← Chapters

ပြန်ရန်ပြင်ဆင်ခြင်း

Vol. 127 Ch. 1771

ပြန်ရန်ပြင်ဆင်ခြင်း

Vol. 127 Ch. 1771

သည်တစ်ခေါက် ကိစ္စမှာ ပြည်နယ်တစ်ခုမှ မြို့သို့မဟုတ် မြို့တစ်ခုခုက ရန်သူ၏လုပ်ရပ်ဖြစ်မည်ဟု ထင်ထားခဲ့သည်။ သို့သော် တစ္ဆေကြင်ယာတော်မှ လွှတ်လိုက်သော လူများဖြစ်လိမ့်မည်ဟု ထင်မထားပေ။

မေယင်းသည် တစ္ဆေကြင်ယာတော်၏ အုပ်စုဝင်မဟုတ်သဖြင့် အသုံးချ၍ မရသောကြောင့် တစ္ဆေကြင်ယာတော်သည် သူမကိုပါ ရှင်းချင်နေသည်။ သူ့ကို ထိမရလျှင် သူ့ဘေးနားမှလူများကို ထိခိုက်အောင်လုပ်မည်ဖြစ်သည်။ ပြောရန် မလိုအောင်ပင် ယွိခဲ့လော့နှင့် ရုပ်တူသော သူ၏သမီးဖြစ်သူမှ စလိမ့်မည်။

ဤကိစ္စသည် နိုင်ငံရေးကိစ္စများနှင့် ရောထွေးနေသဖြင့် ပို၍ရှုပ်ထွေး သည်။

အထူးသဖြင့် ဤတစ်ကြိမ်မှာ တစ္ဆေကြင်ယာတော်သည် ကျရှုံးရုံသာမက ဘဲ သူမ လွှတ်လိုက်သော လူအားလုံးအသတ်ခံလိုက်ရသည်။ ထိုကိစ္စမှာ တစ္ဆေ ကြင်ယာတော်ကို ထိပါးသလိုဖြစ်ရာ နောက်တစ်ကြိမ်တွင် လူများပိုလွှတ်နိုင် သည်။

ထို့ကြောင့် သူမ မုရုန်ဟွေ့နှင့် ဆက်နေပါက အန္တရာယ်များစွာနှင့် ရင်ဆိုင် ရမည်ဖြစ်သည်။

“သမီးမကြောက်ဘူး သမီးဘေးမှာ အဖေရှိတယ်လေ” ရှီမာယူယူ ပြုံး လိုက်သည်။

သူမ ထွက်မသွားရခြင်း၏ အကြောင်းအရင်းကို မုရုန်ဟွေ့သည်လည်း ခန့်မှန်းမိသည်။ နှစ်ဖက်လုံးတွင် အန္တရာယ်များစွာရှိသည်။ သူမ၏ အရှက်ရစရာ အခြေအနေနှင့်ယှဉ်လျှင် နောက်သရုပ်မှန်ဖြစ်သော မုရုန်ရှီအဖြစ်ဆက်နေထိုင် ခြင်းမှာ ပိုကောင်းနိုင်သည်။

“အဲလိုဆိုရင် အခုကစပြီး အဖေတို့က တစ်ယောက်နဲ့တစ်ယောက် မှီခိုကြ တဲ့ သားအဖပဲ” သူသည် ခံစားချက်ပါပါပြောလိုက်သည်။

“အခုကစပြီး အဖေ့ရဲ့ ကာကွယ်မှုကို သမီးမှီခိုဖို့ လိုနေဦးမှာပဲ”

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီးပြုံးလိုက် သည်။ နှစ်ယောက်ကြားတွင် မေတ္တာများ ပေါက်ဖွားလာခဲ့သည်။

“သမီးနဲ့ အဲဒီသခင်နှစ်ယောက်က ဘယ်လိုတွေ့တာလဲ ဒီတစ်ခေါက်က သူတို့ကြောင့်သာမဟုတ်ရင် ဘယ်လိုတွေ ဖြစ်လာမလဲမသိနိုင်ဘူး”

