← Chapters

အခန်း ၁၆၇၁

Vol. 112 Ch. 1671

အခန်း ၁၆၇၁

Vol. 112 Ch. 1671

အပိုင်း (၁၆၇၁)

တိုက်ပွဲသည် ယခုမှ စတင်ရုံသာရှိသေး၏။ သို့ပေမယ့် ဧကရီလင်းရောင်သည် အသေခံရန်ဆုံးဖြတ်ခဲ့၏။ ထို့ကြောင့် ရီရှင်းချန်၏ ပုဆိန်လက်ထဲတွင် အသက်ပျောက်သွားခဲ့သည်။

“…….”

ကျင့်ကြံသူများအားလုံးတို့သည် စိတ်ဓာတ်ကျသွားခဲ့၏။ ပထမတိုက်ခိုက်ပွဲတွင် ကျွင်းချောင်ရှောင်းသည် အညံ့ခံခဲ့၏။ ဒုတိယတိုက်ခိုက်ပွဲတွင်တော့ ဧကရီလင်းရောင်သည် သူမ၏အသက်ကိုပင် ပေးဆပ်သွားခဲ့၏။ တိုက်ခိုက်ပွဲတစ်ခုကို ကောင်းကောင်းမွန်မွန်နှင့် ကြည့်ရှု့၍ မရနိုင်ပေဘူးလား။

“ဒါ လုပ်ပွဲကြီး၊ ဒါ လုပ်ပွဲကြီးပဲ”

“ပြီးသွားပြီ” ကြီးမြတ်သူတုံးကု၏ နှလုံးသားများသည် လည်ချောင်းထဲမှ ခုန်ထွက်လုမတတ်ပင်ဖြစ်နေ၏။

သူ၏တပည့် သတ်ဖြတ်ခြင်းခံလိုက်ရသောကြောင့် ကြီးမြတ်သူချင်းဝေသည် ကျိန်းသေပေါက် ဒေါသထွက်ရပေလိမ့်မည်။ သို့ပေမယ့် သေသေချာချာ လှမ်းကာ ကြည့်ရှု့လိုက်သည့်အချိန်မှာတော့ သူမ၏ အမူအယာသည် တည်ငြိမ်လျက်ရှိနေသည်ကို မြင်ရ၏။ ပြီးသည့်နောက် ကြီးမြတ်သူချင်းဝေသည် သက်ပြင်းချကာဖြင့် မျက်လုံးထဲတွင် မျက်ရည်အဝိုင်းသားဖြင့် လှည့်ကာထွက်ခွာသွားခဲ့သည်။

“ဒီလိုပဲထွက်သွားတာလား” ကြီးမြတ်သူတုံးကုသည် မယုံကြည်နိုင်သလိုဖြင့် ပြောလိုက်မိ၏။

ဧကရီလင်းရောင်၏ သေဆုံးမှုနှင့်ပတ်သက်၍ သူမ၏ဆရာဖြစ်သော ကြီးမြတ်သူချင်းဝေသည် ကျိန်းသေပေါက် ဒေါသထွက်ရပေလိမ့်မည်။ သို့ပေမယ့် ကြည့်ရမည်ဆိုလျှင် သူ၏တပည့်အနေနှင့် ကျိန်းသေပေါက် သေဆုံးချင်နေကြောင်း ရှင်းရှင်းလင်းလင်းမြင်နိုင်၏။ အဘယ့်ကြောင့် အခြားသော ပြင်ပလူကို သွားရောက်၍ အပြစ်တင်ရတော့မည်နည်း။ သတ်ဖြတ်ခံရခြင်းနှင့် အသတ်ခံခြင်းသည် မတူညီသည့် အကြောင်းအရာနှစ်ခုသာဖြစ်သည်။

“ဆရာ”

