← Chapters

မြန်မြန်ဆန်ဆန် အလောတကြီး

Vol. 3 Ch. 35

မြန်မြန်ဆန်ဆန် အလောတကြီး

Vol. 3 Ch. 35

လီယောင်သည် အပြင်ဘက်မှ လူများ အော်ခေါ်သံကို ကြားသည့်အခိုက်တွင် ဥဖောက်ခန်းတွင် ရှိနေခဲ့သည်။

ထို့ကြောင့် သူမသည် အပြင်သို့ ထွက်လာခဲ့သည်။

“ကျွန်မကို ဘယ်သူ ရှာနေတာလဲ။”

“မင်းက အမျိုးသမီးလီလား”ဟု အစေခံက မေးခဲ့သည်။

“ဟုတ်တယ်။ ကျွန်မပါ။”

“ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီကို လုပ်တာ မင်းလား။”

“ဟုတ်တယ်။”

“ကျုပ်သခင်က ယီကျိုးစီရင်စုကပဲ။”ဟု အထက်စီးဆန်သည့် အစေခံသည် ကျယ်လောင်စွာ ပြောခဲ့သည်။ “ကျုပ်တို့ ခင်ဗျားဆီမှာ ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ ဘယ်လောက်ရှိရှိ ဝယ်မှာမို့လို့ မြန်မြန်ထုတ်လာခဲ့လိုက်။”

“အခုလောလောဆယ် ဘာမှ မရှိဘူး။”

“ဒါဆိုလည်း တစ်ချို့ကို မြန်မြန်လေးလုပ်လိုက်။” အစေခံသည် စိတ်မရှည်ဖြစ်နေခဲ့သည်။ “ကျုပ်သခင်က ယီကျိုးကနေ ဒီလိုစုတ်ပြတ်နေတဲ့တောရွာကို တစ်လျှောက်လုံး လာခဲ့ရတာ။ ခင်ဗျား သူ့ကို လက်ဗလာနဲ့ ပြန်ခိုင်းဖို့တော့ မျှော်လင့်နေတာတော့ မဟုတ်ဘူးမလား။”

လီယောင် မျက်မှောင်ကြုတ်လိုက်သည်။

တစ်ယောက်မှ မင်းတို့ကို ဒီနေရာကို မဖိတ်ခေါ်ခဲ့ဘူးလေ။ ဒီလူ စိတ်လွတ်နေတာပဲ ဖြစ်ရမယ်။

သို့သော် ယီကျိုးစီရင်စုသို့ ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ၏ ဂုဏ်သတင်းက ဘယ်လိုများ ရောက်သွားခဲ့တာပါလိမ့်ဟု သူမ အံအားသင့်နေခဲ့သည်။

ဤသည်မှာ သူမအတွက် သတင်းကောင်း ဖြစ်သော်လည်း ဤလူနှစ်ယောက်သည် အမှန်တကယ်ပင် စိတ်အနှောက်အယှက် ဖြစ်စရာပေ။

“ဒီမှာ ဘာမှမရှိဘူး။ အဲဒါကြောင့်မို့ ဘာမှ ရမှာ မဟုတ်ဘူး။”ဟု သူမက ပြောခဲ့သည်။ “ရှင်တို့နှစ်ယောက် ထွက်သွားသင့်ပြီ။”

သူတို့အား လျစ်လျူရှုကာ သူမသည် နောက်ပြန်လှည့်ပြီး ဥဖောက်ခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

သူမ၏ ယဉ်ကျေးမှုမရှိသည့် ပုံစံကို မြင်ရသောအခါ သူဌေးဟုန်သည် ဒေါသအလွန်ထွက်ကာ မျက်နှာဖြူဖျော့သွားခဲ့သည်။

“ကျေးဇူးကန်းတဲ့ဟာတွေ။”

