← Chapters

အခန်း ၁၆၅၀

Vol. 111 Ch. 1650

အခန်း ၁၆၅၀

Vol. 111 Ch. 1650

အပိုင်း (၁၆၅၀)

ကျွင်းချောင်ရှောင်းသည် လင်းရှန်းယီ ကို အခွင့်အရေးတစ်ခု ပေးအပ်ခဲ့၏။ သူသည် အကြီးအကဲ ၄ ယောက်ကို မသတ်ဖြတ်ပစ်ခဲ့ချေ။ သို့ပေမဲ့ တစ်ဖက်လူသည် ကုန်းရှန့်၏ ကြင်နာမှုကို နားမလည်ခဲ့ချေ။ အခေါင်းကြီးကိုပင် သယ်ဆောင်လာခဲ့ပြီး စောစောစီးစီး ပြဿနာ ရှာလေ၏။ ပိုမိုကာ သည်းမခံနိုင်ဆုံးအရာသည် သူ အကြီးအကဲစွန်းကို မသတ်ဖြတ်ခဲ့သည်မှာ သေချာ၏။ သို့ပေမဲ့ တစ်ဖက်လူသည် သူ့အပေါ် အပြစ်ရောက်ချင်သောကြောင့် မိမိ၏ အကြီးအကဲတစ်ယောက်ကိုပင် ပြန်လည်သတ်ဖြတ်ခဲ့၏။

ပြီးနောက် ….. ပြီးနောက် ဆိုသည်မှာ မရှိတော့ချေ။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဓားကို ဆွဲထုတ်ကာဖြင့် တစ်ဖက်လူအား သတ်ဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။ သူ၏ နည်းစနစ်သည် အမှန်ပင် တိကျပြတ်သားလွန်းလှ၏။ လင်းဟောင်ရန်နှင့် တစ်ခြားသူများအား တားဆီးရန် အခွင့်အရေးပင် မပေးခဲ့ချေ။

မျက်လုံးအပြူးသားနှင့် သေဆုံးသွားခဲ့ပြီဖြစ်သော လင်းရှန်းယီသည် ကျွင်းချောင်ရှောင်းတစ်ယောက် အားလုံး၏ ရှေ့တွင် သူ့ကို သတ်ဖြတ်လိုက်မည်ဟု ထင်မှတ်ထားလိမ့်မည်မဟုတ်ချေ။ ကြီးမားသည့် အကျိုးကျေးဇူးကို ရရှိရန်အတွက် သူသည် အကြီးအကဲစွန်းကိုပင် သတ်ဖြတ်ခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ ဓားချက်အောက်တွင် သူသာ သေဆုံးသွားခဲ့၏။ သူလာရောက်စဉ်က ပြောဆိုခဲ့သည့် အသက်အတွက် အသက်ကြွေးဆိုသည်မှာ ဤအရာပင် ဖြစ်ပေလိမ့်မည်။

“ကျွင်းချောင်ရှောင်း”

ပုန်းကွယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “မင်းက ဥပဒေမဲ့နေပြီ။”

ကျွင်းချောင်ရှောင်းသည် ဓားပေါ်တွင် ရှိနေသော သွေးများကို လက်ကိုင်ပုဝါဖြင့် အသာသုတ်ကာ ထူးမခြားနားသလို ပြောလိုက်သည်။ “ခင်ဗျားတို့ ပြိုင်စံရှားဂိုဏ်းကို တိုက်ခိုက်ဖို့အတွက် အခုအကြောင်းပြချက်ရသွားပြီ။ ဟုတ်တယ်နော်။”

ဟုတ်ပေ၏။ ဤအရာသည် လုံလောက်ပြီဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းဒေါသထွက်စေရန် လင်းရှန်းယီ ကို သတ်ဖြတ်ခဲ့ခြင်းမဟုတ်ပေ။ တစ်ဖက်လူသည် တရားလွန်လွန်းလှသောကြောင့် သတ်ဖြတ်ခဲ့ခြင်းသာ ဖြစ်၏။

