← Chapters

အခန်း ၁၆၇၄

Vol. 113 Ch. 1674

အခန်း ၁၆၇၄

Vol. 113 Ch. 1674

အပိုင်း (၁၆၇၄)

အဓိကတာဝန်သည် ဂိုဏ်း၏ ဂိတ်တံခါးရှေ့၌ ပြိုင်စံရှားအင်မော်တယ်ဂိုဏ်းဟူသော ဆိုင်းဘုတ်ကို တပ်ဆင် လိုက်သည်ဆိုသည်နှင့် ပြည့်စုံသွားခဲ့သည်လား။

ကျွင်းချောင်ရှောင်းသည် အတွေးလွန်နေခြင်းသာဖြစ်၏။ ရုတ်တရက် တာဝန်ပြည့်စုံသွားရသည့် အကြောင်းအရင်း သည် အင်မော်တယ်အဆင့်ဂိုဏ်းကြီး ဆယ်ဂိုဏ်းကို ဖျက်ဆီးပြီးသည့်နောက် သူ့ဂိုဏ်း၏ အားအင်ကို သက်သေပြခဲ့သောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ထိပ်တန်းဂိုဏ်းအဖြစ် ကြေညာပြီးသည့်နောက် သူ၏အဓိကတာဝန်သည် ပြည့်စုံသွားခဲ့ခြင်းသာဖြစ်သည်။

ဝှစ် ဝှစ်

များပြားပြီး ဆန်းကြယ်လွန်းလှသော ထူးခြားသည့်ဓာတ်သဘာဝများသည် ပြိုင်စံရှားဂိုဏ်း၌ ပေါ်ပေါက်လာခဲ့ပြီး သည့်နောက် အထက်နယ်မြေ၏ တစ်ဝက်လောက်ကိုပင် လွှမ်းခြုံသွား၏။

ကျွင်းချောင်ရှောင်း၏ ဝိညာဉ်သည် ထိုအရာနှင့် ရောထွေးသွားပြီးသည့်နောက် အသက်ရှူလိုက်တိုင်း၊ ရှူလိုက်တိုင်း လောကကြီး၏ နိယာမကို ခံစားလျက်ရှိ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လောကကြီးနှင့် တသားတည်း ဖြစ်တည်နေသကဲ့သို့ပင်။

“ဒါက နတ်ဘုရားလျှို့ဝှက်အဆင့်လား”

ကျွင်းချောင်ရှောင်းသည် ဤခံစားချက်များကို အလွန်အမင်း နှစ်သက် မိ၏။ မျက်နှာပေါ်တွင်လည်း ပျော်ရွှင်သည့်အမူအရာများ ဖြစ်တည်လာခဲ့သည်။

“ထွက်ခဲ့ကြ။ လာကြည့်ကြအုံး”

စုရှောင်မိုက အော်ဟစ်လိုက်၏။ “ဂိုဏ်းချုပ်က ထပ်ပြီး အဆင့်တက်ပြန်ပြီ”

သူ၏ လေသံကို ကြည့်ရှုရသည်မှာ စိတ်လှုပ်ရှားမှု တစ်ချက်ကလေးမှ မရှိချေ။ ကြည့်ရသည်မှာ ကုန်းရှန့်၏ အဆင့် ချိုးဖြတ်မှုသည် အလွန် ရုတ်တရက်ဆန်ပြီး မြန်ဆန်လွန်းလှသည် ဆိုသော်လည်း သူ၏တပည့်များသည် အံ့အားမသင့်တော့ချေ။ အသားကျနေကြပြီဖြစ်သည်။

ဂိုဏ်းချုပ်အနေနှင့် အချိန်အတော်ကြာသည်အထိ အဆင့်မတက်မှသာလျှင် သူတို့သည် အံ့အားသင့်စရာ ကိစ္စဟု သတ်မှတ်ကြတော့မှာဖြစ်၏။

