← Chapters

အခန်း ၁၆၆၂

Vol. 112 Ch. 1662

အခန်း ၁၆၆၂

Vol. 112 Ch. 1662

အပိုင်း (၁၆၆၂)

ဘုန်း

နားကွဲလောက်စရာ ပေါက်ကွဲမှုကြီးသည် လင်းထျန်အင်မော်တယ်ဂိုဏ်း၏ အပြင်ဘက်ဆီမှ ထွက်ပေါ်လာခဲ့၏။ ကြမ်းတမ်းလွန်းလှသော လေလှိုင်းများအားလုံးသည် တည်နေရာတစ်ခုလုံးကို တွန့်လိမ်၍ ပြိုလဲသွားစေခဲ့၏။ ရှေးရွက်သင်္ဘောကြီး၏ထိပ် တည်နေရာတည့်တည့်တွင် မုန်တိုင်းတစ်ခုကဲ့သို့ပင် ဖြစ်တည်ပြီး လေဟာနယ်များ သည် ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးကိုပင် သက်ရောက်စေခဲ့တော့၏။

ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါးတို့သည် ၎င်းတို့၏ ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ စွမ်းအင်များကို စုစည်းကာဖြင့် ကြီးမားလွန်းလှသော အကာအကွယ်နံရံကြီးတစ်ခုကို ဖန်တီး၍ ကာကွယ်ထားလိုက်သည်။

ဘန်း ဘန်း ဘန်း

တုန်ခါမှုလှိုင်းများသည် ဖြစ်တည်လာခဲ့ပြီးသည့်နောက် စည်းအတားအဆီး အစီအရင်ကြီးကို ဆက်တိုက် ဆိုသလိုပဲ တိုက်ခိုက်နေသည်။ ကြီးမြတ်သူတုံးကု၊ မာဆာတိုကီတာနိုနှင့် တခြားသော လွတ်လပ်သည့် ကျင့်ကြံသူ များသည် အတားအဆီး အစီအရင်၏နောက်တွင် တည်ရှိလျက်ရှိနေကြပြီး ၎င်းတို့၏ အသွင်အပြင် အမူအရာ များသည်လည်း ထပ်ခါတလဲလဲ ပြောင်းလဲလျက် ရှိနေကြ၏။

အကယ်၍ ကျောက်ရုပ်ထုမျိုးနွယ်မှ စွမ်းအားမြင့် ကျင့်ကြံသူများသာ မရှိပါက သူတို့သည် ဤအစွမ်း သက်ရောက်မှုများကို ခံရမှာ သေချာသည်။ အနည်းဆုံးအနေဖြင့် သွေးအန်ကာ ဒဏ်ရာရရှိမည်ဖြစ်ပြီး အဆိုးဆုံး အနေဖြင့် သေဆုံး၍ပင် သွားနိုင်သည်။

ပွဲကို လာရောက်ကြည့်ရှုကြသော သန်းနှင့်ချီသည့် သိုင်းကျင့်ကြံသူများမှာတော့ ကံဆိုးလှချေသည်။ သူတို့အနေနှင့် တစ်စုံတစ်ယောက်သည် လင်းထျန်အင်မော်တယ်ဂိုဏ်းဆီမှ ပျံသန်းထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လက်ဝါးရိုက်ချက်ကြီးကို လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ရိုက်ချလိုက်မည်ဟု မထင်မှတ်ထားခဲ့ ကြချေ။ ထို့ကြောင့် တိုက်ခိုက်မှု၏ လှိုင်းအဟုန်များ ပျံ့နှံ့သွားပြီးသည့်နောက် သူတို့သည် တုန့်ပြန်ရန် အချိန်ပင် မရလိုက်ချေ။ အားလုံးတို့သည် သက်ရောက်ခြင်းကို ခံလိုက်ရ၏။

