← Chapters

အခန်း ၁၆၆၃

Vol. 112 Ch. 1663

အခန်း ၁၆၆၃

Vol. 112 Ch. 1663

အပိုင်း (၁၆၆၃)

ဘုန်း ဘုန်း

လင်းထျန်အင်မော်တယ်ဂိုဏ်း၏ အပြင်ဘက်တွင်တော့ ပေါက်ကွဲမှုကြီးများ ဖြစ်တည်နေပြီး လေလှိုင်းအဟုန်များ သည် တဟူးဟူးနှင့် မြည်လျက်ရှိ၏။ အလင်းတန်းများသည် စူးရှလွန်းသောကြောင့် အားလုံးသောသူတို့သည် မျက်စိကိုဖွင့်၍ ကြည့်ရှုရန်ပင် ခက်ခဲလျက်ရှိတော့၏။

လင်းထျန်အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးအကြီးအကဲကြီးသည် ဆိုးရွားသည့် အခြေအနေသို့ပင် ရောက်ရှိလျက် ရှိ၏။ အချိန်တိုအတွင်းမှာပဲ သူသည် ဗာမေလီယန်ငှက်ဘုရင်၏ ရိုက်နှက်မှုကို ခံရသောကြောင့် ဆိုးဆိုးရွားရွား ပုံပန်းသွင်ပြင်မျိုး ဖြစ်လျက်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် နာကျင်လျက်ရှိသည်။ လက်ချောင်းများဆိုလျှင် တဆတ်ဆတ်နှင့် မရပ်မနား တုန်ယင်လျက်ရှိသည်။

“အရမ်းအားကောင်းမယ်လို့ ထင်ထားတာ”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “တော်တော်ကြီး အားနည်းနေတာပဲ”

“...............”

ကြီးမြတ်သူတုံးကု၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက်ရှိ၏။ “ငါ့တပည့်.. တစ်ဖက်လူက အားနည်းတာ မဟုတ်ဘူး။ မင်းရဲ့ ပဋိညာဉ်သားရဲက အရမ်း အားကောင်းနေတာလေ”

ဤအရာမှာ ငြင်းပယ်၍ မရနိုင်ချေ။ ထို့အပြင် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းတည်းက ဗာမေလီယန်ငှက်ဘုရင်သည် နဂါးမျိုးနွယ်၏ နဂါးအင်ပါယာ နှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည့် သားရဲတစ်ကောင်ဖြစ်၏။ ပြန်လည်မွေးဖွားလာပြီးသည့် နောက် ပိုမို၍ အသိဉာဏ်ကြွယ်ဝလာပုံပေါ်သည်။

လက်ရှိအခြေအနေမှာတော့ ဆန်းကြယ်လွန်းလှသော ပုံပြောသူထက်စာလျှင် သူနှင့်ယှဉ်ပြိုင်နိုင်သော တစ်ဦး တစ်ယောက်သည် မကြာသေးခင်ကမှ အထက်နယ်မြေမှ ထွက်ခွာသွားခဲ့သော ကုန်းစွန်းရော့လီသာ ဖြစ်ပေ လိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ယုံကြည်ချက်မရှိပါက အဘယ်ကြောင့် တခြားသူ၏ဌာနေဆီသို့ လာရောက်ကာ စိန်ခေါ် တိုက်ခိုက်ခြင်းကို ပြုလုပ်ရဲမည်နည်း။

“ချီးတဲ့မှ”

ပိုယာကျိသည် ဒေါသတရားများနှင့် ဖြစ်တည်လာခဲ့သည်။ တစ်ဖက်လူသည် သူနှင့် တိုက်ခိုက်မည်ဟု ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ တခြားတစ်ယောက်ကို စေလွှတ်ကာ တိုက်ခိုက်စေခဲ့သည်။

