← Chapters

အခန်း ၁၆၅၂

Vol. 111 Ch. 1652

အခန်း ၁၆၅၂

Vol. 111 Ch. 1652

အပိုင်း (၁၆၅၂)

ကြီးမြတ်သူတုံးကုသည် သူ၏မိတ်ဆွေ၊ သူငယ်ချင်း၊ ရောင်းရင်းများ အားလုံးကို ခေါ်ဆောင်လာခဲ့ကြ၏။ ၎င်းတို့သည် တောင်၏ အရှေ့ဘက်တွင် မတ်မတ်ရပ်လျက်ရှိပြီး အနောက်ဘက်မှ ကြည့်ရှုရမည်ဆိုလျှင် အလွန် အားကိုးစရာကောင်းသော ကြီးမားလှသည့် တောင်ထွတ်ကြီးများကဲ့သို့ပင် မတ်မတ်ရပ်ကာ တည်ရှိလျက် ရှိနေကြ၏။

ကျွင်းချောင်ရှောင်းသည် အမှန်ပဲ စိတ်ထဲ၌ ထိခိုက်သွားခဲ့သည်။ သူသည် ယခင်တုန်းက အောက်နယ်မြေ တစ်ခုလုံးကို ကယ်တင်ခဲ့ဖူး၏။ ထို့ကြောင့် ဤမျှကောင်းမွန်လှသည့် ဆရာတစ်ယောက်ကို ရရှိခဲ့ခြင်းလား မသိပေ။

“နေအုံး... ငါ ဘာလို့ ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီးတဲ့နောက်မှာ စနစ်ကို ရရှိခဲ့တာလဲ။ အရင်ဘဝတုန်းက ကောင်းတာတွေကြီးပဲ လုပ်ခဲ့လို့လား”

“မင်း အတွေးလွန်နေပြီ”

စနစ်သည် အချိန်ကိုက် ဝင်ရောက်ကာ ပြောလိုက်၏။ “လက်ခံသူရဲ့ အရှက်မဲ့လှတဲ့ ကိုယ်ရည်ကိုယ်သွေးအရဆိုရင် အရင်တုန်းက စကြဝဠာကြီးတစ်ခုလုံးကို ဒုက္ခပေးခဲ့မယ်ထင်တယ်”

အချက်အလက်အားဖြင့် အလွန် အားကောင်းလှသော ရန်သူများနှင့် ရင်ဆိုင်နေသည်သာ မဟုတ်ပါက ကျွင်းချောင်ရှောင်းသည် ကျိန်းသေပေါက် စနစ်နှင့် တုဖက်ကာ ရန်ဖြစ်မိမှာ သေချာသည်။

“ကြီးမြတ်သူတုံးကု”

လင်းဟောင်ရန်သည် အေးစက်စက် မျက်နှာဖြင့် ပြောလိုက်၏။ “ကျွင်းချောင်ရှောင်းက ဆန်းကြယ်ကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို သတ်ဖြတ်ပစ်ခဲ့တယ်။ ဒါက ခွင့်လွှတ်ပေးလို့ မရတဲ့ ပြစ်မှုပဲ။ သူ့ရဲ့ ဆရာတစ်ယောက်အနေနဲ့ ခင်ဗျားက သူ့ကို ကာကွယ်ပေးမလို့လား”

ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာမည်ကို သူက အစောကြီးကတည်းက သိရှိပြီးဖြစ်၏။ ထို့ကြောင့် စိတ်ထဲတွင် သိပ်အလေးအနက် မထားခဲ့ချေ။ ကျောက်ရုပ်ထုမျိုးနွယ်နှင့် နဂါးကလန်တို့ကို စည်းခတ်ထားပြီးသည့် နောက် လွတ်လပ်သော ကျင့်ကြံသူအဖွဲ့တချို့သည့် သူတို့ကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ဟုတ်ပေ၏။ အားအင်အဆင့်အရဆိုလျှင် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်း၏ ဂိုဏ်းချုပ်များသည် ကြီးမြတ်သူတုံးကုနှင့် တခြားသောသူများ အားလုံးထက် ပိုမိုကာ အားကောင်းကြ၏။ တကယ်တမ်း တိုက်ခိုက်မည် ဆိုလျှင် ဖြစ်ပေါ်လာနိုင်သည့် ရလဒ်သည် မြန်မြန်ဆန်ဆန်ပင် ပြီးဆုံးသွားမှာဖြစ်၏။

“ဒါ ခင်ဗျားပြောတာပဲလေ”