ဝေါ့ ဝေါ့

သွေးများသည် မြေပေါ်သို့ ပျံ့နှံ့လျက် ရှိသည်။

တုန်ခါမှုလှိုင်းအဟုန်များ အားပျော့သွားသည့် အချိန်တွင် လင်းထျန် အင်မော်တယ်ဂိုဏ်း၏ အပြင်ဘက်တွင် ရပ်လျက်ရှိနေသော သိုင်းကျင့်ကြံသူ အားလုံးသည် ဆယ်မိုင်အကွာအဝေး ကျော်ဆီသို့ပင် လွင့်စင်သွားခဲ့ကြ၏။ မြေပေါ်တွင် များပြားလွန်းလှသော အလောင်းများသည် လဲလျောင်းလျက် ရှိနေကြ၏။

ဤအရာ- ဤအရာသည် ပွဲလာကြည့်သည့် အကျိုးဆက်ပင်ဖြစ်သည်။

ဟုတ်ပေသည်။ တိုက်ခိုက်မှု၏ အားအင်အဆင့်သည် အလွန်ပင် မြင့်မားလွန်း၏။ သာမန်အစစ်အမှန်ရှာဖွေခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်သည် ဤတုန်ခါမှုကြောင့် ဆိုးရွားသည့်ဒဏ်ရာ ရရှိသွားမှာ သေချာသည်။

“ကြောက်မက်ဖွယ်ရာ ကောင်းလိုက်တာ။ ဒါဘယ်လိုစွမ်းအင်တွေလဲ”

အဝေးဆီသို့ လွင့်စင်သွားခဲ့ပြီး ခန္ဓာကိုယ်ထဲ တွင် ရှိနေသည့် သွေးများကို အပြင်းအထန် ဖိနှိပ်လိုက်ရသည့် သိုင်းကျင့်ကြံသူများသည် ကောင်းကင်ပေါ်တွင် ရှိနေသည့် အက်ကွဲကြောင်းကြီးကို လှမ်းကာကြည့်ရှုလိုက်ကြ၏။

လှိုင်းအဟုန်များသည် အဆင့်နိမ့် ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သည်ဆိုသော်လည်း အဆင့်မြင့်ကျင့်ကြံသူများ ကိုတော့ ဒဏ်ရာရရှိအောင်သာ ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် သူတို့သည် ဆက်လက်ကာ ပုန်းကွယ်ကြည့်ရှုရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့အပြင် သူတို့သည် တိုက်ပွဲ၏ ဆယ်မိုင်အကွာသို့ ရောက်ရှိနေပြီဖြစ်သည်။ သက်ရောက်မှုဖြစ်လာခဲ့မည်ဆိုလျှင်တောင်မှ သူတို့၏ ကံတရားကို လက်ခံလိုက်ရမည်ဖြစ်သည်။

ဝှစ် ဝှစ်

တည်နေရာတစ်ခုလုံး ပြိုလဲလျက်ရှိနေသည့် နေရာတွင် လေများသည် တဝှီးဝှီးနှင့် တိုက်ခတ်လျက်ရှိနေပြီး ဓားအော်သံများ ထွက်ပေါ်နေ၏။

အသက်ခုနှစ်ဆယ်နီးပါးခန့်ရှိသော ဆန်းကြယ်လှသည့် အဘိုးအို တစ်ယောက်သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ၎င်း၏ မျက်လုံးများသည် နက်ရှိုင်းကာ စူးရှလွန်းလှ၏။ အရိုးပေါ် အရေတင်လျက်ရှိနေသော လက်ချောင်းများသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများနှင့် စုစည်းလျက် ရှိနေသည်။ ထိုသူသည် လင်းထျန်အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေး အကြီးအကဲကြီးဖြစ်သော ပိုယာကျိပင် ဖြစ်သည်။

