ဘယ်လိုလုပ် အဲလောက်တုံးရတာလဲ
Vol. 127 Ch. 1769
သူမ ဘယ်လိုသေသွားလဲဟုတ်လား။
ဒိကျဲ့သည် ရှီမာယူယူ၏ လက်ကိုဆုပ်ကိုင်လိုက်သည် “မင်း သေသွား တာလား”
“သေချာတာပေါ့ သူမ သေသွားပြီ” မိုယွိ ပြန်ဖြေသည် “ငါ သူမဆီမှာ ငါ့ ရဲ့အံ့ဖွယ်အာရုံကို အထူးတလည်ထားပေးခဲ့တယ် သူမ တစ္ဆေလောကကိုလာ ရင် ငါ သိမှာပဲ သူမ တစ္ဆေလောကကို ရောက်လာတာ ဒီလောက်ကြာနေပြီကို ငါတောင် မသိဘူးဘူးဆိုတော့ သူမ သေသွားတာမဟုတ်ရင် ဘာဖြစ်မှာလဲ”
“ဒါပေမဲ့ သူမ သေသွားပြီးရင် တစ္ဆေလောကရောက်တဲ့အချိန်ဆို ဘာ မှတ်ဉာဏ်မှမရှိရတော့ဘူးလေ ယူယူ မင်း မသေသေးဘူးမလား” ဒိကျဲ့သည် မယုံကြည်ပေ။
“တကယ်တော့ သေလည်းသေတယ် မသေလည်းမသေသေးဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“ဘာတွေဖြစ်ခဲ့တာလဲ” ဒိကျဲ့ မေးလိုက်သည်။
“ကျွန်မ လူသားလောကမှာ ဒုက္ခခံစားရပြီးတော့ သေသွားတာပဲ ကျွန်မ ဝိညာဉ်က ခန္ဓာကိုယ်ကို ထွက်သွားခဲ့ပြီးပြီ ဒါပေမဲ့ နောက်တော့ ကျွန်မကို ကယ်လိုက်ကြတယ် ဒါပေမဲ့ ဝိညာဉ်နဲ့ ခန္ဓာကိုယ်က တကွဲတပြားစီဖြစ်နေကြပြီ အဲဒါကြောင့် ကျွန်မခန္ဓာကိုယ်က မနိုးလို့ ပြန်လို့လည်းမရဘူး တကယ်တော့ ကျွန်မကို တစ္ဆေလို့ပဲ သတ်မှတ်လို့ရပါတယ်” ရှီမာယူယူ အကျဉ်းချုပ်ပြောပြ လိုက်သည်။
“မင်းက ဝိညာဉ်ခန္ဓာကိုယ်လို့ ဆိုလိုတာလား”
ရှီမာယူယူသည် သူမ၏ ဝိညာဉ်ခန္ဓာကိုယ် အသွင်ပြောင်းလိုက်ရာ ခန္ဓာ ကိုယ်ကို ထိုးထွင်းမြင်ရပြီး ဖမ်းမရပေ။
ထို့နောက် သူမသည် ခန္ဓာကိုယ်ကို ပြန်ပုံခဲလိုက်ကာ မူလပုံသဏ္ဍာန်ကို ပြောင်းလိုက်သည်။
သူတို့ အံ့အားသင့်နေသည်ကို ကြည့်ပြီး သူမ ရယ်မောလိုက်သည် “ဝိညဉ် စွမ်းအားမလိုဘဲနဲ့ ခန္ဓာကိုယ်ကို ပုံဖော်လို့ရမယ့် အခွင့်အရေးတချို့တွေ့ခဲ့တယ်”
“မင်းကို ဘယ်သူသတ်လိုက်တာလဲ ငါ မင်းအတွက် လက်စားချေပေးမယ်” ဒိကျဲ့သည် သူမ၏ ပြုံးနေသောမျက်နှာကိုမြင်သောအခါ နာကျင်မိသည်။
“ကိုယ့်ကိုယ်ကိုယ်ပဲ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“ဘာ” ဒိကျဲ့သည် သူမကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူမကိုယ်သူမ သတ်ရလောက်အောင် ဘာလို့ ဒီလောက်တုံးရတာလဲ။
မိုယွိပင်လျှင် ထိုကဲ့သို့ မျက်နှာထားဖြစ်နေသည်။ မင်းက ကိုယ့်ကိုယ် ကိုယ် ပြန်သတ်ရလောက်အောင် အံ့ဩစရာကောင်းနေတာပဲ။
“အဟွတ် အဟွတ်” ရှီမာယူယူသည် သူတို့အကြည့်ကိုမြင်သောအခါ လေသံဖြင့် ကာကွယ်လေသည် “ဒီကိစ္စအတွက်နဲ့တော့ အပြစ်တင်မခံနိုင်ဘူး နော် ကျွန်မလည်း ဒီလိုမဖြစ်ချင်ဘူးပဲ”
“လက်ဖက်ရည် ဖြည့်ပေးဦး မင်း ဘယ်လောက် တုံးလဲနားထောင်ရ အောင်” မိုယွိသည် လက်ဖက်ရည်ခွက်ကို သူမ ရှေ့သို့တိုးပေးသည်။
ရှီမာယူယူမှာ “….”
