← Chapters

နန်းတော်မှလူ

Vol. 126 Ch. 1764

နန်းတော်မှလူ

Vol. 126 Ch. 1764

ပြီးတော့ ထိုထင်မြင်ချက်သည် သူမ၏ အတွေးသက်သက်သာဖြစ်သည်။

နီရဲပျားများ၏ ခြေရာခံမှုမရှိသောကြောင့် သူမသည် အပြင်မှသတင်းများ ကို မသိရပေ။ ထို့ကြောင့် သူမ ဒိကျဲ့နှင့်မိုယွိတို့နှင့် တွေ့လျှင် ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့နှင့်အတူ ထွက်ပြေးရန်စီစဉ်ထားပြီးဖြစ်သည်။

လူငယ်ဖလှယ်ပွဲကျင်းပသည့် နေ့ရက်များတွင် သူမသည် အိမ်တွင်နေပြီး အပြင်မထွက်ပေ။ ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့သည် သူမကို တစ်ခါတစ်ခါ အဖော်ပြုပေးပြီး လူငယ်ဖလှယ်ပွဲ၏ နောက်ဆုံးနေ့ရက်များအကြောင်းကို ပြော ဆိုကြသည်။

ထိုနေ့တွင် မုရုန်ဟွေ့သည် ပြင်ဆင်ကာ အရင်နေ့များကဲ့သို့ ပြိုင်ပွဲကွင်း နေရာသို့ သွားသည်။ တစ်ခုကွာသွားသည်မှာ သူမသွားချင် ရှီမာယူယူကို ဝင် တွေ့သွားသည်။

“အဖေ သမီးဒီနေ့အပြင်ထွက်ချင်တယ်”

မုရုန်ဟွေ့သည် ခြေလှမ်းများတန့်သွားသည်။ သူ သူမကိုကြည့်လိုက် သည် “သမီးအပြင်ထွက်မလို့လား”

“ဒီနေ့က လူငယ်ဖလှယ်ပွဲရဲ့ နောက်ဆုံးနေ့လေ သမီးဒီနေ့အပြင်ထွက်ရင် သူတို့လှုပ်ရှားဖို့ အကောင်းဆုံးအခွင့်အရေးပဲ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

မုရုန်ဟွေ့ မျက်မှောင်ကြုတ်လိုက်သည် “ဒါပေမဲ့ ဒီနေ့က ပြိုင်ပွဲ နောက်ဆုံးနေ့လေ အဖေတက်ကိုတက်ရမှာ သမီး အခုအပြင်ထွက်ရင် အဖေ စိတ်ပူနေရမှာပေါ့”

“အဖေ စိတ်မပူပါနဲ့ သမီးနားမှာလူတွေ စီစဉ်ပေးထားတာမဟုတ်ဘူးလား သူတို့က အရင်ရှီအာကို ကာကွယ်ပေးတဲ့လူတွေထက် တော်တယ်မလား” ရှီမာယူယူ သူ့ကိုဖျောင်းဖျသည် “ပြီးတော့ သမီးမှာ ခရမ်းလေးရှိတယ်လေ သမီး ကိုဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်ပါဘူး”

“ဒါပေမဲ့…” မုရုန်ဟွေ့သည် တွေဝေနေတုန်းပင် “အဖေ ကိစ္စတစ်ခုတည်း ကို နှစ်ခါမကြုံချင်ဘူး”

“အဖေ သမီးက ရှီအာထက် ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင်ပါတယ် အဖေကလည်း ပိုကောင်းကောင် ကာကွယ်ပေးနေတာပဲ သမီးမှာ အရေးကြီး လုပ်စရာတွေလည်း ရှိတယ် သမီးအသက်ကို နောက်ပြောင်တာမျိုးမလုပ်ပါဘူး” သူမ နားသွင်းလေသည်။

“သခင် အချိန်ကျတော့မယ်” အစောင့်တစ်ယောက်သည် အရှေ့မှပြေး လာပြီး တိုးညင်းစွာသတိပေးသည်။

“အဖေ ဒီမှာဘဏ္ဍာထိန်း ထားပေးခဲ့မယ် သူနဲ့ဆွေးနွေးပြီးတော့ သွား လိုက်ပေါ့” မုရုန်ဟွေ့သည် ဘဏ္ဍာထိန်းကို တစ်ချက်ကြည့်သွားသည်။

