တစ်ချက်လောက်ရိုက်ခြင်း
Vol. 127 Ch. 1766
မုရုန်ဟွေ့စကားဆုံးသည်နှင့် ရာချီသောလူများသည် ချက်ချင်းပင် တောင်မှ ထွက်လာကြသည်။ သူတို့၏ရောင်ဝါသည် ထာဝရတောက်ပခြင်းမြို့ မှ ကိုယ်ရံတော်များနှင့် လုံးဝကွာခြားသည်။
“နယ်စားမုရုန် မင်းက မင်းတို့နယ်စားအိမ်တော်က ကျွမ်းကျင်သူတွေ အကုန်ထုတ်လာခဲ့တာလား” ရှီခွေ့သည် ထိုလူများကို ကြည့်ရုံကြည့်ကာ ပူပန် ခြင်းမရှိပေ။
“မင်းကိုရှင်းဖို့လောက်တော့ အဲလူတွေအကုန်မလိုပါဘူး” မုရုန်ဟွေ့ ပြော လိုက်သည် “ဒီနေ့ မင်းကိုသတ်ပြီးရင် မင်းတို့ဘုရင်မကို အကြွေးရှင်းဖို့ သွားရှာ မယ်”
“ဟားဟား မင်းလောက်ကလား မင်းက နယ်စားအဆင့်ပဲရှိတာလေ ဘုရင်မနဲ့ တိုက်ခိုက်ချင်သေးတာလား မင်းက စိတ်ကူးယဉ်နေတာပဲ မင်းကို အရင်ရှင်းပြီးမှ ကျန်တဲ့လူကိုရှင်းမယ် တိုက်ခိုက်တော့”
ဘေးနှစ်ဖက်မှာ တိုက်ခိုက်နေကြပြီ။ မုရုန်ဟွေ့သည် သခင်မလေးကို ကာကွယ်ရန်ပြောပြီးနောက် သူတို့နှင့် သွားတိုက်ခိုက်လေသည်။
မုရုန်လင်းသည် ရှီခွေ့ကိုတိုက်ခိုက်ချင်သော်လည်း မုရုန်ဟွေ့သွားလိုက် သည်ကိုမြင်သည်နှင့် ရှီမာယူယူကိုကာကွယ်ရန် နေခဲ့ကာ သူမနှင့် ကုန်းဇီယွမ် တို့ကို ဘေးကင်းကင်းဖြင့် ထွက်ခွာခိုင်းသည်။
“သခင်မလေး နည်းနည်းဝေးတဲ့နေရာကို ဆုတ်နေကြပါ” သူသည် သူတို့ ကိုအရင်သွားစေချင်သည်။ သို့သော် သူတို့သုံးယောက်သည် အကြောက်အလန့် မရှိ တောက်ပသော မျက်လုံးများဖြင့် ပြန်ကြည့်လိုက်သည်။ သူသည် စကား ပြောင်းပြောရတော့သည်။
“ဦးလေးလင်း စိတ်မပူပါနဲ့ ကျွန်တော်တို့ ကိုယ့်ဘာသာဂရုစိုက်နိုင်ပါ တယ်” ကုန်းဇီယွမ် ပြောလိုက်သည်။
ရှီမာယူယူသည် တစ္ဆေလောကတွင် ဤကဲ့သို့ တိုက်ခိုက်စွမ်းအားကြီးသူ များကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ လူသားလော၏ အရောင် အသွေးစုံသော စွမ်းအားများနှင့်ယှဉ်လျှင် မရဏာသိုင်းများမှာ အားလုံး အနက် ရောင်များဖြစ်သည်။
သူမသည် ထိုလူများသုံးသည့် ဝိညာဉ်သိုင်းများအားလုံးကို ကြည့်နေမိ သည်။ သူမ၏လက်သည် ကြည့်ရင်းနှင့် လိုက်သင်နေသကဲ့သို့ တဖြည်းဖြည်း နားလည်လာသည်။
“မင်းလည်း အဲလိုမျိုးစွမ်းအားရနိုင်ပါတယ်” ရှောင်ရော့ပိုင်သည် သူမ လက်ချောင်းများလှုပ်ရှားနေသည်ကို ကြည့်လေသည်။
သူမတွင် ခွန်အားမရှိပေ။ ထို့ကြောင့် ထိုမရဏာသိုင်းများကို မသိပေ။ သို့သော် သူမ၏ အာရုံစူးစိုက်မှုနှင့် အမှန်တကယ်သင်ချင်မိသည်။
