← Chapters

အခန်း ၁၆၇၀

Vol. 112 Ch. 1670

အခန်း ၁၆၇၀

Vol. 112 Ch. 1670

အပိုင်း (၁၆၇၀)

အချက်အလက်အားဖြင့် အစကတည်းက ကျွင်းချောင်ရှောင်းသည် ဆယ်နှစ်တာ ကတိစကား၏ တိုက်ပွဲ အကြောင်းကို လေးလေးနက်နက် မစဉ်းစားခဲ့ချေ။ ထို့အပြင် သူသည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ပြီးသည်နောက် အင်မော်တယ်အဆင့်ဂိုဏ်းချုပ်များကို အနိုင်ယူနိုင်ခဲ့သည်။ ကြီးမြတ်သူ ကုဟုန်၏ တပည့် ကို အနိုင်တိုက်ခိုက်ရခြင်းဆိုသည်မှာ သွားရောက်ကာ အနိုင်ကျင့်ရခြင်းနှင့်ပင် ဆင်တူ၏။ ထို့ကြောင့် ရှုံးခြင်း၊ နိုင်ခြင်း ဆိုသည်မှာ အရေးမကြီးလှချေ။

သို့ပေမဲ့ ဤတိုက်ပွဲသည် ရီရှင်းချန်အတွက်တော့ အလွန်တရာ အရေးကြီးလှ၏။ ဝိညာဉ်ကူးပြောင်းရောက်ရှိ လာပြီးသည်နောက် သူ၏ နှလုံးသားထဲတွင်ရှိသော အမုန်းတရားများသည် ဆက်တိုက်ဆိုသလိုပဲ ပိုမိုကာ ပွားများ လာခဲ့တော့၏။ အဆင့်ချိုးဖြတ်နိုင်ရန် သူသည် အဆုံးစွန်ကြိုးစားခဲ့၏။ ယနေ့အချိန်မှာတော့ သူ၏ ဂုဏ်သိက္ခာကို ပြန်လည်ကာ ရယူနိုင်မည့် လမ်းပေါ်သို့ ရောက်ရှိပေတော့မည်။

အချိန်အတော်ကြာ ဖိနှိပ်ထားခဲ့သည့် ဒေါသတရားများသည် ညသင်္ချိုင်းတောင်ပေါ်သို့ ရောက်ရှိသည့်အချိန်မှာတော့ မည်သို့မှ မဖိနှိပ်နိုင်တော့ဘဲ အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့တော့သည်။

ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဒေါသတရားများနှင့် သတ်ဖြတ်လိုခြင်းဆန္ဒများ ထွက်ပေါ်လာသည့် အချိန်မှာတော့ အဝေးတစ်နေရာတွင် ကြည့်ရှုနေကြသည့် သိုင်းကျင့်ကြံသူများသည်ပင်လျှင် ကျောရိုးမကြီးများ စိမ့်တက်သွားကုန်၏။

“.......”

ကြီးမြတ်သူချင်းဝေသည် မျက်မှောင်ကုတ်လိုက်၏။ ပြိုင်စံရှားဂိုဏ်းတပည့်ဆီမှ သတ်ဖြတ်လိုခြင်းဆန္ဒများသည် အလွန်အားကောင်းလွန်းလှသည်။ သူ့အနေနှင့် သူမ၏တပည့်ကို သတ်ဖြတ်ချင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ သူမ အမှန်ပင် နောင်တရမိ၏။ ယခင်တုန်းက ဆယ်နှစ်တာ ပြိုင်ပွဲအကြောင်း ဝင်ရောက်ရှုပ်ထွေးမိသည့်အချက်ကို အမှန်ပင် နောင်တရမိနေသည်။

အချက်အလက်အားဖြင့် ဤပြိုင်ပွဲသည် သူမ အနေနှင့် ဝင်ရောက်ယှဉ်ပြိုင်စရာလိုသည့် ကိစ္စရပ်မျိုး မဟုတ်ပေ။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ ဧကရီလင်းရောင်နှင့် ရီရှင်းချန်တို့၏ တိုက်ပွဲကို ဖန်တီးပေးခဲ့သလိုပင် ဖြစ်ခဲ့ရ၏။

