အခန်း ၁၆၅၅
Vol. 111 Ch. 1655
အပိုင်း (၁၆၅၅)
လင်းဟောင်ရန်အသုံးပြုခဲ့သည့် နည်းစနစ်သည် လင်းထျင် ဖိနှိပ်ခြင်းမန်ထျာ ဟု ခေါ်သောအရာဖြစ်သည်။ သူတို့ဂိုဏ်း၏ အလွန်တရာအားကောင်းလှသော သိုင်းနည်းစနစ်တစ်ခုဖြစ်ပြီး ထိုအရာသည် ပြင်ပမှ စွမ်းအင်များနှင့် ပေါင်းစပ် ကာဖြင့် တိုက်ခိုက်နိုင်စွမ်းရှိနေသည့်အရာလည်းဖြစ်၏။
ဂိုဏ်းချုပ် ရှစ်ယောက်တို့ဆီမှ ရရှိခဲ့သည့်စွမ်းအင်များကို ပူးပေါင်းပြီးသည့်နောက် အစစ်အမှန်နှင့်ပုံရိပ်ယောင်ကဲ့သို့ ဖြစ်တည်နေသော ကြီးမားသည့် တောင်ကြီးတစ်ခုလုံးသည် အလုံးစုံအကောင်အထည်အဖြစ်သို့ ဖြစ်တည်လာခဲ့၏။ ပေါက်ကွဲမှု၏ အောက်တွင်တော့ အသက်များ၊ ချောင်းများပင်လျှင် တစ်စစီဖြစ်သွားနိုင်သည်။
ကြီးမြတ်သူတုံးကုသည် သူ့တပည့်ကြုံတွေ့နေရသည့်အခက်အခဲများကို ဝင်ရောက်ကာ မျှဝေချင်သည်ဆိုသော်လည်း အချိန်မီ ပြုလုပ်ရန် မစွမ်းသာခဲ့ချေ။ ထို့အပြင် ကြီးမားလှသည့် တောင်ကြီး၏ အော်ရာသည် အတားအဆီးကြီးတစ်ခု ကဲ့သို့ပင် ဖြစ်တည်လျက်ရှိနေပြီး အထဲဆီသို့ သူတိုးသွားသည်ဆိုလျှင်ပင် တားဆီခြင်းကို ခံရမှာသေချာ၏။
ကျွင်းချောင်ရှောင်းကို မည်သူမှ အကာအကွယ်မပေးနိုင်တော့ချေ။ သူ့အနေနှင့် သူ့ကိုယ်သူ အားကိုးရန်သာ ရှိသည်။
“သွားပြီပဲ”
လင်းထျန်အင်မော်တယ်ဂိုဏ်းဆီမှ အကြီးအကဲတစ်ယောက်က သုံးသပ်လိုက်မိ၏။ ဤစကားစုသည် လင်းထျင် ဖိနှိပ်ခြင်း မန်ထျာ မည်မျှအားကောင်းသည်ဖြစ်ကြောင်းကို ကောင်းကောင်းသိသော ကြောင့် သုံးသပ်ခဲ့ခြင်းသာ ဖြစ်၏။ ထို့အပြင် ဂိုဏ်းချုပ် ၈ ယောက်တို့၏ စုပေါင်းတိုက်ခိုက်မှုလည်း ပါဝင်နေပြီဖြစ်သောကြောင့် စွမ်းအင်အဆင့်သည် ကြောက်မက်ဖွယ်ရာဖြစ်ပေလိမ့်မည်။
ဝှစ် ....။
ခလွပ် ခလွပ် ....။
အားလုံး၏ မြင်ကွင်းထဲတွင် ကြီးမားသည့် တောင်ကြီးတစ်ခုသာ ဖြစ်တည်လာခဲ့၏။
“ဂိုဏ်းချုပ်”
ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးတို့သည် စိုးရိမ်ပူပန်သွားခဲ့သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် မြေပေါ် တွင် မတ်မတ်ရပ်လျက်ရှိနေပြီး သူ၏ အစိမ်းရောင် ခန္ဓာကိုယ်သည် ကျဆင်းလာသည့် အရာကြီး၏ သက်ရောက်မှုကို မခံရသည့်အခြေအနေမျိုးဖြင့် တည်ရှိနေသည်ကြောင်းမြင်ရသည့် အချိန်မှာ သူတို့သည် စိတ်သက်သာရာရမိနေ၏။ သူတို့ ဂိုဏ်းချုပ်၏ မျက်နှာတစ်ခုလုံးသည် တည်ငြိမ်လျက်ရှိနေသည်။
နှစ်ပေါင်းများစွာအတူတူနေထိုင်ခဲ့ပြီးသည့်နောက် ဂိုဏ်းချုပ်သည် မည်မျှ ယုံကြည်ချက်ရှိနေကြောင်း သူတို့ ယုံကြည်မိ၏။
