← Chapters

ကိုယ့်ဘာသာသွား ကစားလိုက်

Vol. 127 Ch. 1768

ကိုယ့်ဘာသာသွား ကစားလိုက်

Vol. 127 Ch. 1768

ဘယ်သူမှ အသက်မရှင်စေရဘူး…

အားလုံးမှာ တုန်လှုပ်သွားကြသည်။ သခင်မိုယွိက တကယ်ပဲ ရက်စက် တာပဲ။

“သခင်မိုယွိ ဘာလို့လဲ” ရှိခွေ့သည် သူ ဘာကြောင့် ထိုသို့ဖြစ်သွားသည် ကို နားမလည်ပေ။ ဒိကျဲ့တို့အဖွဲ့ကိုရှင်းဖို့ သူ သဘောတူခဲ့တာမဟုတ်ဘူးလား။ သူတို့ကို ဘာလို့ သတ်ချင်တာလဲ။

သူတို့ အဖြေမရခင်မှာပင် မိုယွိ၏လူများ သတ်ခြင်းကိုခံလိုက်ရသည်။

မိုယွိ၏ လူများသည် မြန်ဆန်ပြီး ပြတ်သားသည်။ ရှိခွေ့၏ လူများသည် တစ်ယောက်ပြီး တစ်ယောက် ကျသွားကြသည်။ အများစုမှာ သူတို့ သေသွား သည်အထိ နားမလည်လိုက်ကြပေ။ ဘာလို့ ဒီလိုဖြစ်သွားရတာလဲ။ သူ တစ္ဆေ ကြင်ယာတော်ကို မကူညီချင်ရင်တောင် မုရုန်ရှီကို ကူညီပြီး သူတို့ကို မသတ် သင့်ဘူးလေ။

ရှောင်ရော့ပိုင်သည် ရှေ့တွင်ရှိသော စစ်မြေပြင်ကိုကြည်ပြီး ငေးငိုင်စွာ မေးလေသည် “ငါတို့ မြင်ရတာတွေဟုတ်ရဲ့လား သခင်မိုယွိက ငါတို့ကို ကူညီ ပေးနေတာလား”

“ဖြစ်နိုင်တာက… ဟုတ်တယ်” ကုန်းဇီယွမ် ပြန်ဖြေသည် “ဒါပေမဲ့ ဘာလို့ လဲတော့ ငါမသိဘူး”

သူတို့၏ အကြည့်များသည် မုရုန်ဟွေ့နှင့် ဒိကျဲ့တို့ဆီ ကျရောက်သွား သည်။ သူတို့၏ မျက်နှာများသည် နားမလည်နိုင်ဖြစ်နေသည်။ သူတို့သည် လည်း မသိသည့်ပုံပင်။

ထိုအချိန်တွင် မိုယွိသည် သူတို့ဆီသို့ပျံလာပြီး လူအုပ်ဆီသို့လာလေ သည်။ အတိအကျဆိုရလျှင် ရှီမာယူယူ၏ ရှေ့သို့လာပြီး မကျေမနပ်ပြောလေ သည် “မင်းရောက်တာကို ဘာလို့ငါ့ကိုလာမရှာတာလဲ”

ရှီမာယူယူ ပြုံးလိုက်သည် “ရှင် ကျွန်မကို မမှတ်မိနိုင်ဘူးလို့ ထင်လို့လေ”

အားလုံး ရှုပ်ထွေးကုန်သည်။ မိုယွိနဲ့ ရှီမာယူယူတို့က တစ်ယောက်နဲ့ တစ် ယောက်သိနေကြတာလား။ သူက သူမအတွက် တစ္ဆေကြင်ယာတော်ရဲ့လူတွေ ကိုသတ်လိုက်တာလား။ သူက သူမကိုသတ်မလို့ မဟုတ်ဘူးလား။

ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့က ပိုအံ့ဩရသည်။ သူမက ဘယ်လိုဖြစ် ပြီး မိုယွိနဲ့ ဒီလောက်ဆက်ဆံရေးကောင်းရတာလဲ။

အစက ဒိကျဲ့ကူညီခဲ့ပြီး အခုနောက်တစ်ယောက် မိုယွိသည်လည်း သူမ ကို မထင်မှတ်စွာဖြင့် ကူညီပေးသည်။ အဲဒါကြောင့် အဲနှစ်ယောက်က လူကောင်းတွေပါလို့ သူမ ပြောတာကိုး။

