← Chapters

အခန်း ၁၆၃၃

Vol. 110 Ch. 1633

အခန်း ၁၆၃၃

Vol. 110 Ch. 1633

အပိုင်း (၁၆၃၃)

ကျွင်းချောင်ရှောင်း ထာဝရရွက်သင်္ဘောကြီးနှင့် ရောက်ရှိလာသည့်အချိန်တွင် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့လည်း ရောက်ရှိနှင့်နေပြီဖြစ်၏။ ၎င်းတို့နှစ်ခုရောက်ရှိလာသည့် အချိန်ကာလ သည် ၁၀ စက္ကန့်လောက်သာ ကွာခြား၏။ သို့ပေမဲ့ ၁၀ စက္ကန့်အတွင်းမှာပဲ အခြေအနေတစ်ခုလုံးသည် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

ပထမတုန်းက အဓိကဂိုဏ်းအားလုံးသည် အားတက်သရောဖြင့် ရောက်ရှိလာခဲ့ပြီး မိုင်းတွင်းအတွက် တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိသည်။

သို့ပေမဲ့ အခြေအနေသည် ရုတ်တရက် တည်ငြိမ်သွားခဲ့တော့၏။ အင်မော်တယ်အဆင့် ဂိုဏ်းများ ရောက်ရှိလာသည့် အချိန်တွင် ၎င်းတို့သည် ချက်ချင်းပဲ ကြောက်လန့်သွားခဲ့ကြ၏။ ထို့ကြောင့် မုန်တိုင်းထန်တော့မည့်အခြေအနေသည် အလုံးစုံ တည်ငြိမ်အေးချမ်းသွားခဲ့၏။ ဤအရာသည် အာဏာပင် ဖြစ်၏။

မေးခွန်းထုတ်စရာပင် မလိုအပ်ချေ။ အစစ်အမှန်ဂိုဏ်း သို့မဟုတ် တာအိုဂိုဏ်း မည်သည့်ဂိုဏ်းကမှ မလိုက်နာဘဲ မနေဝံ့ကြချေ။

တကယ်တမ်းမှာတော့ အင်မော်တယ်အဆင့်ဂိုဏ်းကြီးများ ရောက်ရှိလာခြင်းသည် မှန်ကန်သည်ဟု ဆိုရမည်။ ၎င်းတို့သာ ပေါ်ပေါက်မလာပါက မိုင်းတွင်းပေါ်ပေါက်လာသည်နှင့်တပြိုင်နက် ဤတည်နေရာကြီးသည် သားသတ်ရုံတစ်ခုကဲ့သို့ ပြောင်းလဲသွားမှာ ဖြစ်သည်။

အလုံးစုံသော အားအင်အဆင့်နှင့် အခွင့်အာဏာ၏ အောက်တွင် အဓိကဂိုဏ်းအသီးသီးတို့၏ စိတ်လှုပ်ရှားမှုများသည် ဖိနှိပ်ခံလိုက်ရ၏။ ထို့ကြောင့် အခြေအနေသည် ပြန်လည်ကာ တည်ငြိမ်သွားခဲ့၏။

သို့ပေမဲ့ ၁၀ စက္ကန့် မကြာခင်မှာပဲ ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောကြီးနှင့် ရောက်ရှိလာခဲ့တော့၏။ သူပြောဆိုခဲ့သည့် စကားလုံး တစ်လုံးသည် အခြေအနေတစ်ခုလုံး ပိုမိုကာ တင်းမာသွားစေခဲ့သည်။

ပြိုင်စံရှားဂိုဏ်းသည် ဤတည်နေရာသို့ ရောက်ရှိလာခဲ့ခြင်းမှာ မိုင်းတွင်းကို စိတ်ဝင်စားသောကြောင့်ပင် ဖြစ်၏။ သူဆိုလိုသည်မှာ ဤမိုင်းတွင်းအတွက်နှင့် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ဂိုဏ်းကိုပင် တိုက်ခိုက်ရန်ပင် စီစဉ် နေလေသည်လား။

“အံ့အားသင့်စရာပဲ။”

