← Chapters

ငါကိုယ်တိုင်သွားမယ်

Vol. 126 Ch. 1763

ငါကိုယ်တိုင်သွားမယ်

Vol. 126 Ch. 1763

“ဟုတ်တယ်လေ” မိုယွိဝန်ခံသည်။ သူသည် မုရုန်ရှီကို သတ်ရန် လူလွှတ် ခဲ့သည်။

“မိုယွိ မင်းရဲ့လက်အောက်ကလူကို ငါပြောပြီးသွားပြီ မုရုန်ရှီကို သတ်ဖို့ မင်းမှာ ဘာလို့လူအင်အားရှိနေသေးတာလဲ” ဒိကျဲ့ အော်လိုက်သည် “သူမက ဒီအတိုင်း မိန်းမငယ်လေးတစ်ယောက်ပါ သူမကို ဘာလို့အဲလောက် ရက်စက်ရ တာလဲ”

“ငါကလည်း သတ်ချင်လို့ သတ်တာမဟုတ်ဘူး… လက်ဖက်ရည် သောက်ဦးမလား” မိုယွိသည် ဒိကျဲ့အတွက် လက်ဖက်ရည်ကောင်း တစ်ခွက် ထည့်ပြေးကာ သူ့ရှေ့သို့ တွန်းပို့လိုက်သည်။

ဒိကျဲ့သည် လက်ဖက်ရည်ကိုကြည့်ကာ ယူပြီး တစ်ကျိုက်သောက်လိုက် သည် “ငါတို့ မုရုန်ရှီကို မထိပါဘူးလို့ ပြောထားတယ်မဟုတ်ဘူးလား”

“ဟုတ်တယ်လေ အဲဒါငါ့လူမဟုတ်ဘူး တစ္ဆေကြင်ယာတော်ရဲ့ လူက လုပ်သွားတာပဲ” မိုယွိသည် တိုးညင်းစွာပင် ပြောလေသည်။

“မင်း…” ဒိကျဲ့သည် ဒေါသထွက်လာသည်။

“ငါတို့သဘောတူချက်က မင်းနဲ့ ငါ့လူတွေ ဘာမှမလုပ်ဖို့ပဲ ငါ ကတိမဖျက်ဘူး” မိုယွိ ပြောလိုက်သည်။ “စစ်သူကြီးဒိ မင်းက လူတွေဒီလောက်အများ ကြီးသတ်လာတာ အဲဒီမိန်းကလေးကို ဘာလို့အဲလောက် ဂရုစိုက်နေတာလဲ သူမက ယွိခဲ့လော့နဲ့တူလို့လား”

“သူမက မိန်းမငယ်လေးပါလို့ မင်းပဲပြောလိုက်တယ်နော် သူမက ငါ့ အဒေါ်နဲ့တူလို့ မင်းသတ်လိုက်တာလား” ဒိကျဲ့ နှာရှုတ်လိုက်သည် “တစ္ဆေ ကြင်ယာတော်က ငါ့အဒေါ်ကို မသတ်နိုင် ယူယူ့ကိုမသတ်နိုင်တော့ သူတို့နဲ့ တူတဲ့ မုရုန်ရှီကို ဒေါသပုံချတာပဲ”

“မင်း သူမကို သွားပြီးစာရင်းရှင်းလို့ရတယ် မင်းကို မတားဘူး” မိုယွိ ပြော လိုက်သည် “ဒါပေမဲ့ အဲလိုဆိုရင် မင်း မသိအောင်လုပ်ထားတဲ့ ကိစ္စတွေ သူမ သိသွားမှာပဲ”

“မင်း ငါ့ကိုခြိမ်းခြောက်နေတာလား” ဒိကျဲ့၏ မျက်လုံးများ ကျဉ်းမြောင်း သွားသည်။ သူ့မျက်လုံးထဲတွင် အားကောင်းသော အလင်းဖြတ်ပြေးသွားသည်။

“ငါ့ကို အဲလိုမျိုးမကြည့်နဲ့ မင်း ငါ့ကိုမနိုင်ဘူး” မိုယွိ ပြောလိုက်သည် “ယွိခဲ့လော့ရဲ့ မျက်နှာကြောင့်သာမဟုတ်ရင် မင်း ငါ့ကိုဒီလောက်အကြာကြီး နှောင့်ယှက်နိုင်မလား”

ဒိကျဲ့ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည် “မိုယွိ မင်းက တစ္ဆေလောကမှာ အားအကြီးဆုံးလို့ ထင်မနေနဲ့”