“သခင်၊ ကျွန်တော်မျိုးတို့ အခုဘာလုပ်ရမလဲခင်ဗျာ။” အစေခံသည်လည်းပဲ စိတ်ဆိုးနေခဲ့ပြီး “ဒီနေရာသာ ယီကျိုးစီရင်စုဆိုရင် ကျွန်တော်မျိုး သူ့ကို သေချာပေါက် သင်ခန်းစာ ပေးလိုက်မယ်။”

သူဌေးဟုန်လည်း ထိုသို့ လုပ်ချင်နေခဲ့သော်လည်း ဤသည်မှာ ယီကျိုးစီရင်စု မဟုတ်ပဲ ဟဲဝမ်ရွာ ဖြစ်နေခဲ့သည်။ လူဆိုးလူကြမ်းများသည် ဝေးလံခေါင်ဖျားသည့် တောင်တန်းများမှ လာခဲ့ကြပြီး လီယောင်သည် ဒီနေရာမှ ဒေသခံ အာဏာရှင်တစ်ဦး ဖြစ်သည့်အတွက် သူသည် ဘာပြဿနာမှ မလုပ်ရဲခဲ့ချေ။

“သူ့ကို နောက်တစ်ခေါက် ထပ်မေးလိုက်စမ်း။ ပိုက်ဆံပိုပေးမယ်ပြောလိုက်။ ငွေနဲ့ ဘာမှမဝယ်နိုင်သေးဘူးဆိုတာ ငါမယုံဘူး။”

“ဗျို့ အမျိုးသမီးလီ၊ မင်းကြားလိုက်လား” အစေခံသည် ချက်ချင်း အော်ဟစ်ခဲ့သည်။ “ကျုပ်သခင်က ရက်ရောတယ်။ ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီတစ်ဗူးကို ဝမ်၁၀၀ ပိုပေးလိမ့်မယ်။”

ထိုအသံကို ဥဖောက်ခန်းထဲမှ ကြားသောအခါ လီယောင်သည် ခွန်းတုံ့ပြန်ရန် ပျင်းလွန်းနေခဲ့သည်။

“ဝမ် ၂၀၀”

“ဝမ် ၃၀၀”

“ဝမ်၅၀၀၊ ငွေချောင်း တဝက်။”အစေခံက ပြောခဲ့သည်။ “လောဘမကြီးနဲ့တော့။ ဒါက အမြင့်ဆုံးစျေးဖြစ်နေပြီ။ မင်း တကမ္ဘာလုံး ပတ်ရှာနိုင်တယ်။ စျေးကောင်း ပိုရမှာ မဟုတ်ဘူး။”

သားဖောက်ခန်းထဲတွင် ဟဲရှောင်ယာ၏ နှလုံးသားလေး တဒိန်းဒိန်းခုန်နေခဲ့သည်။

စကား အနည်းငယ်မျှသာ ပြောပြီးနောက် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ၏ တစ်ဗူးစျေးသည် ငွေချောင်းတဝက်အထိ မြှင့်တက်သွားခဲ့သည်။

ယခုတစ်ကြိမ်တွင် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီသည် အနည်းဆုံး ဗူး၃၀၀ခန့် ရှိနေခဲ့ပြီး တစ်ဗူးလျှင် ငွေချောင်းတစ်ဝက် ဆိုသည်မှာ ငွေချောင်း ၁၅၀ချောင်းဟု ဆိုလိုသည်။

သို့သော် မေမေသည် လုံး၀ စိတ်အပြောင်းအလဲ မရှိသည့် ပုံပေါ်သည်။ မေမေ ဘာကို တွေးနေသည်ကို သူမ မသိပေ။

“ဘာလို့ ငါ သူတို့ကို လျစ်လျူရှုထားတာလဲဆိုတာကို မင်းသိချင်နေတာလား။”ဟု လီယောင်က ရုတ်တရက် ပြောခဲ့သည်။

“မေမေ၊ သူတို့က ဒီလို စျေးအများကြီးပေးတယ်လေ။ သမီး တွေးတာက….”