“အရင် လူသားလောကမှာတုန်းက တွေ့ဖူးတာပါ ဒိကျဲ့က သမီးရဲ့ ဝမ်းကွဲ အစ်ကိုလေ ပြီးတော့ သူက အမေနဲ့လည်း ဆက်ဆံရေးကောင်းကြတယ် သူ့နဲ့ ထာဝရရှင်သန်သူနယ်မြေမှာတွေ့ပြီး သမီးကိုချစ်ပေးခဲ့တယ် မိုယွိကကျ လက်ဖက်ရည်ကြိုက်လို့ သမီးကို နှောင့်ယှက်ခဲ့တာလေ သမီးတို့က လက်ဖက် ရည်နှပ်တဲ့ပညာကို ဆွေးနွေးပြီးတော့ သူငယ်ချင်းတွေဖြစ်ခဲ့တာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“အခု သူတို့က သမီးသရုပ်မှန်ကိုသိသွားပြီဆိုတော့ အဖေ အရမ်းကြီး စိတ်ပူနေဖိုမလိုတော့ပါဘူး” မုရုန်ဟွေ့သည် ထိုဖိအားကိုအရင်က ခံစားဖူး သဖြင့် သူမတစ်ခုခုဖြစ်မည်ကို ကြောက်နေသည်။ ဒိကျဲ့နှင့် မိုယွိတို့သည် သူတို့ ကိုကာပေးနေသဖြင့် ပို၍လွယ်ကူနေမည်။

အနည်းဆုံးတော့ သူတို့၏ အားသည် သူနှင့်ယှဉ်မရပေ။

“အ‌ဖေ ရှီအာရဲ့ သရုပ်မှန်နဲ့ဆိုရင် သမီးပိုဘေးကင်းပါတယ် အရမ်းကြီး စိတ်မပူပါနဲ့ သမီး ကိုယ့်အားနဲ့ ပိုကြိုးစားကျင့်ကြံပြီး အမေ့ကိုကယ်မယ် အဖေ့ ကိုလည်းကာကွယ်မယ်” ရှီမာယူယူသည် ခိုင်မာစွာ ပြောလေသည်။

“ဘာ သမီးက…” မုရုန်ဟွေ့သည် အော်မိသွားသည်။ နောက်မှပင် ကိုယ့် ကိုယ်ကိုယ်ထိန်းလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “အမေက အသူရာငရဲမှာ အချုပ်ခံထား ရတာ သူမရဲ့သမီးအနေနဲ့ ဒုက္ခခံနေရတာကို မကြည့်နိုင်ဘူး သမီး လူသား လောကမှာကတည်းက အမြဲတမ်းသွားချင်နေခဲ့တာ အခု သမီးကတစ္ဆေ လောကရောက်နေပြီဆိုတော့ လက်လျော့လိုက်ဖို့ ပိုတောင်မဖြစ်နိုင်ဘူး”

“ဒါပေမဲ့….”

“အ‌ဖေ စိတ်မပူပါနဲ့ သမီးစိတ်လိုက်မာန်ပါ မလုပ်ပါဘူး သမီးအားမရှိဘဲ ရူးမိုက်တာတွေမလုပ်ဘူး” ရှီမာယူယူသည် ပြုံးပြီး သူ့ကိုနှစ်သိမ့်သည် “သမီးကို အမေ့သမီးလို့ စဉ်းစားဖို့မလိုပါဘူး သမီးကိုရှီအာလိုပဲ ဆက်ဆံပါ သမီးရဲ့ သရုပ်မှန်က ဒီအချိန်တိုအတွင်းတော့ ပြဿနာဖြစ်မယ်မထင်ဘူး”

