အခန်း ၁၆၅၆
Vol. 111 Ch. 1656
အပိုင်း (၁၆၅၆)
များပြားလှသော လူများသည် အင်မော်တယ်အဆင့် ဂိုဏ်းဆယ်ဂိုဏ်းနှင့် ပြိုင်စံရှားဂိုဏ်းကြားရှိ ရန်ပွဲမှာ မည်မျှ လေးနက်လှကြောင်း မသိရှိကြချေ။ သို့ပေမဲ့ ထူးခြားအင်မော်တယ်ဂိုဏ်းဆီမှ ဂိုဏ်းချုပ် သေဆုံးပြီးသည့်နောက်မှာတော့ ဤတိုက်ပွဲသည် အထက်နယ်မြေ၏ အခြေအနေတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်ကြောင်း နားလည်သွားမိ၏။
ဘာကိုဆိုလိုသနည်း။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးများသည် အထက်နယ်မြေ၏ ခေါင်းဆောင်များဖြစ်ကြောင်း အားလုံးကသိရှိကြ၏။ ကျွင်းချောင်ရှောင်းသည် လက်ရှိအချိန်မှာတော့ အထက်နယ်မေ့၏ ခေါင်းဆောင်ဟု သတ်မှတ်ခံထားရသည့် လူများထဲမှ တစ်ယောက်ကို သတ်ဖြတ်လိုက်သည် ဆိုခြင်းမှာ အာဏာကို လုယူလိုက်ခြင်းပင် ဖြစ်သည်။
မနက်ဖြန်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် အင်မော်တယ်ဂိုဏ်းများထက် ပိုမြင့်သည့် အခြေအနေသို့ပင် ရောက်ရှိသွားနိုင်၏။
အမှန်ပင် ဖြစ်တော့၏။ ဤအရာသည် သေခြင်းရှင်ခြင်း ကိစ္စသာလျှင် မဟုတ်ချေ။ ပြိုင်စံရှားဂိုဏ်းအနေဖြင့် အထက်နယ်မြေတစ်ခုလုံးတွင် ရှိနေသော နိယာမနှင့် ဥပဒေဿများကို ချိုးဖျက်ပစ်ရမည့်အချိန်ပင် ဖြစ်တော့သည်။
"တုံးကု"
မာဆာတိုကီတာနိုသည် တွေဝေငေးငိုင်စွာဖြင့် ပြောလိုက်၏။ "ခင်ဗျားတပည့်က အင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်ကို သတ်လိုက်ပြီ"
ကြီးမြတ်သူတုံးကု၏ အမူအရာသည် မာဆာတိုကီတာနိုထက်ပင် ပိုမိုကာ ဆိုးရွားလွန်းလှ၏။ ကျွင်းချောင်ရှောင်းအနေဖြင့် အခြေအနေကို ပြောင်းပြန်လှန်ရုံသာမက အင်မော်တယ်အဆင့် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ကိုပါ သတ်ဖြတ်ခဲ့၏။ ဒါဘာကိုဆိုလိုသနည်း။ ။
ဟား ဟား ဟား
ကြီးမြတ်သူတုံးကု၏ ခေါင်းမော့ကာဖြင့် ရယ်မောလိုက်၏။ "ကောင်းလိုက်တဲ့ တိုက်ကွက် "
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည် နတ်ဆိုးမျိုးနွယ်များကို ဖျက်စီးပြီးသည့် အခါမှာတော့ မြင့်မားလှသည့် ဂုဏ်ပုဒ်များကို ထုတ်ဖော်ကာဖြင့် အကျိုးအကြောင်း မညီလှသော ဥပဒေဿများကို ထုတ်ဖော်ခဲ့၏။ လွတ်လပ်သော ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည်ထိုအရာကို မခံနိုင်ချေ။ သို့ပေမဲ့ ဘာတစ်ခုမှလည်း မပြုလုပ်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့ကို သူမနိုင်သောကြောင့်ပင်။
လက်ရှိအချိန်မှာတော့ အင်မော်တယ်ဂိုဏ်းဆယ်ဂိုဏ်းမှ တစ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူ့တပည့်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ မည်မျှ စိတ်ကျေနပ်စရာ ကောင်းလိုက်သနည်း။
