← Chapters

အခန်း ၁၆၅၄

Vol. 111 Ch. 1654

အခန်း ၁၆၅၄

Vol. 111 Ch. 1654

အပိုင်း (၁၆၅၄)

ကျွင်းချောင်ရှောင်းသည် ဤကိစ္စမှာ မည်မျှအရေးကြီးသည်ဆိုခြင်းကို ကောင်းကောင်းနားလည်၏။ ထို့ကြောင့်ပင်လျှင် သူ၏ ပုံရိပ်နှင့် ဂိုဏ်းချုပ်တစ်ယောက်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရန်အလို့ငှာ သူသည် အေးဆေးသက်သာစွာဖြင့် ဆံပင်ကို ဖြီးနေခြင်းသာဖြစ်၏။

“တပည့်”

ကြီးမြတ်သူတုံးကုသည် အသံပို့လွှတ်လိုက်သည်။“အခုအချိန် နောက်ပြန်ဆုတ်ရင် နောက်မကျသေးဘူးနော်။ သူတို့က တိုက်ခိုက်ရဲပြီဆိုမှတော့ ငါ့ရဲ့အသက်ကို စွန့်ပြီး တော့ မင်းကို ကာကွယ်ပေးမယ်။”

ကျွင်းချောင်ရှောင်းသည် သူ၏ သိုလှောင်လက်စွပ်ထဲသို့ ဘီးကို ပြန်လည်သိမ်းဆည်းကာဖြင့် ပြုံး၍ပြောလိုက်၏။ “ဆရာ။ ဒီနေ့မှာ ဆရာ့ကို အံ့အားသင့်စရာတွေ ပေးမယ်။”

“မဟုတ်သေးဘူး။”

သူသည် ခဏလောက်ရပ်တန့်ကာ ပြောလိုက်သည်။ “အထက်နယ်မြေတစ်ခုလုံးကို အံ့အားသင့်စရာတွေပေးမယ်။”

“……….”

အားလုံးသောသူတို့၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့ကြ၏။

ခင်ဗျားက ကျုပ်တို့ကို အံ့အားသင့်စရာတွေ ပေးနေတာမဟုတ်ဘူး။ လန့်အာင်လုပ်နေတာပဲ။ အင်မော်တယ်အဆင့် ဂိုဏ်းချုပ် ၉ ယောက်နဲ့ တစ်ယောက်တည်း တိုက်ခိုက်နေတယ်ဆိုတာက အရမ်းကို လွန်နေပြီ။

ဝှစ် ….

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှ ကျောက်ရုပ်တုမျိုးနွယ်၏ စွမ်းအင်များထွက်ပေါ်လာခဲ့၏။ သူ၏ လက်သီးသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံး အဆင့်ရှိနေသော ကျင့်ကြံသူ ၉ ယောက်တို့သည် အထင်သေး၍မရနိုင်ချေ။ သူ၏လေးစားမှုကို ပြသသည့်အနေနှင့် ကုန်းရှန့်သည် ကျောက်ရုပ်တုမျိုးနွယ်ကလန်၏ သွေးမျိုးဆက်ကို အသက်သွင်းခဲ့၏။

“ချီးထဲမှ”

ကုန်းစွန်းဟုတ်သည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။

“ဂိုဏ်းချုပ်က ဘယ်တုန်းက ဒုတိယပုံစံကို နားလည်သွားခဲ့တာလဲ။”

ရှင်းပြနေစရာပင်မလိုချေ။ ကျွင်းချောင်ရှောင်းသည် တောင်၏ဂိတ်တံခါးဆီသို့ အသာလှည့်ကာဖြင့် အသံပိုလွှတ်လိုက်သည်။ “ဘာလို့လာပြီးတော့ မကူညီသေးတာလဲ။”

နှင်းဆီဧကရီက ကြောင်အသွား၏။ သူမသည် ကုန်းရှန့်အား အကြိမ်ပေါင်းများစွာ ကူညီခဲ့ဖူး၏။ သို့ပေမဲ့ ထိုကဲ့သို့ ကူညီရန် စဦးပြောဆိုခဲ့ခြင်းဆိုသည်မှာ ရှားရှားပါးပါးပင်ဖြစ်၏။

