အခန်း ၁၆၃၄
Vol. 110 Ch. 1634
အပိုင်း (၁၆၃၄)
တစ်ရှိန်ထိုး သတ်ဖြတ်မှု၏ အစွမ်းသက်ရောက်မှုသည် အားလုံးသောသူများ၏ ရှေ့တွင် ရှက်ရွံ့မှုရအောင် ပြုလုပ်ရခြင်းပင် ဖြစ်၏။ ထိုသူများအားလုံးသည် သူကိုကြည့်ရှုပြီး ဖြစ်တည်လာသော ရှက်ရွံ့မှုများကို စွမ်းအင်အဖြစ် စုစည်းခဲ့သည်။
ကျွင်းချောင်ရှောင်းသည် အစောကတည်းက ဆယ်ရာခိုင်နှုန်းသာ အသုံးပြုနိုင်ခဲ့၏။ သူ၏ လက်ရွေးစင် တပည့်များကို ခေါ်ဆောင်ကာဖြင့် အားလုံးသောသူများ၏ ရှေ့တွင် ကခုန်ခြင်းကို ပြုလုပ်ပြီးသည့်နောက် အမှတ်ရာခိုင်နှုန်းများသည် တရှိန်ထိုး တိုးတက်သွားခဲ့၏။
"တစ်ရာ့ငါးဆယ်ရာခိုင်နှုန်း"
"နှစ်ရာရာခိုင်နှုန်း..."
"သုံးရာရာခိုင်နှုန်း"
ယောက်ျားကြီးများတန်မဲ့နှင့် ဖင်လေးကျစ်၊ နှုတ်ခမ်းလေးစူကာ ကပြနေကြသူများကို ကြည့်ရှုရင်း သိုင်းကျင့်ကြံသူများ၏ နှလုံးသားထဲ၌ အရှက်တရားများသည် အရှိန်ငြီးငြီးနှင့် ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ကန့်သတ်ထားသော စွမ်းအင်ရာခိုင်နှုန်း ပြည့်လာပြီးနောက် ကောင်းကင်ယံတွင် ထူးဆန်းလှသော အော်ရာများ ဖြစ်တည်လာသည်။
လင်းထျန်အင်မော်တယ်ဂိုဏ်း အကြီးအကဲ၏ နဖူးတွင် ကြီးမားသော ချွေးသီးချွေးပေါက်များ ထွက်ပေါ်လာ၏။ ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်များသည် အရှက်ရွံ့ကြီးစွာဖြင့် ကခုန်လျက်ရှိ၏။ မည်သည့် သိုင်းကျင့်ကြံခြင်း အော်ရာများကိုမှ ထုတ်လွှတ်မထားခဲ့ချေ။ သို့ပေမဲ့ ကြီးမားလှသည့် ဖိအားကိုသူက ခံနေရ၏။
"လူရှေ့သူရှေ့မှာ ဒီလိုမျိုးလုပ်နေတယ်ဆိုတာ ဂုဏ်သိက္ခာတရားမရှိတာပဲ။ ဒါက ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကော ဟုတ်ရဲ့လား။ သူ့ဆရာ ကြီးမြတ်သူတုံးကုအစား ငါတောင်ရှက်မိတယ်"
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျင့်ကြံသူတို့သည် ဖြစ်တည်လာသည့် ဖိအားများကို မခံစားရချေ။ ထို့ကြောင့် လှောင်ပြောင်နေမိကြသည်။
အရိုးသားဆုံးပြောရလျှင် ထိုကဲ့သို့သော အပြုအမူမျိုးသည် ရှက်ရွံ့စရာ ကောင်းလွန်းလှ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းပြုလုပ်သည်မှာ သာမန်သာဖြစ်သည်။ သူသည် မျက်နှာအရည်ထူလွန်းလှသည် မဟုတ်ပါလား။
"ဘာကြောင့်လဲ"
ရီရှင်းချန်သည် နှလုံးသားထဲမှ အော်ဟစ်လျက် ရှိနေ၏။ "ဘာကြောင့် အားလုံးရှေ့မှာ ဒီလိုရှက်ဖို့ကောင်းတာ ကနေရတာလဲ"
ကျွင်းချောင်ရှောင်းတစ်ယောက် မည်မျှ အရှက်မဲ့လှသည်ကို ဘယ်သူမှ မသိနိုင်ချေ။ သို့ပေမဲ့ ညအင်ပါယာမှာတော့ မနက်ခင်းလေ့ကျင့်ခန်းလုပ်ရန်ပင် အတော်ကြိုးစားခဲ့ရသူဖြစ်၏။ ယခု များပြားလှသော သူများ၏ရှေ့တွင် အားပါးရ ကခုန်နေရ၏။ သီချင်းကလည်း အမျိုးမျိုး ပြောင်းလဲနေသေးသည်။
