← Chapters

အခန်း ၁၆၄၈

Vol. 111 Ch. 1648

အခန်း ၁၆၄၈

Vol. 111 Ch. 1648

အပိုင်း (၁၆၄၈)

ဘုန် ဘုန်း

လေ့ကျင့်ရေးခန်းမအတွင်းမှတော့ ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် ရှောင်ကျီသည် စုရှောင်မို၊ လီဖေးတို့၏ လက်သီးချက်နှင့် ရင်ဆိုင်လျက် ရှိ၏။ သူသည် ကျောက်တုံးကြီး တစ်တုံးကဲ့သို့ပင် မတ်မတ်ရပ်လျက် ရှိနေ၏။ သူဝတ်ဆင်ထားသည့် ချပ်ဝတ်သည် ဖန်းရီကျိ နတ်ဆိုးနယ်မြေထဲမှ ရရှိခဲ့သည့် စာအုပ်ကို အခြေခံကာဖြင့် ဖန်တီးခဲ့သော ချပ်ဝတ်ပင် ဖြစ်၏။ ချပ်ဝတ်များသည် ကောင်းကင်စိတ်ဝိညာဥ်ကျောက်ရိုင်းတုံးများဖြင့် ပြုလုပ်ထားသောကြောင့် တတိယမျိုးဆက် ချပ်ဝတ်ဟုပင် သတ်မှတ်နိုင်၏။

ဟူး ဟူး

ခနလောက် ကြာပြီးသည့်နောက် စုရှောင်မိုနှင့် လီဖေးတို့သည် အသက်ကို မနည်းရှုနေရ၏။ ၎င်းတို့သည် ခန္ဓာကိုယ်ကို ကွေးညွှတ်ကာဖြင့် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်၏။ သူတို့ထဲမှ တစ်ယောက်သည် လက်များရောင်ကိုင်းလျက် ရှိနေပြီး အခြားတစ်ယောက်မှာတော့ ခြေထောက်များ ရောင်ကိုင်းနေ၏။ ဖြစ်စဥ်တစ်ခုလုံးတွင် ၎င်းတို့သည် သံမဏိတုံးကြီးကို ကန်ခဲ့ရသလိုပင်။

ရှောင်ကျီသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "ဒီချပ်ဝတ်က မဆိုးဘူးပဲ"

ဘေးတစ်ဖက်တွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ရေနွေးခွက်ကို ကောက်မော့ကာဖြင့် ပြောလိုက်သည်။ "ဒါတွေက ကောင်းကင်စိတ်ဝိညာဥ်ကျောက်ရိုင်းတွေနဲ့ ပြုလုပ်ထားတာလေ။ ဘာယ်လိုလုပ် မမာပဲနေမှာလဲ"

စမ်းသပ်ပြီးနောက် တတိယမျိုးဆက်ချပ်ဝတ်သည် အလွန်အားကောင်းသည့် ခုခံမှုရှိကြောင်း သိရှိ၏။ လက်ရာမှာလည်း အလွန်ကောင်းမွန်သောကြောင့် ကြည့်ရှု၍ ကောင်းလှသည်။ တစ်ခြားသော စကြဝဠာများကို လှည့်လည်ကာ လုယှက်မည်ဆိုလျှင် ကောင်းမွန်သော အရာဖြစ်၏။

"ဟောခန်းသခင်ဖန်း"

ကျွင်းချောင်ရှောင်းသည် ပန်းပဲခန်းမဆောင်သို့ ရောက်ရှိလာကာ ပြောလိုက်သည်။ "ခင်ဗျားအနေနဲ့ တတိယမျိုးဆက် ကျွဲရိုင်းစက်ရုပ်တွေ ဖန်တီးဖို့ အရှိန်မြှင့်ဖို့လိုပြီ။ ပြီးတော့ လဝက်အတွင်းမှာ လက်ကျန် ကျောက်ရိုင်းတုံးတွေကို အသုံးပြုဖို့ ကြိုးစားကြည့်တော့"

"ကောင်းပါပြီ"

