အခန်း ၁၆၆၆
Vol. 112 Ch. 1666
အပိုင်း (၁၆၆၆)
အင်မော်တယ်အဆင့် ဂိုဏ်းဆယ်ဂိုဏ်း သုတ်သင်ရှင်းလင်းခံရပြီး တစ်လအကြာမှာတော့ အထက်နယ်မြေသည် ပုံမှန်အတိုင်း တည်ငြိမ်အေးချမ်းသွားခဲ့၏။
နယ်မြေဟောခန်းမှာတော့ နာမည်သာကျန်ရှိတော့၏။ နောက်ထပ်လဝက်ခန့် ကြာမြင့်ပြီးသည့်နောက် နယ်မြေဟောခန်းတွင် အလုပ်လုပ်နေသော သိုင်းကျင့်ကြံသူများသည် အခြားသောသူများ၏ ဖိအားပေးမှုများကို မည်သို့မျှ မခံစားနိုင်တော့ချေ။ ထို့ကြောင့် ၎င်းတို့သည် နယ်မြေ ဟောခန်းဆီမှ ထွက်ခွာသွားခဲ့ကြသည်။
ထို့ကြောင့် နယ်မြေဟောခန်းတည်နေရာသည် ဗလာဟင်းလင်းကြီး ဖြစ်လို့နေခဲ့၏။ နယ်မြေဟောခန်း မရှိသောကြောင့် အင်မော်တယ်အဆင့်ဂိုဏ်းဆယ်ဂိုဏ်းအနေဖြင့် အထက်နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ထားသည့် ခေတ်သည်လည်း ပြီးဆုံးသွားခဲ့၏။
ထို့ပြင် အကျိုးနှင့် အကြောင်းသည်လည်း တည်ရှိနေသေး၏။ အကျိုးသည် များပြားလှသော စည်းမျဉ်းစည်းကမ်းများ မရှိသောကြောင့် ဂိုဏ်းများသည် မည်သည့် ဖိနှိပ့်မှုမှမရှိဘဲ ဂိုဏ်းကို တိုးတက်အောင် ပြုလုပ်နိုင်သည်။
အကြောင်းမှာတော့ စောင့်ကြည့်အကဲဖြတ်သူ၊ ဦးစီးဦးဆောင် ဥပဒေပြုမည့်သူများမရှိသောကြောင့် များပြားလှသော ဂိုဏ်းများသည် အကျိုးကျေးဇူးအတွက် သက်ဖြတ်ခြင်းကို ပြုလုပ်လာကြသည်။ ထို့ကြောင့် အပြစ်ကင်းစင်သည့် လူများကိုပါ သက်ရောက်လာ၏။
ဤအရာတင် မဟုတ်သေးချေ။ များပြားလှသော ဂိုဏ်းနှင့် ကလန်အသီးသီးတို့သည် တိုက်ခိုက်လျက်ရှိနေ၏။ မူလအားဖြင့် အထက်နယ်မြေမှ လူများသည် အနည်းငယ် ပဋိပက္ခဖြစ်သည်နှင့် နယ်မြေဟောခန်း တည်ရှိနေသောကြောင့် ထိန်းသိမ်းခြင်းကို ပြုလုပ်ကြ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ဘာကိုမှ ဂရုစိုက်စရာ မလိုတော့ချေ။
"ဂိုဏ်းချုပ်"
လီလိုရှုက သတင်းပေးပို့လိုက်သည်။ "ဂိုဏ်းအသီးသီးက နယ်မြေတွေအတွက်နဲ့ တိုက်ခိုက်ကုန်ကြပြီလေ။ ဒီတော့ တော်တော်များများက ပျက်စီးကုန်တယ်"
ဂိုဏ်းများတွင်သာမကပေ။ မိသားစုများလည်း ပါဝင်လျက် ရှိနေ၏။ အင်မော်တယ်အဆင့် ဂိုဏ်းဆယ်ဂိုဏ်း၏ ကန့်သတ်မှုများ မရှိသောကြောင့်ဟု ပြောဆိုရပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် အထက်နယ်မြေတစ်ခုလုံးသည် ရှုပ်ထွေးလာခဲ့၏။
