အခန်း ၁၆၃၉
Vol. 110 Ch. 1639
အပိုင်း(၁၆၃၉)
အရှေ့ပင်လယ်တွင် များပြားလွန်းလှသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များ တည်ရှိနေ၏။ ထို့ကြောင့် မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များအားလုံးသည် ခဏကြာလျှင် တစ်ခါဆိုသလို ထိုအစီအရင်များကို သွားရောက်ကာ စစ်ဆေးခြင်းကို ပြုလုပ်ကြ၏။
အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ လူများသည် ထိုတည်နေရာတွင် ပေါ်ပေါက်လာသည်ဆိုသည်နှင့် သူတို့ သည် အလုံးစုံသိရှိလို့နေခဲ့၏။ သတင်းအချက်အလက်များကို ရရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူများမှာ နဂါးကလန်နှင့် ကျောက်ရုပ်ထုမျိုးနွယ်ကလန်မှ ဘိုးဘေးများကို စည်းခတ်ရန် ပြင်ဆင်နေသည် ဖြစ်ကြောင်းကို ခန့်မှန်းလိုက်မိသည်။
အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းကို စိန်ခေါ်နိုင်သည်ဆိုခြင်း မှာ ဤမျိုးနွယ်နှစ်ခု၏ အထောက်အပံ့ကို ရရှိခြင်းကြောင့်ဖြစ်ကြောင်း အားလုံးက နားလည်ထားကြသည်။ သူသာ တစ်ဖက်လူများ၏ နေရာတွင်ဆိုပါက ရန်သူကို ရင်ဆိုင်ဖျက်ဆီးချင်သည်ဆိုပါက အကူအညီများကို အရင်ဆုံး ဖြတ်တောက်ပစ်မှာ သေချာ၏။
ထို့အပြင် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းသည် နတ်ဆိုးနယ်မြေကို လွန်ခဲ့သည့် နှစ်ပေါင်း တစ်သိန်းတုန်းက စည်းခတ်ခဲ့ဖူး၏။ ထို့ကြောင့် တူညီသည့်အရာများကို ပြုလုပ်သည်ဆိုသည်မှာ သာမန်ပင် ဖြစ်ပေလိမ့်မည်။
“ဆိုးတာပဲ။”
ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ယှက်ကာဖြင့် အေးစက်စက် ပြောလိုက်၏။ “ငါက မျိုးနွယ်စု ၃ ခုကို ထိန်းချုပ်နိုင်ရုံတင်မကဘူး။ စတုတ္ထမြောက် မျိုးနွယ်စုကိုလည်း ထိန်းချုပ်ထားနိုင်နေတာပဲ။”
သူ့အနေနှင့် လတ်တလောကလေးတင် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သော ဗာမေလီယန် ငှက်ဘုရင်သည် လွန်ခဲ့သည့် နှစ်ပေါင်း တစ်သိန်းထဲက တည်ရှိခဲ့သည့် သတ္တဝါတစ်ကောင်ဖြစ်ပြီး သူ၏ ဖခင် ကုန်းစွန်းရော့လီထက် မည်သို့မှ အားမနည်းလှချေ။ မျိုးနွယ်စု ၂ ခုကို စည်းခတ်ထားသည်ဆိုလျှင်တောင်မှ သူသည် ကြောက်ရွံ့လိမ့်မည်မဟုတ်ချေ။
“သူတို့က အရှေ့ပင်လယ်ကို သွားပြီးတော့ ဆော့ကစားတာပဲဖြစ်ဖို့ ငါမျှော်လင့်မိတယ်။”
ကျွင်းချောင်ရှောင်းအနေနှင့် လက်ရှိအခြေအနေတွင် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းနှင့် ရင်မဆိုင်ချင် သေးပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် သိုသိုသိပ်သိပ်နှင့်နေထိုင်ပြီး သူ၏ အားအင်အဆင့်ကို တိုးတက်အောင် ပြုလုပ်ချင်သောကြောင့်ပင်။
