ပို၍အန္တရာယ်များခြင်း
Vol. 127 Ch. 1770
ရှီမာယူယူသည် သူတို့နှစ်ယောက်၏ အဖြေကိုစောင့်ရင်း ကြည့်နေသည်။
“အချိန်တစ်ခုတော့ မင်းမသိတာကောင်းမယ် မင်းသူတို့နဲ့တွေ့လို့ ဒေါသ မထိန်းနိုင်ရင် ပြဿနာတက်လိမ့်မယ်” ဒိကျဲ့ ပြောလိုက်သည်။
ရှီမာယူယူသည် သူ့ကို စိုက်ကြည့်သည် “အစ်ကိုတောင် ဒေါသထိန်းနိုင် ရင် ကျွန်မက မထိန်းနိုင်စရာလား”
ဒိကျဲ့ “….”
သူသည် တော်တော်ထိခိုက်သွားသည့်ပုံပင်။
မိုယွိသည် ဘေးတွင် ရယ်နေသည်။
“ကဲပါ ပြောပြ” ရှီမာယူယူ ပြောလိုက်သည်။
“သိတဲ့အတိုင်း ငါတို့မှာ တိုင်းပြည်တွေ အများကြီးရှိတယ် ဒီလိုမျိုး နှစ်တွေအများကြီးမှာ တိုင်းပြည်တချို့က အရမ်းအားကောင်းကြတယ် ပြီးတော့ တချို့က မဟာမိတ်တွေ လုပ်ကြတယ်…” ဒိကျဲ့သည် တိုင်းပြည်နာမည် အများအပြားကို ပြောသွားရာ ရှီမာယူယူသည် တစ်ခုချင်းစီလိုက်မှတ်သည်။
“အဲလူတွေက ကျွန်မအမေကို ဘာလို့သတ်ရမှဖြစ်မှာလဲ”
“ဒေါ်လေးက အရည်အချင်းရှိပြီး သူတို့နဲ့ ကတောက်ကဆလေးတွေရှိ တယ် ပါရမီရှင်တွေက မနာလိုကြဘူး အဲလူတွေက တော်ဝင်မိသားစုကို ဆက်ခံ သူမရှိတာလိုချင်တာလေ… သူတို့မှာ အဲလိုမျိုး အရည်အချင်းရှိတဲ့ လူငယ် မျိုးဆက်မရှိဘူး… အဲဒါမှ တော်ဝင်မိသားစုမှာ ဆက်ခံသူမရှိရင် တိုင်းပြည်သုံးခု ကပိုသန်မာလာမှာ” ဒိကျဲ့ ရှင်းပြသည် “မင်း ကိုယ့်ရဲ့သရုပ်မှန်ကို တခြားသူကို မသိစေချင်ဘူးဆိုရင် ကိုယ့်အရည်အချင်းကို မသိစေတာကောင်းမယ် မဟုတ်ရင် သူတို့က မင်းကိုကြီးထွားခွင့်ပြုမှာမဟုတ်ဘူး”
“ကျွန်မသိပါတယ်” ရှီမာယူယူ ခေါင်းညိတ်သည်။
“မင်း ဒီမှာနေပြီး ကျင့်ကြံမလို့လား” မိုယွိ မေးလိုက်သည်။
“အဲလိုတော့မဟုတ်ဘူး ဒါပေမဲ့ မုရုန်ရှီအနေနဲ့ပဲ ဆက်နေသွားချင်တယ် အနည်းဆုံးတော့ အားမရခင် ဒီနာမည်က အကာအကွယ်ကောင်းကောင်းဖြစ် မှာပဲ”
“ဒါဆိုလည်း ဒီမှာမင်းကို ကာကွယ်ပေးမယ့်လူ ထားသင့်တယ်” ဒိကျဲ့ သည် စိတ်မချပေ။
“မလိုပါဘူး ကျွန်မက နယ်စားလေးရဲ့သမီးလေ ဘယ်သူမှသိပ်သတိ မထားမိပါဘူး အစ်ကိုတို့လုပ်မှ သူများတွေ သံသယဝင်နေဦးမယ် ဒီအဘိုးကြီး မိုယွိလိုလူမျိုးနဲ့ မတွေ့သရွေ့တော့ သူတို့ကိုကိုင်တွယ်နိုင်ပါတယ်”
“မင်းကလား မရဏာမိစ္ဆာသခင် အဆင့်လောက်နဲ့လား”
“ကျွန်မအင်အားက မမြင့်ဘူး ဒါပေမဲ့ ခရမ်းလေးရှိတယ်”
“ခရမ်းလေးက ဘယ်သူလဲ”
ရှီမာယူယူသည် ခရမ်းလေးကို ထုတ်လိုက်သည်။ ခရမ်းလေးသည် ဒိကျဲ့ နှင့် မိုယွိကို ‘ညောင်’ ဟုအသံပြုသည်။
“ကြောင်လား ဝိညာဉ်စွမ်းအင်လည်းမရှိဘဲနဲ့ မင်းကို ဘယ်လိုကာကွယ် မှာလဲ” ဒိကျဲ့ မေးခွန်းထုတ်၏။
ခရမ်းလေးသည် အထင်သေးခံရသည်ကို မကျေမနပ်ဖြစ်သွားရာ စိတ်ငြိုငြင်သွားသည်…
“ညောင်”
“ရွှီး….”
