အခန်း ၁၆၆၀
Vol. 112 Ch. 1660
အပိုင်း (၁၆၆၀)
ကျွင်းချောင်ရှောင်းတစ်ယောက် နတ်ဆိုးစစ်သည်များ၏ အသုဘကို သေချာပြုလုပ်နေတုန်းမှာပဲ မိုးဆွေဟောခန်း သည် အလွန်အလုပ်များလျက်ရှိနေသည်။
တစ်ရက်အတွင်း ပြိုင်စံရှားဂိုဏ်း လင်းထျန် အင်မော်တယ်ဂိုဏ်းဆီ သွားရောက်မည်ဆိုသော သတင်းသည် အထက်နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။
“အင်မော်တယ်ဂိုဏ်းတွေက လက်ရွေးစင်တပည့်တွေ ဆုံးရှုံးပြီးပြီ။ ဂိုဏ်းချုပ်ကျွင်းက သူတို့ကို သွားပြီး နင်းချေတော့မယ် ထင်တယ်။”
သွားရောက်မည်ဆိုခြင်းသည် လည်ပတ်ရန် မဟုတ်နိုင်ပေ။ အစစ်အမှန် ရည်ရွယ်ချက်သည် ဂိုဏ်းကို သွားရောက်ဖျက်ဆီးခြင်းသာ ဖြစ်ပေလိမ့်မည်။
မကြာခင်က ဖြစ်ခဲ့သော ကိစ္စကိုသာ မသိလျှင် ကျွင်းချောင်ရှောင်းအား ရူးသွပ်နေသူတစ်ယောက်ဟု အားလုံးက ပြောဆိုမိပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ဤသတင်းသည် သာမာန်သာဖြစ်၏။ အလုံးစုံသော အားအင်အဆင့်ကို ပိုင်ဆိုင်လျှင် အားလုံးက အထင်ကြီး လေးစားကြမည်မှ သဘာဝပင် ဖြစ်၏။
“ဒါပေမဲ့ ….”
တစ်ယောက်သည် စိတ်ပူစွာဖြင့် ပြောလိုက်သည် “လင်းထျန် အင်မော်တယ်ဂိုဏ်းထဲမှ တံခါးပိတ်ကျင့်ကြံနေတဲ့ စီနီယာတစ်ယောက်ရှိတယ်။ ဂိုဏ်းချုပ်ကျွင်း ဒုက္ခရောက်နိုင်တယ်”
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့တွင် ဘိုးဘေးအကြီးအကဲကြီးများ တည်ရှိကြ၏။ တံခါးပိတ်ကျင့်ကြံ နေကြသည် ဆိုသော်လည်း ဂိုဏ်းတစ်ခုလုံး အန္တရာယ်ကျရောက်နေပါက ကျိန်းသေပေါက် ထွက်လာကြမှာ သေချာသည်။
“ငါတို့ ပုံရိပ်ယောင်မြင်ကွင်းကို ကြည့်ရမယ်ဆိုရင် ဂိုဏ်းချုပ်ကျွင်းက ဂိုဏ်းချုပ်တွေကို လွယ်လွယ်ကူကူ နဲ့ သတ်ပစ်ခဲ့တာနော်။ သူက တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေတဲ့ အဘိုးကြီးတွေနဲ့ တူညီတဲ့ အဆင့်မှာ ရှိလိမ့်မယ်”
“ဒါက ကျုပ်တို့ စိတ်ပူနေရမယ့် ကိစ္စမှ မဟုတ်တာ။ အရေးကြီးဆုံးက ပွဲကြည့်ဖို့ပဲ။ နောက်ကျရင် နေရာမရဘဲ နေမယ်။”
“ဟုတ်တယ်။ ဟုတ်တယ်”
မြို့အသီးသီးရှိ သိုင်းကျင့်ကြံသူများသည် လင်းထျန်အင်မော်တယ်ဂိုဏ်းဆီသို့ ချီတက်ကြတော့သည်။
မနေ့က တိုက်ပွဲကို သူတို့မမြင်ခဲ့ကြချေ။ ထို့ကြောင့် ပွဲကြည့်ရန် အလွတ်မခံနိုင်ပေ။ သဘာဝအားဖြင့် သူတို့သည် နှလုံးသားထဲတွင် ကျွင်းချောင်ရှောင်းကို စိတ်ထဲ၌ ထောက်ပံ့ပေးကြသည်။ ဤလူသည် အထက်နယ်မြေ၏ ထုံးစံတစ်ခုလုံးကို ချိုးဖောက်ခဲ့သူဖြစ်၏။ ထို့ကြောင့် အားလုံး၏ လေးစားမှုကို ခံယူထိုက်၏။