သို့ပေမဲ့ အပြင်လောကကြီး တစ်ခုလုံးသည်လည်း တည်တည်ငြိမ်ငြိမ် မရှိနိုင်ခဲ့ချေ။ အထက်နယ်မြေ၏ တစ်ဝက်လောက်ကို သက်ရောက်ခဲ့သည့် အဆင့်တက်သော အရှိန်အဟုန်များ ဖြစ်တည်နေ သောကြောင့်ပင်။ ထိုအရာကို ခံစားမိသည့် သိုင်းကျင့်ကြံသူများအားလုံးတို့သည် အလွန်အားကောင်းလွန်းလှသေ ဖိအားဒဏ်များကို ခံစားနေမိကြသည်။

ထူးခြားလှိုဏ်ဂူ .....။

မာဆာတိုကီတာနိုသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “ခင်ဗျားတပည့်က နတ်ဘုရားတတိယအဆင့်ကို တောင်မှ လှမ်းနေနိုင်ပြီပဲ”

ကြီးမြတ်သူတုံးကုမှာတော့ ဆွံ့အလျက်ရှိသည်။ သူ၏တပည့်နှင့် ပထမဦးဆုံး စတင်တွေ့ဆုံသည့် အချိန်သည် အမြူတေပြောင်းလဲခြင်းအဆင့်သို့ ဝင်ခါစသာဖြစ်၏။ မည်သည့်တိုးတက်မှုမှ မရှိဘဲ နှစ်နှစ်တိတိ ကျင့်ကြံခဲ့ရ သေးသည်။ လက်ရှိအချိန်မှာတော့ အထက်နယ်မြေတစ်ခုလုံးတွင် မည်သူမှ ခြေလှမ်းနိုင်ခြင်းမရှိသည့် အဆင့် တစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။ ဤအရာမှာ အိမ်မက် မက်နေသကဲ့သို့ပင်။

“အံ့အားသင့်စရာပဲ။ ဒါ အရမ်းကို အံ့အားသင့်စရာကောင်းတယ်”

ခဏလောက်တုန်လှုပ်ပြီးသည့်နောက် ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့သည် ပြိုင်တူဆိုသလိုပဲ ထိုင်ချလိုက်မိ၏။ ကျွင်းချောင်ရှောင်း ထုတ်လွှင့်လျက်ရှိသည့် အော်ရာများသည် ဆန်းကြယ်လှသည့် ဓာတ်သဘာဝများနှင့် နိယာမများ ပါဝင်လျက် ရှိသည်။ ထိုအရာသည် အစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံးအဆင့်တွင် ရှိနေသည့် သူတို့အတွက် အခွင့်အရေးကောင်းပင် ဖြစ်၏။ ထိုအရာကို လေ့လာပြီးလျှင် နတ်ဘုရားတတိယအဆင့်သို့ လှမ်းဝင်နိုင်ရန် အခွင့်အရေး တည်ရှိနိုင်ပေမည်။

“ဆရာ”

လှပလှသော တည်နေရာကြီးတစ်ခုထဲမှာတော့ ရှစ်ကျန်းရွမ်သည် သူ၏မျက်နှာကို ဖုံးအုပ်ထားလျက် ရှိနေသည့် အမဲရောင်ဝတ်စုံကြီးကို အသာဆွဲချကာဖြင့် တောက်ပစွာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက ထပ်ပြီး အဆင့်တက်သွားပြန်ပြီ”

“.............”

ကြီးမြတ်သူကုဟုန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိ၏။ သူသည် ဆယ်နှစ်တာ ကတိစကား တိုက်ပွဲတွင် အနိုင်ရရှိခဲ့၏။ သို့ပေမဲ့ ကြီးမြတ်သူတုံးကု၏ တပည့်သည် အမှန်ပင် ထူးချွန်လှသည့်လူတစ်ယောက် ဖြစ်မှန်း သူက နားလည်မိ၏။ မဟုတ်သေးပေ။ အစစ်အမှန် မွန်းစတားကြီး တစ်ကောင်ကဲ့သို့ပင်။ အဘယ်ကြောင့် တပည့်ခေါ်ယူရသည့်ဘဝတွင် အဘိုးကြီးတုံးကုသည် သူ့ထက်ပိုမိုကာ ကောင်းမွန်နေရသနည်း။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ ဆရာဖြစ်ရခြင်းသည် အချိန်မရွေး ခေါင်းခံ၍ ပြဿနာများကို ရှင်းရသည်ဖြစ်ကြောင်းကို ကြီးမြတ်သူကုဟုန်သာ သိရှိသည်ဆိုပါက ကျိန်းသေပေါက် ထိုကဲ့သို့ တွေးတောနေလိမ့်မည် မဟုတ်ချေ။

...........