“သတ်ကြ။ သတ်ကြ။”

ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းဆီမှ စွမ်းအားမြင့်ကျင့်ကြံသူ ၁၀၀ ကျော်တို့သည် အသိစိတ်ဝင်သွားခဲ့ကြ၏။ ၎င်းတို့သည် ကျင့်ကြံခြင်း အဆင့်များကို ထုတ်လွှတ်ကာဖြင့် လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။ ဂိုဏ်းချုပ်သည် အသတ်ခံလိုက်ရပြီဖြစ်၏။ ထိုအရာကို မည်သည့်ဂိုဏ်းသားကမှ သည်းခံနိုင်လိမ့်မည်မဟုတ်ချေ။

ရှလွမ်

ကျွင်းချောင်ရှောင်းသည် ဓားအား သူ၏ ခြေထောက်အောက်ခြေရှိ မြေပြင်ဆီသို့ စိုက်ထည့်လိုက်၏။ ပြီးနောက် ခံစား ချက်ကင်းမဲ့စွာဖြင့် ပြောလိုက်၏။ “အားလုံးကို သတ်လိုက်ကြ။”

ဆွစ် ဆွစ်

သူပြောပြီးပြီးချင်းမှာပဲ ဖြူမဲညီနောင်တို့သည် ရှေ့ဆီသို့ လှမ်းတက်လိုက်ကြ၏။ ဆန်းကြယ်လွန်းလှသော ကျမ်းချီများ နှင့် ဖန်တီးထားသည့် လက်ဝါးရိုက်ချက်ကြီးသည် ကောင်းကင်လက်ဝါးရိုက်ချက်အဖြစ် တခြားသော သူများဆီသို့ ကျဆင်းခဲ့သည်။

သူတို့သည် ကျွင်းချောင်ရှောင်းနှင့် စတင်တွေ့ဆုံရသည့်အချိန်၌ အမြုတေပြောင်းလဲခြင်းအဆင့် ၆ သာ တည်ရှိကြ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အစစ်အမှန်ရှာဖွေခြင်း အဆင့်သို့ပင် ဝင်ရောက်နေပြီဖြစ်၏။ တိုးတက်မှု အမြန်နှုန်းသည် ကြောက်မက်ဖွယ်ရာ မြန်ဆန်လွန်းလှ၏။

ဘုန်း ဘုန်း

လက်ဝါးရိုက်ချက်အသံကြီးသည် ဆက်တိုက်ပေါက်ကွဲလျက်ရှိနေပြီး တည်နေရာကြီးပင် ပြိုလဲနေသည်။

ဆန်းကြယ် ကောင်းကင်တာအိုဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် ၅၀၀ ကျော်ခန့်ရှိသည်ဆိုသော်လည်း အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ဆိုသည်မှာ အနည်းငယ်သာ တည်ရှိ၏။ တော်တော်များများသည် အလယ်အလတ် အဆင့် အမြုတေပြောင်းလဲခြင်းအဆင့်များသာဖြစ်၏။ ထို့ကြောင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကို ခံနေရ၏။

ဘုတ် ဘုတ်

တစ်ယောက်ပြီးတစ်ယောက် အထက်ပိုင်းအကြီးအကဲများသည် တောင်၏ ဂိတ်တံခါးအပြင်ဘက်ဆီသို့ ကျဆင်းသွားခဲ့ကြ၏။ ၎င်းတို့၏ ရင်ဘတ်ပေါ်တွင် လက်ဝါးရိုက်ချက်တစ်ခုက တည်ရှိနေ၏။ ၎င်းတို့၏ အော်ရာများသည် ပျောက်ကွယ်လျက်ရှိနေကြပြီး ၎င်းတို့၏ ဝိညာဉ်သည်မှာတော့ ငရဲပြည်သို့ ရောက်ရှိနေလေသည်။