"အမိန့်ထုတ်ပြန်လိုက်တော့"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ပြိုင်စံရှားဂိုဏ်းက အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းရဲ့ နေရာကို ဝင်လိမ့်မယ်။ မူလအားဖြင့် လောကကြီးတစ်ခုလုံးကို ထိန်းသိမ်းတဲ့တာဝန်ကို ငါတို့က ယူဆောင်ထားမယ်။ အကယ်၍ မိသားစုတွေ၊ ဂိုဏ်းအဖွဲ့တွေနဲ့ကလန်အသီးသီးတို့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မယ်ဆိုရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်။ "
"ကောင်းပါပြီ"
ထိုနေ့မှာပဲ အဓိကဂိုဏ်းအသီးသီး၏ ကြော်ငြာဆိုင်းဘုတ်များတွင် ပြိုင်စံရှားဂိုဏ်း၏ စည်းတံဆိပ်တုံးနှင့် စည်းကမ်းချက်များ တည်ရှိနေခဲ့၏။
"ထင်ထားတဲ့ အတိုင်းပဲကို"
ပါဝင်သည့် အကြောင်းအရာများကို ဖတ်ရှုပြီးနောက် တစ်စုံတစ်ယောက်က ပြောလိုက်သည်။ "ပြိုင်စံရှားဂိုဏ်းက နောက်ဆုံးတော့ လှုပ်ရှားလာခဲ့ပြီ"
အချက်အလက်အားဖြင့် အင်မော်တယ်အဆင့်ဂိုဏ်းများ သုတ်သင်ရှင်းလင်းခံရပြီးနောက် ထိုသူတို့နေရာတွင် မည်သည့်ဂိုဏ်းက အစားထိုးဝင်ရောက်လာမည်ကို စတင်ကာဆွေးနွေးခဲ့ကြ၏။ လက်ရှိအချိန်မှာတော့ သူတို့ဆွေးနွေးထားခဲ့သည်မှာ အမှန်ပင် ဖြစ်လာခဲ့၏။
မည်သူက သဘောမတူသနည်း။ အားလုံးသောသူများသည် သဘောတူညီခဲ့ကြ၏။ ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိနေသည့် ကလန်နှင့် ဂိုဏ်းအသီးသီးမှ လူများအားလုံးသည် ချက်ချင်းပဲ အရှိန်လျော့သွားကြသည်။
သတင်းကို ကြားကြားပြီးနောက် သူတို့သည် ဘာမှမဖြစ်ခဲ့ကြသလို လက်လွတ်ကာဖြင့် ကိုယ့်နေရာကိုယ် ပြန်သွားခဲ့ကြတော့သည်။ တစ်ချို့ဆိုလျှင် တိုက်ခိုက်ရင်းမှ လက်ဆွဲနှုတ်ဆက်ကာ အရက်ပင် အတူတူ သောက်လျက် ရှိနေ၏။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆိုသည်မှာ အထက်နယ်မြေရှိ လူများအတွက်တော့ ကောင်းကင်ဘုံကဲ့သို့ပင်။
ထိုဂိုဏ်းများကို သုတ်သင်ရှင်းလင်းခဲ့သော ပြိုင်စံရှားဂိုဏ်းမှာတော့ ကောင်းကင်၏ အထက်တွင် ရှိနေသော ဂိုဏ်းတစ်ခုသာ ဖြစ်၏။ ထိုဂိုဏ်းသည် အမိန့်ချမှတ်လိုက်သည် ဆိုမှတော့ ကျိန်းသေပေါက် လိုက်နာရပေလိမ့်မည်။ မဟုတ်ပါက ကျိန်းသေပေါက် ဆိုးဆိုးရွားရွား သေဆုံးသွားနိုင်၏။
ကျွင်းချောင်ရှောင်းသည် အခွင့်အာဏာကို ထုတ်ဖော်ကာဖြင့် အားလုံးသောသူများကို အတားအဆီးတစ်ခု ဖန်တီးပေးလိုက်ခြင်းပင် ဖြစ်သည်။ အမိန့်ထုတ်ပြန်ပြီးသည့်နောက် အထက်နယ်မြေတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားလိမ့်မည် ကျွင်းချောင်ရှောင်းက မထင်မှတ်ထားခဲ့ချေ။ အံ့အားသင့်စရာပါတကား။
တစ်ချို့ ဂိုဏ်းများဆိုလျှင် လူမှုရေးလုပ်ငန်းများကိုပင် ကူညီကာ လုပ်ကိုင်ပေးလျက် ရှိနေသေး၏။
ဖူး …..
