အခန်း ၁၆၇၅
Vol. 113 Ch. 1675
အပိုင်း (၁၆၇၅)
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များနှင့် အထက်နယ်မြေဆီမှ အလျင်စလို ထွက်ခွာမသွားခဲ့ချေ။ ထိုအစား သူ၏ ကိစ္စရပ်များကို စီစဉ်နိုင်ရန်အတွက် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့၏။
"ဂိုဏ်းချုပ်"
လီလိုရှုက သတင်းပေးပို့လိုက်သည်။ "အဓိကမြို့အသီးသီးမှာ တည်ဆောက်ထားတဲ့ တည်နေရာရွေ့ပြောင်းခြင်း အစီအရင်တွေက ပြီးသွားပြီ။ ဒါတွေကို တရားဝင် အသက်သွင်းလို့ရပြီ။"
ဤအတောအတွင်း အစီအရင်ခန်းမမှ အဖွဲ့ဝင်များသည် ကျော်ကြားလှသော မြို့အသီးသီးတွင် တည်နေရာရွေ့ပြောင်းခြင်း အစီအရင်များကို ဖန်တီးထား၏။ ထိုမှသာလျှင် သိုင်းကျင့်ကြံသူများသည် ၎င်းတို့၏ လိုရာခရီးကို အမြန်ဆုံး သွားလာနိုင်မှာ ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် လွန်ခဲ့သည့် ဆယ်နှစ်အတွင်းမှာပဲ အထက်နယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခဲ့၏။ ဤခံစားချက်ကို နှိုင်းယှဉ်ရလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့်တော့ နှိုင်းယှဉ်၍မရနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် သူ၏မွေးရပ်မြေဖြစ်ပြီး တိုးတက်အောင် ပြုလုပ်ချင်စိတ်သည် အခြားသောနယ်မြေများထက် သာလွန်၏။ တည်နေရာရွေ့ပြောင်းခြင်း အစီအရင်များကို တည်ဆောက်ရခြင်းသည် စိတ်ဝိညာဉ်ကျောက်တုံးများ ကုန်ဆုံး၏။ ထို့ပြင် မပျက်ဆီးအောင် ထိန်းသိမ်းထားရန်အတွက် ရန်ပုံငွေများလည်း လိုအပ်နေသေးသည်။ ထို့ကြောင့် တည်နေရာရွေ့ပြောင်းခြင်းကို ပြုလုပ်ပါက ကျိန်းသေပေါက် အခကြေးငွေ ပေးအပ်ရပေလိမ့်မည်။
ထို့ကြောင့် သူသည် လူသားများကို အကျိုးပြုရင်း ပိုက်ဆံများကိုလည်း ရရှိနေ၏။ ထိုကဲ့သို့သော ကိစ္စရပ်များကို အဘယ့်ကြောင့် မပြုလုပ်ရမည်နည်း။
"ဆရာ"
ကျွင်းချောင်ရှောင်းက လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။
"ထပ်ပြီးတော့ မစဉ်းစားတော့ဘူးလား"
အဓိကတာဝန်ပြီးဆုံးပြီးနောက် သူသည် ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့ကို ဂိုဏ်းထဲသို့ ဝင်ရန်အတွက် အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့သည်။
"ငါက လွတ်လပ်မှုကို လိုချင်ခဲ့တဲ့လူလေ။ ပိုက်ဆံကိုလည်း အညစ်အကြေးလို့ သတ်မှတ်ခဲ့လူ။ ဒီတော့"
ဘုတ်
ပြောလို့ပင် မပြီးသေးချေ။ ကျွင်းချောင်ရှောင်းသည် အရိပ်တစ်ထောင်ကိုယ်ပွား နည်းစနစ်ကို စားပွဲပေါ်သို့ ပစ်တင်ကာ ပြောလိုက်၏။ "ဒါက ကိုယ်ပွားတွေ ဖန်တီးပြီးတော့ တစ်စုံတစ်ယောက်ရဲ့ အဆင့်ကို တိုးတက်အောင် ကူညီပေးနိုင်တဲ့ သိုင်းကျမ်းပဲ။ တစ်ကယ်လို့ ဆရာနဲ့ စီနီယာ မာဆာတိုကီတာနိုတို့သာ ဂိုဏ်းထဲကို ဝင်မယ်ဆိုရင် ဒါကိုစိတ်လိုလက်ရ လေ့ကျင့်လို့ရတယ်"
"အမှိုက်ကောင်"
ကြီးမြတ်သူတုံးကုသည် တည်ကြည်လေးနက်သည့် ပုံစံဖြင့် ပြောလိုက်သည်။ "မင်းဆရာရဲ့ အရမ်းကိုခိုင်မာလွန်းတဲ့ တာအိုနှလုံးသားကို လာပြီးတော့ စော်ကားနေတာလား"
................
