← Chapters

အခန်း ၁၆၅၈

Vol. 112 Ch. 1658

အခန်း ၁၆၅၈

Vol. 112 Ch. 1658

အပိုင်း (၁၆၅၈)

ခလွမ် …။

ဗာမေလီယန်ငှက်ဘုရင်သည် စူးရှစွာအော်ဟစ်ရင်း မီးတောက်လုံးများနှင့် ပစ်လွှတ်တိုက်ခိုက်နေသည်။

အဝေးတစ်နေရာတွင် ကြည့်ရှုနေကြသည့် လွတ်လပ်သော ကျင့်ကြံသူများသည် ဆွံ့အလျက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ဗာမေလီယန်ငှက်ဘုရင် ပစ်လွှတ်လိုက်သော မီးတောက်များသည် အင်မော်တယ်ဂိုဏ်းများမှ ကျင့်ကြံသူများကို ဘာတုန်းကမှ မရှိခဲ့သလို ပြာအတိကျသွားစေခဲ့သောကြောင့်ပင်။

“ကြောက်ဖို့ကောင်းလိုက်တာ”

“တစ်ဖက်သတ် သတ်ဖြတ်မှုပဲ”

“အင်မော်တယ်ဂိုဏ်းတွေကတော့ ဒီတစ်ကြိမ် တကယ်ကုန်ပြီထင်တယ်”

အင်မော်တယ်တောင်တွင် ဤမျှများပြားသော လက်ရွေးစင်တပည့်များ သေဆုံးနေသည်ဆိုမှတော့ အင်မော်တယ်ဂိုဏ်းများ၏ အခြေခံ ဘာဖြစ်သွားမည်နည်း။ အခြေအနေဆိုးရွားလျှင် နလန်ပင် ပြန်ထူနိုင်တော့မည် မထင်ချေ။

ဘုန်း…။

ရုတ်တရက် ပေါက်ကွဲသံကြီးထွက်ပေါ်လာသည်။

လွတ်လပ်သောကျင့်ကြံသူများသည် လှမ်းကာကြည့်လိုက်ချိန်မှာတော့ မြေပြင်တစ်ခုလုံး ချိုင့်ဝင်နေသည်ကို မြင်လိုက်ရ၏။ အင်မော်တယ်ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်သည် ရင်ဘတ်၌ ဓားရာကြီးနှင့်အတူ လဲလျောင်းလျက်ရှိပြီး အသက်ဓာတ်များလည်းမရှိတော့ချေ။

ဤတစ်ကြိမ်သည် လေးယောက်မြောက်ဂိုဏ်းချုပ် သေဆုံးခြင်းလည်းဖြစ်သည်။

အားလုံးသည် ခေါင်းလှည့်ကာ ကြည့်လိုက်ချိန်မှာတော့ ကောင်းကင်ယံထက်တွင် ဝင့်ကြွားစွာရပ်နေသော ကျွင်းချောင်ရှောင်းကို မြင်လိုက်ရ၏။ ၎င်းသည် ငရဲခန်းမ ထွက်လျှောက်လာသည့် ငရဲမင်းကြီးလိုပင်။

လင်းဟောင်ရန် နှင့် ဂိုဏ်းချုပ်လေးယောက်တို့၏ နဖူးစပ်တွင် ချွေးစေးများပင် ပျံလာကြသည်။ မျက်နှာပြင်တွင် တည်ငြိမ်နေဟန်ပေါ်သော်လည်း စိတ်ထဲတွင်တော့ အမှန်ပင် ကြောက်လန့်နေကြသည်။

တစ်ဖက်လူသည် အစစ်အမှန်ရှာဖြေခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ငှက်ပျောသီးအခွံနွာစားသလို လွယ်ကူစွာဖြင့် သတ်ဖြတ်လျက်ရှိနေ၏။

မည်သူက ခံနိုင်မည်နည်း။

တခြားသူများဆိုလျှင် ငိုယိုကာ ချမ်းသာပေးရန် တောင်းပန်နေပေလိမ့်မည်။ သို့ပေမဲ့ အင်မော်တယ်အဆင့်ဂိုဏ်းများ၏ ဂိုဏ်းချုပ်များသည် အထက်နယ်မြေကို အုပ်စိုးခဲ့သူများဖြစ်၏။ ထို့ကြောင့် သိက္ခာအကျခံ၍ တောင်းပန်ခြင်းကို ဘယ်လိုမှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။