ဤလူသည် စုတ်ပြတ်သတ်လျက်ရှိနေသည့် တည်နေရာကြီးထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းသည် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်၏ ဟိတ်ဟန်ကို ထုတ်ဖော်လျက်ရှိသည်။ သူသည် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှ ဂိုဏ်းချုပ်များ နှိုင်းယှဉ်၍ ရလောက်သည့် လူမဟုတ်ချေ။

“ခြေလှမ်းဝက်လား။ မဟုတ်သေးဘူး။ သူက အရင်ခေါင်းဆောင်ဟောင်းလောက် အားမကောင်းသေးဘူး” ဝန်ကြီး သုံးပါးနှင့် မူးမတ်ကိုးပါးတို့သည် မြန်မြန်ဆန်ဆန်ပဲ သုံးသပ်လိုက်ကြသည်။

ဤအရာမှာ အဓိကမဟုတ်ပေ။ အဓိက အချက်မှာ ခေါင်းဆောင် အဆင်ပြေနေသည်လား။ အားလုံးတို့သည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် ကြည့်ရှုလိုက်သည့်အချိန်မှာတော့ မြေတည်နေရာထဲတွင် နစ်ဝင်လျက်ရှိသည့် ကျွင်းချောင်ရှောင်းကို မြင်လိုက်ရ၏။

ခေါင်းဆောင်သည် တွင်းနက်ထဲမှ အပေါ်သို့ ဖြည်းဖြည်းချင်း ပြန်တက်လာခဲ့၏။ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်သည် တောက်ပလျက် ရှိ၏။ နှုတ်ခမ်းထောင့်တွင်တော့ ချောမောလွန်းသော အပြုံးတစ်ခု တည်ရှိလို့နေသည်။

“ဟမ်” ပိုယာကျိသည် မျက်မှောင်ကုတ်မိသွား၏။ ခုနတုန်းက လှုပ်ရှားတိုက်ခိုက်လိုက်သည့် သိုင်းနည်းစနစ် သည် ဂိုဏ်း၏ ထိပ်တန်းသိုင်းနည်းစနစ်ဖြစ်သည်။ လင်းထျန်အရိုးကြေနည်းစနစ်ပင် ဖြစ်၏။ ထို့အပြင် အဆုံးစွန်အထိ သူကနားလည်ခဲ့ပြီဖြစ်သောကြောင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် ထွက်ပေါ်လာနိုင်သည့် အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

“အံ့အားသင့်စရာ မဟုတ်တော့ဘူး”

ပိုယာကျိက တွေးလိုက်မိ၏။ “ဂိုဏ်းချုပ် ခုနှစ်ယောက်ကို သတ်နိုင်တယ် ဆိုတာ မဆန်းဘူးပဲ”

သူ၏အားအင်အဆင့်သည် ကုန်းစွန်းရော့လီလောက် မကောင်းဘူးဆိုလျှင်တောင်မှ နတ်ဘုရား ခြေလှမ်းဝက်လောက် လှမ်းနိုင်ရန်အထိတော့ နီးကပ်လျက်ရှိသည်။

အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် ရှိနေသော ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့သည် သူ၏ ပြိုင်ဘက်များ မဟုတ်ကြချေ။ ကျွင်းချောင်ရှောင်းမှာတော့ စောနက လက်ဝါးရိုက်ချက်ကို ခုခံနိုင်လိုက်သည် ဆိုသော်လည်း ရွက်သင်္ဘောကြီးဆီမှ ဘေးဘက်သို့ လွင့်စင်သွားခဲ့၏။ သူသည် စောနက တိုက်ခိုက်ချက်တွင် ဘာတစ်ခုမှ မဖြစ်ခဲ့သည်ကို သုံးသပ်ရမည်ဆိုလျှင် နတ်ဘုရားအဆင့်သို့ ခြေလှမ်းတစ်ဝက်လှမ်းနိုင်သည့် အားအင် အဆင့်ရှိသည်ဟု ပြောဆိုရပေလိမ့်မည်။

