← Chapters

အခန်း ၁၆၃၇

Vol. 110 Ch. 1637

အခန်း ၁၆၃၇

Vol. 110 Ch. 1637

အပိုင်း (၁၆၃၇)

ဗာမေလီယန်ငှက်ဆိုသည်မှာ ၎င်းတို့၏ ထူးခြားလွန်းသည့် အမူအကျင့်အရ အထက်နယ်မြေတွင် ရှားရှားပါးပါး ပေါ်ပေါက် လာတတ်သည့်အကောင်မျိုးဖြစ်၏။ ၎င်းတို၏ အလုံးစုံသော အားအင်အဆင့်သည် အဓိက ကလန်ကြီးသုံးခုနှင့် နှိုင်းယှဉ်၍ ရနိုင်၏။ အထူးသဖြင့် နိဗ္ဗာနဆီသို့ ခရီးသွားပြီး ပြန်လည်ရောက်ရှိလာသည့် ကလန်၏ဘုရင်ပင်ဖြစ်သည်။ သူ၏ အားအင်အဆင့်သည် ကြီးကြီးမားမား တိုးတက်လာခဲ့၏။

ဤတစ်ကြိမ် မိုင်းတွင်းအထဲတွင် ၎င်းပေါ်ပေါက် လာခြင်းသည် တစ်လောကလုံးကို ကြေညာချင်သောကြောင့်ပင်ဖြစ်သည်။

ကံဆိုးစွာဖြင့် ကျွင်းချောင်ရှောင်းသည် မိုင်းတွင်းအား တခြားသူများ လာရောက်ကာ ခိုးယူမည်ကို စိုးရိမ်မိ၏။ ထို့ကြောင့် သီးခြား ဖြစ်တည်ခြင်း အစီအရင်များကို တည်နေရာတစ်ခုလုံးတွင် ဖန်တီးထားခဲ့သည်။ ထို့‌ကြောင့် ဗာမေလီယန်ငှက်ကြီး ပေါ်ပေါက်လာခြင်းကို အထက်နယ်မြေတစ်ခုလုံးက မမြင်တွေ့ခဲ့ရချေ။

တစ်စုံတစ်ယောက်သည် မိမိ၏ အိမ်ဆီသို့ ပြန်လာသည့်အချိန်တွင် ကြီးမားပြီး ခမ်းနားကြီးကျယ်လွန်းသည့် အခြေအနေမျိုးဖြင့် ပြန်လာချင်သည်ဆိုသည်မှာ သဘာဝပင်ဖြစ်သည်။ သို့ပေမဲ့ ထိုကဲ့သို့ မဖြစ်မြောက်နိုင်သည်က ဆိုးရွားလွန်းလှချေသည်။

နိဗ္ဗာနဆီသို့ သွားလိုက်ပြန်လိုက် လုပ်လျက်ရှိသည့် ဗာမေလီယန်ငှက်ကြီးသည် လက်ရှိအချိန်တွင် ပြန်လည်ပေါ်ပေါက်လာ ခဲ့၏။ သို့ပေမဲ့ ၎င်းသည် တိုက်ခိုက်ရန်အခွင့်အရေးပင် မရလိုက်ချေ။ သာမန်ထက်ပိုထူးခြားသော သားကောင်ဖမ်း ဘောလုံး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ၎င်းသည် ပစ်မှတ်ကို တည့်တည့်ထိမှန်လိုက်သည်ဆိုသည်နှင့်တပြိုင်နက် မည်မျှအားကောင်း လှသည့်ဖြစ်ပါစေ ဆရာသခင်ပဋိညာဉ်ကို တစ်ခါတည်း ရေးထိုးပြီးဖြစ်လိမ့်မည်။