ဆွစ်

တွေးနေတုန်းမှာပဲ သူမသည် အရှေ့ဆီသို့ ပျံသန်းလာခဲ့ပြီးသည့်နောက် သူမယောကျ်ား၏ ကျောကုန်းဆီသို့ မျက်နှာ အပ်လိုက်၏။ အစိမ်းရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီးသည့်နောက် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ သည်။

ကျွင်းချောင်ရှောင်း၏ ဆံနွယ်များအားလုံးသည် အစိမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သူ၏မျက်လုံးများသည် ပင်လျှင် စိမ်းပြာလာခဲ့သည်။ ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ သွေးမျိုးဆက်ကို အသက်သွင်းခဲ့သည့်အပြင် နှင်းဆီ ဧကရီနှင့်လည်း ပေါင်းစပ်ခဲ့ပြီဖြစ်၏။ ဤအရာသည် ကုန်းစွန်းနှင်းဆီကျွင်းပင်။

“ဟမ့်”

တစ်ဖက်လူ၏ ဆံပင်နှင့် မျက်ခုံးမွှေးများအပြင် မျက်လုံးများသည်ပါ စိမ်းပြာလာသည်ကို မြင်ရသည့်အချိန်မှာတော့ လင်းဟောင်ရန်က နှာခေါင်းရှုံ့လိုက်၏။

“ဒါဘာကိုပြချင်တာလဲ။”

ဘန်း

ရုတ်တရက် ပေါက်ကွဲသံကြီး ဖြစ်တည်လာခဲ့ပြီး တည်နေရာကြီးတစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွားခဲ့၏။ လင်းဟောင်ရန်၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ သူသည် အမှတ်မထင်ဖြင့် အနောက်သို့ ဆုတ်ခွာသွားလိုက်၏။ ကျွင်းချောင်ရှောင်းသည် သူ၏အရှေ့တွင် အမြှောက်ဆန်တစ်ခုကဲ့သို့ ရောက်ရှိလာခဲ့၏။ အစိမ်းရောင်နဂါးစိမ်း လခြမ်းဓားမော့ကြီးသည် သူ၏လက်ထဲတွင်ရှိနေပြီး ရုတ်တရက် ပိုင်းဖြတ်လိုက်၏။ တစ်ဖက်လူ လည်ပင်းနှင့် နီးကပ် သည့် အခြေအနေဆီသို့ ရောက်ခဲ့လာ၏။

ဆွစ်

ဓားသွားဖြတ်သန်းသွားရာ တည်နေရာကြီးတစ်ခုလုံးသည် ပိုင်းဖြတ်ခြင်းကို ခံလိုက်ရ၏။ ကျွင်းချောင်ရှောင်းသည် ဓားမော့ကို ကိုင်ဆောင်ထားသည့် ပုံပန်းသွင်ပြင်နှင့် တည်ရှိနေ၏။ သူ၏ အရှေ့တည်နေရာကြီးတွင်တော့ ကြီးမား လှသည့် အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်တည်နေခဲ့၏။ သူ၏ဆံပင်များသည် စိမ်းပြာလျက်ရှိနေ၏။ လက်ရှိအခြေအနေတွင် ကျွင်းချောင်ရှောင်း၏ မုတ်ဆိတ် မွှေးအနည်းငယ်သာ တည်ရှိနေသည်ဆိုပါက ကျိန်းသေပေါက် ကွမ်ရိကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။

“မြန်လိုက်တာ”

ကြီးမြတ်သူတုံးကုက ထကာ အော်ဟစ်လိုက်၏။ “ငါတောင် သေချာမမြင်လိုက်ရဘူး။”

“ခင်ဗျားတပည့်ရဲ့ မိန်းမကိုကြည့်ရတာ သူယောကျ်ားရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ပြီးတဲ့နောက်မှာ ပိုပြီးအားကောင်းလာ သလိုပဲ။” မာဆာတိုကီတာနိုက လေးလေးနက်နက် ပြောလိုက်သည်။