မည်သို့ပင် ဆိုစေကာမူ ၎င်းတို့၏ နှစ်ယောက်ကြား ရန်ငြှိုး ရန်ကြွေးသည် ဖြေရှင်း ရမည့် ကိစ္စတစ်ခုပင်ဖြစ်သည်။

“တပည့်”

ကြီးမြတ်သူတုံးကုက အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “မင်းရဲ့တပည့်ဆီမှာ အရမ်းအားကောင်းတဲ့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေ ရှိနေတယ်လေ။ ချင်းဝေရဲ့ တပည့်နဲ့ ရန်ငြှိုးရန်စတွေ ရှိနေတာလား”

“ရှိတာပေါ့” ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။ သူ၏ အထင်အရဆိုလျှင် ရီရှင်းချန် နှင့် ဧကရီလင်းရောင်တို့ကြား အမုန်းတရားဆိုသည်မှာ အဖေကိုသတ်၊ မိန်းမကို ခိုးယူသွားခဲ့သည့် အမုန်းတရားထက် မည်သို့မှ မနိမ့်ကျလှချေ။ ထို့ကြောင့် ယနေ့ လက်ရည်စမ်းပွဲတစ်ခု ဖြစ်သည်ဆိုလျှင်တောင်မှ သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာမှာ သေချာသည်။

“တုံးကု”

ကြီးမြတ်သူချင်းဝေက ပြောလိုက်၏။ “ရှင်နဲ့ ကျွန်မရဲ့ကြားမှာရှိတဲ့ ပြိုင်ဆိုင်မှုကို ပယ်ဖျက်လိုက်ကြရအောင်”

ရီရှင်းချန်၏ အော်ရာများသည် အလွန်အားကောင်းလွန်းလှပြီး သတ်ဖြတ်လိုခြင်းဆန္ဒများသည်လည်း ကြမ်းတမ်း လွန်း၏။ သူမအနေနှင့် သူမ၏တပည့်ကို မစတေးချင်ပေ။

“ပယ်ဖျက်လိုက်တယ်ဆိုတာက အရှုံးပေးတာနဲ့ တူတူပဲ” ကြီးမြတ်သူတုံးကုက ပြောလိုက်၏။ တိုက်ပွဲတစ်ခုလုံး၏ ဖြစ်စဉ်တစ်ခုလုံးကို သူ ဂရုမစိုက်ချေ။ အနိုင်ရခြင်း၊ ရှုံးခြင်းကိုသာလျှင် ဂရုစိုက်၏။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် သူ့အား လှည့်စားသွားခဲ့သည်ဖြစ်သောကြောင့် ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ရန် အတွက် အနိုင်ရရှိဖို့ လိုအပ်နေသေးသည်။

“ကိစ္စမရှိဘူး”

လက်ရှိအချိန်မှတော့ သူမ၏တပည့် လုံခြုံရေးနှင့်ပတ်သက်၍ ကြီးမြတ်သူချင်းဝေသည် လူအများ၏ ရှေ့တွင် ရှုံးနိမ့်မှုကို ဝန်ခံခဲ့ပြီဖြစ်၏။

“ဆရာ”

ဧကရီလင်းရောင်က ပြောလိုက်သည်။ “ကျွန်မ သူနဲ့ တိုက်ခိုက်ရမယ်”

ပြီးသည့်နောက် ကြီးမြတ်သူ ချင်းဝေ၏ ပြောဆိုမှုကို မစောင့်စားတော့ဘဲ ညသင်္ချိုင်းတောင်ပေါ်သို့ တက်လှမ်းလိုက်တော့၏။ သူမ၏ခန္ဓာကိုယ် တွင် ဖုံးလွှမ်းလျက်ရှိသော တိမ်များ၊ မြူများသည် ပျောက်ကွယ် သွားခဲ့ပြီး အလွန်ကြည့်ကောင်းလွန်းလှသော ချောမောသည့် မျက်နှာလေးတစ်ခုက ထင်ပေါ်လာခဲ့၏။