သိုင်းကျင့်ကြံသူအားလုံးတို့သည် အံ့အားသင့်မိသွားခဲ့ကြ၏။ ယခင်တုန်းက သူတို့သည် ပြိုင်စံရှားဂိုဏ်းမှာ နယ်မြေ ဟောခန်းနှင့် တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်ဆိုသည့် စကားကို ကြားဖူးခဲ့၏။ သို့ပေမဲ့ ကြည့်ရသည်မှာ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းကိုပင် မကြောက်မလန့်နှင့် တိုက်ခိုက်ရဲပုံပေါ်နေ၏။

တိုက်ဆိုင်စွာပဲ လောကတောင်တန်းပေါ်သို့ သွားခဲ့သော လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲသည်လည်း မိုင်းတွင်းဆီသို့ ရောက်ရှိလာခဲ့၏။ သူ၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ သူသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “ကျွင်းချောင်ရှောင်း … မင်းဒါ ဘာဆိုလိုတာလဲ။”

ဖြောက် ….။

ရွက်သင်္ဘော၏ တံခါးသည် ပွင့်သွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် ထိုနေရာဆီမှ ပျံသန်းထွက်ခွာလာ၏။ အနောက် ဘက်တွင် ဂိုဏ်း၏ အကြီးအကဲများ လိုက်ပါလာခဲ့ကြသည်။ ၎င်းတို့သည် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်း ဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများ၏ ရှေ့တွင် ရပ်တန့်လိုက်ကြ၏။ ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။ “ဆိုလိုရင်းက ရိုးရှင်းပါတယ်။ ဒီမိုင်းတွင်းပေါ်ပေါက်လာတယ်ဆိုတာက ကျုပ်အတွက်ပဲ။”

အကယ်၍ ရွှမ်အဆင့် သို့မဟုတ် အစစ်အမှန်အဆင့် စိတ်ဝိညာဉ်မိုင်းတွင်းသာ ဖြစ်သည်ဆိုပါက သူတို့အနေနှင့် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းနှင့် တိုက်ခိုက်ရန် စဉ်းစားလိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိဖြစ်တည် နေသည့် အကွာအဝေးနှင့် အကျယ်အဝန်းသည် ကြီးမားလွန်းလှ၏။ ထို့ကြောင့် တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ပင် ဖြစ်နိုင်ကောင်း၏။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်း၏ စကားစုသည် မောက်မာလွန်းလှ၏။ ထို့ကြောင့် သိုင်းကျင့်ကြံသူများအားလုံးတို့သည် သူ့အား အမှန်ပင် ချီးကျူးနေမိကြ၏။

တစ်ချိန်တည်းမှာပဲ အင်မော်တယ်အဆင့်ဂိုဏ်းများမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် အလွန်အမင်း ဒေါသ ထွက်ကုန်ကြသည်။ မကြာသေးခင်ကပင် သူတို့သည် ဤလူ၏ အကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးလျက်ရှိနေကြ၏။ ၎င်းသည် နောင်တွင်ဖြစ်လာနိုင်သည့် အန္တရာယ်ကောင်ကြီးဟု သူတို့က တွေးထင်ခဲ့သည်။ ယနေ့မှာတော့ သူတို့ တွေးထင်ထားသည်ထက်ပင် ပိုမိုကာ မောက်မာလို့နေ၏။ မည်ကဲ့သို့ သည်းခံရမည်နည်း။

“ဟုတ်ပြီ။”

ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်၏။ “ခင်ဗျားတို့ ပွဲကြည့်ချင်ရုံပဲဆိုရင်တော့ မနှောင့်ယှက်ပါဘူး။ ဒါပေမဲ့ ခပ်ဝေးဝေးသွားနေ။”

“ကျွင်းချောင်ရှောင်း”

လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ကောင်းကင်ရဲ့ ရတနာ၊ မြေကြီးရဲ့ရတနာ ဆိုတာက ရေစက်ပါတဲ့သူတွေပဲ ရရှိလိမ့်မယ်။ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းအနေနှင့် မင်းဒီလိုမျိုး မိုင်းတွင်းတစ်ခုလုံးကို အပိုင်စီးဖို့ကို ဘယ်တော့မှ ခွင့်ပြုလိမ့်မှာမဟုတ်ဘူး။”