ဟုတ်ပေသည်။ သူတို့ ဒူးထောက်တောင်းပန်လျှင်တောင်မှ အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ပြီးကတည်းက သတ်ဖြတ်ရန် ဆုံးဖြတ်ပြီးသားဖြစ်၏။ ပြိုင်စံရှားဂိုဏ်းသည် လာရောက်ကာ ရန်စ၍ရသည့်အရာမဟုတ်မှန်း အထက်နယ်မြေတစ်ခုလုံးကို ပြောပြရပေတော့မည်။

ပြောရရင် သူ၏ အဓိက တာဝန်သည် နှစ်တစ်ရာအတွင်း အင်မော်တယ်အဆင့်ဂိုဏ်းတစ်ခု ဖြစ်လာရန်ပင်။ ယခု အင်မော်တယ်ဂိုဏ်းများအား ဖိနှိပ်တိုက်ခိုက်နိုင်ခြင်းသည် အင်မော်တယ်ဂိုဏ်းတစ်ခု၏ အားအင်မျိုးရှိကြောင်း သက်သေပြခြင်းနှင့် ဆင်တူနေမည် မဟုတ်ပါလား။

တွေးကြည့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ သတ်ဖြတ်လိုစိတ်များသည် ပိုမိုကာ အားကောင်းလာသည်။

“ဒီနေ့မှာ ငါက အင်မော်တယ်ဂိုဏ်းက အလောင်းတွေပေါ် လှမ်းတက်ပြီး ပလ္လင်ပေါ်တက်မယ်”

“ဓားတစ်သောင်းမှသည် တစ်ခုတည်းအဖြစ်သို့”

ဇွိ …….။

“အရာအားလုံး ဓားဖြစ်ခြင်း”

ဇွိ ……..။

အင်မော်တယ်အဆင့် လက်နက်၏ ထောက်ပံ့ပေးမှုအောက်မှာတော့ သူသည် ပထမ နှင့် ဒုတိယဓားကွက်များကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။ ကျွင်းချောင်ရှောင်းသည် အင်မော်တယ်အဆင့် ဂိုဏ်းချုပ်နှစ်ယောက်၏ အသက်ကို ဇဝိန်ချွေလိုက်ပြန်သည်။

အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ဆီ တိုးတက်ရောက်ရှိပြီးနောက် ကုန်းရှန့်အား ယှဉ်နိုင်သူဆို၍ အထက်နယ်မြေ၌ သူ၏ အဖေ ကုန်းစွန်းရော့လီသာလျှင် ရှိပေလိမ့်မည်။

“နှစ်ယောက်ထပ်သေပြန်ပြီ”

အဝေးမှ လှမ်းကာကြည့်ရှုမည်ဆိုလျှင် ကောင်းကင်ယံထက်၌ လင်းဟောင်ရန် နှင့် တခြားဂိုဏ်းချုပ် နှစ်ယောက် တို့သာလျှင်ကျန်ရှိတော့သည်။

၎င်းတို့သည် အမှန်ပင် အံ့အားသင့်တုန်လှုပ်လျှက်ရှိသည်။ သူတို့သည် အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့် ကျင့်ကြံသူများဖြစ်၏။ အထက်နယ်မြေတွင် ထိပ်တန်းကျင့်ကြံသူများဖြစ်သည်။ ယခု သူတို့ထဲမှ ခြောက်ယောက်ကို အချိန်တိုအတွင်း ကျွင်းချောင်ရှောင်းက သတ်ဖြတ်ခဲ့၏။ မည်မျှကြောက်ဖို့ကောင်းလိုက်သနည်း။

ပထမဦးဆုံး ရိုက်နှက်ခံခဲ့ရသော ပုန်းကွယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်သည် သတိလစ်ချင်ယောင်ဆောင်နေလေသည်။ မြေတွင်းထဲ မျက်နှာအပ်ပြီး စိတ်ထဲမှာ ကြိတ်ကာ ဆုတောင်းနေမိသည် “ငါ့ကို လာမရှာကြပါနဲ့”

