← Chapters

အခန်း ၁၆၃၆

Vol. 110 Ch. 1636

အခန်း ၁၆၃၆

Vol. 110 Ch. 1636

¬¬¬အပိုင်း (၁၆၃၆)

ဤတည်နေရာထဲတွင် ဆယ်ရက်တိတိ စောင့်မျှော်ပြီးသည့်နောက် ဖီးနစ်နှင့် ဗာမေလီယန်ငှက်ကဲ့သို့ ဆင်တူ လှသော ငှက်တစ်ကောင်သည် ကြက်သွေးရောင်မီးတောက်များ လွှမ်းခြုံလျက် ပေါ်ပေါက်လာခဲ့သည်။

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားခဲ့သည်။ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးတို့သည်လည်း ဆွံ့အလျက် ရှိနေကြသည်။ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း ဖြစ်တည်လာခဲ့သည်မဟုတ်ပါလား။ အဘယ်ကြောင့် ထူးဆန်းသည့် သတ္တဝါ တစ်ကောင် မွေးဖွားလာခဲ့ရသနည်း။

ရွှီး....

ကြက်သွေးရောင်မီးတောက်နှင့် သားရဲသည် အလွန်စူးရှလှသည့် အော်သံများကို ထုတ်လွှတ်လာခဲ့၏။ ပြီးနောက် ဘုရင်တစ်ပါး၏ အော်ရာများ လွှမ်းခြုံလျက်ရှိပြီး အလင်းတန်းတစ်ရာကျော်တို့က လွှမ်းခြုံသွားခဲ့တော့၏။ ပြီးနောက် ၎င်းတို့အားလုံးသည် ဗာမေလီယန်ငှက်ကဲ့သို့ ပုံပန်းသွင်ပြင်များအဖြစ် တစ်ခုပြီးတစ်ခု ပြောင်းလဲသွားခဲ့ ကြသည်။

“ဒါက”

ကုန်းစွန်းဟုန့်သည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “ဒါက ဗာမေလီယန်ငှက်ကလန်ပဲ”

“ဗာမေလီယန်ငှက်ကလန် ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့၏။ ထို့ကြောင့် အဓိက ကလန်အသီးသီးတို့နှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ရှိပြီးပြီဖြစ်သည်။ သို့ပေမဲ့ ဤကလန်အကြောင်း တစ်ခါမှ မကြားဖူးခဲ့ချေ။

“ဗာမေလီယန်ငှက်ရဲ့သွေးမျိုးဆက်ဆိုတာ နတ်ဘုရားသွေးမျိုးဆက်ပဲလေ။ သူတို့က အထက်နယ်မြေမှာရှိတဲ့ ကလန်ပေါင်း ထောင်ကျော်ထဲကတစ်ခု အပါအဝင်ပဲ။ ဒါပေမဲ့ သူတို့ရဲ့ကိုယ်ပိုင် အမူအကျင့်တွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းကျော်ကတည်းက ပျောက်ကွယ်သွားခဲ့ကြတယ်။ နှစ်ပေါင်းတစ်သိန်းကျော်ကြာတဲ့နောက်မှာ သူတို့က ပြာတစ်ခုအနေအထားကနေ ပြန်ပြီးမွေးဖွားလာခဲ့ကြတာပဲ” ယုစီနန်က ရှင်းပြလိုက်သည်။

“ပြန်လည်မွေးဖွားလာတာ ဟုတ်လား”

“အင်း... အဲလိုပြောလို့ရတယ်”

“ဘယ်လောက်ထူးဆန်းလိုက်တဲ့ကလန်လဲ”

“ဗာမေလီယန်ကလန်ဆိုတာ အရေအတွက် အနည်းငယ်ပဲရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ ထူးဆန်းလှတဲ့ အားအင်က ကလန်ကြီးသုံးခုနဲ့တောင် နှိုင်းယှဉ်လို့ရတယ်။ ဒါပေမဲ့ သူတို့က လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သိန်းကျော်က ပျောက်ကွယ် သွားခဲ့ပြီး အခု နှစ်ပေါင်းတစ်သိန်းကျော်မှ ပြန်ပြီး မွေးဖွားလာတာဖြစ်တဲ့ကြောင့်မလို့ အထက်နယ်မြေမှာ သူတို့နဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေက အရမ်းကို နည်းပါးတယ်။ သူတို့က နှစ်ပေါင်းတစ်သိန်းကျော်အတွင်း ပေါ်လာလိုက်၊ ပျောက်လာလိုက်နဲ့ ဖြစ်နေကြတာ မဟုတ်လား”