ကြီးမြတ်သူတုံးကုက ပြောလိုက်သည်။ “ကျုပ်က ဆရာတစ်ယောက် ဖြစ်နေပြီဆိုမှတော့ ကျုပ်တပည့်ကို ဝိုင်းပြီးအနိုင်ကျင့်တာကို ဘယ်လိုလုပ် ကြည့်ရမှာလဲ”

သူ့အနေနှင့် ယနေ့တွင် လူပေါင်းများစွာတို့ကို ခေါ်ဆောင်လာခဲ့ပြီဆိုမှတော့ ဘာကိစ္စပဲရှိရှိ ကျွင်းချောင်ရှောင်းကို ကျိန်းသေပေါက် ကာကွယ်ပေးရလိမ့်မည်။

“ဟမ့်”

ပုန်းကွယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်သည် အေးစက်စက် ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းကို ကာကွယ် ပေးတဲ့လူတွေ အကုန်လုံးကို သစ္စာဖောက်တွေအဖြစ် သတ်မှတ်ရမယ်”

“ကျုပ်ကို တွေ့တာတောင်မှ ခင်ဗျားအနေနဲ့ ဒီလိုပြောဖို့ မျက်နှာရှိသေးတယ်ပေါ့” မာဆာတိုကီတာနိုသည် တည်ငြိမ်စွာဖြင့် သတိပေးလိုက်သည်။

ဤစကားစုသည် ပုန်းကွယ်အင်မော်တယ်ဂိုဏ်းချုပ်အား ချက်ချင်းပင် ဒေါသထွက်သွားစေခဲ့၏။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းတုန်းက သူသည် မာဆာတိုကီတာနိုအား ရှုံးနိမ့်ခဲ့ရဖူးသည်။ ထိုအချိန်တုန်းက အမြူတေ ပြောင်းလဲခြင်းအဆင့်ကို ဝင်ကာစဖြစ်ပြီး ဂိုဏ်းချုပ်ရာထူးကိုလည်း မရရှိသေးပေ။

“လာခဲ့စမ်း”

ပုန်းကွယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်သည် ကျယ်လောင်စွာပြောလိုက်၏။ “နောက်ထပ် တိုက်ခိုက်ကြမယ်”

ဂိုဏ်း၏ နောက်ထပ်ဆက်ခံသူတစ်ယောက် ဖြစ်ပေါ်လာပြီးသည့်နောက်မှာ သူသည် များပြား လှသည့် အရင်းအမြစ်များကို ရရှိခဲ့၏။ ထို့ကြောင့် သူ၏အဆင့်နှင့် အားအင်သည် ယခင်တုန်းကနှင့် လုံးဝ မတူတော့ချေ။ မူလအားဖြင့် ယခင်တုန်းက ရှုံးနိမ့်မှုကို လက်စားချေနေချင်သည်မှာ သဘာဝပင် ဖြစ်သည်။

“ကောင်းပြီ” မာဆာတိုကီတာနိုက သဘောတူညီလိုက်၏။

ကြီးမြတ်သူတုံးကုသည် ပူပန်စွာဖြင့် မေးလိုက်သည်။ “ခင်ဗျား ယုံကြည်ချက်ရှိလား”

“မရှိဘူး”

ပုန်းကွယ်အင်မော်တယ်ဂိုဏ်းဆီမှ ဂိုဏ်းချုပ်၏ အားအင်အဆင့်သည် မြန်မြန်ဆန်ဆန်ဖြင့် တိုးတက် လာခဲ့သည်ဖြစ်ကြောင်းကို မာဆာတိုကီတာနိုက သိရှိခဲ့၏။ သူ့အနေနှင့် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့သည်ဆိုသော်လည်း ဂိုဏ်းထဲတွင် အရင်းအမြစ်ပေါင်းများစွာနှင့် တစ်ချိန်လုံး ကျင့်ကြံလျက် ရှိသည့် ဂိုဏ်းချုပ် တစ်ယောက်တို့၏ကြား ကွာခြားချက်တစ်ခု တည်ရှိနေမှာ သေချာ၏။

“စီနီယာ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက ပြိုင်စံရှားဂိုဏ်းနဲ့ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ဆယ်ဂိုဏ်းတို့ရဲ့ကြားက ရန်ငြှိုးပါ။ ကျေးဇူးပြုပြီး ဘေးတစ်ဖက်နေပြီး ကြည့်ရှုပေးပါ”

“...............”