“ဂိုဏ်းချုပ်”
နောက်တစ်ရက်မှာတော့ လီလိုရှုက သတင်းပို့လိုက်၏။ “အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းက အဖွဲ့နှစ်ခုအဖြစ် ခွဲလိုက်တယ်။ ပြီးတော့ သူတို့က ကျောက်ရုပ်ထု မျိုးနွယ်ကလန်နဲ့ နဂါးမျိုးနွယ်တွေရဲ့ ဝင်ပေါက်တွေမှာ ရပ်တန့်နေကြတယ်။”
“ဆိုးတာပဲ။”
နှင်းဆီဧကရီက ပြောလိုက်သည်။ “သူတို့က မျိုးနွယ်စု နှစ်ခုကို စည်းခတ်ချင်နေတာပဲ။”
“အင်း”
ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကြည့်ရတာ ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူး။”
တစ်ဖက်လူများသည် သူ့ကို ပစ်မှတ်ထားနေသည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း ဖြစ်နေ၏။ ထို့ကြောင့် သူသည် မည်သို့မှ စိတ်မဝင်စားဘူးဆိုလျှင်တောင်မှ တိုက်ခိုက်ရန်သာ ရှိတော့သည်။
“ချင်းယန်နှင့်ရှောင်ကျီတို့ကို သတင်းပေးလိုက်။”
“ကောင်းပါပြီ”
မကြာခင်မှာပဲ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော အတွင်းစည်းတပည့်များအားလုံးသည် အဓိကဟောခန်းဆီသို့ ရောက်ရှိလာခဲ့၏။ ဂိုဏ်းချုပ်၏ စီစဉ်ပေးမှုအောက်မှာတော့ ၎င်းတို့သည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲကို လှမ်းဝင်ကာဖြင့် သူတို့၏ ပဋိညာဉ်သားရဲများတည်ရှိရာ ဘိုးဘေးနယ်မြေ၏ ဝင်ပေါက်ဆီသို့ ဝင်ရောက်သွားခဲ့ ကြ၏။
အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းသည် မျိုးနွယ်စု ၂ ခုကို စည်းခတ်ချင်နေသည်လား။
ကောင်းပြီ။ သူ့အနေနှင့် ဤအကူအညီများကို ထည့်တွက်မစဉ်းစားသည်ဆိုလျှင်တောင်မှ များပြားလွန်းလှသော မွန်းစတား ကလန်များကို ထည့်သွင်းကာ အကူအညီတောင်းခံနိုင်စွမ်းရှိနေ၏။ တစ်ဖက်လူများနှင့် စည်းခတ်ချင်သည်ဆိုပါက အားလုံးသော မွန်းစတားကလန်များကို သွားရောက်ကာ စည်းခတ်မှ ဖြစ်ပေလိမ့်မည်။
…
မိုးကြိုးကြံ့မျိုးနွယ်
လီချင်းယန်သည် သူ၏ အသက်သွေးပဋိညာဉ်သားရဲနှင့်အတူ လှမ်းလျှောက်ဝင်လိုက်၏။ သူ၏ အတွေးများသည် ချက်ချင်းပဲ နာနာကျင်ကျင်နှင့် လေ့ကျင့်ခဲ့ရသည့် လွန်ခဲ့သည့် ၂ နှစ်တာကာလကို ပြန်လည်ကာ ရောက်ရှိသွားခဲ့၏။ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။
“အမှိုက်လေး”
မိုးကြိုးကြံ့မျိုးနွယ်မှ အထက်ပိုင်းအကြီးအကဲများထဲမှ တစ်ယောက်သည် ပျံသန်းရောက်ရှိလာပြီး ဆူငေါက်လိုက်သည်။ “ဘာလာလုပ်တာလဲ။”
