← Chapters

အခန်း ၁၆၇၂

Vol. 113 Ch. 1672

အခန်း ၁၆၇၂

Vol. 113 Ch. 1672

အပိုင်း (၁၆၇၂)

ရှစ်ကျန်းရွှမ် သည် ကြီးမြတ်သူ ကုဟုန်နှင့်အတူ ထွက်ခွာသွားခဲ့၏။ သူမသည် အနည်းငယ် တွန့်ဆုတ်လျက်ရှိနေသည် ဆိုသော်လည်း ပျော်ရွှင်လျက်တော့ ရှိနေသေးသည်။ ပျော်ရွင်မှုသည် ကျွင်းချောင်ရှောင်း တစ်ယောက် သူမ၏ မျက်နှာကို မြင်ပြီးနောက် နာမည်ကို တစ်ခါတည်း ခေါ်ဆိုခဲ့ချိန်၌ တစ်ချိန်ထိုး ဖြစ်တည်လာခဲ့သည်။

“ဆရာ”

လမ်းတစ်လျှောက်မှာတော့ ရှစ်ကျန်းရွှမ်၏ မျက်နှာတစ်ခုလုံးသည် ပျော်ရွှင်မှုများနှင့် တောက်ပလျက် ရှိ၏။ “ဆယ်စုနှစ်တစ်ခုလောက်ရှိပြီဆိုပေမဲ့ သူက ကျွန်မကို မှတ်မိနေသေးတယ်”

ကြီးမြတ်သူကုဟုန်သည် ဆွံ့အလျက်ရှိနေသည်။ သိုင်းပညာရှင်များသည် ပိုမိုကာ အားကောင်းလာသည်နှင့် တစ်ပြိုင်နက် မှတ်ဉာဏ်များလည်း ကောင်းမွန်လာ၏။ ထို့ကြောင့် ခေါင်းကို ထိခိုက်မိပြီး အတိတ်မေ့သွား သည်ကလွဲလျင် မေ့ပျောက်သွားဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့ပြင် ဆယ်စုနှစ်တစ်ခုသာ ရှိနေသေး၏။ နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့သည်လည်း မဟုတ်ချေ။ ထိုကဲ့သို့သောအရာကို အဘယ့်ကြောင့် သူ၏ ရူးကြောင်ကြောင် တပည့်သည် ပျော်ရွှင်နေရသနည်း။

“ဟင်း…”

ကြီးမြတ်သူကုဟုန်သည် ခေါင်းကို ခါယမ်းကာဖြင့်တွေးလိုက်မိ၏။ “လောကမှာ အခက်ခဲဆုံး အရာက ယောကျ်ားနှင့်မိန်းမ ကြားမှာရှိတဲ့ ချစ်ချင်းမေတ္တာ အကြောင်းအရာပဲဖြစ်လိမ့်မယ်”

“ဆရာ”

ရှစ်ကျန်းရွှမ်က ပြောလိုက်သည်။ အထက်နယ်မြေရဲ့ကောင်းကင်နဲ့ မြေကြီး ဓာတ်သဘာဝတွေက အရင်ကထက်ပိုပြီး အားကောင်းလာတယ်လို့ ဘာလို့ခံစားနေရတာလဲ”

“ဘာလို့လဲဆိုတော့ မင်းရဲ့စိတ်ပြောင်းလဲသွားလို့ပေါ့” ကြီးမြတ်သူကုဟုန်သည် ပြောလိုက်မိ၏။

“ဪ”

............

ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များကို ခေါ်ဆောင်ကာဖြင့် ရှေးရွက်သင်္ဘောကြီးနှင့်အတူ ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်လာခဲ့၏။ သို့ပေမယ့် သူသည် ရွက်သင်္ဘောကြီး၏ ပဲ့ဦးတွင် မတ်မတ်ရပ်ကာဖြင့် လေးလေးနက်နက် စဉ်းစားနေမိ၏။ အစီအစဉ် ကျနစွာဖြင့် လုပ်ဆောင်ပြုမှုတတ်သော ဧကရီလင်းရောင် သည် ဤကဲ့သို့ပင် သေဆုံးသွားခဲ့သည်လား။

“သူမကပြာဖြစ်သွားပြီလေ”