သူမသည် သူတို့နှစ်ယောက်အတွက် လက်ဖက်ရည် ဖြည့်ပေးလိုက် သည်။ ထို့နောက် သူမ၏ အရင်ခန္ဓာကိုယ်အကြောင်းနှင့် ပညာရှိစံအိမ်တော် အကြောင်းကို ပြောပြလိုက်သည်။
“ရူးလိုက်တာ” မိုယွိ မှတ်ချက်ပေးသည်။
“မင်း ဘာလို့အဲလောက်တောင် တုံးရတာလဲ” ဒိကျဲ့သည် စိတ်ပျက်စွာ ဖြင့် ကြည့်လေသည် “မင်းက သူများတွေအတွက်နဲ့ ကိုယ့်ကိုယ်ကို အသေခံတာ လား”
“ထပ်ပြောနေရင် လက်ဖက်ရည်မရတော့ဘူးနော်” ရှီမာယူယူ ခြိမ်းခြောက်လိုက်သည်။
ဒိကျဲ့သည် လက်ဖက်ရည် မကြိုက်သောကြောင့် သိပ်မခံစားရပေ။ မိုယွိ သည် ခြိမ်းခြောက်ခံရသဖြင့် စကားလမ်းကြောင်းလွှဲလိုက်သည် “ဒါဆိုရင် ဘယ်လိုလုပ် မုရုန်ရှီဖြစ်လာတာလဲ”
“တိုက်ဆိုင်တာပဲ” ရှီမာယူယူ သက်ပြင်းချလိုက်သည် “မုရုန်ရှီအစစ်က အဲလူတွေ သတ်တာခံလိုက်ရတယ်… သူမ အလိုက်ခံရတုန်းက ကျွန်မက တစ္ဆေလောကကို ရောက်ခါစအချိန် ဂူလန်တောင်မှာ တွေ့လိုက်တာပဲ ကျွန်မတို့ နှစ်ယောက်လုံး အလိုက်ခံရပြီး ကမ်းပါးက အတူကျသွားတာပဲ သူမ သေသွားပြီး အဖေက ကျွန်မကိုခေါ်လာတော့ သူမဖြစ်သွားတာပဲ”
“မင်း ကမ်းပါးက ပြုတ်ကျသွားတာလား” ဒိကျဲ့သည် ကျောက်စားပွဲကို ရိုက်လိုက်သည် “ငါ အဲဒီတစ္ဆေကြင်ယာတော်ကို တကယ်သတ်ချင်နေပြီ”
ပြောရင်းနှင့်သူသည် မိုယွိကို ကြည့်လိုက်သည် “ဒါအကုန်လုံး မင်းအမှား တွေပဲ”
ရှီမာယူယူသည် မိုယွိကို ကြည့်လိုက်သည် “ရှင် အဲလူတွေကို လွှတ်လိုက် တာလား”
“ရှီခွေ့က အဲလူတွေကို ရှာတွေ့တာပဲ ဒါပေမဲ့ သူလည်းမတားဘူးလေ” ဒိကျဲ့ နှာမှုတ်လေသည်။
ဒီလူက ယူယူ့ကိုအရမ်း တွယ်တာတာပဲ။ သူက သူမ နှပ်တဲ့လက်ဖက် ရည်ကို အရမ်းကြိုက်တာလေ။
“မင်းဘာသာ တုံးအလို့ အသေခံတာ... အဲဒီအချိန်မှာ ဘာလို့အဲဒီနေရာကို ရောက်လာတာလဲ” မိုယွိ ပြန်ချေပသည်။
ရှီမာယူယူသည် ဆွံ့အသွားသည်။ နောက်ဆုံးတွင် သူမ၏ အမှားပင် ဖြစ်သွားသည်။
“နောက်နှစ်ရက်နေရင် ငါနဲ့ပြန်လိုက်ခဲ့” ဒိကျဲ့ ပြောလိုက်သည် “ငါ ပြန်သွားပြီး အရင်းအမြစ်တွေပေးမယ် အဲဒါမှ မင်းအားကို မြန်မြန်တက်အောင် လုပ်လို့ရမှာ”
“မရဘူး ကျွန်မ အခုလိုက်လို့မဖြစ်ဘူး” ရှီမာယူယူ ငြင်းဆန်လိုက်သည်။
“ဘာလို့လဲ”