လင်းဟောင်ရန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ပြစ်မှုတွေကို ပြုလုပ်ခဲ့တယ်။ ဒီနေ့မှာ သူ့ကိုသတ်ဖြတ်ပြီးတော့ တစ်ခြားသူတွေကို သတိပေးမှုလုပ်ရမယ်။”
“သတ်ဖြတ်ချင်တယ်ဟုတ်လား။”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဖြစ်တည်လာခဲ့၏။
ဝှစ်
ရုတ်တရက် သူ၏ ခန္ဓာကိုယ်ဆီမှ ထူးခြားလွန်းလှသော စွမ်းအင်လှိုင်းများ ဖုံးလွှမ်းသွားခဲ့၏။ သူ၏ ရင်ဘတ်နှင့် ခြေလက်များ၌ ချပ်ဝတ်နှင့် ဖိနပ်များအဖြစ်ဖြစ်တည်လာခဲ့၏။ သူ၏ ဦးခေါင်းအထက်တွင် ခရမ်းရောင် ရွှေသရဖူတစ်ခုက ရောက်ရှိလာခဲ့ပြီး ပြည့်စုံလှသည့် စွန်းဝူခုံးဝတ်စုံသည် ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
“မျောက်မင်းကြီး”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ မေးမြန်းလိုက်၏။ “ထပ်ပြီးဖိနှိပ်ခံနေအုံးမှာလား။”
ဆွစ် ဆွစ် ဆွစ်
ထူးခြားလှသော အားအင်များသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့ပြီး ချက်ချင်း သူ၏ ခန္ဓာကိုယ် ကို ဖုံးလွှမ်းသွား၏။ သူ၏ မျက်လုံးများသည် နီရဲလာခဲ့သည်။ သူသည် အံကို ကြိတ်ကာဖြင့် ပြောလိုက်၏။
“လာစမ်း”
ဘုန်း
သူသည် ခြေကိုကားကားရပ်ကာဖြင့် လက်သီးကို ဆုပ်လိုက်၏။ အားကောင်းလွန်းလှသော စွမ်းအင်လှိုင်းများသည် သူ၏ အနောက်ဘက်ဆီမှ ဖြစ်တည်လာခဲ့ပြီး အနောက်ဘက်တွင်တော့ ကြီးမားလွန်းလှသည့် လူဝံ့ကြီးတစ်ကောင်၏ ပုံရိပ်ယောင်ဖြစ်တည်လာခဲ့၏။ လူဝံ့ကြီးသည် ခြေဆောင့်ကာဖြင့် ရင်ဘတ်ကို တဘုန်းဘုန်းနှင့် ထုနှက်အော်ဟစ် လျက်ရှိသည်။
မျောက်မင်းကြီးသည် သူ၏ အစစ်အမှန်ပုံစံကို ပြောင်းလဲခဲ့ပြီးဖြစ်၏။ လက်ရှိအခြေအနေမှာတော့ ဗုဒ္ဓ၏ လက်ဝါးကျဆင်းလာခဲ့သည့် ဆိုလျှင်တောင်မှ သူသည် ကျိန်းသေပေါက် ခုခံနိုင်စွမ်းရှိနေပြီ ဖြစ်၏။ ဒေါသတကြီးဖြစ်နေသည့် လူဝံ့ကြီးသည် ရူးရူးမူးမူး အော်ဟစ်လျက်ရှိနေ၏။ သူသည် ကံကြမ္မာ၏ မမျှတမှုများကို အမှန်ပင် တွန်းလှန်ချင်မိ၏။ သူသည် ကောင်းကင်ကိုပင် ပုံကန်ပေလိမ့်မည်။
ဘုန်း
ထိုအချိန်မှာတော့ အထက်နယ်မြေတစ်ခုလုံးသည် ပြင်းပြင်းထန်ထန် ကြမ်းကြမ်းတမ်းတမ်းနှင့် တုန်လှုပ်သွားခဲ့ကြ၏။ ကြီးမြတ်သူတုံးကု၊ မာဆာတိုကီတာနိုနှင့် တစ်ခြားသောကျင့်ကြံသူများအားလုံးတို့သည် တိုက်ပွဲကို သေသေချာချာ ကြည့်ရှုနေ၏။