ဟယ်ဝူတီသည်လည်း အမှန်ပင် စိတ်ဓာတ်ကျလျက် ရှိနေ၏။ သသည် ခုတလော စာဖတ်သူများ၏ ရှေ့သို့ ပေါ်လာခြင်း မရှိပေ။ သို့ပေမဲ့ ပေါ်လာသည့်အချိန်မှာတော့ အကသမားတစ်ယောက် ဖြစ်လို့နေရ၏။
"လေးရာ ရာခိုင်နှုန်း
“ငါးရာ ရာခိုင်နှုန်း"
“ဒင် ……တစ်ချက်ထိုးသတ်ဖြတ်မှု အားပြည့်သည်။ "
အဆုံးမဲ့ အရှက်မဲ့မှုအောက်မှာတော့ သိုင်းနည်းစနစ်သည် အသက်ဝင်သွားခဲ့၏။ စွမ်းအင် စုစည်းမှုသည် ငါးရာ ရာခိုင်နှုန်းခန့်ပင် ရှိနေသည်။
အဓိက အကသမားတစ်ယောက်အနေဖြင့် ကျွင်းချောင်ရှောင်းသည် သူ၏အင်္ကျီကိုချွတ်ပြီးနောက် ကိုယ်တစ်ပိုင်းဗလာကျင်းနှင့်ပင် အားရပါးရ ကခုန်နေသည်။ တစ်ရာရာခိုင်နှုန်းသည် ကောင်းကင်ကြီးကိုပင် အက်ကွဲသွားစေ၏။ ငါးရာ ရာခိုင်နှုန်းသာဆိုလျှင်။
"လုံလောက်ပြီ "
ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးလိုက်၏။
တေးဂီတသံသည် ရပ်တန့်သွား၏။ တပည့်များ အားလုံးသည် အနောက်သို့ ဆုတ်ခွာသွားခဲ့သည်။
ကုန်းရှန့်သည် တောက်ပြောင်လျက်ရှိနေသော သူ၏ ဦးခေါင်းငယ်လေးကို အသာပွတ်သပ်လိုက်၏။ ပြီးနောက် လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲကို လှမ်းကာကြည့်ရှုလိုက်၏။ ပြီးနောက် သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ "လာတော့"
လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲသည် အသံကိုကြားရသည့်အခါမှာတော့ ကျောရိုးမကြီးပင် စိမ့်တက်လာမိသည်။ အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် ရှိနေသော ကျင့်ကြံသူသည် အစစ်အမှန်ရှာဖွေခြင်း အောက်ဆုံးအဆင့်တွင် ရှိနေသော ကျင့်ကြံသူကို ကြောက်ရွံ့နေသည်လား။ ဤအရာမှာ မယုံကြည်နိုင်စရာပင် ။
"အကြီးအကဲဝူ"
သူ၏ ရောင်ရင်းများသည် လှမ်းကာ မေးလိုက်၏။ "ခင်ဗျား အဆင်ပြေရဲ့လား"
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲ၏ ပြောင်းလဲသွားသော မျက်နှာကို ကြည့်ရှုလျက် ရှိနေကြသည်။
သူတို့မသိသည်မှာ ကျွင်းချောင်ရှောင်း၏ တစ်ချက်ထိုးသတ်ဖြတ်မှုသည် တစ်စုံတစ်ဦးတည်းကိုသာ ပစ်မှတ်ထားသည့် တိုက်ခိုက်မှုပင် ဖြစ်၏။ စွမ်းအင်များကို စုစည်းသည့် နေရာတွင် တစ်ယောက်တည်းသာ ခံစားရ၏။ အခြားသူများမှာ မခံစားရချေ။ အကြီးအကဲဝူ တစ်ယောက်တည်းသာလျှင် မမြင်ရသော အော်ရာများကို ခံစားနေရ၏။
အကြီးအကဲဝူက ပြောလိုက်သည်။ "ဒီကောင်လေးက နည်းနည်း ထူးဆန်းနေတယ်။ ကျုပ် …."
