အခန်း ၁၆၆၁
Vol. 112 Ch. 1661
အပိုင်း (၁၆၆၁)
ဂိုဏ်းတစ်ခု အားကောင်းလား၊ အားမကောင်းဘူးလားဆိုသည်ကို ၎င်းတို့၏ တည်နေရာဌာနေကို ကြည့်ရှုလိုက် သည်နှင့် ပြောဆိုနိုင်စွမ်းရှိ၏။ ဥပမာအားဖြင့် အထက်နယ်မြေကို အလုံးစုံအုပ်စိုးသူများထဲမှ တစ်ခုဖြစ်သော လင်းထျန်အင်မော်တယ်ဂိုဏ်း တည်ရှိရာနေရာကြီးသည် နတ်ဘုံနတ်နန်းကြီးတစ်ခုကဲ့သို့ပင် လှပလွန်းလှ၏။ လေထုထဲတွင်လည်း အလွန်အားကောင်းလှသော ကောင်းကင်နှင့်မြေကြီးဓာတ်သဘာဝများ တည်ရှိနေသည်။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် မနာလိုဖြစ်မိ၏။ ဤကဲ့သို့ ကောင်းမွန်လှသည့် မြေတည်နေရာပိုင်ဆိုင်သောကြောင့် မကျင့်ကြံလျှင်ပင် နေ့စဉ်နေတိုင်း အသက်ရှူသွင်း၊ ရှူထုတ် လုပ်ရုံနှင့်ပင် ကျိန်းသေပေါက် အားကောင်းလာနိုင်၏။
“မဖြစ်သေးဘူး။ ငါပြန်သွားတာနဲ့ ငါ့ဂိုဏ်းကို ဒီလိုမျိုးဖြစ်အောင် အဆင့်မြင့်တင်သွားရမယ်” လင်းထျန် အင်မော်တယ်ဂိုဏ်း၏ တည်နေရာသည် ကောင်းမွန်လွန်းသည်ဆိုသော်လည်း လာရောက်လည်ပတ်ရန် အတွက်သာ အသုံးဝင်လှ၏။ ယူဆောင်သွား၍ မဖြစ်နိုင်ချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် သူ၏ ကိုယ်ပိုင် ဌာနအား သူ၏ကိုယ်ပိုင်လက်ဖြင့် ပြန်လည်တည်ဆောက်ရန် အလိုရှိမိသည်။
အချက်အလက်အားဖြင့် ပြိုင်စံရှားဂိုဏ်း ယခုအချိန်အထိ ဖြစ်တည်လာသည့် လမ်းတလျှောက်တွင် များပြားလှသော ဂိုဏ်းများ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရပြီး ကြီးမားသည့်အခက်အခဲများကို ကျော်ဖြတ်ခဲ့ရသည် ဆိုသော်လည်း ၎င်းတို့၏ ဌာနေကြီးသည် သံမဏိအရိုးတောင်ကို အခြေပြုခဲ့ခြင်းဖြစ်၏။ ပိုမိုကောင်းမွန်သည့် မြေတည်နေရာ တည်ရှိခဲ့သည်ဆိုလျှင်တောင်မှ သူတို့သည် သံမဏိအရိုးတောင်ဆီမှ မခွာခဲ့ချေ။ အဘယ်ကြောင့် ဆိုသော် အိမ်လွမ်းသောကြောင့်ပင်။
လီချင်းယန်သည် လင်းထျန်အင်မော်တယ်ဂိုဏ်း၏ တည်နေရာဆီသို့ ရောက်သည့်အချိန်မှာတော့ အံ့အားသင့်လျက် ရှိ၏။ သူက တွေးလိုက်မိသည်။ “ဂိုဏ်းကို တခြားနည်းလမ်းတွေနဲ့ ပိုပြီးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ လိုအပ်နေ သေးတာပဲ”
အချက်အလက်အားဖြင့် သူ၏စိတ်ထဲတွင် အဆောက်အဦ၏ ပုံစံကြမ်းများ ဖြစ်တည်လာခဲ့တော့သည်။
“ဂိုဏ်းချုပ်ကျွင်းလား။ သူက ခေါင်းတုံးမဟုတ်ဘူးလား။ ဘယ်တုန်းက ဆံပင်ပေါက်သွားတာလဲ”
“သူ့ရဲ့ဟန်ပန်အမူအရာက တကယ့်ကို ကြည့်လို့ကောင်းတာပဲ”