ကျွင်းချောင်ရှောင်းသည် မီးတောက်များနှင့် လွှမ်းခြုံလျက်ရှိနေသည့် ငှက်ဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် ရရှိခဲ့သည့်ဥနှင့်ပတ်သက်၍ သူသည် ပြန်လည်ကာ သတိရသွားခဲ့သည်။ ဤအကောင်သည် သားဖောက်ပြီးသည့်နောက် ဗာမေလီယန်ငှက်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်သည်ဟု ပြောဆိုခဲ့သည် မဟုတ်ပါလား။

“ကြည့်ရတာ ဒီနှစ်ကောင် အရမ်းကို ခြားနားနေသလိုပဲ”

တစ်စုံတစ်ယောက်သည် ဖီးနစ်တစ်ကောင်နှင့် ဆင်တူလှ သည့် သတ္တဝါတစ်ကောင်ဖြစ်နေပြီး တခြားတစ်ယောက်မှာတော့ ကြက်ဖနှင့်ဆင်တူလှသည့် သတ္တဝါတစ်ကောင် ဖြစ်လို့နေခဲ့၏။ ၎င်းတို့၏ သွေးမျိုးဆက်သည် ပတ်သက်ဆက်နွယ်နေသည်ဟု ကျွင်းချောင်ရှောင်းက မည်သို့မှ မယုံကြည်နိုင်ချေ။

ချီးတဲ့မှ... ဒါက သားဖောက်စက်နဲ့ပတ်သက်ပြီး တစ်ခုခု လွဲမှားနေတာပဲ ဖြစ်ရမယ်။

နဂါးလေးသည် တကယ့်ကို ပါရမီရှင်လက်ကိုးချောင်းနဂါးသာဖြစ်၏။ သို့ပေမဲ့ သားဖောက်ပြီးသည့်နောက် ၎င်းသည် ကင်းလိပ်ရှောတစ်ကောင် ကဲ့သို့ ပြောင်းလဲခဲ့၏။ ယခု ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှ သူရရှိခဲ့သည့် ဥသည်လည်း သန္ဓေပြောင်းလဲပြီးသည့် နောက် ကြက်ဖတစ်ကောင်အဖြစ်သို့ ပြောင်းလဲခဲ့၏။

ပြောရမည်ဆိုလျှင် သူ၏ပဋိညာဉ်သားရဲများသည် ယခင်တုန်းက ကောင်းမွန်ခဲ့သည့် သတ္တဝါများအဖြစ် တည်ရှိခဲ့ သည့်အကောင်များ ဖြစ်သော်လည်း သားဖောက်ပြီးသည့်နောက်မှာတော့ ထူးခြားသည့် သတ္တဝါများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။ ဤကဲ့သို့သော ပြောင်းလဲမှုသည် မထင်မှတ်ဖွယ်ရာပင် ဖြစ်တော့သည်။ သို့ပေမဲ့ သားဖောက်ပြီးသည့်နောက် ၎င်းတို့အားလုံးသည် ထူးခြားသည့် စွမ်းရည်များကို ရရှိခဲ့သည်။

ကြက်ဖဆိုလျှင် တောင်ထွတ်ပေါ်သို့ ရပ်တန့်၍ နေ့စဉ်နေ့တိုင်း အော်ဟစ်လိုက်ပြီး တပည့်များအားလုံးကို စိတ်အားတက်ကြွစွာဖြင့် တစ်နေ့တာလုံး ကျင့်ကြံစေဖို့ လှုံ့ဆော်ပေးနိုင်စွမ်း ရှိသည်။ တစ်စုံတစ်ယောက်၏ အားအင်တိုးတက်မှုဆိုသည်မှာ ကြက်ဖ၏ စွမ်းဆောင်ရည်နှင့် တိုင်းတာ၍ ရနိုင်သည့်အရာ ဖြစ်ခဲ့၏။

