← Chapters

အခန်း ၁၆၄၃

Vol. 111 Ch. 1643

အခန်း ၁၆၄၃

Vol. 111 Ch. 1643

အပိုင်း (၁၆၄၃)

ကောင်းကင်စိတ်ဝိညာဉ်ကျောက်တုံးနှင့် ဖန်တီးပြုလုပ်ထားသည့် တတိယမျိုးဆက် ကျွဲရိုင်းများသည် အလုံးစုံသော အကာအကွယ်စနစ်များကို ပိုမိုကာ တိုးတက်စေခဲ့၏။ များပြားလှသော အသက်သွင်းနိုင်မှုစနစ်များကို သုတေသန ပြုလုပ်ပြီးသည့်နောက် တာအိုအဆင့်စိတ်ဝိညာဉ်ကျောက်တုံးများကို ထည့်သွင်းပြီး တိုက်ခိုက်မှု စွမ်းအင်သည် အဆင့်ရှစ် အမြူတေပြောင်းလဲခြင်းအဆင့်နှင့်ပင် နှိုင်းယှဉ်၍ ရရှိသွား၏။

သုံးသပ်စစ်ဆေးချက်များအား မှတ်တမ်းတင်ထားသည့် စာရွက်များကို အသာချပြီးသည့်နောက် ဂိုဏ်းချုပ်ကျွင်းက ပြုံးလိုက်၏။ သူ၏ အဆင့်သည် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် ရင်ဆိုင်ရန်အတွက် မလုံလောက် သေးဘူးဆိုသော်လည်း အနာဂတ်တွင် များများစားစား ထုတ်လုပ်ပြီး စစ်တပ်ကြီးတစ်ခုကဲ့သို့ ဖန်တီးနိုင်မည် ဆိုပါက ကျိန်းသေပေါက် ပြိုင်ဘက်ကင်းပေလိမ့်မည်။

“ဆိုးတာပဲ”

စနစ်သည် ရင်နာအောင် ဝင်ပြောလိုက်သည်။ “ကျောက်ရိုင်းတုံးတွေက မလုံလောက်ဘူးလေ”

ကောင်းကင်စိတ်ဝိညာဉ်ကျောက်ရိုင်းတုံးသည် တန်တစ်ရာသာလျှင် ရှိသည်။ တစ်ဝက်သည် ချပ်ဝတ်အဖြစ် ဖန်တီးပြုလုပ်မည်ဖြစ်ပြီး ကျန်သည့်တစ်ဝက်ကိုတော့ ကျွဲရိုင်းစက်ရုပ်များအဖြစ် ဖန်တီးပြုလုပ်ခဲ့၏။ ထို့ကြောင့် အရေအတွက်သည် အကန့်အသတ် တည်ရှိနေ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အနာဂတ် အထက်နယ်မြေစကြဝဠာထဲကို ခရီးသွားတဲ့အချိန်မှာ ကျောက်ရိုင်းတုံးတွေကို ရှာဖွေမတွေ့ဘူးလို့ မင်းထင်နေလို့လား”

ဤအရာများသည် တာဝန်ကို ပြည့်စုံစေသည့် အတွက် ရရှိသည့်ဆုလာဘ်များဖြစ်၏။ ထို့ကြောင့် တခြားသောနေရာများမှ ခိုးယူခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ အကန့်အသတ်မဲ့စကြဝဠာထဲတွင် ခရီးသွားလာပြီးသည့်နောက် ဤကဲ့သို့သော အရာများကို ကျိန်းသေပေါက် ရရှိမှာ သေချာ၏။

“ကောင်းပြီ”

စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ စကြဝဠာ ဓားပြကြီးတွေလိုမျိုး အလုပ်လုပ်ဖို့တောင် စဉ်းစားနှင့်နေပြီကိုး”

“မတူဘူး”

ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူစွာပြောလိုက်၏။ “ငါ့ဆီမှာ ကျိန်းသေပေါက် အောက်ခြေစည်းမျဉ်း ဆိုတာ ရှိတယ်။ ငါက ပိုင်ရှင်မရှိတဲ့အရာကိုပဲ ယူတယ်။ ဒါမှမဟုတ် ပိုင်ရှင်ရှိတယ်ဆိုရင်လည်း ပစ္စည်းတစ်ခုခုနဲ့ လဲလှယ်ခဲ့တယ်”

ကျယ်ပြောလှသော စကြဝဠာကြီးထဲတွင် ၎င်းတို့၏ ဌာနေဆီမှ ထွက်ခွာနိုင်စွမ်း မရှိကြသော ဂြိုဟ်အများအပြား တည်ရှိလို့နေ၏။ ထို့ကြောင့် သူသည် ထာဝရရွက်သင်္ဘောကြီးကို အသုံးပြု၍ ထိုနေရာများဆီသို့ သွားရောက်ကာ ကုန်သွယ်ခြင်းကို ပြုလုပ်နိုင်စွမ်းရှိ၏။ ဥပမာအားဖြင့် ဆေးလုံးခန်းမဆောင်တွင် ရှိသော ဆေးလုံးများကို အသုံးပြု၍ သိုင်းပညာအရင်းအမြစ်များနှင့် လဲလှယ်နိုင်စွမ်းရှိနေ၏။ ပြောနေစရာပင် မလိုချေ။ ဤအရာသည် ပိုက်ဆံရှာဖွေနိုင် သည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

ထို့အပြင် များပြားလှသော ဂြိုဟ်များသည် ကောင်းကင်နှင့် မြေကြီး၏ ဆန်းကြယ်လှသော ဓာတ်သဘာဝများကို ပိုင်ဆိုင်သလို မတူညီသည့် သိုင်းကျင့်ကြံခြင်းနည်းစနစ်များ လည်း တည်ရှိနေ၏။ ကောင်းကင်စိတ်ဝိညာဉ်ကျောက်ရိုင်းတုံးများသည် အရေအတွက်များများနှင့် တည်ရှိနေကောင်း တည်ရှိနေနိုင် ပေလိမ့်မည်။

အဆုံးမဲ့သော ရည်မှန်းချက်သည် ဂိုဏ်းအား ပိုမိုအားကောင်းစေချင်သည့် ရည်မှန်းချက် ရှိသည် ဆိုသော်လည်း သူ့အနေနှင့် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီ သွားရောက်တိုက်ခိုက်ရန် စီစဉ်ရပေဦးမည်။

ကျွင်းချောင်ရှောင်းသည် ဤဂြိုဟ်ကို အလွန်ပင် မုန်းတီးလွန်းလှ၏။ အဘယ်ကြောင့်ဆိုသော် အထက်နယ်မြေရှိ လောကကြီးတစ်ခုလုံးကို လှည့်လည်ကာ ကျူးကျော်ခဲ့ခြင်းကြောင့် မဟုတ်ပေ။ အဓိကအားဖြင့် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးကို ကျူးကျော်ခဲ့သောကြောင့်ပင်။

ဤထာဝရရွက်သင်္ဘောကြီး၏ ပြဿနာကိုသာ မဖြေရှင်း နိုင်ခဲ့ဖူးဆိုပါက ကြယ်ကြွေကုန်းမြေတိုက်ကြီးဆိုသည်မှာ မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားမှာ သေချာသည်။ ဤသွေးကြွေးသည် မနှေးနှင့် မမြန်ဆိုသလို ပြန်ဆပ်ရမည့်အရာလည်းဖြစ်၏။

ကုန်းရှန့်သည် စိတ်သဘောထား ကျဉ်းမြောင်းလှသူတစ်ယောက်ဖြစ်၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကမှ လူများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ သူ၏မိသားစုများကို ထိခိုက်နာကျင်အောင် ကြိုးပမ်းခဲ့၏။ ထို့ကြောင့် သူသည် ထိုနေရာဆီသို့ သွားရောက်ကာ တိုက်ခိုက်ခြင်းကို ပြုမူချင်သည်။ စိတ်ပူစရာမလိုပေ။ ဤကိစ္စသည် မကြာခင် ဖြစ်လာမည့်အရာပင်။