“စီးပွားရေးဆိုတာ ဂုဏ်သိက္ခာပေါ်မှာ တည်ဆောက်ထားတာ။ ငါတို့တွေက ဒီအသုတ်ကို ဆိုင်ရှင်ကျိုးကို ပေးမယ်လို့ ကတိပေးပြီးသားလေ။ ဒါကြောင့် ငါတို့တွေ စိတ်ပြောင်းပြီး သူများကို ရောင်းလို့မရဘူး။”ဟု လီယောင်က ပြောခဲ့သည်။ “အဲဒါအပြင် အပြင်က နှစ်ယောက်က တော်တော် စိတ်အနှောက်အယှက် ပေးတာပဲ။ သူတို့ ဘယ်လောက်ပဲပေးပေး ငါ သူတို့ကို ရောင်းမှာ မဟုတ်ဘူး။”

ထိုစကားကို ကြားသောအခါ ဟဲရှောင်ယာသည် အလျင်အမြန် ခေါင်းငြိမ့်ခဲ့ပြီး “အိုး.. သမီးနားလည်ပြီ။ ဟုတ်ပ။ အဲနှစ်ယောက်က တော်တော်စိတ်အနှောက်ပေးတာပဲ။ သမီး သူတို့ကို မောင်းထုတ်လိုက်ရမလား။”

“ငါ သွားမယ်။”

အပြင်ဘက်တွင် သူဌေးဟုန်နှင့် သူ့အစေခံတို့တွင် အိမ်ကို မီးရှို့ပစ်နိုင်လောက်သည်အထိ အလွန်ဒေါသ ထွက်နေခဲ့ကြသည်။

သူတို့သည် ငွေချောင်းတစ်ဝက်ထိ တိုးကာ ကမ်းလှမ်းခဲ့သော်လည်း ကျေးဇူးမသိတတ်သည့် အမျိုးသမီးသည် သူတို့က လှည့်ပင် မကြည့်ခဲ့ချေ။

“ဟေ့၊ မင်း အဲဒီမှာ သေသွားပြီးလား။ အနည်းဆုံး တစ်ခုခုတော့ ပြန်ပြောဦးလေ။”

လီယောင်သည် ဥဖောက်ခန်းမှ နောက်တစ်ကြိမ် ပြန်ထွက်လာခဲ့ကာ သူမ့လက်ထဲတွင် တံမြက်စည်းကို ကိုင်ထားပြီး အစေခံဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။

“နင် အခု ငါ့ကို ဆဲလိုက်တာလား။”

“မင်း တောင်းဆိုတာလေ။”အစေခံက ပြောခဲ့သည်။ “အဲဒါကြောင့် ငါဆဲတော့ ဘာဖြစ်လဲ။”

“အိုး.. အဲသလိုလား။ ဒါဆိုလည်း ငါဘာလုပ်မလဲဆိုတာ နင့်ကို ပြမယ်လေ။”

ထို့သို့ပြောရင်း လီယောင်သည် အစေခံ၏ မျက်နှာကို သူမ၏ တံမြက်စည်းဖြင့် ဖြန်းခနဲမြည်အောင် ရိုက်ခဲ့ပြီး သူ့အား လုံး၀ ကြက်သေသေသွားစေခဲ့သည်။

ရွာငယ်လေးတစ်ရွာမှ အမျိုးသမီးတစ်ယောက်သည် သူ့အား တိုက်ခိုက်ရဲလိမ့်မည်ဟု သူသည် တစ်ခါမှ မတွေးဖူးခဲ့ပေ။

“နင်က အရိုက်ခံရဖို့ တောင်းဆိုနေတာလား။”

“ဖြန်း”