ဇွိ …။

ဓားအလင်းတစ်ခုသည် သူ၏ ရင်ဘတ်ကို ဆွဲခွဲသွား၏။

မသေခင်မှာတော့ သူသည် အားရပါးရ အော်ဟစ်သွားသည် “ငါ့ကို ဘယ်လိုလုပ် သတိထားမိသွားတာလဲ”

ယခု အင်မော်တယ်အဆင့်ဂိုဏ်းများ၏ ဂိုဏ်းချုပ်ဆယ်ယောက်မှ ခုနှစ်ယောက် သေဆုံးသွားခဲ့ပြီဖြစ်၏။ သနားစရာပင်။

“နောက်တစ်ယောက်”

ကျွင်းချောင်ရှောင်းသည် သူ၏ ရိုးရှင်းသောဓားကို ကိုင်ဆောင်ပြီး လင်းဟောင်ရန်ဆီ ညွှန်လိုက်သည်။ သူသည် အေးစက်သည့် အသံဖြင့် ပြောလိုက်သည် “ခင်ဗျားအလှည့်ပဲ”

၎င်းသည်ပေါ်လာကတည်းက သောက်စကားအများဆုံးသော သူလည်း ဖြစ်သည်။ ပြိုင်စံရှားဂိုဏ်းဆီ လာရောက်မှုသည် ဤလူ၏ ဦးဆောင်မှုပင် ဖြစ်ပေလိမ့်မည်။

မှန်ပေ၏။ လင်းဟောင်ရန်သည် အဓိက တရားခံပင်ဖြစ်လေ၏။

ကျွင်းချောင်ရှောင်းသည် တိုက်ရိုက်မသတ်ဖြတ်ဘဲ ပြိုင်စံရှားဂိုဏ်းကို ဒုက္ခပေးခြင်း၏ ဆိုးကျိုးသည် မည်မျှကြောက်ဖို့ကောင်းသနည်း ဆိုသည်ကို ပြသရပေလိမ့်မည်။

“ဟားဟား”

ကျွင်းချောင်ရှောင်းက ရယ်မောလိုက်သည် “ခင်ဗျားကို မေးရအုံးမယ်။ နောင်တရနေလား”

စနစ်သည် ဆွံ့အသွား၏။ ဤကဲ့သို့သော ရယ်သံမျိုးသည် စိုင်းအောင်တင့် ၊ နိုင်လူ တို့ ရယ်သော အသံမျိုးဖြစ်သည်။ လက်ခံသူသည် ဤဇာတ်လမ်း၏ မင်းသားရော ဟုတ်ပလေစ။

တကယ်တော့ အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းရော၊ ပြိုင်စံရှားဂိုဏ်းရော ကောင်းခြင်း၊ဆိုးခြင်း ဆိုသည့် ဘက်တွင် မရှိကြချေ။ တစ်ဖွဲ့သည် အခွင့်အာဏာကို ထိန်းသိမ်းထားနိုင်ရန် ကာကွယ်နေခြင်း ဖြစ်ပြီး တခြားတစ်ဖွဲ့မှာတော့ အခွင့်အာဏာကို စိန်ခေါ်နေခြင်းဖြစ်သည်။ မည်သူက သေဆုံးသည်ဆိုဆို မှန်ကန်ခြင်း ၊ သီလ၊ သမာဓိ စသော အရာများကို ပြောဆိုခွင့်မရှိချေ။

“ငါနောင်တရတယ် … လုံးဝ နောင်တရတယ်”

လင်းဟောင်ရန် သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ၏ မျက်လုံးများသည်ပင် ပြူးထွက်လာခဲ့သည်။ “အချိန်တိုအတွင်း မင်းဒီလို အားကောင်းလာမယ်ဆိုတာသိရင် မင်းရဲ့ဂိုဏ်း အထက်နယ်မြေဆီ တက်လာကတည်းက ငါ ရှင်းပစ်ခဲ့သင့်တယ်။ အခု မရှင်းနိုင်ခဲ့တဲ့အတွက် နောင်တရမိတယ်”

“ခင်ဗျားက နောင်တမရသေးဘူးပဲ”

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားထဲသို့ စွမ်းအင်များ ထည့်သွင်းပြီး အေးစက်စက် ပြောလိုက်သည် “သေရင်တောင် နောင်တမရဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ”