ပန်းပဲခန်းမဆောင် အတွင်းမှာတော့ ဖန်းရီကျိသည် သွေးတစ်လုပ် အန်ထုတ်လိုက်တော့၏။ ဤအရာသည် အမဲရောင်နှလုံးသားနှင့် ဂိုဏ်းချုပ်၏ တရားလွန်စေခိုင်းမှဒကြောင့်ဟု များပြားလှသော ပရိတ်သတ်များက တွေးထင်မိကြလိမ့်မည်။
အစစ်အမှန်တရားမှာတော့ ဤသို့ပင်ဖြစ်သည်။ ဂိုဏ်းချုပ်သည် ရုတ်တရက် ရောက်ရှိလာပြီးနောက် ပထမဆုံး ပြောသည့် စကားသည် "တတိယမျိုးဆက် ချပ်ဝတ်တွေအားလုံးကို အရည်ဖျော်လိုက်။ ပြီးတော့ ရွက်သင်္ဘောကြီးတစ်ခု တည်ဆောက်ကြမယ်။"
သူသည် စောစောထပြီးသည့်နောက် ညနက်မှ အိပ်ရာဝင်ခဲ့သည်။ ထိုအရာများ အားလုံးသည် သူ၏ အားအင်များကို ထုတ်ဖော်ကာဖြင့် ထုတ်လုပ်ခဲ့ရသည့် ချပ်ဝတ်များ မဟုတ်ပါလား။
"ချီးတဲ့မှ "
ထိုက်ရွှမ်အဘိုးအိုသည် သူဖန်တီးထားသည့် ကျွဲရိုင်းစက်ရုပ်များကို ကိုယ်ပိုင်ကလေးငယ်ကဲ့သို့ပင် တွေးထင်ခဲ့၏။ ဟောခန်းသခင်ဖန်းသည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ သူဖန်တီးထားသည့် ချပ်ဝတ်များဆိုသည်မှာ သူ့အတွက် သွေးနှင့် အသားပင် ဖြစ်၏။
"အကြီးအကဲဖန်း"
ကျွင်းချောင်ရှောင်းသည် တစ်ရှုးတစ်ရွက်ကို ကမ်းပေးကာ ပြောလိုက်သည် "ခင်ဗျားရဲ့ ခံစားချက်ကို ကျုပ်နားလည်ပါတယ်။ ဒါပေမဲ့ ပြိုင်စံရှားဂိုဏ်းအနေနဲ့ စကြဝဠာအနှံ့ကို သွားပြီး အနိုင်ယူဖို့ လိုအပ်နေသေးတယ်လေ။ ဒီတော့ စကြာဝဠာအနှံ့ကို သွားနိုင်တဲ့ ရွက်သင်္ဘောတွေကို အမြန်ဆုံး တီထွင်နိုင်မှ ဖြစ်လိမ့်မယ်"
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းကို ဖျက်ဆီးပြီးနောက် အခြေအနေတစ်ခုလုံးသည် တည်ငြိမ်သွားခဲ့၏။ ထို့ကြောင့် အခြားသောတည်နေရာများကို သွားရောက်ရမည့် အခြေအနေသို့ ရောက်ရှိနေ၏။ စကြဝဠာအနှံ့ကို သွားရောက်နိုင်ရန် ရွက်သင်္ဘောကြီးတစ်စင်းကို လိုအပ်နေ၏။