ဟုတ်ပေသည်။ ကုန်းရှန့်သည် အစောတည်းက အရှက်တရားကင်းမဲ့သူ မဟုတ်ပါလား။ သူ့အနေနှင့် အကြောင်းပြချက်လည်း တည်ရှိလို့နေသည်။ အဓိကအားဖြင့် ဂိုဏ်းချုပ် တစ်ယောက်၏ တာဝန်ဝတ္တရားသည် သူ့၌ တည်ရှိနေသေး၏။ ထို့ကြောင့် သူသည် ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် အာရုံစိုက်ရပေလိမ့်မည်။ သူကိုယ်တိုင်သွားရောက်ကာ တိုက်ခိုက်နေမည်ဆိုလျှင် ဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲများနှင့် ပဋိညာဉ်သားရဲများသည် သုံးစားမရ ဖြစ်နေမည် မဟုတ်ပါလား။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် နောက်ဆုံးအချိန်၌ ပိုက်ဆံများကို ရေတွက်၍ သိမ်းဆည်းရမည့် သူဌေး တစ်ယောက်၏ အလုပ်ကိုသာ ပြုလုပ်ရပေလိမ့်မည်။ ကျန်သည့် အရာများ အားလုံးကို သူ၏အလုပ်သမားများကို လွှဲအပ်ထားရမည်မှာ သဘာဝပင်ဖြစ်၏။

အား

ပိုယာကျိက အော်ဟစ်လိုက်၏။ သူ၏တိုက်ခိုက်မှု အားအင်အဆင့်သည် ချက်ချင်းပဲ တိုးတက်သွားခဲ့၏။ သူ၏ အရိုးပေါ် အရေတင် ပိန်ခြောက်လျက် ရှိနေသည့် လက်ချောင်းများထဲတွင် အလင်းတန်းများ ဖြစ်တည်လာခဲ့ပြီး ထိုအလင်းတန်းများဆီမှ စွမ်းအင်လှိုင်းများသည် ဗာမေလီယန်ငှက်ဘုရင်ဆီသို့ ရောက်ရှိလာသည်။

ဗာမေလီယန် ငှက်ဘုရင်၏ အနောက်ဘက်တွင်တော့ လှပလွန်းလှသော မီးတောက်အတောင်ပံများသည် ဖြစ်တည်လာခဲ့သည်။ ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံကာဖြင့် အကောင်းမွန်ဆုံးသော အကာအကွယ် တစ်ခုကို ဖန်တီးလိုက်၏။

ဘုန်း ဘုန်း ဘုန်း

အလင်းတန်းများသည် အညှာအတာ ကင်းမဲ့စွာဖြင့် တိုက်ခိုက်လျက် ရှိသည်။ စွမ်းအင်လှိုင်းများမှာတော့ ယခင်ကထက် ပိုမိုကာ အားကောင်းလာခဲ့သည်။ သို့ပေမဲ့ ဆက်တိုက် တိုက်ခိုက်များနှင့် ရင်ဆိုင်သည့်နေရာမှာတော့ ဗာမေလီယန်ငှက်ဘုရင်သည် သူ၏ အတောင်ပံများကို ဖြန့်ကားရင်း တိုက်ခိုက်မှုများကို ဖြေရှင်းလိုက်သည်။

........

ဗာမေလီယန်ငှက်ဘုရင်သည် ချက်ချင်းပဲ ပိုယာကျိ၏အနားသို့ တိုးကပ်လာခဲ့၏။ ပြီးနောက် သူ၏ လက်ကို အသာမြှောက်ပြီး အလွန် ပူပြင်းတောက်လောင်လှသော စွမ်းအင်လှိုင်းများကို ဖန်တီးလိုက်၏။

“သွားပြီပဲ”

ဘုန်း

တောက်လောင်လွန်းသော စွမ်းအင်များသည် တည်နေရာတစ်ခုလုံးသို့ ပေါက်ကွဲထွက်သွားသည်။

ပိုယာကျိသည် အကာအကွယ်အစီအရင်ကို အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ခဲ့ပြီးသား ဖြစ်သည် ဆိုသော်လည်း အနောက်ဘက်သို့ လွင့်စင်သွားခဲ့သည်။ သူသည် မြေပေါ်တွင် လျှောတိုက်အနေအထားမျိုးနှင့် ပေပေါင်းထောင်ချီဆီသို့ လွင့်စင်သွားခဲ့သည်။ မြေပေါ်တွင် ကြီးမားလှသည့် စွပ်ကြောင်းကြီး ဖြစ်တည် ကျန်ရှိခဲ့၏။