စုရှောင်မိုက ထအော်လိုက်သည်။ “လှလိုက်တာ”

“ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ နံပါတ်တစ် ဧကရီဘုရင်မ ပီသပါပေတယ်” လီချင်းယန်နှင့် ရှောင်ကျီတို့ကလည်း တွေးလိုက်မိသည်။ သူတို့သည် ပြိုင်စံရှားဂိုဏ်းဆီသို့ မဝင်ရောက်ခင်က ဧကရီလင်းရောင်ဆိုသည်မှာ အလွန် ကြီးကျယ်မြင့်မြတ်လွန်းလှသည့် ဒဏ္ဍာရီထဲမှ ဧကရီတစ်ပါးအဖြစ် ဖတ်ရှုခဲ့ရဖူးသည်။ သို့ပေမဲ့ သူမသည် လှပလွန်း လှသည်ဆိုသော်လည်း သူတို့သည် သူမအပေါ် လေးစားမှုတော့ မရှိကြချေ။

သာမန်အခြေအနေအရဆိုလျှင် လှပလွန်းသော မိန်းကလေးတစ်ယောက် ပေါ်ပေါက်လာသည့်အချိန်တွင် အားလုံး သောသူများသည် အံ့အားတသင့်နှင့် ဝိုင်းဝန်းချီးကျူးကြရမှာ သဘာဝပင်ဖြစ်သည်။

သို့ပေမဲ့ ကုန်းရှန့်သည် ထိုကဲ့သို့သော အလှတရားမျိုးကို မြင်ရသည့်အချိန်မှာတော့ တစ်ချက်ကလေးမှတောင် ဂရုမစိုက်ဘဲ ဒဏ်ရာရရှိထားသည့် ရှစ်ကျန်းရွမ်ဆီသို့ အသာခေါင်းလှည့်ကာ မေးလိုက်၏။ “သက်သာရဲ့လား”

“အံ့အားသင့်စရာပဲ... ဂိုဏ်းချုပ်ကျွင်း”

ထိုအရာကို မြင်သည့်အချိန်မှာတော့ ကျွမ်းကျင်သူတစ်ယောက်သည် လက်မ ထောင်ပြလိုက်သည်။ “သူက အလှအပနဲ့ ဆွဲဆောင်သိမ်းသွင်းလို့ရတဲ့ လူတစ်ယောက် မဟုတ်ဘူး။ တကယ့်ချစ်သူ ကိုပဲ ဂရုစိုက်တာ။ ဒီလိုယောက်ျားမျိုးက ရှားပါးလွန်းတယ်”

တစ်စုံတစ်ယောက်၏ စိတ်ကူးယဉ်အတွေးများသည် ကြီးထွားလာခဲ့ပြီဆိုလျှင် မည်သို့မှ ဖမ်း၍ မရနိုင်ခဲ့ချေ။

......

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ရီရှင်းချန်ရှိရာသို့ လှမ်းကာကြည့်ရှုလိုက်မည်ဆိုလျှင် မျက်လုံးများ သည် သွေးကဲ့သို့ နီရဲလျက်ရှိနေပြီး ဒေါသတရားများသည် တဟုန်းဟုန်း တောက်လောင်နေ၏။ “နှစ်တစ်ထောင်ပဲ ရှိသေးတယ်။ ဒါပေမဲ့ မင်းရဲ့အသွင်အပြင် မပြောင်းသေးဘူးပဲ”

“ကျွန်မက မပြောင်းလဲပါဘူး”

ဧကရီလင်းရောင်က ပြောလိုက်သည်။ “ရှင်ကတော့ ပြောင်းလဲသွားပြီ”