မာဆာတိုကီတာနို၏ အမူအရာသည် နဝေတိမ်တောင်နှင့် ဖြစ်သွားမိ၏။ သူ၏ဂိုဏ်း ဘာတွေဖြစ်နေသည်လဲ ဆိုသည်ကို ကောင်းကောင်းမွန်မွန် နားမလည်သေးပေဘူးလား။ အဘယ်ကြောင့် လာရောက်ကူညီသူအား ဘေးတစ်ဖက်မှ စောင့်ကြည့်စေချင်နေသနည်း။

“အမှိုက်လေး”

ကြီးမြတ်သူတုံးကုက ဆူငေါက်လိုက်၏။ “ဟန်ထုတ်မနေနဲ့”

ကုန်းရှန့်သည် ပြုံးလိုက်၏။ ပြီးသည့်နောက် တောင်၏ဂိတ်တံခါးဆီသို့ ပျံသန်းသွားခဲ့သည်။ သူသည် လေထဲတွင် လွင့်မျောလျက် ရှိနေပြီးသည့်နောက် ပုန်းကွယ်အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်အား မောက်မာသော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။ “ကျုပ် ခင်ဗျားနဲ့ တိုက်ခိုက်မယ်”

“မင်းနဲ့ ဟုတ်လား” ပုန်းကွယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်သည် နှာခေါင်းကို ရှုံ့လိုက်သည်။

“ကျွင်းချောင်ရှောင်း”

လင်းဟောင်ရန်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ကျောက်ရုပ်ထုမျိုးနွယ်နဲ့ နဂါးကလန် တို့ရဲ့ ထောက်ပံ့မှု မရှိဘူးဆိုရင် မင်းက အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ ဘာအရည်အချင်း ရှိလို့လဲ”

တခြားသောဂိုဏ်းချုပ်များသည်လည်း အထင်အမြင်သေးသလို လှမ်းကာကြည့်ရှုလိုက်၏။ သူတို့ အထင်အမြင် အရဆိုလျှင် အဓိကကလန်ကြီးနှစ်ခု၏ ဘိုးဘေးနယ်မြေများကို စည်းခတ်ခဲ့ခြင်းသည် ကျွင်းချောင်ရှောင်း၏ အတောင်ပံများကို ဖြတ်တောက်ခဲ့ခြင်းနှင့် ဆင်တူ၏။ ယခုအချိန်မှာတော့ များပြားလှသည့် လက်ရွေးစင်တပည့် များကို ခေါ်ဆောင်ကာဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းသည် ကုန်းရှန့်ကို မျက်နှာသာပေးခဲ့သလိုပင်ဖြစ်သည်။

အဓိက ရည်ရွယ်ချက်သည် ပြဿနာ၏ အရင်းအမြစ်ကို သုတ်သင်ရှင်းလင်းခဲ့ခြင်းပင်ဖြစ်၏။ ပြောရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် လုံးဝပျောက်ကွယ်သွားရပေလိမ့်မည်။ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များကိုပင် ညှာတာလိမ့်မည် မဟုတ်ချေ။

အထက်နယ်မြေတွင် အင်မော်တယ်အဆင့် ဂိုဏ်းကြီးများ၏ အဆုံးစွန်သော ဥပဒေသသည် ခိုင်မြဲပြီး အားကောင်း လွန်းလှချေ၏။ ၎င်းတို့သည် ၎င်းတို့ကို အန္တရာယ်ပေးနိုင်သည့်အရာ သို့မဟုတ် လူတစ်ယောက် တည်ရှိလာသည် ဆိုပါက ဘာပဲဖြစ်ဖြစ် ကျိန်းသေပေါက် သတ်ဖြတ်ပစ်ရပေလိမ့်မည်။

ဤကဲ့သို့ ဝိုင်းဝန်းဖျက်ဆီးခံရခြင်းအတွက် နတ်ဆိုးဘိုးဘေးကြီးသည် မည်မျှ ဒေါသထွက်မည်နည်းဆိုသည်ကို စိတ်ကူးယဉ်ကြည့်၍ပင်ရ၏။ သူ့အနေနှင့် အထက်နယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ အကြံအစည် ပေါ်ပေါက်လာ ခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။

ကျွင်းချောင်ရှောင်းသည် လှောင်ပြောင်သည့်လေသံဖြင့် ပြောလိုက်၏။ “ခင်ဗျားက စိန်ခေါ်မှုကို လက်မခံရဲဘူးလား”