လီယောင်သည် သူ့အား ခေါင်းမူးသွားစေသည်အထိ နောက်ထပ်တစ်ကြိမ် ထပ်ရိုက်ခဲ့သည်။

သူမ့ခန္ဓာကိုယ်သည် နူးညံ့ပျော့ပျောင်းသည့် ပုံပေါ်ပြီး သူမ့ခါးသည် သေးသွယ်ကာ လက်နှင့်ဖိရုံဖြင့် ကျိုးသွားမည့်ပုံ ပေါ်နေသော်လည်း သူမသည် တံမြက်စည်းကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်ထားသောကြောင့် သူသည် လွယ်လွယ်ကူကူ မရှောင်နိုင်ခဲ့ပေ။

ရိုက်ချက် တစ်ချက်ပြီးတစ်ချက် မြန်ဆန်ပြီး ပြင်းထန်စွာဖြင့် သူ့မျက်နှာတည့်တည့်ပေါ်သို့ အချက်တိုင်း ကျလာခဲ့သည်။

“ငါ့တံခါး၀မှာ ခွေးလို လာဟောင်နေတာ။ နင်သာ အရိုက်ခံရဖို့ တောင်းဆိုနေတဲ့သူလေ။”

“မင်း….”

ဖြန်း..

“အခုချက်ချင်း ထွက်သွားကြစမ်း။ ငါ နင့်ကို တံမြက်စည်းထက်သာတာ သုံးမိလိမ့်မယ်။”

အစေခံသည် ဤမျှလောက် ကြမ်းတမ်းခက်ထန်သည့် အမျိုးသမီးနှင့် တစ်ခါမှ မတွေ့ဆုံဖူးပေ။ သူသည် အလွန်ကြောက်ရွံသွားခဲ့ပြီး သူဌေးဟုန်ထံသို့ အလျှင်အမြန် ပြန်ပြေးလာခဲ့သည်။

“သခင်၊ သူမက…..”

“ငအ” သူဌေးဟုန်သည် အေးစက်စက်နှင့် ကြိမ်းမောင်းခဲ့သည်။ “ရိုးရိုးအလုပ်ကလေးတစ်ခုကိုတောင် မကိုင်တွယ်နိုင်ဘူး။ မင်း ဘာအသုံးကျသေးလဲ။”

သူမသည် ငွေ အနည်းငယ် တိုးမြှင့်ရန် ပျော်ရွှင်စွာ သဘောတူလိမ့်မည်ဟု တွေးထင်ကာ ဤအမျိုးသမီးလီကို သိသာထင်ရှားစွာ လျော့တွက်ခဲ့သည်။ သို့သော် ထိုအစား သူသည် ကိစ္စများကို ပိုဆိုးသွားစေသည်။

သို့သော် ဤသည်မှာ ပြဿနာကြီးကြီးမားမား မဟုတ်ပေ။

ငွေချောင်းတစ်ဝက်က အလုပ်မဖြစ်ပါက သူသည် ငွေ ၁ချောင်း ကမ်းလှမ်းမည်။ ငွေ ၁ချောင်း အဆင်မပြေပါက ငွေ ၂ချောင်း ပေးမည်။

မည်သူမှ ငွေပိုရရန် ပယ်ချလိမ့်မည်ဟု သူမယုံကြည်ခဲ့ပေ။

သူသည် ပြုံးလိုက်ပြီး လျှောက်သွားခဲ့သည်။ “ကျွန်တော့် အစေခံက လွန်သွားခဲ့ပါတယ်။ စိတ်မဆိုးပါနဲ့ အမျိုးသမီးလီ။”

“မြက်စိမ်းလိမ်းဆေးဆီကို ရှင့်တို့ကို ရောင်းမှာ မဟုတ်ဘူး။ အခုချက်ချင်း ထွက်သွားပါ။ မဟုတ်ရင် ရှင့်ကိုပါ ရိုက်ပစ်မယ်။”

သူဌေးဟုန် - …

လီယောင်သည် အထဲသို့ ပြန်လှည့်ဝင်သွားသည်ကို မြင်သောအခါ သူဌေးဟုန်သည် သူ့အဆုတ်များ ပေါက်ကွဲမတတ် အလွန် ဒေါသထွက်သွားခဲ့သည်။

