အခန်း ၁၆၄၁
Vol. 110 Ch. 1641
အပိုင်း (၁၆၄၁)
နှစ်နှစ်ကြာပြီးသည့်နောက် သူသည် အထူးတာဝန် နံပါတ် (၆) ကို ပြည့်စုံသွားခဲ့ရုံသာမက ပြည့်စုံနှုန်းသည်လည်း ၁၀၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့၏။ ဤအရာသည် မှတ်တမ်းသစ်ပင် ဖြစ်၏။
အဆင့်နိမ့်အစစ်အမှန်ရှာဖွေခြင်း အဆင့်ဆီမှ ထိပ်ဆုံးအဆင့် အစစ်အမှန်ရှာဖွေခြင်း အဆင့်ဆီသို့ ချိုးဖျက်ရောက်ရှိခဲ့ခြင်း ဆိုသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ၎င်းသည် ဂိမ်းဆာဗာခိုးသူ သပ်သပ်ပင် မဟုတ်တော့ချေ။ အထက်နယ်မြေရှိ သိုင်းကျင့်ကြံသူများ အားလုံးကို စိတ်ဓာတ်ကျစေမည့်ကောင်လည်း ဖြစ်သည်။
"ထင်မှတ်ထားတဲ့ အတိုင်းပဲကို"
ကျွင်းချောင်ရှောင်းသည် အမိုးပေါ်တွင် မတ်တပ်ရပ်လျက် ရှိနေပြီး သူ၏လက်သီးကို ဆုပ်လိုက်၏။ လေပြင်းများသည် တိုက်ခတ်လျက် ရှိနေကြ၏။ သူ၏အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်လို့နေ၏။ ချောမောလှသော မျက်နှာသည် ပေါ်လွင်လာခဲ့၏။
"ပြိုင်ဖက်ကင်းရတာလဲ ပျင်းစရာကောင်းလိုက်တာ"
စနစ်သည် ဝင်ရောက်ကာ စောဒကတက်လိုက်သည်။ "လက်ခံသူလို လူတစ်ယောက်က တာဝန်တွေကိုသာ မမှီခိုဘူးဆိုရင် လက်ရှိအချိန်မှာ သိုင်းဘုရင်အဆင့်ကိုတောင် ချိုးဖျက်နိုင်ဖို့ မသေချာဘူး"
"ဟမ် …. ငါအခု အရမ်းမောက်မာနေပြီလား"
..............
ကုန်းရှန့်သည် လက်ရှိအချိန်အထိ ကျင့်ကြံခဲ့သည်ဆိုသည်မှာ အမှန်ပင် ဖြစ်၏။ သူ၏ကျင့်ကြံခြင်း တော်တော်များများ သည် တာဝန်များနှင့် အဆောင်များအပေါ်တွင် အမှီအခိုပြုခဲ့၏။ သိူ့ပေမဲ့ သူသည် ခက်ခဲမှုများကို ရင်ဆိုင်ရသေး၏။ ဂိုဏ်းတစ်ခုလုံးကို တာဝန်ယူရသေးသည်။ ထို့ပြင် သူသည် ဂိုဏ်းတစ်ခုလုံး၏ အဖေရော၊ အမေပါဖြစ်ပေးရသေး၏။ သမရိုးကျအတိုင်း အဆင့်တက်မည်ဆိုပါက ဂိုဏ်း၏ တာဝန်များကို မည်ကဲ့သို့ ပြည့်စုံအောင် ပြုလုပ်ရတော့မည်နည်း။
ဆွစ်
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ရှေ့သို့ ခုန်ဆင်းလိုက်ပြီးသည့်နောက် ဆန်းကြယ်လှသော အသံဖြင့် ပြောလိုက်သည်။ "အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့ …. ကျုပ်ခင်ဗျားတို့ကို စောင့်နေမယ်"
ထပ်ဆုံးအဆင့်ကို ချိုးဖျက်ရောက်ရှိပြီးနောက် သူ၏ လေသံသည် ပြောင်းလဲသွားခဲ့၏။ ဤအရာမှ ကုန်းရှန့် စစ်မှန်၏။ သို့ပေမဲ့ စတိုးကို ဖွင့်ပြီး အထဲကို ကြည့်လိုက်ချိန်မှာတော့ ထူးခြားပစ္စည်းဆိုသည်မှာ ဂိုဏ်းဂုဏ်သိက္ခာအမှတ် နှစ်သောင်း ဖြစ်ကြောင်းမြင်လိုက်ရ၏။ "ချီးတဲ့မှ ….. ငါနောက်ထပ်နှစ်ထောင် ထပ်စိုက်ရအုံးမှာလား"