သူ့အနေဖြင့် ဤတိုက်ခိုက်ပွဲကို ရှောင်ရှားလိုက်ချင်သည်။ သို့ပေမဲ့ အားလုံးသေသူများသည် ကြည့်ရှုနေ၏။ သူသည် ကြောက်ရွံနေမိကြောင်း ဝန်ခံမိပါက ဂုဏ်သိက္ခာတရားသည် မြောင်းထဲသို့ ကျရောက်သွားပေလိမ့်မည်။ တစ်ဖက်လူသည် အစစ်အမှန်ရှာဖွေခြင်း အောက်ဆုံးအဆင့်တွင်သာရှိသော လူတစ်ယောကဖြစ်၏။ အဘယ့်ကြောင့် ကြောက်ရွံ့ရမည်နည်း။
"တိုက်ခိုက်ကြမယ်"
အကြီးအကဲဝူသည် မိမိကိုယ်ကိုယ် အားတင်းကာ စိတ်တစ်ခုလုံးကို ပြန်လည်ကာ ထိန်းချုပ်လိုက်၏။ ပြီးနောက် လေးလေးနက်နက်အသံဖြင့် ပြောလိုက်၏။
"ဂိုဏ်းချုပ်ကျွင်း … ဒီနေရာက တိုက်ခိုက်ဖို့ကောင်းတဲ့ တည်နေရာမဟုတ်ဘူးလေ။ ခပ်ဝေးဝေး တည်နေရာဆီ သွားရအောင်"
"ကောင်းပြီ"
မိုင်တစ်ထောင် အကွားအဝေးမှာတော့ ကိုရင်လေးတစ်ပါးနှင့် ဆင်တူနေသည့် ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် လေထုထဲတွင် ရပ်တန့်လျက် ရှိနေသည်။
သူ၏မျက်နှာချင်းဆိုင်တွင်တော့ အကြီးအကဲဝူသည် လေးနက်တည်ကြည်လို့နေသည် ဆိုသော်လည်း မျက်နှာသွင်ပြင်သည် ဖြူလျော်လျော်ပင် ဖြစ်နေသေး၏။
"ဘာတွေဖြစ်နေတာလဲ။ အကြီးအကဲဝူက ကြောက်လန့်နေတာလား။”
“ကျွင်းချောင်ရှောင်းက အစစ်အမှန်ရှာဖွေခြင်း အဆင့်နိမ့် တစ်ယောက်လေ။ သူ့မှာ ဝှက်ဖဲတွေ ရှိတယ်ဆိုရင်တောင်မှ အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တစ်ယောက်ကို ဘာလုပ်နိုင်မှာလဲ။"
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် အကြီးအကဲဝူတစ်ယောက် အနိုင်ရရှိမည်ဟု ကျိန်းသေပေါက် ယုံကြည်နေကြ၏။
သူတို့နှင့် မတူညီစွာဘဲ ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာသည် ရှုပ်ထွေးလျက် ရှိနေ၏။ တစ်ချို့သောသူများသည် ကျွင်းချောင်ရှောင်းရှုံးနိမ့်မည်ဟု ထင်မှတ်နေကြပြီး တစ်ချို့သော သူများမှာတော့ ကျွင်းချောင်ရှောင်း အနိုင်ရရှိမည်ဟု ထင်မှတ်နေကြ၏။ သို့ပေမဲ့ ရှုံးရှုံးနိုင်နိုင် ကိစ္စမရှိချေ။ အင်မော်တယ်အဆင့်ဂိုဏ်းကြီးများနှင့် ရင်ဆိုင်သည့်နေရာတွင် မည်သူကမှသည် ဆက်လက်ရပ်တည်နိုင်မည် မဟုတ်ချေ။ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် အဘယ့်ကြောင့် မျှော်လင့်ချက်မရှိဘဲ တိုက်ခိုက်နေရသနည်း။ သူတို့သည် ထိုအချက်ကို သေသေချာချာ စဉ်းစားမိနေကြ၏။