ညသင်္ချိုင်းတောင်တန်း၏ အဝေးတစ်နေရာတွင်တော့ ခါးကုန်းကုန်းနှင့် အကြီးအကဲ တစ်ယောက်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာဖြင့် မျက်ရည်များ တစ်ပေါက်ပေါက်ဖြင့်ကျဆင်းနေ၏။ “နောက်ဆုံးတော့ လွတ်မြောက်သွားခဲ့ပြီပဲ”

ဧကရီလင်းရောင်၏ သေဆုံးခြင်းသည် ကျွင်းချောင်ရှောင်း နှင့် ပြိုင်စံရှားဂိုဏ်းကို ဝမ်းနည်းမှုမဖြစ်စေခဲ့ချေ။ သူမသည် ရီရှင်းချန်ကို သတ်ဖြတ်ခဲ့မိ၏။ ထို့ကြောင့် ယနေ့တွင် ပြန်လည်ကာ သတ်ဖြတ်ခံရခြင်းဆိုသည်မှာ သာမန်သာဖြစ်ပေလိမ့်မည်။ အကြွေးကိုပေးဆပ်ရခြင်းသာဖြစ်သည်။

အသက်အတွက် အသက်တစ်ချောင်းပင်ဖြစ်သည်။ ဤအရာသည် မပြောင်းလဲနိုင်သော နိယာမပင်ဖြစ်၏။

သို့ပေမဲ့ ရီရှင်းချန်သည် လက်ထဲတွင် ပုဆိန်ကြီးကို ကိုင်ဆောင်ထားပြီးသည့်နောက် အသက်မဲ့လျက် ရှိနေသည့် အလောင်းကြီးကို ကြည့်လိုက်၏။ သူ၏အမူအရာ တစ်ခုလုံးသည် တွေဝေငေးငိုင်လျက်ရှိနေ၏။ သူနောင်တမရပေ။ သူ့အနေနှင့် ဤအမျိုးသမီးကို လွယ်လွယ်ကူကူနှင့် သတ်ဖြတ်နိုင်လိမ့်မည်ဟု မထင်မှတ်ခဲ့ခြင်းသာဖြစ်သည်။

ဝိညာဉ်ကူးပြောင်းရောက်ရှိလာခဲ့ပြီးသည့်နောက် ရီရှင်းချန်သည် ဆက်တိုက်ဆိုသလိုပဲ ကျင့်ကြံရင်း ပိုမိုကာ အားကောင်းလာခဲ့၏။ ထိုအရာသည် ဧကရီလင်းရောင်ကို သတ်ဖြတ်လိုရန် စိတ်ဆန္ဒအတွက်သာဖြစ်၏။ သူမနှင့် ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ရမည်ဟုပင် စိတ်ကူးထဲ၌ မျှော်မှန်းထားခဲ့၏။

သို့ပေမဲ့ အဆုံးသတ်မှာတော့ တစ်ဖက်လူသည် တိုက်ခိုက်ခြင်းကို ရှောင်ဖယ်ပြီး သေဆုံးခြင်းကိုသာ ရွေးချယ်သွားခဲ့၏။ ထိုအရာသည် သူလိုချင်သည့်အရာမျိုးမဟုတ်ပေ။

ဇွိ

ရီရှင်းချန်သည် သူ၏ပုဆိန်ကြီးကို ပြန်လည်ဆွဲထုတ်ယူလိုက်၏။ ဧကရီလင်းရောင်သည် ညှိုးခြောက် သွားသည့် ပန်းတစ်ပွင့်ကဲ့သို့ပင် မြေပေါ်သို့ပြုတ်ကျသွားခဲ့၏။ သူမ၏လှပသည့် မျက်နှာပေါ်တွင် အေးချမ်းသည့်အရိပ်အယောင်များနှင့်ပြည့်နှက်လျက်ရှိ၏။