သူ့အနေနှင့် ယခု အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် ရင်ဆိုင် တိုက်ခိုက်ရန် စဉ်းစားနေပြီဖြစ်၏။ ထိုအရာကိုသာ အနိုင်ယူနိုင်မည်ဆိုပါက အဓိကတာဝန်ကို ပြည့်စုံသွားစေလောက်၏။ ထိုသို့ဆိုလျှင် တခြားသော တည်နေရာများသို့ လှည့်လည်ကာ သွားလာနိုင်စွမ်း ရှိပေလိမ့်မည်။

..........

အစီအရင်ဟောခန်းနှင့် ပန်းပဲခန်းမဆောင်တို့ အားလုံးသည် အလွန်တရာ ပင်ပန်းကြီးစွာဖြင့် ကြိုးစားလျက်ရှိ၏။ ဂိုဏ်းထဲတွင်ရှိသော တပည့်များအားလုံးသည် မည်သူမှ အလကားမနေကြချေ။ ကျင့်ကြံခြင်းပြုလုပ်သည့်အပြင် ဂိုဏ်း၏တာဝန်များကိုလည်း မမေ့မလျော့ ပြုလုပ်လျက်ရှိ၏။

ကျွင်းချောင်ရှောင်း၏ အမှတ်သုံးမျိုးသည် ဆက်တိုက်ဆိုသလိုပဲ တိုးတက်နေသည်။ သို့ပေမဲ့ သာမာန်ဆန်လွန်း လှသော နေ့တစ်ရက်တွင် တစ်စုံတစ်ခု ဆိုးရွားလှသော အရာသည် ဖြစ်ပေါ်လာခဲ့သည်။ အပြင်ဆီသို့ သွားရောက်ကာ တာဝန်ပြုလုပ်ကြသည့် တပည့်အနည်းငယ်တို့သည် တားမြစ်တည်နေရာထဲသို့ ဝင်ရောက်ပြီး နောက် ရန်ပွဲတစ်ခုကို ဖြစ်ပွားခဲ့သည်။

“ရှင်းချန်”

ကျွင်းချောင်ရှောင်းသည် သတင်းရရှိပြီးနောက် အမိန့်ပေးလိုက်သည်။ “သူတို့ကို သွားကြည့်လိုက်အုံး”

“ကောင်းပါပြီ” ရီရှင်းချန်သည် အမိန့်ကို လက်ခံရရှိပြီးသည့်နောက် လျင်လျင်မြန်မြန် ထွက်ခွာသွားသည်။ သိုင်းကျင့်ကြံခြင်းလောကတွင် ပဋိပက္ခနှင့် ရန်ပွဲများဆိုသည်မှာ ရှောင်လွှဲ၍ မရနိုင်ချေ။ သို့ပေမဲ့ တပည့် တစ်ယောက်ကို စေလွှတ်၍ သွားကြည့်ခိုင်းခြင်းဆိုသည်မှာတော့ အနည်းငယ် များပြားလွန်းလှသည်။

............

ဘုန်း

တားမြစ်နယ်မြေတစ်ခု၏ အပြင်ဘက်တွင်တော့ အလွန် အားကောင်းလွန်းလှသော စွမ်းအင်လှိုင်းများသည် ဖြစ်တည်လာခဲ့၏။

ဘုတ်

ဝတ်ရုံပေါ်တွင် ပန်းပွင့်များ ရေးထိုးထားသော သိုင်းကျင့်ကြံသူတစ်ယောက်သည် ရွံ့ရုပ်တစ်ခုကဲ့သို့ပင် မြေပေါ်သို့ လဲကျသွား၏။ သူ၏မျက်နှာတစ်ခုလုံးသည် ဝက်ခေါင်းကဲ့သို့ပင် ယောင်ကိုင်းနေသည်။

