← Chapters

တွင်းပေါက်ထဲမှမြွေကို မျှားခေါ်ခြင်း

Vol. 126 Ch. 1761

တွင်းပေါက်ထဲမှမြွေကို မျှားခေါ်ခြင်း

Vol. 126 Ch. 1761

ရှီမာယူယူ ရယ်လိုက်သည်။ သူမသည် သဘောမတူသလို ငြင်းလည်း မငြင်းပေ။

“ပြိုင်ပွဲကြည့်ရအောင်” သူမသည် ကွင်းဘက်ဆီသို့ ကြည့်လိုက်သည်။ နောက်ပြိုင်ပွဲတစ်ခုမှ စနေပြီဖြစ်သည်။

“အင်း ကြည့်ရအောင်” ရှောင်ရော့ပိုင် သဘောတူလိုက်သည် “ကုန်းဇီယွမ် မင်းပြန်ရင် သူတို့အားကို ပြန်ပြီးသုံးသပ်ပြလိုက်ဦး သူတို့ ကောင်းကောင်းမလုပ်ရင် အပြစ်ပေးခံရမယ်”

“ဒီကောင်က သတင်းနားထောင်ဖို့လာတာလား မင်းက သစ္စာဖောက်ပဲ” ချောင်ချန်းအန်းသည် ကုန်းဇီယွမ်ကို တအံ့တဩကြည့်လေသည်။

သူသည် မျိုးနွယ်ကြီးတစ်ခုမှဖြစ်သည်ကို သူသိသည်။ သို့သော် နယ်စား အိမ်တော်မှဖြစ်လိမ့်မည်ဟု ထင်မထားပေ။

“မင်းက သူ့ကိုအစ်ကိုကြီးလို့တောင်ခေါ်နေပြီ အခုထိ သူ့အကြောင်းမသိဘူးလား” ရှောင်ရော့ပိုင် ပြောလိုက်သည်။ ထို့နောက် သူမ ရှီမာယူယူဘက်သို့ လှည့်လိုက်သည် “သူကလည်း အနီးအနားက နယ်စားအိမ်တော်ကပဲ”

“အဲလိုမပြောနဲ့ ငါက သစ္စာဖောက်မဟုတ်ဘူး မင်းတို့ နယ်စားရဲ့မြို့က သူတို့ဘာသာ ပြိုင်ကြတာ” ကုန်းဇီယွမ် ငြင်းဆန်လိုက်သည် “ပြီးတော့ အဲလူ တွေက ငါတို့ နယ်စားအိမ်ကလူတွေလောက် မသန်မာဘူး နောက်ဆုံး ပြိုင်ပွဲ ကျရင် အဲလူတွေ နိုင်မှာမဟုတ်ဘူး”

သူ့စကားများသည် ထိုလူများကို မထီလေးစားဖွယ်ဖြစ်နေသည်။

“မြို့ပြိုင်ပွဲပြီးရင် ပြည်နယ်ပြိုင်ပွဲရှိသေးတာလား” ရှီမာယူယူ မေးလိုက် သည်။

“ဟုတ်တယ် တိုင်းပြည်တွေအကြားမှာ ပြည်နယ်ပြိုင်ပွဲလည်းရှိတယ် တိုင်းပြည်အဆင့်မှာ နိုင်တဲ့လူက တစ္ဆေဘုရင်ရဲ့ ကိုယ်တိုင်ဖိတ်ကြားချက်ခံရပြီး တစ္ဆေမျိုးနွယ်ရဲ့ ကြံ့ခိုင်တဲ့ လေ့ကျင့်ပေးမှုကိုရမယ်… သေချာတာတော့ ပြည်နယ်အဆင့်ကနေ တက်သွားတဲ့လူက တိုင်းပြည်ရဲ့ သင်ကြားပေးမှုခံရမှာ မြို့အဆင့်ကနေတက်သွားတ့လူကတော့ ပြည်နယ်ဆီက သင်ကြားမှုခံရမှာပေါ့” ကုန်းဇီယွမ် ရှင်းပြလေသည်။