အောက်နယ်မြေတုန်းက ဖန်းရီကျိသည် အလုပ်သိပ်မလုပ်ခဲ့ရချေ။ သို့ပေမဲ့ သူသည် အထက်နယ်မြေသို့ ရောက်ရှိလာပြီးနောက် အမှန်ပင် ကြိုးကြိုစစားစားနှင့် အလုပ်လုပ်နေရ၏။ တစ်စက်ကလေးမှ နားချိန်မရရှိခဲ့ချေ။

ကျွင်းချောင်ရှောင်းသည် အစီအရင်ခန်းမဆီသို့ ထပ်မံကာ သွားရောက်ပြီးသည့်နောက် ကျွဲရိုင်းစက်ရုပ်များ၏ ဖန်းတီးနိုင်မှုအား အရှိန်မြှင့်တင်နိုင်ရန် မှာကြားခဲ့၏။ တောင်ထွတ်နှစ်ခုတွင် ရှိနေသော တပည့်များသည် အလုပ်များလျက် ရှိနေကြ၏။

ဖျောက် ဖျောက်

ကျွဲရိုင်းစက်ရုပ်များနှင့် တတိယမျိုးဆက် စက်ရုပ်များသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လာ၏။ သားရဲစီးခန်းမဆီမှ လက်ရွေးစင်တပည့်များနှင့် အဖွဲ့ဝင်များ အားလုံးသည် ကျွဲရိုင်းစက်ရုပ်များကို အသုံးပြုခဲ့ကြ၏။ အတွင်းစည်းတပည့်များသည် ကျွဲရိုင်းစက်ရုပ်အသစ်များကို ရရှိလျက် ရှိနေကြပြီး ပြိုင်စံရှားဂိုဏ်း၏ လက်ရွေးစင် တပည့်များမှာတော့ တစ်နေ့ပြီးတစ်နေ့ ပိုမိုကာ အားကောင်းလာခဲ့ကြသည်။

"အားလုံးက အဆင်သင့်ပဲ"

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်ကာ လက်ကိုယှက်ပြီး ပြောလိုက်၏။ "အရှေ့လေ တိုက်ဖို့ပဲ ကျန်တော့တယ်"

အရှေ့လေဆိုသည်မှာ ဆန်းကြယ်ကောင်းကင် တာအိုဂိုဏ်းပင် ဖြစ်လေသည်။

လင်းထျန် အင်မော်တယ်ဂိုဏ်း ..။

လင်းဟောင်ရန်သည် စာကြည့်ခန်းထဲတွင် ထိုင်လျက် ရှိနေ၏။ သူ၏မျက်နှာသည် ဒေါသတရားများနှင့် ပြည့်နှက်နေ၏။ အမှားပြုလုပ်ထားသော ကလေးလေးတစ်ယောက်ကဲ့သို့ပင် လင်းရှန်းယီ သည် မတ်တပ်ရပ်လျက် ရှိ၏။ သူသည် ဦးခေါင်းကို ငုံ့ထားပြီး မည်သည့်စကားကိုမှ မဆိုချေ။

ဘုန်း

လင်းဟောင်ရန်သည် စားပွဲကို ထုနှက်ကာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။ "ဒီတော့ ခင်ဗျားက ပြန်ပေးငွေ ပေးလာတာပေါ့"

"ကျွင်းချောင်ရှောင်းက အရမ်းကိုရက်စက်လွန်းတယ်။ မပေးဘူးဆိုရင် သူက ကျုပ်တို့ဂိုဏ်းရဲ့ အကြီးအကဲလေးယောက်လုံးကို သတ်ပစ်မှာပေါ့"

လင်းရှန်းယီ ကို ကြည့်ရသည်မှာ ဂိုဏ်သိက္ခာထယ်ဝါလှသည့် ပုံပေါ်သော်လည်း တစ်ဖက်လူ ဆူအော်လိုက်သည့် အခါမှာတော့ ကြောက်လန့်တတ်သည့် ယုန်လေးကဲ့သို့ပင် ပြောင်းလံသွားခဲ့၏။

"အစစ်အမှန်ရှာဖွေခြင်း အဆင့်နိမ့် ကျွမ်းကျင်သူလေး လေးယောက်က အရှုံးပေးခဲ့ရတယ်။ အမှိုက်တွေ ဘာမှကောင်းတဲ့ ကောင်တွေမဟုတ်ဘူး"