မျှော်လင့်ထားသလိုပင် ပြုတ်ကျလာသော ကျားတစ်ကောင်ကို ခွေးတစ်ကောင်က အနိုင်ကျင့်ခဲ့သည်။

ယီကျိုး စီရင်စုတွင် ရိုသေလေးစားခံရသည့် သူလိုလူသည် ဤကဲ့သို့ ဆင်းရဲပြီး ခေတ်နောက်ကျနေသည့် နေရာတွင် အဖက်မတန်သလို ဥပေက္ခာပြုခံခဲ့ရသည်။

“သွားကြစို့။”

“ဟုတ်ကဲ့ပါ သခင်။” အစေခံက မေးခဲ့သည်။ “သခင်၊ မြက်စိမ်းလိမ်းဆေးဆီကို ဘယ်လိုလုပ်မလဲ။”

“ဟွန့်၊ ကမ္ဘာက ဒီလောက်ကြီးတာ အဲဒါလုပ်နိုင်တာ သူတစ်ယောက်တည်း ရှိလို့လား”ဟု သဌေးဟုန်က အေးစက်စွာဖြင့် ပြောခဲ့သည်။ “မပြန်သေးပဲ ရွာထဲမှာ လျှောက်ကြည့်ကြဦးစို့။ တစ်ယောက်ယောက်က မြက်စိမ်းလိမ်းဆေးဆီ ဘယ်လိုလုပ်ရတယ်ဆိုတာ သိကောင်းသိနိုင်တယ်။ အဲဒါဆို သူ တစ်ဗူးမှ မရောင်းနိုင်အောင် ငါ သေချာပေါက် လုပ်မယ်။”

“အရမ်းကောင်းတယ် သခင်ကြီး။”

နှစ်ယောက်သား ရွာတစ်လျှောက် လမ်းလျှောက်လာခဲ့ရင်း လူများကို တားကာ အစေခံအား စကားစမြည် ပြောစေခဲ့သည်။ သို့သော် မည်သူမျှ ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီကို ပြုလုပ်နည်းကို မသိကြပေ။ သူတို့သည်လည်း မကြာသေးမှီကပင် ၎င်းကို ကြားသိခဲ့ရသည်။

သူတို့သည် အလဟဿ ကြိုးစားအားထုတ်မှု ဖြစ်ခဲ့သည်ဟု တွေးနေကြချိန်တွင် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“သခင်ကြီး ၊ ကျုပ် မြက်စိမ်းလိမ်းဆေးဆီ လုပ်တဲ့နည်းကို ရနိုင်ပါတယ်။”

သူဌေးဟုန် လှည့်ကြည့်လိုက်သောအခါ အသက်သုံးဆယ်အရွယ် စုတ်စုတ်ပြတ်ပြတ် အဝတ်အစား ဝတ်ထားပြီး သိသိသာသာပင် အသုံးမကျသည့် ငပျင်းတစ်ယောက်ကို တွေ့ခဲ့ရသည်။

သို့သော် တစ်ခါတရံ ကလိမ်ကကျစ် လူယုတ်မာများသည် ကိစ္စရပ်များကို ပြီးမြောက်စေရန် အသုံးဝင်ကြောင်းကို သူ သိသည်။

“လူငယ်လေး၊ မင်းတကယ်ပြောနေတာလား။”

“သေချာပေါက် အမှန်အကန်ပါ။” ကျူးယိုကွေ့က ပြောခဲ့သည်။ “အဲဒီလီယောင်က လွန်ခဲ့တဲ့ ရက်တွေက မြက်စိမ်းလိမ်းဆေးဆီအတွက် ရွာသားတွေကို ဆေးပင်တွေ စုခိုင်းခဲ့တာ။ ကျုပ် အကုန် သေသေချာချာ မှတ်မိတယ်။ လုပ်နည်းအတွက်လည်း ကျုပ် သေချာပေါက် ရနိုင်တယ်။”