“မဆိုးဘူးပဲ။”

ကြီးမြတ်သူတုံးကုက ပြောလိုက်၏။ “သူမက ကျုပ်တပည့်ရဲ့ တကယ့်ကို ပါရမီရှင် မိန်းမတစ်ယောက် ပီသပါပေတယ်။”

မြင်ကွင်းကို ထပ်မံကာ ကြည့်ရှုရမည်ဆိုလျှင် လင်းဟောင်ရန်သည် အနောက်ဘက်ဆီသို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွား၏။ သူ၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ထွက်ပေါ်လာခဲ့၏။ ကျောရိုးမကြီး တစ်ခုလုံးသည်ပင်လျှင် စိမ့်တက်သွားခဲ့သည်။

ကျွင်းချောင်ရှောင်း၏ ဓားမော့တိုက်ခိုက်ချက်သည် သာမန်ပုံစံကျလှသည်ဆိုသော်လည်း တကယ်တမ်းတွင်တော့ နက်နဲလှသည့် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ ပါဝင်လျက်ရှိနေတော့၏။ သူသည်သာ အချိန်မီ နောက်မဆုတ်နိုင်သည်ဆိုပါက ဦးခေါင်းနှင့် ခန္ဓာကိုယ်သည် ပိုင်းပြတ်သွားမှာသေချာ၏။

“သွားကြ”

ကျန်သော ခေါင်းဆောင် ရှစ်ယောက်တို့သည် ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြ၏။ သူတို့အနေနှင့် တစ်ဖက်လူ ၏ ဓားမော့တိုက်ခိုက်ချက် မည်မျှမြန်သည်ကို သိရှိသည်ဆိုလျှင်တောင်မှ တုန်လှုပ်မှုတော့ မဖြစ်ကြချေ။ အခွင့်အရေး ကို အရယူကာဖြင့် ရှေ့သို့လှမ်းတက်ကာ ဖိနှိပ်ရန် ကြိုးစားကြ၏။ ကျွမ်းကျင်သူများ၏ အကြား တိုက်ပွဲသည် အနည်းငယ်သော ပြစ်ချက်လေးတစ်ခုတောင်မှ ဖြစ်ပေါ်လာ၍ မရနိုင်ချေ။ ကျွင်းချောင်ရှောင်းသည် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်လျက်ရှိနေ၏။ ထို့ကြောင့် ပြစ်ချက်များစွာ ထင်ပေါ်နေသည်ဟု ဆိုရပေမည်။

ဆွစ်

အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့် ကျင့်ကြံသူ ရှစ်ယောက်တို့သည် အားကုန်ထုတ်ဖော်၍ တိုက်ခိုက်ကြ၏။ လေထုကြီး တစ်ခုလုံးသည် ကြမ်းကြမ်းတမ်းတမ်းနှင့် တုန်ခါလျက်ရှိနေ၏။ ဤအဆင့် တိုက်ပွဲမျိုးသည် စကားလုံးနှင့် ဖော်ညွှန်းရန်ပင် ခက်ခဲလှချေ၏။

လှိုင်းပြာအသက်

တောက်ပမီး ၈ ခု

သက်တန့်ပျံ

ဝှစ် ဖြောက် ဖြောက် ဖြောက် ဖြောက်

အင်မော်တယ်အဆင့် ဂိုဏ်းကြီးများမှ ဂိုဏ်းချုပ် ၈ ယောက်တို့သည် ကျွင်းချောင်ရှောင်းကို ချက်ချင်းပဲ ပစ်မှတ်ထားကာ သတ်ဖြတ်ရန် ကြိုးစားကြ၏။ သူတို့ တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် လွန်ခဲ့သည့် နှစ်ပေါင်း များစွာထဲက ကျင့်ကြံခဲ့ပြီးပြီဖြစ်သော သိုင်းကျင့်ကြံခြင်းနည်းစနစ်များကို တစ်ခါတည်းထုတ်ဖော်ကြသည်။ အင်မော်တယ်တောင်ကြီးတစ်ခုလုံးသည်လည်း ကြမ်းတမ်းသည့် လေလှိုင်းများနှင့် ပြည့်နှက်နေခဲ့၏။