“တကယ်ကို လုပ်ငန်းစဉ်ရှည်လျားတဲ့ ပြိုင်ပွဲပဲ” ရှီမာယူယူ သက်ပြင်းချ လိုက်သည်။

“တကယ်တော့ ဟုတ်တယ် မြို့ပြိုင်ပွဲ ပြည်နယ်ပြိုင်ပွဲနဲ့ တိုင်းပြည်အဆင့် ပြိုင်ပွဲတွေက တစ်နှစ်စီခွဲပြိုင်တာ၊ ဒီနှစ်က မြို့ပြိုင်ပွဲ နောက်နှစ်က ပြည်နယ်ပြိုင်ပွဲ ပြီးတော့ နောက်တစ်နှစ်ကျရင် တိုင်းပြည်ပြိုင်ပွဲပဲ” ရှောင်ရော့ပိုင် ဆက်ပြောလေသည် “အဲလိုမှ အဲလူတွေက ဒီအချိန်အတောအတွင်းကို ဒဏ်ရာ တွေကုနိုင်ပြီး အားလည်းတိုးအောင်လုပ်လို့ရမှာလေ”

နောက်ဆုံးတွင် ရှီမာယူယူ နားလည်သွားသည်။ အဲဒါကြောင့် အဲလူတွေ က ဒီလောက်စိတ်အားထက်သန်နေကြတာကိုး။ လူသားလောကမှာဖြစ်ဖြစ် တစ္ဆေလောကမှာဖြစ်ဖြစ် ကျင့်စဉ်အရင်းအမြင်တွေက အဲလောက်တောင် မလုံလောက်နေတာပဲ။

“ဖူး…”

သေရေးရှင်ရေးနှင့် ပတ်သက်ပြီး မည်သည့်ကန့်သက်ချက်မှမရှိသဖြင့် စင်ပေါ်မှလူများသည် ပြိုင်ဘက်ကို သေလောက်အောင် ထိုးစိုက်ကြသည်။ မုမျိုးနွယ်မှာ အနိုင်ရသွားပြီး ရှုံးသွားသော ကျင့်ကြံသူမှာ သေသွားလေပြီ။

ရှီမာယူယူသည် မျက်လုံးပြူးဖြင့် စိတ်မပါဘဲသေဆုံးသွားသောလူကို ကြည့်လိုက်သည်။ သူမသည် စိတ်ထဲတွင် အနည်းငယ်ဝမ်းနည်းသွားသလိုပင်။

သူသည် ကောင်းမွန်သော အနာဂတ်ကိုရှာဖွေနေသူဖြစ်သည်။ သို့သော် လမ်းတစ်ဝက်မှာပင် အသက်ဆုံးရှုံးသွားရသည်။

မကြာမီတွင် လူရောက်လာပြီး အလောင်းကိုဆွဲခေါ်သွားသည်။ မုမျိုးနွယ် မှလူသည် လူအုပ်ကိုပျော်ရွှင်စွာ လက်ဝေ့ယမ်းပြနေသည်။

“အားမရှိ နောက်ခံမရှိတဲ့လူက ဒီကမ္ဘာကြီးမှာ ဘာမှမဟုတ်ဘူးပဲ” သူမ ရေရွတ်လိုက်သည်။

“ဒီလောကကြီးက ဘယ်တော့မှမမျှတဘူး အခြေအနေသာ ပြောင်းပြန် ဖြစ်ပြီး မုမျိုးနွယ်ဝင်သာ သေသွားရင် ဒီရှုံးသွားတဲ့ကျင့်ကြံသူလည်း အသက်ရှင် နိုင်မှာမဟုတ်ဘူး၊ အဲလိုပဲ သူသာ မျိုးနွယ်ကြီးတစ်ခုက တပည့်သာဆိုရင် သူ့ နောက်က အင်အားစုကြောင့် တခြားသူတွေက သူ့အသက်ကိုထိမှာမဟုတ်ဘူး ဒီလူက သနားစရာကောင်းတယ်လို့ ပြောမယ်ဆိုရင်တော့ သူမွေးဖွားလာတာ ကိုက သနားစရာကောင်းတယ်လို့ပဲ ပြောရမှာပဲ” ရှောင်ရော့ပိုင်သည် ခံစားချက် ပါပါ ပြောလိုက်သည်။

“မမျှတဘူး” ရှီမာယူယူ မျက်လုံးကို ကျဉ်းမြောင်းလိုက်သည် “ငါ မကြည့် ချင်တော့ဘူး မင်း ဆက်ကြည့်ချင်လား”

“အခုလေးတင်ရောက်တာကို ပြန်တော့မလို့လား” ရှောင်ရော့ပိုင် မေး လိုက်သည်။

“ငါစိတ်မဝင်စားတော့ဘူး” သူမ မတ်တတ်ရပ်လိုက်သည် “မင်းတို့ ဆက် ကြည့်လေ”