ထို့ကြောင့်ပင်လျှင် ကုန်းရှန့်ပြောဆိုသည်မှာ အမှန်ပင်ဖြစ်သည်။ ယနေ့အချိန်တွင် ဗာမေလီယန်ငှက်၏ဘုရင်သည် ၎င်း၏ သားရဲဖြစ်လို့သွားခဲ့သည်။ ၎င်းတို့သည် မိုင်းတွင်းကို တူးရန် ရောက်ရှိလာခဲ့၏။ သို့ပေမဲ့ သီးခြားတာဝန်ကို ပြည့်စုံပြီး ရရှိခဲ့သည့် သားကောင်ဖမ်းဘောလုံးကြောင့် ထိုဗာမေလီယန်ငှက်ကြီးကို သားရဲအဖြစ် ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်သည်။

ဝူး ဝူး ဝူး

ဗာမေလီယန်ငှက်များသည် အော်ဟစ်လျက်ရှိ၏။ ၎င်းတို့ခေါင်းဆောင်၏ အမိန့်ပေးမှု မရှိသောကြောင့် ၎င်းတို့ အားလုံးသည် သမုဒ္ဒရာထဲတွင် လမ်းပျောက်လျက်ရှိနေသည့် လှေငယ်လေးများကဲ့သို့ပင် ဖြစ်နေကြ၏။

ဝှစ် ဝှစ် .....

ကျွင်းချောင်ရှောင်းသည် လက်ကိုအသာယမ်းခါပြီးသည့်နောက် သားကောင်ဖမ်းဘောလုံးကို ပစ်လွှတ်လိုက်၏။ အပေါ်တွင် ရှိနေသော မီးတောက်များသည် တောက်ပလာခဲ့၏။ ချက်ချင်းဆိုသလိုပဲ လေထုထဲတွင် ကြီးမားလှသော ဗာမေလီယန် ငှက်ကြီးက ပေါ်ပေါက်လာသည်။ ကောင်းကင်ယံအထက်တွင်တော့ ယခင်ကအတိုင်း မီးတောက်များ ဖြစ်တည်လာခဲ့ သည်။

“နှုတ်ဆက်ပါတယ် သခင်” ၎င်းသည် ၎င်း၏ မြင့်မြတ်လွန်းလှသော ဦးခေါင်းကို အသာငုံ့လိုက်၏။ ၎င်း၏အသံသည် လေးစားမှုများနှင့် ပြည့်နှက်နေ၏။

“………”

ယုစီနန်၊ ကုန်းစွန်းဟုန့်နှင့် တခြားသောသူများသည် ပြိုလဲသွားခဲ့၏။ ဂိုဏ်းချုပ်သည် ပျံသန်းထွက်လာခဲ့ပြီးသည့်နောက် ဗာမေလီယန်ငှက်ကြီးကို ဘောလုံးနှင့် ပစ်လွှတ်လိုက်၏။ ပြီးနောက် တစ်ဖက်သတ္တဝါအား အလုံးစုံဖိနှိပ်အနိုင်ယူခဲ့ပြီးသား ဖြစ်နေ၏။ မြန်ဆန်လွန်းလှချေသည်။

“လူသားအဖြစ် ပြောင်းနိုင်လား”

ဆွစ်

မီးတောက်များသည် တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့၏။ ပြီးသည့်နောက် ကြီးမားလွန်းလှသော ဗာမေလီယန်ငှက်ကြီးသည် အနီရောင်ဆံပင်များနှင့် ဖျက်လတ်သွက်လက်လွန်းသော အသက်နှစ်ဆယ်အရွယ်စွန်းစွန်း လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ပြောနေစရာပင် မလိုချေ။ ဤလူငယ်လေးသည် အမှန်ပင် ချောမောလွန်းလှ၏။ သို့ပေမဲ့ သူ့သခင် ကိုတော့ မမီလှချေ။

ကျွင်းချောင်ရှောင်းမှာတော့ ဂရုမစိုက်လှချေ။ အဘယ်ကြောင့်ဆိုသည်မှာ သားရဲများဆိုသည်မှာ လူသားများအဖြစ်သို့ စိတ်ရှိတိုင်း ပြောင်းလဲနိုင်ကြောင်း သူက သိရှိ၏။ အရိုးသားဆုံးပြောရမည်ဆိုလျှင် တစ်ဖက်လူသည် ချောမောလွန်းသော လူတစ်ယောက်ဖြစ်သည်ဆိုလျှင်တောင်မှ သူ့အား ယှဉ်ပြိုင်၍ မရနိုင်သည်မှာ သဘာဝပင်ဖြစ်လေသည်။ သူသည် သာမာန်လူ မဟုတ်ပေ။

ထွီ

စနစ်သည် မည်သို့မှ မနေနိုင်တော့ချေ။ ထကာ တံတွေးပင် ထွေးလိုက်မိ၏။

…….