“ဒင် …. လက်ခံသူသည် ဂိုဏ်းဂုဏ်သိက္ခာအမှတ် နှစ်သောင်းနှစ်ထောင်ကို အသုံးပြု၍ အထူးပစ္စည်းကို ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ"
“ဒင် … ဂိုဏ်းဂုဏ်သိက္ခာအမှတ် ကိုးထောင်"
မည်မျှ စျေးကြီးသည်ဆိုဆို ကျွင်းချောင်ရှောင်းအနေဖြင့် ကျိန်းသေပေါက် ဝယ်ယူရပေလိမ့်မည်။ သူသည် ထိုအရာကို ချက်ချင်းမထိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ထိုအရာသည် ကံကို အားကိုးကာ ထီထိုးထားသည်နှင့် ဆင်တူ၏။ ကံတရားနှင့် အချိန်ကိုက်ညီရန်လည်း လိုအပ်နေသေးသည်။ ထို့ကြောင့် အမွှေးတိုင်ထွန်းကာ ဆုတောင်းပြီး မနက်ဖြန် အားသည့်အချိန်မှသာ ဖွင့်ရန် ကြံစည်၏။
"ကျောက်ရိုင်းသံတွေက အသုံးပြုလို့ရတဲ့ အရာတွေလား ကြည့်ရမယ်"
ကျွင်းချောင်ရှောင်းသည် တွေးတောပြီးနောက် အစီအရင်ဟောခန်းဆီသို့ ထကာသွားလိုက်သည်။
"ဟမ် …. ဂိုဏ်းချုပ်က မူလခန္ဓာကိုယ် ပြန်ရောက်သွားပြီလား"
လမ်းတစ်လျှောက်မှာတော့ တပည့်များသည် ကြိတ်ကာ ဆွေးနွေးလျက်ရှိ၏။
ဟင်း ….
နှင်းဆီဧကရီသည် သူမ ယောက်ျားကို မြင်သည့်အချိန်မှာတော့ တီးတိုးရေရွတ်လိုက်မိသည်။ "သူက ဘယ်လိုပဲဖြစ်ဖြစ် ကလေးဆန်နေသေးတာပဲ …. ချစ်ဖို့ကောင်းလိုက်တာ"
"…….."
ကျွင်းချောင်ရှောင်းသည် ထိုအသံကို ကြားရသည့်အခါမှာတော့ နှုတ်ခမ်းထောင့်များ တဆတ်ဆတ်နှင့် တုန်ယင်နေ၏။
အချက်အလက်အားဖြင့် သူ၏ခန္ဓာကိုယ်သည် ဆက်တိုက်အဆင့်ချိုးဖျက်ပြီးနောက် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်ဟု သူက မထင်မှတ်ထားခဲ့ချေ။
"ဆရာကြီး"
အစီအရင်ဟောခန်းသို့ ဝင်ရောက်ပြီးနောက် ကျွင်းချောင်ရှောင်းသည် တောက်ပလွန်းသော ကျောက်ရိုင်းတုံးတစ်ခုကို ထုတ်ယူကာ ပြောလိုက်၏။ "လာ ….ဒါရဲ့ အရည်အသွေးကို ကြည့်ကြည့်အုန်း"
ထိုက်ရွှမ်အဘိုးအိုသည် လက်ထဲတွင်ရှိနေသော ပုံဆွဲစာရွက်များကို အသာချကာဖြင့် သေသေချာချာ ကြည့်ရှုလိုက်၏။ သူသည် အံ့အားတသင့်ဖြင့် မေးလိုက်သည်။ "ဒါဘာကြီးလဲ"
"ကောင်းကင်စိတ်ဝိညာဉ်ကျောက်ရိုင်းလေ"
"ကောင်းကင်စိတ်ဝိညာဉ်ကျောက်ရိုင်း ဟုတ်လား"
ထိုက်ရွှမ်အဘိုးအိုသည် များပြားလှသော ကျောက်ရိုင်းတုံးများအကြောင်းကို ကောင်းကောင်းနားလည်၏။ သို့ပေမဲ့ ဤနာမည်ကို တစ်ခါမှ မကြားဘူးခဲ့ချေ။
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ "ဒါနဲ့ ရွက်သင်္ဘောကို တည်ဆောက်လို့ ရနိုင်လား"
