အခန်း ၁၆၇၇
Vol. 113 Ch. 1677
အပိုင်း (၁၆၇၇)
ကြက်သွေးရောင်ငရဲလောက ...။
အထက်နယ်မြေနှင့် အနီးစပ်ဆုံးနေရာတွင် ရှိသော လောကကမ္ဘာတစ်ခုဖြစ်သည်။
ရာသီဉတုသည် ပူလောင်လွန်းလှသလို မြေပြင်တွေ၊ ကျောက်တုံးကျောက်ခဲများသည်ပင် နီရဲလျက်ရှိသည်။ ငရဲတစ်ခုနှင့် ဆင်တူနေသောကြောင့် ကြက်သွေးရောင် ငရဲလောကဟု ခေါ်ဆိုခြင်း ဖြစ်၏။
ကြက်သွေးရောင်ငရဲလောကတွင် နေထိုင်ကြသော ကျင့်ကြံသူများသည် အထူးသဖြင့် မီးဓာတ်သဘာဝ ကို ကျင့်ကြံကြသည်။ လောက၏ သဘာဝအရ အားအကောင်းဆုံးအဆင့်သည် အစစ်အမှန် ရှာဖွေခြင်းအဆင့်နိမ့် ဖြစ်လို့နေသည်။ ထို့ကြောင့် လောက၏ အဆင့်အရ သတ်မှတ်ရမည်ဆိုလျှင် အထက်နယ်မြေနှင့် ကွာခြားချက်ကြီးမားလွန်းသည်။
အချက်အလက်အားဖြင့် အထက်နယ်မြေသည် အားမနည်းလှချေ။ ကြယ်တာရာ စိတ်ဝိညာဉ်လောကဆီမှ တတိယ ရေတပ်ဦးစီးချုပ် ကျူးကျော်လာစဉ်က ပြောဆိုခဲ့သည်များကို ပြန်လည် သုံးသပ်ရလျှင် အထက်နယ်မြေသည် တတိယတန်းစား၊ စတုတ္ထတန်းစားလောက တစ်ခုခု ဖြစ်နိုင်ပြီး အဲထက်လည်း ပိုကာ နိမ့်ပါးလောက်၏။
ဝှစ် ,…။
တစ်နေ့မှာတော့ အလင်းတန်းတစ်ခုသည် တည်နေရာအတားအဆီးကို ကျော်ဖြတ်ကာဖြင့် လောကကြီးတစ်ခုလုံး ကျွမ်းလောင်နေသလို ထင်ရသော ကမ္ဘာလောက တစ်ခုဆီသို့ ဝင်ရောက်လာသည်။
ထိုသူများသည် ကျွင်းချောင်ရှောင်းတို့မှ လွဲ၍ တခြားမဟုတ်ချေ။
သူတို့သည် ရွက်သင်္ဘာကြီးဆယ့်တစ်စင်းလုံးနှင့် ဝင်ရောက်မလာကြချေ။ နားလည်မှုလွဲကာဖြင့် ကျူးကျော်သူဟုထင်မှတ်မှားနိုင်သောကြောင့်ပင်။
ဝှစ် ,,,,။
သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကာဖြင့် မိုင်တစ်ထောင် ပတ်ပတ်လည်ကို ဖြန့်ကျက်လိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏ “ဒီနေရာရဲ့ မီးဓာတ်တွေက အရမ်းကို အားကောင်းတယ်။”
စနစ်က ပြောလိုက်သည် “တခြားဓာတ်သဘာဝတွေကတော့ တော်တော်အားနည်းတယ်။ ပူပြင်းတဲ့ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်နေလို့ဖြစ်မယ်။”
“ဒီလိုနေရာမျိုးမှာ ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးလို အရာတောင် တွေ့ဖို့ ခက်ခဲလိမ့်မယ်ထင်တယ်။” ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် စိတ်ပျက်သည့် အရိပ်အယောင်များ ဖြစ်တည်လာ၏။
“မလိုဘူး”
စနစ်က ပြောလိုက်သည် “လောကကြီးမှာ ဓာတ်သဘာဝ တစ်ခုတည်းကတင် ကျောက်ရိုင်းတွေ၊ အရင်းအမြစ်တွေကို ထုတ်လုပ်ပေးနိုင်စွမ်းရှိတယ်.”