“ဟား ဟား ဟား ဟား ဟား”

ကျွင်းချောင်ရှောင်းသည် အားရပါးရ ရယ်မောလိုက်၏။

အင်မော်တယ်အဆင့်ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများ၏ မျက်နှာသွင်ပြင်သည် ပြောင်းလဲသွားခဲ့၏။ ဒေါသတရား များသည် သူတို့၏ နှလုံးသားကိုပင် လောင်မြှိုက်လာစေသည်။

“အားလုံးပဲ။”

ကျွင်းချောင်ရှောင်းသည် ရယ်မောခြင်းကို ရပ်တန့်ပြီးသည့်နောက် မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်မိ၏။ “အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းက ဒီဥပဒေသကို နားလည်တယ်ဆိုရင် ဘယ်လိုဖြစ်ပြီးတော့ တစ်ခြားလူ တွေကို ထွက်ခွာသွားခိုင်းတာလဲ။”

“…….”

အားလုံးသောသူတို့သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ သူတို့သည်လည်း ဤကဲ့သို့ ပြောဆိုချင်မိသည်။ သို့ပေမဲ့ မပြောရဲကြချေ။ ထို့အပြင် သူတို့သည် အထက်နယ်မြေမှာ နေထိုင်ခြင်းဖြစ်၏။ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းကို ကလန်ကဆန်ပြုလုပ်ခြင်းဆိုသည်မှာ ကိုယ့်သေတွင်းကိုယ်တူးသည်နှင့် ဆင်တူနေပေလိမ့်မည်။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်မိ၏။ “အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းက ဒီလိုမျိုး အကျိုးအကြောင်းဆီလျော်နေပြီဆိုမှတော့ ဒီနေ့မှာ ကျုပ်တို့က ကျုပ်တို့ရဲ့ စွမ်းရည်အပေါ်မူတည်ပြီး မိုင်းတွင်းအတွက် တိုက်ခိုက်ကြရအောင်။”

ကောင်းကင်၏ ရတနာ၊ မြေပြင်၏ ရတနာများအားလုံးသည် ရေစက်ပါသည့်သူသည်သာ ရရှိနိုင်ပေလိမ့်မည်။ ရေစက် ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ရေစက်ဆိုသည်မှာ တစ်စုံတစ်ယောက်၏ လက်သီးကိုပင် ဆိုလိုသည်။

“ကျွင်းချောင်ရှောင်း”

လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲသည် အေးစက်စက် ပြောလိုက်၏။ “မင်းက အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းကို ပွင့်ပွင့်လင်းလင်းနဲ့ စိန်ခေါ်နေတာလား။”

“အမှန်ပါပဲ။” ကျွင်းချောင်ရှောင်း သည် ထူးမခြားနားသလို ပြောလိုက်သည်။

ဤစကားစုသည် အားလုံးသောသူများကို ပါးစပ် အဟောင်းသား ဖြစ်သွားစေခဲ့၏။ အထက်နယ်မြေဆီသို့ ရောက်ရှိလာခဲ့သည်မှာ ၁၀ နှစ်ပင် မပြည့်သေးသော လူတစ်ယောက်သည် အမှန်ပင် ဤကဲ့သို့ မောက်မာဝင့်ကြွားကာ ပြောဆိုရဲနေ၏။

သူ ပြောဆိုနေသည်မှာလည်း မလွန်ချေ။ အောက်နယ်မြေမှာ နေထိုင်ကတည်းက စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသည် သူပြောဆိုသည်ကို ငြင်းပယ် ခဲ့၏။ ထို့ကြောင့် ဖျက်ဆီးခံခဲ့သည်။

နတ်စမ်းချောင်းဂိုဏ်းသည်လည်း သူပြောဆိုသည်ကို ငြင်းပယ်ခဲ့၏။ ထို့ကြောင့် ဖျက်ဆီးခံခဲ့ရ၏။

ထိုက်ရွှမ်အအေးဂိုဏ်းသည်လည်း သူ ပြောဆိုသည်ကို ငြင်းပယ်ခဲ့၏။ ပြီးနောက် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ကြယ်ကောင်းကင်ခံတပ်သည်လည်း သူပြောဆိုသည်ကို ငြင်းပယ်ခဲ့၏။ ထို့ကြောင့် ဖောက်ခွဲဖျက်ဆီးခံခဲ့ရ၏။