……
ပြိုင်စံရှားဂိုဏ်း …
လီလိုရှုသည် သတင်းပေးပို့လိုက်သည် “သတင်းတွေ အကုန်ဖြန့်ပြီးပါပြီ။ ဂိုဏ်းအသီးသီး နဲ့ လွတ်လပ်သော ကျင့်ကြံသူတွေက လင်းထျန်အင်မော်တယ်ဂိုဏ်းဆီ သွားနေကြပြီ”
“ကောင်းတယ်”
ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်ကာ မေးလိုက်၏ “ဆရာ နဲ့ စီနီယာ မာဆာတို တို့ဆီ သတင်းပို့ပြီးပြီလား”
“ပို့ပြီးပါပြီ”
ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည် “မွန်းစတားကလန်တွေကိုလည်း အပျော်လာကြည့်ဖို့ သတင်းပေးလိုက်”
“ကောင်းပါပြီ”
လီလိုရှုသည် မြန်မြန်ပဲ နောက်ဆုတ်သွား၏။
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီပြီးနောက် ပြောလိုက်သည် “အားလုံးရဲ့ ရှေ့မှာ အင်မော်တယ်အဆင့် ဂိုဏ်းတွေကို နင်းချေပြမယ်”
……….
အရှေ့ပင်လယ် ….
ဒွီ …။
ထိုက်ရွှမ်အဘိုးအို ဉီးဆောင်သော အစီအရင် ဟောခန်းမှ အဖွဲ့ဝင်များသည် စည်းခတ်ခံထားရသော ကျောက်ရုပ်ထုမျိုးနွယ်၏ ဘိုးဘေးနယ်မြေဆီသို့ ရောက်ရှိနေကြသည်။ ၎င်းတို့သည် စည်းကို သေချာ ပြန်ဖြေပေးနေကြသည်။
တကယ်တမ်းမှာတော့ သူတို့သည် အင်မော်တယ်ဂိုဏ်းများနှင့် တိုက်ခိုက်ရာတွင် ကလန်ကြီးနှစ်ခု၏ အကူအညီကို မလိုအပ်ပေ။ ထို့ကြောင့် ပထမတုန်းက စည်းမဖြေခဲ့ခြင်းဖြစ်၏။
ဒွီ …
မမြင်ရသောစည်းတစ်ခုသည် ထင်ပေါ်လာပြီး ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
ရှန့်ကွမ်းရှင်းရောင်သည် ပြုံးကာ ပြောလိုက်၏ “ဆရာဘိုးဘိုး …. ပြစ်ချက်ကို ရှာတွေ့ပြီ”
သူမသည် ထိုက်ရွှမ်အဘိုးအိုနှင့်အတူ စက်ရုပ်များကို တောက်လျှောက်လေ့လာခဲ့သည်။ ထို့ကြောင့် အစီအရင် နှင့် ပတ်သက်သော သူမ၏ အသိအမြင် ဗဟုသုတသည် တမဟုတ်ချင်း တိုးတက်လာခဲ့သည်။ ကျန်းတယ်ကျွင်း ထက်ပင် ပိုမိုကာ သာလွန်သွားခဲ့သည်။
အထင်သာမမှားလျှင် နောင်ဖြစ်လာမည့် အစီအရင်ဟောခန်းသခင်သည် သူမပင် ဖြစ်ပေလိမ့်မည်။
ပြောရမည်ဆိုလျှင် ဂိုဏ်း၏ ဟောခန်းသခင်များသည် အိုမင်းနေကြပြီဖြစ်သည်။ ဥပမာအားဖြင့် အကြီးအကဲဝေ၊ ကျန်းတယ်ကျွင်း ၊ ဖန်းရီကျိ တို့ပင်။ ထို့ကြောင့် လူငယ်မျိုးဆက်များကို နေရာပေးရတော့မည်။