“အားလုံး မင်းကြောင့်ပဲလေ။ မင်းကို ကျေးဇူးတင်ရမယ်။ မင်းက ငါ့ကို အရာအားလုံး အစကနေ ပြန်စစေခဲ့တာ မဟုတ်လား”

ရီရှင်းချန်သည် ခံစားချက်များကို မထိန်းချုပ်နိုင်ခဲ့တော့ချေ။ သူသည် ဤအမျိုးသမီးကို လက်သီးနှင့် တဘိုင်းဘိုင်း ထိုးချင်စိတ်များပင် ပေါက်မိနေ၏။

ဧကရီလင်းရောင်က ပြောလိုက်သည်။ “ရှင့်ရဲ့ခန္ဓာကိုယ် ပြောင်းလဲသွားခဲ့တာကို ဆိုလိုတာ မဟုတ်ဘူး။ ရှင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အမူအကျင့်တွေကိုဆိုလိုတာ။ အခု ဒီနေ့ရှင့်ရဲ့အနောက်မှာ လူပေါင်းများစွာ ထောက်ခံ အားပေးနေတယ် မဟုတ်လား”

“............”

ရီရှင်းချန်သည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ သူသည် အနောက်သို့လှည့်၍ ဂိုဏ်းချုပ်၊ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော စီနီယာအစ်ကိုများအားလုံးကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့၏။

“အမှန်ပဲ။ ကျုပ်က ပြောင်းလဲသွားခဲ့ပြီ။ ကျုပ်က အရင်တုန်းက အမျိုးအဆွေ၊ မိတ်ဆွေ၊ အပေါင်းအသင်း တစ်ယောက်မှ မရှိခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ ကျုပ်ရဲ့ သေခြင်းရှင်ခြင်းကို အလုံးစုံ ဂရုစိုက်ကြတဲ့ စီနီယာ အစ်ကိုတွေ အများကြီး ရှိနေကြပြီ”

ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီးသည့်နောက် ထိပ်ဆုံးအဆင့်သို့ လှမ်းတက်လာနိုင်ခြင်းသည် ဂုဏ်ယူစရာကိစ္စ တစ်ခုဖြစ်သည်ဆိုသော်လည်း ရီရှင်းချန်အတွက် တန်ဖိုးအထားရဆုံးအရာသည် ပြိုင်စံရှားဂိုဏ်းသား ဖြစ်လာခဲ့ခြင်း ပင်။ သူသည် ဘယ်တုန်းကမှ မကြုံခဲ့ဖူးသည့် မိသားစုနှင့် မိတ်ဆွေဆိုသည့် ခံစားမှုမျိုးကို တွေ့ကြုံခံစားနေရ၏။ သူသည် တစ်ယောက်တည်း မဟုတ်ပေ။ သူသည် အမှန်ပင် လူပေါင်းများစွာတို့၏ ထောက်ပံ့မှုကို ခံထားရသည့် လူတစ်ယောက်ဖြစ်၏။

ဧကရီလင်းရောင်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းကသာ ဒီလိုပုံစံဆိုရင် အစကနေ ပြန်စဖို့ ကြိုးစားခဲ့ရမှာမဟုတ်ဘူး”

“အားသွန်ခွန်စိုက်နဲ့ ကြိုးစားခဲ့ရတာမျိုးလား”

ရီရှင်းချန်က နှာခေါင်းရှုံ့လိုက်၏။ “မင်း ငါ့ကို သတ်ခဲ့တာကိုပဲ ငါက ကျေးဇူးတင်ရမယ့်ပုံစံမျိုး ပြောနေပါလား။ တခြားဘာရှိလို့လဲ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့”

ရီရှင်းချန်သည် ဘေးတစ်ဖက်ဆီသို့ လှမ်းတက်လိုက်၏။ အလွန်အားကောင်းလှသည့် စွမ်းအားမြင့် ကျန်းချီများသည် ခန္ဓာကိုယ်မှ ဖြစ်တည်လာခဲ့၏။ သူသည် ခန္ဓာကိုယ်ကို အသာကွေးညွတ်ကာ ပြောလိုက်သည်။ “ဒီနေ့ ခင်ဗျားကို ကျိန်းသေပေါက် နောက်ဘဝဆီ ပို့ပေးမယ်”