အားလုံးသော သူတို့၏ ကြိုးစားမှုသည် အလုပ်ကြိုးစားမှုနှင့် သိရှိနားလည်မှုကြောင့် ဖြစ်တည်လာခဲ့၏။ သို့ပေမဲ့ ကုန်းရှန့်မှာတော့ ထိုကဲ့သို့ မဟုတ်လှချေ။ အချက်အလက်အားဖြင့် ကြယ်တာရာစိတ်ဝိညာဉ်လောက၏ ပထမ ရေတပ်ဦးစီးချုပ် လာရောက်ကျူးကျော်သည့်အချိန်တွင် ပိုယာကျိသည် တိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့၏။

ထိုအချိန်တုန်းက ကျွင်းချောင်ရှောင်းသည် ဤအဆင့်တိုက်ခိုက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် အရည်အချင်း မရှိလှပေ။ ထို့ကြောင့် အဝေးဆီကသာ ကြည့်ရှုနေရ၏။ ထို့အပြင် တစ်ဖက်လူသည် အလွန် အားကောင်းလှသော စွမ်းအင်များကို ထုတ်ဖော်နေသောကြောင့် ၎င်း၏ အစစ်အမှန်ပုံရိပ်ကို သေသေချာချာ မမြင်တွေ့ခဲ့ရချေ။

လက်ရှိ အချိန်မှာတော့ သူသည် သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်ရသည်သာမက နှာခေါင်းထဲတွင် ရှိနေသည့် နှာခေါင်းမွှေးများကို ရေတွက်လို့ ရနိုင်အောင်ပင် ရှင်းလင်းလွန်းလှချေသည်။ ဤလူသည် တစ်နှစ်ပတ်လုံး တံခါးပိတ် ကျင့်ကြံမှုကို ပြုလုပ်နေသည်ဖြစ်သောကြောင့် နှာခေါင်းကို သန့်ရှင်းရေးပြုလုပ်ထားသည့်ပုံ မပေါ်ချေ။ လက်သည်းနှင့် ခြေသည်းများ အားလုံးသည် ရှည်လျားလျက် ရှိနေပြီး မုတ်ဆိတ်ကျင်စွယ်များကလည်း မရိတ်ထားရသေးချေ။ ဆံပင်များကလည်း ရှုပ်ထွေးလျက် ရှိနေသည်မှာ သာမန်သာဖြစ်သည်။

ဖြည်းဖြည်းချင်း ကောင်းကင်ပေါ်သို့ ပျံတက်လာပြီးသည့်နောက် သတ်မှတ်ထားသည့် တည်နေရာတွင် ရပ်တန့် လိုက်၏။ ကျွင်းချောင်ရှောင်းသည် သူ၏ ပခုံးထက်တွင် ရှိနေသော ဖုန်များကို အသာပုတ်ခါကာဖြင့် ပြောလိုက်၏။ “ကျုပ်က လင်းထျန်အင်မော်တယ်ဂိုဏ်းကို နည်းလမ်းတစ်ခု ပေးခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားက မပူးပေါင်းချင်ဘူး ဆိုမှတော့”

လေထုထဲမှာပဲ အင်မော်တယ်ဓားက ပေါ်ပေါက်လာခဲ့၏။ မျက်လုံးထဲမှာလည်း သတ်ဖြတ်လိုခြင်းဆန္ဒများ အားကောင်းစွာ ဖြစ်တည်လာခဲ့သည်။ “အထက်နယ်မြေဆီကနေ ပျောက်ကွယ်သွားလိုက်တော့”

“ကောင်လေး”

ပိုယာကျိသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “လင်းထျန်အင်မော်တယ်ဂိုဏ်းဆိုတာ အထက် နယ်မြေမှာ တည်ရှိခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းကျော် ကတည်းကပဲ။ မင်းလိုမျိုး အခုမှ ဖြစ်တည်လာခဲ့တဲ့ ဂိုဏ်းတစ်ခုက ဘယ်လိုလုပ် ဖျက်ဆီးလို့ ရမှာလဲ”