ဝှစ် ..။

ထက်ရှလွန်းသော ဓားချီသည် လေဟာနယ်ကို ဖြတ်သန်းပြီး လင်းဟောင်ရန် အား အညှာအတာ ကင်းမဲ့စွာ ခုတ်ပိုင်းလိုက်သည်။

သို့ပေမဲ့ လင်းဟောင်ရန်၏ ခန္ဓာကိုယ်ဆီသို့ ဓားချီများ ရောက်ရှိချိန််မှာတော့ ပုံရိပ်ယောင် ခန္ဓာကိုယ်သည်သာ ကျန်ရစ်ခဲ့၏။

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည် “နတ်ဘုရားနည်းစနစ် တစ်ခုခုကို အသုံးပြုပြီး ထွက်ပြေးတာလား”

ဘန်း …

ဘန်း ….။

တစ်ချိန်တည်းမှာပဲ လက်ကျန်ဂိုဏ်းချုပ် နှစ်ယောက်တို့သည် ၎င်းတို့၏ နတ်ဘုရားနည်းစနစ်ကို အသုံးပြုကာဖြင့် အခိုးအငွေ့များအဖြစ် အသွင်ပြောင်းကာ ပြေးလေတော့၏။

“ဘုန်းကြီးက ပြေးရင်တောင် ဘုန်းကြီးကျောင်းက ကျန်သေးမှာပဲ”

ကျွင်းချောင်ရှောင်းသည် ဓားကို ပြန်လည်သိမ်းဆည်းပြီးနောက် ပြောလိုက်သည် “တိုက်ပွဲနေရာကို ရှင်းပြီးရင် ကျုပ်ကိုယ်တိုင် လိုက်လာမယ်”

ဝေါ့

ပြောပြီးသည့်နောက် သွေးတစ်လုတ် အန်ထွက်လာသည်။

ဝှစ် … ဝှစ် …။

လေပြေညှင်းများတိုက်ခတ်ပြီးနောက် သူ၏ အစိမ်းရောင် ဆံနွယ်များ ကျွတ်ကျကုန်ပြီး တောက်ပြောင်နေသည့် ခေါင်းတုံးတစ်ခု ပေါ်လာ၏။

“ဟားဟား…”

စနစ်က ပြောလိုက်သည် “ရောဂါဟောင်းပဲ”

“……….”

ကျွင်းချောင်ရှောင်းသည် မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသော ဆံပင်ပေါက်ဆေးကို ထုတ်ယူကာဖြင့် ခေါင်းကို သေချာပွတ်သပ်လိုက်သည်။ ပြီးနောက် အမိန့်ပေးလိုက်၏ “အားလုံးကို သတ် … တစ်ယောက်မှ မကျန်စေနဲ့”

“ကောင်းပါပြီ”

ဝှစ် ….။

တပည့်များဆီမှ သတ်ဖြတ်လိုခြင်းဆန္ဒများ ထွက်ပေါ်လာသည်။ ဗာမေလီယန်ငှက်ကြီးသည်လည်း ကောင်းကင်မှ ဆင်းသက်လာသည်။ ခေါင်းဆောင်မရှိတော့သည့်နောက် အားလုံးသောသူတို့သည် သတ်ဖြတ််ခြင်းကိုသာ ခံနေရတော့သည်။

………

“အမြန်လာကြတာပဲ”

“ထူးဆန်းလိုက်တာ။ ဘာလို့ ပြိုင်စံရှားဂိုဏ်းကရှိနေသေးတာလဲ”

တစ်နာရီလောက်ကြာတော့ …..

သတင်းကြား၍ အလောတကြီးဖြင့် အပြေးလာကြည့်ကြသူများသည် အင်မော်တယ်တောင်ဆီ ရောက်ချိန်မှာတော့ အံ့အားသင့်လျက်ရှိသည်။

“ခင်ဗျားတို့ နောက်ကျပြီ”

အစောတည်းရောက်နှင့်နေသောသူသည် တုန်လှုပ်နေမှုကို အတင်းထိန်းချုပ်ပြီးနောက် ပြောလိုက်၏ “ပြိုင်စံရှားဂိုဏ်းက အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းရဲ့ လူတွေကို သုတ်သင်လိုက်တယ်”

“ကျုပ်နားလည်ပြီ”