ရှီမာယူယူသည် သူမကို ပြုံးပြပြီးခေါင်းညိတ်လိုက်သည်။
“ငါတို့ ပြဿနာတက်ပြီ” သူမ ပြောလိုက်သည်။
“ဘာလဲ”
“မင်း ချက်ချင်းထွက်သွားတော့” ရှီမာယူယူ လှုံ့ဆော်လိုက်သည် “ဘဏ္ဍာ ထိန်း ယာယီဖြတ်လမ်းတည်ဆောက်မှုရှိလား”
“ရှီအာ ဘာလို့လဲ” သူမ မျက်နှာထား ရုတ်တရက်ပြောင်းလဲ သွားရ ခြင်းအကြောင်းအရင်းကို ရှောင်ရော့ပိုင်တို့ နားမလည်ကြပေ။
“အားကောင်းတဲ့လူတွေ အများကြီးလာနေကြပြီ” ရှီမာယူယူ ပြန်ဖြေ လိုက်သည် “သူတို့က အရမ်းအားကောင်းကြတယ် ငါတို့မှာလမ်းမရှိလောက် တော့ဘူး ဘဏ္ဍာထိန်း သူတို့ကိုအရင်ခေါ်သွားလိုက်ပါ အဖေနဲ့ ကျွန်မ နောက် ကလိုက်ခဲ့မယ်”
ရောက်လာမည့်သူများသည် အလွန်အားကောင်းကြသည်။ အရေအတွက်လည်းများသည်။ သူမတွင် ခရမ်းလေးနှင့် မီအာရှိလျှင်တောင် ရှောင်ရော့ပိုင်နှင့် သူတို့၏ လုံခြုံရေးကိုအာမမခံနိုင်ပေ။
“အရင်တစ်ခေါက်ကလည်း အခုလိုပဲ အံ့ဖွယ်သားရဲတွေလာတာကို ငါတို့ သတိမထားမိခင် မင်းသိခဲ့တယ်” ကုန်းဇီယွမ်သည် သူမကို ကြည့်လေသည် “မင်း ဘယ်လိုသိတာလဲ”
“ငါက မင်းထက် အာရုံပိုကောင်းတယ်” ရှီမာယူယူ ပြောလိုက်သည် “ကဲ အခုအချိန်မရှိတော့ဘူး မြန်မြန်သွားတော့”
“သခင်မလေး နောက်ကျသွားပြီ” ဘဏ္ဍာထိန်းသည် ယာယီဖြတ်လမ်း တည်ဆောက်မှုကိုထုတ်ကာ နှစ်ကြိမ်မျှ ကြိုးစားကြည့်သည်။
“ဘာလို့လဲ” ကုန်းဇီယွမ် မေးလိုက်သည်။
ရှီမာယူယူသည် သူ့လက်ထဲမှ မတုံ့ပြန်နိုင်သော ဖြတ်လမ်းတည်ဆောက် မှုကိုကြည့်ပြီး တည်တံ့စွာပြောလိုက်သည် “အခုလာတဲ့လူက ဒီနေရာကို ပိတ် လိုက်ပြီ”
“ဘာ အဲလူတွေမရောက်ခင်ကို ဒီနေရာကို ပိတ်လိုက်ပြီဟုတ်လား” ကုန်းဇီယွမ် အော်လေသည်။
“ကြည့်ရတာ ဒီတစ်ခေါက် ငါတို့တော့ အကြီးကြီးနဲ့တွေ့ပြီပဲ” ရှောင်ရှော့ပိုင် ထပ်ပေါင်းပြောလိုက်သည်။
နှစ်ဖက်လုံးမှ တိုက်ခိုက်နေသူများလည်း ထိုအရာကို သတိထားမိကြ သည်။ ထိုလူများ နီးကပ်လာသည်နှင့် နှစ်ဖက်လုံးရပ်တန့်သွားသည်။
“ကြည့်ရတာ ငါ့တပ်ကူက အရင်ရောက်လာတယ်ထင်တယ်” ရှိခွေ့သည် ရွှင်လန်းအားရစွာဖြင့် ပြုံးလိုက်သည်။
မုရုန်ဟွေ့သည် လေးနက်နေသည်။ ထိုမျှသန်မာသော လူရောက်လာရာ သူ၏ တပ်ကူတော့ ဖြစ်ပုံတော့မရပေ။
“အဖေ” ရှီမာယူယူ အော်လိုက်သည်။ သူသည် သူမဘေးသို့ အမြန် ပြန် ရောက်လာသည်။