“မထင်ပါဘူး” မိုယွိ ပြန်ဖြေသည် “မင်းထက် ပိုပြီးနေရတာ လွယ်နေတာ ပဲရှိတာ”

“မင်းက သက်သာတယ်ဟတုတ်လား မင်းက တစ္ဆေကြင်ယာတော်ရဲ့ လက်ပါးစေဖြစ်နေပြီထင်တယ်” ဒိကျဲ့ ပြောလိုက်သည် “သူမက မင်းကိုသတ် ခိုင်းရင် မင်းသတ်တယ် မင်းက သက်သာတယ်လို့ ပြောရဲသေးလား”

“ငါ မုရုန်ရှီကို သတ်တာက သူမရဲ့ ကျေးဇူးနည်းနည်းလေးကို ဆပ်လိုက် တာပါ ဒီတစ်ခါ သူမက ငါ့ကိုအမိန့်မပေးဘူး ဒါပေမဲ့ စစ်သူကြီးဒိက သူမ ဖိနှိပ်တာကို အမြဲခံနေရတာ ငါနဲ့ဒီမှာအချိန်ဖြုန်းမယ့်အစား အဲကိစ္စကို ဘယ်လို ကိုင်တွယ်မလဲဆိုတာကို သွားပြန်စဉ်းစားနေလိုက်”

ဒိကျဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

“ငါ့ကိုအဲလိုမပြောနဲ့ ငါ မင်းကိစ္စတွေသိတယ် သူမလည်း အခုမဟုတ်ရင် နောက်သိမှာပဲ” မိုယွိ ပြောလိုက်သည် “နောက်ဆုတ်မသွားနဲ့ဦး မဟုတ်ရင် မင်းရဲ့ ဒိမျိုးနွယ်တစ်ခုလုံး ဝင်ပတ်သက်သွားလိမ့်မယ်”

“ငါ့ကိစ္စကို မင်းဂရုစိုက်ဖို့မလိုဘူး” ဒိကျဲ့သည် သူ၏ ဒေါသကိုထိန်းချုပ် ရန် ကြိုးစားရသည်။

“အိုး မင်းက ဒိမျိုးနွယ်ကို ဂရုမစိုက်ဘူးလို့ မှတ်မိတယ် မင်းက သေရေး ရှင်ရေးကိုလည်း ဂရုမစိုက်ဘူးပဲ ဒါပေမဲ့ မင်းရဲ့အမှားကြောင့် ယွိခဲ့လော့ကို မကယ်နိုင်ခဲ့ဘူး အဲဒါကိုလည်း ဂရုမစိုက်ဘူးလား”

“မင်း ပါးစပ်ပိတ်ထား” ဒိကျဲ့သည် လက်ဖဝါးကိုလိုက်ရာ မလှမ်းမကမ်းမှ ကျောက်တုံးမှာကွဲသွားသည်။

“ရှက်ရမ်းရမ်းနေတာလား မင်းရဲ့အခြေအနေနဲ့ဆိုရင် တစ္ဆေကြင်ယာ တော်ကို ဘယ်လိုတိုက်ခိုက်မှာလဲ ယွိခဲ့လော့ကို ဘယ်လိုကယ်မှာလဲ” မိုယွိ ရယ်မောလိုက်သည်။

“ဟင်း မင်း…”

“သခင်” အနက်ဝတ် ဝတ်ထားသောလူသည် ခြံဝန်းထဲကိုဝင်လာပြီး အဆောင်အပြင်တွင် ရပ်နေသည်။

မိုယွိသည် ဒိကျဲ့ကိုကြည့်ပြီး‌ မေးလိုက်သည် “ဘာကိစ္စလဲ”

“သခင့်ကိုသတင်းပို့ပါတယ် မုရုန်ရှီမသေဘူးလို့ အောက်ကလူပြောနေပါတယ်” ထိုလူ ပြောလေသည်။

“မသေဘူး ဟုတ်လား” မိုယွိ၏ အသံပဲ့တင်ထွက်လာသည်။ သူ၏ အသံ မှာအရင်အတိုင်းဖြစ်နေသော်လည်း ဒေါသသံပါနေသည်ကို အားလုံးခံစားနိုင် သည်။

“သူမသေသွားပြီလို့ သူတို့ပဲသတင်းပို့လာတာ ဒါပေမဲ့ သူမ အသက်ရှင် နေတယ်ဆိုတာ ကျွန်တော်တို့ လူတွေသိခဲ့ရပါတယ်”

