တစ်ယောက်မှအရှင်မထားနဲ့
Vol. 127 Ch. 1767
နေရာတစ်ခုလုံးမှာ နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားသည်။ ထိုနေရာရှိလူများ သည် ဒိကျဲ့ရူးသွပ်သွားမည်ကို စောင့်နေကာ တစ်ဖက်မှလူများသည် ပို၍ ပျော်စရာကောင်းသည်ကို ကြည့်ချင်နေကြသည်။
ဒိကျဲ့ မင်း.. သူမကို ကယ်ဖို့သွားတာမလား။ အခု သူမက မင်းကို လူမြင် ကွင်းမှာ ရိုက်လိုက်တော့ သူမကို ကယ်ချင်သေးလာ။
ဒိကျဲ့သည် ဒေါသကြီးသည်ကို တစ္ဆေလောကမှ လူအားလုံးသိကြသည်။ သူသည် ရန်စခံရသည်နှင့် အသက်ရှင်နိုင်သူမှာ နည်းပါးသည်။ မင်းသမီး တစ် ယောက် သူ့ကို မတော်တဆရန်စမိလျှင်တောင် ဝမ်းကွဲဖြစ်နေသည့်တိုင်အောင် သူ သူမကိုသတ်ခဲ့သည်။ သူသည် နန်းတော်ထိ အလောင်းယူသွားပြီး တစ္ဆေ ကြင်ယာတော်ရှေ့သို့ ပစ်ချခဲ့သည်။
တခြားအဖြစ်အပျက်တစ်ခုမှာ သူ့ကို ရန်စသူ မည်သူမဆို မျိုးနွယ်တစ်ခု လုံးကို ဖျက်ဆီးပစ်ခဲ့သည်။ မျိုးနွယ်တွင်းမှ မည်သူမှ အသက်ရှင်မကျန်ခဲ့ပေ။
ထိုအချိန်မှစ၍ တော်ဝင်မိသားစုသို့မဟုတ် တခြားမည်သူမဆို လူသတ် နတ်ဘုရားဖြစ်သည့် သူ့ကို ရန်မစရဲကြပေ။
အခု ထိုလူများသည် ရှီမာယူယူကို ပြက်ရယ်ပြုကာ ကြည့်နေကြသည်။ ဤဇာတ်လမ်းသည် အမှန်တကယ်ပင် ပြောင်းပြန်ဖြစ်ခဲ့သည်။
ရှီမာယူယူ၏ ဘေးတွင် ရှောင်ရော့ပိုင်ရပ်နေခဲ့သည်။ အကြောက်တရား ကြောင့် သူမ၏ ခြေထောက်များသည် အားလျော့နေခဲ့သည်။
သို့သော် သူတို့မျှော်လင့်ထားသည့် သွေးကြောင်းစီးသည့်မြင်ကွင်းမှာ ဖြစ် မလာပေ။ ဒိကျဲ့သည် တခြားလူတစ်ယောက် ဖြစ်သွားသည့်ပုံပင်။ သူသည် အရိုက်ခံရခြင်းကြောင့် ဒေါသမထွက်ပေ။ သူသည် သူမ၏ ပခုံးကို တင်းတင်း ကိုင်ထားတုန်းပင်။
“ဝမ်းကွဲအစ်ကို နာနေပြီ” ရှီမာယူယူ ငြင်းဆန်လေသည်။
“တကယ်ပဲ မင်းလား” ဒိကျဲ့သည် သူလိုချင်သည့် အဖြေကိုရသည်နှင့် အလွန်ပျော်ရွှင်နေသည်။ သူမ မျက်မှောင်ကြုတ်နေသည်ကို မြင်သည်နှင့် ချက်ချင်းပင် လွှတ်ပေးလိုက်သည်။
“ဝမ်းကွဲအစ်ကို ဒီမှာလူတွေ အရမ်းများတယ်” ရှီမာယူယူ သူ့ကို သတိပေး လိုက်သည်။
“ငါသိပါတယ်” ဒိကျဲ့ ပြုံးလိုက်သည် “စိတ်မပူနဲ့ ငါ မင်းကိုကာကွယ်ပေး မယ်”
“အစ်ကိုသာ ပြဿနာမရှာရင် တော်ပြီ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ တစ္ဆေလောကကိုရောက်နေတာ တစ္ဆေကြင်ယာတော်သာ သိရင် ပြဿနာတွေကြီးလာမယ်”