ယနေ့မှာတော့ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်း၏ အလှည့်ပင် ဖြစ်တော့၏။ ငြင်းပယ်သည်ဆိုပါက သူသည် စိတ်လိုလက်ရ တိုက်ခိုက်မှာဖြစ်သည်။

ဟူး ဟူး

ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် လက်ရွေးစင်တပည့်များအားလုံးတို့သည် အမှန်ပင် ရင်ကော့ကာ ရပ်လျက်ရှိနေကြ၏။ ဂိုဏ်းချုပ် ပြောဆိုသည့်စကားကို ကြားရသည့်အချိန်မှာတော့ သူတို့သည် အစစ်အမှန် ရှာဖွေခြင်းအဆင့် ကျင့်ကြံခြင်းများကို အလုံးစုံ ထုတ်လွှင့်ထားရှိ၏။ ၎င်းတို့၏ စွမ်းအားမြင့် အော်ရာများထဲတွင် သံမဏိကဲ့သို့ ခိုင်လှသည့် စိတ်ဓာတ်များသည် ပါဝင်လျက်ရှိနေ၏။

ဝှစ် ဝှစ်

သတ်ဖြတ်လိုခြင်းစွမ်းအင်များသည် တည်နေရာတစ်ခုလုံးကိုပင် တုန်ခါစေခဲ့၏။ ထိုအချင်းအရာကို မြင်သည့်အချိန် မှာတော့ သိုင်းကျင့်ကြံသူများအားလုံးတို့သည် နှလုံးသားထဲတွင် ကြိတ်ကာ တွေးတောလိုက်မိသည်။ ကိစ္စကြီးတစ်ခုတော့ ဖြစ်ပြီပဲ။

ဆွစ် ဆွစ်

အဝေးကောင်းကင်ယံတစ်နေရာမှာတော့ စက်ရုပ်များ၏ အော်ဟစ်သံကြားလိုက်ရ၏။ ကျွဲရိုင်းစက်ရုပ်ပေါင်း ၁၀၀၀၀ တို့သည် မြန်မြန်ဆန်ဆန်နှင့် ပျံသန်းလာခဲ့ပြီးသည့်နောက် ထာဝရရွက်သင်္ဘောကြီး၏ အောက်တွင် လွင့်မျောလျက် ရှိ၏။ နတ်ဆိုးစစ်သည် ၂ သိန်းကျော်တို့ကလည်း သပ်ရပ်လှသည့် ချပ်ဝတ်များကို ဝတ်ဆင်ကာဖြင့် စီစီရီရီ မတ်တပ် ရပ်နေကြ၏။

“……….”

အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများ၏ အမူအရာသည် ပျက်ယွင်းသွားခဲ့၏။ နှစ်အနည်းငယ်အတွင်းမှာပဲ နာမည်ပင် မရှိခဲ့သော ဂိုဏ်းတစ်ခုသည် ဤမျှ အခြေအနေအထိ ရောက်အောင် တိုးတက် လာခဲ့တော့၏။ ယခုဆိုလျှင် သူတို့ကိုပင် စိန်ခေါ်လျက်ရှိနေသည်။

ဤကောင်လေး ၊ ဤကောင်လေးသည် ဆက်လက်လွှတ်ထား၍ ရနိုင်သည့် အကောင်မျိုးမဟုတ်ချေ။

ထိုအရာသည် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများ၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် တွေးဆ ချက်များပင် ဖြစ်တော့၏။

လက်ရှိအခြေအနေမှာတော့ များပြားလှသည့် ကျင့်ကြံသူများ၊ လွတ်လပ်သော ကျင့်ကြံသူများ တည်ရှိနေကြသည်။ ထိုသူများ၏ ရှေ့၌ အင်မော်တယ်အဆင့်ဂိုဏ်းကြီးများအနေဖြင့် သွေးကြောင်သည့် အပြုအမူများကို ပြုလုပ်ပြ၍မဖြစ်ချေ။

“ကျွင်းချောင်ရှောင်း”

လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲသည် ဒေါသတကြီး ပြောလိုက်၏။ “တစ်ယောက်ချင်း”

အရေအတွက်အရ ပြောရမယ်ဆိုရင် ပြိုင်စံရှားဂိုဏ်းသည် ကျိန်းသေပေါက် အသာရလျက်ရှိ၏။ ထို့ကြောင့် တစ်ယောက်ချင်းတိုက်ခိုက်ခြင်းကသာလျှင် အကောင်းဆုံးသောနည်းလမ်းဖြစ်ပေလိမ့်မည်။

“ဟမ့်”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်က အစစ်အမှန်ရှာဖွေခြင်း အဆင့်နိမ့်ကျင့်ကြံသူ တစ်ယောက်ကို စိန်ခေါ်ချင်နေတာလား။ ခင်ဗျားက တကယ့်ကို သတ္တိကြောင်တာပဲ။”

“………”

လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲသည် ဒေါသထွက်သွား၏။ သူ၏ မျက်နှာတစ်ခုလုံးသည် နီရဲလာသည်။

“ကောင်းပြီ။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “တစ်ယောက်ချင်းတိုက်ခိုက်ဖို့ကို ကျုပ်သဘောတူတယ်။”

ပြိုင်စံရှားဂိုဏ်းမှ အထက်ပိုင်းအကြီးအကဲများအားလုံးတို့သည် ကြောင်အသွားခဲ့၏။

“ဂိုဏ်းချုပ်”

ယုစီနန်သည် တစ်စုံတစ်ခုကို ပြောဆိုရန် ပြင်လိုက်သည့် အချိန်မှာပဲ ကျွင်းချောင်ရှောင်း၏ တားဆီးခြင်းကို ခံလိုက်ရသည်။ “တကယ်လို့ ကျုပ်နိုင်သွားမယ်ဆိုရင် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းက လာရာလမ်းကို လှည့်ပြန်လိုက်။ တကယ်လို့ ကျုပ်ရှုံးသွားမယ်ဆိုရင် ကျုပ်လူတွေကို ခေါ်ပြီး ချက်ချင်းထွက်သွားမယ်။ ပြီးတော့ နောက်ရက် ခင်ဗျားတို့ဆီရောက်အောင်လာပြီး တောင်းပန်မယ်။”

“ကောင်းပြီ။”

သူသည် အမှန်ပင် ဆုံးဖြတ်ပြီးသားဖြစ်၏။ ယုစီနန်၊ ကုန်းစွန်းဟုန့်နှင့် တခြားသောသူများသည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။

လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲသည် အနည်းငယ် ဇဝေဇဝါဖြစ်လို့နေခဲ့၏။ သူသည် ကျွင်းချောင်ရှောင်း၏ အမူအရာနှင့် မောက်မာလှသည့် စကားများကို ကြားရသည့်အချိန်မှာတော့ မည်သို့မှ မနေနိုင်တော့ဘဲ တစ်ယောက်ချင်းတိုက်ခိုက်ရန် စိန်ခေါ်ခဲ့မိ၏။ စိတ်တည်ငြိမ်သွား၍ သေချာစဉ်းစားကြည့်သည့် အချိန်မှာတော့ မသင့်လျော်သည်ဖြစ်ကြောင်းကို ခံစားလိုက်မိသည်။

အဘယ့်ကြောင့်ဆိုသော် သူသည် တစ်ဖက်လူထက် ပိုမိုကာ အားကောင်းလှ၏။ ထို့ကြောင့် တစ်ယောက်ချင်း တိုက်ခိုက်သည်ဆိုပါက အားနည်းသူကို အနိုင်ကျင့်သည်ဟု အားလုံးသောသူများက ဝိုင်းဝန်းကာ ပြောဆိုကြမှာ သေချာ၏။ သို့ပေမဲ့ သူမထင်မှတ်ထားခဲ့သည်မှာ တစ်ဖက်လူသည် အမှန်ပင် သဘောတူညီခဲ့၏။ ထို့ကြောင့် သူ့အနေနှင့် ရွေးချယ်စရာမရှိဘဲ သဘောတူညီရပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည်လည်း စိန်ခေါ်မှုကို လက်ခံခဲ့ရ၏။ အဘယ့်ကြောင့်ဆိုသော် စနစ်သည် သူ့အား သီးခြား တာဝန်တစ်ခုအဖြစ် ပေးအပ်ခဲ့သောကြောင့်ပင်။