လင်းထျန်အင်မော်တယ်ဂိုဏ်း၏ အပြင်ဘက်တွင်တော့ များပြားလှသော ပွဲကြည့်ပရိသတ်များသည် ရောက်ရှိနေခဲ့ ကြပြီဖြစ်၏။ ကျွင်းချောင်ရှောင်းကို မြင်သည့်အချိန်မှာတော့ တီးတိုးပြောဆိုနေကြ၏။
ဟုတ်ပေသည်။ သူတို့သည် အင်မော်တယ်အဆင့်ဂိုဏ်း၏ ဂိုဏ်းချုပ်အား ရောက်ရောက်နေခြင်း အပြင်ဘက်သို့ ထွက်လာရန် ခိုင်းစေနေခြင်းသည် အမှန်ပင် ချီးကျူးလောက်စရာပင်ဖြစ်တော့၏။ မောက်မာလွန်းလှသလို အံ့အားသင့်စရာ လည်း ကောင်းလွန်းလှချေသည်။
ဝှစ် ဝှစ်
ရုတ်တရက် လေပြင်းများတိုက်ခတ်သည့်အသံ ပေါ်ပေါက်လာသည်။
“တပည့်... ငါ ဒီမှာပဲ”
ကြီးမြတ်သူတုံးကုသည် မာဆာတိုကီတာနိုနှင့် သူ၏ အပေါင်းအသင်း ရောင်းရင်းများနှင့်အတူ ပျံသန်းရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် ရွက်သင်္ဘောကြီး၏ ညာဘက်ခြမ်းတွင် မတ်မတ်ရပ်လျက် ရှိပြီး မျက်နှာပေါ်တွင် အပြုံးများ တည်ရှိနေ၏။
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းသည် ပြိုင်စံရှားဂိုဏ်း၏ ပစ်မှတ်ထားခြင်းကို ခံနေရ၏။ ထို့ကြောင့် သူတို့အနေနှင့် တိုက်ပွဲထဲတွင် သေဆုံးသွားမည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် လာရောက်ကာ ထောက်ပံ့ပေး ရပေလိမ့်မည်။ သူတို့၏ အမူအရာများအားလုံးသည် လေးနက်လျက်ရှိ၏။ ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်ကို သူတို့သည် လက်ရှိအခြေအနေ၌ သိရှိပြီးဖြစ်၏။ ထို့ကြောင့် အလွန်ပင် တည်ငြိမ်လျက်ရှိသည်။
ဝှစ် ဝှစ်
တခြားသော လေပြင်းများသည် ကောင်းကင်ယံထက်တွင် တိုက်ခတ်လာခဲ့၏။ ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါး ဦးဆောင်သော ကျောက်ရုပ်ထုမျိုးနွယ်ကလန်မှ ကျွမ်းကျင်သူများသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိ လာခဲ့ကြသည်။ ၎င်းတို့သည် ရွက်သင်္ဘော၏ ဘယ်ဘက်ခြမ်းတွင် လွင့်မျောလျက် ရှိနေပြီး ကျွင်းချောင်ရှောင်းအား ဂါရဝပြုလိုက်၏။ “နှုတ်ဆက်ပါတယ် ခေါင်းဆောင်”
“ခေါင်းဆောင် ဟုတ်လား။ ဂိုဏ်းချုပ်ကျွင်းက ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ ခေါင်းဆောင်လား” သိုင်းကျင့်ကြံသူများအားလုံးသည် ဆွံ့အသွားခဲ့ကြသည်။
ကြယ်တာရာစိတ်ဝိညာဉ်လောကမှ ဒုတိယအကြိမ် လာရောက်ကာ ကျူးကျော်သည့်အချိန်တွင် များပြားလွန်းလှသော သာမန်ကျင့်ကြံသူများသည် ကျောက်ရုပ်ထု မျိုးနွယ်ကလန်ကို မြင်ခဲ့ရသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်း နှင့် မည်ကဲ့သို့ပတ်သက်သည်ဆိုသည့် အကြောင်းကို သူတို့သေသေချာချာ မသိခဲ့ချေ။
ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့သည် အရင်ကတည်းက ကြားဖူးခဲ့ပြီးပြီဖြစ်သော်လည်း ဝန်ကြီးသုံးပါး နှင့် မူးမတ်ကိုးပါးတို့ကို လက်တွေ့မြင်ရသည့်အချိန်မှာတော့ သူတို့သည် အမှန်ပင် အံ့အားသင့်လျက် ရှိနေကြ၏။
“တပည့်... မင်းက ငါ့ကို တကယ်ဂုဏ်ယူရအောင် လုပ်တာပဲ” လက်ရှိအချိန်မှာတော့ ကြီးမြတ်သူတုံးကုသည် ဦးခေါင်းကိုမော့၊ ရင်ကိုကော့၍ ထားခဲ့၏။ သူ၏လက်ရှိ မျက်လုံးထဲတွင်လည်း ဂုဏ်ယူဝံ့ကြွားသည့် ဟန်ပန်အမူ အရာများ တည်ရှိလို့နေသည်။
ဝေါင်း
ရုတ်တရက် နားကွဲလောက်စရာ နဂါးအော်သံကြီးသည် ကောင်းကင်ယံထက်မှ ထွက်ပေါ်လာခဲ့၏။ အားလုံးသော သူများသည် ဆွံ့အစွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်မိ၏။ သာမန်ထက်ပိုသည့် အရှိန်အဝါများကို ထုတ်ဖော်လျက် ရှိနေသည့် ကြီးမားသော နဂါးသားရဲများသည် တိမ်များ၊ မြူများကို စီးနင်းကာဖြင့် ရောက်ရှိလာ၏။
“နဂါးသားရဲတွေပဲ” အားလုံးသောသူတို့သည် တုန်လှုပ်သွားခဲ့ကြသည်။
“နေအုံး.... ရှေ့ဆုံးက တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူငယ်လေးရဲ့ ခေါင်းပေါ်မှာ သရဖူရှိနေတာပဲ။ သူက နဂါးအင်ပါယာများလား”
“တပည့်.. လုံဟောင်ထျန်း”
နဂါးလေးသည် ရွက်သင်္ဘော၏ အရှေ့ဆီသို့ ရောက်ရှိလာပြီးသည့်နောက် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “ဂါရဝပြုပါတယ် ဂိုဏ်းချုပ်”
မူလအစစ်အမှန်ပုံစံကို ပြောင်းလဲထားခဲ့ပြီဖြစ်သော နဂါးမျိုးနွယ်မှ အထက်ပိုင်းအကြီးအကဲ တစ်ဒါဇင်ကျော်ခန့် တို့သည် ၎င်းတို့၏ ဦးခေါင်းကို ငုံ့ကာဖြင့် မျက်လုံးထဲတွင်တော့ လေးစားမှုများ ပြည့်နေကြသည်။ မွန်းစတား ကလန်ကြီးနှစ်ခုဆီမှ အထက်ပိုင်းအကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာပြီးသည့်နောက် တစ်ယောက်သည် ခေါင်းဆောင်ဟုခေါ်၍ တခြားတစ်ယောက်မှာတော့ ဂိုဏ်းချုပ်ဟု ပြောဆိုလျက်ရှိ၏။
ပြင်ပမှ လာရောက်ကြည့်ရှုသူများသည် ပိုမိုကာ အံ့အားသင့်နေကြသည်။
ဆွစ် ဆွစ်
မကြာခင်မှာပဲ တစ်လောကလုံးဆီမှ အလင်းတန်းများ ရောက်ရှိလာ၏။ ၎င်းတို့ ထုတ်ဖော်နေသည့် အော်ရာများကို ကြည့်ရှုရမည်ဆိုလျှင် လူသားများ မဟုတ်ကြောင်း သိရှိနိုင်၏။
“နှုတ်ဆက်ပါတယ် ဂိုဏ်းချုပ်ကျွင်း... မိုးကြိုးကြံ့မျိုးနွယ်ရဲ့ ခေါင်းဆောင် ရောက်ရှိလာပါတယ်”
“နှုတ်ဆက်ပါတယ် ဂိုဏ်းချုပ်ကျွင်း... ရေခဲဖီးနစ်ကလန်ရဲ့ ခေါင်းဆောင် ရောက်ရှိလာပါတယ်”
“နှုတ်ဆက်ပါတယ် ဂိုဏ်းချုပ်ကျွင်း... နတ်ဘုရားခရီးနှင်သူကလန်မှ ခေါင်းဆောင် ရောက်ရှိလာပါတယ်”
.........
