သေသေရှင်ရှင်အတူရှိမယ်
Vol. 127 Ch. 1765
လုပ်ကြံသူများသည် အနည်းငယ် အားမကိုးရပုံပေါ်သော်လည်း ခွန်အား မှာတော့ မနည်းလှပေ။ သူတို့သည် မြို့ဝန်အိမ်တော်မှလူများကို ဆွဲထုတ်ကာ ရှီမာယူယူတို့နောက်လိုက်ရန် လူတချို့ကိုလွှတ်နိုင်ကြသည်။
သူတို့သုံးယောက်သည် ကိုယ်ရံတော်များများစားစား မခေါ်ခဲ့ပေ။ ထို လုပ်ကြံသူများသည် အဖွဲ့အစည်းကြီးမားသည်နှင့်တူသည်… အနည်းဆုံးတော့ အရေအတွက်များလှသည်။ သူတို့သည် ရှီမာယူယူတို့အဖွဲ့နောက်သို့ ဂူလန် တောင်ခြေရောက်သည်အထိ လိုက်လာကြသည်။
“သခင်မလေး”
ဘဏ္ဍာထိန်းသည် ဂူလန်တောင်မှပြေးထွက်လာပြီး တိုက်ပွဲဝင်တော့ သည်။ သူသည် တခြားစကားပြောရန်ပင် အချိန်မရှိပေ။
ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့သည် ထိုလူများနှင့် တစ်လမ်းလုံး တိုက်ခိုက်လာသည်။ သူတို့သည် အနည်းငယ် ပင်ပန်းနေပြီဖြစ်သည်။ သူတို့ သည် မြို့ဝန်အိမ်တော်မှ ဘဏ္ဍာထိန်းနှင့်တခြားလူများကို မြင်သောအခါ ခွေကျ သွားတော့သည်။
“ရှီအာ ဒီမှာ လူတွေစီစဉ်ထားတာလား ငါတို့ကိုဘာလို့မပြောတာလဲ စိတ်ပူလို့သေတော့မယ် သူတို့သာ လိုက်မလာရင် လက်နက်မစုံတာနဲ့ ငါတို့ အစီအစဉ်တော့ လွယ်မှာမဟုတ်ဘူး”
“အမှန်ပဲ” သူတို့နှစ်ယောက်သည် မြေပေါ်တွင် အတန်ကြာအောင်နေပြီး ထကာ ဖုန်မှုန့်များကိုခါထုတ်လိုက်သည်။
“သခင်မလေး ကျွန်တော်တို့ ကာကွယ်ပေးမယ် သွားလိုက်ကြတော့” ဘဏ္ဍာထိန်းသည် ရုတ်တရက် ပြောလေသည်။
“ဘာြဖစ်တာလဲ”
“လူတွေ ပိုရောက်လာပြီ” ဘဏ္ဍာထိန်း အော်လေသည် “သခင်မလေး ဒီလူက သန်မာတယ် သွားတော့”
“ဟားဟား မုရုန်လင်း မင်း ဒီနေ့လွတ်မယ်ထင်နေလား” အဝေးမှ သန်စွမ်းလွန်းသော ရယ်သံထွက်လာသည်။ ဘဏ္ဍာထိန်း၏ မျက်နှာမှာ အကျည်းတန်သွားသည်။
သူသည် ရှီမာယူယူတို့ သုံးယောက်အဖွဲ့ဆီသို့ လှည့်လိုက်သည် “ဒီလူက တစ္ဆေကြင်ယာတော်ရဲ့ လက်အောက်က စစ်သူကြီးရှိခွေ့ပဲ ဒီနေ့သူနဲ့တွေ့မယ် လို့ထင်မထားဘူး… ကြည့်ရတာ ဒီကိစ္စရဲ့နောက်ကွယ်မှာ တကယ်ပဲ တစ္ဆေ ကြင်ယာတော်ရှိနေတာပဲ ကျွန်တော်တို့သခင်မလေးကို သခင်လေးနဲ့ သခင်မ လေးကို အပ်လိုက်ပြီ”
“ဘဏ္ဍာထိန်း သူနဲ့ တိုက်ခိုက်နိုင်မလား မသေချာဘူးမလား” ရှီမာယူယူ သည် ဘဏ္ဍာထိန်းကို ကြည့်လိုက်သည်။
“သူ့အားက ကျွန်တော့်ထက်သာတယ်” ဘဏ္ဍာထိန်း ပြန်ဖြေလေသည် “သခင်မလေး အမြန်သွားလိုက်ကြတော့”
“ကျွန်မ ရှင်နဲ့နေမယ်” ရှီမာယူယူ ငြင်းဆန်နေသည် “ကုန်းဇီယွမ် ရော့ပိုင် မင်းတို့ ကိုယ်ရံတော်တွေခေါ်ပြီး သွားလိုက်တော့”
ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့သည် ဘဏ္ဍာထိန်း၏ ခွန်အားကိုသိ သည်။ သူ မသေချာနေသည်မှာ ယနေ့ ပြင်းထန်သော တိုက်ပွဲဖြစ်လိမ့်မည်။
“ရှီအာ မင်းမှာ ဝိညာဉ်စွမ်းအားမရှိဘူးလေ နေခဲ့လို့လည်း အသုံးမဝင်ဘူး ဦးလေးလင်းရဲ့ မျှော်လင့်ချက်က မင်းအသက်ရှင်ဖို့ပဲ” ကုန်းဇီယွမ် တိုက်တွန်း လိုက်သည် “အတူသွားရအောင်”
ရှီမာယူယူ ခေါင်းခါလိုက်သည် “ငါကပဲ ဒီကိစ္စကိုလုပ်လိုက်တာ အဲဒါ ကြောင့် ငါနေရမယ် မင်းတို့အရင်သွားနှင့် ငါဘဏ္ဍာထိန်းနဲ့ ဘေးကင်းမှာပါ” ရှီမာယူယူသည် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့ နှစ်ယောက်လုံး တွေဝေသွားသည်။ နောက်ဆုံးတွင် ရှောင်ရော့ပိုင် ပြောလေသည် “မင်း အဲလောက် သေချာနေမှ တော့ ငါတို့လည်း မင်းနဲ့အတူနေပေးမယ် မင်း ငါတို့ကိုကာကွယ်ပေးနိုင်တယ် မလား”
“ရော့ပိုင်…”
“ဘာကြောင့်လဲတော့ ငါမသိပေမဲ့ ငါ မင်းကိုယုံတယ်… မင်းမှာ ဘာ အင်အားမှမရှိပေမဲ့လေ” ရှောင်ရော့ပိုင် ပြောလိုက်သည် “ထူးဆန်းတယ်မလား ငါလည်း ထူးဆန်းနေတာ”
“ဟုတ်ပြီ မင်း အဲလိုပြောနေမှတော့ ငါက ဘယ်လိုလုပ် တစ်ယောက် တည်းပြေးတော့မလဲ ရှီအာရှိတဲ့နေရာ ငါရှိမှာပဲ” ကုန်းဇီယွမ် ကြေညာလေ သည်။
“သေချာရဲ့လား တစ္ဆေမျိုးနွယ်မှာ အသက်ပိုတစ်ချောင်းမပါဘူးနော် မင်းတို့ သေသွားရင် တကယ်သေသွားရမှာ” ရှီမာယူယူ ပြောလိုက်သည်။
“ဘယ်သူက မသေလို့လဲ အခုမသေရင် နောက်သေမှာပဲ” ကုန်းဇီယွမ် ပြောလိုက်သည်။
“အင်း မင်းနဲ့ငါက တစ်လှေတည်းစီးနေတဲ့လူတွေပဲ ဒီနေ့ သေသေရှင်ရှင် ပူးကပ်နေကြမယ်” ရှီမာယူယူသည် ပြုံးပြီး ပြောလိုက်သည်။
“ဟုတ်ပြီ သေသေရှင်ရှင်အတူရှိနေကြမယ်” ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့သည် သံပြိုင်လိုက်ပြောလေသည်။
“သခင်မလေး” သူတို့ ထွက်သွားရန် အစီအစဉ်မရှိသည်ကို မြင်သည်နှင့် ဘဏ္ဍာထိန်းသည် စိတ်လှုပ်ရှားစွာဖြင့် အော်လေသည်။
“ဘဏ္ဍာထိန်း စိတ်မပူပါနဲ့ ဒီနေ့ရှင်မသေဘူးလို့ ကျွန်မပြောရင် သေချာ ပေါက်မသေစေရဘူး” ရှီမာယူယူသည် မုရုန်လင်းအား အခိုင်အမာပင် ကြည့် လေသည် “ရှင်က အဖေ့ရဲ့ အားကောင်းတဲ့ ညာလက်ရုံးပဲ အဖေ့လက်ကို ထိခိုက်အောင် ကျွန်မက ဘယ်လိုလုပ်ခွင့်ပြုမလဲ”
“ကျွတ် ကျွတ် ရင်ထဲထိလောက်စရာ သံယောဇဉ်တွေပဲ ယုံကြည်မှုရှိလွန်း တဲ့မိန်းကလေးပါလား” ရှိခွေ့သည် လူတစ်စုကိုဦးဆောင်ပြီး သူတို့ကိုဝိုင်းလိုက် သည်။ တောက်ပသည့် ချပ်ဝတန်တန်ဆာ ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် နှင့်လူသည် ရှေ့မှလျှောက်လာသည်။ သူ၏ မျက်နှာအသွင်အပြင်သည် မယုံနိုင် လောက်အောင် စွေစောင်းနေသည်။
