← Chapters

လျောင်ချန်မြို့တော်

Vol. 127 Ch. 1772

လျောင်ချန်မြို့တော်

Vol. 127 Ch. 1772

ငါးရက်ကြာပြီးနောက် မုရုန်ဟွေ့သည် ရှီမာယူယူနှင့် ရှောင်မိသားစုများ ကိုခေါ်ပြီး လျောင်ချန်မြို့တော်သို့ ပြန်သည်။

လျောင်ချန်မြို့သည် လျောင်ချန်ပြည်နယ်၏မြို့တော်ဖြစ်ပြီး ဒေသတစ်ခု လုံး၏ နိုင်ငံရေးဗဟိုချက်ဖြစ်ရာ ကမ္ဘာမြေပေါ်မှ မြို့တော်နှင့်တူသည်။

လျောင်ချန်မြို့တော်သည် အလွန်ပင် ကြီးမားသည်။ နယ်စားအိမ်တော် အပါအဝင် မိသားစုများ အများအပြားရှိသည်။ ရှောင်မျိုးနွယ်သည် ထိုထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။

ရက်ပေါင်းများစွာ ခရီးနှင်လာပြီးနောက် အားလုံး ပင်ပန်းလာကြသည်။ ရှောင်ရော့ပိုင်နှင့် ရှီမာယူယူတို့သည် အချိန်းအချက် ပြုလုပ်ပြီးနောက် လမ်းခွဲ လိုက်ကာ သူတို့၏ သက်ဆိုင်ရာ အိမ်သို့ ပြန်လာလိုက်ကြသည်။

မုရုန်ဟွေ့သည် ရှီမာယူယူကို နယ်စားအိမ်တော်သို့ ပြန်ခေါ်လာသည်။ ဝင်ပေါက်တွင် တံခါးပေါက်မရှိသည်ကို သူမြင်သောအခါ ဒေါသအပြင်းအထန် ထွက်လေသည်။

“ဒီဝင်ပေါက်ကို ဘယ်သူလုပ်တာလဲ” သူသည် ဒေါသကိုချုပ်တည်းကာ မေးလိုက်သည်။

တံခါးကိုစောင့်ကြပ်သော အစောင့်များသည် မုရုန်ဟွေ့ကို မြင်သည်နှင့် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကြသည်။ လူအများသည် တံခါးဂိတ်ဝ ဆီသို့ ပြေးလာပြီး ဒူးထောက်ကြသည်။

“မြို့ဝန်ကိုပြန်ဖြေပါတယ် ဒီတံခါးဂိတ်ဝကို စစ်သူကြီးဒိက ဖျက်လိုက် တာပါ” ဒုဘဏ္ဍာထိန်းသည် ဒူးထောက်ရင်းနှင့် ပြန်ဖြေသည်။

“စစ်သူကြီးဒိဟုတ်လား” မုရုန်ဟွေ့ မျက်မှောင်ကြုတ်သည် “သူ ဖျက်လိုက်တာကို မင်းတို့က ဘာလို့ အသစ်ပြန်မဆောက်တာလဲ”

“ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ ဆောက်ပြီးပါပြီ ဒါပေမဲ့ ထပ်ပြီး ဖြိုချခံလိုက်ရပါတယ်”

“ဘာလို့လဲ ဘာတွေဖြစ်ခဲ့တာလဲ”