"အကြီးအကဲဝူ"
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ "ခင်ဗျားက အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့် ဖြစ်ပြီး ကျုပ်ထက်လည်း အသက်ကြီးတယ်။ ဒီတော့ အရင်ဆုံး တိုက်ခိုက်ပါ။ ကြီးသူကို ရိုသေ ရမယ်မဟုတ်လား"
"……..."
အကြီးအကဲဟုန်သည် နှလုံးသားထဲတွင် ရေရွတ်လျက် ရှိ၏။ “ဒီကောင် ငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ထောင်ချောက်ဆင်နေတာပဲ ဖြစ်မယ်။ ငါသာ အရင်ဆုံး သွားပြီး တိုက်လိုက်ရင် အားနည်းသူကို အနိုင်ကျင့်တယ်ဆိုပြီး ငါ့ရဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းသွားလိမ့်မယ် … ဟမ့် "
သူသည် မည်ကဲ့သို့ အရူးလုပ်ခံရမည်နည်း။ အကြီးအကဲဝူ သည် မထူးခြားသလို ပြောလိုက်သည်။ "မင်းက ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ဆိုပေမဲ့ ငါက ကြီးမြတ်သူတုံးကုနဲ့ မျိုးဆက်တစ်ခုတည်းလေ။ ဒီတော့ ယုတ္တိဗေဒအရပြောရင် မင်းကအရင်ဆုံး တိုက်ခိုက်သင့်တဲ့သူပဲ"
အဓိကဂိုဏ်းမှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ပီသစွာဖြင့် သူ၏စကားလုံးများသည် အပြစ်အနာ ကင်းမဲ့နေ၏။
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်သည်။ "လေးစားသမှုဆိုတာ တကယ်ထားကောင်းတဲ့ အရာပါပဲ။ ငယ်သူကို လေးစားရမှာပေါ့"
အကြီးအကဲဟုန်သည် ဆွံ့အသွားမိ၏။ တစ်ဖက်လူသည် တခါတည်း သဘောတူညီလိုက်၏။ သိုပေမဲ့ လှည့်စားခံလိုက်ရသည်ဟု အဘယ့်ကြောင့် ခံစားနေရသနည်း။
"အကြီးအကဲဝူ"
ကျွင်းချောင်ရှောင်းသည် လေထဲသို့ တက်လာပြီးနောက် သူ၏လက်နှစ်ဖက်ကို ဖြန့်ကားလိုက်၏။ သူ၏ဘယ်ဖက်လက်တွင် စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်တည်လာပြီးနောက် သူ၏ညာဖက်လက်တွင်တော့ မိစ္ဆာစိတ်ဝိညာဉ်၏ စွမ်းအင်များ ဖြစ်တည်လာခဲ့၏။ သူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ "ကျုပ်ဆီမှာ ကောင်းကင်ပျံသန်းခြင်း အင်မော်တယ် ဆိုတဲ့ ပြိုင်ဖက်ကင်း နည်းစနစ်တစ်ခု ရှိတယ်။ ဒီနေ့ ကျုပ်ခင်ဗျားကို ပြသရမယ်"