“ရုပ်ဆိုးလိုက်တာ” ရှီမာယူယူသည် သူ့ကိုတစ်ခါသာကြည့်သည်။ ထိုရုပ်ဆိုးလှသော လူသည် သူ့ကိုယ်သူ တစ်ကမ္ဘာလုံးတွင် အချောဆုံးဟု ထင်နေပုံရသည်။ သူမသည် စားထားသည့် ညနေစာကိုပင် အန်ထုတ်ချင်မိ၏။
သို့သော် သူမ၏ ရွံရှာသောမျက်နှာထားကြောင့် ရှိခွေ့သည် ပို၍ပျော်ရွှင် စွာပင် ပြုံးလိုက်သည်။
“မုရုန်ရှီ မင်း ကမ်းပါးကပြုတ်ကျပြီး ဒဏ်ရာရတာတောင် မသေဘဲ သီသီလေးလွတ်သွားမယ်လို့ ထင်မထားဘူးပဲ အဲကောင်တွေက တကယ်ကို အသုံးမကျကြဘူး” သူ ဆက်ပြောလေသည် “ဒါဆိုလည်း မင်းအသက်ကို ငါ့ လက်နဲ့ကိုယ်တိုင်နှုတ်ပေးရမှာပေါ့ အဲလိုဆို ဘုရင်မကို သတင်းပို့ရတာ ပိုကောင်းသွားပြီ”
“ကျွန်မက ဘုရင်မကို ပြစ်မှားထားတာမရှိဘူး သူမက ကျွန်မကို ဘာလို့ သတ်ချင်တာလဲ” ရှီမာယူယူ မေးခွန်းထုတ်လိုက်သည်။
ထိုမေးခွန်းသည် မုရုန်ရှီကိုယ်စား မေးလိုက်ခြင်းဖြစ်သည်။
“ဒီလိုရုပ်ရည်နဲ့ မွေးလာမိတာက မင်းရဲ့အမှားပဲ” ရှီခွေ့ပြောလိုက်သည် “မင်းရဲ့ ရုပ်ရည်က ဘုရင်မကြီးမျက်လုံးထဲမှာ မျက်စိဆံပင်မွေးဆူးစရာဖြစ်နေ တာ အဲဒါကြောင့် မင်း သေရမယ်”
“ဒါဆိုရင် တစ္ဆေကြင်ယာတော်က ပါးနပ်တဲ့အမျိုးသမီးတော့ မဟုတ်ဘူး ပဲ” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည် “ကျွန်မသာ သူမမျက်နှာကို မုန်း ရင် သူမမျက်နှာကို ပျက်စီးအောင်လုပ်ပြီး အဆုံးမရှိတဲ့ နာကျင်မှုကို နေ့တိုင်း ထိုင်ကြည့်နေမှာ အဲဒါကြောင့် ရှင်တို့ဘုရင်မက စိတ်ထားနူးညံ့သေးတာပဲ”
“ဟား….” ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့နှစ်ယောက်လုံး ရယ်မော လိုက်ကြသည်။ သူမသည် ဘုရင်မတဖြစ်လဲ တစ္ဆေကြင်ယာတော်ကို လှောင် ပြောနိုင်သည်။ သူမသည် တစ္ဆေနယ်မြေတစ်ခုလုံးတွင် တစ်ဦးတည်းသောသူ သာဖြစ်ပေမည်။
“ဟင်း မောက်မာလိုက်တာ မင်းခေါင်းကို သူမဆီယူသွားပေးရင် ဘုရင်မ က ပျော်မှာပဲ” ရှိခွေ့နှာမှုတ်လေသည် “သွား မုရုန်လင်းရဲ့ ခေါင်းကိုဖြတ်နိုင်ရင် ဝိညာဉ်ကျောက်ဆုရမယ်… မုရုန်ရှီရဲ့ ခေါင်းကိုဖြတ်နိုင်ရင် ဆုအဖြစ် ကျောက် တစ်ထောင်ရမယ်”
ရှီမာယူယူ နှုတ်ခမ်းဆူလိုက်သည် “ငါ့အသက်က အဲလောက်ပဲ တန်တာ လား”
“မင်းအားက အရမ်းနည်းနေလို့လေ” ရှောင်ရော့ပိုင်သည် ညှာတာမှုကင်း စွာပြောလေသည်။
“ရိုက်ချက်ပြင်းတယ် ဒီလိုအမှန်တွေ လျှောက်မပြောနဲ့လေ”
“….”