“ဒီမတိုင်ခင်မှာ သခင်မိုယွိနဲ့ စစ်သူကြီးဒိတို့ရောက်လာပါတယ် သခင်မိုယွိက နယ်စားအိမ်တော်မှာ လာနေတယ် သူတို့နှစ်ယောက် ကြည့်ရတာ ထူးဆန်းနေတယ် စစ်သူကြီးဒိလည်း နယ်စားအိမ်တော်ကို မကြာခဏလာ တတ်ပြီး ဒေါသထွက်လေ့ရှိတယ် နောက်တော့ သခင်မိုယွိက တံခါးပိတ် လိုက်တယ် စစ်သူကြီးဒိလာတဲ့အချိန်တိုင်း သူ တံခါးကိုဖျက်ဆီးတော့တာပဲ အဲလိုတွေ ထပ်ခါထပ်ခါဖြစ်လာတော့ သခင်မိုယွိက တံခါးကိုမပြင်နိုင်တော့ဘူး လို့ပြောပြီး ထွက်သွားတာပဲ နောက်တော့ သခင်မိုယွိလည်းထွက်သွားတာပါ သူ ပြန်သွားတုန်းက ဘာမှပြောမသွားဘူး အဲဒါကြောင့်…”

ဘဏ္ဍာထိန်းရှင်းပြလိုက်ရာ အားလုံးသည် ရလဒ်နှင့် သက်ရောက်မှုကို နားလည်သွားကြတော့သည်။

ရှီမာယူယူ၏ နှုတ်ခမ်းမှာတွန့်သွားသည်။ ဒီနှစ်ယောက်က တံခါးကို ဖျက်ဆီးလိုက်တာပဲ။

မုရုန်ဟွေ့သည် သူမကိုကြည့်လိုက်ရာ သူမသည် ခံစားချက်ကိုချုပ်တည်း ပြီးပြောလိုက်သည် “တံခါးကိုပြင်လိုက် သူတို့ပြန်မလာတော့ပါဘူး”

“ဒါဆိုလည်း ပြင်လိုက်” မုရုန်ဟွေ့ ပြောပြီးနောက်တွင် ရှီမာယူယူကို ခေါ်ပြီး ဝင်လာလိုက်သည်။

မြေပေါ်တွင် ဒူးထောက်နေသော နှစ်ယောက်သည် အံ့ဩသွားသည်။ နယ်စားက ဘာလို့သခင်မလေး ထင်မြင်ချက်ကို မေးနေတာလဲ။ ပြီးတော့ သခင်မလေးက အရင်နဲ့မတူတော့သလိုပဲ။

ဘဏ္ဍာထိန်းသည် လျင်မြန်စွာပင် သူတို့နောက်မှလိုက်သွားပြီး အစောင့် များသည် ဂိတ်ကိုစောင့်နေကြကာ တချို့မှာ တံခါးဂိတ်ဝကို ပြင်ဆင်ပြောင်းလဲ ရန်ပြင်ဆင်နေကြသည်။

“ရှီအာ ဒါက အ‌ဖေ အလုပ်ကိစ္စတွေစီမံတဲ့ ခြံဝန်းအရှေ့ပဲ သမီးငယ်ငယ် တုန်းက ဒီကိုအမြဲလာကစားခဲ့တာ သမီးကိုပြန်ခိုင်းရင် နှပ်ချေးထွက်အောင် ငို တော့တာပဲ ဟိုနားမှာကန်လည်းရှိတယ် သမီးကကန်ဘေးမှာ ဆော့ရတာ ကြိုက်တယ် အဲဒါကြောင့် ကန်လည်းထားထားတယ် ဟိုမှာက…” မုရုန်ဟွေ့ သည် လျှောက်ရင်းနှင့် ရှီမာယူယူကို ပတ်ဝန်းကျင်နှင့် မိတ်ဆက်ပေးနေသည်။

သူတို့နှင့်အတူလိုက်ပါလာသော အခြွေအရံများသည် ထိုစကားများကို ကြားသောအခါ အံ့အားသင့်နေကြသည်။ မြို့စားက အိမ်ကို သူစိမ်းတစ်ယောက် ကို မိတ်ဆက်ပေးနေသလို ဘာလို့ခံစားနေရတာလဲ။

