← Chapters

အခန်း ၁၆၄၇

Vol. 111 Ch. 1647

အခန်း ၁၆၄၇

Vol. 111 Ch. 1647

အပိုင်း (၁၆၄၇)

ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းသည် ကြီးမားလှသည့် ကိစ္စရပ်ကြီးများကို ပြုလုပ်ချင်၏။ ကျွင်းချောင်ရှောင်း အနေဖြင့် ပိုက်ဆံကိုလည်း လိုအပ်နေသေးသည်။ ထို့ကြောင့် တစ်ဖက်လူများနှင့် ပူးပေါင်းသည့်ကိစ္စရပ်ကို သူက ပြုလုပ်ခဲ့သည်။ အကြီးအကဲလေးယောက်တို့ကို သူသည် စတင်ကာ နှိပ်စက်ခဲ့တော့သည်။

ဟုတ်ပေသည်။ ဤအရာသည် ပေါ့ပေါ့ပါးပါး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်နိုင်၏။ တကယ်တမ်း သူသာ ကြမ်းတမ်းချင်သည်ဆိုပါက ၎င်းတို့အားလုံးအား ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ စေလွှတ်ကာဖြင့် ကောင်းမွန် လှသည့် နေ့ရက်များကို ဖြတ်သန်းခိုင်းမှာ သေချာ၏။

လင်းရှန်းယိ သည် ပျော်ရွှင်မှုနှင့် ကြောက်လန့်မှုတို့ကို ခံစားနေမိ၏။ ပျော်ရွှင်ခြင်းဆိုသည်မှာ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူဖြစ်စေချင်သည့်အတိုင်း ခေါင်းမာမှုကို ပြသလျက် ရှိနေသည်။ သို့ပေမဲ့ ကြောက်ရွံ့လျက် ရှိနေသည်မှာ သူ၏ အကြီးအကဲများကို မတော်တဆနှင့် သတ်ဖြတ်ပစ်မှာကိုပင်။ အရေအတွက်ကို မပြောနှင့် အစစ်အမှန်ရှာဖွေခြင်းအဆင့် လေးယောက် ဖြစ်ပွားဖို့ဆိုသည်မှာ ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ထက် ပိုမိုကာ ကုန်ကျ၏။ ထို့အပြင် ထိုသန်းတစ်ထောင်ကို ထုတ်ပေးလိုက်ရုံနှင့် အစစ်အမှန် ရှာဖွေခြင်းအဆင့်နိမ့် ကျင့်ကြံသူလေးယောက်ကို ချက်ချင်းရရှိလိမ့်မည် မဟုတ်ချေ။ အချိန်ကာလကလည်း လိုအပ် နေသေး၏။

အနည်းငယ် နှောင့်နှေးနေသည်ကို မြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ဓားမြှောင်ကို မြှောက်ကာဖြင့် နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ ထိုးချလိုက်တော့သည်။ ဤတစ်ကြိမ်မှာတော့ တစ်ဖက်လူသည် ကျိန်းသေပေါက် သေဆုံးတော့မှာဖြစ်သည်။

“ဂိုဏ်းချုပ်ကျွင်း”

လင်းရှန်းယီသည် နောက်ဆုံးတွင် မည်သို့မှ မနေနိုင်တော့ဘဲ အလောတကြီးဖြင့် အော်ဟစ်လိုက်၏။ “စကားကောင်းကောင်း ပြောကြရအောင်”

ထက်ရှလှသော ဓားမြောင်၏ ဓားသွားသည် အကြီးအကဲ၏ ရင်ဘတ်နှင့် တစ်စင်တီမီတာလောက် အကွာအဝေးတွင် ရပ်တန့်သွားခဲ့တော့သည်။ တစ်ဖက်လူသည် မျက်လုံးများ ပြူးထွက်သွားပြီးသည့်နောက် ချွေးစေးများပြန်ကာဖြင့် တစ်ခါတည်း သတိလစ်မေ့မျောသွားခဲ့သည်။

သေဆုံးခြင်း - သူသည် သေဆုံးခြင်းနှင့် အလွန်နီးကပ်သည့် အခြေအနေဆီသို့ ရောက်ရှိခဲ့၏။

ကျွင်းချောင်ရှောင်းသည် အသာလှည့်ကာဖြင့် ပြောလိုက်သည်။ “ကျုပ်ပြောမယ်။ ရွှမ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး သန်းတစ်ထောင်... တစ်ခုလေးတောင်မှ မလျော့ဘူး”

ထင်မှတ်ထားသည့်အတိုင်းပင် ကုန်းရှန့်သည် အမှန်ပင် ပူးပေါင်းဆောင်ရွက်လျက် ရှိနေ၏။

..........................