၎င်းတို့ကလန်၏ ရတနာသည် ခိုးယူခြင်းကို ခံခဲ့ရ၏။ မကြာသေးခင်က ပြန်လည်ရောက်ရှိလာခဲ့သည်ဆိုလျှင် တောင်မှ ၎င်းတို့၏ ရတနာသည် တစ်ခြားဂိုဏ်းဆီသို့ သွားရောက်ကာ အလုပ်အကျွေးပြုနေရ၏။ ထို့အပြင် အထက် နယ်မြေ၌ ကပ်ဘေးကြီး ပေါ်ပေါက်လာသည့်အချိန်တွင် ပြိုင်စံရှားဂိုဏ်းဆီသို့ သွားရောက်ကာ ကူညီခဲ့ရသေး၏။ ထို့ကြောင့် သူတို့သည် အလွန်ပင် စိတ်ဆိုးလျက်ရှိနေကြ၏။ ပြိုင်စံရှားဂိုဏ်းကို ဘယ်တော့မှ မနှစ်မြို့ချေ။
“စီနီယာ”
လီချင်းယန်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “လဲ့ ကလေးက အိမ်လွမ်းနေတယ်လေ။ ဒါကြောင့် ပြန်လာကြည့်တာပါ။”
“ဟမ့်”
မိုးကြိုးကြံ့မျိုးနွယ်မှ အထက်ပိုင်းအကြီးအကဲသည် အေးစက်စက်နှင့် နှာခေါင်းရှုံ့လိုက်၏။ သို့ပေမဲ့ သူတို့၏ ရတနာ သားရဲသတ္တဝါဆီသို့ အကြည့်ရောက်ရှိသွားသည့်အချိန်မှာတော့ ချက်ချင်းပဲ မျက်လုံးပြူးသွားမိသည်။
“မဟုတ်သေးဘူး။ ငါ အမြင်များ မှားတာလား။”
သူသည် အလောတကြီးဖြင့် မျက်လုံးကို ပွတ်သပ်ကာ လီချင်းယန်၏ ပဋိညာဉ်သားရဲကို ထပ်မံကာ ကြည့်ရှုလိုက်၏။ သေသေချာချာ ကြည့်ရှုပြီးသည့်နောက် သူသည် ထိတ်လန့်အံ့အားမှုကို မည်သို့မှ မဖိနှိပ်နိုင်ဘဲ ပြောလိုက်၏။
“အစစ်အမှန်ရှာဖွေခြင်း အဆင့်နိမ့်လား။”
မှန်ပေ၏။ အစစ်အမှန်ရှာဖွေခြင်းအဆင့်နိမ့်ဖြစ်၏။ ဤအရာသည် အသက်သွေးပဋိညာဉ်သားရဲများ၏ အကျိုး ကျေးဇူးပင်ဖြစ်သည်။ တစ်ဖက်လူသည် ပိုမိုကာ အားကောင်းလာသည်နှင့်အမျှ ပဋိညာဉ်သားရဲ၏ ကျင့်ကြံခြင်းအဆင့် သည်လည်း ပိုမိုကာ တိုးတက်လာခဲ့သည်။
လီချင်းယန်သည် တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်ကာ လေ့ကျင့်ပြီးသည့်နောက် အစစ်အမှန်ရှာဖွေခြင်းအဆင့်နိမ့်ဆီသို့ လှမ်းတက်လာခဲ့၏။ ထို့ကြောင့် မိုးကြိုးကြံ့ကလေးသည်လည်း ၎င်းနှင့် ပတ်သက်ဆက်နွယ်၍ အကျိုးကျေးဇူးကို ရရှိခဲ့၏။ ၎င်းသည် သားပေါက်ခဲ့ပြီးသည်မှာ နှစ်အနည်းငယ်သာလျှင် ကြာမြင့်ခဲ့သေးသည်။ သို့ပေမဲ့ အားအင်အဆင့် သည် အစစ်အမှန်ရှာဖွေခြင်းအနိမ့်အဆင့်သို့ တည်ရှိနေခဲ့၏။
“အံ့အားသင့်စရာပဲ။”
မိုးကြိုးကြံ့မျိုးနွယ်၏ အဓိကကလန်ဟောခန်းအတွင်းမှာတော့ ၎င်းတို့၏ ခေါင်းဆောင်နှင့် အထက်ပိုင်းအကြီးအကဲများ အားလုံးသည် မိုးကြိုးကြံ့သားရဲအား စစ်ဆေးကြည့်ရှုပြီးသည့်နောက် အံ့အားသင့်လျက်ရှိသည်။
လီချင်းယန်က ပြောလိုက်၏။ “ခင်ဗျားတို့ ကျုပ်ကို မုန်းနေမယ်ဆိုတာကို သိပါတယ်။ ကျုပ်က လဲ့ ကလေးနဲ့ ပဋိညာဉ်စာချုပ်ချုပ်ဆိုဖို့ ထိုက်တန်တဲ့ လူတစ်ယောက်မဟုတ်ဘူးလေ။ ကျုပ်က သူ့ရဲ့အနာဂတ်ကို အဟန့်အတားကြီးတောင် ဖြစ်မှာ စိုးရိမ်ရတယ်။”
“…….”