များပြားလွန်းလှသော မွန်းစတားကလန်အသီးသီးမှ ခေါင်းဆောင်များသည် ၎င်းတို့၏ အထက်ပိုင်းအကြီးအကဲများ ကိုခေါ်ဆောင်ကာဖြင့် ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိလာခဲ့ကြသည်။ အားလုံးသော သူတို့သည် လာရောက်ကာ ဂါရဝပြု ကြ၏။ ထို့ကြောင့် ကြည့်ရှုနေသူများ အားလုံးသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်မိနေလေ၏။
ဒါ ဘာကို ဆိုလိုသနည်း။
ဖလက်ရှ်
စက်ရုပ်နံပါတ် ခြောက်ဆယ့်ခြောက်ကို ထိန်းချုပ်ထားလျက်ရှိသော လီထျန်းထျန်းသည် အခွင့်အရေးကို အရယူကာဖြင့် သူ၏ကင်မရာဖြင့် သေသေချာချာ လိုက်လံရိုက်လျက် ရှိနေသည်။
ဆွစ် ဆွစ်
ထိုအချိန်မှာပဲ လင်းထျန်အင်မော်တယ်ဂိုဏ်းဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ရှေ့ဆုံးမှ ဦးဆောင်လာ သည့်လူသည် လင်းဟောင်ရန်ပင်ဖြစ်သည်။
“ကျွင်းချောင်ရှောင်း” ရွက်သင်္ဘော၏အရှေ့တွင် ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းကို မြင်ရသည့်အချိန် မှာတော့ သူသည် အလွန်ပင် ဒေါသထွက်လျက်ရှိ၏။
ချီးတဲ့မှ... ဘာလို့ ရှိသမျှ ကလန်တွေအကုန်လုံး ရောက်လာရတာလဲ။
သူသည် အစစ်အမှန် ဒေါသထွက်လျက် ရှိသည်ဆိုသော်လည်း များပြားလွန်းလှသော ကလန်အသီးသီးမှ ကျွမ်းကျင်သူများကို မြင်ရသည့်အချိန်မှာတော့ ကိုယ်ရှိန်ကိုသတ်လိုက်မိသည်။
“ဂိုဏ်းချုပ်လင်း”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “ဆိုရိုးစကား ရှိတယ်လေ။ ရန်ကြွေးဆိုတာ အကြာကြီးထားလို့ ကောင်းတာမဟုတ်ဘူး။ လင်းထျန်အင်မော်တယ်ဂိုဏ်းက ပြိုင်စံရှားဂိုဏ်းဆီကို လာပြီး လည်ပတ်ဖူးတယ်ဆိုတော့ ကျုပ်ကလည်း လာလည်တာပါ”
........