လင်းရှန်းယီ၏ မျက်နှာတစ်ခုလုံးတွင် တံတွေးများနှင့်ပင် ပြည့်နှက်လျက် ရှိနေ၏။ သူသည် ဦးခေါင်းကိုငုံ့ကာ ထားသော်လည်း စိတ်ထဲတွင်တော့ ကြိတ်ကာ အော်ဟစ်လျက် ရှိနေ၏။ ဒီအဆင့်ကျင့်ကြံသူဆိုတာ ခင်ဗျားတို့ အင်မော်တယ်ဂိုဏ်းတွေအတွက် ဘာမှမဟုတ်ပေမဲ့ ကျုပ်တို့တာအိုဂိုဏ်းတွေအတွက်တော့ ရတနာတွေပဲလေ။

"ဂိုဏ်းချုပ်လင်း စိတ်မဆိုးပါနဲ့"

ဘေးနားတွင် ထိုင်လျက်ရှိနေသည့် ပုန်းကွယ် အင်မော်တယ်ဂိုဏ်းဆီမှ ဂိုဏ်းချုပ်သည် သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ကာဖြင့် ပြောလိုက်သည်။ "အထက်နယ်မြေရဲ့ ဂိုဏ်းကြီးတွေ ဖြစ်တာနဲ့ အညီ ကျုပ်တို့တွေက ဒီလိုငွေညစ်တဲ့ ကိစ္စတွေကို လက်ခံပေးလို့မဖြစ်ဘူးလေ။ ဒီတော့"

"သူသည် ခင်ဗျားနားလည်ပါသည်ဟူသော အကြည့်ဖြင့် ကြည့်လိုက်၏။

"ဒါအမှန်ပဲ"

လင်းဟောင်ရန်သည် စိတ်ကိုတည်ငြိမ်အောင် ထိန်းပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။

"သေးငယ်လှတဲ့ ပဋိပက္ခလေးအတွက်နဲ့ အကြီးအကဲလေးယောက်ကို ဖမ်းပြီးတော့ ရွှမ်အဆင့် စိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်း ငွေညစ်ခဲ့တယ်။ ဒီလိုကိစ္စတွေက မိစ္ဆာတွေပဲ လုပ်တာ။ ဒီလိုမကောင်းတဲ့ ကိစ္စတွေကို တားမြစ်ရမယ်။ ဂိုဏ်းချုပ်လင်း …."

သူက ပြောလိုက်၏။ "ခင်ဗျားတို့ဂိုဏ်ရဲ့ အကြီးအကဲက ကျွင်းချောင်ရှောင်းရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတယ်လို့ ပြောတယ်မလား"

"ဟုတ်ပါတယ်"

"သူအသက်ရှင်နေသေးလား၊ သေသွားလား"

"ရှင်နေပါသေးတယ်"

"ဒါဆိုရင် သူရဲ့ သေဆံးခြင်းကို လူသိရှင်ကြား ကြေညာလိုက်တော့။ ပြီးတော့ သူရဲ့ ခန္ဓာကိုယ်ကို ပြိုင်စံရှားဂိုဏ်းဆီ သယ်သွားမယ်။

ဟမ်

လင်းရှန်းယီ သည် ဆွံ့အသွား၏။ သို့ပေမဲ့ မကြာခင်မှာပဲ သူက ဆိုလိုရင်းကို နားလည်သွားမိ၏။ သူက ချက်ချင်းပဲ နာကျင်နေသည့် အမူအရာမျိုး ဖြစ်တည်လာခဲ့၏။

"ဂိုဏ်းချုပ်လင်း"

လင်းဟောင်ရန်သည် သူ၏ပုခုံးကို ပုတ်ကာဖြင့် ပြောလိုက်သည်။ "ကျုပ်တို့ လင်းထျန် အင်မော်တယ်ဂိုဏ်းက ဆုံးရှုံးမှုအတွက် ခင်ဗျားတို့ကို ကြီးမားတဲ့လျော်ကြေး ပြန်ပေးမယ်။ "

လင်းရှန်းယီ ၏ မျက်လုံးများသည် ထိုအရာကို ကြားရသည့် အခါမှာတော့ လင်းလက်သွားခဲ့၏။ "နားလည်ပါပြီ"

……....