ဗာမေလီယန်ငှက်ဘုရင်သည် ကျွင်းချောင်ရှောင်း၏ သားရဲဖြစ်လာခဲ့၏။ ဗာမေလီယန်ငှက်အားလုံးသည် ၎င်း၏ အမိန့်ကို နာခံရမှာ သဘာဝပင် ဖြစ်တော့၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည် အမိန့်ကို လက်ခံရပြီးသည့်နောက် ညီညီညာညာဖြင့် ရှေ့သို့ပျံသန်းလာခဲ့၏။ သူတို့သည် အထက်နယ်မြေဆီသို့ ပထမဦးဆုံး ရောက်ရှိလာခဲ့ကြသည်။ ပြီးသည့် နောက်မှာတော့ ဘာတစ်ခုမှပင် မပြုလိုက်ရဘဲ လူသားတစ်ယောက်အား သခင်အဖြစ် သတ်မှတ်ကာ ရိုရိုကျိုးကျိုးနှင့် အမိန့်ကို နာခံနေရတော့သည်။

“ပြီးသွားပြီ”

အရာအားလုံး ပြန်လည်ငြိမ်သက်သွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မြေပြင်တစ်ခုလုံး ပြိုကွဲလျက် ရှိနေသည့် တည်နေရာကြီးကို လှမ်းကြည့်ကာဖြင့် ပြောလိုက်၏။ “အခု ထုတ်လွှတ်လိုက်တဲ့ ဆန်းကြယ်လွန်းတဲ့ အော်ရာ တွေကို သုံးသပ်ရမယ်ဆိုရင် မြေအောက်မှာ ပိုပြီးကောင်းမွန်လှတဲ့ မိုင်းတွင်းကြီး တည်ရှိနေမှာ သေချာတယ်”

ထင်မှတ်ထားသည့်အတိုင်းပင်။ သူသည် အပေါ်ခပ်မြင့်မြင့်ဆီသို့ ပျံသန်းလိုက်သည့်အချိန်မှာတော့ လက်မအရွယ်အစားခန့် ရှိသည့် ကျောက်တုံးများသည် တလက်လက် တောက်ပလျက် ရှိနေသည်ကို မြင်လိုက်ရသည်။

“ဂိုဏ်းချုပ်… ဒါတွေက တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေပဲ”

အားလုံးသော သူတို့သည် ရှေ့ဆီသို့ ဆင်းသက် လာခဲ့ကြ၏။

ဆွစ် ဆွစ်

ကျောက်ရိုင်းတူးဖော်စက်ကြီးကို ထုတ်ယူလိုက်ပြီးသည့်နောက် ထိုဆီမှ များပြားလွန်းလှသော ပင့်ကူကဲ့သို့ စက်ရုပ်များသည် အသီးသီး ထွက်လျှောက်လာခဲ့ကြ၏။ ၎င်းတို့အားလုံးသည် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းထဲသို့ ဝင်သွားပြီး စိတ်ဝိညာဉ်ကျောက်တုံးများကို မြန်မြန်ဆန်ဆန်နှင့် တူးထုတ်လျက် ရှိနေသည်။

“ဒါက ....”