လင်းဟောင်ရန်၏ အမူအရာတစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့၏။ ကလန်အသီးသီးဆီမှ မွန်းစတားများသည် ရောက်ရှိလာခဲ့ကြ၏။ ဤတစ်ကြိမ် လာရောက်လည်ပတ်ခြင်းသည် အမှန်တကယ် ကြီးမားလွန်းလှချေ၏။ ဆိုလိုသည်မှာ အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှ လက်ရွေးစင်တပည့်တစ်သိန်းတို့သည် ပြိုင်စံရှား ိုဏ်းဆီသို့ လာရောက်လည်ပတ်ခဲ့၏။ ထို့ကြောင့် သူတို့သည် ကြီးမားသည့်အရှိန်အဟုန်ဖြင့် ပြန်လည် မလည်ပတ်ပါက အထင်သေးစရာ ဖြစ်တော့မည် မဟုတ်ပါလား။
“ဂိုဏ်းချုပ်ကျွင်း”
လင်းဟောင်ရန်သည် ပြောလိုက်မိ၏။ “ခင်ဗျားက အခက်အခဲတွေကို ပိုပြီးရှုပ်ထွေးအောင် လုပ်ချင်နေတာလား”
ဟား ဟား ဟား ဟား
ကုန်းရှန့်သည် အားရပါးရ ရယ်မောလိုက်မိသည်။
စီနီယာတုံးကုသည် အမှန်ပင် ဖြောင့်မတ်လွန်းလှသူဖြစ်၏။ ထို့ကြောင့် သူသည် အထင်အမြင်သေးသည့် မျက်နှာသွင်ပြင်ဖြင့် လင်းဟောင်ရန်ကို လှမ်းကာကြည့်ရှုလိုက်၏။ သူ၏ ဂုဏ်သိက္ခာတရားသာ မရှိပါက အရှေ့ဆီသို့ ထိုးထွက်သွားပြီး မျက်နှာကို တံတွေးဖြင့် ထွေးမိမှာ သေချာ၏။
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည် သူ၏တပည့်ဆီသို့ လာရောက်ကာ တိုက်ခိုက်သည့် အချိန်တုန်းက ဤကဲ့သို့အရာမျိုးကို မစဉ်းစားခဲ့လေဘူးလား။
“ဂိုဏ်းချုပ်လင်း”
ကျွင်းချောင်ရှောင်းသည် သူ၏ဆံပင်များအားလုံးကို အနောက်ဘက်သို့ သပ်တင်ကာ ပြောလိုက်၏။ “ကျုပ်တို့အားလုံးက ဂိုဏ်းသူဂိုဏ်းသားတွေပဲလေ။ ပြီးတော့ အထက်နယ်မြေဆီမှ တွေ့လေ့တွေ့ထ ရှိနေကြ တာပဲ။ ကျုပ်လည်း ခက်ခဲတဲ့ကိစ္စရပ်တွေ ဖြစ်အောင် မလုပ်ချင်ပါဘူး။ ဒီလိုလုပ်ရအောင်။ ခင်ဗျားတို့ဂိုဏ်းမှာ ရှိနေတဲ့ သို်ငးပညာအရင်းအမြစ်တွေ အကုန်လုံးကို ကျုပ်ကိုပေးလိုက်။ ဒီလိုဆိုရင် ချက်ချင်း ထွက်ခွာသွားမယ်”
“ထွီ”
စနစ်က ပြောလိုက်၏။ “တခြားသူတွေရဲ့ အရင်းအမြစ်တွေကို လောဘတက်နေပြန်ပြီ”
လက်ရှိအခြေအနေမှာတော့ လင်းထျန်အင်မော်တယ်ဂိုဏ်းသည် ပြိုင်စံရှားဂိုဏ်းနှင့် မည်သို့မှ ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ဖြစ်ပေါ်လာနိုင်သည့် အကောင်းဆုံးသော ရလဒ်သည် ပိုက်ဆံပေး၍ အမှားကို ဝန်ခံလိုက်ခြင်းသာ ရှိတော့သည်။