"ကောင်းကင်ပျံသန်းခြင်း အင်မော်တယ်။ ဟုတ်လား"
အင်မောတယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် နှာခေါင်းရှုံ့ လိုက်ကြ၏။ အင်မော်တယ်ဆိုသော စကားလုံးသည် အထက်နယ်မြေတွင် အလွန့်အလွန်ကောင်းမွန်သည်ဆိုသော အရာကို ကိုယ်စားပြု၏။ ကြုံရာဆွဲယူ၍ ကင်ပွန်းတပ်နိုင်သော အရာမျိုး မဟုတ်ချေ။
ဝှစ်
အကြီးအကဲဝူသည် သူ၏အင်္ကျီလက်ကို အသာရမ်းခါလိုက်၏။ သူ၏အော်ရာနှင့် အရှိန်အဟုန်တို့သည် ထိပ်တန်းသိုင်းကျင့်ကြံသူ တစ်ယောက်ကဲ့သို့ ဖြစ်တည်ပြောင်းလဲသွားခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် သူတော်စင်ကဲ့သိုပင် ဖြစ်တည်လာခဲ့၏။
ထူးဆန်းလှချေသည်။ ကျွင်းချောင်ရှောင်းသည် စွမ်းအင်နှစ်ခုကို စုစည်းပြီးနောက် မမြင်ရသည့် အော်ရာများသည် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
သူ့အား နှောင်ယှက်တားဆီးနေသည့် ဤဖိအားများ ပျောက်ကွယ်သွားချိန်မှာတော့ အကြီးအကဲဝူသည် လွတ်လွတ်ကျွတ်ကျွတ် ဖြစ်တည်သွား၏။ သူ့အနေဖြင့် အစစ်အမှန်ရှာဖွေခြင်း ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူရန်ဆိုသည်မှာ အခက်အခဲ မဟုတ်တော့ချေ။ သူနှင့်လာရောက်ကာ ကစးချင်နေသည်လား။ နာဖို့သာ ပြင်ထားပေတော့။
မျက်စိတစ်မှိတ်အတွင်းမှာပဲ …..
ဝှစ် ဝှစ်
ကောင်းကင်ယံထက်တွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် သူ၏လက်နှစ်ဖက်ကို စုစည်းလိုက်၏။ မီးစိတ်ဝိညာဉ်နှင့် မိစ္ဆာစိတ်ဝိညာဉ်တို့၏ စွမ်းအင်များသည် ချက်ချင်းပေါင်းစပ်ပြီးသည့်နောက် အလွန်အားကောင်းလှသော လေလှိုင်းများ ဖြစ်တည်လာခဲ့သည်။ သူက အော်ဟစ်လိုက်သည်။ "ကောင်းကင်ပျံသန်းခြင်း အင်မော်တယ်"
ဝှစ် ဝှစ် ……။
ရှားပါးလှသော စိတ်ဝိညာဉ် နှစ်ကောင်တို့သည် သူတို့၏ အစွမ်းများကို ထုတ်ဖော်လိုက်၏။ လေထုထဲတွင် နှစ်ပေါင်းများစွာ အိပ်ပျော်နေသည့် သားရဲရိုင်းတစ်ကောင် နိုးထလာသကဲ့သို့ပင်။
