေနှင့် အနည်းငယ်လောက်ရရှိမည်ဆိုလျှင်လည်း မဆိုးလှချေ။
ဆွစ်
ဆွစ်
သိုင်းကျင့်ကြံသူများ တဖြည်းဖြည်း ပိုမိုကာ များပြားလာခဲ့၏။ ၎င်းတို့၏ ဝတ်စုံများကို ကြည့်ရှုရမည်ဆိုလျှင် အစစ်အမှန်နှင့် တာအိုအဆင့် ဂိုဏ်းများဖြစ်ကြသည်။
“ပြဿနာက တဖြည်းဖြည်းကြီးလာပြီ။ မကြာခင်မှာ လုယက်ကြတော့မယ်။ ဒီလို လူအင်အားမျိုးနဲ့ဆိုရင် ရွှမ်အဆင့် ဂိုဏ်းတွေတောင်မှ နောက်ဆုတ်ပေးရမှာပဲ။”
“အင်မော်တယ်အဆင့် ဂိုဏ်းတွေကိုရော သတိဝင်သွားနိုင်သေးလား။”
“အဲလောက်ကြီးတော့ မဖြစ်နိုင်ဘူးထင်တယ်။”
ဝှစ် ဝှစ်
အားလုံးဆွေးနွေးလျက်ရှိနေတုန်းမှာပဲ ပတ်ဝန်းကျင်ပြောင်းလဲမှုဖြစ်ပေါ်ရာ အလင်းတန်းကြီးသည် ပိုမိုကာ ကျယ်ပြန့် လာခဲ့တော့၏။ မိုင်ဒါဇင်နီးပါးမှသည် မိုင် ၁၀၀ ပတ်လည်အထိကို ဖုံးလွှမ်းသွားခဲ့၏။
“ချီးတဲ့မှ”
“ထပ်ပြီးကျယ်ပြန့်သွားပြန်ပြီ။ ဒါက ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းမဟုတ်တော့ဘူး။ အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း ဖြစ်ဖို့များတယ်။”
ပြောပြောပြီးချင်းမှာပဲ သိုင်းကျင့်ကြံသူများအားလုံးသည် တုန်လှုပ်သွားခဲ့၏။ ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆိုတာ အထက်နယ်မြေတွင် အရင်းအမြစ်နှင့် ငွေကြေးအရ အသုံးပြုရသည့် သာမန်အရာသာ ဖြစ်၏။ သို့ပေမဲ့ အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးမှာ ရှားရှားပါးပါး အရည်အသွေးမြင့်မားလှသည့်အရာဖြစ်သည်။ ဤကဲ့သို့သော အရည်အသွေးနှင့်မိုင်းတွင်းကို ပိုင်ဆိုင်ရန်အတွက် အဓိကဂိုဏ်းများပင်လျှင် လာရောက်ကာ တိုက်ခိုက်ကြမှာ သေချာ၏။
ဖြတ်သွားဖြတ်လာများသည် ထိတ်လန့်တုန်လှုပ်နေသလို ရောက်ရှိနေကြသည့် အရေးကြီးသောဂိုဏ်းများသည်လည်း စိတ်လှုပ်ရှားလျက်ရှိနေ၏။ သူတို့သည်ကြိတ်ကာ တွေးတောလိုက်မိသည်။ “အရင်တစ်ကြိမ် မြက်ခင်းစိမ်းလွင်ပြင်မှာတုန်းက ဖြစ်ခဲ့သလိုမျိုး ဟောင်းလောင်းကြီးတော့ ဖြစ်မနေလောက်ဘူး မဟုတ်လား။”
“ဟင်း ….”