“အဖေ ဘယ်လိုနေလဲ” ရှီမာယူယူသည် သူ့အင်္ကျီပေါ်မှ သွေးများကို မြင် လိုက်ရသည်။
“နည်းနည်းပဲ ထိသွားတာ” မုရုန်ဟွေ့ ပြန်ဖြေလိုက်သည် “ဒီလေဟာပြင် ချိပ်ပိတ်ထားတာကို ဖျက်ဖို့နည်းလမ်းရှာလိုက်ဦးမယ် သမီးဖြတ်လမ်း တည်ဆော်ကမှုကို သုံးပြီးမြန်မြန်ထွက်သွားတော့”
“အဖေကရော”
“သူတို့ကိုတားဖို့ အဖေနေခဲ့မယ် တစ္ဆေကြင်ယာတော် ရှင်းချင်တဲ့သူက သမီးလေ ဒါပေမဲ့ပစ်မှတ်ကြီးကတော့ အဖေပဲ တခြားကိစ္စတွေကိုလည်း ဖြေရှင်းပြီးပြီဆိုတော့ အဖေတစ်ခုခုဖြစ်ရင်တောင် အပြစ်ခံစားနေဖို့မလိုဘူး” မုရုန်ဟွေ့ပြောလိုက်သည်။
“အဖေ အဖေ့ကိုဘာမှအဖြစ်မခံနိုင်ဘူး” ရှီမာယူယူသည် အခိုင်အမာ ပြောလေသည်။
မုရုန်ဟွေ့သည် သူမခေါင်းကို ပွတ်လိုက်သည် “သမီးက လိမ္မာလိုက်တာ”
ရှီမာယူယူသည် ထိုလူများရောက်လာမည်ကို စောင့်ရင်းနှင့် ခရမ်းလေးကို ထုတ်လိုက်သည်။ တစ်ဖက်လူသာ လှုပ်ရှားလာလျှင် သူမသည် ချက်ချင်းပင် ခရမ်းလေးကို လျှပ်စီးထုတ်ခိုင်းမည်။
“သူတို့ရောက်လာပြီ” မုရုန်ဟွေ့သည် အဝေးတစ်နေရာကို စိုက်ကြည့် လိုက်သည်။ အရိပ်မည်းတစ်စုသည် အဝေးမှပျံလာသည်။
သူတို့ခေါင်းဆောင်ကို မြင်လိုက်ရချိန်တွင် အားလုံး မှင်တက်သွားကြ သည်။ မုရုန်ဟွေ့ဘက်မှလူတွေတင်မကဘဲ ရှိခွေ့ဘက်မှလူများပါ ကြက်သေ သေသွားကြလေသည်။
“ဘာလို့သူတို့ ဖြစ်နေတာလဲ” ရှိခွေ့ရေရွတ်လိုက်သည်။
ရှီမာယူယူသည် ထိုလာနေသောလူများကို ကြည့်ပြီး နှုတ်ခမ်းတွန့်မိ သည်။
သူမ၏ ထင်မြင်ချက်မှာမှန်သည်။
ဒိကျဲ့နှင့် မိုယွိတို့ ရှီမာယူယူကိုမြင်သောအခါ သူတို့ပါ ကြက်သေသေသွား သည်။
“သူမက တကယ်ပဲ ယူယူနဲ့တူတာပဲ တစ်ပုံစံတည်းပဲ” ဒိကျဲ့ ရေရွတ် လိုက်သည်။
“သူမအမေက ယွိခဲ့လော့နဲ့ တော်တော်တူတယ်လို့ ကြားတယ် ပြီးတော့ သူမကလည်း သူမအမေနဲ့တူတယ်တဲ့ အဲဒါကြောင့် သူက ယူယူနဲ့တူတာပေါ့” မိုယွိ အကျိုးအကြောင်း ပြောကြလေသည်။
“သူတို့ပုံစံက တကယ်ပဲ ယူယူနဲ့တူတဲ့ပုံပဲ” ဒိကျဲ့သည် ခံစားချက်ပါပါ ပြောလိုက်သည်။
“မင်းပြောကြည့် တစ္ဆေကြင်ယာတော်က သူမက ယွိခဲ့လောနဲ့တူလို့ သတ် ချင်တာလား ယူယူနဲ့တူလို့သတ်ချင်တာလား”
“နှစ်ခုလုံးဖြစ်နိုင်တယ်”
“ငါလည်း အဲလိုထင်တယ်” ဒိကျဲ့ ပြောလိုက်သည် “ဒါပေမဲ့ ငါ ဒီနေ့ ရောက်လာမှတော့ သူမကို ထပ်ပြီးအသတ်မခံနိုင်ဘူး”