တောဝက်ရိုင်းလေးကဲ့သို့ပင် ဖြစ်တော့သည်။ ၎င်းသတ္တဝါများ သည် ၎င်း၏အရှေ့တွင် တစ်နေကုန် တည်ရှိနေသည့် သတ္တဝါများ မဟုတ်သော်လည်း ဂိုဏ်းအတွက်တော့ အကျိုးကျေးဇူးများ ပေးစွမ်းနိုင်သည့် သတ္တဝါများ ဖြစ်တော့သည်။ ထို့ကြောင့် ၎င်းတို့အားလုံးအနေဖြင့် နှလုံးသားထဲတွင် စွဲစွဲမြဲမြဲ မှတ်သားထားရန် လိုအပ်သည်။

အဓိက အကြောင်းအရာကို ပြန်လည်ပြောရမည်ဆိုလျှင် ကောင်းကင်ယံတွင် ကြီးမားလွန်းလှသော ဗာမေလီယန် ငှက်ကြီးတစ်ကောင်သည် လွင့်မျောလျက် ရှိနေတော့၏။ ၎င်း၏အနောက်တွင် သေးငယ်လွန်းသော ဗာမေလီယန် ငှက်တစ်သိန်းကျော်တို့က တည်ရှိနေ၏။

ဤမြင်ကွင်းသည် အလွန်တရာ လှပလွန်းသည်ဟုသာ ဖော်ညွှန်းနိုင်ပေလိမ့်မည်။ သို့ပေမဲ့ အနီးအနားတွင် လူသားများ တည်ရှိနေသည်ကို ၎င်းတို့ သိရှိပြီးသည့်နောက် မှာတော့ မျက်လုံးထဲတွင် မချစ်ခင်၊ မရင်းနှီး၊ မနှစ်မျို့လှသော အရိပ်အယောင်များ ဖြစ်တည်လာခဲ့သည်။

ရှလွမ်း

ကြီးမားလွန်းလှသော ဗာမေလီယန်ငှက်ကြီးသည် ထူးဆန်းလွန်းစွာ အော်ဟစ်လိုက်၏။ အနောက်တွင် ရှိနေသော ဗာမေလီယန်ငှက် တစ်သိန်းကျော်တို့သည် အမိန့်ကို လက်ခံရရှိလိုက်သလိုပင်။ ၎င်းတို့သည် အလွန် အားကောင်းလွန်းလှသော မီးတောက်များကို ပိုမိုကာ ထုတ်ဖော်လိုက်ပြီးသည့်နောက် ပတ်ဝန်းကျင်တည်နေရာ ထဲတွင် ရှိနေကြသော ပြိုင်စံရှားဂိုဏ်းမှ တပည့်များကို ဝင်ရောက်ကာ တိုက်ခိုက်ကြ၏။

ဆွစ် ဆွစ်

ကောင်းကင်ယံထက်တွင် ကြီးမားလွန်းလှသော မီးဘောလုံးကြီးများသည် ဖြစ်တည်လာခဲ့သည်။

“ဒိုင်းအကာအကွယ်” ရှောင်ကျီက အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စက်ရုပ်တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ ပြီးသည့်နောက် အလွန်အားကောင်းလွန်းလှသော အကာအကွယ်စနစ်တစ်ခုကို အသက် သွင်းကာဖြင့် အားလုံး၏ရှေ့တွင် ဝင်ရောက်ကာ ကာကွယ်လိုက်၏။

ဖောက် ဖောက် ဖောက် ဖောက်

ဘုန်း ဘုန်း ဘုန်း ဘုန်း

မီးတောက်များနှင့် ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက် အလွန်ပူပြင်းလှသည့် မီးတောက်များသည် တည်နေရာတစ်ခု ဆီသို့ ပျံ့နှံ့သွား၏။ သို့ပေမဲ့ ဤကဲ့သို့ ကြမ်းတမ်းလှသော ပေါက်ကွဲမှုကြီးအောက်မှာ ရှောင်ကျီသည် မတ်မတ်ရပ်လျက် ရှိနေသေး၏။ ဘာမှ မဖြစ်ခဲ့ချေ။ အဆင့်နိမ့် အစစ်အမှန်ရှာဖွေခြင်း အဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသည့်နောက် ရှောင်ကျီ၏ အားအင်အဆင့်သည် တိုးတက်လာခဲ့၏။ သူသည် ပြိုင်စံရှားဂိုဏ်း၏ နံပါတ်တစ် ကာကွယ်သူတစ်ယောက်အနေနှင့် ထိုက်တန်လွန်းလှသူလည်းဖြစ်သည်။