“အမှိုက်ကောင်”

ပုန်းကွယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်က အေးစက်စက် ပြောလိုက်သည်။ “မင်းငါ့ကို သက်သက် ရန်စနေတာ လား”

ဆွစ်

ကျွင်းချောင်ရှောင်းသည် သူ၏စပီကာ အော်လံကြီးကို ထုတ်ယူကာဖြင့် ပြောလိုက်၏။ “ဒီနေ့မှာ ကျုပ် ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ပုန်းကွယ်အင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို စိန်ခေါ်ပါ်တယ်။ ဒါပေမဲ့ သူက စကားလမ်းကြောင်း လွှဲနေတယ်။ ကြောက်နေတာပဲ နေလိမ့်မယ်”

“.............”

အဝေးတစ်နေရာရှိ လွတ်လပ်သော ကျင့်ကြံသူများသည် ကြောင်အသွားခဲ့ကြ၏။ အစ်ကိုကြီး ... ဒီအတိုင်း ပြောလိုက်ရင်လည်း အကုန်လုံးကြားပါတယ်။

ပုန်းကွယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်သည် အမှန်ပဲ ဒေါသထွက်သွားခဲ့၏။ သူ၏ အကြည့်များသည် အေးစက် သွားခဲ့သည်။ “မင်းဒီလောက် ယုံကြည်မှု ပြင်းထန်နေတယ်ဆိုမှတော့ ငါမင်းနဲ့ တိုက်ခိုက်မယ်”

“သူ သဘောတူညီလိုက်ပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ရှောင်ကျီ... လက်ဖက်ရည်ပူပူလေး တစ်ခွက် လောက်လုပ်ထားလိုက်”

ပြောပြီးသည့်နောက် သူသည် အင်မော်တယ်တောင်ဆီမှ ပျံသန်းထွက်ခွာသွားပြီး သည့်နောက် တောင်၏အပြင်ဘက် ကွင်းပြင်ရှေ့တွင် မတ်မတ်ရပ်လိုက်၏။ သူသည် ပေါ့ပါးစွာ ပြောလိုက်၏။ “မြန်မြန်လာခဲ့... ကျုပ် ပြန်ပြီးတော့ လက်ဖက်ရည် သောက်ရအုံးမယ်”

“..........”

ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် သူ၏တပည့်ကို အဘယ်ကြောင့် လက်ဖက်ရည်ဖျော်ခိုင်းနေသနည်းဆိုသည်ကို သူတို့နားလည်သွားခဲ့၏။ ပြိုင်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်ပြီးသည့်နောက် လက်ဖက်ရည်ပူပူလေး သောက်ချင်သောကြောင့်ပင်။

အမှန်ပင် မောက်မာလွန်းလှချေ၏။ ကိုယ့်ဘက်က လူများပင်လျှင် ဆက်လက်ကာ စောင့်မကြည့်နိုင်တော့ချေ။

ပုန်းကွယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်ဆိုလျှင် ပို၍ဆိုးရွားလှ၏။ လက်ရှိအချိန် မှာတော့ သူ၏ မျက်လုံးထဲတွင် အဆုံးစွန်သော ဒေါသတရားများနှင့် ပြည့်နှက်နေခဲ့၏။ သူသည် ကျွင်းချောင်ရှောင်းကို အစိတ်စိတ် အပိုင်းပိုင်း ဆွဲဖြဲချင်စိတ် ပေါက်နေသည်။

“ဂိုဏ်းချုပ်ကျင်း”

လင်းဟောင်ရန်သည် အသံပို့လွှတ်လိုက်၏။ “သနားညှာတာနေစရာမလိုဘူး။ ဖြစ်နိုင်ရင် သတ်ပစ်လိုက်”

ပထမတုန်းက ကျွင်းချောင်ရှောင်းသည် ဂိုဏ်းထဲ၌ ပုန်းအောင်းနေလိမ့်မည်ဟု သူက ထင်မှတ်ခဲ့၏။ သူ့အနေနှင့် ကျွင်းချောင်ရှောင်းကို သတ်ဖြတ်ချင်သည်ဆိုလျှင် အဆုံးစွန်သော စွမ်းအင်များကို ထုတ်ဖော်ကာ အသုံးပြုရမည်ဟု ထင်မှတ်ထားခဲ့သည်။ ထို့ကြောင့်ပင်လျှင် လူပေါင်းတစ်သိန်းလောက်ကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သတ္တိရှိရှိနှင့် အရှေ့ဆီသို့ ထွက်လာရုံသာမက ပုန်းကွယ်အင်မော်တယ် ဂိုဏ်း၏ ဂိုဏ်းချုပ်ကိုတောင် စဦးစိန်ခေါ်လျက် ရှိနေသေး၏။