သူမ ဤနေရာသို့ ရောက်လာခြင်းရည်ရွယ်ချက်မှာ နောက်ကွယ်မှ လူများကို မျှားခေါ်ရန်ဖြစ်သည်။ ယခု သူမ၏ ရည်ရွယ်ချက် ပြည့်တော့မည် ဖြစ်သည်။ တစ်ဖက်လူသည် သူမ အသက်ရှင်နေသေးသည်ကို သိသွားလေပြီ။ သူတို့သည် သေချာပေါက် လူလုံးထွက်လာမည်ဖြစ်သည်။ ထို့ကြောင့် သူမ ဤနေရာတွင် ဆက်နေရန်မလိုတော့ပေ။

“ငါ မင်းနဲ့လိုက်မယ်” ရှောင်ရော့ပိုင်သည် လိုက်ထသည် “အခု မင်းကို စောင့်ကြည့်နေတဲ့လူရှိရင် တစ်ယောက်တည်း ပြန်ဖို့အန္တရာယ်များတယ်”

ကုန်းဇီယွမ်လည်း မတ်တတ်ရပ်သည်။ အဓိပ္ပာယ်မှာ သိသာသည်။ သူ သည်လည်း သူတို့နှင့် လိုက်ချင်သည်။

ချောင်ချန်းအန်းသည် သူတို့သုံးယောက်ကိုကြည့်ပြီး လိုက်သင့်သလားဆို သည်ကို တွေးနေသည်။

“မင်း ဒီမှာနေပြီး ကြည့်လို့ရပါတယ် အဲဒါမှ ဒီနေ့ရလဒ်ကို ငါတို့ကို ပြန်ပြောလို့ရမှာ” ကုန်းဇီယွမ်သည် ချောင်ချန်းအန်းကို လိုက်မလာစေချင်ပေ။

သူသည် ရှီမာယူယူ၏ လျှို့ဝှက်ချက်ကို တခြားသူနှင့် မဝေမျှလိုပေ။

အစတုန်းက သူ ဘာလို့ရှောင်ရော့ပိုင်ကို ပြောမိတာလဲ။ သူ့ ဦးနှောက်က အလုပ်မလုပ်တော့သလိုပဲ။

ရှီမာယူယူသည် သူတို့နှစ်ယောက်ကို ဦးဆောင်ကာ ကွင်းထဲမှထွက်လာ လိုက်သည်။ သူတို့ ထွက်သွားပြီးမကြာခင်တွင် တချို့လူများမှာ တိတ်တဆိတ် ထွက်သွားလေသည်။

သိပ်မကြာခင်တွင် သာမာန်အခန်းတစ်ခန်းတွင် အသံများထွက်လာသည် “သူမက မသေဘူးလား”

“ဟုတ်ပါတယ် အစ်ကိုကြီး”

“ငါတို့လွှတ်လိုက်တဲ့လူတွေက သူမကို ဒဏ်ရာရအောင်လုပ်ပြီး ကမ်းပါး ကနေ ကျအောင်လုပ်လိုက်တာ ဝိညာဉ်စွမ်းအင် အကာအကွယ်မရှိဘဲ ဘယ်လို လုပ် အသက်ရှင်နေတာလဲ ဒီသတင်းက သေချာရဲ့လား”

“သူတို့ သတ်လိုက်ပြီလို့ ကျွန်တော်တို့လူက အဲဒီသတင်းပို့တာပဲ ဒါပေမဲ့ ဒီနေ့ ကျွန်တော်မြင်လိုက်တာကလည်း အမှန်ပဲ မုရုန်ရှီအသက်ရှင်နေသေး တယ်”

“အစ်ကိုကြီး အထက်က မုရုန်ရှီကို သတ်ရမယ်လို့ အမိန့်ချထားတယ် ကျွန်တော်တို့လည်း သေပြီလို့ သတင်းပို့ပြီးနေပြီ အခု သူမ မသေဘူးဆိုတာ သူတို့သိရင် ကျွန်တော်တို့ သတင်းပို့တာ လိမ်သလိုဖြစ်နေမယ်” နောက်တစ် ယောက် ပြောလေသည်။

“သူမ စိတ်နဲ့ဆိုရင် ငါတို့ ပြေးမလွတ်မှာစိုးရတယ်” နောက်ကွယ်မှလူကို ကြောက်နေသည့်အလား အစ်ကိုကြီးဆိုသူ၏ အသံသည် တုန်ယင်နေသည်။

“အစ်ကိုကြီး ကျွန်တော်တို့လုပ်နိုင်တာက မုရုန်ရှီကိုသတ်ဖို့ပဲ အထက်က လူသိရင် ကျွန်တော်တို့ အမှားလုပ်မိတာ သိသွားလိမ့်မယ် အဲလိုဆိုရင် ကျွန်တော်တို့ အသက်ကိုချမ်းသာပေးပါ့မလား”