စနစ်က ပြောလိုက်၏။ “သေသွားပြီပေါ့”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ဒီအမျိုးသမီးက ထိုက်ရွှမ် ကျမ်းစာကို ခိုးယူခဲ့တယ်။ ပြီးတော့ အထက်နယ်မြေကို တက်လှမ်းနိုင်စေဖို့ အင်ပါယာ ကိုးယောက်ကိုတောင်မှ လှည့်စားခဲ့သေးတယ်။ ဆိုလိုတာ သူမရဲ့အဆင့်၊ ကျင့်ကြံခြင်းကို တကယ့်ကို တန်ဖိုးထားတဲ့လူ တစ်ယောက်ပဲလေ။ ဘာလို့ လွယ်လွယ်ကူကူနဲ့ သေဆုံးချင်ရတာလဲ”

စနစ်ကပြောလိုက်၏။ “ငါမြင်သလောက်ဆိုရင် သူမအနေနဲ့ ရီရှင်းချန်ကို အနိုင်မယူနိုင်ဘူးဆိုတာ ဧကရီလင်းရောင်က သိတယ်လေ။ ဒါကြောင့် ကံကြမ္မာကို လက်ခံလိုက်တာမျိုးပဲ”

“မဟုတ်ဘူး”

ရုတ်တရက် ကျွင်းချောင်ရှောင်းသည် သူ၏နဖူးကို ပိတ်ရိုက်ကာ ပြောလိုက်သည်။ “ရီရှင်းချန် သတ်ဖြတ်ခံရစဉ်က ဝိညာဉ်က ပြန်လည်မွေးဖွားနိုင်ခဲ့တယ်။ ဒီတော့ ဒီအမျိုးသမီးဟာ ထိုက်ရွှမ်ကျမ်းစာကို လေ့ကျင့်နိုင်ခဲ့တယ် ဆိုကတည်းက သူမရဲ့ခန္ဓာကိုယ် ပျက်စီးသွားပြီ ဆိုရင်တောင်မှ ပြန်လည်မွေးဖွားနိုင်စွမ်း ရှိနေသေးတယ် မဟုတ်ဘူးလား”

“ဒါက” စနစ်သည် ဆွံ့အသွားမိ၏။

“ဆရာကြီး”

ကျွင်းချောင်ရှောင်းသည် ထိုက်ရွှမ်အကြီးအကဲဆီသို့ ထိုက်ရွှမ်ကျမ်းစာကို ယူသွားလိုက်၏။ ပြီးနောက် ထိုအရာကို ဖန်တီးထားသည့်သူသည် ထိုက်ရွှမ်အဘိုးအို ဖြစ်နေသည် မဟုတ်ပါလား။ အဆုံးသတ်မှာတော့ ရရှိခဲ့သည့်အဖြေသည် -

“ထိုက်ရွှမ်ကျမ်းစာကို ငါကိုယ်တိုင် ဖန်တီးခဲ့တယ် ဆိုပေမဲ့ ဒီအရာက ပြန်လည်မွေးဖွားနိုင်စွမ်း၊ ဝိညာဉ်ကူးပြောင်းနိုင်စွမ်းရှိတဲ့ စွမ်းရည်မျိုးကိုတော့ မပိုင်ဆိုင်ပါဘူး”

“မဟုတ်သေးပေ” ကုန်းရှန့်သည် မျက်မှောက်ကုတ်လျက်ရှိ၏။

ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။ “အထက်နယ်မြေမှာ ဆိုရင်တောင်မှ သိုင်းပညာရှင်တစ်ယောက်ရဲ့ ဝိညာဉ် ပြန်လည်မွေးဖွားနိုင်စွမ်းရှိတဲ့ သိုင်းပညာရပ်မျိုးဆိုတာ မရှိဘူး။ ဒီတော့ ငါ့လိုမျိုး အစီအရင်ကိုသာ တလျောက်လုံး လေ့လာနိုင်တဲ့သူတစ်ယောက်က ဘယ်လိုလုပ်ပြီး ကောင်းကင်က ငြင်းပယ်ရနိုင်လောက်တဲ့ နည်းစနစ်မျိုးကို ဖန်တီးနိုင်မှာလဲ”

“မဟုတ်သေးဘူး၊ မဟုတ်သေးဘူး”

ကျွင်းချောင်ရှောင်သည် သူ၏ ကုပ်ပိုးကို ပွတ်သတ်ကာဖြင့် ပြောလိုက်၏။ “တကယ်လို့ ဆရာကြီးရဲ့ ထိုက်ရွှမ်နှလုံးသားကျမ်းစာက ပြန်လည်မွေးဖွားနိုင်စွမ်း၊ ဝိညာဉ်ကိုထိန်းသိမ်းထားနိုင်စွမ်း မရှိဘူးဆိုရင် ဘယ်လိုဖြစ်ပြီး ရီရှင်းချန်က နှစ်ပေါင်းထောင်ချီကြာအောင် သေပြီးတော့မှ တခြားသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တစ်ခုကို အပိုင်သိမ်းဆည်းနိုင်မှာလဲ”

“စနစ်… မင်းဘယ်လိုထင်လဲ”

“ဒီနေရာမှာ တစ်စုံတစ်ခုလွဲမှားနေတယ်လို့ ခံစားမိတယ်”

…..