“အင်း …. ဒါတော့ဟုတ်တယ်”
ကျွင်းချောင်ရှောင်းသည် မျက်နှာပြောင်းလဲနိုင်သော မျက်နှာဖုံး နှင့် ငွေရောင် ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ မကြာမီမှာပဲ ကျင့်ကြံခြင်း လောကအနှံ့ လှည့်လည် သွားလာနေတတ်သည့် အဘိုးအို တစ်ယောက်အသွင် ပြောင်းလဲသွားသည်။ သူသည် မိုင်တစ်ထောင် အကွာအဝေးရှိ မြို့တစ်ခုဆီသို့ ဦးတည်လိုက်၏။
ပထမဆုံးသူသည် ဤလောကကြီးအကြောင်းကို အရင်ဆုံးသိချင်မိသည်။ ပြီးနောက် သူ၏ ရွက်သင်္ဘောများကို မောင်းနှင်နိုင်သော အရင်းအမြစ်လောင်စာ များ ရှိမလားကို ရှာဖွေချင်သည်။ ထို့ကြောင့် အလွန်ချောမောသူ ယောကျ်ားပျိုတစ်ယောက် ရောက်ရှိလာသောကြောင့် လောကကြီးတစ်ခုလုံး ရှုပ်ယှက်ခပ်သွားသည့် ကိစ္စမျိုးဖြစ်မသွားစေရန် ရုပ်ပြောင်းလိုက်ခြင်းပင်။
“သောက်ကျိုးနည်း” စနစ်သည် မဲ့ကာရွဲ့ကာဖြင့် ဝင်ပြောလိုက်မိလေသည်။
……
“သတ်ကြ”
“သတ်ကြ”
မိုင်တစ်ထောင်ခရီးကို သွားလာပြီးနောက် ဒေါသတကြီးအော်ဟစ်သံများကို သူကြားလိုက်ရ၏။
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကြည့်ရှုလိုက်ချိန်မှာတော့ အဝေးတစ်နေရာတွင် စစ်သည်နှစ်ဖွဲ့ သဲကြီးမဲကြီး တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။ မြေတွင် သွေးများနီရဲလျက်ရှိပြီး သွေးနံ့များသည် လေဟာနယ်တစ်ခုလုံးသို့ပင် ပြန့်နှံ့နေသည်။
တိုက်ပွဲတွင် တိုက်ခိုက်နေကြသော စစ်သည်များသည် အဆင့်မြင့် ကျင့်ကြံခြင်းကို မပိုင်ဆိုင်ကြပေ။ အများဆုံး သိုင်းအုပ်စိုးသူ အဆင့်မျှသာ ရှိကြ၏။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ဒီဂြိုဟ်ရဲ့ အဆင့်က သိပ်မမြင့်ဘူး”
သိုင်းအုပ်စိုးသူအဆင့် တစ်သိန်းလောက် စုပေါင်းတိုက်ခိုက်နေမှုသည် အောက်နယ်မြေတွင် ဆိုလျှင် ကြောက်မက်ဖွယ်ရာကောင်းပေလိမ့်မည်။ သို့ပေမဲ့ အထက်နယ်မြေမှာတော့ ထူးခြားလှသည့် အရာမဟုတ်ချေ။ ဂိုဏ်းတစ်ခု၏ သာမာန်တပည့်တစ်ယောက် ဆိုလျှင်ပင် ၎င်းတို့ကို ကောင်းကောင်း ရင်ဆိုင်နိုင်စွမ်းရှိ၏။
ကျွင်းချောင်ရှောင်းသည် ထိုကဲ့သို့သော ကလေးများ တိုက်ခိုက်နေသည်ကို အချိန်ကုန်ခံ၍ စောင့်ကြည့်ရန် စိတ်မဝင်စားချေ၊ ထို့ကြောင့် သူ ဦးတည်ရာ ဘက်ဆီသို့သာ ဆက်လက်သွားလိုက်သည်။
သို့ပေမဲ့ ….