ဤသည်ကို ကြားသောအခါ‌ သူဌေးဟုန်သည် ပျော်ရွှင်ဝမ်းမြောက်သွားခဲ့ပြီး “မင်းတကယ်လုပ်နိုင်တယ်ဆိုရင် ကျွန်တော် ရက်ရက်ရောရော ကျေးဇူးတင်မှာပါ။”

“စကားလုံးတွေကြည့်က အများကြီး အဓိပ္ပါယ်မရှိဘူး”ဟု ကျူးယိုကွေ့က ပြောခဲ့သည်။ “သခင်ကြီးမှာ အရန်ပိုက်ဆံတွေ သေချာပေါက် ရှိမှာပါ။ ခင်ဗျားရဲ့ သဘောထား မှန်ကန်မှုကို အရင် မပြသင့်ဘူးလား။”

သူဌေးဟုန်၏ အကြည့်တစ်ချက်နှင့် ငွေချောင်းတစ်ဝက်မျှ ရှိသော ငွေစအပိုင်းအသေးလေး တစ်ခုကို ချက်ချင်းထုတ်ယူခဲ့ပြီး ကျုးယိုကွေ့အား ပစ်ပေးခဲ့သည်။

ငွေလက်ခံရရှိသောအခါ ကျူးယိုကွေ့သည် သူ့ပျော်ရွှင်မှုကို အနည်းငယ်မျှပင် မဖုန်းကွယ်ခဲ့ချေ။

“အလုပ်ပြီးသွားရင် ကျုပ်ကို ဘယ်လောက်ပေးမှာလဲ၊ သခင်ကြီး။”

“မင်းဘယ်လောက်လိုချင်လဲ”ဟု အစေခံက မေးခဲ့သည်။

“ဒီလိုအဖိုးတန်တဲ့ ဆေးနည်းအတွက် အနည်းဆုံး ငွေချောင်း ၁၀၀.. မဟုတ်ဘူး။ ငွေချောင်း ၅၀၀ ရသင့်တယ်။”ဟု ကျူးယိုကွေ့က မတန်တဆ တောင်းဆိုခဲ့သည်။ “ပိုင်ချွမ်းစျေးမှာ မြက်စိမ်းလိမ်းဆေးဆီတစ်ဗူးကို ငွေ ၃ချောင်းနဲ့ ရောင်းတယ်လို့ ကျုပ်ကြားတယ်။”

“ငွေချောင်း ၅၀၀” အစေခံသည် ရယ်တော့မလို ဖြစ်သွားခဲ့သည်။ “မင်း နေ့ခင်းကြောင်တောင် အိမ်မက်မက်နေတာလား”

“သဘောတူတယ်။” သူ့ကို အံဩသွားစေသည်မှာ သူဌေးဟုန်သည် ချက်ချင်း သဘောတူခဲ့သည်။ “ မြက်စိမ်းလိမ်းဆေးဆီရဲ့ ဖော်စပ်နည်း အစစ်အမှန်ကို ယူလာခဲ့။ ပြီးရင် ငါမင်းကို ငွေချောင်း ၅၀၀ အပြင် ပိုင်ချွမ်းစျေးမှာ အိမ်တစ်လုံးပေးမယ်။”

ကျူးယိုကွေ့သည် အသက်ရှူမှားသွားခဲ့သည်။

ပိုက်ဆံတွင်မက အိမ်တစ်လုံးကောလား။

“စိတ်မပူပါနဲ့ သခင်ကြီး၊ ကျုပ် သုံးရက်အတွင်း ပြီးစေရမယ်။”

“မင်း မြန်ရင် ပိုကောင်းတယ်။” ဟု အစေခံက ပြောခဲ့သည်။ ”ငါတို့က ပိုင်ချွမ်းစျေးထဲက လိုင်ဖူတည်ခိုးခန်းမှာ တည်းတယ်။ မင်းပြီးသွားတဲ့အခါ သူဌေးဟုန်ကို လာရှာလိုက်။"