မိုးကြိုးကြံ့မျိုးနွယ်မှ အထက်ပိုင်းအကြီးအကဲများအားလုံးသည် ဆွံ့အသွားခဲ့၏။ အမှန်ပင်ဖြစ်သည်။ ပထမတုန်းက ၎င်းတို့သည် လီချင်းယန်နှင့် ပတ်သက်၍ သဘောမကျကြချေ။ သူတို့သားရဲ၏ တက်လမ်းအတွက် အတားအဆီး အနှောင့်အယှက်ကြီး ဖြစ်သွားမည်ကို စိုးရိမ်နေမိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ထိုကဲ့သို့ တွေးထင်ထားမိသောကြောင့် ကိုယ့်မျက်နှာကို ပိတ်ရိုက်သလိုပင် ခံစားနေမိကြသည်။
နှစ်အနည်းငယ်အတွင်း သူတို့၏ သားရဲသည် အဆင့်နိမ့် အစစ်အမှန်ရှာဖွေခြင်းအဆင့်ဆီသို့ တက်လှမ်းသွားခဲ့၏။ သူတို့ကလန်တွင် နေထိုင်စေပြီး ကောင်းမွန်လွန်းလှသည့် သိုင်းပညာအရင်းအမြစ်များကို ပေးစွမ်းသည်ဆိုလျှင် တောင်မှ ထိုကဲ့သို့ ဖြစ်တည်ဖို့ဆိုသည်မှာ မလွယ်ကူလှချေ။ အချက်အလက်အားဖြင့် လီချင်းယန်သည် ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလိုက်၏။
“လဲ့ ကလေးက ကျုပ်နောက်ကို လိုက်မယ်ဆိုရင် ဒီထက်ပိုပြီးတော့ ကောင်းမွန်တဲ့ ခရီးလမ်းကို လျှောက်လှမ်းနိုင်လိမ့် မယ်။”
သူ့အနေနှင့် ပြိုင်စံရှားဂိုဏ်းထဲတွင် သာမန်သာဖြစ်သည်ဟု သုံးသပ်၍ ရသော်လည်း သူသည် ကုန်းရှန့်၏ တပည့်ပီသစွာပင် ခန္ဓာကိုယ်လှုပ်ရှားမှု၊ အပြောအဆိုနှင့် အော်ရာများအားလုံးသည် အလွန်တရာမောက်မာလှသည့် အော်ရာများ ထုတ်ဖော်လျက်ရှိနေလေ၏။ တခြားသောနည်းလမ်းလည်း မရှိချေ။ ဤကဲ့သို့သော အခြေအနေမျိုးကို ထုတ်ဖော်ထားမှသာလျှင် တစ်ဖက်လူများသည် သူ့ကို လေးစားအားကျကြမှာ ဖြစ်၏။
မည်မျှသာမန်ကျလှသည့် လူတစ်ယောက်ဖြစ်သည်ဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းနှင့် အချိန်အတော်ကြာ နေထိုင်ပြီးသည့်နောက်မှာတော့ ၎င်းတို့သည် လွှမ်းမိုးခြင်းကို ခံနေရပြီဖြစ်၏။
“ကောင်လေး”
မိုးကြိုးကြံ့မျိုးနွယ်မှ ဂိုဏ်းချုပ်သည် ၎င်း၏ အံ့အားသင့်မှုများကို ဖိနှိပ်ကာဖြင့် ပြောလိုက်သည်။ “ဘိုးဘေးနယ်မြေထဲကို လာတာက ဟန်ထုတ်ကြွားဝါဖို့လား။”
“မဟုတ်ပါဘူး။”
လီချင်းယန်က ပြောလိုက်၏။ “အကူအညီတစ်ခုလာတောင်းတာပါ။”
“ဘာလဲ”
“ပြိုင်စံရှားဂိုဏ်းကို ကူညီပြီးတော့ အင်မော်တယ်အဆင့်ဂိုဏ်းတွေကို တိုက်ခိုက်ဖို့။”