“ဟုတ်ပြီ အဖေ စိတ်ငြိမ်အောင် အကောင်းဆုံးကြိုးစားပါမယ်” မုရုန်ဟွေ့ ပြောလိုက်သည် “သမီးလုပ်စရာမရှိရင် ဆေးကြောတော့လေ မြို့ဝန်အသစ်လာ ရင် အဖေတို့ ဒီကနေ သွားကြမှာ”

“သမီးတို့နယ်စားအိမ်တော်ကို ပြန်မှာလား”

“ဟုတ်တယ် ဒီကကိစ္စတွေ ပြီးခါနီးပြီ မြို့ပြိုင်ပွဲနဲ့ ပြည်နယ်ပြိုင်ပွဲတွေ ကျင်းပတော့မှာဆိုတော့ အဲဒီမှာစီစဉ်စရာရှိတာတွေ စီစဉ်ရမယ်” မုရုန်ဟွေ့ ပြန်ဖြေလိုက်သည်။

သူ့ကိုပြန်လာရန်နှင့် ဂူလန်တောင်ကိစ္စကို တခြားတစ်ယောက်ကို လက်လွှဲပေးလိုက်သည်ဟု မေယင်းပြောလိုက်သည့်အကြောင်းကို သူ ထည့် မပြောတော့ပေ။ ရှီမာယူယူသာ သိလျှင် ရတနာကို သူမရပြီးပြီဟု ပြောလိမ့် မည်ထင်သည်။

“ဘယ်လောက်လိုသေးလဲ” သူမ မေးလိုက်သည်။

“သူက ဆယ်ရက်အတွင်းရောက်လောက်မယ် ပြီးတာနဲ့ ကိစ္စတွေလက်လွှဲ ယူဖို့ ရက်နည်းနည်းလိုမယ်… အဖေတို့ လတစ်ဝက်အတွင်း ထွက်သွားနိုင်မယ် ထင်တယ်”

“အဲလောက် မြန်တာလား” ရှီမာယူယူ အနည်းငယ် အံ့ဩသွားသည်။ သူ ပြန်သွားချင်ရင်တောင် ဒီလောက် မြန်စရာမလိုဘူးမလား။

“တခြားဖြေရှင်းစရာကိစ္စတွေလည်း ရှိသေးတယ်” မုရုန်ဟွေ့သည် ထပ်ပြောပြရန် ရည်ရွယ်ချက်မရှိပေ။ ထိုအရာသည် လျှို့ဝှက်ချက်ဖြစ်မည့်ပုံ ပင်။ ဘဏ္ဍာထိန်းဝင်လာသည်ကို မြင်သည်နှင့် သူမ ပြောလိုက်သည် “ပစ္စည်း တွေ ပြင်ထားလိုက်တော့ အဖေတို့ စောထွက်ရင်ထွက်ရမှာ”

ထို့နောက် သူသည် ဘဏ္ဍာထိန်းနှင့် ထွက်သွာလေသည်။

ရှီမာယူယူသည် သူတို့ထွက်သွားသည်ကို ကြည့်ပြီးနောက် သူမဘာသာ လက်ဖက်ရည်ငှဲ့ထည့်ပြီး ဖြည်းညင်းစွာ အရသာခံနေလိုက်သည်။

သူတို့ ထွက်သွားတော့မည်ဖြစ်သဖြင့် မြို့ဝန်အိမ်တော် တစ်ခုလုံးသည် လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ အဆုံးမရှိသောလူများသည် မုရုန်ဟွေ့ကို လာရှာကြသည်။ ရှီမာယူယူသည် သူမ၏ ခြံဝန်းတွင် ကျင့်ကြံရင်းနှင့်သာ အချိန် ကုန်ဆုံးသည်။

ယခုအချိန်တွင် သူမသည် ဝိညာဉ်သန့်စင်သည့်နည်းပညာကို ကျင့်ကြံနေ ကာ သူမ၏ ဝိညာဉ်ကိုယ်ကို စုစည်းနေသည်။ ဝိညာဉ်ခန္ဓာကိုယ်ကို အသေအချာ ကျင့်ကြံမှပင် သူမသည် ချိတ်ကိုဖြည်ပြီး ဘိုးဘေးကြီး၏ စွမ်းအား ကိုလက်ခံနိုင်မည်ဖြစ်သည်။