“လောင်လင်း ဘာတွေဖြစ်နေတာလဲ” သူသည် မုရုန်လင်းကိုဆွဲပြီး တအံ့တဩမေးလိုက်သည်။

“သခင်မလေး အလိုက်ခံရပြီး ထွက်ပြေးဖို့ကြိုးစားတော့ ကမ်းပါးကနေ ပြုတ်ကျပြီး မှတ်ဉာဏ်မေ့သွားတဲ့ကိစ္စဖြစ်ခဲ့တယ် သူမက အရင်တုန်းက အကြောင်းတွေ ဘာမှမမှတ်မိဘူး အဲဒါကြောင့် သခင်က သူမကို ခေါ်သွားပြ ပြီးတော့ ဒီကပတ်ဝန်းကျင်နဲ့ရင်းနှီးအောင် လုပ်ပေးနေတာ” မုရုန်လင်း ပြန်‌ဖြေ သည်။

ရှီမာယူယူ၏ သရုပ်မှန်ကို မုရုန်ရှီအဖြစ်သာထားလိုက်ရန် မုရုန်ဟွေ့နှင့် ရှီမာယူယူတို့နှစ်ယောက်လုံးသည် ဆွေးနွေးပြီးသားဖြစ်သည်။ ထိုကိစ္စကို သိသည့်သူနည်းလေ ကောင်းလေဟု သူတို့နှစ်ယောက်လုံး သဘောတူထားကြ သည်။

ဒုဘဏ္ဍာထိန်းမှာ အံ့ဩသွားသည်။ ပြီးမှ သူ အော်လိုက်သည် “သခင်မ လေးက အတိတ်မေ့နေတာလား”

“ဟုတ်တယ် သခင်မလေးရှေ့မှာ အတိတ်အကြောင်း သွားမပြောနဲ့ အခု သူမက အရင်နဲ့မတူတော့ပေမဲ့ ပြီးခဲ့တာတွေ ပြီးပါစေတော့” မုရုန်လင်း ပြော လိုက်သည်။

“သခင်မလေးက တကယ်ပဲ မတူတော့ဘူး သူမအကျင့်ရော ပြောင်းသွား တယ်” ဒုဘဏ္ဍာထိန်း ထပ်ပေါင်းပြောလိုက်သည်။ သူမသည် မောက်မာကာ လွှမ်းမိုးခဲ့သည်။ သို့သော် အခုချိန်တွင် ပို၍တိတ်ဆိတ်၊ တည်ငြိမ်ကာ ယုံကြည် ချက်ပိုရှိနေသည်။ ပြန်လည်မွေးဖွားလာခဲ့သလိုပင်။

“ကိစ္စတွေ အများကြီးဖြစ်ပြီးသွားရင်တော လူတစ်ယောက်က သေချာ ပေါက် ပြောင်းလဲမှာပဲ” မုရုန်လင်း သက်ပြင်းချလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် အလွန်စိတ်လှုပ်ရှားမိသည်။ အရင် သခင်မ လေးသာ သူမလောက် ကောင်းလျှင် သခင်သည် သူမကို စိတ်ပူပန်စရာမလို ကာ အလိုက်ခံ၍ သေသွားမည်လည်းမဟုတ်ပေ။

ဒုဘဏ္ဍာထိန်းသည် မုရုန်ရှီအလိုက်ခံရခြင်းအကြောင်းကို အနည်းငယ် သိချင်သော်လည်း မုရုန်လင်း ပြောလိုဟန်မရှိသည်ကို မြင်သောအခါ ဆက် မမေးပေ။ မည်သို့ပင်ဖြစ်စေကာမူ ထိုကိစ္စများကို တခြားသူထံမှ မေး၍လည်း ရသည်။

မုရုန်ဟွေ့သည် ရှီမာယူယူကို မုရုန်‌ရှီ၏ အရင်ခြံဝန်းဆီသို့ ပို့ပေးပြီး အိမ် အကြောင်းကိုရှင်းပြပေးသည်။