ခဏလောက် ခရီးသွားပြီးနောက် နောက်ထက် စစ်တပ်နှစ်ခု ထပ်မံတိုက်ခိုက်နေသည်ကို မြင်လိုက်ပြန်သည်။
“ဒီဂြိုဟ်က တိုက်ခိုက်ဖို့အတွက်ဖြစ်တည်လာတာလား” ကျွင်းချောင်ရှောင်း၏ စိတ်ထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်လာသည်။ ဤမျှရှုပ်ထွေးသည့် လောက၌ သိုင်းပညာအရင်းအမြစ် များများ ရှိနိုင်ပါ့မည်လော။
“ဟင်း”
ကုန်းရှန့်သည် ခေါင်းကို ခါယမ်းလိုက်မိသည် “ငါ အချိန်ဖြုန်းခဲ့မိပြီပဲ”
မကြာခင်မှာပဲ သူသွားရန် ရည်ရွယ်ထားသော မြို့၏ ဂိတ်တံခါးဆီသို့ ရောက်ရှိလာသည်။ မြို့တစ်ခုလုံးသည် အနီရောင်ကျောက်များနှင့် ဖန်တီးထားပြီး ကြည့်ကောင်းလှ၏။
“ကွိစိ ကွစ”
“ကွိစိ ကွစ”
စစ်သည်တော်များသည် တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနေကြသည်။ မတူညီသော ဘာသာစကားကြောင့် ကုန်းရှန့်သည် တစ်ခုမှ နားမလည်ချေ။
“ဘာသာပြန် လိုသေးလား”
“မင်းဘယ်လိုထင်လဲ”
“ဝှစ်”
ရုတ်တရက် အလင်းတစ်ခုသည် ကျွင်းချောင်ရှောင်း၏ သိစိတ်ထဲတွင် ဖြစ်တည်လာကြီး သင်္ကေတတွေ၊ နံပါတ်စဉ်တွေ ပေါ်လာသည်။ အရာအားလုံးပြီးစီးပြီးနောက် သူသည် ဘေးမှ ပြောနေသော စကားလုံးများကို သူ၏ မိခင်ဘာသာ စကားဖြင့် နားလည်နိုင်သွားသည်။
“ကောင်းကင်ဘုံနိုင်ငံရဲ့ သံမဏိစစ်တပ် က မြို့အနည်းငယ်ကို ထပ်သိမ်းသွားတယ်။ ကျုပ်တို့ ချမ်းယွမ်နိုင်ငံကတော့ ဖျက်ဆီးခံရတော့မယ်ထင်တယ်”
“ထိပ်ဆုံးရောက်ပြီးရင် ပျောက်ကွယ်ရတာပဲ။ ဒါကမပြောင်းလဲနိုင်ဘူး”
….
“နိုင်ငံတွေလား”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည် “ဒီလောကက နိုင်ငံချင်း စစ်မက်ဖြစ်နေတဲ့ နိုင်ငံများလား”
သူသည် အနားမှ ဖြတ်လျှောက်သွားသော သူတစ်ဉီး၏ တံဆိပ်ပြာကို အသာလှမ်းယူကာ ကျုံးဝူမြို့ဟု ခေါ်သော မြို့ထဲ ဝင်ရောက်လိုက်သည်။ လမ်းတစ်လျှောက်ပြောဆိုနေကြသော စကားများကို နားထောင်ပြီး သူ၏ ခန့်မှန်းချက်သည် ပိုမိုကာ မှန်ကန်လာ၏။
ဤလောကကြီးတွင် နိုင်ငံများသည်သာ တည်ရှိပြီး မိသားစုကြီးများ၊ မျိုးနွယ်စုကလန်များ ရှိသော်လည်း ဂိုဏ်းများ မရှိချေ။
“သုံးသပ်ချက်ထွက်လာပြီ”