ကြမ်းတမ်းလှသော လူဝံ့ကြီးသည် ခြေထောက်ကို တစ်ချက်ဆောင့်နင်းလိုက်သည်နှင့်တစ်ပြိုင်နက် တည်နေရာကြီး တစ်ခုလုံးကွဲကြေသွားခဲ့သည်ကို မြင်လိုက်၏။ ထိုသူသည် ကြီးမားလှသည့် တောင်ကြီးကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ကာဖြင့် အောက်သို့ ကျဆင်းလာခြင်းမှ ကာကွယ်ထားသည်။
ဝုန်း
ကြီးမားလှသည့် လူဝံ့ကြီးသည် ဒေါသတကြီး ထပ်မံအော်ဟစ်လိုက်၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ စွမ်းအင်လှိုင်းများ သည် တရိပ်ရိပ်နှင့် ဖြစ်တည်လာခဲ့ပြီး အောက်သို့ကျဆင်းလာခဲ့သည့် တောင်ကြီးကို အပေါ်သို့ ပြန်လည်ကာ တွန်းတင်တော့၏။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
လင်းဟောင်ရန်နှင့်တစ်ခြားသောသူများ၏ မျက်နှာအမူအရာများသည် ပြောင်းလဲသွားခဲ့၏။ ၎င်းတို့ ၈ ယောက်သည် အတူတကွ ပူးပေါင်းပြုလုပ်ပြီး တိုက်ခိုက်ခဲ့သည်ဆိုလျှင်တောင်မှ တစ်ဖက်လူကို တစ်ချက်ကလေးမှ မဖိနှိပ်နိုင်ခဲ့ချေ။
ဟူး
ထိုအချိန်မှာတော့ တောင်ကြီးသည် လေထုထဲသို့ ပြန်လည်ရောက်ရှိသွား၏။ လင်းဟောင်ရန်နှင့်တခြားသောသူများ အားလုံးတို့သည် ဖိအားများကို ခံစားလိုက်ခဲ့ကြသည်။
“မယုံနိုင်စရာပဲ။”
လွတ်လပ်သောကျင့်ကြံသူအားလုံးတို့သည် တုန်လှုပ်သွားခဲ့ကြ၏။ ကျွင်းချောင်ရှောင်းအနေနှင့် ဂိုဏ်းချုပ်များ စုပေါင်း တိုက်ခိုက်ခြင်းကြောင့် ဖြစ်တည်လာခဲ့သည့် တောင်ကြီးအား မည်သို့မှ ခုခံမနိုင်တော့ဘဲ သေဆုံးသွားလိမ့်မည်ဟု ထင်မှတ်ခဲ့ကြ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ လူဝံ့သားရဲကြီးတစ်ကောင် ထွက်ပေါ်လာပြီး ထိုတောင်ကြီးကို တားဆီး ထားခဲ့၏။
ဝုန်း
လူဝံ့ကြီးသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ပြန်၏။ ၎င်း၏ လက်ထဲတွင် ရှိနေသော စွမ်းအင်လှိုင်းများသည် ပေါက်ကွဲထွက်လာသည်။
ဝှစ်
တောင်ကြီးသည် အဝေးဆီသို့ ပစ်လွှတ်ခြင်းကို ခံလိုက်ရ၏။
ဘုန်း
တောင်ကြီးသည် မြေပေါ်ကျသွားပြီးသည့်နောက် နားကွဲလောက်စရာအသံကြီးပင် ထွက်ပေါ်လာခဲ့သည်။
ဆွစ် ဆွစ် ဆွစ်
လင်းဟောင်ရန်နှင့် တခြားသောသူများအားလုံးသည် တန်ပြန့်မှုကို ခံစားလိုက်ရပြီးသည့်နောက် တည်နေရာအနှံ့ဆီသို့ လွှင့်စင်သွားကုန်၏။ ၎င်းတို့၏ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်လိုက်သည့် အချိန်မှာတော့ မျက်နှာတစ်ခု လုံး ဖြူလျော်လျက်ရှိနေကြပြီး ခန္ဓာကိုယ်ထဲတွင်ရှိသော သွေးများသည် ပြန်လည်ဆန်တက်ကာဖြင့် သွေးများ အန်ထွက်ကုန်တော့၏။