ဆွစ် ဆွစ်

ဗာမေလီယန်ငှက်များသည် ထိုအချင်းအရာကြောင့် ရပ်တန့်မသွားခဲ့ကြချေ။ ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုကို ဆက်လက်ကာ ထုတ်ဖော်ကြသည်။ မီးဘောလုံးများ၏ တိုက်ခိုက်မှုသည် ပိုမိုကာ ကြမ်းတမ်းလာခဲ့၏။

ဆွစ်

သို့ပေမဲ့ မီးဘောလုံးများ အောက်ဆီသို့ ကျဆင်းလာသည့်အချိန်မှာပဲ အလွန်တရာ အေးစက်လှသည့် အလင်းတန်း များသည် တည်နေရာတစ်ခုကို ဖြတ်သန်းကာ ရောက်ရှိသွား၏။ ကျဆင်းလာခဲ့သော မီးဘောလုံးများ အားလုံး သည် ကောင်းကင်ယံထက်တွင် ရပ်တန့်သွားခဲ့သည်။

ရီရှင်းချန်သည် သူ၏ပုဆိန်ကြီးကို အသာရုပ်သိမ်းပြီးသည့် နောက် ရှောင်ကျီ၏ ရှေ့တွင်ရပ်တန့်လိုက်၏။ သူ၏တောင့်တင်းခိုင်မာလှသော ခန္ဓာကိုယ်နှင့် မျက်နှာသွင်ပြင်သည် အေးစက်သော အော်ရာမျိုးကို ထုတ်ဖော်နေ၏။

တခြားတစ်ဖက်မှာတော့ စုရှောင်မိုနှင့် လီဖေးတို့သည် ၎င်းတို့ဆီရောက်ရှိလာသော မီးဘောလုံးများကို ကန်ကျောက်ကာဖြင့် လွင့်စင်အောင် ပြုလုပ်လိုက်သည်။

ဤအရာသည် ဗာမေလီယန်ငှက်ပေါင်းများစွာတို့မှ ပူးပေါင်းကာ တိုက်ခိုက်လိုက်ခြင်းဖြစ်၏။ ထို့ကြောင့် လက်ရွေးစင်တပည့် အနည်းငယ်ဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်သည့် ပြဿနာမျိုးလည်း မဟုတ်ချေ။ ထို့ကြောင့် ကျွဲရိုင်းစက်ရုပ်များသည် အရှေ့ဆီသို့ ပျံသန်းလာကြသည်။ ၎င်းတို့သည် စတီးကဲ့သို့ သန်မာခိုင်ခံ့လွန်း လှသော ၎င်းတို့၏ခန္ဓာကိုယ်များကို အသုံးပြု၍ ရှေ့ဆီမှ ကြံ့ကြံ့ခံကာ တားဆီးထားကြ၏။

ဆွစ်

ထိုအချိန်မှာပဲ လုချင်းချင်းသည် ရှေ့ဆီသို့ ပျံသန်းလာခဲ့၏။ သူမ၏အနောက်တွင် အဖြူရောင်အလင်းတန်းများပင် ထွက်ပေါ်နေ၏။ စက်ရုပ်များ၏ရှေ့တွင် သူမသည် မတ်မတ်ရပ်လိုက်၏။ ပြီးနောက် ရှေ့ဆီသို့ ကျဆင်းလာခဲ့သော မီးဘောလုံးများအားလုံးကို တစ်ယောက်တည်း ရပ်တန့်ကာ ရင်ဆိုင်နေ၏။ သူမ၏လက်ပေါ်ရှိ လင်းယွမ်ခန်းမဆောင်၏ စာလုံးသည် အသက်ဝင်သွားခဲ့၏။ အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်စင်လျက် ရှိနေပြီး ထိုဆံနွယ်များအားလုံးသည် ငွေမင်ရောင်အဖြစ်သို့ ချက်ချင်းပြောင်းလဲကုန်၏။ ထူးဆန်းလှသည့် အစီအရင် မျဉ်းကြောင်းများသည် သူမ၏ရှေ့တွင် ဖြစ်တည်လာသည်။