အထူးတာဝန်၏ ဆုလာဒ်အဖြစ် ရရှိထားသော ဤကျောက်ရိုင်းတုံးသည် သန်းတစ်ရာတိတိပင် ရှိ၏။ ပထမဆုံး သူ့စိတ်ထဲသို့ ဝင်လာသည်မှာ ရွက်သင်္ဘောကြီး တည်ဆောက်ရန်ပင် ဖြစ်၏။ ထို့ပြင် သူ၏ဆရာကြီး ပြောပြထားသလိုဆိုလျှင် တည်ဆောက်ရန် အဆင့်မြင့် ကျောက်ရိုင်းတုံးများ လိုအပ်နေ၏။
"သွား ….. ဟောခန်းသခင်ဖန်းကို သွားမေးလေ"
ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်၏။ "ဒါက အရည်အသွေးအပေါ် မူတည်လိမ့်မယ်"
သူ့အနေဖြင့် အစီအရင်များ လေ့လာခြင်းကိုသာ အလေးထားရသည် ဖြစ်သောကြောင့် ကျောက်ရိုင်းတုံးများ နှင့်ပတ်သက်၍ ကျွမ်းကျင်မှုမရှိလှချေ။
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းသည် ပန်းပဲဟောခန်းဆီသို့ ထပ်မံကာ သွားလိုက်၏။
ဖန်းရီကျိသည် ဒုတိယမျိုးဆက် စက်ရုပ်များကို ဖန်တီးရင်း အလုပ်များလျက် ရှိ၏။ စားချိန်သောက်ချိန်နှင့် အိမ်သာသွားချိန်မှ လွဲလျှင် တခြားအချိန် မရှိလှချေ။
ပန်းပဲခန်းမ ….။ လေထဲတွင် သံအနံ့များ ဖုံးလွှမ်းလျက်ရှိသည်။
ကျွင်းချောင်ရှောင်းသည် အပြင်ဖက်ဆီမှ အတွင်းဖက်ဆီသို့ လျှောက်ဝင်လိုက်၏။ ဖန်းရီကျိသည် မိုရ် တစ်ခုကို သေသေချာချာ လေ့လာလျက် ရှိ၏။ ထိုမိုရ်သည် စားပွဲပေါ်တွင် တင်ထားလျက် ရှိနေပြီး မီးများဖြင့် မြိုက်ထားသောကြောင့် နီရဲနေ၏။
တံခါး၏ရှေ့တွင် ရပ်လျက်ရှိနေသော ကုန်းရှန့်သည် အလိုလို့ပြုံးသွားမိ၏။ သူ၏အလုပ်သမား အလုပ်များနေသည်ကို ကြည့်ရှုပြီးနောက် အမှန်ပင် ပျော်ရွှင်နေမိ၏။ ထိုကဲ့သော လူများရှိခြင်းအတွက် သူသည် ဂိုဏ်း၌ ပူပင်စရာပင် မရှိတော့ချေ။
ဝေါ့
ဖန်းရီကျိသည် သွေးတစ်လုပ် အန်ထုတ်လိုက်၏။ သူသည် ကျွဲရိုင်းစက်ရုပ်များအတွက် တာဝန်ယူထားရပြီး နေ့ညမပြတ် နည်းလမ်းများကို လေ့ထားရ၏။ ထို့ကြောင့် အမှန်ပင် အလုပ်များသည်ဟု မှတ်ယူထားရမည်။ ထိုအချင်းအရာကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အားနာသလို ခံစားလိုက်ရ၏။ ထို့ကြောင့်သူသည် တိတ်တဆိတ်ဖြင့် စွန်းပုကုန်းကို လှမ်းခေါ်ကာဖြင့် အလုပ်ကြိုးစားသော ဖန်းရီကျိ၏ ခန္ဓာကိုယ်ကို စစ်ဆေးရန် အမိန့်ပေးလိုက်၏။ ဂိုဏ်းချုပ်၏ အမိန့်ပေးမှုအောက်မှာတော့ ဖန်းရီကျိသည် သတိလစ်မေ့မျောသည်အထိ အထပ်ထပ်အလဲလဲ အလုပ်ကြိုးစားလျက် ရှိနေတော့၏။ ဂိုဏ်းအနေဖြင့် အောင်မြင်အောင် ပြုလုပ်ချင်လျှင် ရိုးရှင်းပြီး ပျင်းရိဖွယ်ကောင်းသည့် ကိစ္စများကို ပြုလုပ်ရမည်မှာ မလွဲမသွေပင်။
.............