“ဟုတ်ကဲ့ပါ” ရှီမာယူယူသည် သူမအသက်ကို နောက်ပြောင်ခြင်း မပြုပါ ဟု ကတိပေးလိုက်ရသည်။

မုရုန်ဟွေ့သည် သူမ သဘောတူသည်ကို မြင်သောအခါ သူမကို အပြင် ထွက်ရန် သဘောတူလိုက်သည်။ သူသည် သူမကိုကာကွယ်ရန် ဘဏ္ဍာထိန်းကို မှာကြားပြီး အစောင့်များနှင့်အတူ ထွက်သွားလေသည်။

ဘဏ္ဍာထိန်းသည် ရှေ့တိုးကာ ရှီမာယူယူအား အရိုအသေပေးလေသည် “အကြီးဆုံးသခင်မလေး လူတွေအကုန်စုဖို့ဆိုရင် အချိန်လိုတယ် သခင်မလေး ဒုက္ခတွေ့တာနဲ့ လာပြီးကာကွယ်ဖို့ဆို အားလုံလောက်နေဖို့လိုတယ်”

“ဟုတ်ပါပြီ ကျွန်မ နေ့လည်မတိုင်ခင် အပြင်မသွားပါဘူး အဖေလုပ်ခိုင်း ထားတာတွေ စီစဉ်ပြီးမှ ကျွန်မကိုပြောပါ” ရှီမာယူယူသည် ဘဏ္ဍာထိန်းကို ပြုံး ပြသည်။

နေ့လည်တွင် သူမ မြို့ဝန်အိမ်တော်မှ ထွက်သွားမည်အပြုတွင် ဝင်လာ သည့် ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့ကို တွေ့လိုက်လေသည်။

“မင်းတို့နှစ်ယောက် ဒီနေ့မလာဘူးလို့ ပြောထားတာမဟုတ်ဘူးလား”

“ရှောင်ရော့ပိုင်က မင်း အရူးအလုပ်တွေ လုပ်မှာစိုးလို့တဲ့ အဲဒါနဲ့ ငါတို့ လာလိုက်တာ” ကုန်းဇီယွမ်သည် မိန်းကလေးများမှာ ပြဿနာများလွန်းသည် ဆိုသည့်အဓိပ္ပာယ်နှင့် ပခုံးတွန့်လိုက်သည်။

“အတော့ ငါ မှန်းတာမှန်နေတာပဲ” ရှောင်ရော့ပိုင်သည် ရှီမာယူယူကို ကြည့်လိုက်သည်။

“ငါလုပ်စရာရှိတယ် မင်းတို့ကို ဧည့်ခံဖို့အချိန်မရှိဘူးထင်တယ်” ရှီမာယူယူ ပြောလိုက်သည် “မနက်ဖြန်ကျရင် ငါ မင်းတို့ကို လက်ဖက်ရည် သောက်ဖိတ်မယ် နောက်ဆုံးရလဒ်ကိုပြောလေ”

“ငါတို့ ရောက်နေပြီပဲ ထွက်သွားမယ်လို့ ထင်နေလား” ရှောင်ရော့ပိုင် ငြင်းဆန်လေသည်။

“ဟုတ်တယ်လေ မင်း ဘယ်သွားမလို့လဲ ငါမင်းနဲ့အတူလိုက်မယ်” ကုန်းဇီယွမ် သံယောင်လိုက်သည်။

“ငါလုပ်ချင်တာက အရမ်းလျှို့ဝှက်တယ် မင်းတို့ကိုခေါ်သွားဖို့ အဆင် မပြေဘူး” ရှီမာယူယူသည် တိုက်ရိုက်ပင်ငြင်းဆန်သည်။

“လုပ်စမ်းပါ ငါတို့က မင်းကိုမသိတာလည်းမဟုတ်ဘူး” ကုန်းဇီယွမ် ပြော လိုက်သည် “ဒီနေ့ ငါတို့ မင်းနဲ့လိုက်မယ်”

“မင်းတို့…”

“ရှီအာ ငါတို့က မင်းရဲ့လုံခြုံရေးကို စိတ်ပူလို့ပါ” ကုန်းဇီယွမ် ပြောလိုက် သည်။

“ဒါပေမဲ့ မင်းတို့ကိုခေါ်သွားရင် ပိုပြီးအန္တရာယ်များတယ်” ရှီမာယူယူသည် မတတ်သာစွာပြောလိုက်သည်။