“ဘိုးဘေးအကြီးအကဲကြီး” လင်းဟောင်ရန်သည် တစ်စုံတစ်ခုကို ပြောဆိုလိုက်ချင်၏။ သို့ပေမဲ့ ရပ်တန့်လိုက်၏။ ဘိုးဘေးကြီးသာ အပြင်သို့ ထွက်လာသည် မဟုတ်ပါက သူသည် ကျိန်းသေပေါက် လျော်ကြေးကို ပေးအပ်ဖို့ ရွေးချယ်လိုက်မှာဖြစ်၏။ ထို့အပြင် သူသည် နတ်ဘုရား စွမ်းအင်ကို အသုံးပြုခဲ့၍ ဒဏ်ရာလည်း ရရှိနေခဲ့၏။ ဂိုဏ်း၏ လက်ရွေးစင်တပည့်များအားလုံးသည် ကြီးမားသည့် ကပ်ဘေးကြီးကို ရင်ဆိုင်ခဲ့ရ၏။ သူတို့အနေနှင့် ထပ်မံကာ ထိခိုက်၍ မဖြစ်နိုင်ခဲ့ချေ။

“ဟောင်ရန်”

ပိုယာကျိသည် လက်နှစ်ဖက်ကို အနောက်သို့ ပစ်ကာဖြင့် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။ “လင်းထျန်အင်မော်တယ်ဂိုဏ်း စတင်တည်ထောင်ပြီးကတည်းက လက်ရှိအခြေအနေထိ ငါတို့က သက်ရှိသတ္တဝါ တွေရဲ့ အပေါ်မှာ နေထိုင်ခဲ့တာ၊ ဒီအရာတွေ အားလုံးက ငါတို့ရဲ့အားအင်အဆင့်ကို အမှီအခို ပြုခဲ့တာလေ။ ဆက်လက်တည်ရှိနိုင်ဖို့ ရှိသမျှ အရင်းအမြစ်တွေ အားလုံးကို အသုံးပြုလိုက်မယ်ဆိုရင် မင်းအနေနဲ့ ငရဲပြည်ကို သွားပြီးတော့ ဘိုးဘေးတွေကို ဘယ်လိုလို့ မျက်နှာပြရမှာလဲ”

ဤစကားစုသည် ဆန်းကြယ်လွန်းလှ၏။ ထို့အတူ လင်းဟောင်ရန်၏ စိတ်တစ်ခုလုံးကိုလည်း ထွင်းဖောက်သွား ခဲ့သည်။ မူလအားဖြင့် ဇဝေဇဝါဖြစ်မှု၊ ဝေခွဲမရမှုများနှင့် ဖြစ်တည်ခဲ့သည် မျက်လုံးများသည် ဆုံးဖြတ်ချက် ခိုင်မာစွာ ဖြစ်တည်ခဲ့၏။

“ဘိုးဘေးအကြီးအကဲကြီး... ဂုဏ်သိက္ခာမဲ့စွာ နေထိုင်ရခြင်းထက် ဂုဏ်သိက္ခာရှိစွာနဲ့ သေဆုံးသွား ရမှာပဲ ကြိုက်တယ်”