“အစ်ကိုက တစ္ဆေကြင်ယာတော်နဲ့ ပဋိပက္ခဖြစ်ထားပြီး လူသိများတယ် လေ အစ်ကို့ကို လူတွေအများကြီးက စောင့်ကြည့်နေတာ ကျွန်မသာ အစ်ကိုနဲ့ သွားလိုက်ရင် ကျွန်မ တစ္ဆေလောကကိုရောက်နေတာ သုံးလေးရက်အတွင်းကို လူတွေသိသွားကြမှာပဲ” သူမ ရှင်းပြသည် “တစ္ဆေကြင်ယာတော်က ကျွန်မကို ဘယ်လောက် သတ်ချင်နေလဲ အစ်ကိုလည်း သိပါတယ်… အခု ကျွန်မမှာ အားမရှိတော့ သူမ သိရင်အရမ်းပြဿနာကြီးမှာ”
“ငါ မင်းကို ကာကွယ်ပေးနိုင်ပါတယ်” ဒိကျဲ့ ပြောလိုက်သည်။
“ဒါပေမဲ့ အမေ့ကို ဘေးကင်းကင်းနဲ့ကယ်ဖို့ဆိုရင် အခု တစ္ဆေကြင်ယာ တော်ကို အသိပေးလို့မရဘူး” ရှီမာယူယူ ပြောလိုက်သည်။
“တကယ်တော့ တစ္ဆေဘုရင်က မင်းကိုအသိအမှတ်ပြုရင် တစ္ဆေ ကြင်ယာတော်ကို စိတ်ပူဖို့မလိုဘူး” မိုယွိသည် သူမတွင် အဘိုးရှိသေးကြောင်း ကို သတိပေးသည်။
“တစ္ဆေဘုရင်က အမေ့ကို အရမ်းချစ်တာ ဒါပေမဲ့ သူက သူမကို အသူရာ ငရဲမှာ ချုပ်ထားတုန်းပဲလေ” သူမ နှုတ်ခမ်းဆူလေသည် “သူ ကျွန်မကို အသိအမှတ်ပြုမယ်လို့ မယုံဘူး”
သူမသည် တစ္ဆေဘုရင်ကို သံယောဇဉ်မရှိပေ။ သူမ၏ စိတ်ထဲတွင် သူ့ကို မုန်းတုန်းပင်။ သူသည် ကိုယ်တိုင် သူမ၏အမေဖြစ်သူကို ဖမ်းပြီး အသူရာငရဲ တွင် ချုပ်နှောင်ထားခဲ့သည်။
“အဘိုးက အဒေါ့်ကို ချစ်တုန်းပါပဲ” ဒိကျဲ့ပြောသည် “သူလည်း သူ့ဆန္ဒ အရလုပ်တာမဟုတ်ပါဘူး”
ရှီမာယူယူ သူ့ကိုကြည့်လိုက်သည် “အစ်ကိုပဲ ထာဝရရှင်သန်ခြင်းနယ်မြေ မှာတုန်းက ပြောခဲ့တာပဲမဟုတ်ဘူးလား”
ထိုအချိန်က သူလည်း တစ္ဆေဘုရင်ကို မုန်းတီးခဲ့သည်။
“ငါ ကိစ္စတချို့သိခဲ့ရတယ်” ဒိကျဲ့ ပြန်ဖြေသည် “အဘိုးက ဒေါ်လေးကို ကာကွယ်ဖို့လုပ်ခဲ့တာပဲ”
“ကာကွယ်တယ် ဟုတ်လား သူ့မျက်နှာကို ကာကွယ်ဖို့ လုပ်တာထင်တာ ပဲ” ရှီမာယူယူသည် ပြန်ချေပသည်။
“ဒေါ်လေးသာ အကျဉ်းချမခံရရင် သူမ သေသွားလောက်ပြီ” ဒိကျဲ့ ပြော သည် “မိုယွိလည်း အဲတုန်းက အခြေအနေကိုသိတယ်”
ရှီမာယူယူသည် မိုယွိကိုကြည့်လိုက်ရာ သူ ခေါင်းညိတ်ပြသည် “အမှန်ပဲ သူသာ မင်းအမေကို အကျဉ်းမချလိုက်ရင် သူမ အဲဒီဘေးဒုက္ခကြီးကနေ လွတ် မှာမဟုတ်ဘူး”
“အဲတော့ သူ့ကို လူတွေအများကြီး ဖိအားပေးခဲ့တာလား အမေ့ကို လူ ဘယ်လောက်လောက်က သေစေချင်ခဲ့တာလဲ” သူမ၏ စကားလုံးများသည် အေးစက်နေသည်။