ဂိုဏ်းချုပ်သည် သူတို့ အားလုံးကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့၏။ ထို့ကြောင့် ဖြူမဲညီနောင်တို့သည် တိုက်ခိုက်လိုက်သည့်အချိန်တွင် မည်သည့် သက်ညှာမှုကိုမှ မပြသခဲ့ကြချေ။ တစ်ခါတည်း သတ်ဖြတ်ခဲ့၏။

၎င်းတို့၏ ဂိုဏ်းတူရောင်းရင်းများ သေဆုံးသွားခဲ့သည်ကို ကြည့်ရှုပြီးသည့်နောက် ဆန်းကြယ်ကောင်းကင် တာအိုဂိုဏ်း ဆီမှ အထက်ပိုင်းအကြီးအကဲများ အားလုံးသည် ဒေါသထွက်နေရာမှ တည်ငြိမ်သွားခဲ့ကြသည်။

အကြီးအကဲတစ်ယောက် သည် ခေါင်းကို အသာလှည့်ကာဖြင့် အကူအညီတောင်းခံလိုက်၏။ “ဂိုဏ်းချုပ်လင်း … ကျေးဇူးပြုပြီး ကျုပ်တို့ဂိုဏ်းချုပ်အတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးပါ။”

ကျွင်းချောင်းရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။ “အားကောင်းတဲ့သူက အားနည်းသူကို အနိုင်ကျင့်နေတဲ့ ဒီလောကကြီးမှာ တရားမျှတမှုဆိုတာ မရှိဘူး။ ဘယ်သူကမှ တရားမျှတမှုကို ဆောင်ကျဉ်းမပေးနိုင်ဘူး။”

“ကျိုးဟုန်”

“တပည့်ဒီမှာရှိပါတယ်။”

“ဒီကျူးကျော်သူတွေ အားလုံးကို သတ်ပစ်။”

“ကောင်းပါပြီ။”

ကျိုးဟုန်သည် ဂိုဏ်းထဲမှ ပျံသန်းထွက်ခွာသွားပြီး တောင်၏ ဂိတ်တံခါးရှေ့သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်၏။ ၎င်းသည် ပြိုင်စံရှားဂိုဏ်း တပည့်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်ဆိုသော်လည်း အပြင်ဘက်သို့ ထွက်ပေါ်မလာသည်မှာ ကြာမြင့်နေပြီဖြစ်၏။ ၎င်း၏ အမဲရောင်ဆံနွယ်များသည် ရှုပ်ပွလျက်ရှိနေသည်ဆိုသော်လည်း မျက်လုံးများသည် အလွန်တရာ ခက်ခဲကြမ်းတမ်းသည့် အတွေ့အကြုံများကို ရင်ဆိုင်ကြုံဆုံဖူးသည့် ဓားသမားတစ်ယောက်မှန်း သိသာ လွန်းလှ၏။ ရိုးရှင်းသည့် ဓားတစ်ချောင်းသည် သူ၏ လက်ထဲတွင် တည်ရှိနေ၏။ သူ၏ အသွင်အပြင်ကို မည်ကဲ့သို့ ဖော်ညွှန်းရမည်နည်း။

တစ်ဖက်လူသည် ရောက်ရှိလာခဲ့ပြီးသည့်နောက် သစ်သားချောင်းကြီးတစ်ခုကဲ့သို့ပင် မတ်မတ်ရပ်လျက် ရှိနေ၏။ သို့ပေမဲ့ ထိုသူ့ဆီမှ ထွက်ပေါ်နေသည့် အော်ရာများသည် ချိုးဖြတ်၍မရနိုင်အောင်ပင် အားကောင်းလွန်းလှ၏။

“ဟမ်”

လင်းဟောင်ရန်နှင့် တစ်ခြားသောသူများသည် မျက်မှောင်ကုတ်သွား၏။ တစ်ဖက်လူသည် အရှေ့ဆီသို့ လျှောက်ထွက် လာခဲ့သည်ဆိုသော်လည်း မည်သည့်သိုင်းအော်ရာမှ ထုတ်ဖော်မသွားခဲ့ချေ။ သာမန်လူတစ်ယောက်နှင့်ပင် ဆင်တူလွန်း လှသည်။