လက်ရှိအခြေအနေတွင်တော့ အဝေးတစ်နေရာတွင် ကြည့်ရှုလျက်ရှိနေသည့် လွတ်လပ်သောကျင့်ကြံသူများအားလုံး သည် အသက်ကိုပင် ရဲရဲမရှူရဲကြသလိုဖြစ်နေ၏။ မျက်လုံးထဲတွင် ထိတ်လန့်အံ့အားသင့်မှုများသည်သာ တည်ရှိနေကြသည်။

ဆွစ်

တိုက်ခိုက်မှုမျိုးစုံနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ကျွင်းချောင်ရှောင်းသည် တည်ငြိမ်လျက်ရှိ၏။ သူသည် လက်ထဲတွင် ရှိနေသော နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ချာချာလည်အောင် ဝှေ့ယမ်းပြီးသည့်နောက် ဓားမော့ပေါ်တွင် မီးစိတ် ဝိညာဉ်၏ စွမ်းအင်များ ဖြစ်တည်လာခဲ့၏။ သူသည် ချက်ချင်း ထိုအရာကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်၏။

“ကောင်းကင်နီဓားခုတ်ပိုင်းချက်”

ဝှစ်

တောက်ပလွန်းလှသော မီးတောက်များ ပါဝင်နေသည့် ဓားမော့ကြီးသည် တည်နေရာကြီးကို ဖြိုခွင်းသွားခဲ့၏။ ကောင်းကင်နီဓားခုတ်ပိုင်းချက်ဆိုသည်မှာ အလွန်ပင် ကြမ်းတမ်းလွန်းလှသည့် သိုင်းနည်းစနစ်လည်း တစ်ခု ဖြစ်သည်။ ကျွင်းချောင်ရှောင်းအနေနှင့် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို အသုံးပြုထားသည်သာမက ထိုဓားမော့ကြီးနှင့် လိုက်ဖက်ညီသည့် စွမ်းအင်အဆင့် သိုင်းကျင့်ကြံခြင်းနည်းစနစ်ကို ထုတ်ဖော်ခဲ့သည်။

ဘုန်း ဘုန်း

ဘုန်း

မီးတောက်များသည် လေထုထဲတွင် ရောက်ရှိလာခဲ့သော သိုင်းကျင့်ကြံခြင်းနည်းစနစ်များအားလုံးကို တိုက်စားသွား ခဲ့၏။ တည်နေရာကြီးတစ်ခုလုံးသည် တဝုန်းဝုန်းနှင့် လှုပ်ခါနေသည်။ စွမ်းအားမြင့် ဖိအားများသည် အထက်ဆီမှ ကျဆင်းလာခဲ့ပြီးသည့်နောက် အောက်တွင် ရှိနေသော မြေပြင်၊ ကျောက်တုံးနှင့် သစ်ပင်များအားလုံးသည် ပျက်စီးကုန်တော့၏။

ဝုန်း

ဝှစ်

မီးတောက်များသည် ပိုမိုကာ တိုးတက်လာခဲ့သည်။

“နောက်ကိုဆုတ်ကြ”

ခပ်ဝေးဝေးတည်နေရာတွင် ရောက်ရှိနေသည်ဟု တွေးထင်ခဲ့ပြီးသားဖြစ်သော လွတ်လပ်သော ကျင့်ကြံသူများအားလုံး သည် တောက်လောင်လွန်းလှသော မီးတောက်များကို မြင်ရသည့်အချိန်မှာတော့ ကြောက်လန့်သွားခဲ့ကြ၏။ ထို့ကြောင့် အနောက်သို့ ထပ်မံကာ ဆုတ်ခဲ့ကြ၏။