လင်းရှန်းယီ၏ အမူအရာသည် ပိုမိုကာ ပျက်ယွင်းသွားခဲ့၏။ လင်းထျန်အင်မော်တယ်ဂိုဏ်းဆီမှ ရရှိထားသည့် အမိန့်သည် ပြန်ပေးငွေများကို မပေးရန်ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူသည် သူ့အား ဖိအားပေးလျက် ရှိနေ၏။ သူ့အနေနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကို မပေးပါက တစ်ဖက်လူအနေနှင့် သူ၏လူများကို သတ်ဖြတ်မှာ ကျိန်းသေသည်။

“ကျွင်းချောင်ရှောင်း”

ထိုအချိန်မှာတော့ ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းဆီမှ အကြီးအကဲတစ်ယောက်သည် မည်သို့မှ မနေနိုင်တော့ဘဲ အော်ဟစ်လိုက်၏။ “ဒီလိုအရှက်မဲ့ ငွေညှစ်တဲ့ကိစ္စရပ်မျိုးကို နယ်မြေဟောခန်းဆီ ပြန်ပြီတိုင်မှာကို မကြောက်ဘူးလား”

မှန်ပေ၏။ သူတို့သည် အကြီးအကဲများအတွက်သာ တွေးပူနေမိ၏။ နောက်ခံတည်ရှိနေသည်ဆိုခြင်းကို မေ့လျော့ နေခဲ့သည်။

“နယ်မြေဟောခန်း”

ကျွင်းချောင်ရှောင်းသည် သဘောမတူစွာဖြင့် ပြောလိုက်၏။ “သူတို့က ကျုပ်ရဲ့ မျက်လုံးထဲမှာ တောင်မရှိဘူး”

ဤစကားစုသည် ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းအတွက် အကောင်းမွန်ဆုံးသော အခွင့်အရေးပင် ဖြစ်တော့သည်။ လင်းရှန်းယီသည် တစ်ခါတည်း ထိုစကားကို အကျကောက်ကာ ပြောလိုက်သည်။ “နယ်မြေ ဟောခန်းဆိုတာ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းက ဖန်တီးထားတဲ့ အရာပဲလေ။ ဂိုဏ်းချုပ်ကျွင်းက အင်မော်တယ်အဆင့် ဂိုဏ်းကြီးတွေကိုတောင် ဂရုမစိုက်ဘူးလား”

“အင်မော်တယ်အဆင့်ဂိုဏ်းဆိုတာ ဘာမှမဟုတ်ဘူး” ကျွင်းချောင်ရှောင်း ဤစကားကို ပြောလိုက်သည့်အချိန် မှာတော့ အားလုံးသောသူများသည် ထိတ်လန့်အံ့အားသင့်မှုကို ဖြစ်စေခဲ့တော့၏။ ကျွင်းချောင်ရှောင်း၏ ဟန်သည် အမှန်ပင် မထီမဲ့မြင်နိုင်လွန်းလှ၏။

လင်းရှန်းယီသည် ထိုအရာကို ယုံကြည်ရုံသာမက တိတ်တဆိတ် ကြိတ်ကာ ပျော်ရွှင်လျက်လည်း ရှိနေသည်။ “ကောင်းပြီ။ ကျုပ် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းကို သွားရှာပြီး သူတို့ကို ဆုံးဖြတ်ခိုင်းလိုက်မယ်”

နေ့ဝက်လောက် အလုပ်ကြိုးစားပြီးသည့်နောက် သူသည် အင်မော်တယ်အဆင့်ဂိုဏ်းကြီးများ ဝင်ရောက်နိုင်မည့် လမ်းကြောင်းကို ပေးအပ်နိုင်ခဲ့ပြီဖြစ်၏။ သူ့အတွက် ရရှိထားခဲ့သည့် တာဝန်သည် တစ်ဝက်ပြည့်စုံသွားခဲ့ပြီဖြစ်၏။