ယုစီနန်နှင့် ကုန်းစွန့်ဟုန့်တို့သည် ကြောင်အသွားခဲ့ကြ၏။ အစောကြီးကတည်းက ဤစက်ကို မြင်ဖူးခဲ့ပြီဖြစ်သော ဖြူမဲညီနောင်တို့မှာတော့ တည်ငြိမ်လျက် ရှိနေကြ၏။

“သခင်”

လူသားပုံသဏ္ဍာန် ဖြစ်တည်လျက် ရှိနေသည့် ဗာမေလီယန်ငှက်ကြီးက ပြောလိုက်သည်။ “ဒီဟာက ရိုးရိုးအဆင့် တာအိုကျောက်တုံးတွေ မဟုတ်ဘူး။ အထဲမှာ တာအိုအဆင့်စိတ်ဝိညာဉ် မိခင်ကျောက်တုံးလည်း ရှိနေသေးတယ်”

“တာအိုအဆင့်စိတ်ဝိညာဉ်မိခင်ကျောက်တုံး ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ထခုန်လုမတတ်ပင် စိတ်လှုပ်ရှားမိ သွား၏။ ယခင်တုန်းက သူသည် အစစ်အမှန်စိတ်ဝိညာဉ် မိခင်ကျောက်တုံးကို ရရှိခဲ့ဖူး၏။ ထိုအရာသည် ဂိုဏ်း၏ မြေတည်နေရာအောက်တွင် ပြုစုပျိူးထောင်ခြင်းကို ခံထားရ၏။ ပိုမို၍ အဆင့်မြင့်မားလှသော တာအိုအဆင့် မိခင်ကျောက်တုံးကိုသာ ရရှိမည် ဆိုလျှင် ဤခရီးကို ရောက်ရှိလာခဲ့ခြင်းသည် ကြီးမားလွန်းသည့် အကျိုးအမြတ်ပင်။

………

ရက်အနည်းငယ်ကြာပြီးသည့်နောက် ကျောက်ရိုင်းတူးဖော်စက်ဆီမှ ထွက်ပေါ်လာခဲ့သော စက်ရုပ်သေးသေးလေးများသည် ကျောက်ရိုင်းများကို တူးဖော်ပြီးဖြစ်နေတော့သည်။ သေသေချာချာ တွက်ချက်ပြီးသည့်နောက် ၎င်းတို့အားလုံးသည် တာအို အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်နီးပါးခန့်ကို ရရှိခဲ့၏။ အရေအတွက်အရ ပြောရမည်ဆိုလျှင် ထိုအရာသည် အလွန်ကောင်းမွန်လွန်းလှပြီး အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးထက် ဆယ်ဆပိုမိုကာ အားကောင်းလွန်း၏။

“အံ့အားသင့်စရာပဲ”

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ တာအိုအဆင့်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင် ဆိုသည်မှာ အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်သောင်းထက် ပိုမို၍ အားကောင်းလွန်းလှသည် မဟုတ်ပါလား။

“ပြီးတော့ တာအိုအဆင့်စိတ်ဝိညာဉ် မိခင်ကျောက်တုံး ရှိသေးတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကျုပ်တို့ ဒါကို ရှာမှဖြစ်မယ်”

ဗာမေလီယန်ငှက်ကြီး၏ ဦးဆောင်မှုအောက်မှာတော့ ၎င်းတို့အားလုံးသည် မိုင်းတွင်းကြီးကို ပေရာဂဏန်းချီအောင် ထပ်မံ၍ တူးလိုက်ကြ၏။ ပြီးသည့်နောက် ၎င်းတို့၏မြင်ကွင်းထဲတွင် ပန်းသီးပုံသဏ္ဍာန်ဖြစ်တည်နေသော တာအိုအဆင့် မိခင် စိတ်ဝိညာဉ် ကျောက်တုံးကို မြင်လိုက်ရသည်။ ၎င်းသည် အစစ်အမှန် မိခင်စိတ်ဝိညာဉ် ကျောက်တုံးနှင့် ခြားနားလွန်းလှသည်။

ပြောရမည်ဆိုလျှင် ထူးခြားသောအရာဖြစ်သည်။ ၎င်းဆီမှ ထူးခြားသော အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေပြီး ကောင်းကင်နှင့်မြေကြီး၏ ဆန်းကြယ်လှသော ဓာတ်သဘာဝများသည် တောက်လျှောက်ထွက်ပေါ်လျက်ရှိ၏။ ၎င်းကို ကြည့်ရှုရမည်ဆိုလျှင် လူသားများအားလုံးသည် ပြေးကာကိုက်ချင်စိတ်ပင် ပေါက်မိနေ၏။

“ဒီနေ့ကစပြီး”

ကျွင်းချောင်ရှောင်းသည် ကျောက်ရိုင်းတူးဖော်စက်ကို အသာကောက်ယူကာ ပြောလိုက်သည်။ “မင်းရဲ့ နာမည်က ကျွင်း၊ မင်းက အရမ်းကို အားကိုးရတယ်။ မင်းရဲ့နာမည်က ကျွင်းဝါကု”

............