ရွှမ်အဆင့်ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူက သက်ပြင်းချလိုက်၏။
သာမန်ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းသာ ဆိုပါက သူတို့အနေနှင့် ပါဝင်ရန် အရည်အသွေးရှိနေသေး၏။ သို့ပေမဲ့ ယခုကဲ့သို့ ကြီးမားလှသည့် မိုင်းတွင်းကြီးဆိုမှတော့ သူတို့အနေနှင့် ပွဲကြည့်သူတစ်ယောက်အဖြစ်သာ ပြုလုပ်ရပေလိမ့်မည်။
ဝှစ်
ရုတ်တရက် ပတ်ဝန်းကျင်ပြောင်းလဲမှုကြီးသည် ထပ်မံကာ ကျယ်ပြန့်လာခဲ့သည်။
“ကောင်းကင်ဘုံ”
အဘိုးအိုတစ်ယောက်သည် အံ့အားသင့်စွာဖြင့် ပြောလိုက်မိ၏။ “မိုင်တစ်ထောင်လောက်ကိုတောင် ဖုံးလွှမ်းသွားတာ လား။ ဒါက အစစ်အမှန်ကျောက်တုံးထက်တောင် ပိုပြီး တန်ဖိုး ကြီးတာဖြစ်မယ်။”
ထိုအရာကို ကြားတော့ သိုင်းကျင့်ကြံသူများအားလုံးတို့သည် သက်ပြင်းချလိုက်မိသည်။
“အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးထက် ပိုမိုကာ တန်ဖိုးကြီးမားသည့်အရာဆိုလျှင် တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံးလား။”
အထက်နယ်မြေ၏ သမိုင်းထဲတွင် ဤအရာသည် ရှားရှားပါးပါးသာ ပေါ်ပေါက်လာဖူးသည့်အရာဖြစ်၏။
……..
ထာဝရ ရွက်သင်္ဘောကြီး၏ ပဲ့ဦးခန်းထဲမှာတော့ ….
သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြီးသည် ၂ ဆပိုမိုကာ ကျယ်ပြန့် လာသည့်အချိန်မှာတော့ ကြယ်မြေပုံ ပေါ်ရှိအလင်းတန်းများသည်လည်း ပိုမိုကာ ကျယ်ပြန့်လာခဲ့သည်။
“ဂိုဏ်းချုပ်”
ကျန်းတယ်ကျွင်းက တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “ဒီမြေအောက်မှာရှိနေတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ လှုပ်ခါမှုက အဆပေါင်း ဒါဇင်ချီ ကျယ်ပြန့်လာခဲ့တယ်။”
“ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် မြေပုံပေါ်တွင်ရှိနေသော အနီရောင်အစက်များကို လှမ်းကာ ကြည့်ရှု လိုက်၏။ သူ၏ မျက်လုံးများထဲတွင် လိုချင်တပ်မတ်မှုများနှင့် ပြည့်ဝလာခဲ့၏။
“ဒီမြေအောက်မှာ ရှိနေတာ အစစ်အမှန်ကျောက်တုံးတွေ မဟုတ်နိုင်ဘူး။ တာအိုအဆင့် ကျောက်တုံးတွေ ဖြစ်နိုင် တယ်။ ဒါဆိုရင် ကျောက်ရုပ်ထုမျိုးနွယ်ကလန်ကို သတင်းပို့လိုက်တော့။”
“ကောင်းပါပြီ။”
“နဂါးကလန်ကိုလည်း သတင်းပို့။”
“ကောင်းပါပြီ။”
“ပြီးတော့ သားရဲစီးဟောခန်းက စက်ရုပ်ပေါင်း ၁၀၀၀၀ နဲ့ နတ်ဆိုးစစ်သည် ၂ သိန်းကို ခေါ်ခဲ့လိုက်တော့။”
“ကောင်းပါပြီ။”
ကျွင်းချောင်ရှောင်းသည် အမိန့်များကို တစ်ပြိုင်နက် ပေးလိုက်၏။
မိုးဆွေဟောခန်းသည် ချက်ချင်းပဲ ပြိုင်စံရှားဂိုဏ်းရှိ အဖွဲ့ဝင်များဆီသို့ သတင်းပေးပို့တော့၏။ လီလိုရှုသည် အားလုံးသော သူတို့ကို တာဝန်ယူကာဖြင့် စီမံခန့်ခွဲမှုကို ပြုလုပ်တော့သည်။
ဆွစ် ဆွစ် ဆွစ်
သားရဲစီးဟောခန်း၏ တည်နေရာထဲတွင် များပြားလှသော ဂိုဏ်းသားများအားလုံးသည် ကျွဲရိုင်း စက်ရုပ်များနှင့် ပေါင်းစပ်ကာဖြင့် ပျံသန်းထွက်ခွာလာခဲ့ကြ၏။