သို့ပေမဲ့ လင်းဟောင်ရန်သည် ရှိရှိသမျှသော အရင်းအမြစ်များကို ပေးအပ်ရမည်ဆိုသော စကားကို ကြားရသည့်အချိန်မှာတော့ မပျော်မရွှင် ဖြစ်လို့နေခဲ့သည်။ အရင်းအမြစ်ဆိုသည်မှာ ဂိုဏ်းတစ်ခုအတွက် အလွန်ပင် အရေးကြီးလှ၏။ ထိုအရာများအားလုံးကို လွှဲပြောင်းပေးအပ်လိုက်ရခြင်းဆိုသည်မှာ မိမိ၏ သိုင်းပညာကို ဖျက်ဆီး ပစ်လိုက်ခြင်းနှင့်ပင် ဆင်တူ၏။
“ဂိုဏ်းချုပ်ကျွင်း”
လင်းဟောင်ရန်က ပြောလိုက်သည်။ “လင်းထျန်အင်မော်တယ်ဂိုဏ်းက ကျိန်းသေပေါက် လျော်ကြေးပေးချင်ပါတယ်။ ဒါပေမဲ့ ရှိသမျှ အရင်းအမြစ်တွေ ပေးဖို့တော့ မတတ်နိုင်ပါဘူး”
သူတို့၌ သန်းနှင့် ချီသော တပည့်များ တည်ရှိလို့နေခဲ့၏။ လျော်ကြေးပေးချင်သည်ဟု ပြောဆိုနေမှတော့ အရှုံးပေးချင်သည်ဟု ပြောဆိုနေသည်နှင့် ဆင်တူနေသည်။ သို့ပေမဲ့ အရှုံးပေးခဲ့သည်ဆိုလျှင်တောင်မှ အနည်းငယ်တော့ တောင့်ခံထားမှ ဖြစ်ပေလိမ့်မည်။ အနည်းဆုံး ဈေးဆစ်လို့ ရနိုင်မည်ဆိုလျှင်လည်း မဆိုးလှချေ။
“ရှိသမျှအရင်းအမြစ်တွေ အားလုံးကို အသုံးပြုလိုက်မယ်ဆိုရင် လင်းထျန်အင်မော်တယ်ဂိုဏ်းက အထက်နယ်မြေ ကနေ ဖယ်ရှားခြင်း မခံရတော့ဘူး။ ဒါဆိုရင် ဒီအပေးအယူက ထိုက်တန်တယ် မဟုတ်လား” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။
အားလုံးသောသူများသည် နားလည်သွားခဲ့၏။ ဂိုဏ်းချုပ်ကျွင်း၏ ဆိုလိုရင်းမှာ ရိုးရှင်းလွန်းလှချေသည်။ ရှိရှိသမျှ သော အရင်းအမြစ်များ အားလုံးကို လွှဲပြောင်းပေးအပ်လိုက်မည်ဆိုလျှင် လင်းထျန်အင်မော်တယ်ဂိုဏ်းဆိုသည်မှာ ကျန်ရှိနေမည်။ အကယ်၍ မပေးပါက အထက်နယ်မြေဆီမှ ဖယ်ရှားခံရပေလိမ့်မည်။
“မောက်မာလိုက်တာ” အားလုံးသောသူများသည် ထိုကဲ့သို့ပင် တွေးတောမိကြ၏။ အထက်နယ်မြေတွင် ရှည်လျား လှသည့် သမိုင်းကြောင်းကို ပိုင်ဆိုင်သော အင်မော်တယ်အဆင့်ဂိုဏ်းတစ်ခု အနေဖြင့် နတ်ဘုရားကဲ့သို့ပင် တန်ခိုး အရှိန်အဝါ ကြီးမားလွန်းလှ၏။ တစ်စုံတစ်ယောက်သည် လက်ရှိအချိန်၌ လာရောက်ကာ ချိန်းခြောက်လျက်ရှိ၏။ ထိုအရာသည် သူတို့အနေနှင့် အိမ်မက်ပင် မမက်ဖူးသော ကိစ္စရပ်ပင် ဖြစ်လေသည်။