"ဂိုဏ်းချုပ် ….. ခင်ဗျားလက်ထဲက ကျောက်ရိုင်းတုံးက ပစ္စည်းကောင်းလား"
ဖန်းရိကျိသည် ကောင်းကင်စိတ်ဝိညာဥ် ကျောက်ရိုင်းတုံးကို အသာကိုင်ကြည့်ပြီး သူ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့် တောက်ပနေ၏။ ပန်းပဲကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်နှင့်အညီ ကျောက်ရိုင်းတုံးကို ထိလိုက်သည်နှင့် အရည်အသွေးကို ခံစားနေမိ၏။လက်နက်များကို သန့်စင်ရန် သို့မဟုတ် အကာအကွယ်ပစ္စည်းများကို ပြုလုပ်ရန် လုံးဝပစ္စည်းကောင်းပင် ဖြစ်၏။
"ရွက်သင်္ဘောကြီးကိုရော ဒါနဲ့ တည်ဆောက်လို့ရလား"
"ဘယ်လိုရွက်သင်္ဘောမျိုးကို လုပ်ချင်တာလဲ"
" ထာဝရရွက်သင်္ဘောကြီးလိုပေါ့ … ရနိုင်ရဲ့လား"
"…….."
ဖန်းရီကျိသည် မျက်လုံးများ ချာချာလည်သွားခဲ့၏။
“ကျောက်ရိုင်တုံး နှစ်ကတီ၊ သုံးကတီ နဲ့ ချပ်ဝတ်တစ်ခုလုပ်ဖို့တောင် လွယ်တာမဟုတ်ဘူးလေ။ ဂိုဏ်းချုပ်က ရွက်သင်္ဘောကြီးလုပ်ဖို့တောင် စဉ်းစားနေတာလား"
"ကျုပ်ဆီမှာ ပစ္စည်းတွေရှိတယ်"
"ဘယ်လောက်ရှိတာလဲ"
"တန်တစ်ရာလောက်"
"တန် …. တန်တစ်ရာ ဟုတ်လား"
ဖန်းရီကျိ၏ မျက်လုံးများသည် ပြူးထွက်သွား၏။ သူသည် အထက်နယ်မြေ၏ ကျောက်ရိုင်းတုံးများကို ကောင်းကောင်းနားလည်၏။ လက်ထဲတွင် တစ်ခုလောက်ရှိရန်ပင် အလွန်ခက်ခဲလှ၏။ ယခုကျောက်ရိုင်းတုံးများသည် အင်မော်တယ်အဆင့်နှင့်ပင် နှိုင်းယှဉ်၍ ရနိုင်၏။ ထိုသို့သော ကျောက်ရိုင်းတုံးများသည် ဂိုဏ်းချုပ်ထံတွင် တန်တစ်ရာလောက် တည်ရှိနေ၏။ ဤအရာသည် …..။
"နောက်မနေပါနဲဲ့"
..................