များပြားလှသော လွတ်လပ်သော ကျင့်ကြံသူများသည်လည်း ကြိတ်ကာ ပျော်ရွှင်သွားကြ၏။
သူတို့သည် ကြီးမြတ်သူတုံးကု ကဲ့သို့ ထုတ်ကာ မပြဝံ့ကြချေ။ ဂိုဏ်းချုပ်တစ်ယောက် သေဆုံးသွားသည် ဆိုလျှင်တောင်မှ အခြားဂိုဏ်းများက တည်ရှိနေသေး၏။ ထို့ပြင် အင်မော်တယ်အဆင့် ဂိုဏ်းဆိုသည်မှာ ဖိနှိပ့်၍မရနိုင်သည့် တောင်ကြီးတစ်လုံးကဲ့သို့ပင် ကျန်ရှိနေသေးသည်။
"သွားကြတော့" လင်းဟောင်ရန်က အော်ဟစ်လိုက်၏။
ယနေ့အချိန်တွင် ကျွင်းချောင်ရှောင်းသာ အင်မော်တယ်အဆင့် ဂိုဏ်းများကို အနိုင်ယူနိုင်ပါက သူတို့ ကြိုးစားထားသမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်ကုန်တော့မည်ကို ကောင်းကောင်းသိ၏။ သို့ပေမဲ့ သူ့အနေဖြင့် သတ်ဖြတ်ချင်လျှင်တောင်မှ အခြားသော အင်မော်တယ်ဂိုဏ်းများသည် မတုံ့ပြန်ကြချေ။ ထိုအစား ကြောက်ရွံ့စွာဖြင့် ကျွင်းချောင်ရှောင်းကို ကြည့်ရှုလျက်ရှိ၏။ ၎င်းတို့သည် ထူးခြားအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်နောက်သို့ လိုက်သွားရမည်ကို ကြောက်ရွံ့နေကြသည်။
"ခင်ဗျားတို့"
လင်းဟောင်ရန်သည် သွေးအန်လုမတတ်ပင် ဒေါသထွက်လျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် သူ၏ရှေ့တွင်ဓားကိုမတ်မတ်ထားပြီးနောက် ပြောလိုက်သည်။ "ဒါဆိုရင် ကျုပ်လာမယ်"
ချက်ချင်းပဲ နှိုင်းယှဥ်၍မရအောင် ထက်ရှလှသော ဓားချီများသည် သူ၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီး ဒီရေလှိုင်းများကဲ့သို့ နေရာအနှံ့ကို ပျံ့နှံ့သွားသည်။ အားလုံးသောသူများသည် ကျိုးဟုန်၏ ဓားတာအိုအကြောင်းကို ကောင်းကောင်းနားလည်ကြ၏။ ယနေ့အချိန်မှာတော့ သူသည် သူ၏ ဓားတာအိုအကြောင်းကို ထုတ်ဖော်ပြသရပေလိမ့်မည်။
ဟူး ဟူး
ဓားအော်ရာများ၏ အမြန်နှုန်းသည် တိုးတက်လာခဲ့၏။ ချက်ချင်းပဲ ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ဂိုဏ်းထဲရှိတပည့်များသည် ချက်ချင်းပဲ နားလည်သွားကြ၏။ ၎င်းတို့၏ သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော ဓားများကို ပြိုင်တူဆိုသလိုပဲ ထုတ်လိုက်ကြ၏။
သူတို့သည် ဓားကို အပေါ်ဆီသို့ မြောက်ကိုင်ထားကြ၏။ ဓားချီများ၏ လမ်းညွှန်မှုအောက်တွင် ဓားများသည် ခပ်ကြမ်ကြမ်းဖြင့် တုန်ခါလျက် ရှိနေသည်။
"ဒါဘာတွေဖြစ်နေတာလဲ"
အဝေးတစ်နေရာမှ ကြည့်ရှုနေသောပရိတ်သတ်များသည် ၎င်းတို့၏ ဓားများထိန်းချုပ်၍မရအောင် တုန်ခါလာကြောင်းကို သိရှိလိုက်ကြ၏။ သူတို့သည် ဆွံ့အနေမိကြ၏။
ရှလွမ် ရှလွမ် …..