ကျွင်းချောင်ရှောင်းသည် သွေးစီးကြောင်းများရှိနေသော ဓားမြောင်ကို မြှောက်ကာဖြင့် ဘေးတွင်ရှိနေသော အကြီးအကဲ၏ပါးကို ပွတ်ကာပြောလိုက်သည်။ “အင်မော်တယ်အဆင့် ဂိုဏ်းတွေပဲဖြစ်ဖြစ်၊ နတ်ဘုရားအဆင့် ဂိုဏ်းတွေပဲဖြစ်ဖြစ်၊ တရားမျှတမှုကို လာပြီးတော့ ရှာမလား၊ မရှာဘူးလားဆိုတာ ကျုပ် ဂရုမစိုက်ဘူး။ လောလောဆယ် ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ကို ကျုပ်ကိုပေး။ မဟုတ်လို့ရှိရင် ခင်ဗျား ထွက်သွားပြီဆိုတာနဲ့ အလောင်းပဲ ရတော့မယ်”

ရွှီ ရွှီ

ကျွင်းချောင်ရှောင်းလက်ထဲရှိ ဓားမြှောင်သည် လှုပ်ခါလျက် ရှိနေ၏။

ဆွစ် ဆွစ်

ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းဆီမှ အကြီးအကဲသည် ရှောင်တိမ်းရန် အချိန်ပင်မရချေ။ လက်နှင့် ခြေထောက်ရှိ အကြောများသည် ပြတ်တောက်သွားခဲ့၏။ သွေးများသည် ပန်းထွက်လာခဲ့တော့သည်။

အား....

သတ်ဖြတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ပင် ကျယ်လောင်သည် အော်ဟစ်သံကြီးသည် အင်မော်တယ်တောင် တဝိုက်တွင် ဖြစ်ပေါ်လာခဲ့၏။

“ကျွင်းချောင်ရှောင်း” လင်းရှန်းရီသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

သူမည်မျှရက်စက်သည်ကို ပိုမိုထင်ပေါ်စေရန်အလို့ငှာ ကျွင်းချောင်ရှောင်းသည် ထိုအကြီးအကဲတစ်ယောက်၏ ဆံပင်ကို လက်ဖြင့် ဆွဲကိုင်ကာဖြင့် လည်ပင်းပေါ်သို့ ဓားမြောင်သွားကို တင်လိုက်၏။ ပြီးနောက် အေးစက်စက် အကြည့်ဖြင့် ကြည့်ကာပြောလိုက်သည်။ “ကျုပ် သုံးအထိရေမယ်။ စဉ်းစားဖို့ပေါ့။ မဟုတ်ရင် သူတို့ရဲ့အလောင်း တွေကိုပဲ ခင်ဗျားရမယ်”

သတ်ဖြတ်လိုခြင်းဆန္ဒများသည် လေထုထဲတွင် ဖြစ်တည်လာခဲ့၏။

“ဂိုဏ်း... ဂိုဏ်းချုပ်”

အကြီးအကဲ၏ မျက်နှာသည် ပျက်ယွင်းလျက် ရှိနေ၏။ သူသည် ခြောက်ကပ်ကပ် အသံဖြင့် ပြောလိုက်သည်။ “ဒီနေ့မှာ ကျုပ်သေရမယ်ဆိုရင်တောင်မှ ကျုပ်က ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် တော့ ဖြစ်နေသေးတယ် မဟုတ်လား”

“ခင်ဗျား ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ရမယ်” ကျွင်းချောင်ရှောင်း၏ လက်ချောင်းများသည် လှုပ်ရှားသွား၏။ သူ၏ လက်ထဲတွင် ရှိနေသော ဓားသွားသည် ဝှေ့ယမ်းသွားပြီးသည့်နောက် တစ်ဖက်လူ၏ ရင်ဘတ်ထဲသို့ ဓားအား ထိုးစိုက်သွားစေ၏။ သွေးများသည် မျက်နှာသို့ပင် လာရောက်ကာ စင်လေ၏။

..........