အဆင့်တက်သည့် အရှိန်အဟုန်များသည် တနေကုန် ဖြစ်တည်လျက် ရှိနေ၏။ အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံး အဆင့်တွင် ရှိနေသည့် ကျင့်ကြံသူများသည် ထိုအရာနှင့် ပတ်သက်၍ အကျိုးကျေးဇူးများ ရရှိခဲ့ကြ၏။ ၎င်းတို့ အနေနှင့် ရှေ့သို့ ခြေလှမ်းဝက်လောက် လှမ်းနိုင်မလား၊ မလှမ်းနိုင်ဘူးလား ဆိုသည်မှာတော့ ၎င်းတို့၏ ကံတရား ပေါ်တွင် မူတည်လျက် ရှိနေသည်။

ကျွီ

တံခါးပွင့်သွား၏။ ကျွင်းချောင်ရှောင်းသည် အပြင်ဘက်သို့ လျှောက်ထွက်လာခဲ့သည်။ သူ၏ အမူအရာနှင့် အသွင် အပြင်သည် ထူးထူးခြားခြား မပြောင်းလဲခဲ့ချေ။ သို့ပေမဲ့ ပိုမိုချောမောလာသည်။ လှုပ်ရှားသွားလာမှု ပုံစံများ သည်လည်း ပိုမိုကာ အားကောင်းလာခဲ့သည်။ လှုပ်ရှားမှုတစ်ခုလုံးသည် ကောင်းကင်နှင့် မြေကြီး၏ နက်နဲလွန်းလှသော နိယာမတရားများ ပါဝင်နေသကဲ့သို့ပင်။

“အင်း”

ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာ ပြောလိုက်၏။ “အဓိကတာဝန်ကို ပြည့်စုံပြီးတာတောင်မှ ဆုလာဘ် ကောင်းကောင်း မပေးခဲ့ဘူး။ ဒါပေမဲ့ ရှေ့ကို ခြေလှမ်းတစ်ဝက်လောက်တော့ လှမ်းတက်နိုင်ခဲ့တယ်”

“စိတ်ရှည်စမ်းပါ”

စနစ်က ပြောလိုက်သည်။ “အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်မှာရှိတဲ့ လူတော်တော်များများ ဆိုရင် သေတဲ့အထိတောင်မှ ဒီအဆင့်ကို မရောက်ခဲ့ဘူး”

“ဒါကတော့ အမှန်ပဲ” ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသလို ခံစားလိုက်မိ၏။ သူ၏တိုးတက်မှုကို ကြည့်ရှုရမည်ဆိုလျှင် အဆင့်တက်ရန်အတွက် ဆာဗာခိုးခြင်းကိစ္စရပ်များကို ပြုလုပ်ခဲ့ရ၏။ ထိုအရာနှင့် ပတ်သတ်၍ သဘောမကျသည့်လူဟူ၍ မည်သူရှိမည်နည်း။

“ဒင်... လက်ခံသူသည် အထက်နယ်မြေ၏ အဓိကတာဝန်ကို ပြည့်စုံစေခဲ့၏။ ထို့ကြောင့် ဝိညာဉ်ချိန်ကိုက်ဗုံးကို ချက်ချင်းပဲ ဖယ်ရှားလိုက်သည်”

စနစ်၏ သတိပေးသည့်အသံ ပေါ်ပေါက်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ သူ၏အဆင့် တိုးတက်သွားသည်မှာ အလွန်ပျော်ရွှင်ရသည့် ကိစ္စမျိုးမဟုတ်ပေ။ အိမ်သာကြာကြာတက်လျှင်ပင် အချိန်ကိုလျော့ချတတ်သည့် ဤဝိညာဉ်ချိန်ကိုက်ဗုံးကြီးကို ဖယ်ရှားနိုင်ခဲ့ခြင်းက သာလျှင် ဘဝအတွက် ပျော်ရွှင်မှုတစ်ခု ဖြစ်၏။

“ဂုဏ်ယူပါသည်။ လက်ခံသူသည် တခြားသောအရာတစ်ခုကို.....”