သူတို့ထွက်ခွာသွားသည်ကို ကြည့်ရင် ကျူးယိုကွေ့သည် သူ့လက်ထဲမှာ ငွေကို တယုတယ ပွတ်သပ်ခဲ့သည်။

သူသည် ဤမျှ ကြီးမားသည့် ငွေတုံးကို တခါမှ မကိုင်ဖူးခဲ့ပေ။

အာ.. ဒါက ဘာမှမဟုတ်ဘူးလေ။

သူ မြက်စိမ်းလိမ်းဆေးဆီ၏ နည်းလမ်းကို ရသည်နှင့်တပြိုက်နက် သူသည် အချိန်ကောင်းကို ဝင်တိုက်နိုင်ပြီ ဖြစ်သည်။

သူသည် ထိုအကြောင်းကို ပိုစဉ်းစားလေ ပိုပျော်လေဖြစ်လာကာ ကျူးယိုကွေ့သည် အိမ်သို့ပြန်လာစဉ် တေးသွားတစ်ခုကို ညည်းဆိုခဲ့သည်။

သူထွက်ခွာသွားပြီးနောက် နံရံထောင့်တစ်ခု၏နောက်ကွယ်မှာ သေးသွယ်သော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲသည်။ သူမ၏နောက်ကျောပေါ်တွင် ခြင်းတောင်းတစ်တောင်းနှင့် မြက်သွားခုတ်သည့် ရှန်းရှီပင် ဖြစ်သည်။

သူဌေးဟုန်သည် သူမနှင့် စောစောကပင် ကြုံကြိုက်ခဲ့ပြီး မြက်စိမ်းလိမ်းဆေးဆီအကြောင်းကို မေးခဲ့သော်လည်း သူမက သူတို့အား လျစ်လျူရှုခဲ့သည်။ သို့သော်လည်း သူမသည် တစ်ခုခု မှားနေသည်ကို ခံစားလိုက်ရသည့်အတွက် သူတို့နောက်မှ တိတ်တိတ်လေး လိုက်သွားခဲ့သည်။ သူမသည် ဤသို့ ပြဇာတ်ဆန်သည့် ကိစ္စရပ်ကို နားစွန်နားဖျား ကြားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ယောင်းမ၏ ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ ဖော်စပ်နည်းသည် အလွန်ပင် အဖိုးထိုက်တန်ပေသည်။

ဤသည်မှာ ပြင်းထန်သည့် စီးပွားရေး ဖြစ်သည်။

တစ်ခဏအတွင်းမှာပင် သူမတွင် လက်ဖျားခါလောက်သည့် အကြံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ယခုတစ်ခေါက်တွင် သူမ အကြီးကြီး လုပ်လိမ့်မည် ဖြစ်သည်။

စိတ်လှုပ်ရှားနေသည့် ရှန်းရှီထွက်သွားပြီးနောက် တုရှောင်ဟွေ့၏ သေးသွယ်ကျစ်လစ်သည့် ပုံရိပ်လေးသည် နံရံ၏တခြားတစ်ဖက်တွင် အဝေးသို့ တိတ်တိတ်လေး ထွက်သွားခဲ့သည်။

ဒေါ်လေးလီက မှန်ပေသည်။ ဤလူနှစ်ယောက်သည် တစ်ခုခုမှားနေခဲ့ပြီး ကျူးယိုကွေ့က မြက်စိမ်းလိမ်းဆေးဆီ ဖော်စပ်နည်းကို ရချင်နေခဲ့သည်။ ရှန်းရှီသည်ပင် ခိုး၍နားထောင်နေခဲ့သည်။

အမြန်ပြန်ကာ သူမအား ဤအကြောင်းတွေကို ပြောပြရမည်။

All Chapters