အပြင်ဘက်လောက

များပြားလှသော သိုင်းကျင့်ကြံသူများသည် ပြိုင်စံရှားဂိုဏ်းကို ကြောက်ရွံ့သောကြောင့် အနောက်ဘက်ဆီသို့ ထွက်ခွာသွား ခဲ့ကြသည်ဆိုသော်လည်း ခပ်ဝေးဝေးဆီသို့ မသွားခဲ့ကြချေ။ ထိုအစား တည်နေရာတစ်ခုတွင် ဆောင့်ကြောင့်ထိုင်ကာဖြင့် ငြိမ်ငြိမ်သက်သက် စောင့်နေကြသည်။ မြေပြင်အောက်တွင် အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံး တည်ရှိနေမှာ ကျိန်းသေ၏။ ထို့ကြောင့် မြေတည်နေရာတွင် ကျန်ခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးများကို သွားရောက်တူးဖော်ရန် မည်သူ ကမှ မလွဲချော်ချင်ပေ။

“ထူးဆန်းလိုက်တာ။ ဘာလို့ လှုပ်ရှားမှုတစ်ခုမှ မတွေ့ရတာလဲ”

ဆယ်ရက်လောက်စောင့်ဆိုင်းပြီးသည့်နောက် အလင်းတန်း သည် ပျောက်ကွယ်သွားခဲ့သည်။ သို့ပေမဲ့ မိုင်းတွင်းပေါ်ပေါက်လာသည့် အရိပ်အယောင်တစ်ခုမှ မမြင်ရချေ။ ထို့ကြောင့် သိုင်းကျင့်ကြံသူများ၏ နှလုံးသားထဲတွင် စိတ်ဝင်စားမှုများဖြင့် မြင့်တက်လာခဲ့သည်။

ဒွီ

နောက်တစ်ရက်ကို ဖြတ်ကျော်ပြီးသည့်နောက် ၎င်းတို့၏ မြင်ကွင်းထဲတွင် ရှိနေသော တည်နေရာကြီးသည် ပြန်လည်ကာ ဖြစ်တည်လာခဲ့၏။ သီးခြားဖြစ်တည်ခြင်းအစီအရင်များသည် ပျောက်ကွယ်သွားခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ အစီအရင် တာအိုနှင့်ပတ်သက်၍ ကျွမ်းကျင်သော သိုင်းကျင့်ကြံသူများသည် အစီအရင်များအားလုံး ဖယ်ရှားလိုက်၍ဖြစ်ကြောင်း နားလည်လိုက်မိကြသည်။ ထို့ကြောင့် ၎င်းတို့သည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “သူတို့ ဘယ်တုန်းက အစီအရင်ကို ဖန်တီးလိုက်တာလဲ။ ငါတို့ တစ်ချက်ကလေးတောင် သတိမပြုမိပါလား။ ဒါ့ကြောင့် အထဲမှာဖြစ်နေတဲ့ ထူးခြားမှု တစ်ခုကိုမှ သတိမထားမိတာကိုး”

“အထဲကို သွားကြည့်ကြမလား”

“နည်းနည်းလေး ခဏလောက် စောင့်လိုက်ပါအုံး။ ကျုပ်တို့ ဂိုဏ်းချုပ်ကျွင်းကို ဒေါသထွက်စေမယ်ဆိုရင် ပြဿနာ ဖြစ်နိုင်တယ်”