သူတို့က သူမကို တကယ်ကို ကောင်းကောင်းဆက်ဆံပေးတာပဲ။

“မင်းကလွဲပြီး ငါ့ကို ဘယ်သူမှ ဒီလိုမကြည့်ရဲဘူး” မိုယွိ ပြောလိုက်သည်။

“ချီးကျူးတယ်လို့ပဲ သဘောထားလိုက်မယ်” ရှီမာယူယူ ပြုံးလိုက်သည်။

“ပျော်မနေနဲ့ မင်း တစ္ဆေလောကကိုလာရင် ငါ့ကိုလာမရှာဘူးလို့ ပြောခဲ့ တာ တကယ်ပြောတဲ့အတိုင်းလုပ်တာပဲ” မိုယွိသည် အေးစက်စွာနှာမှုတ်လေ သည် “မဟုတ်သေးဘူး ငါ မင်းဆီမှာ ဝိညာဉ်ပုံတူထားခဲ့တယ်လေ မင်း တစ္ဆေ လောကကို လာမယ်ဆို ငါအာရုံခံလို့ရမှာ…”

ရုတ်တရက်ပင် သူ၏ မျက်နှာထားမှာ အနည်းငယ်ပြောင်းသွားသည် “မင်း ဘယ်လိုလုပ်…”

“ဒီကိစ္စကို နောက်မှပြောကြမယ်” ရှီမာယူယူသည် သူ့ကို စကားဖြတ် ပြောလိုက်သည်။

“အင်း”

အားလုံး မှင်တက်ကုန်ကြသည်။ သူမသည် သခင်မိုယွိကို စကားဖြတ် ပြောရဿည်။ သခင်မိုယွိကလည်း ဒေါသမထွက်ဘူး။

တစ်ဖက်တွင် ဒိကျဲ့သည် မကျေမနပ်ဖြစ်နေသည်။ “မင်းတို့က ဘယ်တုန်းက တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလဲ”

“နောက်မှပြောပြမယ် ဒီကိစ္စကို အရှင်ဖြေရှင်းဖို့လိုတယ်” ရှီမာယူယူ ပြောလိုက်သည် “မိုယွိ ရှင်က တစ္ဆေကြင်ယာတော်ရဲ့လူတွေကို သတ်လိုက်တာ တစ္ဆေကြင်ယာတော် ဒေါသထွက်ရင် ဘယ်လိုလုပ်မှာလဲ”

“အကုန်သေကုန်ပြီလေ ငါ သူတို့ကိုသတ်လိုက်တာ သူမက ဘယ်လိုသိ တော့မှာလဲ” မိုယွိသည် စိတ်မဝင်စားသလို ပြုံးလိုက်သည် “ပြီးတော့ ငါက ဘယ်တုန်းက သူမ မျက်နှာကိုကြည့်လို့လဲ”

လွှမ်းမိုးနိုင်လိုက်တာ… အားလုံးသည် ခံစားချက်ပါပါ သက်ပြင်းချမိ၏။

“ဟွန့်…”  ဒိကျဲ့သည် ဘေးမှ မျက်လုံးလှိမ့်လေသည်။ သူပဲ အရင်က တစ္ဆေကြင်ယာတော်အတွက် မုရုန်ရှီကို သတ်ချင်နေတာမဟုတ်ဘူးလား။

ရှီမာယူယူမှ မုရုန်ရှီအဖြစ် မည်သို့ဖြစ်လာသည်ကို သူတို့မသိကြ သော်လည်း ဤကိစ္စနှင့် သေချာပေါက် ပတ်သက်နေမည်။

မကြာမီတွင် တိုက်ပွဲပြီးဆုံးသွားသည်။ အတတိအကျပြောရလျှင် တစ်ဖက်သက် လူသတ်ပွဲကြီးမှာ ပြီးသွားလေပြီ။ တစ္ဆေကြင်ယာတော်၏ လူများ တစ်ယောက်မှမကျန်ခဲ့ပေ။ မိုယွိ၏ လူများသည် ဒဏ်ရာပင်မရပေ။

“သခင်” အစောင့်များသည် ရောက်လာပြီး အပြစ်ခံယူရန် ဒူးထောက် လိုက်ကြသည်။

သခင်၏ အမိန့်ကို မှားယွင်းလက်ခံမိသည်။ ဒီတစ်ခါ သခင်က သူတို့ကို ဘယ်လိုအပြစ်ပေးမှာလဲ။ သို့သော် သူတို့သည် အပြစ်မတင်ရဲပေ။ သခင်သည် အရင်ကနှင့်လုံးမဝမတူပေ။ သူတို့ပင်လျှင် သခင်၏အတွေးကို နားမလည်တော့ ပေ။

“ရှက်စရာကောင်းတယ် သွားတော့” မိုယွိသည် သူတို့ကို ကြည့်ပင် မကြည့်ပေ။ ထိုလူများသည် ကျိုးနွံစွာပင် ချက်ချင်းထွက်သွားကြသည်။