အိပ်ခန်းထဲမှာတော့ .....

ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချပြီးသည့်နောက် ရီရှင်းချန်သည် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ထိုက်ရွှမ်ကျမ်းစာကို ထုတ်ယူလိုက်၏။ ဤလျှို့ဝှက်ကျမ်းစာသည် သူ့အတွက် အမှန်ပင် အဓိပ္ပာယ် ရှိလွန်းလှ၏။ ထိုအရာကိုသာ မရရှိခဲ့သည်ဆိုပါက ဧကရီလင်းရောင်၏ လက်ထဲတွင် သေဆုံးခဲ့မည် မဟုတ်ပေ။ ထို့အတူ ဝိညာဉ်ကူးပြောင်းပြီးနောက် ပြိုင်စံရှားဂိုဏ်း၌ ဂိုဏ်းသားအဖြစ် ဖြစ်တည်လာနိုင်ခဲ့မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ယနေ့ကဲ့သို့ ကျင့်ကြံခြင်း မရရှိနိုင်ပေ။

“အခု ငါ အစစ်အမှန်ရှာဖွေခြင်း အထက်အဆင့်ကို ချိုးဖျက်ရောက်ရှိခဲ့ပြီ။ ဒီတော့ ဒါကိုထပ်ပြီး ထိန်းသိမ်း ထားလို့လဲ ဘာထူးမှာလဲ”

ရီရှင်းချန်၏ လက်ထဲတွင် မီးတောက်များဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက် အတိတ်က အရာအားလုံးကို နှုတ်ဆက်သည့်အနေနှင့် သူသည် ထိုအရာအားလုံးကို မီးရှို့ပစ်ရန် ဆန္ဒရှိနေသည်။ သို့ပေမဲ့ ထိုက်ရွှမ်ကျမ်းစာကို လက်ထဲမှာမြှောက်ကာ ကိုင်လိုက်သည့်အချိန်မှာတော့ စာတစ်စောင်သည် အတွင်းဆီမှ အောက်ဆီသို့ လျှောကျလာခဲ့၏။ ပြီးသည့်နောက် မြေပေါ်သို့ ပြုတ်ကျလာသည်။

ရီရှင်းချန်က မျက်မှောင်ကုပ်မိသွား၏။ သို့ပေမယ့် သူ၏ခန္ဓာကိုယ်သည် ရိုးသားလွန်းလှ၏။ စာပေါ်တွင် ရှိနေသော လှပသည့်စာတန်းများကို အကြည့်ရောက်သွားခဲ့၏။

“ညအင်ပါယာ... ရှင်ဒီစာကိုဖတ်နေတဲ့ အချိန်မှာ ကျွန်မကသေနေလောက်ပြီ။ ဂုဏ်ပြုပါတယ်။ လက်စားချေနိုင်ခဲ့တဲ့အတွက်ပေါ့”

“…….”

ရီရှင်းချန်၏ မျက်လုံးထဲတွင် ဒေါသတရားများ ပြည့်နှက်လာခဲ့၏။ ဤအမျိုးသမီးသည် မသေခင်ကပင် သေတမ်းစာကို ရေးထားခဲ့သေး၏။ သူအား လာရောက်ကာ လှောင်ပြောင်နေသည်ဟု အဘယ့်ကြောင့် ခံစား နေရသနည်း။