မိုးကြိုးသွားတစ်ခုသည် ဒိကျဲ့ပေါ်ကျလာပြီး သူ့ကိုဓာတ်လိုက်သွားစေ သည်။
ရှီမာယူယူ “….”
မိုယွိ “….”
ခရမ်းလေးသည် လက်သည်းများကို ပြန်ဆုတ်လိုက်သည် “နောက်တစ်ခါ အဲလိုပြောမယ်ဆို မီးသွေးဖြစ်အောင် ပြောင်းပေးလိုက်မယ်”
“အဟွတ် အဟွတ်…” ဒိကျဲ့ ချောင်းဆိုးလိုက်ရာ အမည်းရောင်မီးခိုးလုံး ထွက်လာသည်။ “ဒီငနဲကဘာလဲဟ တကယ်ပဲ လျှပ်စီးသုံးနိုင်တာလား”
“ဟင်း” ခရမ်းလေးသည် သူ့ဘက်သို့ ဖင်ပေးလိုက်သည်။
“ခရမ်းလေးက အစ်ကို့ကို အကောင်းမြင်သေးလို့တော်သေးတယ် မဟုတ် ရင် ဒီလိုနဲ့ပြီးမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ထိပ်တန်းခရမ်းရောင်လျှပ်စီးလား” မိုယွိသည် ခရမ်းလေးကို ကြည့် လိုက်သည်။ သူ့အသံမှာ မသေချာနေပေ။
“ဟင်း” ခရမ်းလေးသည် သူ့ကိုပါ ဖင်ပေးလိုက်သည်။
“ခရမ်းလေးက အသွင်မပြောင်းခင်ကတည်းက အစ်ကို့ကိုသိလာတာ အဲတုန်းက ကျွန်မတို့အတူကုန်ဆုံးခဲ့တဲ့အချိန်က မနည်းဘူးလေ အဲဒါကြောင့် အစ်ကို့ကိုမှတ်မနေတာ အခုကသူ့ရဲ့အားတစ်ဝက်တောင် မသုံးထားဘူး အား အပြည့်သာသုံးလိုက်ရင်တော့…” ရှီမာယူယူသည် ဆက်မပြောပေ။
သူမသည် ခရမ်းလေး၏ သရုပ်မှန်ကို တိုက်ရိုက်ပြန်မဖြေဘဲ သွယ်ဝိုက် ကာ အသိပေးလိုက်သည်။
“ထင်မထားဘူး မင်းက ခန္ဓာကိုယ်ထဲကို ထိပ်တန်းခရမ်းရောင်မိုးကြိုးကို စုပ်ယူနိုင်ပြီး သူကအသွင်ပြောင်းတာတောင် အောင်မြင်သွားတယ်… ဒါက ထိပ်တန်းခရမ်းရောင်လျှပ်စီးအသွင်ပြောင်းတာ သမိုင်းတစ်လျှောက် ပထမဆုံး ပဲ… ဒါနဲ့ဆိုရင် မင်း ငါ့လိုလူမျိုးနဲ့တွေ့ရင်တောင် အဆင်ပြေမှာ” မိုယွိ ပြော လိုက်သည်။
“ဒါက အဲလောက်အားကောင်းတာလား” ဒိကျဲ့သည် မိုယွိတို့ကို ကြည့် ပြီးနောက် ခရမ်းလေးကို သံသယဖြင့် ကြည့်လိုက်သည်။
“ထိပ်တန်းခရမ်းရောင်လျှပ်စီးက ကောင်းကင်ဘုံမှာ မိုးကြိုးဘေးဒုက္ခ ထက်တောင် အဆင့်မြင့်တယ်… မင်း သတိမမူတဲ့အချိန် အပစ်ခံရရင်တော့ မင်းရဲ့ အားဆယ်ဆနဲ့တောင် မခုခံနိုင်ဘူး” မိုယွိ ရှင်းပြသည်။
“အဲလောက်တောင် မိုက်တာလား” ဒိကျဲ့သည် မှင်တက်သွားသည်။ ကြောင်လေး တစ်ကောင်က သူ့ကိုနိုင်နိုင်တာလား။