လူဝံ့သားရဲကြီးသည် တောင်ကြီးကို ဖယ်ရှားပြီးသည့်နောက် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့၏။ ကျွင်းချောင်ရှောင်းသည်လည်း လူသားတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးကို ပြန်လည်ရရှိခဲ့၏။ သူသည် ရိုးရှင်းလှသည့် ဓားတစ်စင်းကို ထုတ်ယူပြီးသည့်နောက် လေထုထဲမှ ပျောက်ကွယ်သွားခဲ့၏။ ပြန်လည်ပေါ်ပေါက်လာသည့်အချိန်မှာ တော့ သူသည် ထူးခြားဂိုဏ်းချုပ်၏ အနီးအနားသို့ ရောက်ရှိနေသည်။
ရှလွမ်
ဓားရှည်သည် ဓားအိမ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ အလင်းတန်းတစ်ခုသည် ဖြတ်သန်းသွား၏။
“မကောင်းတော့ဘူး။”
ဂိုဏ်းချုပ်များ၏ အမူအရာသည် ထိတ်လန့်အံ့အားသင့်မှုများနှင့် ပြောင်းလဲသွားခဲ့၏။ သူသည် ဘေးတစ်ဖက်ဆီသို့ ရှောင်ရှားလိုက်၏။ သို့ပေမဲ့ သူ၏ တုန်ပြန်မှု မည်မျှမြန်ဆန်သည်ဆိုဆို ဓားတစ်ခု၏ မြန်ဆန်နှုန်းကိုတော့ လိုက်မယှဉ် နိုင်ချေ။
ဇွီ
သူ၏ ခန္ဓာကိုယ်တစ်ပိုင်းသည် လှုပ်ရှားနိုင်ခဲ့သည်ဆိုသော်လည်း သူ၏ ညာဘက်လက်မှာမူ စည်းချက်ကျကျ လိုက်ပါ မလှုပ်ရှားနိုင်ခဲ့ချေ။ ထို့ကြောင့် အဝေးတစ်နေရာဆီသို့ လွင့်စင်သွား၏။
အား
အား
နာကျင်လှသောခံစားမှုသည် ထူးခြားအင်မော်တယ်ဂိုဏ်းချုပ်၏ နှလုံးသားထဲသို့ ရောက်ရှိလာခဲ့သည်။
ကြီးမြတ်သူတုံးကု ၊ မာဆာတိုကီတာနိုနှင့် တခြားသောကျွမ်းကျင်သူများအားလုံးသည် ဆွံ့အသွားခဲ့၏။ တောင်ကြီး ကျဆင်းလာသည့်အချိန်၌ အခြေအနေသည် ကျွင်းချောင်ရှောင်းအတွက် မကောင်းလှချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တောင်ကြီးအား လွယ်လွယ်ကူကူနှင့် ဖြေရှင်းနိုင်ခဲ့သည်သာမက အင်မော်တယ် အဆင့်ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် လက်ကိုလည်း အမြန်ဆန်ဆုံးသောနှုန်းထားဖြင့် ပိုင်းဖြတ်ခဲ့သေး၏။ စည်းချက်ကျနစွာ တိုက်ခိုက်ချက်များသည် အံ့အားသင့်ဖွယ်ရာပင်။
“သေစမ်း”
ဟူး ဟူး
နာကျင်စွာအော်ဟစ်လျက်ရှိနေသည့် ဂိုဏ်းချုပ်သည် နှလုံးသားထဲတွင် မကောင်းသည့်ခံစားချက်များကို ရရှိခဲ့၏။ ၎င်း၏ နားထဲတွင် ငရဲခန်းမှ အော်သံများ၏ အသံများပင် ကြားယောင်လာခဲ့၏။ သူသည် ရှောင်တိမ်းလိုက်ချင်သည်။ သို့ပေမဲ့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်တရာ ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရ၏။