“ငါက ဘယ်လိုလုပ် ပြဿနာထပ်ရှာမလဲ တစ္ဆေကြင်ယာတော်ရဲ့လူတွေ ကို သတ်လိုက်ရင် ဖြေရှင်းပြီးသားဖြစ်သွားပြီ မိုယွိကတော့ နည်းနည်း ရှုပ်နေ တာ ငါ သူ့ကိုမနိုင်ဘူး” ဒိကျဲ့ ပြောလိုက်သည် “ဒါပေမဲ့ တစ္ဆေကြင်ယာတော် သိရင် မင်းကို ကာကွယ်ဖို့ ငါနည်းလမ်းရှာမှာပါ”
“ဟုတ်ကဲ့ပါ စစ်သူကြီးဒိ” ရှီမာယူယူ သူ့ကိုစိုက်ကြည့်လိုက်သည်။ “ဒီပြဿနာကို အရင်ရှင်းပါဦး”
“ဟုတ်ပြီ အရင်ဆုံး ဒီကကိစ္စကို ရှင်းမယ် ပြီးရင် မင်းကိုမေးစရာတွေရှိ သေးတယ်” ဒိကျဲ့ ပြောသည်။ သူသည် သူမ၏လက်ကိုဆုပ်ကိုင်ကာ သူ့ဘေးသို့ ဆွဲလိုက်သည်။
ရှောင်ရော့ပိုင်တို့ အံ့အားသင့်ကုန်ကြသည်။ သူတို့သည် ဒိကျဲ့၏ နူးညံ့ သော မျက်နှာကို မယုံကြည်နိုင်စွာဖြင့် ကြည့်လေသည်။
“ငါများ အမြင်မှားနေတာလား” ရှောင်ရော့ပိုင်သည် သူမ၏ မျက်လုံးကို အလန့်တကြားပွတ်ကြည့်သည်။
ကုန်းဇီယွမ်သည် နှုတ်ခမ်းတွန့်သည်။ “ဒါကတကယ်ပဲ စစ်သူကြီးဒိဟုတ် ရဲ့လား အတုကြီးများလား”
မုရုတ်ဟွေ့သည် စိုးရိမ်ခြင်းအလျင်းမရှိပေ။ သူသည် ဒိကျဲ့ ယွိခဲ့လော့ အပေါ်ထားရှိသော မေတ္တာကိုသိသောကြောင့်ပင်။ ထို့ကြောင့် သူသည် ရှီမာယူယူကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။ သို့သော် နောက်ပိုင်းအံ့ဩစရာ ကောင်းသည်မှာ ရှီမာယူယူနှင့် သူသည် တစ်ယောက်နှင့်တစ်ယောက် အချိန် တစ်ခုကြာအောင် သိပြီးသည့်ပုံပင်။ သူတို့၏ ဆက်ဆံရေးမှာ ကောင်းမွန်လှ သည်။
ဒိကျဲ့သည် အားလုံးကို ကျောပေးထားသော်လည်း ရှင်းရှင်းလင်းလင်း မြင်ရတုန်းပင်။ ဒိကျဲ့ ရှီမာယူယူကိုကြည့်သည်အကြည့်မှာ အလွန်ပင် ဖူးဖူးမှုတ် ထားသည့်ပုံပင်။
ဒိကျဲ့သည် ရှီမာယူယူ၏ အသက်ကိုကာကွယ်ထားသည်။ သို့သော် တစ်ဖက်မှာ မိုယွိဖြစ်နေသည်… ခေါင်းကိုက်လောက်စရာပင်…
ရှီမာယူယူသည် ဒိကျဲ့ဘေးတွင်ရပ်ပြီး ယနေ့ကိစ္စကို မည်သို့ဖြေရှင်းမည် ကို ကြည့်ချင်နေသည်။ သူမသည် မိုယွိ၏ စွမ်းရည်ကိုသိထားပြီး သူ့ကိုမနိုင်နိုင် သည်ကို သိသည်။ သို့သော် သူ မည်သို့လုပ်မည်ကို သူမ ကြည့်ချင်သည်။
“မိုယွိ ဒီနေ့ ငါ သူမကိုကာကွယ်မယ် မင်းဘာပြောမလဲ” ဒိကျဲ့သည် မေးငေါ့ကာ မိုယွိကို ကြည့်သည်။
ရှီမာယူယူ၏ နှုတ်ခမ်းမှာ တွန့်သွားသည်။ ဒါက သူ့ဖြေရှင်းချက်လား။ သူ့ တွင် အကြံဉာဏ်ကောင်းရှိမည်ဟု ထင်ထားသည်။