ပြိုင်စံရှားဂိုဏ်းမှာတော့ အလွန်တရာ လုံခြုံလို့ နေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ယုစီနန်သည် တည်နေရာစွမ်းအင်များ ကို အသုံးပြုကာဖြင့် တောင်၏ ဂိတ်တံခါး၏ အထက်တွင် အကာအကွယ်များကို ပြုလုပ်ထားသောကြောင့်ပင်။ တိုက်ခိုက်မှုသည် သူတို့နှင့် အနီးအနားတွင် မရှိပါက ကျိန်းသေပေါက် ပြဿနာမဖြစ်နိုင်ချေ။

ဘုန်း ဘုန်း ဘုန်း

ကောင်းကင်ယံ၏ အထက်မှ ကြည့်ရှုရမည်ဆိုလျှင် မြေပြင်တစ်ခုလုံးသည် ချိုင့်ဝင်လျက်ရှိနေသည်။ ကျွင်းချောင်ရှောင်း သည် သူ၏ ဓားမော့ကြီးကို ယမ်းခါလျက်ရှိနေတုန်းပင်။ မီးတောက်များနှင့် မိစ္ဆာစွမ်းအင်များသည် ဖြစ်တည်လာခဲ့၏။

ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး တုန်ခါသည်သာမက လူသားတို့၏ နှလုံးသားသည်ပါလျှင် တုန်ခါလာခဲ့ကြ သည်။ လင်းဟောင်ရန်နှင့် တစ်ခြားသောသူများအားလုံးသည် တိုက်ခိုက်ရင်းပြိုလဲလုမတတ်ပင် ဖြစ်နေ၏။ အဘယ့်ကြောင့်ဆိုသော် တိုက်ပွဲစတင်သည်နှင့်တစ်ပြိုင်နက် သူတို့သည် အထက်စီးမှ မရယူနိုင်သည်သာမက ဆိုးဝါး သည့် အခြေအနေမျိုးပင် ရောက်ရှိနေ၏။ တစ်ဖက်လူ၏ အော်ရာသည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်သာ ရှိ၏။ မည်မျှ အားကောင်းသည်ဆိုဆို သူတို့ကို ဖိနှိပ်ထားနိုင်စွမ်းရှိမနေသင့်ပေ။ သို့ပေမဲ့ ယခုအခြေအနေမှာ တော့ ဖိနှိပ်ခြင်းကို ပြုလုပ်နေခဲ့၏။ နတ်ဘုရားအဆင့်သို့ပင် ရောက်ရှိနေသည်လား မသိပေ။

ကျွင်းချောင်ရှောင်းသည် အစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ရောက်ရှိရုံသာ ရှိသေး၏။ သူ့အနေနှင့် မျိုးစုံ သော ဝှက်ဖဲများတည်ရှိနေသောကြောင့် အဆင့်တူအချင်းချင်းတွင် ပြိုင်ဘက်ကင်းဟု သတ်မှတ်နိုင်၏။ ဟုတ်ပေသည်။ လက်ရှိအခြေအနေမှာတော့ သူ၏ သွေးမျိုးဆက်နှင့် နှင်းဆီဧကရီ အထောက်အပံ့ကိုလည်း ရရှိနေသေးသည်။

“သတ်ကြ”

ထိုအချိန်မှာပဲ လင်းဟောင်ရန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ လက်နှစ်ဖက်သည် ကောင်းကင်ပေါ်သို့ မြှောက်လိုက်ပြီးသည့်နောက် မတူညီသည့် ဓာတ်သဘာဝများ၏ စွမ်းအင်လှိုင်းများသည် ဖြစ်တည်လာခဲ့၏။ ချက်ချင်းပဲ ပုံရိပ်ယောင်နှင့် အစစ်အမှန်ဟု ထင်ရသည့် ကြီးမားသော တောင်ကြီးတစ်ခုသည် လေထုထဲတွင် ဖြစ်တည် လာပြီး ကျွင်းချောင်ရှောင်းကို ဖိနှိပ်တော့၏။