“ဒင် …. ဂိုဏ်းသား တစ်သိန်း လေးဆယ့်နှစ်ယောက်"
“ဒင် ….. ဂိုဏ်းသား တစ်သိန်း လေးဆယ့်သုံးယောက်"
ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင်နှစ်ခုကို ကိုင်ဆောင်ကာဖြင့် ထူးခြားလိုဏ်ဂူထဲမှ ထွက်ခွာသွားခဲ့၏။ ပြာနှမ်းလှသည့် ကောင်းကင်ကြီးကို ကြည့်ရှုပြီးနောက် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်နေခဲ့သည်။
တကယ်တမ်းမှာတော့ လက်ရှိပြိုင်စံရှာဂိုဏ်း၏ အားအင်အရဆိုလျှင် ကြီးမြတ်သူတုံးကု နှင့် မာဆာတိုကီတာနိုတို့ကို ဂိုဏ်းသားအဖြစ် အတင်းခေါ်ဆောင်ရန် မလိုအပ်ချေ။ သို့ပေမဲ့ တစ်နှစ်ပတ်လုံး ၎င်းတို့၏ ကာကွယ်ပေးမှုအောက်တွင် တည်ရှိနေသည်ဆိုပါက သူ အထက်နယ်မြေမှ ထွက်ခွာသွားသည်နှင့် ဂိုဏ်းကို စောင့်ရှောက်ပေးမည့်သူများ ရှိနေပေလိမ့်မည်။ နှစ်ယောက်လုံးသည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် ရှိနေကြ၏။ ၎င်းတို့အား ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးများနှင့် သွေးဆောင်၍မရနိုင်ချေ။ သိုင်းနည်းစနစ်များနှင့်သာ သွေးဆောင်နိုင်၏။
သို့ပေမဲ့ စနစ်၏ အကန့်အသတ်ရှိနေသောကြောင့် ဂိုဏ်းထဲသို့ မဝင်လျှင် သိုင်းနည်းစနစ်များကို မပေးအပ်နိုင်ချေ။ လှိုဏ်ဂူထဲတွင် မာဆာတိုကီတာနိုသည် အရိပ်တစ်ထောင် ကိုယ်ပွားသိုင်းနည်းစနစ်ကို ဖတ်ရှုပြီးနောက် မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားသည်။
"ဒီသိုင်းနည်းစနစ်က တစ်ကယ့်ကို မယုံကြည်နိုင်စရာပဲ။ ကျုပ်တို့ရဲ့ ဘဝတစ်သက်တာလုံးမှာ နတ်ဘုရား တတိယအဆင့်ကို လှမ်းထိနိုင်ဖို့ အခွင့်အရေးရှိပြီလို့ ထင်တယ်"
ကြီးမြတ်သူတုံးကုသည် တွေဝေငေးငိုင်စွာ ကြည့်ရှုရင်း ပြောလိုက်၏။ "ဒီလောက်ကောင်းတဲ့ နည်းစနစ်ကို ဘာလို့ စောစောကတည်းက ကျုပ်တို့ကို မပြရတာလဲ"
ကုန်းရှန့်ကိုလည်း အပြစ်တင်၍ မရနိုင်ချေ။ ယခင်တုန်းက သူသည် ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်ရန် ဤနှစ်ယောက်ကို သွားရောက်ကာ ဖိတ်ခေါ်ခဲ့ဖူး၏။ သို့ပေမဲ့ တစ်ဖက်လူများသည် ခိုင်မြဲလှသည့် ကျောက်တောင်ကြီးများကဲ့သို့ ထပ်တလဲလဲ ငြင်းပယ်ခဲ့ကြသည် မဟုတ်ပါလား။
ထူးခြားလိုဏ်ဂူထဲမှ ထွက်ခွာသွားပြီးနောက် ကျွင်းချောင်ရှောင်းသည် သူတော်စင်တောင်တန်းသို့ သွားရောက်ပြီးနောက် သူတော်စင် ခုနှစ်ပါးတို့အား တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများနှင့် အင်မော်တယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တော်တော်များများကို သွားပေးခဲ့၏။
............
