← Chapters

အခန်း ၁၆၆၅

Vol. 112 Ch. 1665

အခန်း ၁၆၆၅

Vol. 112 Ch. 1665

အပိုင်း (၁၆၆၅)

အင်မော်တယ်အဆင့် ဂိုဏ်းကြီး ဆယ်ဂိုဏ်းတို့သည် ဖျက်စီးခြင်းကို ခံလိုက်ရ၏။ တောင်များသည်လည်း စည်းခတ်ခြင်းကို ခံလိုက််ရ၏။

အထက်နယ်မြေတစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်းကို အားလုံးက သိရှိ၏။ ဤကဲ့သို့ အင်မော်တယ်အဆင့် ဂိုဏ်းများအား ဖျက်ဆီးခဲ့သူသည် ထိုသူတို့အစား အစားထိုးဝင်ရောက်လာမည် မဟုတ်ပါလား။ အထက်နယ်မြေတွင် အင်မော်တယ်အဆင့် ဂိုဏ်းဆယ်ဂိုဏ်း မရှိတော့ချေ။ ပြိုင်စံရှားဂိုဏ်း တစ်ဂိုဏ်းသာ ရှိတော့သည်။

သို့ပေမဲ့ အခွင့်အာဏာကို ပိုင်ဆိုင်သောဂိုဏ်းများ ဖျက်ဆီးခံရပြီးနောက် များပြားလှသော ပြဿနာများ ဖြစ်တည်လာခဲ့၏။ အဆိုးဆုံးသည် လူသားများ၏ ပြဿနာပင် ဖြစ်၏။

သစ္စာဖောက်ဟု စွပ်စွဲခံခဲ့ရသော စွမ်းအားမြင့် ကျင့်ကြံသူများသည် အင်မော်တယ်အဆင့် ဂိုဏ်းများ တည်ရှိနေသောကြောင့် မထွက်ပေါ်လာရဲကြချေ။

သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ၎င်းတို့သည် တစ်ခေတ်ထလာခဲ့၏။ ဟုတ်ပေသည်။ ထိုသူတို့သည် ဆိုးရွားလှသည့် ကိစ္စရပ်များကိုတော့ မပြုလုပ်ရဲကြချေ။ ၎င်းတို့အနေဖြင့် နယ်မြေဟောခန်းသို့ သွားရောက်ကာ ပြဿနာရှာခြင်းပင် ဖြစ်သည်။

အားလုံးတို့၏ အမြင်တွင် အခွင့်အာဏာကို ပိုင်ဆိုင်သောလူအဖြစ် တည်ရှိနေခဲ့သော‌ကြောင့် နှစ်ပေါင်းများစွာအတွင်း ရေတွက်၍မရအောင် များပြားလှသော ရန်သူများ တည်ရှိခဲ့၏။ ယခု၎င်းတို့၏ နောက်ခံ အင်မော်တယ်ဂိုဏ်းများ မရှိတော့သောကြောင့် နယ်မြေဟောခန်းသည် ကျိန်းသေပေါက် လက်စားချေခြင်းကို ခံရပေလိမ့်မည်။

"ဂိုဏ်းချုပ်"

လီလိုရှုက သတင်းပို့လိုက်၏။ "ရက်အနည်းငယ်အတွင်းမှာပဲ သိုင်းကျင့်ကြံသူ ထောင်ချီက နယ်မြေဟောခန်းကို သွားပြီးတော့ ပြဿနာရှာနေကြတယ်။ အခု နယ်မြေဟောခန်းက ကျိန်းသေပေါက် အန္တရာယ်တွေ့နေပြီ။ အချိန်မရွေး ဖျက်စီးခံရနိုင်တယ်"

“ဪ …”

ကျွင်းချောင်ရှောင်းသည် အနည်းငယ် အံ့အားသင့်သွားမိ၏။ သူသည် နယ်မြေဟောခန်းနှင့် များပြားလှသော ကျင့်ကြံသူတို့ကြားတွင် ရှိနေသော အမုန်းတရားများကို မေ့လျော့နေခဲ့၏။

"ဒီတိုင်းသာဆိုရင်"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီကိစ္စကို ငါကိုယ်တိုင်တောင် လုပ်ဖို့မလိုတော့ဘူးပဲ။ လောကကြီးက သူ့ဘာသာ အပြစ်ပေးလိမ့်မယ်”

အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်း ဖျက်ဆီးခံရပြီးနောက် နောက်ခံမရှိတော့သော နယ်မြေဟောခန်းကို အထက်နယ်မြေရှိ သိုင်းကျင့်ကြံသူများ ဖျက်ဆီးရန် ထားလိုက်ခြင်းကသာ အကာင်းဆုံးဖြစ်ပြီး ဤကိစ္စတွင် ပါဝင်မှု မပြုလုပ်ခြင်းဖြင့် ကုန်းရှန့်သည် ကြီးမားလှသည့် ဂုဏ်သိက္ခာတရားကို ဆက်လက်ကာ ထိန်းသိမ်း ထားနိုင်ပေလိမ့်မည်။

ဟင်း ….။

ကုန်းရှန့်သည် အမှန်ပင် ညဏ်ကောင်းလွန်းလှ၏။ အားကောင်းလာသည်နှင့်အညီ သူသည် ဂုဏ်သိက္ခာတရားကို ပိုမိုကာ အားစိုက်လာခဲ့သည်။

စနစ်သည် မည်သို့မျှ မနေနိုင်ပဲ ဝင်ကာပြောဆိုလိုက်၏။ "နယ်မြေဟောခန်းဆီမှာ စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာလောက် ရှိတယ်ဆိုရင် ချက်ချင်းပဲ ထပြေးမှာ မလား"

............

အင်မော်တယ်အဆင့် ဂိုဏ်းဆယ်ဂိုဏ်း ဖျက်ဆီးခံရခြင်းအကြောင်းသည် အချိန်အတော်အကြာအထိ အထက်နယ်မြေတွင် ပွက်လောရိုက်လျက် ရှိနေသည်။

ကျွင်းချောင်ရှောင်းမှာတော့ တည်တည်ငြိမ်ငြိမ်နှင့် နောက်ထပ် ဘာထပ်လုပ်ရမည်ကို စဉ်းစားလျက် ရှိနေ၏။ ဘာမှ တွေးတောနေစရာလည်း မလိုအပ်ချေ။ လက်ရှိအချိန်မှာတော့ လောကကြီးတစ်ခုလုံး၏ အသိမှတ်ပြုမှုကို ရရှိရန် နည်းလမ်းတစ်ခု ရှာရပေလိမ့်မည်။ သူ၏ဂိုဏ်းအား အင်မော်တယ်အဆင့် ဂိုဏ်းတစ်ခုအဖြစ် အဆင့်မြင့်တင်ရန် လိုအပ်နေသေး၏။ အဆင့်မြင့်တင်ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းသည် ကြယ်တာရာ စိတ်ဝိညာဉ်လောကကို သွားရောက်ကာ ဖျက်ဆီးနိုင်ပေလိမ့်မည်။

သို့ပေမဲ့ အားလုံးသောသူတို့၏ အသိအမှတ်ပြုမှုကို မည်သို့ရှိမည်နည်း။

သူ့အနေဖြင့် အောက်နယ်မြေတွင် ပြုလုပ်သကဲ့သို့ပင် လောကကြီးနှင့် အထက်နယ်မြေတစ်ခုလုံးတွင် ရှိနေသော စွမ်းအားမြင့် ကျင့်ကြံသူများနှင့် ဂိုဏ်းအသီးသီးကို ခေါ်ဆောင်ကာဖြင့် သဘောတူလား၊ မတူဘူးလားဟူ၍ လူမိုက်ဆန်ဆန် မေးမြန်းရမည်လား။

"ရိုးရှင်းပြီးတော့ လိုရင်းကို ရောက်တယ်"

စနစ်က ပြောလိုက်၏။ "ငါကတော့ ဒါမျိုးပဲကြိုက်တယ်"

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကြိတ်ကာ ရေရွတ်လိုက်မိသည်။ "မင်းက ဖြစ်နိုင်တယ်လို့ထင်တယ်။ ဒါဆိုရင် ငါဘာလို့ မဖြစ်နိုင်ဘူးဆိုတဲ့ ခံစားချက်ရနေရတာလဲ"

"မင်းငါ့ကို ပြောင်းပြန်ကောက်လို့ မရဘူးလေ" စနစ်သည် အနည်းငယ်ရှက်ရွံ့လာမိ၏။

"အင်း ဘာပဲပြောပြော ဆယ်နှစ်တာ ကတိစကားက ကျန်သေးတယ်။"