ထိုအကြီးအကဲ၏ မျက်စိသူငယ်အိမ်သည် ကျုံ့ဝင်သွားခဲ့၏။ သူ၏အတွေး မပျောက်ဆုံးသွားခင်မှာပဲ သူက တွေးလိုက်မိသည်။ “ကျုပ်... ကျုပ်... စကားကောင်း ပြောခဲ့တာပဲ။ ဘာလို့ ကျုပ်ကိုဓားနဲ့ထိုးခဲ့ရတာလဲ”

“အကြီးအကဲစုန့်” လင်းရှန်းယီ နှင့် တခြားသောသူများသည် ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် ဓားသွားကို ပြန်လည်ဆွဲထုတ်လိုက်ပြီးသည်နောက် နောက်ထပ်အကြီးအကဲတစ်ယောက် ကို ထပ်မံကာ ထိုးလိုက်ပြန်၏။ ဤနည်းလမ်းသည် အလွန်ကို သွေးအေးရက်စက်လွန်းလှပေ၏။ သို့ပေမဲ့ လင်းရှန်းယီ သည် ချက်ချင်းပဲ လှမ်းကာအော်ဟစ်လိုက်၏။ “ပေးမယ်။ ကျုပ်ပေးမယ်”

အကြီးအကဲတစ်ယောက်သည် သေဆုံးနှင့်နေပြီဖြစ်၏။ သို့ပေမဲ့ ဒုတိယတစ်ယောက်ကို အသေဆုံးမခံနိုင်တော့ပေ။ ထို့အပြင် ယခုအသတ်ခံရမည့်လူသည် သူ၏ အနှစ်သက်ရဆုံးသော မိန်းမ၏ အစ်ကိုလည်း ဖြစ်နေသည် မဟုတ်ပါလား။ တစ်စုံတစ်ခုသာ ဖြစ်သွားမည်ဆိုပါက သူ့အနေနှင့် ကျိန်းသေပေါက် ဒုက္ခရောက်သွားနိုင်၏။ သေဆုံးသွားခဲ့ပြီဖြစ်သော အကြီးအကဲစုန့်သည် ဂိုဏ်းချုပ်၏ယောက်ဖ တစ်ခုခု ဖြစ်တော့မည့်အချိန်၌ ချက်ချင်းပူးပေါင်းမှုကို ပြုလုပ်ခဲ့သည့် ဂိုဏ်းချုပ်ကို သာ မြင်ပါက ကျိန်းသေပေါက် စိတ်တိုနေပေမည်။ “ကျုပ်က သေသွားခဲ့ပြီ။ ကျုပ်က တကယ် သေသွားခဲ့ပြီ”

“ဂိုဏ်းချုပ်လင်း”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ်ကို ရွှမ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး သန်းတစ်ထောင်ပေး... သူတို့ကို ခေါ်သွားနိုင်မယ်”

“မင်းသူတို့ထဲက တစ်ယောက်ကို သတ်လိုက်ပြီလေ။ ဘာလို့ သန်းတစ်ထောင် လိုချင်တာလဲ”

“ဒါက စီးပွားရေးပဲ။ လျော့ဈေးဆိုတာ မရှိဘူး”

“................”

လင်းရှန်းရီသည် သွေးအန်လုမတတ် ဖြစ်နေသည်။ သို့ပေမဲ့ သူသည် ပူးပေါင်းရန် စဉ်းစားလိုက်ပြီ ဆိုမှတော့ ကျန်သော အကြီးအကဲသုံးဦးတို့ကို ထိခိုက်နာကျင်ခွင့် မပေးနိုင်တော့ချေ။ သူ၏ရင်နာမှုများကို ဖိနှိပ်ကာ ပြောလိုက်သည်။ “ကောင်းပြီ... သန်းတစ်ထောင်ပေါ့”

“ဒီနှစ်ရက်အတွင်း”

ကျွင်းချောင်ရှောင်းသည် သူ၏လက်နှစ်ချောင်းကို ထောင်ကာ ပြောလိုက်၏။ “ဒီအကြီးအကဲ နှစ်ယောက်က ကျုပ်ရဲ့ဂိုဏ်းအတွင်းမှာ စားခြင်း၊ သောက်ခြင်းတွေ ပြုလုပ်ခဲ့တယ်လေ။ ဒီတော့ သူတို့ရဲ့ စားသောက်စရိတ်အတွက် ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး လေးသောင်းနဲ့ခြောက်ထောင် ပေးရမယ်”

“ကောင်းပြီ”

လင်းရှန်းရီသည် အံကိုကြိတ်ကာဖြင့် ပြောလိုက်သည်။ “ကျုပ်ပေးမယ်”