ကျောက်ရုပ်ထု မျိုးနွယ်နယ်မြေ
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲတွင် ထိုင်ကာပြောလိုက်သည်။ "ကျုပ် အထက်နယ်မြေကနေ ခနတာ ထွက်ခွာသွားမယ်။ ဒီတော့ ကလန်ကို ခင်ဗျားတို့ လက်ထဲ ထားခဲ့မယ်"
"…...."
ဝန်ကြီးသုံးပါးနှင့် မှုးမတ်ကိုးပါးတို့သည် နဝေတိမ်တောင်နှင့် ဖြစ်မိနေကြ၏။ ယခင်ဂိုဏ်းခေါင်းဆောင်သည် ထွက်ခွာသွားကာစသာ ရှိသေး၏။ အသစ်ဖြစ်လာသည့် ခေါင်းဆောင်အသစ်ကလည်း ထွက်ခွာသွားတော့မည် ဖြစ်၏။
ဘာဆက်လုပ်ရတော့မည်နည်း။ သို့ပေမဲ့ သူတို့သည် နားလည်ပေးနိုင်၏။ ခေါင်းဆောင်သည် အလွန်ငယ်ရွယ်ပြီး အားကောင်းလွန်းလှ၏။ အထက်နယ်မြေတွင် နေထိုင်ခြင်းဆိုသည်မှာ ၎င်းအတွက် အကန့်အသတ် ဖြစ်မိပေလိမ့်မည်။ အထက်စကြဝဠာတစ်ခုလုံးကို လှည့်လည်သွားလာမှသာလျှင် ပိုမို၍ အားကောင်းလာမှာ သေချာသည်။
ကျောက်ရုပ်ထုမျိုးနွယ်ကလန်အတွက် စီစဉ်စရာရှိသည်များကို စီစဉ်ပြီးနောက် ကျွင်းချောင်ရှောင်းသည် နဂါးကလန်ဆီသို့ သွားရောက်ကာ နဂါးလေးအား သူနှင့်လိုက်ပါမလားဆိုတာ မေးမြန်းလိုက်၏။
"တပည့်က လိုက်မှာပေါ့"
လုံဟောင်ထျန်းသည် နဂါးမင်းကြီးသုံးပါးကို ထိုနေ့မှာပဲ ဆင့်ခေါ်ကာ အတွင်းရေးကိစ္စများကို တာဝန်ယူရန် အမိန့်ပေးလိုက်၏။ ပြီးနောက် တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲ ကျွင်းချောင်ရှောင်းနောက်သို့ လိုက်လာ၏။ သူသည် နဂါးအင်ပါယာဆိုသည့် ဂုဏ်ပုဒ်ကို လွမ်းဆွေးမနေချေ။ ဂိုဏ်းချုပ်၏နောက်သို့ လိုက်ပါပြီးနောက် စကြဝဠာကြီးတစ်ခုလုံးကို အပိုင်သိမ်းဆည်းရန် မျှော်လင့်နေမိသည်။
..............
