အခန်း ၁၆၃၅
Vol. 110 Ch. 1635
အပိုင်း (၁၆၃၅)
ကောင်းကင်၏ မိုင်တစ်သောင်းလောက်သည် ချိုင့်၀င်သွားခဲ့ပြီး မြေပြင်မိုင်တစ်သောင်းလောက်သည် လည်း ချိုင့်၀င်သွားခဲ့သည်။ ရေတွက်မရအောင်များပြားသော သစ်ပင်များ ၊ ကျောက်တုံးများ ၊ တောင်တန်းများသည် ပြာအဖြစ်သို့ ပြောင်းလဲကုန်၏။ ထိုအရာသည် ၅၀၀ % အားဖြည့်ထားသည့် တစ်ချက်ထိုး သတ်ဖြတ်ခြင်း၏ ဖြတ်စီးနိုင်ခြင်းစွမ်းအားများပင် ဖြစ်တော့၏။
အကြီးအကဲဟူ အဆင်ပြေလေသည်လား။
သူ၏ လက်ချောင်းများ တဆတ်ဆတ် တုန်ခါနေသည်ကို ကြည့်လိုက်လျှင် သိသာလှပေသည်။
သို့ပေမဲ့ သေချာစဥ်းစားရမည်ဆိုလျှင် ကြမ်းတမ်းစွာ ရိုက်နှက်ခံရပြီးနောက် အခုလို အသက်ရှင်နေထိုင် နိုင်နေသေးသည်ကပင် ၀မ်းသာစရာ ဖြစ်နေလေ၏။ အိပ်ရာထဲတွင် ဆယ်စုနှစ်တစ်ခုကျော်တော့ နေထိုင်ရတော့မှာ ဖြစ်၏။
ဖြစ်တည်ခဲ့သော လက်ကျန်စွမ်းအင်များ ကုန်ခမ်းသွားခဲ့သော်လည်း မြေတည်နေရာ အက်ကွဲကြောင်းကြီးမှာတော့ ကျန်ရစ်ခဲ့သည်။ ပြန်လည်ကောင်းမွန်လာနိုင်ရန် အချိန်အနည်းငယ်တော့ ပြန်လည် ကုစားရပေလိမ့်မည်။
လေထဲတွင် ရပ်တန့်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် မည်သို့မှ မနေနိုင်တော့ဘဲ သီချင်း တစ်ပိုဒ်ကို ဟစ်ကြွေးလိုက်သည် “ပြိုင်ဘက်ကင်းရတာ အထီးကျန်ဆန်လွန်းတယ်”
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့နှင့် တခြားသောသိုင်းကျင့်ကြံသူများတို့သည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ ၎င်းတို့၏ စိတ်များ ယောက်ယပ်ခပ်ကုန်ကြသည်။ အသံလှိုင်းသည် ၎င်းတို့၏ နှလုံးသားများကို ဖိနှိပ်ပြီး သွေးအန်ထွက်မတတ် ဖြစ်စေ၏။
သို့ပေမဲ့ သူတို့အား အလွန်ပင် အံ့အားသင့်စေခဲ့သည်။
ကျွင်းချောင်ရှောင်းသည် ဖင်ကို အသုံးပြု၍ တိုက်ခိုက်ဖူးသည် ဆိုသော်လည်း ဂိုဏ်းထဲ၌သာ ဖြစ်သည်။ ယခုလို လူသိရှင်ကြား ဖင်နှင့်တိုက်ခိုက်သည်ကို မြင်ရသောကြောင့် သူတို့ အံ့အားသင့်မိနေကြခြင်းသာ ဖြစ်၏။
တိုက်ခိုက်မှုအားအင်သည်ကလည်း အလွန်ပဲ ကြီးမားလွန်းနေသည်။
ဤအကောင်ထုတ်ဖော်ထားသည့် စိတ်ဝိညာဉ် နှစ်ကောင်သည် အားကောင်းလွန်းသည် မဟုတ်ပေ။ အဘယ့်ကြောင့် ဤမျှပြင်းထန်သည့် စွမ်းအင်များကို ထုတ်ဖော်နေနိုင်သနည်း။
“ခင်ဗျားတို့ ....”