အရှေ့ပင်လယ်

အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ အစီအရင်ကျွမ်းကျင်သူများသည် စည်းကိုဖန်တီးရင်း အလုပ်များလျက် ရှိနေကြ၏။ ကျောက်ရုပ်ထုမျိုးနွယ်ကလန်နှင့် နဂါးကလန်မှ လူများသည် အစောကတည်းက ဤကိစ္စကို သိရှိပြီးဖြစ်သော်လည်း မသိသလိုပင် ဟန်ဆောင်နေကြ၏။

"အကြီးအကဲ သုံးရက်အတွင်း ပြီးမယ်"

စည်းကိုဖန်တီးရန် တာဝန်ယူထားရသည့် အစီအရင်ဆရာတစ်ယောက်သည် တိကျသည့် အချိန်ကို ပြောဆိုလိုက်သည်။

"ထိုသတင်းသည် လင်းထျန် အင်မော်တယ်ဂိုဏ်းဆီသို့ ရောက်ရှိသွားသည့် အခါမှာတော့ လင်းဟောင်ရန်သည် သူ၏ဝိုင်ခွက်ကို အသာမြောက်ကာဖြင့် အပြုံးတစ်ခုကို ဖန်တီးကာပြောလိုက်တော့၏။ "ကျွင်းချောင်ရှောင်း မင်းနဲ့ ပြိုင်စံရှားဂိုဏ်းက သုံးရက်ပဲ အချိန်ရှိတော့မယ်။ အားလုံးပဲ လူတွေစုကြတော့”

“ကောင်းပါပြီ"

တခြားသော အင်မော်တယ်ဂိုဏ်းကြီး ကိုးဂိုဏ်းဆီမှ ခေါင်းဆောင်များ အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ၎င်းတို့ဂိုဏ်းဆီသို့ ဆက်သွယ်ကြတော့၏။ အထက်ပိုင်း အကြီးအကဲများမှတစ်ဆင့် လက်ရွေးစင်တပည့်များအထိ အားလုံးသောသူများသည် တိုက်ခိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

ထူးခြားအင်မော်တယ်လိုဏ်ဂူ …

ကြီးမြတ်သူတုံကုသည် ဒေါတသကြီးဖြင့် စစ်တုရင်ခုံကို တွန်းဖယ်ကာ ပြောလိုက်၏။ "ရောင်ရင်းကြီး ကျုပ်ရဲ့စိတ်ထဲမှာ မကောင်းတဲ့ခံစားချက်တွေ ထပ်ပြီးတော့ ရလာပြန်ပြီ"

မာဆာတိုကီတာနိုသည် ဆွံ့အလျက် ရှိနေ၏။ ရှုံးတော့မည့် အချိန်တိုင်း မကောင်းသည့် ခံစားချက်သည် ရရှိလာတတ်၏။ မည်မျှတိုက်ဆိုင်လိုက်သနည်း။

ဘုန်း

ရုတ်တရက် အပြင်ဖက်တွင် မိုးကြိုးပစ်သည့် အသံကြီး ထွက်ပေါ်လာခဲ့၏။ ၎င်းတို့နှစ်ယောက်သည် မတ်တပ်ထကာ လိုဏ်ဂူ၏ အပြင်ဖက်ဆီသို့ လျှောက်လိုက်ကြ၏။ အဝေးတစ်နေရာတွင် တိမ်မဲများ ဖုံးအုပ်နေသည်ကို မြင်လိုက်ရပြီး လေထုထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်နေ၏။

"ကြည့်ရတာ"

မာဆာတိုကီတာနိုသည် တည်ငြိမ်စွာ ပြောလိုက်သည်။ "ရာသီဥတုက ထပ်ပြီး ပြောင်းလဲတော့မှာပဲ"

ကြီးမြတ်သူတုံကုသည် ပြုံးကာပြောလိုက်၏။ "ဒီတစ်ကြိမ်တော့ ကျုပ်ရဲ့တပည့်နဲ့ မပတ်သက်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ"