“အတိတ်ဘဝမှာတုန်းက ရှင်က သိုင်းပညာကိုပဲ ခေါင်းထဲမှာ ထားခဲ့တယ်လေ။ လောကကြီးရဲ့ လမ်းစဉ်တွေ၊ နိယာမတွေ၊ အကြောင်းတရားတွေကို နားမလည်ခဲ့ဘူး။ ဒီလိုပဲ လူသားတွေရဲ့ ရင်းနှီးဆက်ဆံမှု ပုံစံတွေကိုလည်း နားမလည်ခဲ့ဘူး။ အခုဘဝ ရှင့်ဆီမှာ ရောင်းရင်းတွေ အများကြီးရှိနေတာကို မြင်တော့ ကျွန်မ ရှင့်အတွက် ပျော်ရွှင်မိတယ်လေ။ ဒါကြောင့် အရင်တုန်းက ရှင့်ကိုသတ်ဖြတ်ခဲ့တယ်ဆိုတာ မှန်ကန်တယ်ဆိုတဲ့အကြောင်း သက်သေပြနေတာပဲ”

ဤစကားစုကို မြင်သည့်အချိန်မှာတော့ ရီရှင်းချန်သည် စာကိုမီးရှို့ချင်စိတ် ပေါက်သွား၏။ “ငါ့ကိုသတ်ခဲ့တာ မှန်တယ်ဟုတ်လား။ လူသားရော ဆန်သေးရဲ့လား”

“တကယ်တမ်းမှာတော့ ကျွန်မတို့ လူချင်းတွေ့တဲ့ အချိန်မှာ ရှင့်ကိုပြောချင်တာ တစ်ခုရှိခဲ့တယ်။ ဒါပေမဲ့ ရှင်ကျွန်မကို ဘယ်လောက်မုန်းလဲဆိုတာ ကျွန်မသိပါတယ်။ ဒီတော့ မသေခင်မှာ ကျွန်မ ဒီစာနဲ့ ပြောချင်တာတွေကို ချန်ထားခဲ့ရုံပဲကျန်တော့တယ်။ ထိုက်ရွှမ်အဘိုးအိုက ထိုက်ရွှမ်ကျမ်းစာကို ဖန်တီးခဲ့တယ်ဆိုပေမဲ့ သိုင်းပညာရှင်တစ်ယောက်ရဲ့ ဝိညာဉ်ကို ပြန်လည်မွေးဖွားစေနိုင်စွမ်းတော့မရှိဘူး။ အထဲမှာ ရှိနေတဲ့ မန္တာန် တချို့က အဆင့်မြှင့်တင်ထားတာပဲဖြစ်မယ်”

ထိုအရာကိုမြင်တော့ ရီရှင်းချန်၏ အမူအယာတစ်ခုလုံးသည် အေးခဲသွားခဲ့၏။

“ရှင်က အရမ်းကို သတိထားတတ်တယ်လေ။ ဒီလို ပြန်လည် ဝိညာဉ်ကူးပြောင်းနိုင်စွမ်း မရှိဘဲနဲ့ ဘယ်လိုလုပ် အခြားသူ တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာလဲ။ ရှင်တည်ရှိနေခြင်းက ကောင်းကင်နဲ့မြေကြီးရဲ့ လောက နိယာမများကို ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတဲ့ တုန်လှုပ်စရာ အချက်အလက်ကို သက်သေပြနေတာပဲ”

“ဟမ့်”

ရီရှင်းချန်က တွေးလိုက်မိ၏။ ဘာကိုအရူးလုပ်ဖို့ စဉ်းစားနေတာလဲ။

အတိတ်တုန်းက ညအင်ပါယာသည် အားကောင်းခဲ့သည် ဆိုရင်တောင်မှ သူ၏ဦးနှောက်သည် သိပ်ပြီးကောင်းလှသည်တော့ မဟုတ်ချေ။ လက်ရှိ ကျွင်းချောင်ရှောင်း၏ လမ်းပြမှုအောက်မှာတော့ သူသည် အရူးလုပ်၍ရသည့် လူတစ်ယောက် မဟုတ်တော့ချေ။ သူ၏ဦးနှောက် အလုပ်လုပ်နိုင်မှု ပုံစံသည်လည်း ပိုမိုကာ တိုးတက် လာခဲ့သည်။