နောက်ဆုံးတွင်ဓားများသည် ဓားအိမ်ထဲမှ ထွက်ခွာပြီးနောက် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။
ဆွစ် ဆွစ်
ပြိုင်စံရှားဂိုဏ်း၏ တည်နေရာနှင့် လွတ်လပ်သောကျင့်ကြံသူများရှိရာတည်နေရာတွင် ဓားအလင်းတန်းများသည် ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့ပြီ ဖြစ်သည်။ ထိုအရာသည် အလွန်မြန်ဆန်သော နှုန်းထားဖြင့် ကောင်းကင်ပေါ်သို့ ထိုးတက်နေကြခြင်းပင်။
တစ်ချိန်တည်းမှာပဲ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်သည် ဓားအလင်းတန်းများ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး အေးစက်သောအော်ရာများသည်လည်း ထွက်ပေါ်လာ၏။ သူသည် ကျိုးဟုန်လောက်တော့ မတော်လှချေ။ သို့ပေမဲ့ အင်မော်တယ်ဓားကို လက်ထဲတွင်ကိုင်ထားပြီး ထုတ်ဖော်လျက်ရှိနေသော ဓားချီများသည် အလုံးစုံ အားကောင်းလျက် ရှိနေသည်။
ဟူး ဟူး ဟူး ......။
ဓားချီထောင်ကျော်တို့သည် လေဟာနယ်ထဲတွင် စုစည်းလာပြီးနောက် သူ၏ခန္ဓာကိုယ်ကို ပိုမိုကာ အားကောင်းစေခဲ့၏။ ကျွင်းချောင်ရှောင်းသည် သူ၏လက်ထဲမှ ဓားကို မြောက်ကာအော်ဟစ်လိုက်၏။ "ဓားတစ်သောင်းမှသည် တစ်ခုတည်းသို့"
ဓားများ စုဝေးလာပြီးနောက် ကြီးမားလှသည့်ဓားများအဖြစ် ဖြစ်တည်လာကာ လေဟာနယ်ကိုပင် ပိုင်းဖြတ်သည်အထိ ခုတ်ပိုင်းလိုက်တော့၏။
အင်မော်တယ်အဆင့် ဂိုဏ်းချုပ်တစ်ယောက်၏ မျက်စိသူငယ်အိမ်များသည် ကျုံ့ဝင်သွားခဲ့ကြ၏။ သူ၏ နှလုံးသားထဲတွင်တော့ သေဆုံးခြင်း၏ စိတ်ခံစားမှုများ ဖြစ်တည်လာခဲ့၏။ မထိန်းချုပ်နိုင်စွာဖြင့် အော်ဟစ်လိုက် မိသည်။
"ကျုပ်ကို ကယ်အုံး"
"သူကို ကယ်လိုက်ကြ" လင်းဟောင်ရန်က ထအော်လိုက်၏။ သို့ပေမဲ့ ဘာတစ်ခုမှ မလုပ်ရသေးခင်မှာပဲ ဓားခုတ်ပိုင်းသံ ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် သွေးများ ပျံ့နှံ့သွားခဲ့၏။
ရှလွမ် ...။
လင်းဟောင်ရန်နှင့် တစ်ခြားသော လူခုနှစ်ယောက်တို့သည် လေထုထဲတွင် ငြိမ်သက်နေကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေကြ၏။ အင်မော်တယ်အဆင့် ဂိုဏ်းချုပ်တစ်ယောက် သည် ရင်ဘတ်ကို ထိုးသွင်းကာဖြင့် သတ်ဖြတ်ခြင်း ခံထားရပြီ ဖြစ်သည်။
ဘုတ် ….