ဝှစ်

မီးတောက်လုံးတစ်ခုသည် ပျံသန်းရောက်ရှိလာခဲ့ပြီးနောက် အလောင်းကိုလွှမ်းခြုံသွားခဲ့၏။ ဤအမျိုးသမီး သည် သေချင်ယောင်ဆောင်ပြီး အချို့သောနည်းလမ်းများကို ထုတ်ဖော်အသုံးပြုနေမည်ကို ရီရှင်းချန်က စိုးရိမ်းမိ၏။ ထို့ကြောင့် ချက်ချင်းပဲ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပြာချပစ်လိုက်ခြင်းသာဖြစ်သည်။ ထိုမှသာလျှင် အနာဂတ်တွင် သူမ ဆိုသည်မှာ မရှိတော့ဘဲ ပျောက်ကွယ်သွားမှာဖြစ်သည်။

ဧကရီလင်းရောင်၏ ခန္ဓာကိုယ်ကို မီးရှို့ပြာချပြီးသည့်နောက် သူသည် လက်နက်ကို ပြန်လည် သိမ်းဆည်းလိုက်၏။ အချိန်အတော်ကြာ နှလုံးသားထဲတွင် ဖြစ်တည်နေသည့် အမုန်းတရားများ အားလုံးသည် ပျောက်ကွယ်သွားခဲ့၏။ သူသည်ယခင်ကထက် ပိုမိုကာ လန်းဆန်းလာခဲ့ပြီ။ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ ညအင်ပါယာ - သူသည် အမှန်ပင် ပြုံးနိုင်ခဲ့၏။

“သူ့ရဲ့နှလုံးသားထဲမှာ ဖြစ်နေတဲ့ အကြိတ်ထုံးကြီးက ပျောက်ကွယ်သွားခဲ့ပြီ။ နှလုံးသားထဲမှာရှိနေတဲ့ အတွင်းစိတ်မိစ္ဆာဆိုးကိုလဲ ဖယ်ရှားနိုင်ခဲ့ပြီ”

ကျွင်းချောင်ရှောင်းသည် ကျေးဇူးတင်သည့် အမူအယာဖြင့် လှမ်းကာပြောလိုက်၏။ “ရှင်းချန်က အနာဂတ်မှာ တကယ်ကို ကြီးမားတဲ့အောင်မြင်မှုတွေ ရလိမ့်မယ်”

………

ရီရှင်းချန်နှင့် ဧကရီလင်းရောင်တို့၏ကြား တိုက်ပွဲနှင့်ရန်ကြွေးသည် ပြည့်စုံစွာဖြင့် အဆုံးသတ်သွားခဲ့တော့၏။ တခြားဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်များ ရှိမလားဆိုသည်ကို ဆက်လက်စဉ်းစားစရာမလိုတော့ပေ။ ရီချင်းချန်သည် တဖက်လူကို သတ်ဖြတ်ခဲ့ပြီးပြီဖြစ်သောကြောင့် အခြားအရာများလည်း ရှာဖွေ မရှိနိုင်တော့ချေ။

သို့ပေမဲ့ ဤအမျိုးသမီး၏ ပြောဆိုမှုတွင် တစ်စုံတစ်ခုသော အကြောင်းအရာမှာတော့ မှန်ကန်ခဲ့၏။ သူမသည် ရီချင်းချန်နှင့် တိုက်ခိုက်ရန်အလို့ငှာ တံခါးပိတ်ကျင့်ကြံခြင်းကို ပြုလုပ်ခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ အစစ်အမှန်ရှာဖွေခြင်း အဆင့်ကို ချိုးဖြတ်ရောက်ရှိရုံသာရှိ၏။

နှစ်နှစ်အတွင်း ရီချင်းချန်သည် အစစ်အမှန်ရှာဖွေခြင်းအထက်အဆင့်ကိုပင် ရောက်ရှိနေခဲ့၏။ ထို့ကြောင့် ၎င်းတို့နှစ်ယောက်ကြား ကွာခြားချက်သည် ကြီးမားလွန်းလှ၏။ ဧကရီလင်းရောင်အနေနှင့် သေဆုံးမှုကို မရွေးချယ်ဘဲ အပြင်းအထန်တိုက်ခိုက်မည်ဆိုလျှင်လည်း သေဆုံးရမည်သာဖြစ်သည်။