"ကောင်းပြီ"
ဖန်းရီကျိ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ ထိုနေ့မှာပဲ နတ်ဆိုးစစ်သည်များကို ဝတ်ဆင်ထားသော ချပ်ဝတ်များကို ပြန်လည်သိမ်းဆည်းကာဖြင့် အရည်ဖျော်တော့၏။ အစီအရင်ဟောခန်း တစ်ခုလုံးသည်လည်း ထိခိုက်နာကျင်နေ၏။ အဘယ့်ကြောင့်ဆိုသော် စိတ်ဝိညာဉ်ကျောက်ရိုင်းများနှင့် ဖန်တီးထားသည့် ကျွဲရိုင်းစက်ရုပ်များသည် ကံကြမ္မာဆိုးကို မရှောင်လွဲနိုင်ခဲ့ချေ။ အရည်ဖျော်ခြင်းကို ခံနေရသောကြောင့်ပင်။
"သွားပြီပဲ"
ကျွဲရိုင်းစက်ရုပ် နံပါတ် (၆၆) အရည်ပျော်သွားသည်ကို မြင်ရသည့် အခါမှာတော့ ကျင်းယိသည် မျက်ရည်များပင် ဝိုင်းသွားခဲ့၏။
"ဘာလို့ငိုနေတာလဲ"
လီထျန်းထျန်းက အော်ဟစ်လိုက်၏။ "အဲတာ ငါ့ဟာလေ"
………....
သူတို့သည် ကျွဲရိုင်းစက်ရုပ်များ မပိုင်ဆိုင်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် ရွက်သင်္ဘောကြီးတစ်ခု တည်ဆောက်နေသောကြောင့်ပင်။
"ဟောခန်းသခင်ဖန်း"
နောက်တစ်ရက်မှာတော့ ထိုက်ရွှမ်အဘိုးအိုသည် စားပွဲပေါ်သို့ ပုံကြမ်းများယူဆောင်လာကာ တင်ရင်းပြောလိုက်၏။ "အထဲက အစိတ်အပိုင်းတွေ အကုန်လုံးက ပန်းပဲခန်းမဆောင် လုပ်ဆောင်ဖို့ လိုအပ်တဲ့ အရာတွေပဲ"
မူလအားဖြင့် သေချင်စိတ်ပေါက်နေသည့် ဖန်းရီကျိသည် ချက်ချင်းပဲ ကျောကိုမတ်လိုက်သည်။ "ပြဿနာမရှိဘူး"
တံခါးပေါက်ရှေ့တွင် မတ်တပ်ရပ်လျက် ရှိနေသည့် ကျွင်းချောင်ရှောင်းသည် အဘိုးကြီးနှစ်ယောက် ရွက်သင်္ဘောဆောက်ရန် ဆွေးနွေးနေသည့် အချိန်မှာတော့ နှုတ်ခမ်းထောင့်များ ကော့တက်သွားခဲ့၏။ ဤကဲ့သို့ အလုပ်ကြိုးစားသော အလုပ်သမားများ တည်ရှိနေသောကြောင့် ပြိုင်စံရှားဂိုဏ်းသည် ကြီးမားရင့်ကျက်လာဖို့ ဆိုသည်မှာ ပြဿနာမဟုတ်တော့ချေ။
.............