“ဟမ် … ဘာပြောတယ် …. ပြိုင်စံရှားဂိုဏ်းက ရှင်းလိုက်တာလား”

ယနေ့သည် ရိုးရှင်းလှသော နေ့တစ်နေ့ဖြစ်သလို သာမာန်ထက်ပိုသော နေ့လည်း ဖြစ်သည်။ ပြိုင်စံရှားဂိုဏ်းသည် အင်မော်တယ်တောင်ဆီသို့ လာကြသော အင်မော်တယ်အဆင့်ဂိုဏ်းကြီးများမှ လူများကို သတ်ဖြတ်ပြီး ၎င်းတို့၏ သိုလှောင်လက်စွပ်များကို သိမ်းဆည်းနေသည်။

“ဂိုဏ်းချုပ်”

ဂိုဏ်း၏ အဓိက ဟောခန်းထဲမှာတော့ လီချင်းယန်သည် အထဲသို့ လျှောက်ဝင်လာပြီး ပြောလိုက်၏ “တွက်ချက်မှုတွေ အရဆိုရင် ကျွဲရိုင်းစက်ရုပ် ၆၀၀ ၊ နတ်ဆိုးစစ်သည် ၁၀၀၀ ဆုံးရှုံးပြီး တပည့်တစ်ယောက် ဒဏ်ရာ ရပါတယ်”

“ဘယ်သူ ဒဏ်ရာရတာလဲ”

“ကျင်းဟီပါ”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းပြီး ပြောလိုက်သည် “သူ တစ်ယောက်တည်း ဒဏ်ရာ ရတယ် ဆိုတော့ ရှက်နေမှာပဲ။ ပြန်ကောင်းလာရင် မြောင်ရှောင်တောက် နဲ့ အတူ ဆယ်ရက် အိမ်သာ ဆေးခိုင်းလိုက်”

“ကောင်းပါပြီ”

လီချင်းယန်သည် ဆေးဟောခန်းမဆောင်ဆီသို့ သွားလိုက်၏။

အားပြည့်အင်ပြည့်ဖြစ်နေသော ကျင်းဟီသည် သူမ၏ စီနီယာအစ်ကိုကြီး လာနေမှန်း သိချိန်မှာတော့ ရုတ်တရက် အိပ်ရာထဲ လှဲချပြီး အားပြတ်စွာ ပြောလိုက်သည် “ကျွန်မ သေရင်တောင် ပြိုင်စံရှားဂိုဏ်းသားပဲ ဖြစ်ရမယ်”

“ဂျူနီယာညီမလေး”

လီချင်းယန်က ပြောလိုက်၏ “မင်းကို ဆယ်ရက် အိမ်သာဆေးဖို့့ ဂိုဏ်းချုပ်က အမိန့်ပေးလိုက်တယ်”

“ဟမ်”

ကျင်းဟီသည် ရုတ်တရက် ခုန်ထလာသည် “ဘာလို့လဲ”

“မင်း နေကောင်းသွားပြီကိုး…”

“မ .. မကောင်း…”

ကျင်းဟီသည် သူမ၏ ရင်ဘတ်ကို အသာဖိကာ ပြောလိုက်၏ “နာလိုက်တာ။ ကျွဲရိုင်းစက်ရုပ် ပေါက်ကွဲတုန်းက ကျွန််မရဲ့ ခေါင်းတစ်ခုလုံးက အရမ်းနာခဲ့တာ”

လီချင်းယန်က ထအော်လိုက်သည် “ခေါင်းနာတာ ဘာလို့ ရင်ဘတ်ကိုဖိထားတာလဲ”

“…….”

“ငါ့ အထင်တော့ ဂျူနီယာညီမလေးကိုကြည့်ရတာ ဒဏ်ရာ ရတယ်ဆိုပြီး လိမ်နေတာ ထင်တယ်။ စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်ဆီ ပို့ပြီး တစ်လလောက် အပြစ်ခံယူခိုင်းရမယ်။”

ဆွစ် …….။

ကျင်းဟီသည် ချက်ချင်းပဲ အိပ်ရာပေါ်မှခုန်ဆင်းကာ သွေးပူလေ့ကျင့်ခန်းပင် ပြုလုပ်လိုက်သေးသည် “ဒဏ်ရာတွေ ကောင်းသွားပါလား”

All Chapters