ယနေ့အချိန်မှာတော့ ရီချင်းချန်သည် သူ၏ နှလုံးသားထဲတွင် ဖြစ်တည်ခဲ့သည့် ရန်ငြိုးရန်စများအားလုံးကို ရှင်းလင်းနိုင်ခဲ့သည်ဖြစ်၏။

ဟူး

တောင်ဆီမှ ဆင်းလျှောက်ပြီးသည့်နောက် ရီချင်းချန်သည် အသက်ကို ပြင်းပြင်းရှုကာ ကောင်းကင်ယံကို မော့ကြည့်လိုက်၏။ ပြီးနောက် တွေးလိုက်၏။ “ငါ့အနေနဲ့ အမုန်းတရားတွေရဲ့ လွှမ်းခြုံမှုကို မခံရတော့ဘူးလေ။ ဒီတော့ အဆင့်မြင့်ကျင့်ကြံခြင်းအဆင့်ကို ရောက်ဖို့ပဲလိုအပ်တော့တယ်။ ဒါမှ ငါ့ရဲ့ ဂိုဏ်းတူရောင်းရင်း အကုန်လုံးကို ကာကွယ်ပေးနိုင်မှာ”

ဧကရီလင်းရောင်၏ သေဆုံးခြင်းသည် သူ၏ စိတ်အားတက်ကြွမှုကို မဆုံးရှုံးစေခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် လောကကြီးတွင် အမုန်းတရားထက် ပိုမိုကာ ကြီးမားလွန်းလှသော ၊ တန်ဖိုးထားရသောအရာများ တည်ရှိနေသေး၏။ ထိုအရာမျိုးသည် မေတ္တာစစ် မေတ္တာမှန်နှင့် မိတ်ဆွေရင်းခြာများပင် ဖြစ်ပေလိမ့်မည်။ တစ်ခုလိုအပ်နေသည်မှာ ယောက်ျားနဲ့မိန်းမကြား ချစ်ခြင်းမေတ္တာမျိုးပင်။ ထိုအရာမျိုး သူ့၌ ရှိတော့မည် မထင်ပေ။

….

“ဆရာ”

ရှစ်ကျန်းရွမ် သည် ခေါင်းကိုငုံ့လိုက်၏။ သူမသည် နီရဲသည့် မျက်နှာအစုံဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းကို ကျွန်မ ပြောစရာတစ်ခုရှိသေးတယ်”

ပြန်လည် ကောင်းမွန်ခြင်းဆေးလုံး၏ အကူအညီဖြင့် သူမ၏ ဒဏ်ရာများသည် သိသိသာသာကောင်းမွန် လာခဲ့သည်။

“သွားလေ” ကြီးမြတ်သူ ကုဟုန်သည် ကြင်နာစွာ ပြောလိုက်၏။ သူ၏တပည့်နှင့် ကျွင်းချောင်ရှောင်း တို့ကြားတွင် ဇာတ်လမ်းတစ်ခုတည်ရှိနေမည်ကို သူကသိရှိ၏။ သို့ပေမယ့် ထို့ကြောင့် သူမကို မသွားရန် မတားဆီးတော့ချေ။

“ဟမ့်”

ဘေးတစ်ဖက်တွင် ရပ်လျက်ရှိနေသည့် ကြီးမြတ်သူ တုံးကုသည် မကျေမနပ်ဖြင့် လှမ်းကာပြောလိုက်၏။ “ကျုပ်တပည့်သာ ခင်ဗျား တပည့်ကို အရှုံးမပေးဘူးဆိုရင် ခင်ဗျား နိုင်မှာမဟုတ်ဘူး”

ကြီးမြတ်သူ ကုဟုန်သည် ထူးမခြားနားသလိုပြောလိုက်သည်။ “ရှုံးတာက ရှုံးတာပဲ။ ဆင်ခြေပေးမနေနဲ့”

“တော်စမ်း”