“ကျွတ် ကျွတ် တစ္ဆေကြင်ယာတော်ရဲ့ လူတွေက အသုံးမကျဘူးပဲ” ဒိကျဲ့ ပြုံးလိုက်သည်။ သူ၏ စကားလုံးများသည် ရွံရှာမှုအပြည့်ဖြစ်နေသည်။

“သတင်းက သေချာလား” မိုယွိ မေးလိုက်သည်။

“သေချာပါတယ် အရင်တစ်ခေါက်က ဂူလန်တောင်မှာ ကိုယ်တိုင် သူမကို တွေ့ခဲ့တဲ့သူတွေပါ”

“လူမသေဘူးဆိုရင် သူတို့က ဘာလို့သေသွားပြီလို့ သတင်းပို့တာလဲ”

“အဲလူတွေ ပို့လာတဲ့သတင်းက မုရုန်ရှီက ဒဏ်ရာအပြင်းအထန်ရထား တယ် ဝိညာဉ်စွမ်းအားမရှိဘဲ မီတာတစ်သောင်းမြင့်တဲ့ ကမ်းပါးအောက်ကျသွား တယ်လို့ ပြောခဲ့တာ သူမ သေချာပေါက်သေမှာပါ”

“မုရုန်ရှီက သီသီလေးလွတ်ပြီး မသေသွားတဲ့ပုံပဲ” ဒိကျဲ့ နှာမှုတ်သည် “မင်းက သဘောတူချက်ကို မလိုက်နာဘူးဆိုတော့ ငါလည်း လိုက်နာဖို့မလို တော့ဘူး ဒိလျူ ဦးလေးကိုသွားပြောမယ်”

“မင်းက မုရုန်ရှီကို ကိုယ်တိုင်ကာကွယ်ချင်တာလား အဲလိုအခြေအနေမှာ တောင် အသက်ရှင်နိုင်တာ ဘယ်လိုလူမျိုးဖြစ်မလဲလို့ ငါကြည့်ချင်ရုံတင်ပါ ငါတို့ အတူသွားရင် ဘယ်လိုလဲ” မိုယွိ ရယ်မောလိုက်သည်။

“တစ္ဆေပဲ မင်းနဲ့သွားလိမ့်မယ်” ဒိကျဲ့သည် နှာမှုတ်ကာ ဒိလျူကို ဦးဆောင် ခေါ်သွားသည်။

မိုယွိသည် ဒိကျဲ့အားကြည့်ပြီး မတတ်သာစွာဖြင့် သက်ပြင်းချသည် “မင်း က တစ္ဆေမဟုတ်ဘူးလား”

“သခင် ထာဝရတောက်ပခြင်းမြို့ကို လူလွှတ်ချင်လား”

“မဟုတ်ဘူး ငါကိုယ်တိုင်သွားမယ်” မိုယွိ ငြင်းဆန်သည် “ယွိခဲ့လော့နဲ့ တူတယ်ဆိုတဲ့ မိန်းကလေးကို ငါကြည့်ချင်တယ် သူမနဲ့ ဘယ်လောက်တောင် တူလို့ပါလိမ့်”

“ဟုတ် ဒီလက်အောက်ငယ်သားက ပြင်ဆင်ပါမယ်”

စိုးရိမ်တတ်သော လူနှစ်ယောက်ကို ပို့ပြီးသောအခါ ရှီမာယူယူသည် စိတ်သက်သာရာရစွာြဖင့် သက်ပြင်းချမိသည်။ မုရုန်ဟွေ့သည် အပြင်မှ လျှောက်လာသည်။

“ရှီအာ ဘာလို့ ရုတ်တရက်ကြီး ထွက်လာတာလဲ အပြင်မှာ ဘယ်လောက် အန္တရာယ်များလဲသိလား” မုရုန်ဟွေ့ အပြစ်တင်လေသည်။ သူမ သူ့ကို ပြုံးပြ သည်ကို မြင်သောအခါ စိတ်ထဲမှ မီးတောက်သည် တဖြည်းဖြည်းပျောက်ကွယ် သွားလေသည်။

“နောက်ဆိုရင် ဒီလိုမျိုးအန္တရာယ်များတဲ့အလုပ်ကို မလုပ်ရဘူး” သူ လက်ကိုဆန့်ပြီး သူမ၏ နဖူးကို ပုတ်လိုက်သည်။