ဝှစ်

သက်တန့်ရောင် အလင်းတန်းများသည် သူ၏လက်ချောင်းတွင် စုစည်းလာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လှုပ်ခတ်လာစေခဲ့သည်။

“ဂျူနီယာညီလေးရီက တကယ့်ကို လေးလေးနက်နက် တိုက်ခိုက်တော့မှာပဲ”

စပြီး တိုက်ခိုက်စဉ်ကတည်းက သက်တန့်ရောင်စဉ်ကျမ်းကို ထုတ်ဖော်နေခဲ့၏။ ဤနှစ်ယောက်ကြား တိုက်ခိုက်မှုသည် ကြာမြင့်လိမ့်မည် မဟုတ်ဟု လီချင်းယန်နှင့် တခြားသောသူများက ယုံကြည်လိုက်၏။

ရွှီး ရွှီး

ထိုအချိန်မှာပဲ ရီရှင်းချန်သည် သူ၏လက်ချောင်းများကို ရှေ့ဆီသို့ တွန်းထုတ်လိုက်၏။ သက်တန့်ရောင်စဉ်ကဲ့သို့ တောက်ပလှသည့် အလင်းတန်းများသည် အရှေ့ဆီသို့ ထိုးထွက်သွားပြီး ဧကရီလင်းရောင်ဆီသို့ ရောက်ရှိသွား၏။ ဤလှုပ်ရှားတိုက်ခိုက်မှုတွင် နှစ်ပေါင်းထောင်ချီ ဒေါသတရားများ ပါဝင်လျက် ရှိနေ၏။ ထို့ကြောင့် အားအင်အဆင့် သည် ကြောက်ခမမ်းလိလိပင် ဖြစ်သည်။

ဝမ် ဝမ်...

ဧကရီလင်းရောင်သည် ငြိမ်ငြိမ်သက်သက်နှင့် သေခြင်းတရားကို စောင့်နေလိမ့်မည် မဟုတ်ချေ။ လက်ကို အသာ ယမ်းခါလိုက်ပြီးသည့်နောက် အကာအကွယ်အစီအရင်များသည် သူမ၏ရှေ့၌ တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့၏။

ဘုန်း ဘုန်း

သတ်ဖြတ်လိုခြင်းဆန္ဒနှင့် ဒေါသတရားများ ပါဝင်လျက်ရှိသည့် သက်တန့်ရောင်အလင်းတန်းများသည် ထိုအတား အဆီးများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးကုန်သည်။

..........

အားလုံးသောသူများသည် ဆွံ့အလျက်ရှိနေကြ၏။ ကျွင်းချောင်ရှောင်းနှင့် ရှစ်ကျမ်းရွှမ်တို့၏ တိုက်ခိုက်မှု သည် သာမန်လက်ရည်စမ်းပွဲတစ်ခုမျှသာ ဖြစ်သည်ဆိုသော်လည်း ရီရှင်းချန်၏ တိုက်ခိုက်မှုမှာတော့ သေကွင်း သေကွက် တိုက်ခိုက်မှုများ ဖြစ်လို့နေခဲ့၏။ မည်မျှ များပြားလှသည့် အမုန်းတရားမျိုး တည်ရှိနေသောကြောင့် ဤကဲ့သို့ တိုက်ခိုက်နေရသနည်း။

ရွှီး

ဧကရီလင်းရောင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပျောက်ကွယ်သွား၏။ သူမသည် သက်တန့်ရောင်စဉ်ကျမ်း၏ တိုက်ခိုက်မှုများမှ ရှောင်ထွက်လိုက်၏။ သူမသည် လက်ကို ကြက်ခြေခတ်ကဲ့သို့ ထားကာဖြင့် ပတ်ဝန်းကျင် တည်နေရာကြီးတစ်ခုအား လှောင်ချိုင့်အဖြစ် ဖန်တီးကာ ရီရှင်းချန်အား ဖမ်းချုပ်လေသည်။