သို့သော် ထိုလူများသည် ခပ်ဝေးဝေးမသွားနိုင်ဟု ရှီမာယူယူ ထင်သည်။

“စကားပြောဖို့ နေရာရှာကြမယ်” မိုယွိသည် ကျန်လူများကိုကြည့်ပြီး အကြံပြုသည်။

ဒိကျဲ့သည် ရှီမာယူယူ၏ လက်ကိုဆွဲပြီး သူ့ကိုကြည့်သည် “ရှီအာကို ဘယ်ခေါ်သွားမှာလဲ”

“မင်း ကိစ္စမဟုတ်ဘူး” မိုယွိသည် မျက်လုံးကို အသာပင့်ကြည့်သည်။ သူသည် ဒိကျဲ့ကို မျက်လုံးထဲပင်မထည့်ပေ။

“ငါက သူမရဲ့ ဝမ်းကွဲအစ်ကိုပဲ ဒါငါနဲ့မဆိုင်ဘူးလား” ဒိကျဲ့သည် မေးစေ့ ကို ရွှင်လန်းစွာ ပင့်လိုက်သည်။

“…” ရက်စက်လိုက်တာ။

မိုယွိသည် ရှီမာယူယူနှင့် ဒိကျဲ့တို့အကြားမှ ဆက်ဆံရေးကို သိသည်။ သူတို့ လက်ဖက်ရည်သောက်ရင်း စကားပြောခဲ့ကြစဉ်က ဒိကျဲ့အကြောင်း ပြော ခဲ့ဖူးသည်။ ထို့ကြောင့် သူသည် ဒိကျဲ့ကို စိတ်ရှည်နေရသည်။

“ဟုတ်ပြီ နှစ်ယောက်လုံး ရန်မဖြစ်ကြနဲ့တော့” ရှီမာယူယူ ပြောလိုက် သည် “ကျွန်မ အဖေနဲ့ပြန်ရမယ် နောက်ကိစ္စတွေကို ရှင်းရဦးမယ် ကျွန်မနဲ့ လိုက်ချင်လိုက်လို့ရတယ် မဟုတ်ရင် ကိုယ့်ဘာသာသွား ကစားနေလိုက်”

ကိုယ့်ဘာသာ ကစားနေလိုက်….

ကိုယ့်ဘာသာ ကစားနေလိုက်….

အားလုံးမှာ “….”

ရှောင်ရော့ပိုင်သည် သူမကို တလေးတစားကြည့်လေသည်။ သူမသည် လူသတ်နတ်ဘုရား နှစ်ယောက်ကို ထိုလေသံဖြင့် ပထမဆုံး ပြောနိုင်သူဖြစ် သည်။

မိုယွိနှင့် ဒိကျဲ့တို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး တညီတညွှတ်တည်းပင် ပြောလေသည် “ဒါဆိုလည်း အတူသွားကြတာပေါ့”

ထို့ကြောင့် သူတို့အဖွဲ့သည် မူးဝေစွာဖြင့်အိမ်ပြန်လာကြသည်။

နေ့တစ်ဝက်ကြာပြီးနောက်တွင် ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့သည် ကန်ဘေးတွင် ခံစားချက်ပါပါသောက်နေကြသော လူသုံးယောက်ကို ကြည့်နေ ကြသည်။

လွန်ခဲ့သည့် ရက်ပိုင်းကပင် သူတို့သည် လက်ဖက်ရည်သောက်ရင်းနှင့် တစ္ဆေလောကမှ လူသတ် နတ်ဘုရားနှစ်ယောက် အကြောင်းကိုပြောခဲ့ကြ သည်။ ထိုစဉ်က သူတို့နှစ်ယောက်ကို သူမ သိသည်ဟု မပြောခဲ့သဖြင့် စိတ်ထဲ မထားခဲ့ကြပေ။ ရက်အနည်းငယ်ကြာပြီးနောက် သူမသည် လူသတ်နတ်ဘုရား နှစ်ယောက်နှင့် လက်ဖက်ရည်သောက်နေသည်။

“အံ့ဩဖို့ကောင်းလိုက်တာ ရှီအာရဲ့ဇစ်မြစ်က ငါတို့ထင်ထားတာထက် တောင် သန်မာနေတေယ်” ရှောင်ရော့ပိုင်သည် ခံစားချက်ပါပါ ပြောလိုက် သည်။ ကုန်းဇီယွမ် ငေးငိုင်နေသည်ကိုကြည့်ပြီး သူမသည် သူ့ကို တံတောင်နှင့် တွတ်လိုက်သည် “ဘာတွေ စဉ်းစားနေတာလဲ”

ကုန်းဇီယွမ်သည် သတိပြန်ဝင်လာသည် “ငါ သူမရဲ့ သရုပ်မှန်ကိုစဉ်းစား နေတာ သူမက ရှီအာမဟုတ်ဘူးဆိုပေမဲ့ ဒီလိုရုပ်ရည်ဖြစ်နေတာ ဖြစ်နိုင်ချေကို စဉ်းစားလိုက်တော့ ငါတို့တစ်ခါမှမတွေးဘူးတဲ့…”

“မင်း ဆိုလိုတာက…” ရှောင်ရော့ပိုင်၏ မျက်လုံးများ ပြူးကျယ်လာသည် “မဖြစ်နိုင်တာ သူမက ဘယ်လိုလုပ်….”