“ပြီးခဲ့တဲ့ မတော်တဆမှုပြီးသွားတော့ ငါတို့မျိုးနွယ်က ငါတို့ကိုကာကွယ် ဖို့ မရဏာသူတော်စင်သခင်နှစ်ယောက် လွှတ်ထားပေးတယ် အဲဒါကြောင့် ဒီတစ်ခေါက်က အရင်လိုဖြစ်မှာတော့မဟုတ်ဘူး” ကုန်းဇီယွမ်သည် ဂုဏ်ယူစွာ ဖြင့် ပြုံးလေသည်။

ရှီမာယူယူသည် မတတ်သာစွာြဖင့် ခေါင်းခါလိုက်သည် “သွားကြမယ်”

“ဘယ်သွားမလို့လဲ” သူတို့နှစ်ယောက်သည် သူမနောက်မှလိုက်လာ သည်။

“လူသူမရှိတဲ့တောင်တွေနဲ့ တောင်ကြော အကျယ်ကြီးတွေက မကောင်းမှု လုပ်ဖို့ အကောင်းဆုံးပဲလေ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “အရင်တစ်ခေါက် က သူတို့တွေ ရှီအာကို ဂူလန်တောင်ကနေ ပြုတ်ကျအောင် လုပ်ခဲ့တာမလား ငါ ဂူလန်တောင်ကိုသွားမလို့”

“ငါသိနေတယ် မင်း အဆင်ပြေမှာပါ” ကုန်းဇီယွမ် ပြောလိုက်သည်။

“မင်းနဲ့ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ငါအဆင်ပြေတယ်” ရှီမာယူယူသည် အထင်သေးစွာဖြင့် ကြည့်လိုက်သည်။

သူတို့ မြို့ဂိတ်ပေါက်မှထွက်သည်နှင့် နောက်ယောင်ခံလိုက်ခံရသည်ကို ချက်ချင်းပင် အာရုံခံမိလိုက်သည်။ သူတို့သည် ဂူလန်တောင်သို့ ကျင့်ကြံရန် သွားမည့်သူများအဖြစ် ဟန်ဆောင်နေကြသော်လည်း တစ်ခါတစ်ခါ အကဲခတ် သောအကြည့်များမှာ သူတို့ကိုပြန်သစ္စာဖောက်လျက်ရှိသည်။

“အဲလူတွေက ဘယ်ကလာကြတာလဲ သူတို့က မင်းကိုသတ်ဖို့လား” ကုန်းဇီယွမ် မှတ်ချက်ပြုသည်။

“ငါက ဘာမှမလုပ်နိုင်တဲ့ အမှိုက်ပဲကို” ရှီမာယူယူ ပြောလိုက်သည် “သူတို့ က ငါ့ကိုသတ်ဖို့ ဒီလောက်လူအများကြီး လွှတ်လိုက်တာက ငါ့ကိုအထင်ကြီးနေ တာပဲ ဟုတ်တယ်မလား”

“ဟုတ်တယ်” ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့သည် သဘောတူစွာဖြင့် ခေါင်းညိတ်သည်။

ရှီမာယူယူမှာ “….”

“ဒါနဲ့ အရင်တစ်ခေါက်က ဒီမှာမိုးကြိုးဘေးဒုက္ခဖြစ်သွားတာ မင်း သိလိုက်လား” ရှောင်ရော့ပိုင် မေးသည်။

“ငါ မြို့ဝန်အိမ်တော်မှာ ရှိနေတာ” ရှီမာယူယူ ပြောလိုက်သည် “မင်း လာကြည့်လိုက်တာလား”

“ငါတို့လာတဲ့အချိန်ကျ ဒီမှာဘာမှမကျန်တော့ဘူး ဘယ်သူကများ ဘေးဒုက္ခခံတာလဲမသိဘူး ပြောရင်းနဲ့ အဲလူတော့ မိုးကြိုးအပစ်ခံရလို့ သေတော့ မှာပဲ” ကုန်းဇီယွမ် ပြောလိုက်သည်။

ရှီမာယူယူသည် နှာခေါင်းပွတ်ပြီး ဘာမှပြန်မဖြေပေ။

“အဲလိုလည်း ဖြစ်နိုင်တာပဲ” သူတို့သည် မြို့အပြင်သို့ ခပ်ဝေးဝေး မလျှောက်ရသေးခင်မှာပင် လူသူပြတ်လပ်သွားသည်ကို မြင်လိုက်ရသည်။ သူမ ရပ်ကာ ဆက်မလျှောက်တော့ပေ။