ဂိုဏ်းတစ်ခု ရေရှည်တိုးတက်လာစေချင်လျှင် သွေးသစ်လောင်းရန်လည်း လိုအပ်နေသည်။ အထူးသဖြင့် အကြီးအကဲဝေ ဆိုလျှင် အနားယူချင်ကြောင်း အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့ဖူးသည်။ စွန်းပုကုံးတို့သည်လည်း လက်လွှဲ၍ရနေပြီဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းကို တောင်းဆိုနေခြင်းဖြစ်သည်။ ကျွင်းချောင်ရှောင်း သည်လည်း ထိုအရာနှင့် ပတ်သက်၍ စဉ်စားထားပြီးဖြစ်သည်။
“အကြီးအကဲဝေ”
ကျွင်းချောင်ရှောင်းသည် ပြန်ဖြေလိုက်၏ “အလျှင်မလိုပါနဲ့။ ဖြည်းဖြည်းပေါ့”
သူ့အနေနှင့် လူငယ်မျိုးဆက်များနှင့် အစားထိုးမည်ဆိုလျှင်တောင်မှ ချက်ချင်းတော့ မဖြစ်နိုင်သေးချေ။
……
နာရီအနည်းငယ်ကြာမြင့်ပြီးနောက် ……
ကျောက်ရုပ်ထုမျိုးနွယ်၏ ရှေ့ရှိစည်းသည် ပျောက်ကွယ်သွားခဲ့သည်။
“ကောင်မလေး”
ထိုက်ရွှမ်အကြီးအကဲသည် မေးမြန်းလိုက်၏ “မင်း မှတ်မိလား”
“ကောင်းတယ်”
အင်မော်တယ်အဆင့်ဂိုဏ်းကြီးများသည် လူအင်အားများစွာသုံးပြီး လအနည်းငယ်ကြာအောင် ဤစည်းကို ဖန်တီးခဲ့ရသည်။ ထိုအရာသည် ရှန့်ကွမ်းရှင်းရောင်အား အစီအရင်နှင့် ပတ်သက်၍ ပိုမိုကာ အားကောင်းသွားစေခဲ့သည်။
“သွားကြရအောင်”
ထိုက်ရွှမ်အဘိုးအိုက အမိန့်ပေးလိုက်သည် “နဂါးမျိုးနွယ်ဆီ …”
ယခင်အတွေ့အကြုံရှိပြီးသားဖြစ်သည်မို့ နာရီအနည်းငယ်အတွင်းမှာပဲ စည်းကို ဖယ်ရှားနိုင်ခဲ့ပြီဖြစ်၏။
…….
အပြင်ဘက် လောကမှာတော့ …..
ပြိုင်စံရှားဂိုဏ်း၏ သတင်းသည် ပျံ့နှံ့နေပြီဖြစ်သောကြောင့် တလောကလုံးမှာ ရှိနေသော သိုင်းကျင့်ကြံသူများသည် လင်းထျန် အင်မော်တယ်ဂိုဏ်းဆီသို့ ဉီးတည်သွားနေကြသည်။ အရေအတွက်သည် များပြားလွန်းသောကြောင့် ရေတွက်ရန်ပင် ခက်ခဲလှ၏။
အောက် အီး အီး အွတ် …
နောက်တစ်ရက် မနက်မိုးလင်းမှာတော့ ဗာမေလီယန်ငှက်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်သော ကြက်ဖသည် ဉီးခေါင်းကို မော့ကာဖြင့် တွန်လိုက်သည်။
တပည့်များသည် ဂိုဏ်းဝတ်စုံအသစ်များကို ဝတ်ဆင်ပြီး အဓိက တောင်ထွတ်ရှိ လေ့ကျင့်ရေး ကွင်းပြင်၌ စုစည်းလိုက်ကြ၏။
ယုစီနန်၊ ကုန်းစွန်းဟုန့် နှင့် တခြားသော အထက်ပိုင်းအကြီးအကဲများ ရောက်ရှိနေကြသည်။ ၎င်းတို့အားလုံး၏ အမူအရာများသည် လေးနက်လျက်ရှိသည်။
ဘောက် …. ဘုတ် …။
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲမှ လျှောက်ထွက်လိုက်၏။
သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ပြီး အမဲရောင်ဆံနွယ်များမှာတော့ လေထဲ လွင့်လျက်ရှိနေသည်။