“မဟုတ်သေးဘူး။ ဒီကောင်လေးက မရိုးရှင်းဘူး။”

အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် အလိုလို နားလည်နေခဲ့ကြ၏။ ဤပြိုင်စံရှား ဂိုဏ်း၏ တပည့်သည် အမှန်ပင် အန္တရာယ်များလွန်းလှ၏။

ဟူး

ကျိုးဟုန်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ့အနေနှင့် အားလုံး၏ ရှေ့သို့ထွက်ကာ မတိုက်ခိုက်ရသည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်၏။ သူ၏ ညာဘက်လက်သည် ဓားလက်ကိုင်ပေါ်သို့ တင်လိုက်သည့်အချိန်မှာတော့ ဓားနှင့် သူသည် တစ်သားတည်းဖြစ်တည်လို့နေခဲ့၏။ ဂိုဏ်းချုပ်သည် သူ့အား အခွင့်အရေးပေးခဲ့၏။ သူသည် ထိုအခွင့်အရေး ကို အရယူကာဖြင့် အစွမ်းအစကို ပြသရပေတော့မည်။

ရှလွမ်

တွေးနေတုန်းမှာပဲ သူသည် ဓားကို ဆွဲထုတ်လိုက်၏။

ဝှစ် ဝှစ်

ဆန်းကြယ်လွန်းလှသော ဓားချီများသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လျက်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန် တရာ ထက်ရှလှသည့် အော်ရာများ ဖြစ်တည်လာခဲ့သည်။

ဤလူသည် ဓားတစ်စင်းကဲ့သို့ပင် ဖြစ်သည်။ ဓားသည်လည်း ဤလူပင်။ အလွန်နက်နဲလှသည့် ဓားတာအို လမ်းစဉ်ပင်ဖြစ်တော့၏။

“ဘယ်လောက်သန့်စင်လိုက်တဲ့ ဓားချီလဲ။”

လင်းဟောင်ရန်က မျက်မှောင်ကုတ်လိုက်သည်။ “ဒီလူက သန့်စင်တဲ့ ဓားကျင့်ကြံသူသက်သက်ပဲ။”

အထက်နယ်မြေ၌ သန့်စင်သည့် ဓားကျင့်ကြံသူများသည် အလွန်ပဲ ရှားပါးလွန်းလှ၏။ တော်တော်များများ သည် အထီးကျန်ဆန်မှုကို မခံစားနိုင်ခဲ့သောကြောင့် ဤကဲ့သို့သော အရာမျိုးကို ရှားရှားပါးပါးသာ လေ့ကျင့်ကြ၏။

ကျိုးဟုန်မှာတော့ ခြားနားလွန်းလျက်ရှိသည်။ အောက်နယ်မြေမှာပဲဖြစ်ဖြစ်၊ အထက်နယ်မြေဆီသို့ ရောက်ရှိချိန်မှာပဲ ဖြစ်ဖြစ် သူသည် ဓားကို နားလည်အောင်သာ ကြိုးစားခဲ့၏။ သူသည် ဓားကြောင့် မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး ဓားသည် သူ၏ ဘဝပင် ဖြစ်သည်။

“နောက်ကို ဆုတ်ကြ။”

ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းဆီမှ အထက်ပိုင်းအကြီးအကဲများသည် အန္တရာယ်၏ အငွေ့အသက်ကို ရှူရှိုက်မိကြ၏။ ထို့ကြောင့် ၎င်းတို့၏ တပည့်များကို အနောက်ဘက်သို့ မြန်မြန်ဆန်ဆန် ဆုတ်ခွာရန် အမိန့်ပေးလိုက် သည်။ သို့ပေမဲ့ နောက်ကျသွားခဲ့ပြီဖြစ်၏။ သူတို့အသာလှည့်လိုက်သည့်အချိန်မှာပဲ ကျိုးဟုန်သည် ရှေ့ဆီသို့ ခြေတစ်လှမ်းလှမ်းတက်လိုက်၏။ ခန္ဓာကိုယ်သည် ကိုယ်တစ်ဝက် ကွေးညွတ်လိုက်ပြီးသည့်နောက် ရှုပ်ပွလှသည့် ဆံပင်များသည် လေမတိုက်ဘဲ လေထဲတွင် လွင့်မျောလျက်ရှိ၏။