ကြီးမြတ်သူ တုံးကုက ပြောလိုက်၏။ “ဒါကရှုံးတာမဟုတ်ဘူး။ အရှုံးပေးတာကွ”

“ကြည့်ရတာ မကျေနပ်သေးဘူးနဲ့တူတယ်။ လာခဲ့... ကျုပ်တို့နှစ်ယောက် ဘာလို့မတိုက်ခိုက်ရမှာလဲ”

“ခင်ဗျားကို ဘာလို့ ကြောက်ရမှာလဲ” အဘိုးကြီးနှစ်ယောက်တို့သည် စကားလုံးအနည်းငယ် ပြောပြီးသည့်နောက် ဒေါသထွက်လာခဲ့ကြ၏။ ထို့ကြောင့် ၎င်းတို့သည် ထုံးစံအတိုင်းပင် ညသင်္ချိုင်းတောင်ပေါ်သို့ တက်ရောက်ကာ တိုက်ခိုက်လျက်ရှိနေတော့၏။

ဘုန်း…. ဘုန်း… ဘုန်း…

စွမ်းအားမြင့်လှိုင်းများသည် ပေါက်ကွဲလျက်ရှိနေ၏။ မြင်ကွင်းတစ်ခုလုံးသည် အမှန်ပင် ကြည့်လို့ကောင်းလှ၏။ သို့ပေမယ့် တိုက်ခိုက်ပွဲသည် မည်မျှစိတ်လှုပ်ရှားစရာ ကောင်းလှသည်ဆိုဆို အားလုံးသောသူများသည် ကျွင်းချောင်ရှောင်း နှင့် ရှစ်ကျန်းရွမ် ဆီတို့သာ ကြည့်ရှု့လျက်ရှိနေကြသည်။

“ခန်းမသခင်ရှစ်”

ကုန်းရှန့်သည် စိတ်ဝင်တစားနှင့်မေးလိုက်၏။ “ခင်ဗျားက ဘယ်လိုဖြစ်ပြီးတော့ လောကရဲ့ ကလေးငယ်ဖြစ်သွားရတာလဲ”

ရှစ်ကျန်းရွမ်သည် အသာထိုင်ချလိုက်ပြီးသည့်နောက် ခေါင်းကိုငုံ့ထား၏။ သူမသည် အနည်းငယ် စိုးရွံ့ နေသလို ရှက်ရွံ့မှုလည်းဖြစ်နေ၏။ “ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ မူလစွမ်းအင်တွေ တည်ရှိနေတယ်လို့ ဆရာက ပြောခဲ့ဖူးတယ်”

“မူလစွမ်းအင်ဟုတ်လား”

ကျွင်းချောင်ရှောင်းက အံ့အားသင့်မိသွား၏။ “ခင်ဗျားရဲ့ စိတ်တစ်ခုလုံးကို လွတ်သွားစေတဲ့ ဓာတ်သဘာဝတွေလား”

“ဟုတ်တယ်”

ရှစ်ကျန်းရွမ်းက ပြောလိုက်သည်။ “အဲဒီစွမ်းအင်တွေက မူလနယ်မြေကြီးဆီက လာတာတဲ့။ ဒီအရာကို ပိုင်ဆိုင်တဲ့သူက လောကရဲ့ကလေးငယ်လို့ ပြောကြတာပဲ”

“ခန်းမသခင်ရှစ် အနေနဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ လောကရဲ့ကလေးငယ်ဖြစ်လာလိမ့်မယ်လို့ ကျုပ် မထင်ခဲ့မိဘူး။” ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် ပြုံးကာပြောလိုက်၏။

“မဟုတ်ဘူး”

ရှစ်ကျန်းရွမ်သည် ခေါင်းကိုခါယမ်းကာပြောလိုက်သည်။ “ကျွန်မက ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ကလေးငယ်မဟုတ်ဘူး။ ဆရာပြောတာက ကျွန်မခန္ဓာကိုယ်ထဲမှာရှိတဲ့ မူလစွမ်းအင်တွေက ပုံမှန် မဟုတ်ဘူးတဲ့။ အထက်စကြဝဠာဆီက လာတာမျိုးဖြစ်လိမ့်မယ်”