သူပြောပြောပြီးချင်းမှာပဲ အထက်ပိုင်းအကြီးအကဲများအားလုံး၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့ကြ၏။ မိုးကြိုးကြံ့ကလေးတစ်ကောင်၏ တိုးတက်မှုကို နှိုင်းယှဉ်ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းကို ကူညီကာဖြင့် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းကို တိုက်ခိုက်ရန်ဆိုသည်မှာတော့ ရူးမိုက်လွန်းလှ၏။
“အားနာပါတယ်။”
မိုးကြိုးကြံ့မျိုးနွယ်မှ ခေါင်းဆောင်သည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်သည်။ “မိုးကြိုးကြံ့မျိုးနွယ်တွေက မကူညီနိုင်ဘူး။”
“ဟုတ်ပြီ။ မိုးကြိုးကြံ့မျိုးနွယ်တွေအနေနဲ့ အင်မော်တယ်အဆင့် ဂိုဏ်းကြီးတွေကို ယှဉ်ပြိုင်တိုက်ခိုက်လို့မရနိုင်ဘူးလို့ မင်းတွေးထင်လိုက်ရင်လည်း ရတယ်။”
သူသည် လူကြောက်တစ်ယောက်သာ ဖြစ်၏။ အရိုးသားဆုံး ဝန်ခံခြင်းလည်း ဖြစ်တော့၏။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆိုသည်မှာ အထက်နယ်မြေတွင် အလုံးစုံသော အခွင့်အာဏာကို ပိုင်ဆိုင်သည့် လူများဖြစ်၏။ ထို့အပြင် မိုးကြိုးကြံ့မျိုးနွယ်ဆိုသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းကတည်းက ဖျက်ဆီးလျှင်ပင် ပျက်စီးခဲ့သည့် အရာမျိုး ဖြစ်ပေလိမ့်မည်။ အလွန်တရာ အားကောင်းလှသည်ဆိုလျှင်တောင်မှ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းကို မဆိုနှင့်။ အဓိကကလန်ကြီး ၃ ခုနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်အောင် နိမ့်ပါးလွန်းလှ၏။
လီချင်းယန်က ပြောလိုက်သည်။ “အင်မော်တယ်အဆင့် ဂိုဏ်းတွေက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် မွန်းစတားမျိုးနွယ်ပေါင်း ၁၀၀၀ ကျော်တို့က ဘိုးဘေးနယ်မြေထဲကနေ ရှားရှားပါးပါးမှ တစ်ခါဆိုသလို ထွက်ခွာခွင့်ရတာမဟုတ်လား။ ဒီတားဆီးချက်တွေကို ဖယ်ရှားနိုင်မယ်ဆိုရင် ခင်ဗျားတို့အားလုံးက ပိုပြီး လွတ်လပ်သွားလိမ့်မယ်။”
မိုးကြိုးကြံ့မျိုးနွယ်မှ ခေါင်းဆောင်နှင့် အထက်ပိုင်းအကြီးအကဲများအားလုံးသည် မျက်လုံးပြူးသွား၏။ ပြိုင်စံရှားဂိုဏ်း သည် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းကို တိုက်ခိုက်ရန် ဘယ်တော့မှ စိုးရွံ့လိမ့်မည်မဟုတ်ကြောင်း သူတို့က ကောင်းကောင်းသိ၏။ သို့ပေမဲ့ အဘယ့်ကြောင့် သူတို့ကိုပါ ပါဝင်စေချင်သနည်း။