ဝေါ့

၎င်းသည် သွေးများကို အန်ထုတ်မိလိုက်၏။ မျက်နှာတစ်ခုလုံးသည်လည်း ဖြူလျော်လျက် ရှိနေသည်။

“ပြီးသွားပြီပဲ”

ကြီးမြတ်သူတုံးကုနှင့် တခြားသော လွတ်လပ်သည့် ကျင့်ကြံသူ များ အားလုံးသည် အနှစ်ချုပ်လိုက်မိကြ၏။

ဗာမေလီယန်ငှက်ဘုရင်သည် ရုတ်တရက် သူ၏ မူလတည်နေရာဆီမှ ပျောက်ကွယ်သွားခဲ့ပြီး ပိုယာကျိ၏ အရှေ့ဆီသို့ ရောက်ရှိသွားခဲ့၏။ လက်သီးတွင် မီးတောက်များ ဖြစ်တည်လျက် ရှိနေပြီး ဆက်တိုက်ဆိုသလိုပဲ ထိုးနှက်တိုက်ခိုက်တော့သည်။

ဘုန်း ဘုန်း ဘုန်း

ကြမ်းတမ်းလှသော မြင်ကွင်းသည် အားလုံး၏ရှေ့တွင် ပေါ်ပေါက်လာခဲ့ကြသည်။ မြင်ကွင်းကို သေသေချာချာ မမြင်ရဘူးဆိုလျှင်တောင်မှ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အရှိန်အဟု်နမျိုးနှင့် ထိုးနှက်နေသည် ဖြစ်ကြောင်းကို သိရှိနိုင်၏။

ဝုန်း

ဗာမေလီယန်ငှက်ဘုရင်သည် အလွန်ပြင်းထန်လွန်းသော လက်သီးချက်ကြီးကို ထုတ်ဖော်ပြီးသည့်နောက် ပိုယာကျိအား ခြေထောက်နှင့် ထပ်မံကာ နင်းချေပြန်သည်။

လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် လင်းထျန်အင်မော်တယ်ဂိုဏ်း ဘိုးဘေးအကြီးအကဲတို့၏ကြား တိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ အနိုင်ရရှိသူသည် ကျွင်းချောင်ရှောင်းပင်ဖြစ်၏။ လူတချို့သည် သဘောမတူကောင်း မတူပေလိမ့်မည်။ သို့ပေမဲ့ အချက်အလက်အားဖြင့် ဗာမေလီယန်ငှက်ဘုရင်သည် သူ၏ပဋိညာဉ်သားရဲဖြစ်၏။ ထို့ကြောင့် ၎င်း၏ ကျေးကျွန် အနိုင်ရရှိခြင်းသည် သခင်အနိုင်ရရှိခြင်းကို ကိုယ်စားပြုသည် မဟုတ်ပါလား။

မကျေနပ်ဘူးလား။ မကျေနပ်ပါက အဆင့်မြင့်မွန်းစတားသားရဲဘုရင်တစ်ကောင်းကို သူ့ကဲ့သို့ အညံ့ခံနိုင်အောင် ပြုလုပ်နိုင်မှသာ ဖြစ်ပေလိမ့်မည်။

“ဘိုးဘေးအကြီးအကဲကြီး”

လင်းဟောင်ရန်သည် တွေဝေစွာဖြင့် မတ်မတ်ရပ်လျက်ရှိသည်။ ပိုယာကျိသည် လင်းထျန်အင်မော်တယ်ဂိုဏ်းတစ်ခုလုံးတွင် အားအကောင်းဆုံးသော လူတစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ လက်ရှိ အခြေအနေတွင် ဆိုးဆိုးရွားရွား ရိုက်နှက်ခံထားရ၏။ သူ့အနေနှင့် ကောင်းကင်ကြီးတစ်ခုလုံး ပြိုလဲသွားခဲ့သလိုပင် ခံစားမိ၏။

“အင်း”

ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ပြန်လည်ဆင်းသက်လာသည်။ “အစောကြီးကတည်းက လျော်ကြေး ပေးလိုက်မယ်ဆိုရင် ပြီးသွားမယ့်ကိစ္စ မဟုတ်ဘူးလား”

...............

ပိုယာကျိသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသည်ဆိုသော်လည်း တွေးတောရန်တော့ တက်နိုင်သေး၏။ ထို့ကြောင့် သူ၏အားအင်များကို ကြိုးစားထိန်းချုပ်ကာဖြင့် အားပျော့စွာ ပြောလိုက်မိ၏။ “ကျုပ်... ကျုပ်တို့ လင်းထျန် အင်မော်တယ်ဂိုဏ်းက ဘယ်တော့မှ”

ကျွင်းချောင်ရှောင်းသည် သူ၏ခြေထောက်ကို မြှောက်ကာဖြင့် တစ်ဖက်လူ၏ မျက်နှာကို နင်းချေလိုက်သည်။

“ကျွင်းချောင်ရှောင်း”

ပိုယာကျိ၏ မျက်လုံးထဲတွင် မီးတောက်များ ဖြစ်တည်လာခဲ့သည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သို့ပေမဲ့ သူသည် ချက်ချင်းပဲ လေသံကို ပြောင်းလိုက်ရ၏။ “လျော်ကြေးပေးမယ်။ ကျုပ်တို့ လျော်ကြေးပေးမယ်”

လက်ရှိအခြေအနေမှာတော့ ထိုသို့ပြုလုပ်ရန်မှလွဲ၍ တခြားနည်းလမ်းလည်း မရှိတော့ချေ။

ကျွင်းချောင်ရှောင်း၏ ခြေထောက်သည် ကုယန်းကျိ၏ မျက်နှာပေါ်တွင် တည်ရှိနေသေး၏။ ဆက်တိုက်သာ နင်းချေနေမည်ဆိုလျှင် အင်မော်တယ်အဆင့် ဂိုဏ်းကြီးတစ်ခုမှ ဘိုးဘေးကြီး၏ ဂုဏ်သိက္ခာသည် လူမြင်ကွင်းတွင် မည်သို့ဖြစ်သွားမည်နည်း။

“ကျုပ် အားနာပါတယ်။ ကျုပ် ခင်ဗျားကို အခွင့်အရေး ပေးခဲ့ပြီးပြီ။ ဒါပေမဲ့ မယူခဲ့ဘူး။ ဒီတော့ ဒုတိယ အခွင့်အရေး ဆိုတာ မရှိဘူး။ တပည့်တို့... နားထောင်ကြ”

ကျွင်းချောင်ရှောင်းသည် ပိုယာကျိ၏ မျက်နှာပေါ်သို့ ခြေတင်ကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “လင်းထျန်အင်မော်တယ်ဂိုဏ်း တစ်ခုလုံးကို ဖျက်ဆီးလိုက်တော့”

“ကောင်းပါပြီ”

ဆွစ် ဆွစ် ဆွစ်

အထက်ပိုင်းအကြီးအကဲနှင့် လက်ရွေးစင်တပည့်များသည် ရှေးရွက်သင်္ဘောကြီးဆီမှ ပျံသန်းထွက်ခွာလာခဲ့ကြ သည်။ သူတို့၏ အနောက်တွင် ကျွဲရိုင်းစက်ရုပ်များသည် လင်းထျန် အင်မော်တယ်ဂိုဏ်းဆီသို့ ချီတက်ကြ၏။

“ကျွင်းချောင်ရှောင်း”

လင်းဟောင်ရန်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “မင်းတို့လုပ်ရဲလား”