အလောင်းကြီးသည် မြေပေါ်သို့ လွင့်စင်ကြသွားခဲ့၏။ မြေပေါ်တွင် သွေးများပင် လွင့်စင်လျက် ရှိ၏။
လက်ရှိအချိန်မှာဆော့ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။ အားလုံးသော သူများသည် မျက်လုံးအပြူးသား ဖြစ်လို့နေခဲ့၏။ အင်မော်တယ်အဆင့် ဂိုဏ်းဆယ်ဂိုဏ်းထဲမှ ဒုတိယမြောက် ဂိုဏ်းချုပ်သည် သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်၏။ အခြားသော ဂိုဏ်းချုပ်များသည်လည်း အစောကတည်းက ကြောက်ရွံ့နေကြပြီ ဖြစ်၏။ သူတို့သည် အဖော်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကို ကြည့်ရှုရင်း အံ့အားသင့်တထက် သင့်လာကြ၏။ သူတို့သည် စည်းခတ်ပြီးနောက် ပြိုင်စံရှားဂိုဏ်းကို လွယ်လွယ်ကူကူနှင့် သတ်ဖြတ်ပစ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ဂိုဏ်းချုပ်နှစ်ယောက်ပင်လျှင် သေဆုံးခဲ့ရ၏။ ဤသို့သော အခြေအနေကို ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။
ဆွစ်
ကျွင်းချောင်ရှောင်းသည် ကိုယ်ကို အသာလှည့်ကာဖြင့် ပြုံးကာ မေးလိုက်၏။ "အံ့အားသင့်နေကြပြီလား"
လင်းဟောင်ရန်၏ အမူအရာသည် အမှန်ပင် ပျက်ယွင်းသွားခဲ့၏။ အင်မော်တယ်အဆင့် ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက် သေဆုံးခြင်းသည် ကျွင်းချောင်ရှောင်းတစ်ယောက် မည်မျှ အားကောင်းသည်ကို သက်သေပြခြင်းပင် ဖြစ်၏။ လက်ရှိအချိန်မှာတော့ သူသည် နောက်ဆုတ်ရမလား နောက်မဆုတ်ရဘူးလားဆိုသည်ကို ဝေခွဲမရဖြစ်နေသည်။
“မသေခင်မှာ “
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "အရင်တုန်းက ခင်ဗျားလုပ်ခဲ့တဲ့ အရာတွေက ဘယ်လောက်ဆိုးရွားကြောင်း နားလည်စေချင်တယ်"
ဆွစ်
"ထွက်ခဲ့"
သူသည် ဘယ်ဘက်လက်ကို မြောက်ကာဖြင့် ပြောလိုက်သည်။ "ငါ့ရဲ့ ပဋိညာဥ်သားရဲ"
ဒွီ
တောင်၏ဂိတ်တံခါးအပြင်ဖက် တည်နေရာကြီး တစ်ခုလုံးသည် ရုတ်တရက် လှိုင်းများဖြစ်တည်လာ၏။ ပြီးနောက် စူးရှလှသည့် အသံထွက်ပေါ်လာပြီး ကြီးမားလှသည့် သတ္တဝါကြီးတစ်ကောင်သည် အတောင်ပံကို ဖြန့်ကားကာဖြင့် ကောင်းကင်ယံတွင် လွင့်မျောလျက် ရှိနေ၏။ ၎င်း၏အတောင်ပံများသည် မီးများတောက်လောင်လျက် ရှိနေ၏။
"ဗာမေလီယန် ငှက်ဘုရင်"
ကြီးမြတ်သူတုံးကု၊ မာဆာတိုကီတာနို နှင့် အခြားသောကျင့်ကြံသူများသည် ကြောင်အသွားခဲ့ကြ၏။ ဤရှေးကလန်ကြီး၏ ဘုရင်သည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်သိန်းကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းထဲတွင် ပြန်လည်ကာ ပေါ်ပေါက်လာ၏။ ထို့အပြင် ကျွင်းချောင်ရှောင်း၏ သားရဲများလည်း ဖြစ်လို့နေခဲ့သေးသည်။