ကျွင်းချောင်ရှောင်းသည် သူ၏ မျက်နှာသေးသေးလေးကို အသာလှည့်ပြီးနောက် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်သည် “ခင်ဗျားတို့ အခုရှုံးပြီနော်”
သူမည်သည့်နည်းလမ်းဖြင့်အနိုင်တိုက်တိုက် အနိုင်ရရှိခဲ့ပြီဖြစ်သည်မို့ မောက်မာရန်အခွင့်အလမ်း သူ့၌ ရှိနေ၏။
“အံ့အားသင့်စရာပဲ”
အားလုံးသောသူတို့သည် စိတ်ထဲ၌ ကြိတ်ကာ ချီးကျူးလိုက်ကြသည်။ ပြိုင်စံရှားဂိုဏ်းချုပ်သည် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းကိုပင် စိန်ခေါ်လျက်ရှိနေလေသည်။
သိုင်းကျင့်ကြံသူများသည် အားကောင်းသူကိုသာ ညွှန့်ကျိုးကြသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း ယနေ့ ပြုလုပ်သမျှသည် လွတ်လပ်သောကျင့်ကြံသူများ နှင့် တစ်ချို့သော ဂိုဏ်းများကို အသိအမှတ် ပြုစေခဲ့၏။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် အားလုံး၏ ရှေ့တွင် အစစ်အမှန် ရှာဖွေခြင်းအဆင့် ထိပ်ဆုံး ကျင့်ကြံသူ တစ်ယောက်ကို အနိုင်ယူခဲ့သည်။ တစ်ကွက်တည်းဖြင့်ပင်။
ယနေ့မှစ၍ သူသည် အထက်နယ်မြေတွင် နေရာတစ်ခု ရခဲ့ပြီဖြစ်လေသည်။
အတိတ်တုန်းက ကျွင်းချောင်ရှောင်း အကြောင်းပြောဆိုမည်ဆိုလျှင် ကြီးမြတ်သူတုံးကု အကြောင်း အရင်ဆုံး ပြောကြပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ် ကုန်းစွန်းကျွင်းကုန်းရှန့် အဖြစ် အသိအမှတ် ပြုခဲ့ကြလေ၏။
ရွီး ....။
ဂိုဏ်းချုပ်၏ ဟန်ထုတ်ခြင်းအခြေအနေ ပိုမိုအားကောင်းလာစေရန်အတွက် ရှောင်ကျီသည် ထိုင်ခုံတစ်ခု ကို ထုတ်ယူကာ စိတ်ဝိညာဉ်စွမ်းအင်များနှင့် လေထဲသို့ လွင့်တင်လိုက်သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် မထိုင်ချေ။
တစ်ချက်ထိုး လက်သီး၏ ဘေးထွက်ဆိုးကျိုးသည် သူ၏ ဆံပင်များကို ဆုံးရှုံးခဲ့စေသည်သာမက သူ၏ ဖင်ကိုလည်း နာကျင်စေခဲ့သည်။ လိပ်ခေါင်းထွက်နေသကဲ့သို့ပင်။ ထို့ကြောင့် သူ မထိုင်ရဲပေ။
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျွမ်းကျင်သူများ၏ မျက်နှာသည် နီတွတ်လျက်ရှိသည်။
အကြီးအကဲဝူ သည် တစ်ယောက်ချင်း တိုက်ခိုက်ရန် သဘောတူညီခဲ့ပြီး ရှုံးနိမ့်သွားရသည်။ သူတို့သည် ဘာမှဆက်ပြောဆိုနေ၍မရတော့ချေ။
ဆွစ် ......
ဆွစ် ......
ထိုအချိန်မှာပဲ ကျောက်ရုပ်ထု မျိုးနွယ်ကလန် နှင့် နဂါးမျိုးနွယ်တို့မှ ကျွမ်းကျင်သူများ ရောက်ရှိလာပြီး ကျွင်းချောင်ရှောင်း၏ ရှေ့တွင် သက်တော်စောင့်များလိုပင် ရပ်တန့်လိုက်ကြသည်။
“.........”
အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်း၏ ကျွမ်းကျင်သူများထဲမှ တစ်ယောက်သည် မျှော်အမြင်ကြီးမားလှသည်။ လက်ရှိအခြေအနေကို မြင်ပြီးနောက် လက်သီးကို ဆုပ်ကာဖြင့် အေးစက်စက် ပြောလိုက်၏
“တောင်တွေက မပြောင်းလဲရင်တောင်မှ မြစ်ကတော့ အမြဲစီးဆင်းနေမှာပဲ။ ကျုပ်တို့ ထပ်တွေ့ဦးမှာပါ”
“သွားကြစို့”
ရွှီး ......။
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည် မြန်မြန်ပဲ နောက်ဆုတ်သွားကြသည်။ မြန်မြန်ရောက်လာပြီး မြန်မြန်ပြန်သွားခြင်းပင် ဖြစ်လေသည်။
အဓိက မျိုးနွယ်စုကြီးနှစ်ခု ရောက်ရှိလာခဲ့ခြင်းကြောင့်သာ မဟုတ်ပါက ဤကိစ္စကို လက်လွှတ်ပေးမည် မဟုတ်ပေ။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် ကြည်လင်ရှင်းလင်းသည့် လေသံဖြင့် ပြောလိုက်သည် “ပြန်သွားပြီး ခင်ဗျားတို့ဂိုဏ်းတွေကို သတင်းပို့လိုက်။ ရန်ငြိုးရှိတယ်ထင်ရင် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ကြဖို့နဲ့ နောက်ကွယ်ကနေ အကောက်ကြံမယ်ဆိုရင် ကျုပ်ကို ကြမ်းတမ်းတယ်ဆိုပြီး အပြစ်မတင်ကြဖို့”
ဤကိစ္စသည် အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့၏ အမုန်းတရားကို ပိုမို တိုးပွားလာစေ လိမ့်မည်။ ဤသို့သော အခြေအနေ ထိ ရောက်ရှိပြီးမှတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုထားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“ဟမ့်”
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှ ကျွမ်းကျင်သူများသည် နှာခေါင်းရှုံလိုက်ကြသည်။ ဤအပြုအမူသည် အားလုံး၏ ရှေ့၌ ၎င်းတို့၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်လိုက်ခြင်းသာ ဖြစ်သည်။
အကြီးအကဲဝူကိုတော့ သူတို့၏ လူများက တွင်းထဲမှ ဆွဲထုတ်သွားရသည်။ ၎င်းသည် အသက်ရှုနေသေးသည် ဆိုလျှင်တောင်မှ ဒဏ်ရာများမှာ ပြင်းထန်လွန်းနေသည်။ မနည်းကြိုးစား ကုသရတော့မှာ ဖြစ်၏။
.......
“အင်မော်တယ်အဆင့်ဂိုဏ်းတွေ .....”
“သူတို့ ရှုံးတာကို ၀န်ခံသွားတာပေါ့”
“ပြိုင်စံရှားဂိုဏ်းချုပ်က အံ့အားသင့်စရာပဲ”
အင်မော်တယ်ဂိုဏ်းများ ပြန်လည်ထွက်ခွာသွားသည်ကို ကြည့်ရှုရင်း သိုင်းကျင့်ကြံသူ အသီးသီး တို့သည် တီးတိုးဆွေးနွေးနေမိကြသည်။ သူတို့၏ စိတ်ထဲရှိ အံ့အားသင့်မှုများသည် ပိုမိုကာ အားကောင်းလာခဲ့ကြသည်။ သူတို့ လူမှန်းသိတတ်စကတည်းက အထက်နယ်မြေ၏ အခွင့်အာဏာ ဆိုသည်မှာ အင်မော်တယ်ဂိုဏ်းကြီးများ၏ လက်ထဲ၌သာ တည်ရှိပြီး မည်သူမှသည် ကလန်ကဆန် မလုပ်ရဲကြချေ။
“ဒီကောင်လေး ....”