ဓားနည်းစနစ် - ဓားရှစ်ထောင်။

ဆွစ်

ဓားချီများသည် အလင်းရောင်စဉ်များကဲ့သို့ပင် ပျံ့နှံ့သွားသည်။

ဇွီ ဇွီ

တည်နေရာကြီးတစ်ခုလုံးကို ပိုင်းဖြတ်ပြီးသည့်နောက် ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းဆီမှ အထက်ပိုင်းအကြီး အကဲများ၏ နှလုံးသားထဲတွင် သေဆုံးခြင်း၏ အော်ရာများ ဖြစ်တည်လာခဲ့၏။ ၎င်းတို့သည် ထိတ်လန့်ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည့်အချိန်မှာပဲ ဓားချီများသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်ကာဖြင့် ၂ ပိုင်းအဖြစ် ဖြစ်တည်ကုန် ၏။ အနီးအနားတွင်ရှိနေသော တည်နေရာကြီးတစ်ခုလုံးပင် ပိုင်းဖြတ်လျက်ရှိနေ၏။

လင်းရှန်းယီသည် ပြဿနာရှာရန်အတွက် လူပေါင်း ၅၀၀ နီးပါးကို ခေါ်ဆောင်လာခဲ့ကြ၏။ သူသည် ကျွင်းချောင်ရှောင်း ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး အထက်ပိုင်းအကြီးအကဲတစ်ဒါဇင်ကျော်တို့မှာတော့ ဖြူမဲညီနောင်တို့၏ သတ်ဖြတ်ခြင်း ကို ခံခဲ့ရသည်။ ကျန်သည့် အဆင့်နိမ့်ကျင့်ကြံသူများအားလုံးတို့သည် ကျိုးဟုန်၏ ဓားရှစ်ထောင် သိုင်းနည်းစနစ်တွင် သေဆုံးသွားခဲ့ကြပြီးဖြစ်၏။

၎င်းတို့အားလုံးသည် လက်ရွေးစင် သိုင်းကျင့်ကြံသူများဖြစ်သည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ ရှေ့မှာတော့ အားလုံးသောသူတို့သည် သေဆုံးသွားခဲ့ကြသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ။”

လင်းဟောင်ရန်သည် ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းဆီမှ လက်ရွေးစင်တပည့်များအားလုံး သတ်ဖြတ်ခံလိုက်ရ သည်ကို ဂရုမစိုက်ချေ။ ထို့အပြင် ဤအရာသည် သူမွေးမြူထားခဲ့သည့် ခွေးများနှင့် ဘာမှမထူးလှချေ။ သူဂရုစိုက်သည်မှာ ပြိုင်စံရှားဂိုဏ်း၏ တပည့်ကို ကြည့်ရသည်မှာ တစ်ကြိမ်တည်းသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ အကြိမ် ထောင်ပေါင်းများစွာ တိုက်ခိုက်လိုက်သကဲ့သို့ပင် အစွမ်းထက်လျက်ရှိနေခြင်းပင်။

“ရှစ်ထောင် ဟုတ်လား။” ကျွင်းချောင်ရှောင်းက တုန်လှုပ်သွားမိ၏။

စနစ်က ပြောလိုက်သည်။ “ဒီလူရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဓားတာအိုက လက်ခံသူထက်တောင် ပိုပြီးတော့ ကောင်းနေတယ်။”

“ဒါအမှန်ပဲ။”

ကျွင်းချောင်ရှောင်းက ဝန်ခံလိုက်၏။ “သူရဲ့ ဓားနဲ့ပတ်သက်တဲ့ တာအိုက တကယ့်ကို ထူးချွန်လွန်းလှတယ်။”