ယုစီနန်က အံ့အားသင့်သွား၏။ “တည်နေရာအမျိုးအစား သိုင်းကျင့်ကြံသူတစ်ယောက်လား”

ကြီးမြတ်သူ ချင်းဝေသည် အံ့အားသင့်သွား၏။ သူမ၏တပည့်သည် ဤသိုင်းနည်းစနစ်ကို ထုတ်ဖော်လေ့ ထုတ်ဖော်ထ မရှိလှပေ။

ကျွတ် ကျွတ် ကျွတ်

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီအမျိုးသမီးက အစစ်အမှန် ရှာဖွေခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ပြီပဲ”

ဘုန်း ဘုန်း ဘုန်း

အတားအဆီးကဲ့သို့သော လှောင်အိမ်ထဲတွင် ပိတ်မိလျက် ရှိနေသည့် ရီရှင်းချန်သည် ထိုလှောင်အိမ်ကြီးကို တိုက်ခိုက်ပြီး လျင်လျင်မြန်မြန်ဖြင့် ပွင့်ထွက်သွားအောင် ပြုလုပ်လိုက်၏။ ပြီးနောက် သူသည် ပုဆိန်ကြီးကို ထုတ်ယူကာဖြင့် ကျန်းချီများကို ထည့်သွင်းကာ အရှေ့ဆီသို့ ခုတ်ပိုင်း တိုက်ခိုက်လိုက်တော့၏။ သူတိုက်ခိုက် လိုက်သည့်အချိန်တိုင်းတွင် သတ်ဖြတ်လိုခြင်းဆန္ဒများသည် အဆုံးစွန်အထိ ထွက်ပေါ်နေသည်။

ဇွိ ....။

ရုတ်တရက် ပုဆိန်သွား ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည့်အသံ ထွက်ပေါ်လာ၏။

ကျွင်းချောင်ရှောင်း အပါအဝင် အားလုံးသော သူတို့သည် မျက်လုံးအပြူးသားနှင့် ကြည့်ရှုနေကြသည်။

ရီရှင်းချန်သည် ပုဆိန်ကြီးကို ကိုင်ဆောင်ထားပြီးသည့်နောက် ပုဆိန်ကြီးသည် ဧကရီလင်းရောင်၏ အကာအကွယ် မဲ့လျက်ရှိသည့် ရင်အုံကို ထွင်းဖောက်လျက် ရှိနေ၏။

“တပည့်” ကြီးမြတ်သူချင်းဝေက ထအော်လိုက်သည်။

ရီရှင်းချန်သည် ရင်ဘတ်တစ်ခုလုံးကို လွယ်လွယ်ကူကူ ခုတ်ပိုင်းခံလိုက်ရသော ဧကရီလင်းရောင်ကို ကြောင်အအဖြင့် ကြည့်လျက်ရှိ၏။

သူမသည် မျက်နှာတစ်ခုလုံးသည် နာကျင်လျက် ရှိနေသည်ဆိုသော်လည်း အံ့အားသင့်ကာ ပြုံးလျက်ရှိနေသေးသည်။

“အရင်တုန်းက ကျွန်မ ရှင့်ကို ဓားနဲ့ထိုးခဲ့တဲ့နေရာက ဒီနေရာပဲ မဟုတ်လား”