“….”
မင်းကိုယ်မင်းလည်း နားလည်ပါတယ်။
ထိုလူများ လှုပ်ရှားသည်နှင့် လေဟာပြင်ဝင်ပေါက်တွင် မူမမှန်သော လှုပ်ရှားမှုဖြစ်လာသည်။ အားတစ်ခုသည် ထိုလူများအားလုံးကို ပိတ်ထားလိုက် သည်။
“ငါ မုရုန်ဟွေ့ရဲ့သမီးကို သတ်ချင်တိုင်းသတ်လို့ရမှာလား” မုရုန်ဟွေ့ သည် လေဟာပြင်ဝင်ပေါက်မှ ရောက်လာပြီး ထိုလူများကို ဒေါသတကြီး ကြည့် လေသည်။
သူသာ နောက်ကျသွားလျှင် အေးစက်နေသော အလောင်းကိုသာ တွေ့ရ မလားမသိပေ။
“မုရုန်ဟွေ့ နောက်ဆုံးတော့ ရောက်လာပြီပဲ မင်း ထာဝရတောက်ပခြင်း မြို့မှာပဲ နေပြီးထွက်မလာတော့ဘူးထင်နေတာ” ရှိခွေ့နှာမှုတ်လေသည်။
“အဲတော့ မင်းတို့ရဲ့ပစ်မှတ်က ငါလား” မုရုန်ဟွေ့သည် သူ့စကားထဲမှ ပြောချင်သည့်အရာကို သတိထားမိသည်။
“မဟုတ်ဘူး မင်းနဲ့ မင်းသမီးပဲ ဘုရင်မကြီးက တစ်ယောက်မှ အရှင်မထား ဖို့ ပြောလိုက်တယ်”
“အဲဒါကတော့ မင်းရဲ့စွမ်းရည်ပေါ်မှာမူတည်တာပဲ” မုရုန်ဟွေ့သည် ဒေါသထွက်နေသည်။ လေသည်သူ၏ ဆံပင်များကို ဝှေ့တိုက်လိုက်ပြီး သူ၏ အရှိန်အဟုန်မှာ သန်မာလာသည်။
“မင်း ခွန်အားက ငါ့ထက်မြင့်တာကိုသိတယ် ဒါပေမဲ့ ငါ မင်းနဲ့ တိုက်ခိုက် ချင်တယ်လို့ ငါ မပြောလိုက်ဘူး” ရှိခွေ့ပြောလိုက်သည်နှင့် ဝတ်ရုံဝတ်ထား သော လူနှစ်ယောက်သည် ရှေ့တွင်ပေါ်လာသည်။
သူတို့၏ရောင်ဝါမှာ မုရုန်ဟွေ့နှင့် ယှဉ်နိုင်သည်။ ကြည့်ရသည်မှာ တစ်ဖက်လူသည် သူ့အတွက် ပြင်ဆင်ထားပုံရသည်။
မုရုန်ဟွေ့သည် အေးစက်စွာ ပြုံးလိုက်သည် “မင်းတစ်ယောက်ပဲ ပြင်ဆင် ထားတယ်ထင်နေတာလား”
***