တည်နေရာနှင့် စကြဝဠာကို ဖြတ်၍သွားလာနိုင်စွမ်းရှိသည့် ရွက်သင်္ဘောကို တည်ဆောက်နိုင်အတွက်ဆိုသည်မှာ ကြီးမားလှသည့် အရာကြီးဖြစ်သည်။ သို့ပေမဲ့ သူတို့၏ လုပ်ဆောင်နိုင်မှုကို စမ်းသပ်သည့် အရာပင် ဖြစ်တော့၏။
ထိုက်ရွှမ်အဘိုးအိုသည် အစီအရင်ဟောခန်းကို ဦးဆောင်၍ သုသေသနပြုလုပ်ခြင်းများကို ဆောင်ရွက်လျက် ရှိနေ၏။ ထို့ပြင် ပြဿနာများကို အချိန်တိုအတွင်း ဖြေရှင်းရန် ကြိုးပမ်းနေလျက် ရှိနေသည်။
"ဘယ်လောက်ကြာနိုင်လဲ"
"နှစ်နှစ်ကနေ သုံးနှစ်အထိပေါ့။ နှေးမယ်ဆိုရင်တော့ နှစ်ပေါင်း နှစ်ဆယ်ကနေ သုံးဆယ်အထိ ကြာလိမ့်မယ်"
ထိုက်ရွှမ်အဘိုးအိုသည် တိကျလှသည့် အချိန်ကို မပေးရဲချေ။ ထို့ပြင် ရွက်သင်္ဘောကြီးကို တည်ဆောက်ရသည်မှာလည်း ရှုပ်ထွေးလှသည့် အစီအရင်များကို ပြုလုပ်ရန် လိုအပ်နေ၏။ အနည်းငယ် လွဲချော်သွားလျှင် အစီအရင်တစ်ခုလုံး ပြောင်းလဲသွားနိုင်၏။
"ဒါဆိုရင်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဆရာကြီးကိုပဲ အပ်ထားလိုက်တော့မယ်"
အစီအရင်ဟောခန်းဆီမှ ထွက်ခွာပြီးသည့်နောက် တောင်အနောက်ဖက်ဆီသို့ သွားလိုက်၏။ သူသည် ကုကျောင်းရှစ်၏ အုတ်ဂူရှေ့တွင် ထိုင်ချလိုက်ပြီး အရက်မူးအိမ်မက်ဝိုင်တစ်ပုလင်းကို ထုတ်ယူပြီး ပြောလိုက်၏။ "ညီလေး …. ငါမင်းကို ထပ်ပြီးလာတွေ့တာပဲ"
ကုထျန်းရှင်း၏ သားသ် ပြန်လည်မွေးဖွားနိုင်သည့် စိတ်ဝိညာဉ်ကို ပိုင်ဆိုင်သည်ဟု ပုံပြောသူက ပြောဆိုခဲ့သောကြောငင့် ကုကျောင်းရှစ်သည် ပြန်လည်ရှင်သန်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုနိုင်၏။ သို့ပေမဲ့ ဂိုဏ်းနှင့် အထက်နယ်မြေတစ်ခုလုံးကို စွန့်လွှတ်စတေးခဲ့သည် ဖြစ်သောကြောင့် မေ့ဖျောက်မရနိုင်သည့် အမှတ်တရသည် သူ၏နှလုံးသားထဲတွင် တည်ရှိနေသည်။
"အရာအားလုံးပြီးသွားရင် …."
သူသည် ဝိုင်တစ်ခွက်ကို ကောက်မော့ကာ ပြောလိုက်၏။ "ငါမင်းကို လာပြီးတော့ ရှာမယ်"
တောင်ပင်လယ်နယ်မြေ
ကုကျောင်းရှစ်သည် တောင်၏ထိပ်တွင် ထိုင်လျက် ရှိနေပြီး မျက်နှာပေါ်သို့ လက်တင်ကာဖြင့် အနားယူလျက် ရှိနေသည်။ "ငါဆုံးရှုံးခဲ့တာ ဘာမှတ်ဉာဏ်တွေလဲ"
"ကုန်းဝ"
သူ၏အဖေက အော်ဟစ်လိုက်၏။ "မင်းထပ်ပြီးတော့ အာရုံလွင့်နေပြန်ပြီလား"
"ဖေဖေ"
ကုကျောင်းရှစ်က ထိတ်လန့်သွားမိသည်။ "ဖေဖေသင်ပေးတဲ့ သိုင်းပညာတွေက ဘာမှမခက်ဘူးလေ။ အားလုံးကို တတ်မြောက်နေပြီး ဘာမှမှ လုပ်စရာမရှိတာ"
"ကောင်းပြီ"