ဇွိ

ပြောပြီးပြီးချင်းမှာပဲ ထက်ရှလှသည့် ဓားအလင်းတန်းသည် သူ၏လည်ပင်းကို ပိုင်းဖြတ်သွား၏။ သူ၏ မျက်စိ သူငယ်အိမ်များသည် ကျုံ့ဝင်သွားခဲ့တော့သည်။ ပြီးသည့်နောက် ၎င်း၏သိစိတ်နှင့် ခန္ဓာကိုယ်သည် အဆက်အသွယ် ပြတ်သွားခဲ့၏။

နားထဲတွင်တော့ အေးစက်စက်အသံတစ်ခုက ထင်ပေါ်လာခဲ့တော့သည်။ “လောကကြီးမှ ကျုပ် ကျွင်းချောင်ရှောင်း မလုပ်ရဲတဲ့အရာဆိုတာ မရှိဘူး”

“မင်း”

လင်းဟောင်ရန်သည် တစ်စုံတစ်ခုကို ပြောချင်စိတ် ပေါက်သွား၏။ သို့ပေမဲ့ သူ့တွင် ဆက်လက်ပြောဆိုရန် အားအင်ဟူ၍ မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် နာကျည်းချက်၊ မုန်းတီးချက်၊ အရာအားလုံးနှင့်အတူ မြေပေါ်သို့ လဲကျကာ သေဆုံးသွားခဲ့သောကြောင့်ပင်။

အင်မော်တယ်အဆင့် ဂိုဏ်းကြီး ဆယ်ဂိုဏ်းဆီမှ ရှစ်ယောက်မြောက် ဂိုဏ်းချုပ် သည် သေဆုံးသွားခဲ့ပြီဖြစ်၏။

“ဂိုဏ်းချုပ်”

လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များ အားလုံးသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။ “မဟုတ်ဘူး”

ထိုအချိန်မှာပဲ ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ဖြစ်တည်လာခဲ့သည်။ ဂိုဏ်း၏ အပြင်ဘက်တွင်ရှိနေသော အကာအကွယ် အစီအရင်သည် တိုက်ရိုက်ဆိုသလိုပဲ ပွင့်ထွက်သွား၏။ တည်နေရာကြီး တစ်ခုလုံးသည် တွန့်လိမ်ကာ ကွဲကြေသွားခဲ့၏။

“ဒါက....” အားလုံးတို့သည် အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်၏။ ကောင်းကင်ယံထက်တွင်တော့ ကြီးမားလွန်းလှ သည့် ထာဝရ ရွက်သင်္ဘောကြီးသည် တဖြည်းဖြည်း ထွက်ပေါ်လာခဲ့၏။ ၎င်း၏ ဝမ်းဗိုက်ပွင့်ပြီးသည့်နောက် အောက်ဘက်တွင် အမြှောက်ကဲ့သို့သော အရာကြီးတစ်ခုက ဖြစ်တည်လာခဲ့သည်။ ထိုအရာကြီး၏ ခေါင်းသည် အလွန်ရှည်လျားလွန်းလှပြီး အမြှောက်ဆီမှ အဖြူငွေ့များပင် ထွက်ပေါ်လျက်ရှိသည်။ ဤအရာသည် ဂိုဏ်း၏ အကာအကွယ် အစီအရင်အား တစ်ခါတည်း ချိုးဖြတ်ပစ်လိုက်သည့် အရာပင် ဖြစ်တော့သည်။

“ဂိုဏ်းချုပ်”

ပဲ့ဦးတွင် ထိုင်လျက်ရှိနေသည့် ရှန့်ကွမ်းရှင်းရောင်က အသံပို့လွှတ်လိုက်သည်။ “အစီအရင် ကျိုးပြတ် သွားပြီ”

...........