ကျွင်းချောင်ရှောင်း သည် ခနလောက် တွေးတောလိုက်မိသည်။ "ဆယ်နှစ်ပြည့်ဖို့က နှစ်နှစ်လောက် လိုသေးတယ်မလား။ မင်းက ဂြိုလ်တစ်ခုရဲ့ လောကကလေးငယ်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ လိုသေးတယ်"

အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူ၏ဆရာသည် ကြီးမြတ်သူကုဟုန်နှင့် အလောင်းအစားသာ မလုပ်ပါက သူ့အနေဖြင့် တစ်ဖက်လူနှင့် အနိုင်အရှုံးကို စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။ ထို့ပြင် သူ့အတွက် မည်သည့်အကျိုးကျေးဇူးမှလည်း မရှိချေ။ အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ကို ချိုးဖျက်ရောက်ရှိပြီးနောက် သူသည် တိုက်ခိုက်ရန် တွန့်ဆုတ်လျက် ရှိနေမိ၏။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေဖြင့် ကလေးတစ်ယောက်ကို ခေါ်ဆောင်ကာ တစ်ယောကချင်းချရန် စိန်ခေါ်နေခြင်းနှင့် ဆင်တူနေသည် မဟုတ်ပါလား။

"လောကရဲ့ ကလေးငယ် ဟုတ်လား"

အားနာပေသည်။ သူ့ကဲ့သို့ လူမျိုးရှေ့တွင် လောက၏ ကလေးငယ်သည် နာမည်တပ်ခေါ်ရလောက်အောင်ပင် ထိုက်တန်မှုမရှိချေ။

"ကောင်းပြီ"

ကျွင်းချောင်ရှောင်းသည် သူ၏ နဖူးကို ပိတ်ရိုက်ကာ ပြောလိုက်၏။ “ဧကရီလင်းရောင် ရှိနေသေးတာပဲ။ သူက တိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရမှာပဲ။"

ထိုအချိန်မှာတော့ ဆယ်နှစ်တာကတိစကားသည် သူ့အတွက်မဟုတ်ပဲ ရီရှင်းချန်အတွက် ဖြစ်ကြောင်းကို နားလည်လိုက်မိသည်။

ရီရှင်းချန်အနေဖြင့် ဤကဲ့သို့သော ကလဲ့စားချေမှုကို ပြုလုပ်ပြီး အတွင်းစိတ်မိစ္ဆာဆိုးကို ဖြေရှင်းရန် လိုအပ်နေသေး၏။ အတွင်းစိတ်မိစ္ဆာဆိုးဆိုသည်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှ၏။ မွေးဖွားလာစဉ်ကတည်းက ညအင်ပါယာသည် ရန်ငြိုးရန်စကို ဘယ်တုန်းကမှ မမေ့လျော့ခဲ့ချေ။ တစ်ချိန်လုံး ဂုဏ်သိက္ခာရှိရှိ ဇွဲကောင်းကောင်းနှင့် ကြိတ်ကြံလျက် ရှိနေ၏။ အတွင်းစိတ်မိစ္ဆာတိုးသည် ပိုမိုကာ ရင့်ကျက်ကြီးထွားလာသည်မှာ အမှန်ပင် ဖြစ်၏။

တောင်ထွတ်တစ်ခုအပေါ်မှာတော့ ကြီးမြတ်သူ ကုဟုန်သည်မတ်တပ်ရပ်လျက် ရှိ၏။ သူ၏မျက်လုံးထဲတွင်တော့ များပြားလှသော အတိတ်မှဖြစ်ရပ်များ ထင်ပေါ်လျက်ရှိသည်။

သူနှင့် ကြီးမြတ်သူတုံကုတို့သည် အသက်ရှင်နေချိန်အတွင်း အကြိမ်ပေါင်းများစွာ တိုကိခိုက်ခဲ့၏။ သို့ပေမဲ့ မည်သူက အနိုင်ရရှိသည်ကို ဆုံးဖြတ်ရန် ခက်ခဲလွန်းခဲ့၏။ နောက်ပိုင်းမှာတော့ သူသည် ဂြိုလ်တစ်ခုဆီသို့ သွားရောက်ခဲ့သည်။ သာမန်ထက်ပိုကာ ထူးခြားလှသော လောက၏ ကလေးငယ်ကို ခေါ်ဆောင်လာခဲ့ပြီး သု့အစား တိုက်ခိုက်ကာ အောင်မြင်မှုများ ရယူပေးရန် ဆုံးဖြတ်ခဲ့၏။