အစ်ကိုကြီးဆိုသူသည် ခေတ္တမျှစဉ်းစားလိုက်သည် “ငါတို့အခုချိန်လုပ်နိုင် တာ ဒါပဲရှိတယ် တခြားနေရာက ငါတို့ညီအစ်ကိုတွေကို ခေါ်လိုက် လှုပ်ရှားဖို့ အခွင့်အရေးရှာရမယ်”

“အစ်ကိုကြီး ကျွန်တော်တို့ လှဒပ်ရှားမဘ်ဆိုရင် လူငယ်ဖလှယ်ပွဲမှာ လုပ်တာအကောင်းဆုံးပဲ ဒီအချိန်ဆို မုရုန်ဟွေ့က အလုပ်များနေတာ”

“သွား သတင်းအရင်စုံစမ်းလိုက်”

“ဟုတ်ကဲ့ပါ အစ်ကိုကြီး”

ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့ သူမကို မြို့ဝန်အိမ်တော်သို့ ပို့ပေးပြီး နောက် သူမသည် လမ်းအဆုံး အဝေးတစ်နေရာတွင် ရှိနေသော ပုံရိပ်ကိုကြည့် လိုက်သည် “အခုပြန်သွားလည်း ပြိုင်ပွဲအများကြီး ကြည့်နိုင်မှာမဟုတ်ဘူး လက်ဖက်ရည်သောက်သွားကြမလား”

“ဟုတ်ပြီလေ” ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့သည် သူမနှင့်အတူ နေပေးရမည်ဟု ခံစားရသည်။

“ဒါဆိုလည်း ဝင်ခဲ့လေ”

ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့သည် ရှီမာယူယူ၏ ခြံဝန်းဆီသို့ လိုက်လာကြသည်။ ရှီမာယူယူသည် သူတို့ကို ကန်ဘေးမှအဆောင်ဆီသို့ ဦးဆောင်သွားလိုက်သည်။

တစ္ဆေလောကမှ ပစ္စည်းအများစုမှာ မီးခိုးရောင် သို့မဟုတ် မည်းနက် နေသော်လည်း ကောင်းမွန်စွာခြယ်သထားသော ဥယျာဉ်မှာ လှပတုန်းပင်ဖြစ် သည်။ အထူးသဖြင့် ကန်ဘေးတွင် ဆောက်ထားသော အဆောင်ပင်ဖြစ်သည်။ ကျောက်ဆောင်များလည်း မြင့်သည်။ ကန်ဘေးတွင် လက်ဖက်ရည်သောက်ရ သည်မှာ ကြည်နူးစရာပင်ဖြစ်သည်။

ရှီမာယူယူ လက်ဖက်ရည်နှပ်သည့် ကိရိယာများထုတ်လိုက်သည်ကို မြင်သောအခါ ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့ အနည်းငယ် အံ့ဩသွားသည်။

ရှောင်ရော့ပိုင် ရယ်မောလိုက်သည် “မင်း တကယ်ပဲ ငါ့တို့အတွက် လက်ဖက်ရည်နှပ်ပေးမလို့လား”

“ဒါက ငါ့အဖေဆီက ရထားတဲ့လက်ဖက်ရည်ပဲ နဂါးစမ်းရေလက်ဖက် ရည်လောက် မကောင်းပေမဲ့ တစ္ဆေလောကမှာတော့ အကောင်းဆုံးလက်ဖက် ရည်လို့ ပြောလို့ရတယ်” ရှီမာယူယူ ပြောလိုက်သည် “ငါ့လက်ဖက်ရည်ကို သောက်ကြည့်မလား”

“အရင်က မုရုန်ရှီသာဆိုရင် ငါတို့ငြင်းမိမှာပဲ ဒါပေမဲ့ မင်းဆိုတော့ စမ်း ကြည့်တာပေါ့” ရှောင်ရော့ပိုင်သည် သူမဆီသို့လာပြီး ထိုင်လိုက်သည်။ ကုန်းဇီ ယွမ်သည် တစ်ဖက်တွင် ဝင်ထိုင်သည်။

ရှီမာယူယူသည် အမြန်ပင် လက်ဖက်ရည်ဖျော်ပြီး တစ်ယောက်ကို တစ်ပန်းကန်စီချပေးလိုက်သည်။

“သောက်ကြည့်လိုက်”

ကုန်းဇီယွမ်နှင့်ရှောင်ရော့ပိုင်တို့ ထိပြီး တစ်ကျိုက်သောက်ကြည့်သည်။ နှစ်ယောက်လုံး မျက်မှောင်ကြုတ်မိသည်။

***

All Chapters