စနစ်က ပြောလိုက်သည် “ဒီနေရာကို ကြက်သွေးရောင်ငရဲလောကပဲ။ လူဦးရေ က သန်းခြောက်ထောင် လောက်ရှိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းတုန်းက ပြိုင်ဘက်ကင်းသိုင်းကျင့်ကြံသူတစ်ယောက် ပေါ်လာဖူးတာကလွဲရင် တခြားဘာမှထူးခြားတာမရှိဘူး။ အဲလူကပဲ လောကကြီးတစ်ခုလုံးကို စုစည်းပြီး လှိုင်းပြာအင်ပါယာဆိုပြီး ထူထောင်ခဲ့တာ”
“ပြီးတော့ရော”
“လှိုင်းပြာအင်ပါယာက နှစ်ပေါင်း တစ်သိန်းနီးပါး ကြက်သွေးရောင် ငရဲလောကကို အုပ်စိုးခဲ့တယ်။ နောက်တော့ အတွင်းရေးတွေရှုပ်ပြီး နိုင်ငံတွေလည်း တစစီပြိုကွဲခဲ့တယ်။ အားလုံးက ကိုယ်ထင် ကုတင်ရွှေနန်းဆိုပြီး လုပ်ချင်ရာ လုပ်ကြတော့တာပဲ။ ဒီတော့ လှိုင်းပြာအင်ပါယာ ဆိုတာက နာမည်ပဲ ကျန်တော့တယ်။”
“တခြားသိုင်းပညာနဲ့ ပတ်သက်တဲ့ အရင်းအမြစ်တွေ ရှိသေးလား”
ကျွင်းချောင်ရှောင်းသည် အင်ပါယာတစ်ပါး နန်းတက်ခြင်း ၊ မတက်ခြင်းကို စိတ်မဝင်စားချေ။
“ရှိတယ်”
စနစ်က ဖြေလိုက်သည် “ဒီလောကကြီးက မီးကျောက်လို့ခေါ်တဲ့ သိုင်းအရင်းအမြစ် အရမ်းပေါတယ်။ သူတို့က အဲတာကိုငွေကြေးအဖြစ်လည်း သုံးကြတယ်။ ဆန်းကြယ်လွန်းတဲ့ မီးဓာတ်သဘာဝ တွေပါဝင်ပြီး စွမ်းအင်အရင်းအမြစ်အဖြစ်လည်း သုံးနိုင်တယ်။”
အချက်အလက်အားဖြင့် စနစ် မရှင်းပြလျှင်ပင် ကျွင်းချောင်ရှောင်း က အကြမ်းဖျဉ်းခန့်မှန်းမိနေပြီ ဖြစ်သည်။ လမ်းတလျှောက်တွင် ထိုကျောက်တုံးအရောင်းဆိုင်များကို မြင်ခဲ့ရသောကြောင့်ပင်။
……
ယုရှန် ကြက်သွေးရောင်ကျောက်အရောင်းဆိုင် ….
ကျုံးဝူမြို့၏ အကြီးမားဆုံးအရောင်းဆိုင် ….
ကျွင်းချောင်ရှောင်းသည် လျှောက်ဝင်လိုက်ချင်းချင်းမှာပဲ မီးဓာတ်သဘာဝများပိုမိုကာ အားကောင်းလာသည်ကို ခံစားမိလိုက်သည်။ ထိုကျောက်အကြောင်းကို သူ ပိုမိုကာ စိတ်ဝင်စားလာမိသည်။
“ဝယ်သူကြီး”
လှပသော တာဝန်ခံမိန်းကလေးတစ်ယောက်သည် သူ့အား လာရောက်ကာကြိုဆိုလေသည်။ သူသည် ပြုံးကာ မေးမြန်း၏ “မီးကျောက်အနည်းငယ် ဝယ်ချင်လို့လား”
“ဟုတ်ပါတယ်”
“ကျေးဇူးပြုပြီး ဝင်ခဲ့ပါ”
ဤအမျိုးသမီးသည် အလွန်ယဉ်ကျေးပြီး သာမာန်အဝတ်များ ဝတ်ထားသော ကုန်းရှန့်အား တရုတ်ဇာတ်လမ်းတိုများထဲကလို လျစ်လျူမရှုပေ။ နတ်ဘုရားလို ဝယ်သူအဖြစ် အားလုံးကို သတ်မှတ်ထားပုံပေါ်သည်။
“ဝယ်သူကြီး .. ကျွန်မတို့ဆိုင်က ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစား မီးကျောက်တွေကို အဓိက ရောင်းပါတယ်။ ဘာကို လိုချင်ပါသလဲရှင့်”