အခွင့်အရေး - ဤအရာသည် အလွန်ကောင်းမွန် သော အခွင့်အရေးသာလျှင် ဖြစ်ပေလိမ့်မည်။ ကျွင်းချောင်ရှောင်းကို ဖျက်ဆီးပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်း ဆိုသည်မှာ စဉ်းတီတုံးပေါ် ရောက်ရှိလာသည့် အသားတုံးများနှင့်ပင် မခြားနားနိုင်တော့ချေ။

“ကောင်းပြီ”

ကြောက်မက်ဖွယ်ရာကောင်းသော သတ်ဖြတ်လိုခြင်းဆန္ဒများသည် ပုန်းကွယ်အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်မျက်နှာပေါ်တွင် ထင်ပေါ်လာခဲ့သည်။

ကြီးမြတ်သူတုံးကုသည် ထိုအရာကို နားလည်၏။ ထို့ကြောင့် အလောတကြီးဖြင့် အသံပို့လွှတ်လိုက်၏။ “မြန်မြန်ပြန်လာခဲ့။ အလျင်မလိုနဲ့”

အင်မော်တယ်အဆင့်ဂိုဏ်းမှ ဂိုဏ်းချုပ်များအားလုံးသည် အစစ်အမှန် ရှာဖွေခြင်းထိပ်ဆုံးအဆင့်တွင် ရှိ၏။ သူပင်လျှင် အနိုင်ယူရန် မသေချာလှချေ။ သူ၏တပည့်ဆိုလျှင် ပိုဆိုးသည်။

“ဆရာ”

ကျွင်းချောင်ရှောင်းသည် တောင်၏ထိပ် ကွင်းပြင်ရှိလေထဲတွင် လွင့်မျောလျက် ရှိနေပြီး လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “ဆရာတပည့်ဆက်ဆံရေး ဖြစ်ပေါ်လာကတည်းက ကျုပ်က ဆရာ့အပေါ်မှာ ဒုက္ခတွေ ပေးခဲ့မိတယ်။ ရှက်ရွံ့မိပါတယ်”

“အင်း”

ကြီးမြတ်သူတုံးကုက သက်ပြင်းချလိုက်သည်။ “ငါအသားကျနေပါပြီ”

“ဒီတစ်ကြိမ်မှာတော့ အင်မော်တယ် အဆင့်ဂိုဏ်းတွေက ပြိုင်စံရှားဂိုဏ်းကို လာပြီးပစ်မှတ်ထားကြတာလေ။ အဝေးကနေပြီးတော့ အေးအေးဆေးဆေးကြည့်ရှုပါ။ အားလုံးကို ကျုပ်ကိစ္စထားလိုက်ပါ” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

................

ကြီးမြတ်သူတုံးကုသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ သူ့အနေနှင့် အင်မော်တယ်အဆင့်ဂိုဏ်းကြီး ဆယ်ဂိုဏ်းကို ကျွင်းချောင်ရှောင်းတစ်ယောက်တည်း ရင်ဆိုင်မည်ဆိုခြင်းကို ကျိန်းသေပေါက် စိုးရိမ်ပူပန်မိ၏။ သို့ပေမဲ့ သူ့တပည့်၏ လေးနက်သည့်အမူအရာကို မြင်ရသည့်အချိန်မှာတော့ အထက်နယ်မြေ၏ အားအကောင်းဆုံးသော လူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်လားဟူသည့် အနည်းငယ်သော မျှော်လင့်ချက် ဖြစ်တည်လာခဲ့သည်။

“ကောင်းပြီ”

ကြီးမြတ်သူတုံးကုက ပြောလိုက်၏။ “တိုက်ပွဲကိုပဲ စောင့်ကြည့်လိုက်တော့မယ်။ ရောင်းရင်းကြီး ... ကျုပ်တို့အရင်ဆုံး နောက်ကို ဆုတ်ရအောင်”

ပြောပြီးသည့်နောက် သူသည် နောက်ဘက်သို့လှည့်ကာ ကြည့်ရှု လိုက်၏။ မာဆာတိုကီတာနို၊ သူတော်စင်ခုနှစ်ပါးနှင့် တခြားသူများအားလုံးတို့သည် အင်မော်တယ်တောင်၏ ခပ်ဝေးဝေးတည်နေရာတွင် ရောက်ရှိနေကြပြီဖြစ်ပြီး နေကြာစေ့များကိုပင် ထုတ်ကာ စားနေကြသည်။

“ချီးတဲ့မှ... ခင်ဗျားတို့က မြန်လွန်းလိုက်တာ”

..............