ရက်အနည်းငယ် ကြာပြီးသည့်နောက် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှစ်ကျွမ်းရွှမ်သည် ပြိုင်စံရှားဂိုဏ်းသို့ ရောက်ရှိလာ၏။ ရင်းနှီးနေသည့် အဆောက်အဦများနှင့် ရင်းနှီးနေသည့် တပည့်များကို ကြည့်ရှုပြီးနောက် သူမ၏ ခံစားချက်များသည် ပိုမိုကာ ကောင်းမွန်လာခဲ့၏။
"ခန်းမသခင်ရှစ်"
နှင်းဆီဧကရီသည် ပြုံးကာ ပြောလိုက်သည်။ "မတွေ့ရတာ ကြာပြီ"
အမ်
ရှစ်ကျန်းရွှမ်သည် ခေါင်းကိုငုံ့လိုက်မိ၏။ သူမအနေဖြင့် ဤအမျိုးသမီးကို စူးစိုက်၍မကြည့်ရဲချေ။
"ကျွန်မယောက်ျားက တကယ့်ကို စိတ်ဓာတ်မာကျောတယ်။ ခန်းမသခင်ရှစ်ပဲ သူ့ကိုအညံ့ခံအောင် ပြုလုပ်နိုင်မယ် ထင်တယ်" နှင်းဆီဧကရီက ပြောလိုက်၏။
တိုက်ဆိုင်စွာနှင့် အဓိကဟောခန်းဆီသို့ ရောက်ရှိလာသော ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကြားသည့်အချိန်မှာတော့ စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲလိုက်မိ၏။ "ဒါ ရှောင်မိုဆိုတဲ့အကောင် ပေါက်ကရတွေ လျှောက်ပြောထားတာပဲ ဖြစ်ရမယ်"
"မဟုတ်နိုင်ဘူး"
စနစ်က ပြောလိုက်သည်။ "ဒါနဲ့ လက်ခံသူကရော ဘာတွေကြောက်နေတာလဲ"
"ဘယ်သူက ကြောက်လို့လဲ"
"အခု မင်းရဲ့နှလုံးခုန်သံက တကယ့်ကို မြန်နေတယ်လေ။ တစ်စက္ကန့်ကို သုံးကြိမ်လောက် ခုန်နေတယ်။ ဒါကြောက်တာမဟုတ်လို့ ဘာလဲ။ မင်းမိန်မ စိတ်ထဲ မကောင်းဖြစ်နေမှာကို စိုးရိမ်နေတာလား"
"……...."
"မင်းဘယ်လိုဖြစ်ပြီး အားအားယားယားဖြစ်နေလို့ အခြားလူတစ်ယောက်ရဲ့ နှလုံးခုန်သံကိုတောင် လာပြီးတော့ စစ်ဆေးနေရတာလဲ"
ဟား ဟား ဟား ဟား
စနစ်သည် လှောင်ရယ် ရယ်လိုက်၏။
.............