“ကောင်းပြီ” အားလုံးသောသူများသည် လုပ်ချင်ကိုင်ချင်စိတ်များကို ဖိနှိပ်ထားခဲ့ပြီးသည့်နောက် ရက်အနည်းငယ်ကြာ ထပ်မံ စောင့်စားလိုက်ကြသည်။ အထဲတွင် မည်သည့်ပြောင်းလဲမှုမှ မတွေ့သည်ကို အတည်ပြုပြီးသည့်နောက် ၎င်းတို့သည် သတ္တိကို စုစည်းကာဖြင့် အရှေ့သို့ လှမ်းတက်လိုက်ကြသည်။ မြေပြင်တစ်ခုလုံးသည် ကွဲအက်ပြီး ချိုင့်ဝင်လျက် ရှိသည်။

“ကြီးလိုက်တဲ့ တွင်းကြီးပါလား”

“ဒါ ကျိန်းသေပေါက် တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းပဲ”

“ထူးဆန်းလိုက်တာ။ ပြိုင်စံရှားဂိုဏ်းက လူတွေ ဘယ်ရောက်သွားတာလဲ”

“အထဲကိုသွားပြီး ကြည့်ကြရအောင်”

အားလုံးသောသူတို့သည် ချိုင့်ဝင်လျက်ရှိသည့် မြေတည်နေရာကြီးထဲသို့ ဝင်ရောက်ကာ ကြည့်ရှုလိုက်ကြသည်။ အဆုံးသတ် မှာတော့ မည်သည့်အရာမှ မရှိဘဲ ပြောင်ရှင်းလျက် ရှိသည်ကိုကာ မြင်တွေ့လိုက်မိ၏။ အားလုံးတို့သည် တစ်ယောက်နှင့် တစ်ယောက် အံ့အားသင့်စွာဖြင့် ကြည့်ရှုနေမိကြသည်။

“ကျောက်ရိုင်းတုံးတွေ ဘယ်ရောက်သွားလဲ”

“ပြိုင်စံရှားဂိုဏ်းက အကုန်လုံးကို တူးထုတ်သွားတာလား”

“ဒီလောက်အချိန်အတောအတွင်းမှာဆိုရင် မမြန်လွန်းဘူးလား”

အားလုံးတို့သည် သီးခြားအစီအရင်ကြီး ဖြစ်တည်နေသည်ကို သိရှိခဲ့ပြီးပြီဆိုသော်လည်း မိုင်းတွင်းကြီးပေါ်ပေါက်လာ ပြီးသည့်နောက် တူးဖော်နေအချိန်တွင် ပတ်ဝန်းကျင် ပြောင်းလဲမှု သည် အနည်းနှင့်အများဆိုသလို ၎င်းတို့ သတိပြုမိလောက်သည့် အခြေအနေမျိုး ရှိရပေလိမ့်မည်။ သို့ပေမဲ့ ၎င်းတို့သည် အားလုံး တူးထုတ်သွားသည်အထိ ၎င်းတို့တစ်ချက်ကလေးမှ မသိရှိဘူးဆိုသည်မှာတော့ လွန်လွန်းလှချေသည်။

အမှန်ပင်ဖြစ်သည်။ သာမန်အဆင့် (သို့မဟုတ်) အစစ်အမှန်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ ဆိုလျှင်လည်း လက်ခံ၍ ရနိုင်သေးသည်။ တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများမှ ထွက်ပေါ်လျက်ရှိသည့် စိတ်ဝိညာဉ်စွမ်းအင်များသည် ကြောက်ခမန်းလိလိပင်ဖြစ်သည်။ ထို့ကြောင့် တူးဖော်ရသည်မှာ ခက်ခဲလွန်းလှပြီး အနည်းဆုံး နှစ်အနည်းငယ်ကြာ တူးဖော် ရမည့်အရာမျိုး ဖြစ်နေသည် မဟုတ်ပါလား။

“အင်း”

တစ်စုံတစ်ယောက်သည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ပြန်ကြစို့၊ ပြန်ကြစို့”

မိုင်းတွင်းကြီး ဖြစ်တည်လာပြီးသည့်နောက် အထဲ၌ ဘာမှမရှိသည်ကို ၎င်းတို့ မြင်ခဲ့ပြီးသည့်နောက်မှာတော့ ဤခရီးကို လာရခြင်းသည် အချိန်ဖြုန်းခဲ့မိပြီဖြစ်ကြောင်းကို နားလည်လိုက်မိကြသည်။

................