ပိုယာကျိက ပြောလိုက်သည်။ “အင်း.... ဒါက လင်းထျန်အင်မော်တယ်ဂိုဏ်းရဲ့ လူတစ်ယောက်ပဲ၊ လင်းထျန် အင်မော်တယ်ဂိုဏ်းမှာ ရှိသင့်တဲ့ စိတ်ဓာတ်ပဲ”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ဆဲဆိုလျက် ရှိနေသည်။ တစ်ဖက်လူသည် ဗီလိန် တစ်ယောက်ဖြစ်နေသည် ဆိုသော်လည်း အလွန်လှပသည့်စကားများကို ပြောဆိုလျက် ရှိနေတော့သည်။ ဂိုဏ်းနှစ်ခု ကြားတွင် မည်သည့် မှားယွင်းမှု၊ မှန်ကန်မှုဟူ၍လည်း မရှိချေ။ သူတို့သည် ရည်မှန်းချက် လည်း တူလှသည် မဟုတ်ချေ။ ထို့အတူ အားကောင်းသောသူသည် အားနည်းသူကို ဖိနှိပ်အနိုင်ကျင့်သည့် သိုင်းကျင့်ကြံခြင်း လောက တွင်တော့ အရာအားလုံးသည် အားအင်အဆင့်ပေါ်တွင်သာ မူတည်လျက်ရှိ၏။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် သူ၏ဓားကိုမြှောက်ကိုင်ကာဖြင့် တည်ငြိမ်စွာပြောလိုက်သည်။ “ကျုပ် ခင်ဗျားရဲ့ ဘိုးဘေးတွေကို သွားတွေ့နိုင်ဖို့ ငရဲပြည်ကို ပို့ပေးမယ်”

ဆွစ်

တောက်ပလွန်းလှသော မီးစိတ်ဝိညာဉ်သည် ဓားတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ တည်နေရာကြီးတစ်ခုလုံးသည် အပူဒဏ်ကြောင့် တစ်ဟုန်းဟုန်းနှင့် အသံများပင် မြည်လျက်ရှိ၏။

ဤလူ၏ အားအင်အဆင့်ကို အထင်သေး၍ မရကြောင်း ပိုယာကျိက ကောင်းကောင်း နားလည်၏။ ထို့ကြောင့် သူ၏ ကျန်းချီနှင့် ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများကို အသုံးပြုကာဖြင့် စွမ်းအင်များကို စုစည်းလျက် ရှိနေသည်။ သူ၏အကြည့်များသည်လည်း ပိုမိုကာ လေးနက်လာခဲ့သည်။

“လာစမ်း”

ကျွင်းချောင်ရှောင်းသည် အော်ဟစ်လိုက်၏။ “တိုက်ခိုက်လိုက်ကြအောင်”

ကုယန်းကျိက ပြောလိုက်သည်။ “ငါကံကောင်းလို့ အနိုင်ရမယ်ဆိုရင် ငါတို့ဂိုဏ်းကြားမှာရှိတဲ့ ရန်ငြှိုးရန်စတွေ အားလုံးကို ဖယ်ရှားလို့ရမလား။ ဘယ်လိုလဲ”

“အားနာပါတယ်”

ကျွင်းချောင်ရှောင်းသည် သူ၏ဓားကို ကိုင်ကာဖြင့် မတ်မတ်ရပ်လိုက်၏။ “ခင်ဗျား နိုင်မှာ မဟုတ်ဘူး”

ဤနေရာတွင် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် လင်းထျန်အင်မော်တယ်ဂိုဏ်းမှ ဘိုးဘေးအကြီးအကဲတို့၏ကြား တိုက်ခိုက်ပွဲသည် စတင်ခဲ့ပြီဖြစ်၏။ လက်ရှိအချိန်မှာတော့ နှစ်ယောက်ကြား တိုက်ခိုက်မှုသည် အထက်နယ်မြေတွင် ရှိသော ထိပ်တန်း တိုက်ခိုက်ပွဲတစ်ခုဟု သတ်မှတ်နိုင်သည်။

ဝှစ်

မီးတောက်များ တောက်လောင်လျက်ရှိနေသည့် ဓားကြီးသည် လေဟာနယ်တစ်ခုလုံးကို ဖြတ်သန်းပြီးသည့်နောက် နဂါးအော်သံကဲ့သို့ပင် အသံကြီးထွက်ပေါ်နေ၏။