“ဟမ်…” ကျွင်းချောင်ရှောင်းက ကြောင်အသွားမိ၏။

စနစ်ကပြောလိုက်သည်။ “ဒီအမျိုးသမီးဆီမှာ ဘယ်သူမှမသိနိုင်တဲ့ ဇာတ်လမ်းတွေရှိနေပုံပဲ”

“ဘယ်လိုနယ်မြေမျိုးလဲဆိုတာ ခင်ဗျားသိလား” ကျွင်းချောင်ရှောင်းကမေးမြန်းလိုက်၏။

“ကျွန်မလဲမသိဘူး”

ရှစ်ကျန်းရွမ်သည် ဝမ်းနည်းသည့် အမူအရာဖြင့်ပြောလိုက်သည်။ “မူလစွမ်းအင်တွေ ဆိုတာက အဲဒီလောက တစ်ခုရဲ့အဆီအနှစ်ပဲ။ တကယ်လို့ သိုင်းကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်နေပြီး ထိန်းချုပ်နိုင်စရာ နယ်မြေ မရှိဘူးဆိုရင် ဘာဖြစ်မှာလဲ”

“ဟမ်…..” ကျွင်းချောင်ရှောင်းက နားလည်သွားမိ၏။

သူမ၏ ခန္ဓာကိုယ်ထဲတွင် မူလစွမ်းအင်တည်ရှိနေပြီး ထိန်းချုပ်စရာ လောက၊နယ်မြေတစ်ခုမှ မရှိဆိုသောကြောင့် သူမ၏ ယခင်လောကနယ်မြေ တစ်ခုလုံးသည် ဖျက်ဆီးခြင်းခံလိုက်ရခြင်းသာ ဖြစ်ပေလိမ့်မည်။ သူမအနေနှင့် မိဘနှင့်ဆွေမျိုးရောင်းရင်းများ မရှိဘူးပြောဆိုခဲ့ခြင်းမှာ အံ့အားသင့်မရှိပေ။

“ဒါပေမဲ့”

ရှစ်ကျန်းရွမ်းသည် ခေါင်းမော့ကာဖြင့် ပြုံးလိုက်မိ၏။ “တကယ်လို့ ကျွန်မအနေနဲ့ နတ်ဘုရား တတိယအဆင့်ကို တက်လှမ်းနိုင်မယ်ဆိုလို့ရှိရင် အထက်စကြဝဠာ တစ်ခုလုံးကို ခရီးသွားလာနိုင်တယ်လို့ ဆရာက ပြောတယ်လေ။ ဒါဆိုရင် ကျွန်မရဲ့မွေးရပ်မြေကို ရှာလို့ရနိုင်မယ်။ မူလစွမ်းအင်တွေကို အသုံးပြုပြီး လောကကြီးတစ်ခုလုံးကို အသက်ဝင်အောင် ပြုလုပ်နိုင်စွမ်း ရှိနေမလားမသိဘူး”

“……”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက်ရှိနေ၏။ နတ်ဘုရား တတိယအဆင့် - ဤအရာသည် မည်မျှဝေးကွာလောက်သည့်အဆင့်ဖြစ်သနည်း။

ရှစ်ကျန်းရွမ်အနေဖြင့် အစစ်အမှန်ရှာဖွေခြင်း အဆင့်ကို အချိန်တိုအတွင်း ချိုးဖျက်နိုင်သည်ဆိုခြင်းမှာ မငြင်းပယ်နိုင်ပေ။ သူမ၏တိုးတက်မှုသည် အလွန်မြန်ဆန်၏။ သို့ပေမဲ့ နတ်ဘုရား လျှို့ဝှက်နယ်မြေ အဆင့်ဆီသို့ တက်လှမ်းနိုင်ရန်ဆိုသည်မှာတော့ ကျိန်းသေပေါက် အချိန်လိုပေလိမ့်မည်။

