← Chapters

အခန်း ၁၆၆၈

Vol. 112 Ch. 1668

အခန်း ၁၆၆၈

Vol. 112 Ch. 1668

ကျွင်းချောင်ရှောင်းသည် အမဲရောင်ဝတ်စုံလူနှင့် နတ်မြို့တွင် တိုက်ခိုက်ခဲ့ဖူးသည်။ သူ၏ အရှုံးပေးမှုသည် သိသာ သွားခဲ့သောကြောင့် ဆရာတုံးကုပင်လျှင် စိတ်တိုခဲ့ဖူးသည်။

ယနေ့မှာတော့ ခြားနားလို့နေ၏။

များပြားလွန်းသော သိုင်းကျင့်ကြံသူများ တည်ရှိနေသောကြောင့် လေးလေးနက်နက် တိုက်ခိုက်မှဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း”

အမဲရောင်ဝတ်စုံနှင့်လူ က ပြောလိုက်သည် “စလို့ရပြီ”

“ခင်ဗျား ခန္ဓာကိုယ်ပေါ်က အဝတ်မဲကြီးကို မချွတ်ဘူးလား”

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ၏ မျက်နှာအစစ်အမှန်ကို မြင်ချင်မိသည်။ သို့ပေမဲ့ တစ်ဖက်လူသည် အတားအဆီး အစီအရင်ပါသော ရတနာတစ်ခုခုကို အသုံးပြုထားသည့်အပြင် အဝတ်မဲကြီးကိုလည်း ဝတ်ဆင်ထားသည်မို့ သူ သေချာမမြင်ရပေ။

အမဲရောင်ဝတ်စုံနှင့်လူက ပြောလိုက်သည် “ဒီလို ဝတ်ထားမှ လုံခြုံတယ်လို့ ခံစားရလို့ပါ”

“…….”

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိသည် “နေရောင်ခံလို့မရတာများလား”

စနစ်က ပြောလိုက်၏ “အထက်နယ်မြေမှာ မွန်းစတားမျိုးနွယ်ပေါင်းထောင်ချီ ရှိတာလေ။ နေရောင်ခံလို့မရတဲ့ မျိုးနွယ်လည်း ရှိနေနိုင်တယ်”

အင်း …။

ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်လိုက်ပြီး ပြောလိုက်သည် “တိုက်ခိုက်လို့မကောင်းတဲ့ ဒီလို ပွယောင်းယောင်း ဝတ်စုံမျိုးကို ဝတ်ပြီး တိုက်ခိုက်ချင်တယ်ဆိုတော့လည်း ခင်ဗျား သဘောပေါ့”

“တပည့်”

ကြီးမြတ်သူတုံးကုသည် အသံပို့လွှတ်လိုက်၏ “လူတွေအများကြီး ကြည့်နေတယ်။ ငါ့ကို အရှက်မရစေနဲ့နော်”

“စိတ်မပူနဲ့”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြန်လည်ပြောဆိုလိုက်သည် “အကောင်းဆုံး တိုက်ခိုက်ပါမယ်”

ဤကဲ့သို့သော လေးနက်သည့် မျက်နှာအမူအရာမျိုးသည် အင်မော်တယ်အဆင့်ဂိုဏ်းများ နှင့် တိုက်ခိုက်စဉ်ကပင် မပေါ်လာခဲ့ဖူးပေ။ လက်ရှိအချိန်မှာတော့ သူ့ဆရာ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ကုန်းရှန့်သည် အမှန်ပင် လေးနက်၍နေလေ၏။

“ကျေးဇူးပြုပြီး ….”