အဓိကဟောခန်းထဲတွင် ဖြစ်နေသည့် အခြေအနေသည် အနည်းငယ် ကြောင်တောင်တောင် နိုင်လှသည်။ နှင်းဆီဧကရီနှင့် ရှစ်ကျန်းရွှမ်တို့သည် တစ်ယောက်နှင့်တစ်ယောက် ထပ်မံကာ စကားမပြောကြတော့ချေ။
ကျွင်းချောင်ရှောင်းသည် ဆက်လက်ကာ မနေနိုင်တော့ချေ။ ထို့ကြောင့် အတွင်းဖက်သို့ လျှောက်ဝင်လာခဲ့၏။ "ခန်းမသခင်ရှစ် …. ဒီကိုရောက်လာတာ ကျုပ်တို့ဂုဏ်ယူမိပါတယ်။ ချက်ချင်းလာပြီးတော့ မတွေ့ဖြစ်တာ ခွင့်လွှတ်ပေးပါ"
"ကျွန်မ အတွင်းရေးကိစ္စတွေကို စီမံစရာရှိသေးတယ်။ ဒီတော့ ခန်းမသခင်ရှစ်ကို ဧည့်ခံဖို့ ယောကျာ်းကိုပဲ ဒုက္ခခံခိုင်းရတော့မှာပဲ"
နှင်းဆီဧကရီသည် အကြောင်းပြချက်တစ်ခုကို ရှာဖွေကာဖြင့် ထွက်ခွာသွား၏။ ထို့ကြောင့် ကြောင်အအ အခြေအနေတစ်ခုလုံးသည် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
ဟူး …
ရှစ်ကျန်းရွှမ်သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ သူမ၏ လက်ဝါးများသည် ချွေးစေးများ ပြန်လျက် ရှိသည်။ ကျင့်ကြံခြင်း အဆင့်အရဆိုလျှင် သူမသည် နှင်းဆီဧကရီထက် အားမနည်းလှချေ။ သို့ပေမဲ့ တွေ့ဆုံလိုက်သည့် အချိန်တိုင်းတွင် သူမသည် ကြောက်ရွံ့သလို ခံစားနေမိ၏။
"ခန်းမသခင်ရှစ်"
ကျွင်းချောင်ရှောင်းသည် ထိုင်ချပြီးနောက် ပြောလိုက်၏။
"အရာအားလုံး စီစဉ်ပြီးပြီလား"
"စီစဉ်ပြီးပါပြီ"
ရှစ်ကျန်းရွှမ်သည် ခေါင်းကိုညိတ်ကာ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းတို့ သွားမဲ့အချိန်ကို စောင့်နေတာပါ"
"ကျုပ်တို့ ဒါဆိုရင် သဘက်ခါလောက် စပြီးထွက်ရအောင်"
ကျွင်းချောင်ရှောင်းသည် မင်္ဂလာရှိသည့် နေ့တစ်နေ့ကို အထူးပင် ရွေးချယ်လိုက်၏။ သူက မေးမြန်းလိုက်သည်။ "ဒါနဲ့ ခင်ဗျားရဲ့ မျက်လုံးက ကုသပြီးပြီလား"
ညသင်္ချုင်းတောင်တွင် တွေ့ကြုံသည့် အချိန်၌ ဤအမျိုးသမီးသည် မျက်မှန်ကို ဝတ်ဆင်မထားကြောင်း ကျွင်းချောင်ရှောင်းက သိရှိခဲ့၏။
"ကောင်းကင်ရတနာတော်တော်များကို ဆရာက ရှာဖွေပေးခဲ့တယ်လေ။ ဒါကြောင့် ကျွန်မရဲ့ အမြင်အာရုံတွေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ" ရှစ်ကျန်းရွှမ်က ပြောလိုက်၏။
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
"အရာအားလုံး စီစဉ်ပြီးပြီဆိုရင် တူတူသွားကြတာပေါ့"
"ကျေးဇူးတင်ပါတယ်"
"ကျုပ်တို့က မိတ်ဆွေဟောင်းတွေလေ အဲ့လောက်ယဉ်ကျေးနေစရာ မလိုပါဘူး"
............