“အဖေလည်း ဒီအချိန်အတွင်းအလုပ်များနေမှာ အိမ်နဲ့မြို့အကြောင်း ရင်းနှီးချင်ရင် ထင်စန်းနဲ့ ထင်ရွှေကိုမေးလို့ရတယ် ပြဿနာရှိရင်တော့ ဘယ် အိမ်ထိန်းပဲဖြစ်ဖြစ် ခေါ်လို့ရတယ် သူတို့မရှင်းနိုင်ဘူးဆိုရင် အဖေ့ဆီကိုလာခဲ့ လိုက်” မုရုန်ဟွေ့သည် ပြောပြီးနောက် ထွက်သွားလိုက်သည်။

“ဟုတ်ကဲ့ပါ အဖေ” ရှီမာယူယူ ခေါင်းညိတ်ပြီး သူ့ကိုလိုက်ပို့သည်။

ထင်စန်းနှင့် ထင်ရွှေတို့သည် မုရုန်ရှီ၏ ပစ္စည်းများသယ်လာသည့် အစေခံများကို ညွှန်ကြားနေသည်။ အခု သူမသည် မုရုန်ရှီ၏ သရုပ်မှန်ကို လက်ခံလိုက်သဖြင့် ထိုပစ္စည်းများကိုလည်း အတူပြန်ယူလာရသည်။

ထင်စန်းနှင့် ထင်ရွှေတို့သည် မုရုန်ရှီကို အရင်ကပင် ပြုစုခဲ့သည်။ ထို့ကြောင့် ထိုပစ္စည်းများသည် မုရုန်ရှီ၏ ရွေးချယ်မှုအရ စီမံထားခြင်းဖြစ်သည်။ ရှီမာယူယူ ထိုပစ္စည်းများကိုမြင်သောအခါ အလွန်အဆင့်အတန်းမြင့်ကာ ဟန်ကြီးလွန်းသည်ဟု ခံစားရသည်။ ထို့ကြောင့် သူမသည် ပစ္စည်းများအားလုံး ကို ရှင်းခိုင်းပြီး ဂိုဒေါင်ထဲသို့ သိမ်းခိုင်းလိုက်သည်။

နောက်ရက်များတွင် မုရုန်ရှီသည် အလုပ်များနေကာ ရှီမာယူယူသည် သူ့ကို အရိပ်ပင်မမြင်ရပေ။ ကျင့်ကြံသူများအနေနှင့် သူတို့သည် နားရန်မလို ပေ။ ထို့ကြောင့် နယ်စားအိမ်တော်သို့ ဝင်လိုက်ထွက်လိုက်လုပ်သူများမှာ နေ့ ရောညပါ မပြတ်လပ်ပေ။

ရှီမာယူယူ ပထမဆုံးအကြိမ်သိစဉ်က သူတို့နယ်စားအိမ်တော်ကို အခုမှ ပြန်ရောက်လာခြင်းဖြစ်သဖြင့် ပြည်နယ်ကိစ္စတွေကို စီမံနေ၍ အလုပ်များသည် ဟု ထင်ထားခဲ့သည်။ သို့သော် အတန်ကြာမှပင် ရောက်လာသူများသည် မရိုးရှင်းပေ။ တချို့မှာလျှို့ဝှက်ပြီး သူရုတ်တရက် ပြန်လာရခြင်းအကြောင်းကို တွေးတောနေသူများရှိသည်။ ထိုကိစ္စများသည် ထင်သလောက်မရိုးရှင်းဟု သူမ ထင်သည်။

သူမသည် ဤနေရာမှ အခြေအနေကို နားလည်ရန် တစ်ရက်တာအချိန် ယူကာ မုရုန်ရှီ၏ အရင်ဘဝကို လေ့လာသည်။ ထင်စန်းနှင့် ထင်ရွှေတို့၏ ပြောပြချက်အရ ရှီမာယူယူသည် မတတ်သာဘဲ သူမနဖူးသူမ ပြန်ရိုက်လိုက် သည်။