သန်းတစ်ထောင်ကိုပင် ပေးရန် ဆုံးဖြတ်ခဲ့ပြီဆိုမှတော့ လေးသောင်းခြောက်ထောင်ကို ထည့်တွက်မနေတော့ချေ။

“အရင်ဆုံးပေး။ ပြီးရင်လွှတ်ပေးမယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါက ပြိုင်စံရှားဂိုဏ်းရဲ့ စည်းမျဉ်းဟောင်းကြီးပဲ”

“စည်းမျဉ်းဟောင်းကြီးပဲ ဟုတ်လား” ကြည့်ရသည်မှာ ဤလူသည် တခြားသောသူများဆီမှ ငွေညှစ်ခြင်း အတွေ့အကြုံ များခဲ့ပုံပေါ်သည်။ လင်းရှန်းယီသည် ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်နှင့် အကြီးအကဲသုံးယောက်နှင့် အလောင်းတစ်ခုကို ရွေးယူခဲ့ရသည်။

မထွက်သွားခင်မှာပဲ သူသည် ကျွင်းချောင်ရှောင်း ကို စူးစိုက်ကြည့်ရှုလိုက်၏။

ဝေါ့

အပြန်လမ်းမှာတော့ ရင်ဘတ်ကို ဓားဖြင့် ထိုးသွင်းခြင်းခံထားရသော အကြီးအကဲစုန့်သည် ရုတ်တရက် သွေးများ အန်ထွက်ကာဖြင့် အသက်ပြန်ရှင်လာခဲ့သည်။

“ဂိုဏ်းချုပ်”

တတိယအကြီးအကဲက ထအော်လိုက်၏။ “အကြီးအကဲစုန့်က အသက်ရှင်လျက် ရှိနေသေးတယ်”

လင်းရှန်းယီသည် အလောတကြီးဖြင့် တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို စမ်းကာကြည့်ရှုလိုက်သည်။ သွေးခုန်နှုန်း ကို စစ်ကြည့်ပြီးသည့်နောက် သူသည် အံ့အားသင့်စွာ ပြောလိုက်သည်။ “ဘယ်လိုဖြစ်နိုင်မှာလဲ”

ကျွင်းချောင်ရှောင်းသည် အကြီးအကဲစုန့်၏ ရင်ဘတ်ကို ဓားနှင့်ထိုးသွင်းခဲ့၏။ ထို့ကြောင့် အကြီးအကဲစုန့်၏ အသက်ဓာတ်အော်ရာများသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ယခု အဘယ်ကြောင့် ရုတ်တရက် အသက်ပြန်ဝင် လာရသနည်း။ ထူးဆန်းလှချေသည်။

................

ပြိုင်စံရှားဂိုဏ်း

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိ၏။ သူသည် ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ ရှိနေသည့် သိုလှောင်လက်စွပ်ကို လက်ထဲတွင် ဆော့ကစားလျက် ရှိနေပြီး တခြားသော လက်တစ်ဖက်မှာတော့ ငရဲဆေးလုံးဟု ရေးသားထားသည့် ဆေးလုံးကို ဆော့ကစားလျက် ရှိနေတော့၏။ သူက တွေးလိုက်မိသည်။ ဒီအရာက အထက်နယ်မြေမှာဆိုရင် ဘယ်လောက်ကြာကြာခံနိုင်မလဲ မသိဘူး။

စောနတုန်းက သူသည် သရုပ်ဆောင်နေခြင်းသာဖြစ်ပြီး အကြီးအကဲစုန့်ကို တကယ်တမ်း မသတ်ဖြတ်ပစ်ခဲ့ချေ။

“လက်ခံသူက သနားညှာတာလွန်းတယ်” စနစ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းက အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းရဲ့ ညွှန်ကြားချက်ကို လက်ခံလာခဲ့တာပဲ။ ဒီတော့ ငါ သူတို့ကို အမှားအယွင်းတွေ ပြင်ဆင်ခွင့် ပေးလိုက်တာပဲ။ သူတို့ တစ်နေ့ ဒီလိုကိစ္စမျိုး ထပ်လုပ်ရဲမယ်ဆိုရင်”

ကျွင်းချောင်ရှောင်း သည် ခဏရပ်တန့်ကာဖြင့် အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။ “ပိုက်ဆံနဲ့ဖြေရှင်းလို့ရမယ့်အရာမျိုး မဟုတ်တော့ဘူး”

All Chapters