သိုင်းကျင့်ကြံသူများ အားလုံးသည် ဆွံ့အသွားခဲ့၏။ ဤအရာသည် အစစ်အမှန်ရှာဖွေခြင်း အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများပေလား။
ဖျောက် ဖျောက်
တည်နေရာကြီး တစ်ခုလုံးသည် တွန့်လိမ်ပြီးသည့်နောက် ပြိုလဲလာခဲ့၏။ ကျွင်းချောင်ရှောင်း၏ တိုက်ခိုက်မှုကြောင့် ဖြစ်တည်လာခဲ့သော စွမ်းအင်အဆင့်သည် မဆိုးလှချေ။ သို့ပေမဲ့ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျင့်ကြံသူများအတွက်တော့ ဘာမှမဟုတ်ချေ။ ဤအဆင့်တိုက်ခိုက်မှုသည် သူတို့ကို ဘာမှဖြစ်လိမ့်မည် မဟုတ်ချေ။
"ငါ စိုးရိမ်မှုများခဲ့တာပဲ"
ဤကဲ့သို့ စိတ်ဝိညာဉ် နှစ်ကောင်၏ တိုက်ခိုက်မှု ကျဆင်းလာသည့်အခါမှာတော့ အကြီးအကဲဝူသည် စိတ်ပိုင်းဆိုင်ရာအရ သက်သောင့်သက်သာ ဖြစ်သွား၏။ "ကောင်းကင်ပျံသန်းခြင်း အင်မော်တယ် ဟုတ်လား။ ကောင်းကင်ဘုံးအမှိုက်ပဲ ဖြစ်လိမ့်မယ်။"
ဒွီ ဒွီ
ရုတ်တရက် အနီးနားတွင် ရှိနေသော တည်နေရာကြီးသည် တုန်ခါသွားခဲ့၏။ ပြီးနောက် တွန့်လိမ်သွားခဲ့၏။ ဤအရာသည် စိတ်သက်သောင့်သက်သာဖြစ်သွားသော အကြီးအကဲဝူ၏ အမူအရာကို ပြောင်းလဲသွားစေခဲ့၏။ အစောက ပျောက်ကွယ်သွားခဲ့သော ဖိအားများသည် သူ၏နှလုံးသားထဲသို့ပင် ရောက်ရှိလာခဲ့၏။ ထို့အပြင် အဆပေါင်းတစ်သောင်းလောက် ပိုမိုကာ အားကောင်းနေသည်။
"မဟုတ်တော့ဘူး"
ဘုန်း
နားကွဲလောက်စရာ ကျယ်လောင်သံကြီး ထွက်ပေါ်လာ၏။ တည်နေရာတစ်ခုလုံးတွင် ဖုန်များ တစ်လုံးလုံး ထလာခဲ့၏။
အထက်နယ်မြေ၏ ကောင်းကင်ယံထက်တွင် ရှိနေသော တည်နေရာကြီး တစ်ခုလုံးသည် ချိုင့်ဝင်လျက် ရှိနေ၏။ မြေပြင်တစ်ခုလုံးသည် ရူးရူးမူးမူးတုန်ခါနေပြီး တိုက်ခိုက်မှုသည် မိုင်တစ်သောင်းပတ်လယ်ကို သက်ရောက်စေခဲ့သည်။
အဆုံးမဲ့ စကြာဝဠာအတွင်းမှာတော့ ဂြိုလ်ကြီးတစ်ခုလုံးပင် လှုပ်ခါသွားသည့် ပုံစံမျိုးပင်။
ထူးခြားလိုဏ်ဂူ၌ ရှိနေသည့် ကြီးမြတ်သူတုံကုနှင့် မာဆာတိုကီတာနိုတို့သည် အနောက်မြောက်တည်နေရာဆီသို့ လှမ်းကာကြည့်ရှုလျက်ရှိ၏။ သူတို့၏ မျက်နှာများသည် ဖြူလျော်နေလျက်ရှိနေကြသည်။ ကောင်းကင်ယံထက်တွင်တော့ ဖင်တုံးပုံစံ အရာကြီးသည် ထင်ထင်ရှားရှား ပေါ်ပေါက်နေ၏။
……….