“ကျုပ်ဂိုဏ်းက အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းက စွမ်းအားမြင့်ကျင့်ကြံသူတွေက အရှေ့ပင်လယ်ကို ရောက်သွားပြီ ဆိုတဲ့သတင်းကို ကြားရတယ်။ သူတို့က ကျောက်ရုပ်ထုမျိုးနွယ်ကလန်နဲ့ နဂါးမျိုးနွယ်ရဲ့ ဝင်ပေါက် တွေကို စည်းခတ်ဖို့ ပြင်ဆင်နေကြတယ်။” လီချင်းယန်က ပြောလိုက်သည်။
“ဒီလိုကိစ္စမျိုးရှိလား။” မိုးကြိုးကြံ့မျိုးနွယ်မှ ခေါင်းဆောင်သည် အံ့အားသင့်မိသွား၏။
လီချင်းယန်က ပြောလိုက်သည်။ “အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းတွေက လောကကြီးရဲ့ ငရဲသားတွေပဲ။ သူတို့က သူတို့လုပ်ချင်တာကို လုပ်ပြီး သူတို့ဖျက်ဆီးချင်တဲ့အရာကို ဖျက်ဆီးနေကြတယ်။ အနာဂတ်မှာ မိုးကြိုးကြံ့မျိုးနွယ်ကိုသာ ပစ်မှတ်ထားလာမယ်ဆိုရင် ခင်ဗျားတို့ အားလုံးက ဒုက္ခရောက်မှာပဲ မဟုတ်လား။”
“……….”
မိုးကြိုးကြံ့မျိုးနွယ်မှ ခေါင်းဆောင်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။
“စီနီယာ”
လီချင်းယန်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “ကျုပ်တို့ဂိုဏ်းချုပ်က ခင်ဗျားကို သတင်းစကား ပါးခိုင်းလိုက်တယ်။ တစ်စုံတစ်ယောက်ရဲ့ အားအင်အဆင့်က မလုံလောက်ဘူးဆိုလျှင်တောင်မှ တစ်စုံတစ်ယောက်ရဲ့ စိတ်ခံစားချက်၊ သူ့ရဲ့ သံမဏိလို ခိုင်မာတဲ့စိတ်က အားကောင်းမယ်ဆိုရင် အားလုံးသော အရာတွေကို ချိုးဖြတ်နိုင်လိမ့်မယ်တဲ့။”
ဤစကားစုသည် မျိုးနွယ်၏ ဟောခန်းတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိနေတော့သည်။
…
ရေခဲဖီးနစ်ကလန်
နတ်မိမယ်ကဲ့သို့ အဖြူဆွတ်ဆွတ်ဝတ်စုံကို ဝတ်ဆင်ထားသည့် လုချင်းချင်းသည် မျိုးနွယ်စု၏ ဟောခန်းထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူမ၏ ပဋိညာဉ်သားရဲသည်လည်း ဘေးတွင် မတ်မတ်ရပ်လျက်ရှိနေသည်။ ခဏလောက် ကြာပြီးသည့်နောက် ရေခဲဖီးနစ်မျိုးနွယ်၏ ခေါင်းဆောင်က ပြောလိုက်၏။
“မင်းတို့ဂိုဏ်းချုပ်က တကယ့်ကို သတ္တိရှိတဲ့လူတစ်ယောက်ပဲ။ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းနဲ့တောင်မှ တိုက်ခိုက်ရဲတယ်ပေါ့။”
“အဲလိုသတ္တိမရှိရင်”
လုချင်းချင်းက ပြောလိုက်၏။ “သူ့အနေနှင့် ဂိုဏ်းတစ်ခုလုံးကို အထက်နယ်မြေဆီကို ခေါ်ဆောင်လာရဲမှာ မဟုတ်ဘူးလေ။”
“ကောင်းပြီ။”