ကုန်းဇီယွမ်သည် သူမကို စောင်းကြည့်သည် “မင်းလည်း အဲလိုထင်တယ် မလား သူမကလွဲပြီး အမှောင်မင်းသမီးနဲ့ ဘယ်သူတူနိုင်ဦးမှာလဲ စစ်သူကြီးဒိ ဒီလောက် ချစ်တာ ဘယ်သူရှိနိုင်ဦးမှာလဲ”

“ဒါပေမဲ့ အမှောင်မင်းသမီးရဲ့ သမီးက လူသားလောကမှာလို့မပြောဘူး လား” ရှောင်ရော့ပိုင်သည် ထိုအကြံမှာ အနည်းငယ် ကြောက်စရာကောင်းသည် ဟုထင်သည်။ သူမသာ အမှန်တကယ် အမှောင်မင်းသမီး၏ သမီးဖြစ်ပါက တစ္ဆေဘုရင်၏ မြေးမဟုတ်ပါလား။

ထို့အပြင် သူမ၏ လက်ရှိအခြေအနေသည် ပို၍ကသိကအောက်ဖြစ်နေ ကာ တစ္ဆေလောကအတွင် အန္တရာယ်များနေသည်။

ကုန်းဇီယွမ် ပခုံးတွန့်လိုက်သည်။ သူတို့သည် အကြောင်းအရင်းကိုတော့ မသိပေ။

“သူမရဲ့ သရုပ်မှန်က ဘယ်လိုပဲဖြစ်ဖြစ် ငါတို့သိတဲ့လူပဲမလား” သူ ပြော လိုက်သည်။

“စစ်သူကြီးဒိနဲ့ သခင်မိုယွိကိုကြည့်လိုက်ဦး မင်းရဲ့ အတွေးသေးသေးလေး တွေကို ဘေးချိတ်ထားဖို့ ငါအကြံပေးမယ် သူတို့သာသိသွားရင် ဘယ်လိုဖြစ် မလဲ ငါမသိဘူး” ရှောင်ရော့ပိုင် သတိပေးလိုက်သည်။

ကုန်းဇီယွမ်၏ မျက်လုံးထဲတွင် တုန်လှုပ်မှုများဖြစ်သွားသည်။ သူ ရေရွတ် လိုက်သည် “ငါ တစ်ခါမှ အဲလိုမတွေးဘူး သူမကို သူငယ်ချင်းလိုပဲဆက်ဆံတာ”

“ဒါအကောင်းဆုံးပဲ” ရှောင်ရော့ပိုင် နှာမှုတ်လိုက်သည် “မဟုတ်လို့ တစ်ခုခုဖြစ်ရင် မင်းကို သတိမပေးလို့ ငါ့ကိုအပြစ်မတင်နဲ့”

“ငါ သိပါတယ်” ကုန်းဇီယွမ် လှည့်ထွက်သွားသည်။ ရှောင်ရော့ပိုင်သည် လည်း သက်ပြင်းချကာ ထွက်သွားလေသည်။

အဆောင်ထဲတွင် ရှီမာယူယူသည် သူတို့နှစ်ယောက်အတွက် လက်ဖက် ရည်နှပ်ပေးနေသည်။ မသောက်ရသည်မှာ ကြာရှည်လှသော အရသာကို ခံစား ပြီးနောက် မိုယွိသည် ခံစားချက်ကောင်းလာသည်။

ဒိကျဲ့သည် လက်ဖက်ရည်ကို နားမလည်ပေ။ တစ်ကျိုက်သောက်ပြီး သည်နှင့် သူပြန်ချလိုက်သည် “တစ္ဆေလောကကို ဘယ်တုန်းကလာတာလဲ ဘာလို့ ငါ့ကိုမဆက်သွယ်တာလဲ”

မိုယွိသည်လည်း သူမကိုကြည့်လိုက်ပြီး ဒိကျဲ့ထိတ်လန့်သွားစေသည့် စကားတစ်ခွန်းကို ပြောလိုက်သည်။

“မင်း ဘယ်လိုသေသွားတာလဲ”

***

All Chapters