ဆွစ် ဆွစ်

သူမသည် လက်နှစ်ဖက်ဖြင့် စည်းသင်္ကေတတစ်ခုကို ပြုလုပ်လိုက်၏။ “အအေးမုန်တိုင်း”

ဆွစ် ဆွစ်

လုချင်းချင်း၏ ခန္ဓာကိုယ်ဆီမှ မျက်လုံးနှင့် မြင်နိုင်စွမ်းရှိနေသည့် အအေးအော်ရာများ ထွက်ပေါ်လျက် ရှိနေ၏။ ထိုအအေးအော်ရာများအားလုံးသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံသွားခဲ့သည်။ ၎င်းတို့ ဖြတ်သန်းသွားရာ တည်နေရာ များအားလုံးတွင် နှင်းမြူများ ဖြစ်တည်သွားပြီး နေအလင်းရောင်အောက်မှာတော့ ထိုနှင်းမြူများသည် တလက်လက်နှင့် တောက်ပနေသည်။

မီးလမ်းစဉ်ကို လှမ်းလျှောက်ကြသော ဗာမေလီယန်ငှက်များသည် အလွန် အားကောင်းလှသော အအေး၏ အော်ရာများကို ရင်ဆိုင်ရသည့် အချိန်မှာတော့ စိတ်အားတက်ကြွမှုများပင် ဖြစ်တည်လာခဲ့ကြ၏။

ရွှီး

ကြီးမားလွန်းလှသော ဗာမေလီယန်ငှက်ကြီးသည် ၎င်း၏ဦးခေါင်းကို မြှောက်ကာဖြင့် အော်ဟစ်လိုက်သည်။ ပြီးနောက် ၎င်းသည် လုချင်းချင်းဆီသို့ ဦးတည်ကာ ပြေးဝင်လာခဲ့သည်။ ၎င်းသည် တစ်ဖက်လူဆီမှ ထုတ်လွှတ် ထားသည့်အအေးအော်ရာများအားလုံးကို ဖိနှိပ်လျက်ရှိ၏။ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည့်အချိန်တိုင်း ကောင်းကင်ယံ ပတ်ဝန်းကျင်တစ်ခုလုံးသည် မီးတောက်များနှင့် ပြည့်နှက်လျက်ရှိသည်။

ဆွစ် ဆွစ်

ဖြူမဲညီနောင်၊ အဘိုးကြီးတင်းနှင့် တခြားသော ဂိုဏ်း၏ စီနီယာအဖွဲ့သားများအားလုံးတို့သည် မြန်မြန်ဆန်ဆန်ဖြင့် ပျံသန်းလာခဲ့ကြသည်။ ၎င်းတို့သည် ဗာမေလီယန်ငှက် ပျံသန်းလာသည့် လမ်းတလျှောက်အား ၎င်းတို့၏ ကျန်းချီများကို ထုတ်လွှတ်ကာဖြင့် တားဆီးကြ၏။

ဝှစ် ဝှစ်

ကြီးမားလွန်းလှသော မီးတောက်များသည် လှိုင်းများကဲ့သို့ပင် ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းထား၏။ ပတ်ဝန်းကျင်၏ အပူချိန်သည် မြင့်တက်လာသည်သာမက ၎င်းတို့အား ကြီးမားသည့် ဖိအားကြီးပင် သက်ရောက် လာစေခဲ့သည်။

ထိုအချိန်မှာတော့ ယုစီနန်နှင့် ကုန်းစွန်းဟုန့်တို့သည် အဓိက ရွက်သင်္ဘောကြီးဆီမှ ပျံသန်းထွက်ပေါ်လာခဲ့ကြပြီး စီနီယာအဖွဲ့သားများလုံး၏ရှေ့တွင် မတ်မတ်ရပ်လိုက်၏။ တည်နေရာစွမ်းအင်နှင့် သဲစိတ်ဝိညာဉ်များ သည် တစ်ချိန်တည်းမှာပင် အသက်ဝင်သွားခဲ့ကြ၏။ ၎င်းတို့၏ နှလုံးသားထဲမှာတော့ ကြိတ်ကာ တွေးတောလျက် ရှိသည်။