“ကျွန်မလိမ်နေတယ်လို့ ရှင်သံသယရှိရင် ရှိလိမ့်မယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ ဘာလို့လဲဆိုတော့ အချိန်ရောက်လာပြီဆိုရင် ကျွန်မ ရှင့်အတွက် လုပ်ပေးခဲ့တဲ့အရာအားလုံးကို နားလည်လာပါလိမ့်မယ်။ နောက်ဆုံးမှာ ရှင်က အခုထက် ပိုပြီးအားကောင်းလာစေဖို့ မျှော်လင့်မိတယ်။ စကြဝဠာတစ်ခုလုံးကို လှုပ်ခါနိုင်တဲ့ စွမ်းအင်ရှိတဲ့ အထိပေါ့။ ဒါဆိုရင် ကျွန်မ တစ်ချိန်က ပြောခဲ့ဖူးတဲ့စကားတွေကို ပြည့်စုံစေခဲ့ပြီ။ ကောင်ကင်ယံမှာ ရှိတဲ့အရာအားလုံး၊ ကောင်းကင်ကြီးကပိုင်ဆိုင်တဲ့အရာအားလုံးကို ဒီဘုရင်က ပိုင်စိုးရမယ်။ လောကကြီးမှာ ရှိတဲ့လူတွေအကုန်လုံးက ဒီဘုရင်ရဲ့ ပိုင်ဆိုင်မှုပဲလို့ ရှင်ပြောခဲ့ဖူးတယ်မဟုတ်လား”

ရီရှင်းချန်၏ မျက်နှာ တစ်ခုလုံးသည် တွေဝေသွားခဲ့မိ၏။ သူယခင်တုန်းက ထိုကဲ့သို့ ပြောဆိုခဲ့ဖူးသည်လား။ စာ၏အောက်တွင်တော့ လင်းရောင်ဆိုသည့် လက်မှတ်တစ်ခုကိုသာမြင်ရ၏။

“ဒီအမျိုးသမီးက ဦးနှောက်ဆေးတဲ့နေရာမှာတော့ မဆိုးဘူးပဲ” ရီရှင်းချန်သည် စာကို လုံးချေလိုက်၏။ ပြီးနောက် ထိုအရာကို မီးရှို့ပစ်ရန် ပြင်လိုက်၏။ သို့ပေမဲ့ ခဏလောက် တွန့်ဆုတ်ပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲသို့ ပြန်လည်ကာ သိမ်းဆည်းလိုက်သည်။

“ရှင်းချန်”

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ အသံသည် သူ၏နားထဲသို့ ပေါ်ပေါက်လာခဲ့သည်။ “မင်းအိပ်ပြီလား”

“မအိပ်သေးပါဘူး”

“ဒါဆိုလို့ရှိရင် ပဲ့ခန်းဆီလာခဲ့အုံး”

…….

“မဟုတ်သေးဘူး။ မဟုတ်သေးဘူး”

ပဲ့ခန်းထဲမှာတော့ ထိုက်ရွှမ်အကြီးအကဲသည် သူဖန်တီးခဲ့သည့် ထိုက်ရွှမ်ကျမ်းစာကို သေသေချာချာ ဖတ်ရှု့နေ၏။ ပြီးနောက် သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “နောက်ဆုံးစာမျက်နှာနှစ်ခုမှာ ရေးသားခဲ့တဲ့ မန္တာန်က ငါရေးသားခဲ့တာ မဟုတ်ဘူး”

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် နတ်ဘုရားအဆင့်နှင့်အထက် သိုင်းကျင့်ကြံခြင်းနည်းစနစ်ဟူ၍ ဤနည်းစနစ်သာ ရှိသည်။ ထိုအရာကိုသူသည် ကောင်းကင်နှင့်မြေကြီးဖန်တီးခြင်းအစီအရင်ကို လေ့လာစဉ်က ဖန်တီးခဲ့သည့်အရာဖြစ်ပြီး သူကိုယ်တိုင် စာလုံးတစ်ခုချင်းစီတိုင်းကို ရေးသားခဲ့၏။ ထို့ကြောင့် စိတ်ထဲတွင် စွဲစွဲမြဲမြဲ မှတ်မိလျက် ရှိနေသည်။

“တစ်စုံတစ်ယောက်က အဆင့်မြှင့်တင်ထားခဲ့တာလား” ကျင်းချောင်ရှောင်းကမေးလိုက်၏။

“ဒါအမှန်ပဲ”

“ဒါဆိုရင် ဘယ်သူက အဆင့်မြှင့်တင်ထားတာလဲ”

“မင်းက ငါ့ကိုမေးတော့ ငါကဘယ်သူ့ကိုသွားမေးရမှာလဲ”

“………”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသည့် ရီရှင်းချန်ကို လှမ်းကာကြည့်ရှု့လိုက်၏။ ခဏလောက် တွန့်ဆုတ်ပြီးသည့်နောက် ရီရှင်းချန်သည် ဧကရီလင်းရောင် ချန်ထားခဲ့သည့်စာကို ထုတ်ယူ လိုက်၏။