“ယောကျ်ားကတော့ ဆံပင်တုကြီး စွပ်ထားပြန်ပြီထင်တယ်” နှင်းဆီဧကရီသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်၏။
ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်းရှေ့တွင် ရပ်ပြီး အော်ဟစ်လိုက်သည် “တပည့်တို့ .. နားထောင်ကြ။ ငါနဲ့အတူ လင်းထျန် အင်မော်တယ်ဂိုဏ်းဆီ လိုက်ခဲ့ကြ”
“ကောင်းပါပြီ”
ဝှစ် ….။
တပည့်တစ်သိန်းတို့သည် သက်တန့်အလင်းအတောင်ပံများကို ထုတ်ကာ ပျံသန်းလိုက်ကြသည်။ နတ်ဆိုးစစ်သည်များ နှင့် ကျွဲရိုင်းစက်ရုပ်များသည်လည်း လိုက်ပါလာကြ၏။
“စီနီယာအစ်မ…. အားလုံးထွက်သွားပြီ”
မြောင်ရှောင်တောက် သည် အိမ်သာအပေါက်ဝမှ လှမ်းအော်လိုက်သည်။
“ရပ်မနေစမ်းနဲ့”
ကျင်းဟီသည် စိတ်မရှည်သလို လှမ်းအော်လိုက်၏ “မြန်မြန် သန့်ရှင်းစမ်း”
သူမသည် ဒဏ်ရာရရှိဟန်ဆောင်ခဲ့သောကြောင့် အိမ်သာဆေးသည့်တာဝန်ကို ယူခဲ့ရသည့်အပြင် စက်ရုပ်ထိန်းချုပ်ခွင့် ကိုလည်း လက်လွှတ်ခဲ့ရသည်။ သို့ပေမဲ့ ကျွဲရိုင်းကို မည်သို့ ထိန်းချုပ်ရမည်နည်းကို သေသေချာချာ မှတ်သားထားပြီး အားတိုင်း လေ့ကျင့်နေသည်။ အချိန်တန်လျှင် သူမ အတွက် စက်ရုပ်တစ်ခု ရမည်ဟုလည်း ယုံကြည်နေမိသည်။
…….
လင်းထျန်အင်မော်တယ်ဂိုဏ်း …
လင်းဟောင်ရန် သည် စားပွဲ၏ ထိပ်တွင် ထပ်လျှက်ရှိသည်။ သူ၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် တောက်လောင်နေ၏။
သူတို့ဆီသို့ ပြိုင်စံရှားဂိုဏ်းလာမည့် သတင်းသည် တလောကလုံးသိရှိနေသည် ဆိုမှတော့ သူတို့လည်း သိရှိသည်မှာ သဘာဝပင် ဖြစ်လေသည်။
“ဂိုဏ်းချုပ်”
အကြီးအကဲတစ်ယောက်သည် စိတ်ပူစွာဖြင့် မေးလိုက်၏ “ဘာလုပ်ကြမလဲ”
“ဘာလုပ်နိုင်မှာလဲ။ ဘိုးဘေးအကြီးအကဲကြီးကို သွားခေါ်ရတော့မှာပေါ့” လင်းဟောင်ရန်သည် လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ကိုယ်လွတ်ရုန်း ပြေးခဲ့သည်။ ယခု ပုံမှန်လိုဖြစ်နေသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာတော့ တန်ပြန်မှုကြောင့် သူသည် ယခင်လို အားမကောင်းတော့ချေ။ ထို့ကြောင့် ဘိုးဘေးအကြီးအကဲကြီး နှင့် ဂိုဏ်းမှ အကြီးအကဲများကို အားကိုးရပေတော့မည်။
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ တပည့်တစ်ယောက်သည် အလျှင်အမြန်နှင့် ဝင်လာပြီး သတင်းပို့သည် “ပြိုင်စံရှားဂိုဏ်း ရောက်လာပြီ”
“လင်းဟောင်ရန်”
ရုတ်တရက် အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာ၏ “အခု ခင်ဗျား ထွက်ခဲ့စမ်း”