ဆယ်ရက်ကြာပြီးနောက် ထင်စန်းသည် တံခါးလာခေါက်ကာ ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့ ရောက်လာသည်ဟု သတင်းပို့သည်။ သူမ သည် ကျင့်ကြံခြင်းကိုရပ်ပြီး တံခါးဖွင့်ကာ ထွက်သွားလိုက်သည်။

ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့သည် သူမကိုစောင့်စားနေပြီး ရှီမာယူယူ ကိုမြင်သောအခါ မှင်တက်သွားကြလေသည်။

“ငါတို့ ဆယ်ရက်လောက်ပဲ မတွေ့လိုက်တာ မင်း ပြောင်းလဲသွားတယ်လို့ ဘာလို့ ခံစားမိနေတာလဲ” ရှောင်ရော့ပိုင်သည် တအံ့တဩပြောလေသည်။

“ပြောင်းလဲသွားတာရှိလို့လား” ရှီမာယူယူသည် သူမဘာသာငုံ့ကြည့် လိုက်သည် “ဘာမှလည်း မပြောင်းလဲပါဘူး”

တကယ်တော့ သူမ၏ခန္ဓာကိုယ်မှာ ဘိုးဘေးကြီး ဖန်တီးပေးလိုက်သော ခန္ဓာကိုယ်သက်သက်မဟုတ်တော့ဘဲ ပို၍အစစ်နှင့်တူကာ အသက်ရှုသံရှိ နေသည်ကို သူမပိုသိသည်။

ဤသည်မှာ သူမ ရင်းနှီးခဲ့သည့် ပြင်းပြင်းထန်ထန်ကျင့်ကြံခြင်း၏ ရလဒ် ဖြစ်သည်။

“ဒီနေ့ မင်းတို့နှစ်ယောက် ဘာလို့လာကြတာလဲ” သူမသည် စကား လမ်းကြောင်းလွှဲကာ ထိုကိစ္စကို ထပ်မပြောစေတော့ပေ။

“ငါတို့ နှုတ်ဆက်ဖို့ လာတာ” ကုန်းဇီယွမ်သည် စိတ်အားပြတ်သော လေသံဖြင့် ပြောလေသည်။

“နှုတ်ဆက်မယ်ဟုတ်လား မင်းတို့ ထွက်သွားတော့မလို့လား” ရှီမာယူယူ သည် အနည်းငယ် အံ့ဩသွားသည် “မင်းတို့ ဂူလန်တောင် ကိစ္စကို စစ်ဆေးရဦး မှာမဟုတ်ဘူးလား”

“တကယ်တော့ ငါတို့မိသားစုနှစ်စုက ပြန်သွားတာကြာနေပြီ ငါတို့က ပြည်နယ်ပြိုင်ပွဲအတွက်ပြင်ရတော့မယ်လေ” ရှောင်ရော့ပိုင် ပြောလိုက်သည် “ကံကောင်းလို့ ငါတို့ခဏလောက် အချိန်နှောင့်နှေးသွားတာ မဟုတ်ရင် မင်းကို သိဖို့တောင် အခွင့်အရေးရလိုက်မှာမဟုတ်ဘူး”

လူငယ်ဖလှယ်ပွဲ ပြီးဆုံးကာ နောက်နှစ်တွင် မြို့ပြိုင်ပွဲရှိမည်ဖြစ်ကာ နောက်တစ်နှစ်တွင် ပြည်နယ်ပြိုင်ပွဲကျင်းပမည်ဖြစ်သည်။ မိသားစုမျိုးနွယ်များ ၏ ပါရမီရှင်ဆက်ခံသူများအနေနှင့် သူတို့သည် စောစောပြန်ပြီး ပြင်ဆင်ရသည် မှ သဘာဝပင်။