“မင်း ငါ့ကိုတားနိုင်မယ်ထင်လား” မိုယွိသည် သူ့ကိုစိုက်ကြည့်လိုက် သည်။ သူ့စကားများသည် ရွံရှာမှုများဖြင့် ပြည့်နှက်နေသည်။
“ဒါဆိုလည်း စမ်းကြည့်လေ” ဒိကျဲ့ ပြောပြီးနောက်တွင် ရှီမာယူယူဆီသို့ ပျံသွားလိုက်သည်။
မိုယွိသည် မလှုပ်ရှားသော်လည်း သူ သွားကူညီချင်သည်ကို အားလုံးသိ ကြသည်။
“အမလေး ငါတို့က သူတို့နှစ်ယောက်အကြောင်းပဲ ပြောလိုက်မိတာ ဒီနေ့ တွေ့မယ်လို့ထင်မထားဘူး” ရှောင်ရော့ပိုင်သည် မိုယွိကို ငေးပြီးကြည့်လေ သည်။
“အရူးလုပ်မနေနဲ့ သူ ဘယ်လောက် အားကောင်းလည်း မင်းသိတာပဲ အခု သူက တစ်ဖက်ကိုကူညီပြီး ငါတို့ကိုသတ်ချင်နေတာ” ကုန်းဇီယွမ်သည် သူမကို သည်းမခံနိုင်တော့ဘဲ မျက်လုံးလှိမ့်ပြသည်။
“ကူညီပေးလို့ကျေးဇူးတင်ပါတယ် စစ်သူကြီးဒိ” မုရုန်ဟွေ့သည် လူများ ကိုဦးဆောင်လာကာ ဒိကျဲ့ကို အရိုအသေပြုသည်။
ဒိကျဲ့သည် ရှီမာယူယူအား တစ်ခုခုမေးမြန်းချင်နေသကဲ့သို့ သူ၏ မျက်လုံးများသည် သူမအပေါ် ကျရောက်နေသည်။
“ကျုပ်ကူညီတယ်ဆိုတာ မိုယွိနဲ့တစ္ဆေကြင်ယာတော်တို့ အောင်မြင်သွား တာကိုမကြည့်ချင်လို့ပဲ တခြားမစဉ်းစားနဲ့” ဒိကျဲ့သည် သူတို့ကို ထည့်မစဉ်းစား သလို လျစ်လျူရှုစွာဖြင့်ပြောလိုက်သည်။
ရှီမာယူယူသည် သူ့ကိုတွေ့သည်နှင့် လှည့်ပတ်ကြည့်မိသည်။ သူမသည် သူ၏ နောက်ကွယ်မှ မျက်လုံးလှိမ့်မိသည်။ သို့သော် သူ လှည့်လာပြီး သူမ၏ အပြုအမူကိုမြင်သွားလိမ့်မည်ဟု ထင်မထားပေ။
အာ….
ရှီမာယူယူ မှင်တက်သွားသည်။ ဒိကျဲ့လည်း ကြက်သေသေသွားသည်။ သူ့မျက်လုံးထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။ သူသည် အနားကပ်လာ ကာ သူမလက်မောင်းကိုဆုပ်ကိုင်လိုက်သည်။ သူသည် ပျော်ရွှင်စွာ ပြောလေ သည် “မင်းရောက်လာပြီပဲ မင်းမလား”
ရှီမာယူယူသည် သူကိုင်ထားခြင်းကြောင့် နာလာသည်။ သူမသည် အံကြိတ်ကာ ရုန်းထွက်ချင်သော်လည်း မရပေ။ သူသည် သူ၏ပခုံးကို ရိုက်ရန် ကြိုးစားလိုက်သည်။ ရလဒ်အနေနှင့် သူတို့နှစ်ယောက်ကြားမှ ရှုထောင့်ကြောင့် သူမသည် မျက်နှာကိုသာ ရိုက်မိသွားလေသည်။
“ဖြန်း…”
ကျယ်လောင်သောအသံသည် တိတ်ဆိတ်နေသော စစ်မြေပြင်တွင် ထူးဆန်းစွာ ထွက်လာသည်။ အားလုံးမှင်တက်သွားကြသည်။ ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့သည် သူမကိုအလန့်တကြားကြည့်ပြီး စိတ်ထဲမှပြောမိနေကြ သည်။ သွားပြီ လူသတ်နတ်ဘုရားကို ရန်သွားစလိုက်ပြီ….
***