“တော်စမ်း”

သူ့အနေနှင့် အထက်နယ်မြေသို့ တက်လှမ်းစဉ် အသင်္ချေ မိုးကြိုးတစ်သောင်းကပ်ဘေး အစီအရင်ကြီးကို ကျော်ဖြတ်ရသည့် အခြေအနေများကို ဘယ်သောအခါမှ မေ့လျော့လိမ့်မည် မဟုတ်ချေ။ အောင်ပွဲပင် မခံရသေးချေ။ သူ့အား နောက်ထပ် အဓိကတာဝန်ကြီးတစ်ခုပေး၍ ဒုက္ခပေးခဲ့ပြန်သည်။ ယခုအချိန်မှာတော့ အဆင်ပြေသည်ဟု ဆိုရမည်။ ရက်အနည်းငယ် ကျော်ဖြတ်ခဲ့ပြီးသည်ဆိုလျှင်တောင်မှ အဓိကတာဝန်သည် ထပ်မံကာ မဖြစ်တည်ခဲ့ချေ။

“ကောင်းလိုက်တာ” ကျွင်းချောင်ရှောင်းသည် အခန်းထဲမှ စိတ်အားတက်ကြွစွာဖြင့် လျှောက်ထွက်လာခဲ့၏။ ကောင်းကင်ကြီးတစ်ခုလုံးသည် ပြာလျက်ရှိနေပြီး ရေများသည်လည်း ကြည်လင်ရှင်းလင်းလျက် ရှိနေ၏။

စနစ်က ပြောလိုက်သည်။ “အဓိကတာဝန်ရဲ့ ကန့်သတ်ချက် မရှိရင် လက်ခံသူက ရည်ရွယ်ချက် ပျောက်ပြီပဲ။ ဒါဆိုရင် အနာဂတ်မှာ ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် ကျောက်ခန်းမဆောင်ထဲတွင် ထိုင်လျက်ရှိနေပြီး စားပွဲပေါ်တွင် ရှိနေသည့် စစ်တုရင်ရုပ်များကို ကောက်ယူလိုက်၏။ ပြီးနောက် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ “ကြယ်တာရာ စိတ်ဝိညာဉ်လောကကို မရှင်းရသေးဘူးလေ။ ဘယ်လိုလုပ်ပြီး ငါ ရည်မှန်းချက် ပျောက်ရမှာလဲ”

ကြယ်တာရာစိတ်ဝိညာဉ်လောကမှ လူများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ဖျက်ဆီးလုမတတ် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ဤဂြိုဟ်သည် ကျိန်းသေပေါက် နာကျင်ဖွယ်ရာကောင်းလှသည့် ပေးဆပ်မှုမျိုးကို ပေးဆပ်ရပေမည်။

“ဂိုဏ်းချုပ်”

ကျန်းတယ်ကျွင်းက အသံပို့လွှတ်လိုက်သည်။ “တခြားရွက်သင်္ဘောကြီးတစ်ခု တည်ဆောက်တာ ပြီးသွားပြီ။ ကျေးဇူးပြုပြီး လာကြည့်ပါအုံး”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် အစီအရင်ဟောခန်း၏ထိပ် ဆောက်လုပ်ရေး တည်နေရာဆီသို့ သွားလိုက်သည်။ ဒုတိယရွက်သင်္ဘောကြီးတစ်ခု ပြည့်စုံစွာ ဖန်တီးထားသည်ကို မြင်လိုက်ရ၏။ အဆင့်မြင့် ကျောက်ရိုင်းများနှင့် ဖန်တီးထားသည်ဖြစ်သောကြောင့် ဖျက်ဆီး၍ မရနိုင်ဘဲ အလွန်အားကောင်း လှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိ၏။

“ဆရာကြီး... ဒီသင်္ဘောကို ထိုက်ရွှမ်လို့ နာမည်ပေးလိုက်မယ်”

“..........”