ဝှစ် …။

အမဲရောင်ဝတ်စုံနနှင့်လူသည် နှုတ်ဆက်ပြီးသည့်နောက် လက်နှစ်ဖက်ကို နောက်ဘက်သို့ ပစ်လိုက်သည်။

ဝှစ် …

၎င်း၏ ခန္ဓာကိုယ်ဆီမှ မတူညီသည့် ဓာတ်သဘာဝများနှင့် ကျန်းချီများ ထွက်ပေါ်လာပြီး တည်နေရာ တစ်ခုလုံးကို သက်ရောက်စေခဲ့၏။ တည်နေရာ၏ လေဟာနယ်ကြီးတစ်ခုလုံးသည် ယမ်းခါလာ၏။

ကြီးမြတ်သူတုံးကု နှင့် ချင်းဝေ တို့သည် ကြောင်အသွားမိသည်။

ဤတိုက်ခိုက်ရေးနည်းစနစ်၊ ဤဓာတ်သဘာဝ များသည် အထက်နယ်မြေမှ ပိုင်ဆိုင်သော အရာမျိုးမဟုတ်ချေ။

ဝှစ် …။

ဝှစ် …။

ထိုအချိန်မှာပဲ အမဲရောင်ဝတ်စုံနှင့်လူသည် ရုတ်တရက် ခုန်လိုက်သည်။ လေထုထဲတွင်တော့ ၎င်း၏ မူရင်း ခန္ဓာကိုယ်နှင့် တစ်ပုံစံတည်း တူညီသော ကိုယ်ပွားပေါင်း တစ်ထောင်လောက် ပေါ်လာသည်။

“ကြယ်စင်စု…..”

ဝှစ် … ။

ချက်ချင်းပဲ ကိုယ်ပွားများ၏ လက်ဆီမှ အလင်းတန်းများဖြစ်တည်လာပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်ခြင်းကို ပြုလုပ်ကြ၏။

“အစစ်အမှန် ရှာဖွေခြင်းအဆင့်လား”

ကြီးမြတ်သူ တုံကု နှင့် ကြီးမြတ်သူ ချင်းဝေ တို့သည် အမဲရောင်ဝတ်စုံ နှင့် လူ ထုတ်ဖော်လိုက်သည့် စွမ်းအင်များကို ကြည့်ရှုပြီး အားအင်အဆင့်ကို သိရှိသွားကြသည်။ သို့ပေမဲ့ အစစ်အမှန် ရှာဖွေခြင်း အဆင့် ဘယ်လောက်တွင် ရှိသနည်း ဆိုသည်ကိုတော့ သေချာမသိနိုင်ပေ။ အပြင်းအထန် တိုက်ခိုက်မှသာလျှင် သိရှိပေလိမ့်မည်။

ဆွစ် ……..။

စွမ်းအားမြင့်လက်ဝါးရိုက်ချက်များသည် ကျွင်းချောင်ရှောင်းဆီသို့ တည့်တည့်မတ်မတ် ကျဆင်းလာသည်။

ကုန်းရှန့်သည် ဉီးခေါင်းကို ခါယမ်းပြီး ပြောလိုက်၏ “အရမ်းအားနည်းတယ်”

သူသည် ဟန်ထုတ်နေခြင်းမဟုတ်ပေ။

ဘုန်း ……။

ရုတ်တရက် သူ့ဆီသို့ လက်ဝါးရိုက်ချက်များ ကျဆ်းလာချိ်နမှာတော့ ကုန်းရှန့်သည် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။ ဖြစ်စဉ်တစ်ခုလုံးတွင် အားအင်တစ်ချက်ကလေးမှ စိုက်ထုတ်ပုံပင် မပေါ်ချေ။ လေလှိုင်းအဟုန်ကြောင့် သူ၏ ဆံပင်များပင် မရှုပ်ပွသွားခဲ့ပေ။

ဆွစ် ….။

အမဲရောင်ဝတ်စုံနှင့်လူသည် ထိုအရာကို မျှော်မှန်းထားပြီးပုံပေါ်သည်။ ပြိုင်ဘက်၏ တန်ပြန်တိုက်ခိုက်ချက်ကို အခွင့်အရေးယူပြီး လေထဲတွင်ရှိနေသော ကိုယ်ပွားများ ဆက်လက်ကာ လှုပ်ရှားကြသည်။ မတူညီသည့် တည်နေရာ အသီးသီးဆီမှ ရှုပ်ထွေးပြီး ခန့်မှန်းရ ခက်ခဲသည့် လက်ဝါးရိုက်ချက်များ ထပ်မံ ကျဆင်းလာသည်။