“မတူညီတဲ့အမျိုးအစားတွေလည်း ရှိသေးတယ်လား”
ကျွင်းချောင်ရှောင်းသည် ထိုသို့ပြောလိုက်ချိန်မှာတော့ အမျိုးသမီးသည် သူ့အား အံ့အားသင့်သလို ကြည့်လိုက်သည်။ မီးကျောက်တွင် အဆင့်အတန်းအမျိုးမျိုးရှိကြောင်း အားလုံးက သိရှိကြသည်။ ဤလောကထဲမှ လူသည် အဘယ့်ကြောင့်မသိရှိရသနည်း။
“အမ်း …”
ကျွင်းချောင်ရှောင်းသည် ပြဿနာကို နားလည်ပြီးနောက် ကြောင်အအဖြင့် ရှင်းပြလိုက်သည် “ကျွင်းက တောထဲတောင်ထဲမှ ကြီးပြင်းလာတာပါ။ အပြင်လောကကြီးအကြောင်းကို နည်းနည်းပဲ သိပါတယ်”
အမျိုးသမီးသည် နားလည်သွားသည်။ ထို့ကြောင့် စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်၏ “မီးကျောက်တွေကို အဆင့်အတန်း သုံးခု ခွဲထားပါတယ်။ ပထမတန်းစားကအကောင်းဆုံးဖြစ်ပြီး တတိယတန်းစားက အညံ့ဆုံးပါ”
“ကျိန်းသေပေါက် ပထမတန်းစားကို ဝယ်ရမှာပေါ့”
“ဘယ်လောက်လိုချင်ပါသလဲ”
“အမ် …. ကျုပ်ကို တစ်ခုလောက် အရင်ပြကြည့်ပါအုံး”
“ကောင်းပါပြီ။ ခဏလောက်စောင့်ပေးပါအုံး”
အမျိုးသမီးသည် ပထမဆုံး ထ၍ ထွက်ခွာသွားသည်။ ပြီးနောက် သေတ္တာသေးလေး တစ်လုံးကို ယူလာပြီး စားပွဲပေါ်တင်ကာ ဖွင့်လိုက်တော့ ပန်းသီးတစ်လုံး အရွယ်အစားရှိသော အနီရောင် ကျောက်တစ်ခု တည်ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်ချိန်မှာတော့ အတွင်း၍ အလွန်သန့်စင်သည့် မီးဓာတ်သဘာဝများ တည်ရှိနေသည်ကို ခံစားလိုက်မိသည်။ သူက တွေးလိုက်မိ၏ “ဒီမီးဓာတ်တွေက ကြမ်းတမ်းလွန်းတယ်။ စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုရင် တာအိုကျောက်တုံးတွေအစား အစားထိုးလို့ရမယ်ထင်တယ်”
မီးကျောက်သည် တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများနှင့် နှိုင်းယှဉ်၍မရနိုင်သော်လည်း သီးသန့်တစ်ခုတည်းဖြစ်သော ဓာတ်သဘာဝမို့ စွမ်းအင်များပြားသည်။ ရွက်သင်္ဘောကို မောင်းနှင်ဖို့အကောင်းဆုံး စွမ်းအင်လည်း ဖြစ်နိုင်သည်။
“ဝယ်သူကြီး”
အမျိုးသမီးသည်ပြုံးကု မေးမြန်းလိုက်၏ “ဘယ်လောက်လောက် လိုချင်ပါသလဲ”
“အမ်း ….”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ပြီး ပြောလိုက်သည် “ဒီနားလျှောက်ကြည့်လိုက်အုံးမယ်“
ပြီးနောက် ထွက်ခွာသွားတော့၏။
အမျိုးသမီးသည် အချိန်အတော်ကြာ ဆွံ့အလို့နေလေသည် “ဒီလူ ရူးများနေတာလား”