"ချီးတဲ့မှ"
မာဆာတိုကီတာနိုသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ "ဒါက သူ့ရဲ့ ပဋိညာဥ်သားရဲလား”
ကျွင်းချောင်ရှောင်းသည် အင်မော်တယ်အဆင့် ဂိုဏ်းချုပ်နှစ်ယောက်ကို သတ်ဖြတ်ခဲ့ခြင်းသည် အံ့အားသင်စရာဖြစ်သည် ဆိုသော်လည်း ဗာမေလီယန် ငှက်ဘုရင်ကို အညံ့ခံအောင် ပြုလုပ်နိုင်ခဲ့ခြင်းသည် ပိုမိုကာ အံ့အားသင့်စရာ ဖြစ်နေသည်။
ဆွစ်
ပူပြင်းလှသော မီးတောက်လှိုင်းများသည် တည်နေရာအနှံ့တွင် ဖြစ်တည်လာခဲ့ပြီး ကြီးမားလှသော ဖိအားဒဏ်ကို ဖြစ်စေခဲ့၏။ သိုင်းကျင့်ကြံသူများသည် ခပ်ဝေးဝေးဆီသို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ အပူလှိုင်းများ၏ သက်ရောက်မှုကို ခံစားနေရသေးသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ထဲတွင် ရှိနေသော စွမ်းအင်များကို လှည့်ပတ်ကာဖြင့် မီးအပူဒဏ်များကို ခုခံထားကြ၏။ ထိုသို့ ပြုလုပ်သည်ကိုတောင်မှ မလုံလောက်သေးဘူးဟု ခံစားရသောကြောင့် ထပ်မံကာ နောက်သို့ ဆုတ်လိုက်ကြ၏။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ကျောက်ရုပ်ထုမျိုးနွယ်နဲ့ နဂါးမျိုးနွယ်ရဲ့ ဘိုးဘေးကလန်တွေကို စည်းခတ်ရုံလောက်နဲ့ ပြိုင်စံရှားဂိုဏ်းကို ဖျက်စီးနိုင်မယ်လို့ ခင်ဗျားတို့ ထင်နေသေးလား"
ကောင်းကင်ယံတွင် ရှိနေသော သူ၏ပဋိညာဉ်သားရဲသည် အလွန်အားကောင်းလှသော အော်ရာများကို ထုတ်ဖော်လျက် ရှိ၏။ ယနေ့ကဲ့သို့သော အခြေအနေမျိုးရောက်အောင် သူသည် အချိန်အတော်ကြာ စောင့်မျှော်နေခြင်း ဖြစ်၏။ နောက်ဆုံးမှာတော့ သူသည် စိတ်လိုလက်ရဖြင့် ကြိုက်သလို ပြုမူနိုင်ပေတော့မည်။
ကုန်းရှန့်၏ အခြေအနေသည် အမြင့်မားဆုံးသော အခြေအနေသို့ ရောက်ရှိနေခဲ့၏။ ထို့ကြောင့် လင်းဟောင်ရန်နှင့် အခြားသူများသည် မသက်မသာ ခံစားနေကြရ၏။ ကလန်နှစ်ခုကို စည်းခတ်ပြီးနောက် ကျွင်းချောင်ရှောင်း၏ အတောင်ပံများကို ပိုင်းဖြတ်လိုက်ခြင်းဖြစ်သည်ဟု သူတို့က သတ်မှတ်ခဲ့ကြသည်။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ ဤကောင်လေးသည် ကြောက်မက်ဖွယ်ကောင်းသည့် နောက်ခံကို ပိုင်ဆိုင်ရုံသာမက ဖြတ်တောက်၍မရနိုင်သည့် အတောင်ပံများ ရှိနေသည်ကိုပါ မျက်မြင်တွေ့နေရ၏။