ရေခဲဖီးနစ်မျိုးနွယ်၏ ခေါင်းဆောင်က ပြောလိုက်သည်။ “ပြန်ပြီးတော့ ဂိုဏ်းချုပ်ကျွင်းကို ပြောလိုက်။ ငါတို့ ရေခဲဖီးနစ်မျိုးနွယ်က ကျိန်းသေပေါက် ကူညီပေးမယ်။”
“နှုတ်ဆက်ပါတယ်။” လုချင်းချင်းသည် သူမ၏ ပဋိညာဉ်သားရဲနှင့်အတူ ထွက်ခွာသွားခဲ့၏။ သူမသည် မိန်းမသားသာ ဖြစ်သည်ဆိုသော်လည်း တစ်ဖက်လူများကို စကားလုံးအနည်းငယ်ပြောဆိုကာဖြင့် ခေါ်ယူခြင်းပြုလုပ်နိုင်ခဲ့၏။
သူမ ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် မျိုးနွယ်၏ စီနီယာအဖွဲ့ဝင်များက ပြောလိုက်သည်။
“ဂိုဏ်းချုပ် ဒီကိစ္စက မျိုးနွယ်တစ်ခုလုံးရဲ့ အနာဂတ်နဲ့ ပတ်သက်နေတယ်လေ။ ချက်ချင်း သဘောတူညီလိုက်တာ အလျင်စလို မဖြစ်ဘူးလား။”
“ကျွင်းချောင်ရှောင်းကို ကူညီဖို့။”
ရေခဲဖီးနစ်ကလန်၏ ခေါင်းဆောင်သည် လေးလေးနက်နက် ပြောလိုက်၏။ “ဒါက ငါတို့မျိုးနွယ်ရဲ့ အနာဂတ်ပဲ။”
အချိန်တိုအတွင်းမှာပဲ မျိုးနွယ်၏ ဆက်ခံသူသည် အဆင့်နိမ့်အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့၏။ သူမအနေနှင့် ပြိုင်စံရှားဂိုဏ်ကို ကူညီပေးရန်အတွက် မျိုးနွယ်စု၏ အားအင်များကို လိုလိုချင်ချင်နှင့် အသုံးပြချင်နေပြီး ထိုမှသာလျှင် ကောင်းမွန်သည့် အနာဂတ်များကို ဆက်ခံနိုင်မည်ဟု ယုံကြည်လျက်ရှိနေသည်။
…
စုရှောင်မို၊ လီဖေးနှင့် တစ်ခြားသောသူများသည် ၎င်းတို့၏ ပဋိညာဉ်သားရဲများနေထိုင်ရာ ဘိုးဘေးနယ်မြေများဆီသို့ ဝင်ရောက်ခဲ့၏။ ၎င်းတို့၏ ရည်ရွယ်ချက်သည် ဂိုဏ်းကို ကူညီပေးနိုင်ရန် သွားရောက်ကာ သွေးဆောင်ခြင်းပင်ဖြစ်၏။ အသေးစိတ်ကို ဖော်ညွှန်းစရာမလိုပေ။ အားလုံးသောသူများသည် လိမ်မာပါးနပ်စွာဖြင့် ပြုမူခဲ့ကြ၏။
သို့ပေမဲ့ ပြောဆိုရန် လူတစ်ယောက်ကတော့ တည်ရှိနေ၏။ ထိုအရာသည် စာအုပ်၏ ဒုတိယအဓိကဇာတ်ဆောင် ရီရှင်းချန်ပင် ဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ သူသည် ပန်းဟူမျိုးနွယ် ဟောခန်းထဲတွင် တည်ရှိနေ၏။ သူ၏ ဟက်စကီးကဲ့သို့ ပဋိညာဉ်သားရဲ၏ ဇက်ပေါ်သို့ ဓားတစ်ချောင်းကို တင်ကာဖြင့် အော်ဟစ်နေသည်။
“တကယ်လို့ ခင်ဗျားတို့မသွားဘူးဆိုလျှင် သူသေသွားမယ်။”
“အလျင်မလိုနဲ့။ အလျင်မလိုနဲ့။”
ပန်းဟုမျိုးနွယ်၏ ခေါင်းဆောင်နှင့် စီနီယာအဖွဲ့ဝင်များအားလုံးသည် အံ့အားသင့်စွာဖြင့် ဆွံ့အလျက်ရှိနေကြ၏။
သောက်ကျိုးနည်းလှချေသည်တကား။