ဘုန်း … ဘုန်း …။

ချက်ချင်းပဲ ကျွင်းချောင်ရှောင်း ရပ်နေသည့် နေရာတွင် စွမ်းအင်လှိုင်းများကျဆင်းလာပြီး သံအမဲဖြင့် ဖြစ်တည်ထားသော တောင်ကြီးပင်လျှင် ချိုင့်ဝင်သွားခဲ့၏။

“ကြီးမြတ်သူ ကုဟုန်တပည့်က တစ်ခုခုပဲ”

သိုင်းကျင့်ကြံသူများသည် အံ့အားသင့်လျက်ရှိသည်။ သူတို့၏ အထင်အရဆိုလျှင် ဂိုဏ်းချုပ်ကျွင်း၏ တစ်ချက်တည်း တိုက်ခိုက်မှုကြောင့် မရှုံးနိမ်သည်ကပင် ကံကောင်းခြင်းဖြစ်၏။

ဝှစ် …..။

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ပေါက်ကွဲမှုဖြစ်ပေါ်ရာ နေရာ၌ မရှိတော့ချေ။ လေပေါ်သို့ ရောက်ရှိနေပြီး သူ၏ လက်သည် ပြုတ်တူကြီးတစ်ခုကဲ့သို့ပင် အမဲရောင်ဝတ်စုံနှင့်လူ၏ လည်ပင်းကို ကိုင်ထားလေသည်။

ဘန်း ….။

မူရင်းခန္ဓာကိုယ်ကို ဖမ်းမိသွားသောကြောင့် ကျန်ကိုယ်ပွားတစ်ထောင်ကျော်တို့သည် ပျောက်ကွယ်ကုန်၏။

“လောကရဲ့ ကလေးငယ်ဟုတ်လား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “လုပ်နိုင်တာ ဒါအကုန်ပဲလား”

ဘုန်း …..။

အမဲရောင်ဝတ်စုံနှင့်လူသည် မြေပြင်နှင့် ကိုင်ရိုက်ခြင်းကို ခံလိုက်ရသည်။

“ကောင်းတယ်”

ကြီးမြတ်သူတုံးကုသည် စိတ်လှုပ်ရှားစွာဖြင့် ထအော်လိုက်၏။

သူ၏ တပည့်အနေဖြင့် တစ်ဖက်လူကိုနိုင်မည်ဖြစ်ကြောင်းသိရှိပြီးဖြစ်သည်။ သို့ပေမဲ့ တိုက်ခိုက်ချိန်တွင် သူ တကယ်ပဲ စိုးရိမ်နေမိ၏။ ဤကောင်လေးသည် ယခင်တစ်ကြိမ်ကလို ရှုံးဟန်ဆောင်နိုင်သေးသည် မဟုတ်ပါလား။ ယခု လေးလေးနက်နက် တိုက်ခိုက်နေသည်ကို မြင်ရတော့ အအမှန်ပဲ စိတ်ချမ်းသာမိသည်။

သူသည် ကုဟုန်ဆီ လှမ်းကြည့်ကာ ခပ်ထေ့ထေ့ ပြောလိုက်၏ “ခင်ဗျားရှုံးမှာ သေချာပြီ”

“…..”

ကြီးမြတ်သူကုဟုန်သည် တိတ်ဆိတ်ငြိမ်သက်နေသည်။

သူ့တပည့် ထပ်တလဲလဲ ပူဆာနေခြင်းကြောင့်သာ မဟုတ်လျှင် ဤတိုက်ပွဲသို့ လာဖြစ်မည်ပင် မထင်ချေ။ ယခုတော့ …..။

အမဲရောင်ဝတ်စုံနှင့်လူသည် မြေပေါ်သို့ ခုန်ထလိုက်သည်။ သူ၏ လက်များသည် တုန်ယင်လျက်ပင်ရှိ၏။

အမြင့်ကြီးဆီသို့ ကြက်တစ်ကောင်ကို ကိုင်ရိုက်သလို ပစ်ရိုက်လိုက်သည့် ကျွင်းချောင်ရှောင်း၏ တိုက်ကွက်သည် ရိုးရှင်းသော်လည်း ကြမ်းတမ်းလွန်းလှသည်။ ကံဆိုးစွာဖြင့် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် တစ်ဖက်လူ၏ မျက်နှာမည်သို့ ဖြစ်နေသနည်း မသိရှိရပေ။