ဘုတ်

ရီရှင်းချန်သည် သူ၏ခြေထောက်ကို မြှောက်ကာဖြင့် ထိုသူ၏ခေါင်းပေါ်သို့ တင်လိုက်သည်။ ပြီးနောက် အေးစက်စက် ပြောလိုက်၏။ “မင်းလို အမှိုက်မျိုးက ဘယ်လိုဖြစ်ပြီးတော့ ပြိုင်စံရှားဂိုဏ်းကို ပြဿနာရှာရဲရ တာလဲ”

ဤလူသည် မြင်ကွင်းကို ရောက်ရှိလာပြီးသည့်နောက် မှန်သည်၊ မှားသည် တစ်ချက်ကလေးမှ မစဉ်းစားနေ တော့ချေ။ တိုက်ရိုက်ဆိုသလိုပဲ သူ၏ရောင်းရင်း ဂိုဏ်းသားများနှင့် အငြင်းပွားလျက်ရှိနေသည့် ထိုသူကို လည်ကုပ်မှ ဆွဲကိုင်ကာဖြင့် တရစပ် တိုက်ခိုက်ခဲ့သည်။

“ချီးတဲ့မှ” အဝေးတစ်နေရာတွင် ရှိနေသော အဖော်အပေါင်းများသည် ဒေါသထွက်လျက် ရှိနေကြ၏။ ၎င်းတို့ထဲမှ တစ်ယောက်သည် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာဖြင့် မီးကျည်ကဲ့သို့အရာကို မြှောက်ကာ ဖောက်လိုက်၏။ ချက်ချင်းဆိုသလိုပဲ ကောင်းကင်ယံထက်တွင် အလင်းတန်းများ ဖြစ်တည်သွား၏။

ကောင်းကင်ထိုးဖောက်ခြင်းမြား - စစ်သည်တစ်ထောင်ကျော်တို့သည် လာရောက်ကြတော့မည်လား။

ဟမ့် ....။

ရီရှင်းချန်သည် နှာခေါင်းရှုံ့ကာဖြင့် သူ၏ခြေထောက်အောက်တွင်ရှိသောလူကို ကန်ကျောက်လိုက်၏။ ပြီးသည့်နောက် လက်နှစ်ဖက်ကို အသာပိုက်ကာဖြင့် တစ်ဖက်လူများ၏ တပ်ကူများ ရောက်ရှိလာမည်ကို စိတ်အေး လက်အေးဖြင့် စောင့်မျှော်လျက်ရှိနေသည်။ နတ်ဆိုးဘိုးဘေးကြီး၏ ခန္ဓာကိုယ်ကို ရယူပြီးသည့်နောက် သူ၏အဆင့် သည် တိုးတက်လာခဲ့၏။ ထို့ကြောင့် ယခင်ကထက် ပိုမိုကာ မောက်မာလာခဲ့၏။ ဤလူသည် ညအင်ပါယာသာ ဖြစ်၏။

အတိတ်ဘဝက နှစ်ပေါင်းထောင်ကျော် ဇာတ်မြှုပ်နေခဲ့ရသည့် လူတစ်ယောက် ဖြစ်သည်နှင့်အညီ သူသည် အမှန်ပင် ဆိုးရွားသည့်အတွေ့အကြုံများကို ရရှိခဲ့၏။ အင်ပါယာကိုးယောက်တို့၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံခဲ့ရသလို အဆုံးသတ်၌ သူ၏ချစ်သူလက်ထဲတွင် သေဆုံးခဲ့ရဖူးသည်။

“ကောင်လေး”

သိုင်းကျင့်ကြံသူတစ်ယောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “မင်းကတော့ ပြဿနာ တက်ပြီပဲ”

ဘုန်း

ထိုသူပြောပြောပြီးချင်းမှာပဲ ရီရှင်းချန်သည် ထိုသူ၏ရှေ့တွင် ပေါ်ပေါက်လာခဲ့၏။ ပါးတစ်ချက် ပိတ်ရိုက်ကာဖြင့် တစ်ဖက်လူအား မီတာရာဂဏန်းထိ လွင့်စင်သွားအောင် ပြုလုပ်လိုက်သည်။ “နားငြီးလိုက်တာ”