လွတ်လပ်သော ကျင့်ကြံသူ တစ်ယောက်က ပြောလိုက်သည် “သူက နှစ်ပေါင်းတစ်သိန်းလောက် ရှိခဲ့တဲ့ “ဓလေ့ထုံးစံကြီးကို ပြောင်းလဲပစ်လိုက်နိုင်တယ်”
“ဟုတ်တယ်”
လွတ်လပ်သောကျင့်ကြံသူ တစ်ယောက်က ထပ်ပြောလိုက်၏ “အောက်နယ်မြေက တက်လာတဲ့ ဂိုဏ်းကတော့ အင်မော်တယ်ဂိုဏ်းတွေရဲ့ အပြစ်ပေးမှုကို ခံရတော့မှာ သေချာတယ်”
လူပေါင်းများစွာတို့သည် ယနေ့ အဖြစ်အပျက်ကို မြင်ခဲ့ကြသည်။ ယနေ့ကိစ္စသည် အနာဂတ်တွင် ကြီးမားသောတိုက်ပွဲကြီးဖြစ်လာနိုင်သည်ဟု အားလုံးက သတ်မှတ်လိုက်ကြသည်။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် အားလုံးကို လှမ်းကြည့်ကာဖြင့် ပြုံး၍ ပြောလိုက်၏ “ခင်ဗျားတို့ ဘာဆက်ကြည့်ချင်ကြသေးတာလဲ”
ပွဲပြီးဆုံးသွားပြီဖြစ်၏။ မိုင်းတွင်းတူးသည့် ကိစ္စကို သူတို့ဆက်ကြည့်၍ မဖြစ်တော့ချေ။ ထို့ကြောင့် လောဘကို သပ်ကာဖြင့် ပြန်ကြမှဖြစ်မည်။
“နှုတ်ဆက်ပါတယ်”
“နှုတ်ဆက်ပါတယ်”
တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ပြီး ပြန်သွားကြသည်။ သူတို့ အနေဖြင့် ဆက်ကြည့်ချင်သော်လည်း တစ်ဖက်လူများသည် အင်အားတောင့်တင်းလွန်းသည့်အပြင် မျိုးနွယ်စု နှစ်စု ကလည်း လာရောက် ကာကွယ်ပေးထားကြ၏။ အသက်ရှင်ချင်လျှင် ဆက်မနေခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ခဏလောက်ကြာတော့ ပတ်၀န်းကျင်တည်နေရာကြီးတွင် ပြိုင်စံရှာဂိုဏ်းတစ်ခုတည်းသာလျှင် ကျန်ရှိတော့၏။ ဂိုဏ်းချုပ်၏ အမိန့်ပေးမှုအောက်တွင် ကျန်းတယ်ကျွင်းသည် တည်နေရာ ပတ်ပတ်လည် အား သီးခြားဖြစ်တည်ခြင်း အစီအရင်များ ဖန်တီးလိုက်သည်။
မည်သူမှ မမြင်တွေ့နိုင်စေရန် ဖုံးကွယ်လိုက်ခြင်းဖြစ်၏။
“ဂိုဏ်းချုပ်”
ထာ၀ရရွက်သင်္ဘောထဲမှာ ရှိနေသော ရှန့်ကွမ်းရှင်းရောင်သည် ကြယ်တာရာ မြေပုံကို ကြည့်ရှုပြီး ပြောလိုက်သည် “မြေအောက်က တုန်ခါမှု ကြိမ်နှုန်းက ပိုပြီးတိုးလာတယ်။ ဆယ်ရက်အတွင်း မိုင်းတွင်းက ပေါ်လာလိမ့်မယ်”
ကြယ်တာရာ စိတ်ဝိညာဉ် လောကမှ ရွက်သင်္ဘောကြီးသည် မိုင်းတွင်း ထွက်ပေါ်လာမည့် အချိန်ကို ကြိုတင် သိရှိနိုင်သည်သာမက ပေါ်လာမည့် အချိန်ကိုလည်း ညွှန်ပြနေသည်။ အမှန်ပင် ကုန်းရှန့်အတွက် အဆင်ပြေစေသော အရာဖြစ်လေ၏။
.....