ထို့အပြင် ဘာသဲလွန်စမှမရှိဘဲ အထက်စကြဝဠာတစ်ခုလုံးတွင် တည်ရှိနေသည့် လောကတစ်ခုကို ရှာဖွေဖို့ဆိုသည်မှာ ကောက်ရိုးပုံတွင် အပ်ပျောက်ကာ ရှာခြင်းက ပို၍ လွယ်ကူပေလိမ့်မည်။

“ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကို တွေးတောကာ ပြောလိုက်၏။ “ကျုပ်ဆီမှာ ကြယ်တာရာ စိတ်ဝိညာဉ်လောကဆီက ကျူးကျော်လာခဲ့တဲ့ ရွက်သင်္ဘောကြီးရှိတယ်။ အဲတာက အထက်စကြဝဠာ ထဲမှာရှိနေတဲ့ နယ်မြေတွေအကုန်လုံးကို ခရီးသွားလာနိုင်စွမ်းရှိတယ်။ ခန်းမသခင်ရှစ်သာ ကျုပ်နဲ့အတူ သွားမယ်ဆိုရင် တကယ်လို့ ကံကောင်းရင် ရှာတွေ့နိုင်တယ်”

“ကောင်းပြီ” ရှစ်ကျန်းရွမ်းက ပြောလိုက်သည်။

သူမ လွယ်လွယ်ကူကူဖြင့် သဘောတူလိုက်သည်ကို မြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဆွံ့အသွား၏။

ရှစ်ကျန်းရွမ်သည် ခေါင်းကိုငုံ့ကာဖြင့် သူမ၏အဝတ်များကို အသာလိမ်လျက်ရှိ၏။ “အရင်တုန်းက ရှင့်ရဲ့ ဖိတ်ခေါ်မှုကို ကျမ ငြင်းပယ်ခဲ့တယ်။ အထက်နယ်မြေကို ရှင်နဲ့အတူမလိုက်ခဲ့ဘူး။ ဒါပေမဲ့ အနာဂတ်မှာတော့ ကျွန်မထပ်ပြီး ငြင်းမှာမဟုတ်တော့ဘူး။

“ချီးတဲ့မှ”

ခိုးကာ နားထောင်လျက်ရှိနေသည့် စုရှောင်မိုသည် ရုတ်တရက်ထအော်လိုက်မိ၏။ “ဒါဂိုဏ်းချုပ်ကို ချစ်ရေးဆိုနေတာနဲ့ အတူတူပဲ မလား”

“ကောင်းပြီ ဒါဆိုလည်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်တို့သွားကာနီးကျရင် ခင်ဗျားကို သတင်းပို့လိုက်မယ်။ ဒါဆိုရင် ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းဆီကို လာခဲ့ပေါ့”

“ကောင်းပါပြီ” ရှစ်ကျန်းရွမ်သည် ပြုံးကာဖြင့် ခေါင်းညိတ်လိုက်၏။

ကျွင်းချောင်ရှောင်းသည် လက်ကိုအသာမြှောက်ပီးသည့်နောက် ပြောလိုက်သည်။ “နောက်ကျနေပြီ။ တပည့်တွေကို ခေါ်ပြီးတော့ ဂိုဏ်းကိုပြန်တော့မယ်။ နှုတ်ဆက်ပါတယ် ခန်းမသခင်ရှစ်”

ဝေါ့

စုရှောင်မိုသည် ချက်ချင်းပင် သွေးများ အန်ထွက်လာမိ၏။ “ဟိုက လမ်းကြောင်းပေးနေတာမလား။ ငါ့ရဲ့ ချစ်လှစွာသော ဂိုဏ်းချုပ်က သောက်ကျိုးနည်း ဘယ်လိုဂိုဏ်းချုပ်မျိုးပါလိမ့်။”

All Chapters