သို့ပေမဲ့ တစ်ဖက်လူ၏တပည့်သည် အင်မော်တယ်အဆင့် ဂိုဏ်းဆယ်ဂိုဏ်းကိုပင် သွားရောက်ကာ ဖျက်စီးခဲ့ပြီးပြီ မဟုတ်ပါလား။ သူသည် အလွန်ဆိုးရွားစွာ ခံစားနေရပြီး ငိုချင်စိတ်ပင် ပေါက်မိနေသည်။

ကြီးမြတ်သူကုဟုန်သည် ရင်ဘတ်ကို အသာဖိကိုင်ကာဖြင့် သူ၏အမူအရာသည် နာကျင်လျက် ရှိနေ၏။ သူသည် လက်ရှိအချိန်မှာတော့ ဆယ်နှစ်တာ ကတိစကားနှင့် ပတ်သက်၍မျှော်လင့်ချက် မရှိတော့ချေ။ ထို့ပြင် ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်သည် အင်မော်တယ်အဆင့် ဂိုဏ်းချုပ်ခုနှစ်ယောက်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိနေ၏။ သူဆိုလျှင်ပင် အနိုင်ရရှိရန် မလွယ်လှချေ။ သူ၏တပည့်ဆိုလျှင် ပို၍ဆိုးရွားလွန်း၏။

ဟင်း …။

ကြီးမြတ်သူ ကုဟုန်သည် သက်ပြင်းချကာ ပြောလိုက်သည်။ "ငါဒီအတိုင်းပဲ အရှုံးပေးရတော့မှာလား"

"ဆရာ"

ထိုအချိန်မှာပဲ အမဲရောင်ဝတ်စုံနှင့်လူသည် လမ်းလျှောက်လာကာ ပြောလိုက်၏။ "ကျုပ်သွားမယ်"

ကြီးမြတ်သူကုဟုန်က ပြောလိုက်သည်။ "မင်းက ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်ချင်နေတာပဲ"

"တစ်စုံတစ်ယောက်ရဲ့ အားအင်အဆင့်ကို သိချင်ရင် တိုက်ခိုက်ခြင်းကသာ အကောင်းဆုံးနည်းလမ်းလို့ ဆရာ တစ်ကြိမ်က ပြောခဲ့ဖူးတယ်မလား" အမဲရောင်ဝတ်စုံနှင့် လူကပြောလိုက်၏။

"……..."

ကြီးမြတ်သူ ကုဟုန်သည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ပြီးနောက် ချီးကျူးလိုက်မိသည်။ "မင်း ဒီလိုမျိုး တွေးတောတာကို ငါအရမ်း သဘောကျတယ်။”

“ကောင်းပြီ …. ဒါဆိုရင် ကျုပ်သွားမယ်"

..........

လက်ရှိအချိန်မှာတော့ နယ်မြေဟောခန်းသည် အလုပ်ကို ကောင်းကောင်းမလုပ်ရချေ။ အဘယ့်ကြောင့်ဆိုသော် များပြားလှသော သိုင်းကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး နေ့စဉ်နေ့တိုင်း ပြဿနာရှာနေသောကြောင့်ပင်။

အင်မော်တယ်အဆင့် ဂိုဏ်းကြီးများကို ကြောက်လန့်လွန်းသောကြောင့် တစ်ချိန်လုံး ငြိမ်နေကြသည့် တာအိုနှင့် အစစ်အမှန်ဂိုဏ်းများပင်လျှင် လက်စားချေရန် ပြင်ဆင်နေကြ၏။

"ဂိုဏ်းချုပ်စွန်း"

တောင်ပေါ်တွင်တော့ နယ်မြေဟောခန်း၏ အတွင်းရေးကိစ္စများကို တာဝန်ယူထားသည့် အကြီးအကဲ တစ်ယောက်က ပြောလိုက်သည်။ "ဘယ်တုန်းက ကျုပ်တို့နယ်မြေဟောခန်းက ခင်ဗျားတို့ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ အကြွေးတင်နေတာလဲ"

"ခေါင်းဆောင်လင်း ….. ခင်ဗျားတစ်ကယ်ပဲ သတိမေ့နေတာကို"

တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်က မထူးခြားသလို ပြောလိုက်သည် ။ "ခင်ဗျားတို့ နယ်မြေဟောခန်းက အတွင်းနဲ့ အပြင်ဟောခန်းတွေကို ပြန်လည်ပြုပြင်ဖို့ဆိုပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာတုန်းက စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းကို ကျုပ်တို့ဆီက ချေးငှားခဲ့တယ် မဟုတ်ဘူးလား"