“အားကောင်းလွန်းတယ်။ ပြီးတော့ မောက်မာလွန်းတယ်။ ဒီကောင့်ရဲ့အော်ရာတွေက လုံးဝ အားမနည်းဘူး။ ပြိုင်စံရှားဂိုဏ်းရဲ့ အဆင့်မြင့်အဖွဲ့ဝင်တစ်ယောက် ဖြစ်နိုင်တယ်။ ဟုတ်တယ်မလား”

ခပ်ဝေးဝေး တည်နေရာထဲတွင် ရှိနေသော လွတ်လပ်သည့်ကျင့်ကြံသူများသည် ဆွေးနွေးလျက်ရှိ၏။

ရီရှင်းချန်သည် မျက်မှောင်ကုတ်သွား၏။ သူတို့ မည်သူများဖြစ်ကြောင်းကို ဤကျင့်ကြံသူများသည် သိရှိနေကြ၏။ သို့ပေမဲ့ ထိုသူတို့တောင် သိရှိသည်ဆိုလျှင် ယခု ပြဿနာတက်သည့် သူများသည် အဘယ်ကြောင့် ပြဿနာရှာရသနည်း။ တစ်ဖက်လူများ၏ ဦးနှောက်သည် အလုပ် မလုပ်လေသည်လား။ သို့မဟုတ် ကြီးမားသည့် နောက်ခံတစ်ခုခု ပိုင်ဆိုင်နေလေသည်လား။

ဆွစ် ဆွစ်

အတွေးနက်လျက် ရှိနေတုန်းမှာပဲ အဝေးတစ်နေရာဆီမှ အလင်းတန်းများ ပျံသန်းလာခဲ့၏။ တော၏ အပေါ်ဘက် တွင် လူများ ရောက်ရှိလာခဲ့ပြီး သူတော်စင်ကဲ့သို့သော အဘိုးအိုလေးယောက်သည် ပေါ်ပေါက်လာခဲ့၏။ အားလုံး သောသူများသည် ရှည်လျားလှသော ဝတ်စုံကြီးများကို ဝတ်ဆင်ပြီး ၎င်းတို့၏ ခါးတွင် ကျောက်စိမ်းပြားများကို ဆွဲထား၏။ ၎င်းတို့၏ အော်ရာများသည် သာမန်ထက် ပိုမိုလွန်း၏။

“ဒါက....”

လွတ်လပ်သော ကျင့်ကြံသူများထဲမှ တစ်ယောက်က ပြောလိုက်သည်။ “ဆန်းကြယ်ကောင်းကင်တာအို ဂိုဏ်းလား”

ရီရှင်းချန်သည် နောက်ဆုံးတော့ နားလည်သွား၏။ တစ်ဖက်လူများသည် ခေါင်းမာမာဖြင့် တည်ရှိနေခြင်း ဆိုသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ တာအိုအဆင့်ဂိုဏ်းတစ်ခု၏ နောက်ခံ ပိုင်ဆိုင်နေသောကြောင့်ပင်။

“အကြီးအကဲဟုန်”

ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းမှ တပည့်တစ်ယောက်သည် ဒေါသတကြီးဖြင့် ရီရှင်းချန်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ဒီလူတွေက ကျုပ်တို့ရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို လုယူသွားပြီးတော့ စီနီယာအစ်ကိုနှစ်ယောက်ကို ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သေးတယ်”

“ချီးတဲ့မှ...”

လျှိုပိုင်ဝမ် ဟုခေါ်သော ပြိုင်စံရှားဂိုဏ်း အပြင်စည်းတပည့်တစ်ယောက်သည် အော်ဟစ်လိုက်တော့သည်။ “ကျုပ်တို့က တားမြစ်တည်နေရာထဲကို အရင်ရောက်လာပြီး စိတ်ဝိညာဉ်ကျောက်တုံးတွေကို တူးနေတာ။ မင်းတို့က အရှက်မရှိ ရောက်လာတာ မဟုတ်လား”