“အရှုံးပေးလိုက်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ခင်ဗျားက ကျုပ်ပြိုင်ဘက်မဟုတ်ဘူး”

သူသည် လေးလေးနက်နက် တိုက်ခိုက်နေပုံပေါ်သော်လည်း တကယ်တမ်းမှာတော့ အားအင်ကို လျော့ပေါ့ထားသည်။ မဟုတ်ပါက ဤလူသည် သေဆုံးနှင့်နေသည်မှာ ကြာလောက်ပေပြီ။

သူ၏ဆရာနှင့်ကြီးမြတ်သူကုဟုန်တို့သည် ပြိုင်ဆိုင်တတ်ကြသည် ဆိုသော်လည်း မည်သည့်အမုန်းတရားမှ မပါဝင်ကြပေ။ ထို့အပြင် လက်ရည်စမ်းပွဲတစ်ခုအတွင် တစ်ဖက်လူ၏ အသက်ကို သူ မယူချင်ပေ။

“အားနာပါတယ်”

အမဲရောင်ဝတ်စုံနှင့်လူက ပြောလိုက်သည် “ဘယ်တော့မှ ရှုံးတယ်လို့ ဝန်ခံမှာမဟုတ်ဘူး”

ဝှစ် ….။

ကျွင်းချောင်ရှောင်းသည် ထိုသူရှေ့၌ ပေါ်လာပြီး အင်္ကျီစကို ဆွဲကာ ပြောလိုက်သည် “ဒါဆိုဝန်ခံအောင် လုပ်ပေးမယ်”

ဘုန်း ….။

တိုက်ပွဲတည်နေရာတစ်ခုလုံးသည် ပေါက်ကွဲထွက်သွားသည်။ အဖြူရောင်အခိုးအငွေ့များသည် တည်နေရာတစ်ခုလုံးသို့ ပြန့်နှံ့သွား၏။

အဟွတ် … အဟွတ် …။

ကျွင်းချောင်ရှောင်းသည် အခိုးအငွေ့များကြားမှ လျှောက်ထွက်လာပြီး မျက်ရည်များပင် ဝိုင်းလို့နေသည်။ သူသည် အခိုးအငွေ့များကြောင့် မျက်လုံးများပင် စပ်လို့နေသည်။

တစ်ဖက်လူသည် ထိုအခိုးအငွေ့များကြားမှတဆင့် ကိုယ်ဖျောက်သွားခဲ့ခြင်းသာဖြစ်၏။

“ဘယ်ရောက်သွားတာလဲ” ကြည့်ရှုနေသူများသည် ကြောင်အသွားသည်။

ဝှစ် ….။

ရုတ်တရက် ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းတက်လိုက်ပြီး လေဟာနယ်တစ်ခုဆီသို့ လက်လှမ်းလိုက်သည်။ ပြီးနောက် သူ၏ လက်ထဲတွင် အမဲရောင်ဝတ်စုံနှင့်လူ ပါလာသည်။ သူသည် ထိုသူအား မြေပေါ်သို့ဖိချကာ ပြောလိုက်၏ “ဒီလောက်လေးနဲ့ ဘာလှည့်စားလို့ရမှာလဲ”

“….”

“အရှုံးပေးပြီလား”

“မပေးဘူး”

ဘုန်း…. ဘုန်း …။

ကျွင်းချောင်ရှောင်းသည် အမဲရောင်ဝတ်စုံနှင့်လူ၏ ခြေထောက်ကို ဆွဲ၍ ဘယ်ပြန်ညာပြန် ကိုင်ပေါက်လျက်ရှိသည်။

ကြမ်းတမ်းလွန်းလှသောကြောင့် ကြည့်နေသူများပင် မျက်စိလွှဲထားရ၏။

ကြီးမြတ်သူကုဟုန်၏ မျက်နှာတစ်ခုလုံးသည် ပျက်ရွင်းသွားသည်။ သူ၏ နှလုံးသားထဲတွင် နာကျင်မှုကို ခံစားနေရသည်။