မှန်ပေ၏။ တူညီသည့် တည်နေရာသည် သေဆုံးခြင်းတရားဆီသို့ပင် ပို့ဆောင်ခဲ့၏။

“ကျွန်မ.. ကျွန်မ ရှင်နဲ့ကောင်းကောင်းမွန်မွန် တိုက်ခိုက်ချင်တယ်။ ဒါပေမဲ့ ရှင့်ရဲ့ တိုးတက်မှုက အရမ်းကို မြန်ဆန်လွန်းတယ်။ ကျွန်မ လိုက်မမှီနိုင်ခဲ့ဘူး။ ဒီတော့ ကျွန်မတို့ကြားမှာရှိတဲ့ ရန်ငြှိုးရန်စတွေကို အဆုံးသတ်သွားဖို့ ဒီနည်းလမ်းကို အသုံးပြုပြီး သေဖို့ပဲရှိတော့တယ်”

ရီရှင်းချန်၏ မျက်လုံးများသည် မီးကဲ့သို့ တောက်ပလျက် ရှိ၏။ သူသည် ဤအမျိုးသမီးကို လုံးဝ မသနားချေ။ အဘယ်ကြောင့်ဆိုသော် အလွန်မုန်းတီးလွန်းလှသောကြောင့် သေဆုံးရမည်ဆိုလျှင်တောင်မှ လွယ်လွယ်ကူကူ သေဆုံးမသွားစေချင်ပေ။

“ညအင်ပါယာ”

ဧကရီလင်းရောင်သည် ထိုက်ရွှမ်ကျမ်းဟု ရေးသားထားသည့် လျှို့ဝှက်ကျမ်းတစ်ခုကို ထုတ်ကာ ပေးလိုက်၏။ “ကျွန်မ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ထဲက ရှင့်ဆီကနေ သိမ်းဆည်းထားခဲ့တာ။ ဒီနေ့မှာတော့ ပိုင်ရှင်လက်ထဲကို ပြန်ပေးလိုက်မယ်။ ကျွန်မကို ခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်လေ။ အရင်တုန်းက လုပ်ခဲ့ဖူးတဲ့ အမှားတွေ အတွက်ပေါ့”

ဇွိ

သူမသည် အရှေ့သို့ လှမ်းတက်လိုက်၏။ ခန္ဓာကိုယ်ထဲကို နစ်ဝင်လျက်ရှိသည့် ပုဆိန်ကြီးသည့် ထပ်မံကာ နစ်ဝင် သွားခဲ့၏။ သူမသည် တခြားသော လက်တစ်ဖက်ကို မြှောက်ကိုင်ကာဖြင့် ရီရှင်းချန်၏ မျက်နှာကို ထိတွေ့ရန် ကြိုးစားလိုက်သည်။ သို့ပေမဲ့ သူမ၏ သိစိတ်သည် ဆက်လက်ကာ ထောက်ပံ့မပေးနိုင်တော့ချေ။ ဖြည်းဖြည်းချင်း လက်သည် အောက်သို့ ပြုတ်ကျသွားပြီးသည့်နောက် မျက်နှာတစ်ခုလုံးသည် ရီရှင်းချန်၏ ရင်ခွင်ထဲသို့ ကျဆင်း သွားခဲ့၏။ သူမသည် ဖြည်းညှင်းစွာ မျက်လုံးကို ပိတ်လိုက်၏။ ဝိညာဉ်တစ်ခုလုံးသည်လည်း ငရဲပြည်ဆီသို့ ထွက်ခွာ သွားလေ၏။

“ပြီးသွားပြီပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နှစ်ယောက်ကြားမှာရှိတဲ့ ရန်ငြှိုးရန်စတွေက ပြီးသွားပြီပဲ”

စနစ်က ပြောလိုက်သည်။ “ဟ... ရိုးရှင်းလွန်းလိုက်တာ။ ဒီကိစ္စက ဘယ်လိုတွေ ဘယ်လိုတွေ ဖြစ်သွားတာလဲ။ ဒီမိန်းမက ရီရှင်းချန်ကို သစ္စာဖောက်ခဲ့တာလား၊ မဖောက်ခဲ့တာလား”

“ဒါက အရေးကြီးလို့လား”

“ဟာ... သေသေချာချာ မရှင်းပြရင် စာရေးသူကို ရိုက်ကွာ”

All Chapters