ပထမတုန်းက ကုန်းရှန့်သည် အမှန်ပင် စိတ်ဓာတ်ကျနေမိ၏။ ပြိုင်စံရှားဂိုဏ်း၏ အလုံးစုံသော အားအင်အဆင့် အဓိကကလန်ကြီး ၃ခုတို့ ရှိသောကြောင့် သူသည် အင်မော်တယ် အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းကို တိုက်ခိုက်ရန် ယုံကြည်ချက်ရှိနေ၏။ သို့ပေမဲ့ အားအင်အဆင့်အရ ပြောရမည်ဆိုလျှင် သူ့ကဲ့သို့ အစစ်အမှန်ရှာဖွေခြင်း အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်သည် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို မည်ကဲ့သို့ တိုက်ခိုက်ရမည်နည်း။

“တစ်ချက်ထိုးသတ်ဖြတ်မှုရှိတယ်လေ။”

စနစ်သည် သူ့အား သတိပေးလိုက်၏။ “မင်း တကယ့်ကို ဟန်ထုတ်လို့ရတယ်။”

“အင်း။”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ ယခင်တုန်းက သူသည် ဂိုဏ်းအတွင်း၌ တစ်ချက်ထိုး သတ်ဖြတ်ခြင်းကို စမ်းသပ်ခဲ့ရသည့်အချိန်တွင် ကောင်းကင်ပြင်တွင် အက်ကွဲကြောင်းကြီးများ ဖြစ်တည်ခဲ့၏။ ယနေ့ အချိန်တွင် သူ ဒါကို ထုတ်သုံးမည်ဆိုပါက အံ့အားသင့်စရာ အနိုင်ယူနိုင်လောက်ပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် သူသည် စိန်ခေါ်မှုကို လက်ခံခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စနစ်မှ ပေးအပ်သည့် တာဝန်များသည် ခက်ခဲလှသည်ဆိုသော်လည်း ဖြေရှင်း၍ မရနိုင်သည့် အရာမျိုးမဟုတ်ကြောင်းကို သူ ကောင်းကောင်းသိရှိနေ၏။ အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်အား ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်စေသည်ဆိုခြင်းမှာ အနိုင်ရရန် အခွင့်အရေး ရှိနေသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။

“မင်းသေချာရဲ့လား။”

လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲသည် တစ်ဖက်လူ သူ့အား လှည့်စားပြောဆိုနေမည်ကို စိုးရိမ်မိ၏။

“သေချာပါတယ်။” ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာ ပြောလိုက်သည်။

လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲသည် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်၏။ “အားလုံးပဲ။ အခုထဲက ရှင်းရှင်းလင်းလင်း ပြောထားမယ်နော်။ ကျုပ်က လူငယ်ကို အနိုင်ကျင့်တာမဟုတ်ဘူး။”

“…….”

သိုင်းကျင့်ကြံသူများအားလုံးတို့သည် ရုတ်တရက် ထကာ တံတွေးနှင့် ထွေးချင်စိတ်ပင် ပေါက်မိနေ၏။ လူငယ်ကို အနိုင်ကျင့်တာ မဟုတ်ဘူးဟု ပြောဆိုနေ၏။ သို့ပေမဲ့ တကယ်တမ်းလည်း စိန်ခေါ်လျက်လည်း ရှိနေသေး၏။ ကံကောင်းစွာဖြင့် အမြုတေပြောင်းလဲခြင်းအဆင့်များကို စိန်မခေါ်ခဲ့ခြင်းပင်။

“အစ်ကိုကြီး”

ကျွင်းချောင်ရှောင်းသည် ပုခုံးကို တွန့်ကာဖြင့် ပြောလိုက်၏။ “ဒီလိုကြည့်ကောင်းပြီး ချောမောလှတဲ့ လူတစ်ယောက်နဲ့ တိုက်ခိုက်ခွင့်ရတယ်ဆိုတာ ခင်ဗျားတွက် တကယ့်ကို ကောင်းကင်က ပေးအပ်တဲ့ ကောင်းချီးပဲ။ ကျေးဇူးတင်လိုက်တော့။”

“……….”