“သေချာတာပေါ့ မိုးကြိုးက တစ္ဆေမျိုးနွယ်ရဲ့ စွမ်းအားကို တင်းကြပ်ထား တဲ့ နောက်ထပ်အရေးကြီးတဲ့ အကြောင်းအရင်းဆိုလည်းဟုတ်တယ် လူသား သာဆိုရင် မင်းရဲ့အားနဲ့ ခဏတော့ တောင့်ခံနိုင်မှာပေါ့” မိုယွိ ဆက်ပြောသည်။
ဒိကျဲ့မှာ “…”
ဒီနေမှ သူ ဘာလို့ အံ့ဩတုန်လှုပ်တယ်လို့ ခံစားရတာလဲ။
“မင်း ဆုံးဖြတ်ပြီးပြီဆိုရင်တော့ အဲလိုပဲလုပ်ပါ” သူသည် သူမ၏ စိတ်ကို သိသည်။ သူမသာ ခိုင်မာနေလျှင် သူမ စိတ်ပိုင်းဖြတ်ထားမှုမှာ မပြောင်းလဲနိုင် ပေ။
အာရုံအစိုက်ခံရစေရန် သူတို့နှစ်ယောက်သည် မြို့ဝန်အိမ်တော်တွင် ကြာကြမနေရခင်မှာပင် ရှီမာယူယူ မောင်းထုတ်ခြင်းကိုခံရလေသည်။ သူမကို တိတ်တဆိတ် ကာကွယ်ပေးရန် လူမလွှတ်ရန်ကိုလည်း ပြောလိုက်သည်။ သို့သော် သူမကို လူကြားထဲတွင် ကာကွယ်ပေးသည်မှာတော့ အဆင်ပြေသည်။
“ဘာလို့လဲ” ဒိကျဲ့သည် နားမလည်ပေ။ အတူတူပဲမဟုတ်ဘူးလား။
“ဘာလို့လဲဆိုတော့ ကျွန်မက အမေနဲ့တူတာလေ အစ်ကိုက အမေနဲ့ ဆက်ဆံရေးကောင်းတယ် ကျွန်မရုပ်ရည်ကြောင့် ကူညီတာ ပုံမှန်ပဲလေ ဒီတစ်ခါလိုပေါ့ ဒါပေမဲ့ ခံစားချက်မရှိဘဲလုပ်ရမယ် ကျွန်မကို လျှို့ဝှက်ကာကွယ် ပေးဖို့ လူလွှတ်တာက အကျိုးအကြောင်းမသင့်ဘူးလေ” ရှီမာယူယူ ရှင်းပြ သည်။
“အမှန်ပဲ မင်းကို ကာကွယ်ပေးဖို့ ငါ့မှာ မေယင်းရှိတယ်” ဒိကျဲ့ ပြောလိုက် သည်။
ရှီမာယူယူသည် မေယင်းကိုသိသည်။ သူမသည် မုရုန်ဟွေ့နောက်လိုက် နေသည့် တိုင်းပြည်၏မင်းသားလက်အောက်မှဖြစ်သည်။
မုရုန်ဟွေ့သည် မေယင်းကို စိတ်ရင်းနှင့်ဆက်ဆံကာ မေယင်းသည် သူ့ကို လေးစားသည်။ မဟုတ်လျှင် သူသည် ထာဝရတော်ကပခြင်းမြို့တော်သို့ မြို့ဝန် အဖြစ်လာနေကာ ဂူလန်တောင်မှ ရတနာများကို ရှာခွင့်ရမည်မဟုတ်ပေ။
သို့သော် မေယင်းသည် လေးစားပြီး မုရုန်ဟွေ့သည် ကောင်းမွန်စွာ ဆက်ဆံသော်လည်း ဒိကျဲ့၏ ညွှန်ကြားချက်ကို ပိုစိတ်ပူသည်။
မိုယွိသည် ရိုးရှင်းသည်။ သူ ထွက်သွားချိန်တွင် စကားတစ်ခွန်းသာ ပြော သွားသည် “မင်း ဘာလုပ်ရမယ်ဆိုတာ မင်းသိတယ်မလား”