ကုထျန်းရှင်းသည် ပြောလိုက်၏။ "ငါနဲ့အတူ တောင်ပင်လယ်နယ်မြေအရှင်ဆီ သွားဖို့ လိုက်ခဲ့တော့။ မင်းရဲ့ အနာဂတ်မိန်းမကိုလည်း ကြည့်ရမယ်"
ဟမ်
ကုကျောင်းရှစ်သည် ဆွံ့အသွားမိသည်။ နယ်မြေသခင်နဲ့ သူ့မိန်းမကို မြင်ပြီးပြီဆိုတော့ သူတို့သမီးကလည်း သူတို့လို ဖြစ်မှာပဲ။ သွားပြီးကြည့်ရမယ်ဆိုရင် ငါ့မျက်လုံးတွေက ဒဏ်ခံနိုင်ပါ့မလား။
"ဖေဖေ"
သူသည် အားပျော့စွာ ပြောလိုက်၏။ "စေ့စပ်ပွဲကို ဖျက်လို့ရလား"
ဘန်း
ကုကျောင်းရှစ်သည် မြေပေါ်သို့ လွင့်စင်သွားပြီးသည့်နောက် ချောက်ကမ်းပါးတွင် ရှိနေသော သစ်ပင်တစ်ခုအပေါ်တွင် ချိတ်လျက် ရှိနေ၏။ သူသည် ကုထျန်းရှင်း၏ အော်သံကို ကြားလိုက်ရ၏။ "ငါမင်းအတွက် ရှာဖွေထားတဲ့ မိန်းမက ပါရမီရှိပြီးတော့ အရမ်းလဲ လှပတယ်။ စေ့စပ်ပွဲကို ဖျက်ရဲရင် မင်းရဲ့ ဂွေးကို ဖြတ်ပစ်မယ်"
"……...."
…………..
အချိန်သည် နှစ်နှစ် ကုန်ဆုံးသွားခဲ့၏။
ပြိုင်စံရှားဂိုဏ်းသည် ကြေညာမှု ပြုလုပ်ပြီးသည့်နောက် အထက်နယ်မြေတစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့၏။ လူများအားလုံးသည် ရံဖန်ရံခါဆိုသလို အင်မော်တယ်အဆင့် ဂိုဏ်းများအကြောင်း ပြောဆိုခဲ့သော်လည်း ထိုအရာသည် သမိုင်းအဖြစ် ဖြစ်တည်သွားခဲ့၏။ စကားအဖြစ် ပြောဆိုရုံမှလွဲ၍ အခြားမရှိတော့ချေ။
ပြိုင်စံရှားဂိုဏ်းမှာတော့ ထုံးစံအတိုင်း ငြိမ်သက်လို့နေခဲ့၏။ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များ အားလုံးတို့သည် ကျင့်ကြံပြီး ငြိမ်သက်နေကြ၏။ ၎င်းတို့၏ နေ့များသည် သိုသိုသိပ်သိပ်နှင့် ဖြစ်တည်နေ၏။ အစီအရင်ဟောခန်းနှင့် ပန်းပဲခန်းမဆောင်တို့မှာတော့ အလုပ်အများဆုံးပင် ဖြစ်၏။ အချိန်တိုအတွင်း ရွက်သင်္ဘောကြီးကို တည်ဆောက်ရန် အာရုံစိုက်ခဲ့ကြ၏။ နောက်ဆုံးမှာတော့ သူတို့သည် ရွက်သင်္ဘောကြီးတစ်စင်းကို အောင်မြင်စွာဖြင့် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
"အရမ်းကောင်းတယ်"
ထာဝရရွက်သင်္ဘောနှင့် ဆင်တူသော ရွက်သင်္ဘော၏ရှေ့တွင် မတ်တပ်ရပ်လိုက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း က ပြောလိုက်၏။
"အရမ်းကို ကောင်းတယ်"
ဤရွက်သင်္ဘောကြီး၏ ပုံစံသည် ထိုက်ရွှမ်အဘိုးအို ဖန်တီးထားသည့် အရာပင် ဖြစ်၏။ အတွင်းပိုင်းတွင် ရှိနေသော အစီအရင်စနစ်များအားလုံးသည် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ အရာများကို မှီငြမ်းကာ ပြုလုပ်ထားသောကြောင့် မည်သည့်ပြဿနာမှ မရှိဘဲ စကြာဝဠာတစ်ခုလုံးကို ခရီးသွားလာနိုင်စွမ်း ရှိသည်။