ကျွင်းချောင်ရှောင်းသည် နှလုံးသားများ နာကျင်လို့နေ၏။ အမြှောက်ကြီးနှင့် လင်းထျန်အင်မော်တယ်ဂိုဏ်း၏ အကာအကွယ်ကို ချိုးဖြတ်နိုင်ခဲ့သည်ဆိုသော်လည်း ဤပေါက်ကွဲမှုအတွက် ပေးဆပ်ရသည့်တန်ဖိုးသည် တာအို အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းနီးပါးခန့် တည်ရှိလို့နေပေလိမ့်မည်။

စနစ်က ပြောလိုက်၏။ “ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပြီးတော့ အထဲမှာရှိတဲ့အရာကို ယူမှာ မဟုတ်လား။ ဘယ်လို ဖြစ်ပြီးတော့ ဒီလောက် ပမာဏကို ရင်နာနေရတာလဲ”

“ဒါကတော့ အမှန်ပဲ” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားသည်။

..........

အစီအရင်ကြီး ပွင့်ထွက်သွားပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းတပည့်များသည် ဒီရေလှိုင်းကြီး ကဲ့သို့ပင် လင်းထျန် အင်မော်တယ်ဂိုဏ်းဆီသို့ ဝင်ရောက်ကြ၏။ လင်းထျန်အင်မော်တယ်ဂိုဏ်းမှ တပည့်များသည် ခုခံရန် ကြိုးစား ကြသည်ဆိုသော်လည်း အားအင်တက်ကြွလျက်ရှိနေသည့် ပြိုင်စံရှားဂိုဏ်းတပည့်များကို မယှဉ်နိုင်ခဲ့ကြချေ။ ထို့အပြင် လက်ရွေးစင်ဂိုဏ်းတပည့်များသည် အင်မော်တယ်တောင်၌ သေဆုံးသွားခဲ့ကြပြီ မဟုတ်ပါလား။

“ခုခံတဲ့လူအားလုံး သေရမယ်။ လက်နက်ချတဲ့လူတွေအကုန်လုံး အသက်ရှင်မယ်” ဖြူမဲညီနောင်တို့သည် တပည့် များကို ဦးဆောင်ကာဖြင့် အဓိကတောင်ထွတ်ဆီ လှမ်းဝင်လိုက်ကြသည်။ သို့ပေမဲ့ သူတို့သည် မျက်စိထဲမြင်ရသည့် အရာများအားလုံးကို မသတ်ပစ်ခဲ့ကြချေ။ ထိုအစား အသက်ရှင်သန်နိုင်ရန် အခွင့်အရေးကို ပေးအပ်ခဲ့၏။ နှစ်နာရီခန့် ကြာမြင့်ပြီးသည့်နောက် တောင်၏ထိပ်တွင် တည်ရှိနေသော အဓိကဟောခန်းကြီးသည် အားလုံး၏ မျက်စိရှေ့မှာပဲ ပြိုလဲသွားခဲ့တော့၏။

“သွားပြီပဲ။ အင်မော်တယ်အဆင့် ဂိုဏ်းတစ်ခုက ဖျက်ဆီးခံလိုက်ရပြီ”

အဓိကဟောခန်းဆိုသည်မှာ ဂုဏ်သိက္ခာတရားကို ကိုယ်စားပြုခြင်းဖြစ်၏။ ယခု အဓိကဟောခန်းကြီးတစ်ခုလုံး ပြိုလဲသွားသည်ဆိုမှတော့ အင်မော်တယ်အဆင့် ဂိုဏ်းတစ်ခု၏ ဂုဏ်သိက္ခာသည် မရှိတော့ပေ။ ထိုအရာကို မျက်မြင်တွေ့ရှိလျက် ရှိနေကြသော သိုင်းကျင့်ကြံသူများသည် ဖော်ပြ၍ မရနိုင်သော စိတ်ခံစားမှုများနှင့် ပြည့်နှက်နေခဲ့သည်။

ချက်ချင်းပဲ လင်းထျန်အင်မော်တယ်ဂိုဏ်း၏ ကောင်းကင်ယံထက်တွင် မတ်မတ်ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ကြေညာလိုက်၏။ “လင်းထျန်အင်မော်တယ်ဂိုဏ်းဆိုတာ အထက်နယ်မြေကနေပြီးတော့ ဖယ်ရှားခံလိုက်ရပြီ”

အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှ တစ်ခုသည် ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

All Chapters