ရှီမာယူယူ ခေါင်းညိတ်သည်။ အန္တရာယ်နှင့် ရင်ဆိုင်ရလျှင် သူမသည် မိုယွိ အရင်က သင်ပေးဖူးသည့် မရဏာသိုင်းကိုသုံးနိုင်သည်။ ထိုအရာကပင် သူ သူမကို ကာကွယ်နေသည်ကို ပြသနေသည်။ တစ္ဆေလောကတွင် သူ့လူများကို လုပ်ကြံရဲသူ မည်မျှရှိနိုင်မည်နည်း။ သူ့ကိုကြောက်ကြသူများသည် မျက်နှာသာ တော့ပေးနိုင်မည်။
သူမ ခေါင်းညိတ်သည်ကို မြင်သည်နှင့် သူ၏မျက်လုံးများသည် အပြုံး သဲ့သဲ့ဖြစ်သွားသည်။ “လက်ဖက်ရည်ကုန်သွားရင် ငါ မင်းကို လာရှာမယ်”
“ဟုတ်ကဲ့ပါ” ရှီမာယူယူ ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
သူမတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်ရှိနေမည်ကို သူ သေချာနေသည်။ သို့သော် လက်ဖက်ရည်ရှိနေသရွေ့ သူမ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် အစီအစဉ်မရှိပေ။ ရှီမာယူယူသည် ထိုအကြောင်းကိုသိသဖြင့် မစိုးရိမ်ပေ။
သူတို့နှစ်ယောက်ကို ပို့ပြီးနောက် မုရုန်ဟွေ့သည် သူမ ခြံဝန်းထဲသို့ ဝင် လာသည်။
“သခင်နှစ်ယောက် ပြန်သွားကြပြီလား”
ရှီမာယူယူ ခေါင်းညိတ်ပြီး မေးလိုက်သည် “အဖေ လက်ဖက်ရည် သောက် ချင်လား”
မုရုန်ဟွေ့သည် အဆောင်ဆီသို့ လျှောက်လာရာ သူမ ဒိကျဲ့နှင့် မိုယွိတို့ အတွက် ခင်းထားသော လက်ဖက်ရည်ခွက်များကိုရှင်းပြီး သူ့အတွက် လက်ဖက်ရည်နှပ်ပေးသည်ကို မြင်လိုက်ရသည်။ သူမသည် သူ့ရှေ့သို့ ချပေး လိုက်သည်။
“သမီး သူတို့နဲ့ ထွက်သွားမယ်လို့ ထင်နေတာ” မုရုန်ဟွေ့ စကားစလာ သည်။
“သမီးက အဖေ့သမီးလေ အဖေနဲ့ခဏတော့ နေချင်းသေးတယ် သမီးကို နှင်ထုတ်ချင်နေပြီလား” ရှီမာယူယူသည် ပြုံးပြီးမေးလိုက်သည်။
“အ,လိုက်တဲ့ကလေး အဖေနဲ့ နေချင်သလောက် သမီးနေလို့ရပါတယ်” မုရုန်ဟွေ့ ပြန်ဖြေသည် “အဖေ့အသက်ကို ရင်းရရင်တောင် သမီးကို ကာကွယ် မှာပါ”
“ဒါဆို သမီးဒုက္ခရောက်ရင် အဖေကူညီပေးမှာလား”
“ဘယ်လိုပဲဖြစ်ဖြစ် အဖေက အဲဒီကိစ္စတွေနဲ့ ရင်းနှီးနေပြီ” မုရုန်ဟွေ့ ရယ်မောလိုက်သည် “ဒါပေမဲ့ ဒီတစ်ခေါက်ကိစ္စကိုကြည့်ရင် အဖေနဲ့နေတာ ပိုပြီး အန္တရာယ်များတယ်”
***