ထူးခြားအင်မော်တယ် ဂိုဏ်းမှ ဂိုဏ်းချုပ်သည် သူ၏ အသိစိတ်ပျောက်ကွယ်မသွားခင်မှာပဲ သူသည် သူ၏ ခန္ဓာကိုယ်ကြီးသည် မြေပေါ်သို့ လဲကျသွားသည် သိရှိလိုက်၏။ သူသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်လား။ သူ့အနေနှင့်တွေးတောရန်အချိန်မရှိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ ဝိညာဉ်သည် ငရဲပြည်သို့ ရောက်ရှိသွားခဲ့သောကြောင့်ပင်။
ရွှီ
ကျွင်းချောင်ရှောင်းသည် အင်မော်တယ်ဓားကို အသာဝှေ့ယမ်းပြီးသည့်နောက် ဓားဖြင့် ထိုဂိုဏ်းချုပ်၏ ဦးခေါင်းကို လှမ်းကာ ဖမ်းလိုက်၏။ ပြီးနောက် လင်းဟောင်ရန်နှင့် တစ်ခြားသောသူများအားလုံးအား သတ်ဖြတ်လိုခြင်းဆန္ဒ အပြည့်နှင့် ကြည့်ရှုကာ ပြောလိုက်၏။ “ခင်ဗျားတို့အားလုံး ဒီနေ့သေရမယ်။”
တိတ်ဆိတ်ငြိမ်သက်မှု
အားလုံးသောသူများသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။ ပုန်းကွယ်အင်မော်တယ်ဂိုဏ်းဆီမှ ဂိုဏ်းချုပ်သည် ရိုက်နှက်ခံထားရသောကြောင့် တွင်းနက်ထဲတွင် လဲလျောင်းလျက်ရှိနေ၏။ နေရာအနှံ့ဆီမှ ရောက်ရှိလာခဲ့သော သိုင်းကျင့်ကြံသူများသည် ထိတ်လန့်တုန်လှုပ်နေခဲ့၏။ ယခု ထူးခြားအင်မော်တယ်ဂိုဏ်းဆီမှ ဂိုဏ်းချုပ်သည် ခေါင်းဖြတ်သတ်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။ ဤအရာသည် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာပင် ဖြစ်လေသည်။
“ဂိုဏ်းချုပ်”
ထူးခြားအင်မော်တယ်ဂိုဏ်းမှ အထက်ပိုင်းအကြီးအကဲများ၏ မျက်လုံးများသည် ပြူးထွက်လုမတတ်ဖြစ်နေကြ၏။
လေထဲတွင် တည်ရှိနေသည့် လင်းဟောင်ရန် နှင့် တစ်ခြားသောသူများသည်လည်း မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် နေခဲ့သည်။ တစ်စုံတစ်ယောက်သည် မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့၏ ဘက်တော်သားတစ်ယောက်ကို သတ်ဖြတ် သွားနိုင်လိမ့်မည်ဟု တစ်ခါမှ မထင်မှတ်ခဲ့ချေ။ ထို့အပြင် သတ်ဖြတ်သွားသည့်လူသည် တာအိုအဆင့် ဂိုဏ်းချုပ်ပင် မဟုတ်ပေ။
အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းသည် အထက်နယ်မြေကို အုပ်စိုးခဲ့စဉ်က ကြီးမားသည့် ဂုဏ်သတင်းနှင့် နေထိုင်ခဲ့ကြသူများဖြစ်၏။ ထိုဂုဏ်သတင်းသည်မည်သို့မှ ငြိမ်းသက်သွားနိုင်သည့် အရာမျိုးမဟုတ်ချေ။ သို့ပေမဲ့ ဂုဏ်သတင်း မငြိမ်းသက်ဘူးဆိုလျှင်တောင်မှ လူ၏ အသက်ကတော့ ငြိမ်းသက်သွားခဲ့ပြီဖြစ်၏။
ယနေ့အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ‘ပြိုင်စံရှားဂိုဏ်းကို ရန်ပြုသူများအားလုံး သတ်ဖြတ်ခံရမည်’ ဆိုသည့် အကြောင်းကို အထက်နယ်မြေတစ်ခုလုံးကို လက်တွေ့ကျကျ ပြသလျက်ရှိသည်။
“ဒါ ပြဿနာရှိနေပြီ။”