သိုင်းကျင့်ကြံသူများအားလုံး၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။

ဒင်

တစ်ချက်ထိုးသတ်ဖြတ်မှု

၁၀ ရာခိုင်နှုန်း အားပြည့်သည်။

ထင်မှတ်ထားသည့်အတိုင်းပင် စကားလုံးတစ်စုသည်ပင် ၁၀ ရာခိုင်နှုန်းကို အားပြည့်စေခဲ့တော့၏။ သူသည် ရှက်ရွံ့မှု ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း အခြားသော သူများကို ပြသရပေတော့မည်။

“လုပ်လိုက်ရအောင်”

ဆွစ်

“ဘာကို လုပ်လိုက်မှာလဲ။”

ဖျောက်

ချက်ချင်းပဲ ထာဝရ ရွက်သင်္ဘောကြီးတည်နေရာဆီမှ လှုပ်ရှားမှုများ ဖြစ်တည်လာခဲ့၏။ မြင်ကွင်းကိုကြည့်ရှုရမည် ဆိုလျှင် လီချင်းယန်၊ ရှောင်ကျီ၊ ရီရှင်းချန်၊ စုရှောင်မိုနှင့် ဟယ်ဝူတီတို့အားလုံးသည် ထူးခြားသည့် ပုံပန်းသွင်ပြင်မျိုးနှင့် မတ်တပ်ရပ်လျက်ရှိ၏။ နောက်ဆုံးမှာတော့ သူတို့သည် ကျွင်းချောင်ရှောင်း အနားဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် အသဲပုံစံတစ်ခုကို အတူပူးပေါင်းကာ ပြုလုပ်လိုက်ကြ၏။

“လှုပ်လိုက်ကြစို့။ လှုပ်လိုက်ကြစို့။”

သီချင်းသံနှင့်အတူပဲ ကျွင်းချောင်ရှောင်းနှင့် သူ၏ တပည့် ၅ ယောက်တို့အားလုံးသည် ချစ်ဖို့ကောင်းလှသော ပုံပန်း သွင်ပြင်များကို ဖန်တီးကာဖြင့် ကပြလျက်ရှိနေသည်။

ပြိုင်စံရှားဂိုဏ်းမှ လူများ “……”

အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများ “…….”

တစ်ခြားသောကျင့်ကြံသူများ “……..”

“ချီးတဲ့မှ။ ဘယ်လောက် ရှက်ရွံ့ဖို့ကောင်းလဲ။”

ဒင်

တစ်ချက်ထိုးသတ်ဖြတ်မှု အားဖြည့်ခြင်း ၂၀ ရာခိုင်နှုန်း ၊ ၁၀၀ ရာခိုင်နှုန်း၊ ၁၅၀ ရာခိုင်နှုန်း

ကျွင်းချောင်ရှောင်းသည် သူ၏ လက်ရွေးစင်တပည့် ၅ ယောက်တို့ကို ဦးဆောင်၍ အားလုံး၏ အရှေ့တွင် အရှက် အကြောက်ကင်းမဲ့စွာဖြင့် ကခုန်လျက်ရှိနေ၏။ ထို့ကြောင့် ချက်ချင်းပဲ တစ်ချက်ထိုး သတ်ဖြတ်မှု၏ စွမ်းအင်များသည် ပြည့်ဝလာ၏။

ဝှစ်

လေလှိုင်းများ တိုက်ခိုက်လာ၏။ လေထုတစ်ခုလုံးသည်လည်း ပိုမိုကာ အေးခဲလာ၏။

ဂလု

လင်းထျန်အင်မော်တယ်ဂိုဏ်းဆီမှ အကြီးအကဲသည် အမှတ်မထင် တံတွေးပင် မြိုချလိုက်မိ၏။ သူ၏ နဖူးစပ်တွင် ကြီးမားလှသည့် ချွေးစက်ကြီးများ ဖြစ်တည်လာခဲ့ပြီး အောက်သို့ တပေါက်ပေါက်နှင့် ကျဆင်းလာခဲ့သည်။

All Chapters