ကျွင်းချောင်ရှောင်း ထိုကဲ့သို့ ပြောလိုက်သည်ကို ကြားသည်နှင့် ထိုက်ရွှမ်အဘိုးအိုသည် ကျေးဇူးတင်သည့် မျက်ရည် များပင် ကျဆင်းလာခဲ့မိသည်။ ပထမဆုံး ရွက်သင်္ဘောကြီးအား သူ၏ နာမည်ကို ပေးရန် စဉ်းစားခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အရှက်မဲ့စွာဖြင့် ရှောင်ချောင်းဆိုသော နာမည်ကို ပေးအပ်ခဲ့သည်။

“အင်း... ကျန်တဲ့ကျောက်ရိုင်းတွေနဲ့ ရွက်သင်္ဘောကြီး ဘယ်လောက်များများ ဆောက်လို့ရနိုင်သေးလဲ”

“ရှစ်ခု”

“ဒါဆိုရင် စုစုပေါင်း ဆယ်ခုပဲပေါ့”

“တခြားလည်း ရွေးချယ်စရာ မရှိဘူးလေ။ ကောင်းကင်စိတ်ဝိညာဉ်ကျောက်ရိုင်းတုံးတွေက အရမ်းကိုနည်းတယ်”

“.............”

ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိ၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ပထမရေတပ်ဦးစီးချုပ် ကျူးကျော် လာသည့်အချိန်တွင် ရွက်သင်္ဘောမှာ ငါးဆယ်နီးပါးခန့်ပင်ရှိ၏။

တစ်ဖက်လူများနှင့် နှိုင်းယှဉ်၍ တစ်ဝက်လောက်မှီသည်ဆိုမှသာ ပိုမို၍ ကြည့်ကောင်းလာမှာဖြစ်သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူတို့သည် ဆယ်စီးလောက်ကိုသာ တည်ဆောက်နိုင်စွမ်း ရှိနေ၏။ မလုံလောက်သေးချေ။

“ကောင်းပြီ”

စနစ်က ပြောလိုက်သည်။ “စတိုးထဲကနေ ဝင်ပြီးဝယ်လိုက်လေ”

“တော်စမ်း”

စတိုးထဲမှဝယ်ရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့အပြင် အဓိကတာဝန်ကို ပြည့်စုံစေပြီးသည့်နောက် ဂိုဏ်းဂုဏ်သိက္ခာ အမှတ်များ မရခဲ့ချေ။ ထို့ကြောင့် သူ့၌ များများစားစား မကျန်ပေ။

“မင်းအနေနဲ့ တခြားဂြိုဟ်တွေကိုသွားပြီး ကျောက်ရိုင်းတွေကို ဝယ်လို့ရသေးတယ်လေ။ ကြယ်တာရာစိတ်ဝိညာဉ် လောကဆီကို ခရီးသွားလာတဲ့လမ်းမှာ ဖြစ်နိုင်သမျှ အမြန်ဆုံး ရွက်သင်္ဘောတွေကို တည်ဆောက်သွားလို့ ရတာပဲ။ အင်း... ဝယ်တာထက်စာရင် လုတယ်လို့ပြောရင် ပိုကောင်းမယ်နဲ့တူတယ်”

..........

ရွက်သင်္ဘောကြီးတည်ဆောက်မှုသည် အင်ပြည့်အားပြည့်ဖြင့် ပြုလုပ်နေခဲ့၏။ ထို့အပြင် အရင်နှစ်ခု၏ ထုတ်လုပ်မှု အတွေ့အကြုံများကို ရရှိခဲ့ပြီဖြစ်သောကြောင့် အလုပ် လုပ်ဆောင်နိုင်မှုသည်လည်း ပိုမိုကာ တိုးတက် လာခဲ့သည်။ တစ်နှစ်အတွင်းမှာပဲ ကျန်သော ရွက်သင်္ဘောရှစ်စင်းကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့၏။