ဤအရာမှာ အမှန်ပင်ဖြစ်၏။ ဤကိစ္စနှင့်ပတ်သက်၍ ရီရှင်းချန်သည် ကောင်းကောင်းနားလည်ပြီး ဖြစ်တော့သည်။ ပြိုင်စံရှားဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် သူတို့သည် တစ်ဖက်လူများအပေါ်တွင် ဆိုးရွားသည့် ကိစ္စရပ်များ ကို ဘယ်တော့မှ မပြုလုပ်ခဲ့ချေ။ ထို့ကြောင့် အေးအေးသက်သာဖြင့် ပြောလိုက်သည်။

“ဒီတော့ ကျုပ်တို့လုတယ် ဆိုရင်တောင် ဘာဖြစ်လဲ”

ဤရက်စက်လှသော သိုင်းလောကထဲတွင် တစ်စုံတစ်ယောက်သည် မိမိကိုယ်ပိုင်ပစ္စည်းကို ကာကွယ်ရန် အရည် အချင်းရှိနေသင့်၏။ ရီရှင်းချန်၏ စကားလုံးသည် ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းဆီမှ ဆန်းကြယ်သူ လေးယောက်တို့အား ရန်စသကဲ့သို့ပင်။

၎င်းတို့အားလုံးသည် ဒေါသထွက်သွားခဲ့ကြ၏။ ထို့အတူ စိတ်ထဲမှာလည်း ကြိတ်ကာ ပျော်ရွှင်သွားမိသည်။ ပြိုင်စံရှားဂိုဏ်းသည် အမှန်ပင် မောက်မာလွန်းလှ၏။ သူတို့အနေနှင့် အမုန်း တရားများ ဖြစ်တည်ရန် ပဋိပက္ခ တစ်ခုကို လွယ်ကူစွာ ဖန်တီးနိုင်လောက်ပေမည်။

“အမှိုက်ကောင်”

ဦးဆောင်လာသော အကြီးအကဲက အေးစက်စက် ပြောလိုက်သည်။ “ကျုပ်တို့ဂိုဏ်းရဲ့ လက်ထဲက တစ်စုံတစ်ခုကို ယူသွားပြီဆိုမှတော့ လက်လွှဲပေးရင်ပေး၊ မပေးရင် အားလုံးကို အပြစ်ပေးရမယ်”

ဆွစ်

လက်ချောင်းများကို ယမ်းခါလိုက်ရုံဖြင့် ကျန်းချီများသည် တည်နေရာအနှံတွင် ဖြစ်တည်လာ၏။ ပြဿနာရှာသည့် အကောင်းဆုံးသော နည်းလမ်းသည် ပဋိပက္ခများကို ညှိနှိုင်းဆွေးနွေးစရာမလိုဘဲ တစ်ခါတည်း တိုက်ခိုက်ခြင်းပင် ဖြစ်၏။

တခြားသောဂိုဏ်းများသည် ပြိုင်စံရှားဂိုဏ်းနှင့် ပြဿနာတက်ခြင်းကို ရှောင်ရှားပေလိမ့်မည်။ သို့ပေမဲ့ ဆန်းကြယ် ကောင်းကင်တာအိုဂိုဏ်းမှာတော့ ကျိန်းသေပေါက် ရှောင်ရှားလိမ့်မည် မဟုတ်ချေ။ ဤကဲ့သို့သော အခြေအနေ ဖြစ်အောင် သူတို့က ကြိုးစားထားခဲ့ရသည် မဟုတ်ပါလား။

ဘုန်း

လက်ဝါးရိုက်ချက်တစ်ခု ပေါ်ပေါက်လာပြီးသည့်နောက် အလင်းတန်းများသည် တည်နေရာအနှံ့သို့ ပေါက်ကွဲထွက် သွားသည်။

ရီရှင်းချန်သည် သူ၏လက်ဝါးကို ပြန်လည်ရုတ်သိမ်းပြီးသည့်နောက် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ “ကျုပ်ကို အပြစ်ပေးနိုင်တဲ့လူက မမွေးသေးဘူးလေ”

ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းမှ ကျွမ်းကျင်သူ၏ မျက်နှာသည် ပြောင်းလဲသွားခဲ့သည်။ ဤကောင်လေး၏ အော်ရာသည် အမြူတေ ပြောင်းလဲခြင်းအဆင့်၌သာရှိ၏။ အဘယ်ကြောင့် အကြီးအကဲဟုန်၏ လက်ဝါးတိုက်ခိုက် ချက်ကို လွယ်လွယ်ကူကူနှင့် တားဆီးနိုင်ရသနည်း။

အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်းမှ ရီရှင်းချန်နှင့် အပြင်စည်းတပည့်များသည် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်ကို လေ့ကျင့်ထားခဲ့၏။ ထို့ကြောင့် တခြားသူများသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ခဲ့ကြချေ။

“ဟမ့်”

အကြီးအကဲဟုန်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “မောက်မာနေတာ အံ့အားသင့်စရာ မဟုတ်ဘူး။ စွမ်းရည်အနည်းငယ်လေးတော့ ရှိသေးသားပဲ”

ဆွစ် ဆွစ်

ပြောပြီးသည့်နောက် သူ၏ဝတ်ရုံရှည်ကြီးသည် မည်သည့်လေမှ မတိုက်ခိုက်ဘဲ လွင့်မျောနေ၏။ ကျန်းချီများ၏ စွမ်းအင်များသည် ခန္ဓာကိုယ်၌ ဖြစ်တည်လျက်ရှိနေပြီး သူ၏ အစစ်အမှန် ရှာဖွေခြင်းအဆင့်နိမ့် ကျင့်ကြံခြင်းသည် ပေါ်ပေါက်လာခဲ့သည်။

ရီရှင်းချန်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားတို့လေးယောက်.... ကျုပ်ဆီကို တပြိုင်တည်း တက်လာတာ ပိုကောင်းမယ်”

“ခွေးကောင်... မောက်မာလိုက်တာ” အကြီးအကဲဟုန်သည် သူ၏လက်ဝါးကို လေဟာနယ်ထဲသို့ တွန်းပို့လိုက်သည်။ ကျန်းချီများသည် ဖြစ်တည်လာခဲ့ပြီးသည့်နောက် နတ်ဆိုးသားရဲကြီးများကဲ့သို့ အော်ဟစ်ကာဖြင့် ရီရှင်းချန်ဆီသို့ ရောက်ရှိလာ၏။ ပတ်ဝန်းကျင် တည်နေရာထဲတွင် ရှိသော ကျောက်ရိုင်းနှင့် သစ်ပင်များအားလုံးသည် တစစီ ဖြစ်ကုန်သည်။

ဆွစ်

ရီရှင်းချန်သည် သူ၏ဘယ်ဘက်လက်ကို အသာနောက်သို့ပစ်ပြီး ညာဘက်လက်ကို ငြင်သာစွာဖြင့် မြှောက်လိုက်၏။ စွမ်းအင်လှိုင်းများသည် တရိပ်ရိပ်နှင့် ဖြစ်တည်လာပြီး ကောင်းကင်လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်ခြင်းပင်။ ဤတိုက်ခိုက်ချက်သည် တထိုင်တည်းနှင့် ကြမ်းတမ်းလွန်းလှသော တိုက်ခိုက်ချက် ဖြစ်သည်မှန်း သိနိုင်၏။

ဘုန်း ဘုန်း ဘုန်း

ချက်ချင်းပဲ သားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်ကာ ဝင်ရောက်လာသည့် စွမ်းအင်လှိုင်းများသည် ပျက်စီးကုန်သည်။

ရီရှင်းချန်သည် တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။ လေထုထဲတွင် ရှိနေသည့် တခြားသောလူသုံးယောက်ကို ပျင်းရိလေးကန်စွာဖြင့် ကြည့်ကာ ပြောလိုက်၏။ “ခင်ဗျားတို့ မတိုက်ခိုက်ဘူးဆိုရင် ဒီအဘိုးကြီး ဒုက္ခရောက်သွား မယ်နော်”

All Chapters