လင်းထျန်အင်မော်တယ်ဂိုဏ်း

အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှ ခေါင်းဆောင်များသည် တစ်တန်းတည်း ထိုင်လျက် ရှိနေကြ၏။ ၎င်းတို့သည် အသက်အရွယ်အရ ကွာခြားလွန်းလှ၏။ သို့ပေမဲ့ အသွင်အပြင် အမူအရာများမှာတော့ တူညီလျက် ရှိနေကြသည်။ အားလုံးသောသူများသည် ဒေါသထွက်နေကြခြင်းပင်။

ယခင်တုန်းက အင်မော်တယ်အဆင့် ဂိုဏ်းများသည် အစည်းအဝေးပွဲကို ကျင်းပခဲ့ဖူး၏။ သို့ပေမဲ့ လက်ရှိအချိန်တွင် ပါဝင်၍ အစည်းအဝေး တက်ရောက်ကြသူများသည် ဂိုဏ်းချုပ်များ ဖြစ်လို့နေကြသည်။ ဂိုဏ်း၏ ခေါင်းဆောင်များ အားလုံးသည် ဤတည်နေရာသို့ ရောက်ရှိနေကြသည်။ အရေးကြီးသည့် ကိစ္စရပ်တစ်ခုကို ဆွေးနွေးနေသကဲ့သို့ပင်။

“ဂိုဏ်းချုပ်လင်း”

ဘယ်ဘက်အစွန်းတွင် ထိုင်လျက်ရှိနေသည့် ထူးခြားအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဒေါသတကြီး ဖြင့် ပြောလိုက်၏။ “ဒီကျွင်းချောင်ရှောင်းက တဖြည်းဖြည်းနှင့် လွန်လာပြီ။ ကျုပ်တို့ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ဆယ်ဂိုဏ်းက ကျိန်းသေပေါက် ပြန်ပြီး တိုက်ခိုက်မှ ဖြစ်လိမ့်မယ်”

“ဒါကအမှန်ပဲ”

ပုန်းကွယ်အင်မော်တယ်ဂိုဏ်းဆီမှ ဂိုဏ်းချုပ်ကလည်း သဘောတူညီလိုက်သည်။ “ဒီကလေးကို သင်ခန်းစာ ကောင်းကောင်း မပေးနိုင်ဘူးဆိုရင် အထက်နယ်မြေမှာ ကျုပ်တို့ ဘယ်လိုလုပ် ရပ်တည်နိုင်တော့မှာလဲ”

တခြားသော ခေါင်းဆောင်များအားလုံးသည်လည်း ပြိုင်တူဆိုသလို ခေါင်းညိတ်လိုက်မိကြသည်။ ၎င်းတို့သည် နယ်မြေဟောခန်း အနိုင်ကျင့်ခံရခြင်းကို သည်းခံနိုင်စွမ်းရှိ၏။ သို့ပေမဲ့ တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းအား ၎င်းတို့၏ လက်ထဲမှ လူယူခဲ့ခြင်းကတော့ သည်းခံ၍ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။

“အင်း”

လင်းဟောင်ရန်သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “ဒီကျွင်းချောင်ရှောင်းက ကျောက်ရုပ်ထုမျိုးနွယ်ကလန်နဲ့ နဂါးကလန်တို့ရဲ့ ထောက်ပံ့မှုကို ရထားတယ်လေ။ သူတို့ကို သွားပြီးတော့ ဆန့်ကျင်မယ်ဆိုလို့ရှိရင် ကလန်တွေ ကြားထဲမှာ ကြီးမားလှတဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်တည်လာမှာပဲ”