ကြယ်တာရာ စိတ်ဝိညာဥ်လောကဆီမှ ကျူးကျော်မှုနှစ်ခုထက်စာလျှင် တခြားသော သူ့အား စိတ်ပူပန်စေသည့် အရာသည် ကျွင်းချောင်ရှောင်းနှင့် သက်ဆိုင်သည့် အရာပင် ဖြစ်သည်။

ဟုတ်ပေသည်။ ကုန်းရှန့်သည်လည်း သူ့ကိုယ်သူ အပြစ်တင်လျက် ရှိ၏။ ထို့အတူ သူသည် ကြီးမြတ်သူတုံးကု ကို အကူအညီ မတောင်းခံခဲ့ချေ။

"ဆရာ"

မဲမှောင်နေသည့် တိမ်ကြီးအောက် အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် အရက်မူးအိမ်မက်ဝိုင်ကို အသာမြောက်ကာ ပြောလိုက်၏။ "အရာအားလုံးကို ရင်ဆိုင်နိုင်တဲ့ အားအင်တွေ ကျုပ်မှာရှိနေပြီလေ။ ဒီတော့ ဆရာ့ကို ဒုက္ခမပေးတော့ပါဘူး"

သုံးရက်ဆိုသည်မှာ အလွန်တိုတောင်းလွန်းလှသည်။

ဒွီ ဒွီ

အရှေ့ပင်လယ်တွင်တော့ နောက်ဆုံးတွင် စည်းအစီအရင်ကြီးနှစ်ခုသည် တည်ဆောက်ထားပြီးသား ဖြစ်သွား၏။

ဟူး

ထိုစည်းကို ပြုလုပ်နေသည့်လူသည် နောက်ဆုံးတွင် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိ၏။ ဤအတောအတွင်း သူသည် များပြားလှသည့် လုပ်ဆောင်မှုများကို လုပ်ဆောင်ခဲ့ရပြီး နဂါးမျိုးနွယ်နှင့် ကျောက်ရုပ်ထုမျိုးနွယ်မှ လူများထွက်ပေါ်လာစေရန်လည်း ဆုတောင်းနေရသေး၏။ ကံကောင်းစွာဖြင့် တစ်ဖက်လူများ မသိရှိရသေးခင် အချိန်မှာပဲ စည်းအစီအရင်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။

"ကောင်းကင်ကြီးကို ကျေးဇူးတင်ရမယ်။ "

တစ်ကယ်တမ်းမှာတော့ သူသည် ကုန်းရှန့်ကို ကျေးဇူးတင်သင့်၏။ ကုန်းရှန့်သည် မျိုးနွယ်စုနှစ်စုအား မသိချင်ယောင်ဆောင်ရန် ပြောဆိုခဲ့သည် မဟုတ်ပါလား။

လင်းထျန် အင်မော်တယ်ဂိုဏ်း

စိုးရိမ်ပူပန်စွာဖြင့် စောင့်မျှော်နေသော လင်းဟောင်ရန်သည် ချက်ချင်းပဲ အပေါ်ဖက်ဆီသို့ ပျံသန်းကာ အော်ဟစ်လိုက်၏။ "သွားကြရအောင်"

"ကောင်းပါပြီ"

ဝှစ် ဝှစ်

ကောင်းကင်ပေါ်တွင်တော့ အထက်ပိုင်း အကြီးအကဲများနှင့် လက်ရွေးစင်တပည့်များအားလုံးတို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲကာဖြင့် ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့ကြသည်။

"ဘာတွေဖြစ်နေတာလဲ။"

ထိုအချင်းအရာကို မြင်သည့် ဖြတ်သွားဖြတ်လာ လူများအားလုံးသည် ဆွံ့အသွားခဲ့ကြ၏။ အင်မော်တယ်ဂိုဏ်း ဆိုသည်မှာ အထက်နယ်မြေတွင် သာမန်ထက်ပိုသည့် တည်ရှိမှုမျိုးပင် ဖြစ်သည်။ ၎င်းတို့ဂိုဏ်းမှ လူအနည်းငယ်ကို မြင်တွေ့ရန်ပင် ရှားပါးလွန်းလှ၏။ သို့ပေမဲ့ များပြားလှသော ကျင့်ကြံသူများသည် ပျံသန်းကာ ထွက်ခွာလာခဲ့ကြ၏။ မည်သည့်နေရာကို သွားရောက်ကာ တိုက်ခိုက်ကြမည်နည်း။