ဒီငှက်က အစစ်အမှန် ရှာဖွေခြင်းထိပ်ဆုံးအဆင့်နဲ့တောင် နှိုင်းယှဉ်လို့ ရနေတာပဲ။

၎င်းတို့နှစ်ယောက်သည် တကယ်တမ်းတိုက်ခိုက်မည်ဆိုလျှင် အစစ်အမှန် ရှာဖွေခြင်းအထက်အဆင့်တွင် ရှိနေကြသည့်လူများ ဖြစ်သော်လည်း တကယ်အစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံးအဆင့်နှင့် ရင်ဆိုင်တိုက်ခိုက်ရမည် ဆိုလျှင်တော့ မဖြစ်နိုင်သည့်ကိစ္စရပ်ပင် ဖြစ်၏။

ယခု နိဗ္ဗာနဆီမှ ပြန်လည်ရောက်ရှိလာသော ဗာမေလီယန်ငှက်ကဲ့သို့မျိုးဆိုလျှင် ပိုမို၍ပင် ဆိုးရွားလွန်းလှ၏။ သူတို့သည် မခုခံနိုင်ဘူးဆိုလျှင်တောင်မှ အဘယ်ကြောင့် ထွက်ပေါ်လာရသနည်း။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း၏ အမိန့်ကြောင့်သာ ဖြစ်သည်။

ဆွစ် ဆွစ် ဆွစ်

ပူပြင်းတောက်လောင်လွန်းသော မီးတောက်များသည် ရှေ့ဆီသို့ လှမ်းတက်လာကြသည်။ အပူချိန်မြင့်တက်သွား သလိုပင် တည်နေရာကြီး တစ်ခုလုံးသည် ပြိုလဲလာခဲ့ကြ၏။

လက်ရှိအခြေအနေကို သုံးသပ်ရမည်ဆိုလျှင် ဤကြီးမားလှသော ဗာမေလီယန်ငှက်ကြီး၏ စွမ်းအင်သည် ပြိုင်စံရှားဂိုဏ်းမှ စီနီယာအထက်အကြီးအကဲများ အားလုံးကို ပိုင်းဖြတ်ချေမွဖို့ လုံလောက်လွန်းလှသည်။

ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင် အားလုံးသောသူများသည် ကျိန်းသေပေါက် သေဆုံးကုန်မှာဖြစ်၏။ ထိုသို့ဆိုလျှင် တောင်မှ ယုစီနန်၊ ကုန်းစွန်းဟုန့်နှင့် တခြားသောသူများအားလုံးသည် အနောက်သို့ ဆုတ်ခွာရန် အကြံအစည် မရှိကြချေ။ ၎င်းတို့အားလုံးသည် ပြိုင်စံရှားဂိုဏ်း၏ ဆောင်ပုဒ်ကို သတိရလျက်ရှိ၏။ ဤအရာသည် မည်သို့သော အချိန်မျိုးတွင်မှ နောက်မဆုတ်ဘဲ သံမဏိစိတ်ဓာတ်ဖြင့် ရှေ့ဆီသို့ လှမ်းတက်ကာ ရဲရဲရင်ဆိုင်ရမည်ဆိုခြင်းပင်။

ဆိုးရွားလှသည်မှာ ရေတွက်လို့မရအောင် ဖန်တီးထားသော သီးခြားဖြစ်တည်ခြင်း အစီအရင်များ၏ ကာကွယ် တားဆီးခြင်းကို ခံထားရသောကြောင့် ပြိုင်စံရှားဂိုဏ်း အနေနှင့် ဤကြီးမားလွန်းလှသော ဗာမေလီယန်ငှက်ကြီးနှင့် တိုက်ခိုက်နေသည့် မြင်ကွင်းကို မည်သူကမှ မမြင်ခဲ့ရခြင်းပင်။ မဟုတ်ပါက အားလုံးသောသူတို့၏ ချီးကျူးမှုကို ခံရမှာ သေချာသည်။

ဝှစ်

တောက်လောင်လွန်းလှသော မီးတောက်များသည် ကြမ်းကြမ်းတမ်းတမ်းနှင့် ဖိနှိပ်လာခဲ့၏။ ၎င်းတို့၏ နှလုံးသား ထဲတွင် သေဆုံးခြင်း၏အော်ရာများသည် ဖြစ်တည်လာခဲ့၏။