ဟုတ်ပေသည်။ သူသည် သူ့အစား ကြီးမြတ်သူတုံးကုကို အနိုင်ယူပေးရန် လောက၏ ကလေးငယ်ကို အထက်နယ်မြေဆီ ခေါ်ဆောင်လာခဲ့သည်။ သို့ပေမဲ့ ဆယ်နှစ်နီးပါး နေထိုင်ပြီးနောက်တွင် ဤကလေးအား သံယောဇဉ်တွယ်နေပြီဖြစ်၏။

“ကျုပ်တပည့် လက်လွန်သွားမယ်”

ကြီးမြတ်သူတုံးကုက ပြောလိုက်သည် “ခင်ဗျားတပည့်ကို မြန်မြန်အရှုံးပေးခိုင်းတော့”

ကုဟုန်သည် တီးတိုးပြောလိုက်သည်”ဒီတိုက်ပွဲကို သူတောင်းဆိုထားတာ။ နိုင်တာရှုံးတာက သူ့သဘော ဖြစ်သွားပြီ။ ကျုပ် ဝင်ပြီး ပြောလို့မရဘူး”

…….

ဘုန်း …….

ကျွင်းချောင်ရှောင်းသည် အကြိမ်အနည်းငယ်ထပ်မံ ရိုက်နှက်ပြီးနောက် အမဲရောင်ဝတ်စုံနှင့်လူ အဆင်ပြေနေသေးသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် ထိုသူ၏ မျက်နှာဖုံးကို လှမ်းဆွဲပြီး ကြည့်ရှုလိုက်၏ “လောကရဲ့ ကလေးငယ် က ယောကျ်ားလား၊ မိန်းမလား၊လူသား လား၊ မွန်းစတားလား ကြည့်ကြတာပေါ့”

ဝှစ် …

လက်တစ်ချက်အဝေ့မှာတော့ အမဲရောင်ခြုံလွှာသည် လွင့်စင်သွားသည်။

နောက်ဆုံးမှာတော့ အမဲရောင်ဝတ်စုံနှင့်လူ၏ မျက်နှာသည် ထင်ပေါ်လာခဲ့သည်။ အသက်နှစ်ဆယ်စွန်းစွန်းလောက် ရှိပြီး အမဲရောင်ဆံနွယ်များသည် ရှုပ်ပွနေသည်ဆိုသော်လည်း မျက်နှာလေးတစ်ခုသည် ကြည်လင် ရှင်းလင်းလို့နေ၏။

“မိန်းကလေးလား”

ကြီးမြတ်သူ တုံးကုသည် မျက်လုံးပြူးသွားသည်။

ကျွင်းချောင်ရှောင်း၏ အမူအရာတစ်ခုလုံးသည် ပြောင်းလဲသွားသည်။ သူသည် တစ်ဖက်လူ၏ ကိုယ်ပေါ်ခွထားခြင်း ဖြစ်သည်။ ထို့ကြောင့် မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူသည် မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်မိ၏ “ရှစ်ကျန်းရွှမ်”

အမှန်ပင်ဖြစ်သည်။ ကြီးမြတ်သူတုံးကု၏ ပြာနှမ်းနေအောင် ရိုက်နှက်ခံထားရသော တပည့်သည် မြောင်ဟွာခန်းမသခင် ပင် ဖြစ်နေလေသည်။

“ဂိုဏ်းချုပ်ကျွင်း”

သူမ၏ နာမည်ကို ခေါ်လိုက်ကြောင်း ကြားရချိန်မှာတော့ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာ၏ “ရှင် … ရှင် ကျွန်မ နာမည်ကို မှတ်မိသေးတယ်ပေါ့”

ကုန်းရှန့်သည် ပြောရင်းသတိလစ်သွားခဲ့သော ရှစ်ကျန်းရွှမ်၏ ပခုံးကို ကိုင်လှုပ်ကာ တတွတ်တွတ် ရွတ်လျက်ရှိသည် “တောင့်ထား …. ခဏလေး တောင့်ထားပါအုံး”

All Chapters