ဒွီ ..... ဒွီ ....။
အလင်းတန်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
သားရဲစီးဟောခန်းမှ အဖွဲ့သားတို့သည် နှစ်ယောက်တစ်ဖွဲ့ ၊ သုံးယောက်တစ်ဖွဲ့နှုန်းဖြင့် စစ်ကင်းစောင့်သလို စောင့်နေကြ၏။
ရှန့်ကွမ်းရှင်းရောင်နှင့် တခြားသော အဖွဲ့သားများသည် ကြယ်တာရာ မြေပုံကို ကြည့်ရှုပြီး စစ်ဆေး သုံးသပ်နေကြသည်။ ၎င်းတို့ကို ကြည့်ရသည်မှာ ကျွမ်းကျင်ပညာရှင်များလိုပင်။
ကျွင်းချောင်ရှောင်းသည် မောင်းနှင်သူထိုင်ခုံတွင် ထိုင်နေသည်။ သူ၏ ထိုင်နေပုံသည် ထူးခြားလွန်းနေ၏။ ဖင်နာနေသောကြောင့်သာ ဖြစ်လေ၏။
“ဂိုဏ်းချုပ်”
စွန်းပုကုံးသည် ဘေးတစ်ဖက်မှ သေချာစူးစမ်းကြည့်ရှုပြီးနောက် ပြောလိုက်၏ “လိပ်ခေါင်းထွက်နေတာလား။ ခုတလော တပည့် အစာအိမ်နဲ့ အူလမ်းကြောင်း ဘာသာရပ်ကို သေချာ လေ့လာနေတာ။ ထွက်နေပြီဆိုရင် တစ်ခါတည်း ဖြတ်လိုက်ကြမလား”
“သွားစမ်း”
ကျွင်းချောင်ရှောင်းသည် မျက်လုံးများပင် ချာချာလည်သွားမိသည်။
ပြောပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲသို့ ၀င်လိုက်ပြီး တစ်လက်မ ဗျက်လောက်ရှိပြီး တစ်မီတာ လောက်ရှည်မည့် ဓားတစ်စင်းကို ထုတ်ယူလိုက်၏။
ဓားနှင့် ဓားအိမ်သည် ရိုးရှင်းလွန်းလှသည် ဆိုသော်လည်း ရှေးဆန်သော အော်ရာများကို ပေးစွမ်းနေသည်။
“အင်မော်တယ်ဓားလား”
ကျွင်းချောင်ရှောင်းသည် ဓားလက်ကိုင်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည် “ဒါက အင်မော်တယ် လက်ရာ များလား”
“ဂိုဏ်းချုပ်”
ဓားကို ဆွဲထုတ်ရန် ကြံရွယ်နေတုန်းမှာပဲ သူသည် ရှန့်ကွမ်းရှင်းရောင်၏ အလောတကြီးခေါ်သံကို ကြားလိုက်ရသည်။ “မြေအောက်လှိုင်းတွေက ပြောင်းလဲနေပြီ”
ဆွစ် ......
ကျွင်းချောင်ရှောင်းသည် ကြယ်တာရာ မြေပုံကို သေချာကြည့်ရှုလိုက်သည်။ အနီရောင်စက်ဝိုင်းလေး၏ အလင်းခုန်နှုန်းသည် ယခင်ကထက် ပိုမို၍ တိုးတက်လာ၏။
ဘုန်း ...
ဘုန်း ...
အပြင်ဘက် တည်နေရာထဲမှာတော့ မြေအောက်ရေများ ခမ်းခြောက်သောကြောင့် ငလျှင် လှုပ်လာသလိုမျိုး လှုပ်ခပ်ကာ တည်နေရာ တစ်ခုလုံး အက်ကွဲလာသည်။
“မိုင်းတွင်းပေါ်လာပြီလား”
ဆွစ် ....
ဆွစ် ....
အလင်းတန်းများသည် ကောင်းကင်ယံဆီ ထိုးတက်သွားသည်။
ချီးတဲ့မှ ......။
ကျွင်းချောင်ရှောင်းသည် မျက်လုံးများပင် ပြူးထွက်လာမိ၏။ လီချင်းယန် ၊ ရှောင်ကျီ နှင့် တခြားသူများ အားလုံးသည်လည်း မျက်လုံးပြူးသွားကြ၏။
သူတို့၏ မျက်လုံးထဲတွင် ရေတွက်၍မရအောင်များပြားသော အလင်းတန်းများသည် ထိုးတက်သွားပြီး ပုံရိပ်ယောင်လိုလို၊ အစစ်အမှန် လိုလိုဖြင့် ခံစားနေရသည်။
ဂီး ....။
ကောင်းကင်ယံဆီမှ စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာပြီး မီးအတောင်ပံတစ်ခု ဖြစ်တည်လာသည်။ ပြီးနောက် ဒေါင်းဦးခေါင်းနှင့် မီးသတ္တဝါတစ်ကောင်အသွင်သည် ပေါ်ပေါက်လာ၏။
ကျွင်းချောင်ရှောင်း၏ စိတ်ထဲတွင် နာမည်တစ်ခု ရောက်ရှိလာသည်။
ဗာမေလီယန်ငှက် လား။
.....
ပြိုင်စံရှားဂိုဏ်း ......။
အိပ်ပျော်နေသည့် ကြက်ဖလေးသည် မျက်လုံးကို ဖွင့်ပြီး အတောင်ပံကို ယမ်းခါလိုက်၏ “ငါ့ရဲ့ နေ့ရက်တွေ ရောက်လာတော့မှာပါလား”