နောက်ယောင်ခံလိုက်သည်မှာ ပေါ်သွားကြောင်းကို လိုက်လာသူများ သိ နေပြီဖြစ်သည်။

“အစ်ကိုကြီး ကုန်းဇီယွမ်နဲ့ ရှောင်ရော့ပိုင်တို့လည်း ရှိနေတယ်”

“ငါ မြင်တယ်” အစ်ကိုကြီးဆိုသူသည် အဆင်ပြေမနေပေ။

“ဒါဆို သူတို့ကိုလည်း အတူ ရှင်းလိုက်ရမလား အဲဒီမျိုးနွယ်နှစ်ခုက ကြီးတယ်မလား”

“ပြဿနာရှိတယ်”

“အစ်ကိုကြီး အထက်ကလူတွေက ဘယ်သူလဲ ကျွန်တော်တို့က သူတို့ သရုပ်မှန်ကိုမသိဘူး အဲနှစ်ယောက်နဲ့ သွားရှုပ်လိုက်ရင် နောက်ထပ် ပြဿနာ ဖြစ်ဦးမလား”

“ဟုတ်တယ် အစ်ကိုကြီး ကျွန်တော်တို့က အသက်ရှင်ဖို့ အစ်ကိုကြီး နောက်လိုက်တာ အဲဒီမျိုးနွယ်နှစ်ခုကိုပြစ်မှားမိလိုက်ရင် တစ္ဆေလောကမှာ အစတောင်ပျောက်သွားဦးမယ်”

“ဘာတွေကြောက်နေတာလဲ” အစ်ကိုကြီးဆိုသူသည် သူတို့ကိုပခုံးပုတ် လိုက်သည် “ဒါဘာလဲဆိုတာ ကြည့်လိုက်”

“နန်းတော်က တံဆိပ်ပြားလား”

“ဟုတ်တယ် အဲဒီတော့ ငါတို့အထက်ကလူက နန်းတော်ကပဲ အဲဒါကြောင့် အဲဒီမျိုးနွယ်နှစ်ခုလောက်ကို ကြောက်ဖို့မလိုဘူး သူတို့ကိုသွားရှင်း လိုက်တော့”

အစ်ကိုကြီးဆိုသူပြောသည်နှင့် ထိုညီအစ်ကိုများသည် ရှီမာယူယူ၊ ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့ကို ဝိုင်းလိုက်ရာ သူတို့၏ ကိုယ်ရံတော်များ ခုန်ထွက်လာပြီး သူတို့ရှေ့တွင် ကာလိုက်ကြသည်။

ရှီမာယူယူသည် သူတို့ကိုကြည့်ပြီး မေးခွန်းထုတ်သည် “မင်းတို့က ဘယ်သူတွေလဲ”

“သိဖို့မလိုပါဘူး” အစ်ကိုကြီးဖြစ်သူမှ နှာမှုတ်လေသည်။

“အင်း ငါ သိဖို့မလိုဘူး ဘာလို့လဲဆိုတာ့ မင်းတို့ကို လူတစ်ယောက်က ခိုင်းလိုက်တာပဲ ပြီးတော့ အဲဒီခိုင်းတဲ့လူက နန်းတော်ကပဲ.. မှန်းစမ်းပါဦး အဲလူ က တစ္ဆေကြင်ယာတော်နဲ့များ တူနေမလား”

အစ်ကိုကြီးဆိုသူ ထိတ်လန့်သွားသည်။ အထက်ကလူက တကယ်ပဲ တစ္ဆေကြင်ယာတော်လား။

“ဟင်း မင်းတို့ဘာပဲပြောပြော ဒီနေ့ ထွက်ပြေးလို့မရဘူး အရင်တစ်ခေါက် က ကံကောင်းသွားပေမဲ့ ဒီနေ့ ဒီလိုထပ်မဖြစ်စေရဘူး အားလုံးပဲ တိုက်ခိုက် တော့”

ရှီမာယူယူကို ကာကွယ်သူများသည် အနောက်မှ ထွက်လာသည်။ နှစ်ဦး နှစ်ဖက် တိုက်ခိုက်ကြသည်။ ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့သည် သူမကို တိုက်ပွဲအတွင်းမှဆွဲထုတ်ကာ ဂူလန်တောင်ဆီသို့ ဆက်ပြေးလေသည်။

***

All Chapters