“ကောင်းကင်နဲ့ မြေကြီးရဲ့အောက်မှာရှိတဲ့ အရာအားလုံးကို ဒီဘုရင်ကပိုင်ဆိုင်တယ်။ လောကမှာ ရှိတဲ့ လူတွေအကုန်လုံးက ဒီဘုရင်ရဲ့ ပိုင်ဆိုင်မှုပဲ”

ထိုအရာကို ဖတ်ရှု့ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာပြောလိုက်၏။ “ဘယ်လောက် မောက်မာလိုက်လဲ”

“ဒီကိစ္စကို ကျုပ်မပြောခဲ့ဖူးဘူးနဲ့တူတယ်” ရီရှင်းချန်က ပြောလိုက်သည်။

“အတိတ်ဘဝတုန်းက မင်းမပြောခဲ့ဖူးဘူးလား။ မင်းပြောခဲ့ဖူးတာလဲ ဖြစ်နိုင်တယ်မဟုတ်လား”

ရီရှင်းချန်သည် ကြောင်အသွား၏။

“ရှင်းချန်”

ကျွင်းချောင်ရှောင်းသည် သူ၏ပခုံးကိုပုတ်ကာ ပြောလိုက်သည်။ “ဧကရီလင်းရောင် တကယ်လို့ ဒီစာက မှန်နေတယ်ဆိုရင် မင်းက ကောင်းကင်တစ်ခုလုံး အံ့အားသင့်လောက်စရာရှိတဲ့ တည်ရှိမှုတစ်ခုကို ပိုင်ဆိုင်သူ ဖြစ်နိုင်တယ်။

“ဒီအမျိုးသမီးက အစီအစဉ် ချမှတ်တဲ့နေရာမှာ အရမ်း တော်တယ်လေ။ သူသေတော့မယ်ဆိုတာကိုသိတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ကျုပ်ကိုနှောက်ယှက်ဖို့ ဒီစာကိုထားခဲ့တာလဲ ဖြစ်နိုင်တယ်”

“ဒါကဖြစ်နိုင်ပါတယ်”

“ဂိုဏ်းချုပ်”

ရီရှင်းချန်က လေးလေးနက်နက်ပြောလိုက်၏။ “ကျုပ် သိုင်းကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး ပြိုင်စံရှားဂိုဏ်းကို အသက်ထက်ဆုံး ကာကွယ်ပေးဖို့ စဉ်းစားထားတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကို ငါတကယ်ပဲ သဘောကျပါတယ်”

“အခုပြန်ပြီးအနားယူတော့မယ်”

“ဒီစာက အခု ငါ့ဆီထားခဲ့တော့”

“ကောင်းပါပြီ”

ရီရှင်းချန်ထွက်ခွာသွားပြီးသည့်နောက် ကျွန်းချောင်ရှောင်းသည် သေသေချာချာ တွေးတောနေ၏။

“ဒီလက်ရေးက တော်တော်လှတယ်။ လက်ခံသူအနေနဲ့ ရင်းနှီးတယ်လို့ မခံစားရဘူးလား”

“အင်း နည်းနည်းတော့ ရင်းနှီးတယ်။ ဒါပေမဲ့ မမှတ်မိဘူးဖြစ်နေတယ်”

“သတိပေးစရာ လိုသေးလို့လား”

“တစ်ခုခုပြောစရာရှိရင်လည်း မြန်မြန်ပြောလိုက်တော့လေ။ ဆန့်တငင်ငင်လုပ်မနေနဲ့”

“……”

စနစ်သည် ဆန့်တငင်ငင်ဖြစ်အောင် မလုပ်တော့ချေ။ ထို့ကြောင့် ပြောလိုက်၏။ “လက်ခံသူအနေနှင့် သက်တန့်ရောင်စဉ်ကျမ်းကို ထုတ်ပြီးတော့ကြည့်လိုက်”

ဤစကားစုသည် သူဟာ အမှန်ပင် သတိရသွားစေ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် သူ၏နဖူးကို ပိတ်ရိုက်ကာဖြင့် အံ့အားတသင့် ပြောလိုက်မိသည်။

“ရင်းနှီးနေတယ်ဆိုတာ အံ့အားသင့်စရာမဟုတ်ဘူးပဲ။ သက်တန့်ရောင်စဉ်ကျမ်းမှာရှိနေတဲ့ လက်ရေးနဲ့ဆင်တူနေတာကိုး”

All Chapters