ပိုယာကျိ၏ အမူအရာသည် လေးနက်သွားခဲ့၏။ သူ၏ အရိုးပေါ်အရေတင် ဖြစ်နေသည့် လက်များသည် လေဟာနယ်ထဲသို့ ဝှေ့ယမ်းလိုက်ပြီးသည့်နောက် ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများ အားလုံးသည် တည်နေရာကြီးတစ်ခုလုံးကိုပင် လှုပ်ခါစေခဲ့သည်။ ထိုစွမ်းအင်များ အားလုံးသည် လေထုထဲတွင် ဖြစ်တည် လာခဲ့ တော့၏။ သူက အော်ဟစ်လိုက်တော့သည်။ “အရာအားလုံး ဖျက်ဆီးခြင်း”

နတ်ဘုရားအဆင့် ခြေလှမ်းတစ်ဝက်နီးပါးခန့်ကို ရောက်ရှိနေပြီဖြစ်သော သိုင်းကျင့်ကြံသူတစ်ယောက် ထုတ်ဖော် လိုက်သည့် အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ထို့ကြောင့် ထိုဖျက်ဆီးနိုင်မှု စွမ်းအင် များအားလုံးသည် မီးတောက်ဓားချီများနှင့် ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက် အလင်းတန်းများ ဖြစ်ပေါ်ကာ နားကွဲလောက်စရာ အသံကြီးကလည်း ဖြစ်ပေါ်လာခဲ့၏။

ကံကောင်းစွာဖြင့် ရှေးရွက်သင်္ဘောကြီးသည် အချိန်ကိုက်ပင် အနောက်သို့ ဆုတ်ခွာခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့် မသက်ရောက်စေခဲ့တော့ပေ။

ဘုန်း

သို့ပေမဲ့ ၎င်းတို့ တိုက်ခိုက်နေရာ တည်နေရာကြီးသည် သနားဖွယ်ရာပင် ဖြစ်၏။ ထို့အပြင် ကျယ်လောင်လှ သည့်အသံကြီးကို ထပ်မံကာ ကြားလိုက်ရပြန်သည်။ ပိုယာကျိသည် အမြှောက်ဆံတစ်ခုကဲ့သို့ပင် အနောက်သို့ လွင့်စင်သွားခဲ့ပြီးသည့်နောက် မြေတည်နေရာအနိမ့်ဆီသို့ ကျဆင်းသွား၏။ သူ၏ပုံစံသည် ပုံပျက်ပန်းပျက်ပင် ဖြစ်နေတော့၏။ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရသည့်အချိန်မှာတော့ ၎င်း၏ညာဘက်မျက်နှာပေါ်တွင် လက်သီးရာကြီးတစ်ခုက ထင်ထင်ရှားရှား ပေါ်လို့နေသည်။

“သူ ရိုက်ခံလိုက်ရတာလား” ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့သည် ဆွံ့အသွားခဲ့ကြ၏။

ဝှစ်

ရုတ်တရက်ပဲ အနီရောင်အလင်းတန်းကြီးတစ်ခုသည် စွမ်းအင်ပေါက်ကွဲရာမှ ထွက်ပေါ်လာခဲ့ပြီး ပိုယာကျိဆီသို့ ရောက်ရှိသွားခဲ့သည်။ ထိုသူသည် တရစပ်တိုက်ခိုက်မှုများကို ထုတ်ဖော်၏။ တိုက်ခိုက်ချက် တစ်ခုချင်းစီတိုင်းသည် တဝှီးဝှီးနှင့် မြည်လျက်ရှိနေပြီး မီးတောက်များကလည်း ဖြစ်တည်လျက် ရှိနေသည်။

“တုံးကု”

မာဆာတိုကီတာနိုသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ “ခင်ဗျားတပည့်ရဲ့ အမြန်နှုန်းက မယုံကြည်နိုင်လောက်စရာ မြန်လွန်းတယ်။ ကျုပ်တောင် သေသေချာချာ မမြင်ရဘူး”