"အံ့အားသင့်စရာပဲ။ ဂိုဏ်းချုပ်ကျွင်းက ဝှက်ဖဲအနေနဲ့ ဗာမေလီယန်ငှက်မျိုးနွယ်တစ်ခုလုံးကို အုပ်စိုးထားနိုင်တာ ပဲ။ ဒီမျိုးနွယ်က ပေါ်လိုက်၊ ပျောက်သွားလိုက် ဖြစ်နေလို့သာ အဓိက ကလန်လေးခုထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်း မခံရတာ။ ဒါပေမဲ့ ဗာမေလီယန်ငှက်ဘုရင်ဆိုတာက အရင်တုန်းက နဂါးအင်ပါယာနဲ့တောင် တိုက်ခိုက်ဖူးတယ်။ နှစ်ယောက်လုံးက လက်ရည်ညီခဲ့ကြတယ်"
အားလုံးသောသူများသည် တီးတိုးဆွေးနွေးလျက် ရှိနေကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ရှိနေသော အံ့အားသင့်မှုများသည် ပိုမိုကာ အားကောင်းလာခဲ့ကြသည်။
"ဂိုဏ်းချုပ်လင်း"
အင်မော်တယ်အဆင့်ဂိုဏ်းဆီမှ ဂိုဏ်းချုပ်တစ်ယောက်သည် အသံပို့လွှတ်လိုက်၏။ "နောက်ဆုတ်ကြရအောင်"
ကျွင်းချောင်ရှောင်းသည် အစစ်အမှန်ရှာဖွေခြင်းအဆင့် ထိပ်ဆုံးကျင့်ကြံသူနှစ်ယောက်ကို တစ်ခါတည်း သတ်ဖြတ်ပစ်ခဲ့၏။ ထိုအရာသည် သူတို့အားလုံးကို စိုးရိမ်ထိတ်လန့်စေခဲ့၏။ လက်ရှိအချိန်မှာတော့ ဗာမေလီယန် ငှက်ဘုရင်ပါ ရောက်ရှိလာသောကြောင့် သူတို့အနေဖြင့် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့ချေ။
"ချီးတဲ့မှ"
လင်းဟောင်ရန်သည် မနှစ်သက်ဘူးဆိုလျှင်တောင်မှ လုပ်စရာတစ်ခုတည်းသာ ရှိတော့သည်။ "သွားကြရအောင်"
သူတို့အားလုံးသည် ကြောက်လန့်နေကြပြီ ဖြစ်၏။
"သွားမယ် ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် သူ၏လက်ထဲတွင် ရှိနေသော ဓားကို မြောက်ကိုင်ကာဖြင့် ဂိုဏ်းချုပ်တစ်ယောက်ကို ညွှန်လိုက်၏။ သူသည် အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ပြိုင်စံရှားဂိုဏ်းက လာချင်သလိုလာ သွားချင်သလိုသွားလုပ်လို့ရအောင် ဆောင်ကြာမြိုင်မဟုတ်ဘူး"
ဆွစ် ဆွစ်
ဘေးနှစ်ဖက်ဆီမှ သန်းချီသော နတ်ဆိုးစစ်တပ်များသည် ပျံသန်းလာကြ၏။ ပြီးသည့်နောက် ကြီးမားလှသည့် အတားအဆီးကြီးတစ်ခုလိုပင် အင်မော်တယ်အဆင့်ဂိုဏ်းမှလူများကို ဝိုင်းဝန်း ပိတ်ဆို့ထားကြ၏။
အသစ်ဖန်တီးပြုလုပ်ထားသော ကျွဲရိုင်းစက်ရုပ်များကလည်း ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။ ဖြူမဲညီနောင်၊ တင်းရှင်းဝမ်၊ လီချင်းယန်နှင့် အခြားသောသူများအားလုံးတို့သည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်ကာ တိုက်ခိုက်ရန် အဆင်သင့်ပြင်လို့နေ၏။ လက်ရှိအချိန်မှာတော့ သူတို့အားလုံးသည် ဂိုဏ်းချုပ်အမိန့်ကို စောင့်မျှော်နေခြင်းသာ ဖြစ်သည်။ ကျူးကျော်လာသည့် ရန်သူများကို ခုခံခြင်းဖြင့် ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်အား တစ်လောကလုံးသို့ ပြရန် အဆင့်သင့် ဖြစ်လို့နေခဲ့သည်။