ပုံပန်းသွင်ပြင်နှင့် ထုထည်အရဆိုလျှင် ပြိုင်စံရှားဂိုဏ်းမှ ဖန်တီးတည်ဆောက်ထားသော ရွက်သင်္ဘောများသည် ကြယ်တာရာစိတ်ဝိညာဉ်လောကထက် ပိုမိုကြီးမားကာ လေးလံလွန်းလှ၏။ အသုံးပြုထားသည့်ပစ္စည်းများသည် ကောင်းကင်စိတ်ဝိညာဉ်ကျောက်ရိုင်းတုံးများဖြစ်၏။ ထို့ကြောင့် အကာအကွယ်စနစ်ကလည်း ပိုမိုကာ ကောင်းမွန်သည်။

“ဓာတ်ငါးပါးကို စမ်းသပ်ခြင်း - ပြည့်စုံတယ်”

“လေပြင်းညှင်းကို စမ်းသပ်ခြင်း - ပြည့်စုံတယ်”

.........

အစီအရင်ဟောခန်း၏ အပြင်ဘက်မှာတော့ ရှန်ကွမ်းရှင်းရောင်သည် သူမ၏ အဖွဲ့သားများကို ဦးဆောင်ကာဖြင့် အစီအရင်စနစ်တစ်ခုလုံးကို သေသေချာချာ စစ်ဆေးလျက် ရှိနေတော့၏။ ရွက်သင်္ဘောများ၏ နာမည်ကိုလည်း သေသေချာချာ ပေးအပ်ထား၏။ ဓာတ်ငါးပါးဆိုသည်မှာ မိစ္ဆာသူတော်စင် တင်းရှင်းဝမ်ကို ဆိုလိုပြီး လေပြေညှင်း ဆိုသည်မှာတော့ အချစ်ရေး၊ အချစ်ရာ ကျွမ်းကျင်သူ ဝေချင်းဖန်ကို ဆိုလိုခြင်းဖြစ်သည်။

ဟုတ်ပေသည်။ ငရဲဘုရင်နှင့် နတ်ဆိုးဆိုသည့် သင်္ဘောများသည် ကျန့်ရာနှင့် ဖြူမဲညီနောင်တို့ကို ကိုယ်စားပြု၏။ ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘော၏နာမည်ပေးခြင်းကို သေသေချာချာ အာရုံမစိုက်ခဲ့ချေ။ တစ်ခုရလာသည် ဆိုသည်နှင့် အထက်ပိုင်းအကြီးအကဲများ၏ နာမည်ကို ကောက်ကာ ပေးအပ်ခဲ့၏။

“နှင်းဆီစမ်းသပ်ခြင်း - ပြည့်စုံ”

အဖွဲ့နံပါတ် တစ်ဆယ်မှ အသိပေးချက်ကို ရရှိပြီးသည့်နောက် ရှင်းရောင်သည် အသံပို့လွှတ်လိုက်သည်။ “ဂိုဏ်းချုပ်... ရွက်သင်္ဘောကြီးဆယ်စင်းကို စမ်းသပ်ပြီးသွားပြီ။ အားလုံးကို အသက်သွင်းပြီးတော့ အချိန်မရွေး အထက်နယ်မြေကနေ ထွက်ခွာသွားလို့ရတယ်”

ဟောခန်း၏ အပြင်ဘက်တွင် ထိုင်လျက် ရှိနေသည့် ကျွင်းချောင်ရှောင်းသည် လက်ခုပ်တီးကာဖြင့် စပ်ဖြီးဖြီး ပြောလိုက်၏။ “အင်း... အထက်စကြဝဠာတစ်ခုလုံးကို သွားနိုင်ဖို့ ခရီးစဉ်ကတော့ စတင်ပြီပဲ။ ဟား ဟား ဟား ဟား”

ထိုကဲ့သို့သော ရယ်သံကို စကြဝဠာအတွင်းရှိ နယ်မြေလောက အသီးသီးမှ လူများ ကြားပါက ကျိန်းသေပေါက် ဝမ်းနည်းတကြီးနှင့် ထကာ အော်ဟစ်ပေလိမ့်မည်။ “ကျေးဇူးပြုပြီး ကယ်ကြပါအုံး”

All Chapters