မိုယွိသည် ရှီမာယူယူကို အတန်ကြာအောင် စိုက်ကြည့်နေသည်။ သူ့ မျက်လုံးတွင် ပျော်ရွှင်မှု ဝမ်းနည်းမှုများ ရှိမနေပေ။ အားလုံးသည် ဘာမှမပြောရဲ ဘဲ သူ့ကိုကြည့်ရုံသာကြည့်နေကြသည်။
မိုယွိ စကားမပြောသည်ကို ရှိခွေ့မြင်သောအခါ ပုံမှန်မဟုတ်နေသည့် ထိုလူသည် အပျက်သဘောဆောင်မည့် ဆုံးဖြတ်ချက်ချလိုက်မည်ကို စိုးရိမ်နေ သည်။
“သခင်မိုယွိ ဘုရင်မက မုရုန်ရှီနဲ့ မုရုန်ဟွေ့တို့ရဲ့ ခေါင်းကိုရမှဖြစ်မယ်လို့ ပြောလိုက်ပါတယ်” သူ သတိပေးသည် “ဒါက သခင်နဲ့ဘုရင်မကြားက အပေးအယူလေ”
မိုယွိသည် ထိုစကားကြားသောအခါ မျက်နှာတင်းမာသွားသည်။ သူသည် ဒေါသထွက်သွားသည့် ပုံပင်။
သူ့အကြည့်ကြောင့် ရှီခွေ့သည် မသိမသာနောက်ဆုတ် သွားသည်။ သူ သည် ရှိသည့်သတ္တိများစုကာ ပြောနေတုန်းပင် “ဒီကိစ္စပြီးသွားရင် နောက်ဆိုရင် သခင်မိုယွိကို မနှောင့်ယှက်တော့ဘူးလို့ ဘုရင်မပြောလိုက်ပါတယ်”
“ငါနဲ့ သူမအကြားက ကိစ္စကို မင်းထက် ငါပိုသိတယ်” မိုယွိသည် တိုးညင်း စွာပြောလိုက်သည် “လူတစ်ယောက်ကို သတ်ရုံပဲမလား”
မုရုန်ဟွေ့သည် သူ၏ လူသတ်မည့်အကြည့်များကို မြင်သောအခါ ဒိကျဲ့ ကို ပြောလိုက်သည် “စစ်သူကြီးဒိကိုပဲ ဒီကောင်လေးကို ခေါ်သွားဖို့ ဒုက္ခပေးရ တော့မယ်”
“နယ်စားမုရုန် ဘာလုပ်မလို့လဲ”
“သခင်မိုယွိက နားလည်ရခက်တယ် အတတ်နိုင်ဆုံးတော့ ရသလောက် အချိန်ဆွဲကြည့်မယ်” မုရုန်ဟွေ့ ပြန်ဖြေသည် “နောက်ဆို ကျုပ်ရဲ့ သမီးလေးကို ဂရုစိုက်ပေးပါ”
“အဖေ” ရှီမာယူယူသည် သွားပြီး သူ့ကို ဆုပ်ကိုင်လိုက်သည် “စိတ်မပူပါ နဲ့ အဖေ့ကို ဘာမှအဖြစ်မခံဘူး”
ဒိကျဲ့သည် သူမ၏ ထိုပုံစံကိုမြင်သည်။ သူသည် သူမလောက် ယုံကြည် ချက်မရှိဟု ပြောချင်သည်…
မုရုန်ဟွေ့သည် ရှိမာယူယူအား ကြင်နာစွာကြည့်လေသည်။ သူသည် သူမ ကို ယွိခဲ့လော့၏ သမီးမဟုတ်ဘဲ သမီးအရင်းကဲ့သို့ ဆက်ဆံပေးခဲ့သည်။
“ကလေး အဖေ သမီးဆန္ဒကိုသိပါတယ် ဒါပေမဲ့ အခုက လွတ်ဖို့က ပိုပြီး အရေးကြီးတယ် သမီးအသက်ရှင်ရင် အဖေပျော်ပါပြီ”
ရှီမာယူယူသည် သူ့ကို ဘာမှမပြောပေ။ သူမသည် မိုယွိဘက်သို့ လှည့် လိုက်သည် “ရှင် ကျွန်မတို့ကို သတ်ချင်တာလား”
“တစ္ဆေကြင်ယာတော်က မင်းကိုသတ်ချင်တာ” မိုယွိ ပြောလိုက်သည်။
“အဲဒါက အရေးကြီးလို့လား” သူမ ထပ်မေးပြန်သည်။
“အခြေအနေအရပဲ”
“အိုး”
သူတို့နှစ်ယောက်ကြားမှ စကားများကို တခြားသူများကြားသောအခါ ခေါင်းပေါ်တွင် ကျီးကန်းဖြတ်သွားသလို ခံစားရသည်။
ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့သည် ပို၍ဆွံ့အကြသည်။ သူတို့သည် မိုယွိကို ရင်ဆိုင်သည့် ရှီမာယူယူ၏ သတ္တိကိုလေးစားသော်လည်း ဤစကားများ ပြောနေရမည့်အချိန်မဟုတ်ပေ။
“မိုယွိ မင်း တကယ်ပဲ ဒီလိုလုပ်တော့မှာလား” ဒိကျဲ့သည် ရှီမာယူယူ၏ ရှေ့တွင်ရပ်ပြီး လက်နက်ထုတ်လိုက်သည်။ သူသည် တိုက်ခိုက်ရန်ပြင်ဆင် သည်။
ရှီမာယူယူသည် အနောက်မှ ခေါင်းပြူပြီး မိုယွိကို ကြည့်လိုက်သည်။
ရှိခွေ့၏ လူများသည်လည်း မိုယွိကို ကြည့်ပြီးသတိကပ်ထားကြသည်။
အသန်မာဆုံးအဖွဲ့မှာ သူ့အနောက်တွင်ရှိသည်။ သူ တစ်ဖက်ကိုလိုက် လိုက်သည်နှင့် တခြားတစ်ဖက်မှာရှုံးမည်ဖြစ်သည်။
“သခင်မိုယွိ…” ရှိခွေ့သည် မသေချာစွာဖြင့် အော်လိုက်သည်။
“ဟူး…” မိုယွိ သက်ပြင်းချသည် “လုပ်ကြမယ်”
သူ့အနောက်မှလူများသည် အမိန့်ရသည်နှင့် ဒိကျဲ့အဖွဲ့ဆီသို့ တက်လေ သည်။
“ငါတို့အားလုံးပြီးသွားပြီ ဒီနေ့ဒီမှာပဲသေရတော့မယ်” ဒိကျဲ့၏ လူများ သည် ရခုခံမည်ကို မျှော်လင့်ရင်း အားလုံးသည် စိတ်ထဲမှ အော်မိကြသည်။
သို့သော် ဒိကျဲ့၏ လူများသည် မိုယွိ၏ လူများကိုမနိုင်ပေ။ သို့သော် အံ့ဖွယ်ကိစ္စများဖြစ်လာရန်ကို မျှော်လင့်နေတုန်းပင်။
အံ့ဖွယ်ဖြစ်ရပ်…
အံ့ဖွယ်ဖြစ်ရပ်…
သူတို့သည် စိတ်ထဲမှဆုတောင်းမိသည်။ ထို့နောက်တွင်… အံ့ဖွယ်ဖြစ်ရပ် ဖြစ်လာသည်။
နှစ်ဖက်လုံး တိုက်ခိုက်မည်အပြုတွင် စိတ်ညစ်သံပါသော သက်ပြင်းတစ် ချက်သည် သူတို့နားထဲဝင်လာသည်။
“ငတုံးတွေမှားနေပြီ”
မိုယွိ၏ စကားများမှာ ထိုမျှလောက် နားဝင်ချိုမည်ဟု ထင်မထားပေ။ အသံမှာလည်း သဘာဝကျလှသည်။
အစောင့်များသည် ခေတ္တမျှ အံ့အားသင့်ကာ ချက်ချင်းပင် ရှိခွေ့ကို ပစ်မှတ်ထားကာ တိုက်ခိုက်လေသည်။
မိုယွိ၏ လူများသည် ဒိကျဲ့ဘက်မှလူများကို တိုက်ခိုက်သည်ကို မြင်သည့် အချိန်တွင် ရှိခွေ့၏မျက်နှာမှာ ချေငံနေသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်း တွင် သူသည် မျက်နှာကိုဖြတ်ရိုက်ခံလိုက်ရလေပြီ။ သူ၏ ဂုဏ်သိက္ခာမှာ ထိတ်လန့်ပျာပျာြဖစ်သွားလေပြီ။
ဘာလဲ… ဘာတွေဖြစ်သွားတာလဲ
မည်သူမှနားမလည်ကြပေ။ မုရုန်ဟွေ့နှင့် တခြားသူများလည်း နားမလည်နိုင်ကြပေ။ သို့သော် ထိုအရာသည် ကောင်းသောကိစ္စတစ်ခုပင်။
အထူးသဖြင့် မိုယွိ ထပ်ပြောလိုက်ချိန်တွင်ဖြစ်သည် “ဘယ်သူမှ အသက် မရှင်စေနဲ့…”
***