“အဖေက သမီးနောက်ကို အမြဲတမ်း လူလွှတ်ထားတာ သမီးသိပါတယ် သမီးအပြင်ထွက်တာနဲ့ တစ်ယောက်ယောက်ကတော့ သမီးကို တိတ်တိတ် လေး ကာကွယ်ပေးနေတာ” ရှီမာယူယူ သွားဖြဲပြလိုက်သည် “ပြီးတော့ သမီးတို့ မလှုပ်ရှားရင် သူတို့လည်း အသာငြိမ်နေမှာပဲ၊ အပြင်လေးတစ်ခါထွက်လိုက်တာ နဲ့ ချက်ချင်းပဲ ဆုတွေရလိုက်တာပဲ”

“ဘာဖြစ်တာလဲ သမီးဒဏ်ရာရထားတာလား ဘာလို့သတင်းမရတာလဲ”

“အ‌‌ဖေ သမီးအဆင်ပြေပါတယ် သူတို့ ဘာမှမလုပ်သေးပါဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဒီအတိုင်းပဲ သမီးကွင်းမှာရှိတုန်းက စောင့်ကြည့်ခံရသလို ခံစားရလို့ပါ သမီး ရှောင်ရော့ပိုင်တို့နဲ့ ပြန်လာတော့ နောက်ယောင်ခံလိုက်ခံရ တယ်”

“သူတို့က ငါ့ကို သတိမပေးဘူး” မုရုန်ဟွေ့သည် ဒေါသထွက်နေသည် “ဒီလောက် ကိစ္စလေးနဲ့ သူတို့က အဖေ့ကိုဘယ်လိုလုပ် သတင်းပို့မလဲ”

သူပြောလိုက်သည်နှင့် လူတစ်ယောက်ကို ခေါ်ဟန်ပြင်သည်။

“အဖေ စိတ်မပူပါနဲ့” ရှီမာယူယူသည် သူ့ကို ဆုပ်ကိုင်လိုက်သည် “သူတို့ ကို မပြောဖို့ ပြောထားပါတယ် အဖေက အဲလောက်အလုပ်များတာ ဘာမှလည်း မဖြစ်သေးဘူးလေ အဲဒါကြောင့် အဖေ့ကို မနှောင့်ယှက်ချင်ဘူး တစ်ခုခုဖြစ်ရင် တော့ သမီးချက်ချင်း ပြောမှာပါ”

“ဒီကောင်မလေးတော့” မုရုန်ဟွေ့သည် သူမအား မတတ်သာစွာဖြင့် ကြည့်လိုက်သည် “ရှီအာသာ သမီးလောက် ပါးမယ်ဆိုရင် အ‌ဖေ ဒီလောက် စိတ်ပူဖို့မလိုဘူး”

“ရှီအာက အဖေ့ရတနာလေ သူမက အရမ်းကောင်းပါတယ် အဖေ့ရဲ့ အဖိုးတန်လေးလေ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“သူမ ထွက်သွားပေမဲ့ သမီးအဖော်ပြုပေးလို့ သူမ ပျော်နေမှာပါ” မုရုန်ဟွေ့သည် သူ့စိတ်သူနှစ်သိမ့်ကာ သူမအပေါ်တွင် မေတ္တာများကို ပုံထား လိုက်သည် “ဒါပေမဲ့ အမြဲတမ်းတော့ ဒီလိုမရဘူးနော်”

“အင်း အင်းပါ”

“သမီးရဲ့ သရုပ်မှန်ကို သမီးသိပါတယ် အဖေပြောဖို့မလိုဘူး အဖေ့အားနဲ့ သမီးကို ကာကွယ်နိုင်ပေမဲ့ စိုးရိမ်သေးတယ်” မုရုန်ဟွေ့ ပြောလိုက်သည် “အဖေတို့ မင်းသားကိုမပြောတော့ဘူးလား”

“မလိုပါဘူး ဖြစ်နိုင်တာက သမီးတို့ တခြားလူတွေနဲ့တွေ့ရလိမ့်မယ်” ရှီမာယူယူ နှုတ်ခမ်းဆူလေသည်။

“တခြားလူလား ဘယ်သူလဲ”

“အခု တစ်ခုခုစိတ်ထင်နေတယ် အဲဒီထင်မြင်ချက်မှားပါစေလို့ မျှော်လင့် ပါတယ်”

***

All Chapters