လင်းဟောင်ရန် နှင့် တခြားသောသူများသည် မြန်မြန်ဆန်ဆန်နှင့်စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ ကျွင်းချောင်ရှောင်း၏ လက်ထဲတွင် ရှိနေသော ရိုးရှင်းလှသည့် ဓားဆီသို့ အကြည့်ရောက်သွား၏။ သူတို့၏ နှလုံးသား ထဲတွင် ချက်ချင်းပဲတီးတိုးရေရွတ်မိနေကြ၏။ “ဒါ အင်မော်တယ်အဆင့်ပဲ။”
အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ရောက်ရှိပြီးသည့်နောက် တစ်စုံတစ်ယောက်သည် ကောင်းကင်နှင့်မြေကြီး၏ နက်နဲလှသော သဘောသဘာဝများကို နားလည်လာခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သာမန်လက်နက်များကို အသုံးပြု၍ ဦးခေါင်းကို ဖြတ်တောက်ခံရသည်ဆိုခြင်းမှာ မဖြစ်နိုင်ပေ။
ထူးခြားအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် လက်ရှိအခြေအနေမှာတော့ လွယ်လွယ်ကူကူ ခေါင်းဖြတ်သတ်ခြင်းကို ခံရ၏။ ဤအရာသည် ကျိန်းသေပေါက် အင်မော်တယ်အဆင့် လက်နက်တစ်ခုသာ ဖြစ်ရပေလိမ့်မည်။
ရွှီ
ကျွင်းချောင်ရှောင်းသည် လက်ကို ဝှေ့ယမ်းလိုက်၏။ ဦးခေါင်းတစ်ခုသည် တောင်၏ ဂိတ်တံခါးဆီသို့ ပျံသန်းသွားခဲ့၏။ သူသည် အင်မော်တယ်အဆင့် ဂိုဏ်းချုပ်တစ်ယောက်ဆီသို့ လှမ်း၍ ကြည့်ရှုကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “နောက်တစ်ယောက်က ခင်ဗျားအလှည့်ပဲ။”
လက်ရှိအခြေအနေမှာတော့ သူ၏ သတ်ဖြတ်လိုခြင်းဆန္ဒများသည် ဖြစ်တည်လာခဲ့၏။ သူသည် တစ်ဖက်လူကို ငွေညှစ်ရန်မစဉ်းစားတော့ချေ။ အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့သည် သူ့အား လာရောက်ကာ သတ်ဖြတ် သည် ဆိုမှတော့ အသက်ရှင်လျက်ပြန်လည်ထွက်ခွာသွားရန် ဘယ်တော့မှ ခွင့်ပြုပေးလိမ့်မည်မဟုတ်ချေ။
….
ပစ်မှတ်ထားခံလိုက်ရသော အင်မော်တယ်အဆင့် ဂိုဏ်းချုပ်သည် တုန်ယင်သွားခဲ့၏။ အမှတ်မထင် နောက်သို့ပင် ခြေတစ်လှမ်းဆုတ်လိုက်မိ၏။
လင်းဟောင်ရန်က အော်ဟစ်လိုက်သည်။ “ဒီကောင်လေးရဲ့ ဓားက သာမန်ထက်ပိုတယ်ဆိုပေမဲ့ ထိန်းချုပ်ဖို့ခက်ခဲမှာ သေချာတယ်လေ။ ကျုပ်တို့ စိုးရိမ်နေစရာ မလိုဘူး။”
ဤအရာမှာ အမှန်ပင်ဖြစ်သည်။ ဓား၏ အရည်အသွေးက မြင့်မားလေ ထိုအရာကို အသုံးပြုရန် လိုအပ်ချက်ကလည်း မြင့်မားလေဖြစ်သည်။ ကျွင်းချောင်ရှောင်းအနေနှင့် ထူးခြားအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်၏ ဦးခေါင်းကို ဖြတ်တောက်ခဲ့သည်ဆိုပေမဲ့ အချက်အလက်အားဖြင့် စွမ်းအင်များ ကုန်ဆုံးသွားမှာ သေချာ၏။ မဟုတ်ပါက ချက်ချင်း မည်ကဲ့သို့ သတ်ဖြတ်နိုင်မည်နည်း။