ကုန်းရှန့်သည် ဓားတာအို ပင်ကိုယ်ပြောင်းလဲခြင်းဆေးရည်များကို အသုံးပြုကာဖြင့် ဓားတာအိုကို နားလည်ခဲ့ခြင်းသာ ဖြစ်၏။ အခြားတစ်ဖက်က ပြောရမည်ဆိုလျှင် အထက်နယ်မြေကို ရောက်ရှိပြီးသည့်နောက် သူသည် သင့်တော်လှ သည့် လက်နက်လည်း မရှိချေ။ ထို့ကြောင့် ဓားတာအိုနှင့်ပတ်သက်၍ စွန့်လွှတ်ခဲ့ရပြီးဖြစ်သည်။

“ဒီကောင်”

ရီရှင်းချန်သည် လေးနက်တည်ကြည်စွာပြောလိုက်၏။ “သူက အစစ်အမှန်ရှာဖွေခြင်းအလယ်အလတ်အဆင့်ရဲ့ အားအင်တွေကိုတောင် ပိုင်ဆိုင်နေတာလား။”

သူနှင့်ကျိုးဟုန်တို့သည် ဂိုဏ်းဆီကို ဝင်ရောက်ခဲ့ကြသည်မှာ မကွာခြားလှချေ။ အထက်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီး သည့်နောက် သူသည် အစစ်အမှန်ရှာဖွေခြင်းအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်သောကြောင့် အားလုံးထက် သာနေပြီဟု တွက်ချက်ခဲ့၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ မဟုတ်ချေ။

“မဟုတ်သေးဘူး။”

ဟယ်ဝူတီက ပြောလိုက်သည်။ “သူ့ရဲ့ အဆင့်ကို သုံးသပ်ဖို့ဆိုတာ အရမ်းကိုခက်တယ်။ ဘာလို့လဲဆိုတော့ အစစ်အမှန်ဓားကျင့်ကြံသူတွေက အဆင့်ဆိုတာကို သိပ်ပြီး ဂရုစိုက်ကြတာ မဟုတ်ဘူး။ သူတို့အနေနဲ့ ဓားတာအိုကို ဘယ်လောက်ကောင်းကောင်း နားလည်တယ်ဆိုတဲ့ အပေါ်ကို သုံးသပ်ကြတာလေ။”

အမှန်ပင် ဖြစ်၏။ သိုင်းကျင့်ကြံခြင်း တာအိုများသည် ကျိုးဟုန်အတွက် အသုံးမဝင်လှချေ။ သူသည် အစကနေ အဆုံးအထိ ဓားကိုသာ နားလည်အောင်ကြိုးစားခဲ့၏။ ထို့ကြောင့် သူ၏ အဆင့်သည် ကျင့်ကြံခြင်းအဆင့်တစ်ခုအဖြစ် ရှင်းရှင်းလင်းလင်းတည်ရှိနေသည်ဆိုလျှင်တောင်မှ နှလုံးသားထဲတွင် ရှိနေသော ဓားဆန္ဒများသည် လူပေါင်း ၃၀၀ လောက်ကို တစ်ခါတည်း သတ်ဖြတ်နိုင်စွမ်းရှိနေ၏။

ရှလွမ် ...။

ကျိုးဟုန်သည် ဓားကို အသာပြန်လည်ရုပ်သိမ်းလိုက်၏။ ရှုပ်ပွလျက်ရှိနေသည့် အမဲရောင်ဆံနွယ်များ၏ အောက်မှာ တော့ အတွေ့အကြုံရင့်ကျက်လွန်းလှပြီး ခံစားချက်များ ကင်းမဲ့လျက်ရှိနေသည့် မျက်ဝန်းတစ်စုံက တည်ရှိနေ၏။ အသက်အရွယ်အရ ပြောရမည်ဆိုလျှင် သူသည် ကျွင်းချောင်ရှောင်းထက် အသက်ဒါဇင်နီးပါးလောက်သာ ပိုကြီး၏။ သို့ပေမဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည့် အရာများသည် အလွန်ပင် များပြားလွန်းလှချေသည်။

All Chapters