သို့ပေမဲ့ ဤကဲ့သို့သော အရေးအကြောင်းအချိန်မျိုး မှာတော့ ကလေးကဲ့သို့ အသွင်အပြင်မျိုးဖြစ်တည်နေသည့် ကျွင်းချောင်ရှောင်းသည် အဓိကရွက်သင်္ဘောကြီးဆီမှ ပျံထွက်လာခဲ့ပြီး မျက်စိတမှိတ်အတွင်းမှာပဲ ကြီးမားလွန်းလှသော ဗာမေလီယန်ငှက်ကြီး၏ အရှေ့၌ ပေါ်ပေါက်လာ၏။ ၎င်းသည် ဘတ်စကက်ဘောကစားသမား တစ်ဦးကဲ့သို့ပင် ရှေ့ဆီသို့ ခုန်တက်လာခဲ့ပြီး သည့်နောက် လက်ထဲမှ ဘောလုံးကို ပစ်လွှတ်ကာ အော်ဟစ်လိုက်သည်။ “သွား.... သားကောင်ဖမ်းဘောလုံး”

ဝှစ်

အလင်းတန်းတစ်ခုသည် မြန်မြန်ဆန်ဆန်ဖြင့် အရှေ့ဆီသို့ ထိုးထွက်သွား၏။ ထိုအရာသည် လေဟာနယ်ကို ထိုးဖောက်သွားသလိုပင်။

ပြိုင်စံရှားဂိုဏ်း၏ အဖွဲ့သားများဆီ အာရုံစိုက်ထားသော ကြီးမားသည့် ဗာမေလီယန်ငှက်ကြီးသည် ရုတ်တရက် ထိတ်လန့်သွား၏။

ဘန်း

ရုတ်တရက်ဆိုသလိုပဲ ဘောလုံးသည် ၎င်း၏ဦးခေါင်းကို ထိပ်တိုက် ထိမှန်၏။

ဝှစ်

တောက်ပလျက်ရှိနေသော အလင်းတန်းများသည် ရုတ်တရက် ဖြစ်တည်လာခဲ့ပြီးသည့်နောက် ကြီးမားလွန်းလှ သော ပိုက်ကွန်ကြီးကဲ့သို့ပင် ဗာမေလီယန်ငှက်ကြီးကို ဖုံးလွှမ်းသွားခဲ့၏။ ၎င်းသည် အော်ဟစ်ရန်ပင် အချိန်မရှိခဲ့ချေ။ လေထုထဲမှာတင် ပျောက်ကွယ်သွားခဲ့၏။ များပြားပြီး တောက်လောင်လွန်းလှသော မီးတောက် များသည်လည်း ငြိမ်းသက်သွားခဲ့၏။ ပတ်ဝန်းကျင်၏ အပူချိန်များသည်လည်း ပြန်လည်လျော့ကျသွားလေသည်။

ယုစီနန်၊ ကုန်းစွန်းဟုန့်နှင့် တခြားသောအကြီးအကဲများသည် နဖူးတွင် ချွေးစီးများပင် ပျံလျက်ရှိ၏။ အကယ်၍ ဤငှက်ကြီးသည်သာ အချိန်အနည်းငယ်ကြာသည်အထိ တည်ရှိနေမည်ဆိုလျှင် ၎င်းတို့သည်ပြာပုံအဖြစ်သို့ ပြောင်းလဲသွားမှာ သေချာ၏။

ဆွစ်

ကျွင်းချောင်ရှောင်းသည် ပျံသန်းလာခဲ့ပြီးသည့်နောက် လေထုထဲတွင် ဖြစ်တည်လျက် ရှိနေသော သားကောင်ဖမ်း ဘောလုံးကို ပြန်လည်ကာ ဆင့်ခေါ်လိုက်၏။ သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ပေါင်းစပ်လိုက်ပြီး သည့်နောက် ဤတည်နေရာထဲတွင် အိတ်ကပ်အရွယ်အစား ဖြစ်တည်နေသော ဗာမေလီယန်ငှက်ကို မြင်တွေ့လိုက် ရ၏။ သူသည် သွားဖြီးကာ ပြောလိုက်သည်။ “ဒီနေ့ကစပြီး မင်းက ငါ့ရဲ့သားရဲပဲ”

All Chapters