ကျန်သည့် ဂိုဏ်းကြီး ကိုးဂိုဏ်းသည်လည်း ဤကဲ့သို့ပင် ဖြစ်တော့၏။

ဂိုဏ်းချုပ်၏ ဦးဆောင်မှုအောက်တွင် အထက်ပိုင်းအကြီးအကဲများနှင့် လက်ရွေးစင်တပည့်များ အားလုံးသည် ဖြစ်နိုင်သမျှ အမြန်ဆုံး အင်မော်တယ်တောင်ဆီသို့ ပျံသန်းသွားကြ၏။ မည်မျှများသနည်း။ ဂိုဏ်းတစ်ခုတွင် တစ်သောင်းဖြစ်သောကြောင့် ဆယ်ဂိုဏ်းတွင် လူတစ်သိန်းပင် ဖြစ်၏။ ဤအရေအတွက်သည် ကျိန်းသေပေါက် ပြိုင်စံရှားဂိုဏ်း၏ တပည့်အရေအတွက်နှင့် တူညီနေသည်။

သို့ပေမဲ့ ရောက်ရှိလာသည့် သူများအားလုံးသည် လက်ရွေးစင်တပည့်များဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏ တိုက်ခိုက်နိုင်မှုအားအင်သည် အားကောင်းလွန်းလှချေ၏။

ဝှစ် ဝှစ်

လေလှိုင်းများ ပျံနှံ့သွားပြီးနောက် အထက်နယ်မြေရှိ သိုင်းကျင့်ကြံသူများ အားလုံးသည် အကြီးအကျယ် ကြောက်လန့်တုန်လှုပ်သွားကြသည်။

"ကြီးမားတဲ့ အရာကြီးတစ်ခုတော့ ဖြစ်နေပြီ။ ဒီလိုမြင်ကွင်းမျိုးကို ရှေးမှတ်တမ်းထဲမှာ မှတ်တမ်းတင်ထားခဲ့တယ်။ အင်မော်တယ်အဆင့် ဂိုဏ်းဆယ်ဂိုဏ်းက ပူးပေါင်းပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းတုန်းက နတ်ဆိုးနယ်မြေကို တိုက်ခိုက်ခဲ့တဲ့ မြင်ကွင်းမျိုးပဲ"

အင်မော်တယ်အဆင့် ဂိုဏ်းဆယ်ဂိုဏ်းတို့သည် ၎င်းတို့၏ လက်ရွေးစင်တပည့်များကို အတူတူစုစည်းကာဖြင့် အထက်နယ်မြေတစ်ခုလုံးကို အံ့အားသင့်အောင် ပြုလုပ်ခဲ့တော့၏။ ဤတစ်ကြိမ် ကံဆိုးလှသည့် သူသည် မည်သည့်ကျင့်ကြံသူများ ဖြစ်နေသနည်း။

"ပြိုင်စံရှားဂိုဏ်း"

“သူတို့က ပြိုင်စံရှားဂိုဏ်းဆီကို ဦးတည်နေတာပဲ"

လင်းထန်အင်မော်တယ်ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများ သွားရာလမ်းကို တစ်ချို့က ခန်မှန်းလိုက်ကြ၏။

ထို့ပြင် ရန်ငြိုးအကြောင်း ပြောရလျှင် ကျွင်းချောင်ရှောင်းသည် တာအိုအဆင့် မိုင်းတွင်းအတွက် လင်းထျန် အင်မော်တယ်ဂိုဏ်းနှင့် ရန်ဖြစ်ခဲ့သည် မဟုတ်ပါလား။ ထင်မှတ်ထားသည့် အတိုင်းပင်။ ဤကဲ့သို့သော နေ့သည်နောက်ဆုံးတွင် ရောက်ရှိလာခဲ့လေပြီ။

All Chapters