"ဂိုဏ်းချုပ်"
ကျန်းထယ်ကျွင်းက အကြံတစ်ခုလောက် ပေးလိုက်၏။ "ဒီဟာကို နာမည်တစ်ခုလောက် ပေးလိုက်မလား"
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာဖြင့် ပြောလိုက်သည်။ "ဆရာကြီးက ဒီရွက်သင်္ဘောတွေကို ပြုလုပ်ဖို့အတွက် နှစ်နှစ်တိတိ ကုန်ဆုံးခဲ့တယ်လေ။ ဒီတော့ ချောင်ရှောင်းလို့ ပေးလိုက်ရအောင်"
“………”
ထိုက်ရွှမ်အဘိုးအို၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့၏။ သူ့ကို ဂုဏ်ပြုသည့် နာမည်ပေးလျှင် ထိုက်ရွှမ်ဟု ပေးသင့်သည် မဟုတ်ပါလား။ အဘယ့်ကြောင့် ချောင်ရှောင်းဟု ပေးရသနည်း။
ကျွင်းချောင်ရှောင်းဆိုသည့်အကောင်သည် လူသားတစ်ယောက် ဖြစ်သော်လည်း အဘယ့်ကြောင့် ဤမျှရှက်ရွံ့မှု ကင်းမဲ့နေရသနည်း။
............
ကျွီ
ခြံဝန်းတစ်ခုအတွင်းမှာတော့ ရီရှင်းချန်သည် တံခါးကို တွန်းဖွင့်ကာ အပြင်ဖက်သို့ လျှောက်ထွက်လာခဲ့၏။ သူသည် ကောင်းကင်ကို မော့ကြည့်ပြီးသည့်နောက် သက်ဖြတ်လိုခြင်းအပြည့်ဖြင့် ပြောလိုက်၏။ "ဧကရီလင်းရောင် …. သေဖို့အတွက် အဆင်သင့်ပဲလား"
ကုန်းမြေတစ်ခုအတွင်းမှာတော့ ကြီးမြတ်သူကုန်းဝေသည် ထူးဆန်းလှသော ကျောက်တုံးပေါ်တွင် ခြေချိတ်ကာ ထိုင်နေ၏။ မျက်လုံးကိုဖွင့်ကာ ကြည့်ရှုလိုက်ချိန်မှာတော့ ထွက်ပေါက်မှတစ်ဆင့် ထွက်လာသော ကျက်သရေရှိလှသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ သူမသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
"ဆရာ"
ဧကရီလင်းရောင်သည် ခနရပ်တန့်ကာ ပြောလိုက်၏။ "တိုက်ပွဲရဲ့ တည်နေရာက ဘယ်နေရာမှာလဲ"
"ညသင်္ချုင်းမြေမှာ"
…………
"ဘယ်နေရာလဲ"
ပြိုင်စံရှာဂိုဏ်း၏ အဓိကဟောခန်းအတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားမိ၏။ သူ၏ ဆရာပေးပို့လိုက်သော စာကို ဖတ်ရှုပြီးနောက် သူက ပြောလိုက်၏။ "ကြယ်တွေကြွေကျတဲ့ နေရာဖြစ်တဲ့ ညသင်္ချုင်းတောင်"
"…..."
ရီရှင်းချန်၏ နှုတ်ခမ်းများသည် တုန်ယင်သွားလေသည်။
"ကြယ်တွေကြွေကျတာ ဟုတ်လား"
ဂိုဏ်းချုပ်၏ ဆရာသည် တိုက်ပွဲတည်နေရာကို စီစဉ်ခဲ့၏။ အဘယ့်ကြောင့် သူသေဆုံးတော့မည်ဟု နမိတ်ကို ပြလျက်ရှိနေရသနည်း။
"နာမည်က မင်းအတွက် မကောင်းဘူးပဲ"
ကျွင်းချောင်ရှောင်းသည် ဆင်းလျှောက်လာပြီးသည့်နောက် ပခုံးကို ပုတ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "မင်းမှာ တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ငါယုံကြည်တယ်"
"ဘယ်တော့ သွားကြမလဲ"
"အခုသွားကြမယ်"