သူမသည် မာနကြီးပြီး ပွေလှသည်။ ရုပ်ရည်ချောမောသော အမျိုးသား များကို စော်ကားခဲ့သည်။ သူမသည် မာနကြီးကာ လက်ဖွာသည်။ တခြားသူများ သည် သူမကို နတ်ဆိုးသဖွယ်တွေးကြသည်။

“ငါပြောနိုင်တာကတော့ ဒီလိုနောက်ခံကောင်းကောင်းရှိတာ ကံကောင်း တာပဲ” ရှီမာယူယူ သက်ပြင်းချလိုက်သည် “အဖေက အလုပ်များနေတုန်းပဲလား”

“ဟုတ်ပါတယ် ကျွန်မလာရင်းနဲ့ သခင်ရဲ့စာကြည့်ခန်းကို လူတစ်ယောက် ဝင်သွားတာတွေ့လိုက်ပါတယ်” ထင်ရွှေပြန်ဖြေသည်။

“အဖေက အရမ်းအလုပ်များတာပဲ” ရှီမာယူယူသည် စိတ်အားငယ်စွာဖြင့် ပြောလိုက်သည် “ဒါပေမဲ့ ငါက ဘာမှလည်းမကူညီနိုင်ဘူး ဘယ်လိုပဲဖြစ်ဖြစ် အိမ်မှာ ဘာမှမလုပ်နိုင်မယ့်အတူတူ ဈေးဝယ်ထွက်ကြတာပေါ့”

ထိုသို့ပြောပြီးသည်နှင့် သူမသည် ချက်ချင်းထွက်ရန် စီစဉ်လိုက်သည်။ သူမသည် မည်သူ့ကိုမှ ခေါ်သွားရန်အစီအစဉ်မရှိသည့်ပုံပင်။

“သခင်မလေး အစေခံတွေကို လိုက်ခိုင်းပါဦး” ထင်စန်း ပြောလိုက်သည် “သခင်မလေးက အပြင်ကကိစ္စတွေကို မမှတ်မိသေးဘူးလေ အစေခံတွေကို လိုက်ခွင့်ပြုပါ ကျွန်မတို့လည်း သခင်မလေးကို အပြင်လိုက်ပို့ပြီး မိတ်ဆက်ပေး လို့ရတာပေါ့”

ရှီမာယူယူသည် ခေတ္တမျှစဉ်းစားကာ သဘောတူသည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။

သူမ ဘာသာတစ်ယောက်တည်း အပြင်သွားလျှင် ပတ်သွားရုံသာရှိမည်။ သူတို့နှင့်သွားလျှင် အပြင်မှအခြေအနေကို ထဲထဲဝင်ဝင်နားလည်သွားနိုင်သည်။

ထို့ကြောင့် သူမသည် ထင်စန်းနှင့် ထင်ရွှေတို့ကိုခေါ်ကာ အပြင်သို့ ထွက် ခဲ့လိုက်သည်။ အစောင့်ခေါင်းဆောင်သည် သူမ အပြင်ထွက်မည်ကို မြင် သောအခါ အစောင့်တစ်ယောက်ကို အမိန့်ပေးလိုက်သည် “ဘဏ္ဍာထိန်းကို သွားသတင်းပေးလိုက် သခင်မလေးအပြင်သွားမယ်လို့ သူအရင်ကလို ကိုယ်ရံ တော်အဖွဲ့ထည့်မပေးဘူးလား”

ရှီမာယူယူသည် အဝေးသို့မရောက်သေးသဖြင့် အစောင့်၏ စကားကို ကြားလိုက်ရသည်။ သူမ၏ နှုတ်ခမ်းမှာကွေးတက်သွားပြီး ထွက်သွားရန် အရှိန် တင်လိုက်သည်။

***

All Chapters