ကြီးမြတ်သူတုံးကုနှင့် သူ၏ရောင်းရင်းများ အားလုံးတို့သည် ပြိုင်စံရှားဂိုဏ်းနှင့် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ဆယ်ဂိုဏ်းတို့၏ ကြားထဲတွင် ပါဝင်ပတ်သက်မှု မလုပ်ရန် ရွေးချယ်လိုက်ခဲ့ကြ၏။ ၎င်းတို့သည် တောင်၏ဂိတ်တံခါး အပြင်ဘက်တွင် အေးအေးဆေးဆေးထိုင်ကာဖြင့် ပွဲကြည့်ပရိသတ် လုပ်နေကြ၏။

ဤအရာသည် ကျွင်းချောင်ရှောင်းပေါ်တွင် သူတို့၏ ယုံကြည်မှုပင်ဖြစ်၏။ နှစ်နှစ်တာ ထိတွေ့ဆက်ဆံပြီးသည့် နောက် ဤကလေးမှာ အရူးတစ်ယောက်မဟုတ်ကြောင်း ကောင်းကောင်းနားလည်မိသည်။ သူတို့ကို မပါဝင်ရန် ပြောဆို နေသည်ဆိုမှတော့ ကျိန်းသေပေါက် အကြံအစည်တစ်ခုခု တည်ရှိရပေလိမ့်မည်။ ထို့အတူ ပုန်းကွယ် အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကို တစ်ယောက်တည်း ရင်ဆိုင်ရဲနေသည်။ ထို့ကြောင့် သူ့တွင် ယုံကြည်ချက် ရှိနေလိမ့်မည်။ သို့မဟုတ် ဝှက်ဖဲတစ်ခု တည်ရှိနေနိုင်သည်။

“ရောင်းရင်းကြီး... ခင်ဗျားတပည့်က မရိုးရှင်းဘူးပဲ။ သူက အလှည့်အပြောင်းကြီးတစ်ခုခုကို ဖန်တီးနိုင်လောက် တယ်”

“ကျုပ်လည်း ဒီလိုထင်ပါတယ်”

.............

“လာလေ”

ကျွင်းချောင်ရှောင်းသည် လက်ကိုအသာယမ်းခါပြီးသည့်နောက် လက်ညှိုးလေးကို ကွေးကာဖြင့် ပြောလိုက်သည်။ “ချကြတာပေါ့”

ပုန်းကွယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်သည် သူ၏ဒေါသတရားများကို ဖိနှိပ်ထားခဲ့၏။ ပြီးနောက် ရှေ့ဆီသို့ ပျံသန်းလာခဲ့သည်။ သူ၏ သာမန်ထက် ထူးခြားလှသော ဝတ်ရုံရှည်ကြီးသည် လေမတိုက်ဘဲ လေထဲတွင် လွင့်မျောလျက် ရှိသည်။ မျက်လုံးများသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် သတ်ဖြတ်လိုခြင်းဆန္ဒနှင့် ပြည့်နှက်နေသည်။ သူက ပြောလိုက်၏။ “မောက်မာမှုအတွက် ပေးရမယ့်ဒဏ်ကြေးက များတယ်”

ဝှစ်

ရုတ်တရက် ကျွင်းချောင်ရှောင်းသည် သူ၏ရှေ့ဆီသို့ ရောက်ရှိလာသည်။ ညာဘက်လက်သည် ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများအပြင် ထူးဆန်းသည့် အစွမ်းသက်ရောက်မှုများနှင့် လွှမ်းခြုံလျက် ရှိသည်။

ဖြောက် ဖြောက် ဖြောက် ဖြောက်

ပေတစ်ရာပတ်လည်အတွင်း တည်နေရာကြီးတစ်ခုလုံးသည် ပင့်ကူအိမ်ကဲ့သို့ပင် ကွဲအက်သွားသည်။

ဘုန်း

မြေပြင်ကြီးတစ်ခုလုံး ချိုင့်ဝင်သွားပြီးသည့်နောက် ဖုန်များသည် တလိပ်လိပ် တက်လျက်ရှိနေ၏။

All Chapters