သူတို့က သူမရဲ့အမေကို အနိုင်ကျင့်ရဲတယ်ဟုတ်လား။ ပန်းတွေက ဘာလို့ ရဲလဲဆိုတာ သူတို့ကိုသိခွင့်ပေးလိုက်မယ်။
“စိတ်လိုက်မာန်ပါမလုပ်နဲ့” ဒိကျဲ့သည် ရှီမာယူယူကို ထိုသို့မြင်သောအခါ သူမ အလောတကြီး လက်စားချေမည်ကို ကြောက်မိသည်။
“တစ္ဆေဘုရင်ကို ဖိအားပေးနိုင်တဲ့လူတွေက ရန်စဖို့လွယ်မှာမဟုတ်ဘူး ကျွန်မမှား အားမရှိခင် ရူးမိုက်တာတွေ မလုပ်ပါဘူး ကျွန်မ အဲလောက်မအ,ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အမေ့ကိုကယ်တဲ့အချိန်ကိုတော့…”
ထိုအချိန်ရောက်လျှင် သွားအတွက်သွား မျက်လုံးအတွက်မျက်လုံးပင်။
“မင်းရဲ့ ဒေါသကတော့လေ…” ဒိကျဲ့သည် ဆွံ့အနေသည် “အဲအချိန်ကျ ရင် ငါ့ကိုပါခေါ်သွားဖို့ မမေ့နဲ့ဦး”
“ဟုတ်ပြီလေ” ရှီမာယူယူ ပြန်ဖြေသည် “ဘယ်သူတွေလဲလို့ ပြောပါဦး သူလည်းပါတာလား”
သူမသည် မိုယွိဆီသို့ အကြည့်ရောက်သွားသည်။ သူသာ ပါရင်… အင်း သူ့ကို သူမအခုမနိုင်သေးပေမဲ့ သူနဲ့ ဆက်ဆံရေးဖြတ်ပြီး လက်ဖက်ရည် မပေး တော့ပေ။ သူမ အင်အားရတဲ့အထိစောင့်ပြီး နောက်မှ သူနဲ့ဖြေရှင်းမယ်။
ဒိကျဲ့သည် သူ့ကို အပြစ်တင်ချင်သည်။ သို့သော် သူသည် ပျာယာခတ် ခြင်းမရှိသည်ကို မြင်ရသည်။ သူသည် ခံစားချက်ပျောက်သွားသည်။
အောင်မြင်နိုင်ချေမရှိဘူး။
“ဒီကောင်က သူ့ကိုဖိအားမပေးခဲ့ပါဘူး ဒါပေမဲ့ သူကပွဲကြည့်ပြီး မကူညီ ဘူးလေ ဒါပေမဲ့ သူသာပါရင် အဘိုးက အကျဉ်းချဖို့တောင်မတတ်နိုင်ဘူး ဒေါ်လေးလည်း အဲဒီဘေးဒုက္ခကနေ လွတ်မှာမဟုတ်ဘူး” သူ ပြောပြလိုက် သည်။
မိုယွိသည် မျက်ခုံးပင့်လိုက်သည်။ ဒီလူ သူ့ကို ဆွဲချမည်ဟု ထင်ထား သော်လည်း မျှတနေလိမ့်ဟုထင်မထားပေ။
“ဟုတ်ပြီ ရှင်မပါလိုက်တာ ကံကောင်းသွားတယ်” ရှီမာယူယူသည် မြစိမ်းရောင် လက်ဖက်ခြောက်ဗူးကိုထုတ်လိုက်သည် “အခုတော့ ဒီလက်ဖက် ခြောက်တွေပဲရှိတယ်”
မိုယွိသည် ပြုံးသွားကာ လက်ဖက်ရည်ဗူးကိုဖွင့်ပြီး နမ်းရှုတ်လိုက်သည်။ သူမ၏ လက်ဖက်ခြောက်သည် ပို၍မွှေးသည်။ သူ အရင်ကယူလာခဲ့သည့် လက်ဖက်ခြောက်များကုန်သွားလေပြီ။ နောက်ပိုင်းတွင် သူ့ကို လူသားလောက မှ လက်ဖက်ခြောက်ပေးသည့်သူရှိခဲ့သည်။ သို့သော် သူမ၏ လက်ဖက်ခြောက် နှင့် ယှဉ်မရပေ။
“အခု ပြောတော့ ကျွန်မအမေကို ဘယ်သူသတ်ချင်တာလဲ”
***