ကြည့်ရှုနေသူများ၏ အမြင်အရဆိုလျှင် ဤတောင်ကြီးသည် ကောင်းကင်၏ တစ်ဝက်လောက်ကိုပင် ဖုံးလွှမ်းထား၏။ အရှိန်အဟုန်ကလည်း ပြင်းထန်လွန်းသည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားမော့ကြီးနှင့် ကောင်းကင်ပေါ်သို့ ထပ်မံကာ ထိုးတက်သွားပြီးသည့်နောက် တောင်ကြီးကို ဓားနှင့် ပိုင်းဖြတ်လိုက်တော့၏။ ကျဆင်းလာသည့် တောင်ကြီး၏ အားအင်အဆင့်သည် ကြီးမားလွန်းလှ သောကြောင့် ခန္ဓာကိုယ်သည် မည်သို့မှ မနေနိုင်ပေ။ အောက်သို့ အနည်းငယ် ပြန်နိမ့်ဆင်းသွားခဲ့၏။

“အတူတူ ဝိုင်းပြီး ဖိကြရအောင်။”

လင်းဟောင်ရန်က အော်ဟစ်လိုက်သည်။

ဆွစ် ဆွစ် ဆွစ်

အင်မော်တယ်အဆင့် ဂိုဏ်းချုပ် ၈ယောက်တို့သည် ချက်ချင်းပဲ စုဝေးလာခဲ့ပြီး ၎င်းတို့၏ သန့်စင်လွန်းလှသော ကျမ်းချီ များကို အသုံးပြုကာဖြင့် ဆက်တိုက်ဖိနှိပ်ခြင်းကို ပြုလုပ်ကြ၏။

ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ့အနေနှင့် ခုခံထား၍ မရနိုင်ကြောင်းကို နားလည်မိ၏။ ထို့ကြောင့် သူသည် ခုခံရန် ပြုလုပ်နေခြင်းအား အလျှော့ပေးပြီးသည့်နောက် အလင်းတန်းတစ်ခုအဖြစ် သို့ အသွင်ပြောင်းကာ အလွန်တရာ မြန်ဆန်သောနှုန်းဖြင့် အနောက်ဘက်ဆီသို့ ဆုတ်လိုက်၏။ တောင်ကြီးသည် အောက်သို့ ကျဆင်းလာသည့်အချိန်မှာတော့ မြေပြင်တစ်ခုလုံးသည် ချိုင့်ဝင်သွားခဲ့ပြန်သည်။

“မင်း ပြေးလို့မရဘူး။”

လင်းဟောင်ရန်က အော်ဟစ်လိုက်၏။ ပြီးသည့်နောက် တောင်ကြီးကို ထိန်းချုပ်ကာဖြင့် ထပ်မံကာ ဖိနှိပ်ပြန်၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဆင်းသက်လိုက်ပြီးပြီးချင်းမှာပဲ သူ၏ ဓားမော့ကြီးကို မျဉ်းဖြောင့်အတိုင်း ဆွဲမကာဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တန့်လျက်ရှိနေသည်။ ရှောင်တိမ်းရန် ရည်ရွယ်ချက် ရှိပုံမပေါ်ပေ။

ဤကဲ့သို့သော အရှိန်အဟုန် ။ ဤအရာသည် လူများကို လေးစားမှု ဖြစ်တည်စေခဲ့၏။

ဆွစ် ဆွစ် ဆွစ်

လူ ၉ ယောက်တို့၏ စွမ်းအင်များပါဝင်လျက်ရှိနေသည့် တောင်ကြီးသည် အစစ်အမှန်တောင်ကြီး ၁ ခုကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

“တပည့်” ကြီးမြတ်သူ တုံးကု၏ အမူအရာသည် ပျက်ယွင်းသွား၏။

လက်ရှိအခြေအနေမှာတော့ အခြေအနေသည် အလွန်တရာ အန္တရာယ်များသည့် အခြေအနေသို့ ရောက်ရှိနေ၏။ သူ့အနေနှင့် ရှေ့ဆီသို့ ပြေးသွားပြီး ကာကွယ်လိုက်ချင်မိသည်။ ရှေ့ဆီသို့ ပြေးသွားချင်မိ၏။ သို့ပေမဲ့ မာဆာတိုကီတာနိုက တားဆီးထားသည်။ “နောက်ကျသွားပြီ။”

All Chapters