ဘုန်း
ပန်းပဲတောင်ထွတ်၏ ကြီးမားလွန်းလှသော ဂိုထောင်ထဲတွင် ကျောက်ရိုင်းတုံးများ သိမ်းဆည်းလိုက်၏။ ကျွင်းချောင်ရှောင်းသည် လက်တစ်ဖက်ကို ယမ်းခါလိုက်ပြီးနောက်မှာပဲ ကောင်းကင်စိတ်ဝိညာဉ် ကျောက်ရိုင်းတုံးများက ပေါ်ပေါက်လာ၏။ အရွယ်အစားသည် တောင်အသေးလေးကဲ့သို့ပင် များပြားလှ၏။
"ကောင်းကင်ဘုံ" ဖန်းရီကျိ၏ မျက်လုံးများသည် ပြူးထွက်သွားခဲ့သည်။
ကျွင်းချောင်ရှောင်းက မေးလိုက်၏ "ဒီကျောက်ရိုင်းတုံးတွေကို သုံးပြီးတော့ ရွက်သင်္ဘောတစ်စင်းကို လုပ်ချင်တယ်။ ဖြစ်နိုင်လား။ "
"ဖြစ်တာပေါ့"
အလွန်ကောင်းမွန်သည့် အရည်အသွေးနှင့် ကျောက်ရိုင်းတုံးအများအပြားကို ရရှိနေခြင်းကြောင့် ဖန်းရီကျိ၏ အမြင်အရဆိုလျှင် နည်းပညာထောက်ပံ့မှုသာ ရှိပါက တစ်စင်းမဆိုနှင့် ဆယ်စင်းလောက် ပြုလုပ်လျှင်ပင် ပြဿနာမရှိချေ။
"ဒါပေမဲ့"
သူသည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်၏။ "အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းက အချိန်မရွေး တိုကိခိုက်လာနိုင်တယ်လေ။ ဒီတော့ ဒီကျောက်ရိုင်းတွေကို ချပ်ဝတ်တွေ၊ လက်နက်တွေ လုပ်လိုက်ရင် မကောင်းဘူးလား"
"ဒါလည်း ဖြစ်တာပဲ"
ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောပြုလုပ်ရန်အတွက် အလျင်မလိုလှချေ။ လက်နက်များအဖြစ် အသုံးပြုလိုက်လျှင် ဂိုဏ်း၏ အားအင်အဆင့်သည် ပိုမိုကာ တိုးတက်လာပြီး ကောင်းမွန်လာမည် ဖြစ်သည်။
ဖန်းရီကျိက ပြောလိုက်၏။ "ဂိုဏ်းက အစောကတည်းက တိုက်ပွဲဝင်ပစ္စည်းတွေ ရှိပြီးသားလေ။ ဒီတော့ တတိယမျိုးဆက်ရဲ့ ချပ်ဝတ်ကို ဖန်တီးပြုလုပ်နိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ် "
"ဒါက ဘယ်လောက်အားကောင်းမှာလဲ"
"ဒုတိယမျိုးဆက်ထက်တော့ ပိုပြီးအားကောင်းမှာပေါ့"
သူသည် ထိုအရာနှင့်ပတ်သက်၍ အမှန်ပင် ယုံကြည်ချက်ရှိလို့နေ၏။
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ကျုပ် ခင်ဗျားကို တန်ငါးဆယ်ပေးမယ်။ တတိယမျိုးဆက်ရဲ့ ချပ်ဝတ်တွေကို အမြန်ဆုံးလုပ်တော့"
"နောက်ထပ် တန်ငါးဆယ်ကရော"
"ဒါ ကျွဲရိုင်းစက်ရုပ်တွေ လုပ်ရမှာပေါ့"
"ကောင်းပြီ"
ကျွဲရိုင်စက်ရုပ်များ၏ ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေး မြင့်မားလှသည် မဟုတ်ချေ။ ထို့ကြောင့် အတွင်းပိုင်းစနစ်များနှင့် အားကောင်းအောင် ထောက်ပံ့ပေးထားရ၏။ ယခု ကောင်းကင်စိတ်ဝိညာဉ် ကျောက်ရိုင်းတုံးများနှင့် ဆိုလျှင် ပိုမိုကာ အားကောင်းသွားမှာ သေချာ၏။