သေးငယ်သော ရွာလေးအတွင်းမှာတော့ ပုံပြောသူသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "ဒီစွမ်းအင်တွေက နည်းနည်းထူးဆန်းတာပဲ။ "
………
တိုက်ခိုက်ရာ နေရာတွင်တော့ တည်နေရာလေဟာနယ်ကြီးတစ်ခုလုံးသည် အပိုင်းပိုင်းအစစဖြင့် ပြိုလဲလျက် ရှိနေ၏။
ဘုတ် ဘုတ် ဘုတ်
ပေါက်ကွဲမှုနှင့် အနီးဆုံးတွင် ရှိနေသော အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းဆီမှ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ ပြုတ်ကျလာကြ၏။ ၎င်းတို့၏ မျက်လုံးများသည် ကြောက်လန့်မှုများနှင့် ပြည့်နှက်နေ၏။ ၎င်းတို့သည် ကျွင်းချောင်ရှောင်း၏ တိုက်ခိုက်မှုများကို သေသေချာချာကြည့်ရှုခဲ့၏။
ပထမဆုံး စိတ်ဝိညာဉ် နှစ်ကောင်၏ စွမ်းအင်များကို ထိန်းချုပ်ပြီးနောက် လက်တစ်ဖက်နှင့် စုစည်းကာ ရိုက်ချလိုက်၏။သို့ပေမဲ့ တိုက်ခိုက်နေရင်းမှာပဲ ရုတ်တရက် ဖင်နှင့် ပေါက်လွှတ်သည့် အမူအရာကို ပြုလုပ်လိုက်သည်။ ပြီးနောက် ကြောက်မက်ဖွယ်ရာကောင်းလှည့် ပေါက်ကွဲမှုကြီးသည် ဖြစ်တည်လာခြင်းပင်။
“ဒင် …. သီးခြားတာဝန် ပြည့်စုံ ဂိုဏ်းဂုဏ်သိက္ခာအမှတ် ၁၀၀၀၀ ကို ရရှိသည်။ "
“ဒင် ….ဂိုဏ်းဂိုဏ်သိက္ခာအမှတ် ၁၁၀၀၀"
“ဒင် …. လက်ခံသူသည် ဖုံးကွယ်ထားသည့် တာဝန်ကို ပြည့်စုံအောင် ပြုလုပ်ခဲ့၏။ ထို့ကြောင့် စည်းဖွင့်ခြင်းအဆောင်တစ်ခု၊ သားကောင်ဖမ်း ဘောလုံးတစ်ခု၊ အင်မော်တယ်ဓားတစ်ချောင်း"
လေတိုက်သံများသည် ထွက်ပေါ်လျက် ရှိနေတုန်းပင် ။
ကျွင်းချောင်ရှောင်းသည် ပျင်းရိစွာဖြင့် ပြောလိုက်၏။ "အခုပေါ်လာတဲ့ မိုင်းတွင်းက ပြိုင်စံရှားဂိုဏ်း ပိုင်တာပဲ။ ဒီတော့ အင်မော်တယ်အဆင့် ဂိုဏ်းတွေ သွားကြတော့"
မြင်ကွင်းကို သေသေချာချာကြည့်ရှုမည်ဆိုလျှင် ဖင်တုံးပုံစံ တွင်းကြီးနှစ်ခုသည် မြေပေါ်တွင် ဖြစ်တည်နေ၏။ ထိုတွင်းထဲမှာတော့ အကြီးအကဲဝူသည် နစ်မြုပ်လျက်ရှိနေပြီး သူ၏လက်ချောင်းများကိုသာ ထင်ပေါ်နေ၏။ သူ၏ လက်ချောင်းများသည် တဆတ်ဆတ် တုန်ခါနေလေသည်။