“ဒီအတိုင်းသာ ဒီကလေးကို လွှတ်ပေးလိုက်မယ်ဆိုရင် ကျုပ်တို့ အထက်နယ်မြေမှာ ပြောရေးဆိုခွင့်တောင် ရှိလာမှာ မဟုတ် တော့ဘူးလေ” ပုန်းကွယ်အင်မော်တယ်ဂိုဏ်းဆီမှ ဂိုဏ်းချုပ်က ပြောလိုက်သည်။

“ကျုပ်ရဲ့အထင်အရဆိုရင်”

ထူးခြားအင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်က လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ်တို့ရဲ့ အလုံးစုံသော အားအင်အဆင့်ကို ထုတ်ဖော်ပြီး ပြိုင်စံရှားဂိုဏ်းကို တစ်ခါတည်း ဖျက်ဆီးပစ်လိုက်တာ မကောင်းဘူးလား”

“ခင်ဗျားက တကယ်လုပ်မှာလား”

“...........”

လင်းဟောင်ရန်၏ စကားသည် အားလုံးကို ကြောင်အသွားစေခဲ့၏။

“ကျွင်းချောင်ရှောင်းက အထက်နယ်မြေမှာရှိတဲ့ ကျုပ်တို့ရဲ့ ရာထူးနဲ့ အာဏာကို ခြောက်လှန့်နေပြီလေ။ ဒီတော့ ကျုပ်တို့ သူ့ကို ဖျက်ဆီးပစ်မှ ဖြစ်လိမ့်မယ်။ မဟုတ်ရင် ဘယ်သူမှ ဒီနေရာမှာ ရပ်တည်နိုင်မှာ မဟုတ်တော့ဘူး” ပုန်းကွယ် အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်က ပြောလိုက်သည်။

“အမှန်ပဲ” တခြားသော ခေါင်းဆောင်အနည်းငယ်ကလည်း သဘောတူညီလိုက်သည်။ ၎င်းတို့အားလုံးသည် ဒေါသထွက်လျက် ရှိနေပြီး သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ပုံပန်းသွင်ပြင်မျိုးကို ထုတ်ဖော်နေကြသည် ဆိုသော်လည်း အခြေ အနေသည် ညစ်တွန်း တွန်းတော့မည့် ပုံစံမျိုးပင်။

လင်းဟောင်ရန်သည် တစ်ချက်လောက် တွေးတောပြီးသည့်နောက် ပြောလိုက်၏။ “ဒီဟာက ကိစ္စသေးသေးလေး မဟုတ်ဘူး။ ကျုပ်တို့ သေသေချာချာ အစီအစဉ်ချထားမှ ဖြစ်မယ်”

“ဒီကောင်က ကျောက်ရုပ်ထုမျိုးနွယ်ကလန်နဲ့ နဂါးကလန်ကို အမှီအခိုပြုထားတာ မဟုတ်လား။ ဒီတော့ ကျောက်ရုပ်ထု မျိုးနွယ်ကလန်နဲ့ နဂါးကလန် အနီးအနားကို သွားပြီးတော့ အတားအဆီး အစီအရင်တွေ ဖန်တီးထားပြီး ထွက်လာလို့ မရအောင် လုပ်လိုက်မယ်။ ဒါဆိုရင် ပြိုင်စံရှားဂိုဏ်းတစ်ခုတည်း ကျန်တော့မှာပေါ့။ ဒါဆိုရင် ကျုပ်တို့က လွယ်လွယ်ကူကူနဲ့ ပြိုင်စံရှားဂိုဏ်းကို ဖျက်ဆီးလို့ရပြီ မဟုတ်လား” ပုန်းကွယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်က အကြံပြုလိုက်သည်။

“ဒါက အကြံကောင်းပဲ”

.........

ပြိုင်စံရှားဂိုဏ်း

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ အရှေ့တွင် မတ်မတ်ရပ်လျက် ရှိသည်။ သူသည် ကောင်းကင်ကြီးကို မော့ကြည့်ကာဖြင့် ပြောလိုက်၏။ “သစ်ပင်က ငြိမ်ငြိမ်သက်သက် နေချင်တယ်ဆိုပေမဲ့ လေထုက သစ်ပင်ကို နှောင့်ယှက်နေတာပဲ”

All Chapters