“ဒါဆိုရင် နောက်နှစ်မတိုင်ခင် ငါတို့တွေ မတွေ့ရဘူးပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“ငါ အဆင်ပြေပါတယ် ငါ ဒီအတိုင်းနယ်စားအိမ်တော်ကို ပြန်ရုံပဲလေ မင်း ပြန်သွားတဲ့အချိန်ဆိုလည်း ပြန်တွေ့လို့ရမှာပဲ” ရှောင်ရော့ပိုင် ပြောလိုက်သည်။

“မင်းလည်း ပြန်မှာလား ဒါဆို ငါတို့မကြာခင်ပဲတွေ့ရမှာပဲ” ရှီမာယူယူ ပြုံးလိုက်သည်။

“မင်းလည်း ပြန်မှာလား” ရှောင်ရော့ပိုင် အံ့အားသင့်သွားကာ သူမ မျက်နှာ တစ်ခုလုံးနှင့် ပျော်ရွှင်မှုကိုတုံပြန်သည်။ “ဟုတ်သားပဲ မင်းအဖေက နယ်စားဆိုတော့ သူလည်းသွားကြီးကြပ်ရမှာပဲ မင်းတို့ ဘယ်တော့သွားကြမှာ လဲ”

“အဖေက ဒီရက်ပိုင်းအတွင် ပြင်မယ်တဲ့”

“အစတုန်းကတော့ မင်းကို လာနှုတ်ဆက်တာပဲ မင်းက ပြန်မယ်ဆိုတော့ ငါလည်း မင်းနဲ့လိုက်မယ်” ရှောင်ရော့ပိုင် ပြောလိုက်သည် “အဆင်ပြေပါ့မလား တော့မသိဘူး”

“ငါတို့က တစ်နေရာတည်းကို ပြန်ကြမှာဆိုတော့ ဘာမှမဖြစ်ပါဘူး ထင်စန်း အဖေ့ကို သတင်းပို့ပြီး ဖြစ်နိုင်မလားမေးကြည့်” ရှီမာယူယူ ပြန်ပြော လိုက်သည်။

“ဟုတ်ကဲ့ပါ သခင်မလေး” တံခါးတွင် စောင့်ကြပ်နေသည့် ထင်စန်းသည် ထွက်သွားပြီး မကြာမီပြန်လာကာ မုရုန်ဟွေ့သဘောတူသည်ဟု ပြောလေ သည်။

“ဒါဆို ဖြေရှင်းပြီးသွားပြီ ငါတို့မင်းနဲ့လိုက်မယ် မင်းတို့သွားမယ့်အချိန်ကို ငါတို့ကိုပြောလေ အဲအချိန်ကိုပြင်ဆင်ထားလိုက်မယ်” ရှောင်ရော့ပိုင်သည် ပြုံး ပြီးပြောလေသည်။

“ဟုတ်ပြီ မင်းတို့အတူကအတူသွားကြမှာဆိုတော့ ငါကတော့ တစ်ယောက်တည်းသွားရတော့မယ်” ကုန်းဇီယွမ်သည် သက်ပြင်းချကာ စိတ်ဓာတ်ကျနေသည်။

“ယွမ်လေး မင်းလူပေါ်ကြော့လုပ်မနေနဲ့တော့ နောက်နှစ် ပြည်နယ်ပြိုင်ပွဲ မှာ ငါ့ကိုနိုင်မလားလို့ ကြည့်ကြတာပေါ့”

“စိတ်မပူနဲ့ မင်း လေးလေးစားစားနဲ့ကို အရှုံးပေးစေရမယ်”

ရှီမာယူယူသည် ရယ်မောကာ ဘာမှမပြောပေ။ ထိုအချိန်က အထူးစွဲမြဲ စေသူမှာ သူမဖြစ်လိမ့်မည်ဟု သူတို့ထင်မထားခဲ့ကြပေ။

***

All Chapters