ကျွင်းချောင်ရှောင်းသည် ထိုက်ရွှမ်အဘိုးအိုဆီသို့ သွားရောက်ကာ မေးမြန်းလိုက်သည်။ တစ်ဖက်လူသည် မငြင်းပယ်ခဲ့ချေ။ ထို့ကြောင့် အစီအရင်ဟောခန်းသည် သာမန်ထက်ပိုကာ အလုပ်များခဲ့၏။ အစီအရင်ဟောခန်းမှ သူများသည် တိုက်ပွဲဝင်ချပ်ဝတ်နှင့် ပတ်သက်သည်များကို ပိုမိုကာ ပြုလုပ်ကြ၏။ အိမ်သာရှင်းသည့် တာဝန်ကို ယူထားရသော မြောင်ရှောင်တောက် ပင်လျှင် ချွင်းချက်မရှိချေ။
အချိန်တို အတိုင်းအတာအတွင်း သူတို့သည် ပိုမိုတိုးတက်အောင် ကြိုစားပြုမူလျက်ရှိသည်။
ဝေါ့ ဝေါ့
အလုပ်ကြိုးစားသည့် လူများ၏ သွေးအန်သံသည် ပန်းပဲခန်းမဆောင်တွင် ထွက်ပေါ်လျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် တံခါးရှေ့တွင် ရပ်တန့်ပြီး ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားနေသည့် တပည့်များကို ကြည့်ရှုနေမိ၏။ သူ၏ နှုတ်ခမ်းထောင့်သည် ကွေးညွှတ်နေပြီး မျက်နှာပေါ်တွင် သဘောကျသည့် အပြုံးတစ်ခု ဖြစ်တည်နေ၏။ ဤအရာသည် ဘဝပင်ဖြစ်သည်။ ပြိုင်စံရှားဂိုဏ်းသည် အလွန်တရာ အလုပ်များလျက် ရှိသည်။
သို့ပေမဲ့ အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းတို့မှာလည်း အလကားမနေကြချေ။ ၎င်းတို့၏ တွက်ချက်မှုအရ ကျောက်ရုပ်ထုမျိုးနွယ်ကလန်နှင့် နဂါးမျိုးနွယ်ကလန်တို့အား စည်းခတ်ရန် တစ်လသို့မဟုတ် နှစ်လသာလျှင် အချိန်ယူရပေတော့မည်။
ဟမ့်
လင်းထျန်အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အဓိကဟောခန်းတွင် ထိုင်ကာဖြင့် နှာခေါင်းရှုံ့လိုက်၏။
"ကျွင်းချောင်ရှောင်း …. ငါမင်းရဲ့တောင်ပံတွေကို ဖြတ်နိုင်တော့မယ်"
................
နဂါးနယ်မြေ ………
ကျွင်းချောင်ရှောင်းသည် နဂါးနန်းတော်ထဲတွင် ထိုင်ကာဖြင့် ပြောလိုက်၏။
"ပြိုင်စံရှားဂိုဏ်းကို အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းက သေသေချာချာကြည့်ရှုနေပြီ။ ဒီဟာနဲ့ပတ်သက်ပြီး မင်းဂရုစိုက်စရာမလိုဘူး။ ကိုယ့်ဟာကိုသာ တိုးတက်အောင် ကြိုစားထား"
ချီးတဲ့မှ။ ဤလူသည် မည်ကဲ့သို့ အထဲကို ရောက်ရှိသွားသနည်း။
သူသည် ကြယ်တာရာ စိတ်ဝိညာဉ်လောကဆီမှ အဓိကရွက်သင်္ဘောကြီးကို အမှီအခိုပြုကာဖြင့် ဝင်ရောက်ခဲ့ခြင်းပင် ဖြစ်၏။
လောကများဆီသို့ လှည့်လည်သွားလာနိုင်သည့် အရာကိုပိုင်ဆိုင်သည့်သူမို့ သူ့အနေဖြင့် နဂါးနယ်မြေထဲသို့ ဝင်ရောက်ရန်မှာ လွယ်ကူလွန်းလှချေသည်။
အပြင်ဖက်တွင်တော့ အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းသည် အမှန်ပင် အလုပ်များလျက်ရှိ၏။ သို့ပေမဲ့ သူတို့သည် ကျွင်းချောင်ရှောင်း နယ်မြေနှစ်ခုအတွင်းသို့ ဝင်သွားသည်ကို မတားဆီးနိုင်ခဲ့ချေ။ အတားအဆီးအစီအရင်များကို အချိန်ကုန်ခံ၍ ဖန်တီးနေခြင်းသည် ရေပေါ်တွင် အရုပ်ရေးသကဲ့သို့ပင် ဘာထူးခြားတော့မည်နည်း။