ကြီးမြတ်သူတုံးကုသည်လည်း ဆွံ့အသွားခဲ့သည်။ ဤတိုက်ခိုက်မှု အမြန်နှုန်းသည် ကြောက်မက်ဖွယ်ရာကောင်း လွန်းလှပြီး နှင်းဆီဧကရီနှင့် ၎င်း၏သွေးမျိုးဆက်တို့ ထောက်ပံ့ထားသည်ထက်ပင် ပိုမိုကာ အားကောင်းလွန်း နေ၏။ ဖြစ်နိုင်သည်မှာ နောက်ထပ် အရာတစ်ခုခုကို နားလည်ပြီး အဆင့်ချိုးဖြတ်သွားပြန်ပြီလား။

“အင်း... တကယ်တော်တယ်”

ရုတ်တရက် ကောင်းကင်ယံထက်ဆီမှ ချီးကျူးသည့်အသံတစ်ခု ထွက်ပေါ်လာသည်။ အားလုံးသည် မော့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ကောင်းကင်တွင် မတ်မတ်ရပ်နေသည့် ကျွင်းချောင်ရှောင်းကို မြင်လိုက်ရသည်။

ကျွင်းချောင်ရှောင်းသည် လက်ထဲတွင် လက်ဖက်ရည်တစ်ခွက်ကို ကိုင်ကာဖြင့် သောက်လျက်ရှိသည်။ သူအဘယ်ကြောင့် အပေါ်သို့ ရောက်နေရသနည်း။ ထိုသို့ဆိုလျှင် လင်းထျန် အင်မော်တယ်ဂိုဏ်းမှ ဘိုးဘေးအကြီးအကဲကြီးနှင့် မည်သူက တိုက်ခိုက်နေသနည်း။

ဘုန်း

တခြားတစ်ဖက်မှာတော့ တုန်ခါမှုအပြည့်နှင့် အသံကြီးထွက်ပေါ်လာသည်။ ပိုယာကျိသည် အနောက်ဘက်သို့ ဆုတ်ခွာရင်း မြေပေါ်သို့ ပြုတ်ကျလျက် ရှိနေ၏။ သူ့အနေနှင့် ခြေလှမ်းတစ်ဒါဇင်ကျော် အနောက်သို့ ဆုတ်ခွာပြီး မှသာလျှင် ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းချုပ်နိုင်ခဲ့သည်။

“ဒါ လင်းထျန်အင်မော်တယ်ဂိုဏ်းက ဘိုးဘေးအကြီးအကဲကြီးလား”

ကောင်းကင်ယံတွင်တော့ အနီရောင်ဆံပင်နှင့် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်သည် မတ်မတ်ရပ်လျက်ရှိသည်။ သူ၏ခန္ဓာကိုယ်၌ တလက်လက် တောက်ပလျက်ရှိသော မီးတောက်များ ဖြစ်တည်လျက် ရှိနေသည်။ သူသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ “အတိတ်တုန်းက နဂါးအင်ပါယာနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် တော်တော် လိုအပ်သေးတာပဲ”

မည်သူနည်း။ ဗာမေလီယန်ငှက်ဘုရင်ပင်ဖြစ်သည်။ ကောင်းကင်ယံတွင် မတ်မတ်ရပ်လျက် ရှိနေသည့် ကျွင်းချောင်ရှောင်းသည် နောက်ထပ် လက်ဖက်ရည်တစ်ငုံကို သောက်ကာဖြင့် ပြောလိုက်သည်။ “ဒီလို အားကောင်းတဲ့ သက်တော်စောင့် တစ်ယောက်ရှိနေမှတော့ ကျုပ်က ဘာလို့ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ရမှာလဲ”

“ချီးတဲ့မှ”

စနစ်က ထအော်လိုက်မိ၏။ “ဒါက သောက်အဓိပ္ပာယ် မရှိဘူး”

All Chapters