နှစ်ရက်ကြာပြီးသည့်နောက် တပည့်တစ်သိန်းတို့သည် အဓိကတောင်ထွတ်ပေါ်ရှိ သိုင်းလေ့ကျင့်ရေး ကွင်းပြင်ပေါ်တွင် စုစည်းနေကြ၏။
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲမှ လျှောက်ထွက်လာပြီးသည့်နောက် ကျယ်လောင်စွာ ပြောလိုက်သည်။ "အားလုံး အဆင်သင့်ပဲလား"
"အဆင်သင့်ပါပဲ" အားလုံးသော သူတို့သည် သံပြိုင်အော်ဟစ်လိုက်ကြ၏။
"ဒါဆို ရွက်သင်္ဘောပေါ် တက်ကြတော့"
"ကောင်းပါပြီ"
တပည့်များသည် ကောင်းကင်စိတ်ဝိညာဉ်ကျောက်ရိုင်းများနှင့် ပြုလုပ်ထားသည့် ရွက်သင်္ဘောဆယ်စင်းပေါ်သို့ တက်လှမ်းလိုက်ကြ၏။ ပြီးနောက် ကောင်းကင်ယံသို့ ဖြည်းဖြည်းခြင်း ပျံသန်းသွားခဲ့ကြ၏။
ဒွီ
တစ်ချိန်တည်းမှာပဲ ပြိုင်စံရှားဂိုဏ်းသည် အလင်းတန်းများဖြင့် လွှမ်းခြုံသွားခဲ့၏။ သံမဏိအရိုးတောင်တစ်ခုလုံးကို ဤခရီးစဉ်တွင် ယူဆောင်သွားရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် တည်နေရာကြီးကို ခနတာစည်းခတ်ခဲ့ခြင်း ဖြစ်၏။ များပြားလှသော အတွင်းပိုင်း သိုင်းလေ့ကျင့်ရေး ပစ္စည်းများကိုတော့ ရွက်သင်္ဘောဆီသို့ ရွေ့ပြောင်းကာ ယူဆောင်ခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် တပည့်များအနေဖြင့် ကြယ်တာရာထဲတွင် ခရီးသွားလာရင်း လွယ်လွယ်ကူကူနှင့် ကျင့်ကြံနိုင်စွမ်း ရှိပေသည်။
"သွားကြရအောင်"
ထာဝရရွက်သင်္ဘောပေါ်တွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်၏။ တပည့်ပေါင်း တစ်သိန်းကျော်တို့ကို သယ်ဆောင်လာခဲ့သော ရွက်သင်္ဘော ဆယ့်တစ်စင်းတို့သည် အလင်းများအသွင် ပြောင်းကာဖြင့် နက်ရှိုင်းလှသော စကြာဝဠာထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။
"ခင်ဗျားတပည့်ကတော့ ထွက်ခွာသွားပြီ " မာဆာတိုကီတာနိုသည် ထူးခြားလိုဏ်ဂူ၏ အပြင်ဖက်တွင် ရပ်ကာပြောလိုက်သည်။
ကြီးမြတ်သူတုံသည် သက်ပြင်းချကာ ပြောလိုက်၏။ "သူ့အတွက် အထက်နယ်မြေဆိုတာက ဘဝရဲ့ ခရီးရှည်ကြီးတစ်ခုမှာ ခနတာနားခိုတဲ့ တည်နေရာလေး တစ်ခုလောက်ပါပဲ"
သူတို့နှစ်ယောက်သည် ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်ခဲ့သည် ဆိုသော်လည်း တူတူလိုက်ပါမသွားခဲ့ကြချေ။ အကြောင်းအရင်းမှာ သူတို့သည် အိုမင်းနေကြပြီ ဖြစ်၏။ စကြဝဠာအတွင်းသို့ လှည့်လည်သွားလာ၍ အခွင့်အရေးများကို ရှာဖွေရမည့် အလုပ်သည် လူငယ်မျိုးဆက်များ၏ တာဝန်ပင် ဖြစ်၏။
.............
အထက်နယ်မြေ၏ စကြဝဠာကြီးအတွင်းတွင် ထာဝရရွက်သင်္ဘောကြီး ဦးဆောင်သော ရွက်သင်္ဘောဆယ့်တစ်စင်းတို့သည် မြန်မြန်ဆန်ဆန်နှင့် သွားလာနေကြသည်။
"ဂိုဏ်းချုပ် ဘယ်ကိုသွားကြမှာလဲ"
"တောင်ပင်လယ်နယ်မြေကို သွားမယ်"