ဆွစ် ဆွစ်
အလင်းတန်းများသည် ကောင်းကင်ယံတွင် ပျံသန်းသွား၏။ ထိုပျံသန်းသွားသည့်အရာများသည် ကျွဲရိုင်းစက်ရုပ်ပေါင်း သောင်းချီနှင့် နတ်ဆိုးစစ်သည်များပင် ဖြစ်သည်။ အရေအတွက်သည် များပြားလွန်းလှသည်။
ဒွီ ဒွီ ဒွီ
ကျယ်ပြန့်လှသော ပင်လယ်တည်နေရာ၏ ကောင်းကင်ယံအထက်တွင် ကျောက်ရုပ်ထုမျိုးနွယ်ကလန်နှင့် နဂါးမျိုးနွယ် မှ စွမ်းအားမြင့်ကျင့်ကြံသူများက ထွက်ပေါ်လာခဲ့သည်။ ပြီးနောက် နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ သူတို့သည် အနီးအနားတွင်ရှိနေသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ဝင်ရောက်ကာ အနောက်မြောက်၏ အနီးစပ်ဆုံး တည်နေရာရွှေ့ပြောင်းခြင်းဆီသို့ ရောက်ရှိလာခဲ့ကြ၏။
…
“ထူးဆန်းလွန်းတယ်။”
ပတ်ဝန်းကျင်ပြောင်းလဲမှုကြီးဖြစ်တည်နေသည့်နေရာတွင် တစ်စုံတစ်ယောက်သည် ကျောရိုးမကြီးများ စိမ့်တက်သွားမိ ၏။ ထို့ကြောင့် သူက ပြောလိုက်သည်။ “တစ်စုံတစ်ခုကြီးမားတဲ့အရာ ဖြစ်တော့မယ်လို့ ကျုပ်ခံစားမိနေတယ်။”
“ဟုတ်တယ်။”
သိုင်းကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။ “ဒီလောက်ကြီးမားတဲ့ မိုင်းတွင်းကြီးပေါ်လာတာ တာအိုအဆင့် မိုင်းတွင်းပဲ ဖြစ်ရမယ်။ ကျိန်းသေပေါက် သွေးချောင်း စီးမယ့် ကိစ္စပဲ။”
ဆွစ် ဆွစ်
ချက်ချင်းပဲ အလင်းတန်း တစ်ဒါဇင်ကျော်တို့သည် အဝေးတစ်နေရာဆီမှ ဖြတ်သန်းလာကြသည်။
“အင်မော်တယ်အဆင့် ဂိုဏ်းတွေပါလား။ သူတို့ရောက်လာပြီ။”
အားလုံးသည် ထကာ အော်ဟစ်လိုက်ကြ၏။
အနီးရှိ ဂိုဏ်းများသည် ဝင်ရောက်ကာ တိုက်ခိုက်၍ မရနိုင်တော့ကြောင်းကို နားလည်လိုက်မိသည်။
ဝှစ်
တွေးနေတုန်းမှာပဲ လင်းထျန်အင်မော်တယ်ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူတစ်ဒါဇင်ကျော်တို့သည် တည်နေရာသို့ ရောက်ရှိလာကြသည်။ သူတို့သည် ဒန်ထျန်ထဲတွင် ရှိနေသော စွမ်းအင်များကို လှည့်ပတ်ကာဖြင့် အော်ဟစ်လိုက်၏။ “မသက်ဆိုင်တဲ့ လူတွေအကုန်လုံး မြန်မြန် နောက်ဆုတ်ကြ။”
…
ရွှမ်၊ အစစ်အမှန်၊ တာအိုဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူ၏ အမူအရာသည် ပြောင်းလဲသွား၏။ သို့ပေမဲ့ သူတို့သည် အတော် ခပ်လှမ်းလှမ်းဆီသို့ လှမ်းဆုတ်လိုက်ကြ၏။ အထက်နယ်မြေတွင် အခွင့်အာဏာအလုံးစုံပိုင်ဆိုင်သော ဂိုဏ်းတစ်ခု ရောက်ရှိလာသည်ဆိုလျှင် ဘာလုပ်ရမည်နည်း။
ဝှစ်
ချက်ချင်းပဲ ဆန်းကြယ်လွန်းလှသော အော်ရာများသည် အဝေးတစ်နေရာမှ ဖိနှိပ်ရောက်ရှိလာ၏။ အားလုံးတို့သည် အံ့အားသင့်စွာဖြင့် ခေါင်းမော့ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ အမဲရောင်တိမ်လှိုင်းကြီးကို မြင်လိုက်ရ၏။ ကြီးမားလှသည့် ရွက်သင်္ဘောကြီးသည် လေထုထဲတွင်ဖြည်းညှင်းစွာ ပေါ်ပေါက်လာသည်။ “ပြိုင်စံရှားဂိုဏ်းက ဒီမိုင်းတွင်းကို သိမ်းလိုက်ပြီ။”