“ညှိနှိုင်းဆွေးနွေးမှု မလုပ်ချင်ဘူးလား” လင်းဟောင်ရန်သည် ခက်ခက်ခဲခဲဖြင့် မေးလိုက်မိသည်။ သူသည် အားလုံး အရှေ့တွင် တောင်းပန်နေရသည်ကို အလွန်ပင် နာကျင်လျက်ရှိသည်။ သို့ပေမဲ့ ပြောစရာရှိသည်မှာ အင်မော်တယ် အဆင့်ဂိုဏ်းတစ်ခု၏ အခြေခံသည် သူ၏လက်ထဲတွင် ပျက်စီးသွားမည်ကို စိုးရိမ်ပူပန်နေမိသေး၏။
“မလုပ်ချင်ဘူး” ကျွင်းချောင်ရှောင်း၏ အဖြေသည် အမှန်ပင် တိကျလှ၏။ အချက်အလက်အားဖြင့် သူသည် ဖြစ်နိုင်ဖွယ်ရာ အရာများအားလုံးကို တောင်းဆိုပြီးပြီဖြစ်၏။ လင်းထျန်အင်မော်တယ်ဂိုဏ်းသည် လက်ရွေးစင် ဂိုဏ်းသားတစ်သိန်းကျော်အား ခေါ်ဆောင်လာပြီး သူ့အားလာရောက်တိုက်ခိုက်ခဲ့စဉ်က ထိုကဲ့သို့ မတွေးတော့ခဲ့ဖူး လား။
လင်းဟောင်ရန်၏ အမူအရာသည် ပြောင်းလဲသွားခဲ့တော့၏။ သူသည် စိတ်ထဲတွင် လွန်ဆွဲလျက် ရှိနေ၏။ မျက်လုံး ထဲတွင် ဒေါသတရားများ ဖြစ်တည်လာခဲ့သည်။ အဆုံးသတ်မှာတော့ သူသည် စကားတစ်ခုတည်းကိုသာ ပြောလိုက် မိ၏။ “အဆင်ပြေတယ်”
“ချီးကို အဆင်ပြေပါလား”
ရုတ်တရက် လင်းထျန်အင်မော်တယ်ဂိုဏ်း၏ အတွင်းဘက်ဆီမှ အသံအိုကြီးတစ်ခုက ထွက်ပေါ်လာသည်။ “ငါဒီမှာ ရှိနေမှတော့ လင်းထျန်အင်မော်တယ်ဂိုဏ်းကို ဘယ်သူမှလာပြီး ငွေညှစ်လို့မရဘူး”
ဆွစ် ဆွစ် ဆွစ်
အသံထွက်ပေါ်ပေါ်ခြင်းမှာပဲ လေလှိုင်းများ ဖြစ်တည်လာ၏။ ပတ်ဝန်းကျင်တည်နေရာထဲတွင် ရှိနေသော ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများသည် ဘာမှန်းမသိသည့် အားတစ်ခုနှင့် စုစည်းခြင်းကို ခံလိုက်ရ၏။ ပြီးသည့်နောက် ကြီးမားသည့် လက်ဝါးရိုက်ချက်ကြီး ဖြစ်ပေါ်လာပြီး ရှေးရွက်သင်္ဘောကြီးဆီသို့ ကျဆင်းလာ၏။
“အိုး... မဟုတ်ဘူး” ကြီးမြတ်သူတုံးကု၏ အမူအရာသည် ပြောင်းလဲသွားသည်။
“ခေါင်းဆောင်ကို ကာကွယ်ကြ” ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါးတို့သည် အလျင်အမြန်ပဲ တုန့်ပြန်လိုက်ကြ၏။ သူတို့သည့် အပေါ်သို့ ခုန်တက်လိုက်ပြီးသည့်နောက် ကျောက်ရုပ်တုမျိုးနွယ်ကလန်၏ စွမ်းအင်များကို ထုတ်ဖောက်ကာ အကာအကွယ် အတားအဆီးများကို ထုတ်ဖော်ကြ၏။
“ငြိမ်ငြိမ်နေကြ”
ကျွင်းချောင်ရှောင်း၏ အသံသည် ရွက်သင်္ဘောကြီးဆီမှ ထွက်ပေါ်လာသည်။ “ကျုပ် သူနဲ့ ရင်ဆိုင်လိုက်မယ်”