ခေါင်ဆောင်လင်းသည် ဒေါသတကြီး အော်ဟစ်လိုက်၏။ "အဲဆယ်သန်းဆိုတာ ခင်ဗျားတို့ဂိုဏ်းက ရက်ရက်ရောရော လာပေးခဲ့တာ မဟုတ်ဘူးလား"

မှန်ပေ၏။ ဤအရာမှာ လက်ဆောင်ပေးခြင်းပင် ဖြစ်၏။သို့ပေမဲ့ အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းကြောင့် လက်ဆောင်လာပေးခြင်း ဖြစ်၏။ ယခု အင်မော်တယ်အဆင့် နောက်ခံမရှိတော့ဘူး ဆိုသောကြောင့် ဤတာအိုအဆင့်ဂိုဏ်းသည် ၎င်းတို့ပေးအပ်ခဲ့သည့် အရာများမှာ အလကားဖြစ်ခဲ့သည်ဟု တွေးထင်ခဲ့ကြ၏။ ထို့ကြောင့် ချက်ချင်းလာရောက်ကာ တောင်းခံနေကြခြင်းပင် ဖြစ်လေသည် ။

"ခင်ဗျားတို့ ပေးမှာလား။ မပေးဘူးလား" ဂိုဏ်းချုပ်စွန်းသည် မထူးခြားသလို မေးမြန်းလိုက်၏။

ခေါင်းတောင်လင်းသည် သူ၏ဒေါသများကို ဖိနှိပ့်ကာဖြင့် သဘောမတွေ့သလို ပြောလိုက်သည်။ "ဂိုဏ်းချုပ်စွန်း …. ကျုပ်တို့ နယ်မြေဟောခန်းက လက်ရှိအခြေအနေမှာ စိတ်ဝိညာဉ် ကျောက်တုံးများများစားစားကို ထုတ်မပေးနိုင်ဘူး"

"ခင်ဗျားတို့ မပေးဘူးပေါ့ ကောင်းပြီ။ ဒါဆိုရင် ဒီအကြွေးကို ပစ္စည်းပစ္စယာတွေနဲ့ ပြန်ဆပ်"

ဂိုဏ်းချုပ်စွန်းသည် အမှန်ပင် လူရည်လည်လှသည့် လူတစ်ယောက်ဖြစ်၏။ ချက်ချင်းပဲ သူ၏တပည့်များကို အမိန့်ပေးကာဖြင့် နယ်မြေဟောခန်းမှ ပစ္စည်းများကို ဆွဲခွာတော့၏။ ပြီးသည့်နောက် တန်ဖိုးရှိသည့် အရာများကို ယူဆောင်ကာ ထွက်ခွာသွားခဲ့၏။

ခနလောက် ကြာပြီးသည့်နောက် အပြင်ခြံဝန်းထဲတွင် ရှိနေသော အဆောက်အဦးအတော်တော်များများတို့သည် တစ်စစီပြိုလဲလျက် ရှိနေတော့၏။ ခေါင်းဆောင်လင်းသည် မြေပေါ်တွင် အားပျက်စွာ ထိုင်လျက် ရှိနေပြီး သူသည် အလွန်ပင် စိတ်ဓာတ်ကျနေသည့် အသံဖြင့် ပြောလိုက်သည်။ "ဆိုးဝါးလိုက်တဲ့ အခြေအနေပါလား"

အင်မော်တယ်အဆင့် ဂိုဏ်းဆယ်ဂိုဏ်း တည်ရှိနေတုန်းက ဤတာအိုဂိုဏ်းသည် သူတို့ကို သတ္တိဆယ်ဆရှိလျှင်တောင်မှ လာရောက်၍ ပြဿနာရှာရဲလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သူတို့၏ နောက်ခံမရှိတော့သည့်အချိန်မှာတော့ ချက်ချင်းရောက်လာကာ နောက်ကျောကို ဓားနှင့် ထိုးခဲ့၏။

သို့ပေမဲ့ ရက်အနည်းငယ် ကြာပြီးသည့်နောက် နယ်မြေဟောခန်းသည် များပြားလှသည့် လူများကို အပြစ်ပြုမိခဲ့ပြီး အကြွေးပေါင်းများစွာ တည်ရှိနေသည်ကို လီလိုရှုမှတဆင့် ကျွင်းချောင်ရှောင်းက သိရှိခဲ့ရ၏။ ၎င်းတို့၏ ဌာနချုပ်သည်လည်း တစ်စစီ ဖြစ်နေကြောင်းကို သိရှိပြီးနောက် သူကမှတ်ချက်ပေးလိုက်သည်။ "ဒီလိုကိစ္စမျိုးက မနှေးနဲ့ မမြန်ဆိုသလို ဖြစ်လာမဲ့ ကိစ္စမျိုးပါပဲ"

အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည် အထက်နယ်မြေ၏ များပြားလှသော ဘေးအန္တရာယ်များကို အမှန်ပင် ကူညီဖြေရှင်းပေးခဲ့၏။ သို့ပေမဲ့ ၎င်းတို့သည် အမျိုးမျိုးသော အမှားများကိုပါ ပြုလုပ်ခဲ့ကြောင်းထင်ရှားလွန်းလှ၏။ ထို့ကြောင့် လက်ရှိအခြေအနေသို့ ဖြစ်ရခြင်းသည် သူတို့ကိုသူတို့ အပြစ်တင်ရန်သာ လိုအပ်ခဲ့၏။

"တကယ်လို့ ပြိုင်စံရှားဂိုဏ်းက တစ်နေ့မှာ ဒီလိုအခြေအနေမျိုး ဖြစ်သွားခဲ့ရင် တစ်ခြားသောသူတွေဆီက အကူအညီကို ကျိန်းသေပေါက် ရရှိလိမ့်မယ်။ ဘဝမှာ သင့်တင့်လျောက်ပတ်စွာ နေထိုင်မှ အကျိုးရှိမှာပေါ့" ကျွင်းချောင်ရှောင်းသည် ယုံကြည်ချက်ရှိစွာပြောလိုက်သည်။

"ချီးတဲ့မှ"

စနစ်က ပြောလိုက်၏။ "ဘာတွေမျှော်မှန်းနေတာလဲ။ ပြီးတော့ လောကကြီးမှာ ထာဝရဆိုတာ မရှိဘူး။ လက်ခံသူ …. အဓိပ္ပာယ်ရှိတဲ့ အရာကိုပဲ စဉ်းစားပါ။"

ဟမ်

ကျွင်းချောင်ရှောင်းသည် အနည်းငယ် အံ့အားသင့်သွားမိ၏။ စနစ် ထိုကဲ့သို့ ပြောဆိုသည့်အချိန်၌ လူသားတစ်ယောက်ကဲ့သို့ပင် ခံစားမိစေ၏။ ယခင်တုန်းက နက်နက်နဲနဲနှင့် တွေ့ကြုံခံစားဖူးသည့် လူတစ်ယောက်ကဲ့သို့ပင်။

"ဒါ ဇာတ်လမ်းတစ်ခုခု ရှိရမယ်"

"ချီးကို ဇာတ်လမ်းပါလား"

စနစ်က ပြောလိုက်၏။ "ငါက တစ်စုံတစ်ခုရဲ့ ဖန်တီးခြင်းကို ခံထားရတဲ့ စနစ်ရဲ့ အကူအညီတစ်ခုပဲ"

"ဘယ်သူဖန်တီးထားတာလဲ"

ကျွင်းချောင်ရှောင်းသည် အမှတ်မထင် မေးမြန်းလိုက်သည်။

"ဟင်း …. ကြည့်ရတာ ငါထပ်ပြီး ဖုံးကွယ်ထားလို့ မရနိုင်တော့ဘူး"

စနစ်သည် ခနလောက် ငြိမ်သက်ပြီးနောက် ပြောလိုက်၏။ "အရိုးသားဆုံး ပြောရမယ်ဆိုရင် လက်ခံသူက ဖန်တီးသူ ဖြစ်ခဲ့ဖူးတယ်လေ။ ပြိုင်ဖက်ကင်းရတာကို ပျင်းလွန်းလို့ စနစ်တစ်ခုကို ဖန်တီးပြီးတော့ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲကို ဝင်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် စနစ် တပ်ဆင်ပေးလိုက်တာ။ အရာအားလုံးကို အစကပြန်စမယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒါမှ လောကရဲ့ အတွေ့အကြံတွေ အများကြီးကို ခံစားရမှာ မဟုတ်လား"

"ချီးတဲ့မှ"

ကျွင်းချောင်ရှောင်းက ထအော်လိုက်၏။ "ဒါမျိုးကို ငါယုံမယ်လို့ ထင်နေတာလား"

All Chapters