ဝင်ကတည်းက ပိတ်ပင်ခံရခြင်း
Vol. 127 Ch. 1773
ရှီမာယူယူသည် လမ်းတစ်လျှောက် ဟန်ပါပါနှင့်လျှောက်ရာ သူမကို မြင်သူများသည် ကပ်ဆိုးနတ်ဘုရားမကိုမြင်ရသကဲ့သို့ မှင်တက်ကြလေသည်။
အထူးသဖြင့် အမျိုးသားများဖြစ်သည်။ သူတို့သည် သူမကို မြင်သည်နှင့် ချဲ့ကားကာ ပြန်ပြေးကြသည်။
အတန်ကြာလျှောက်ပြီးမှပင် သူမ ထိုအကြောင်းကို သိသွားသည်။ သူမ လှည့်ပတ်ကြည့်ပြီးနောက် ထင်စန်းနှင့် ထင်ရွှေတို့ကိုကြည့်ပြီး မေးလိုက်သည် “ငါ အပြင်ထွက်တိုင်း အမြဲတမ်းဒီလိုလား”
“မဟုတ်ပါဘူး” ထင်စန်း ပြန်ဖြေလေသည်။
“ငါက အခုပိုပြီး ကြောက်ဖို့ကောင်းနေတာလား” သူမ ဆွံ့အသွားသည်။ ထိုလူများသည် အရင်က မပြေးခဲ့သော်လည်း အခု သူမကိုမြင်သည်နှင့် ပြေးကြ သည်။
“ပုံမှန်ဆိုရင် ကိုယ်ရံတော်တွေနဲ့ အပြင်ထွက်လေ့ရှိတာ ထွက်ပြေးတဲ့လူ ရှိရင် သခင်မလေးက အစောင့်တွေကို ပညာပေးခိုင်းတာ… အဲကိစ္စပြီးသွား တော့ သခင်မလေးဘေးမှာ ကိုယ်ရံတော်ပါရင် သူတို့မပြေးရဲတော့ဘူး” ထင်စန်း ရှင်းပြသည်။
“….”
သူမ၏ ကိုယ်ရံတော်အပေါင်းအဖော်များသည် သူမ၏ အနိုင်ကျင့်မှုကို ကာကွယ်ပေးခဲ့သည်။
ဒီလိုသာ ဆက်ဖြစ်နေရင် သူမ ဘယ်လိုလုပ် ဈေးဝယ်ထွက်နိုင်တော့မှာ လဲ။
သူမသည် ခြေဦးတည့်ရာလျှောက်လာပြီး ဈေးဝယ်ထွက်ရန် မကောင်းနိုင် ဟုစဉ်းစားမိသည်။ သူမသည် လမ်းပေါ်တွင် မျောက်တစ်ကောင်ကဲ့သို့ အကြည့် ခံနေရသည်။ သူမသည် ဘေးတွင် လက်ဖက်ရည်ဆိုင်ကဲ့သို့ ဆိုင်ကိုတွေ့ရာ ဝင် ဟန်ပြုလိုက်သည်။ သူမ ခြေလှမ်းကြွလိုက်သည်နှင့်…
“သခင်မလေး” ထင်စန်းနှင့် ထင်ရွှေတို့သည် သူမကို ပြေးဆွဲသည် “သခင်မလေး အဲဒီကိုဝင်သွားလို့မရဘူး”
ရှီမာယူယူသည် သူမကိုကြည့်နေသာ လူများ၏ အကြည့်ပြောင်းသွား သည်ကိုမြင်သောအခါ သတိပြန်ဝင်သွားသည်။ သူတို့၏ မျက်လုံးထဲတွင် အရင်ကလို ကြောက်ရွံ့ခြင်းမရှိဘဲ စိတ်ဝင်စားမှုနှင့် မျှော်လင့်ထားမှုများ တောက်ပနေသည်။ သို့သော် ထင်စန်းနှင့် ထင်ရွှေတို့သည် သူမအား ကြောက် လန့်တကြားကြည့်သည်။
“ဘာဖြစ်လို့လဲ ငါက ဘာလို့အဲဒီထဲကို ဝင်သွားလို့မရတာလဲ” သူမသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“သခင်မလေး အရင်က ဒီမှာပြဿနာရှာဖူးတယ်” ထင်စန်းပြောသည် “အဲကတည်းက သခင်မလေးကို ဒီဆိုင်ကိုဝင်ဖို့ တားမြစ်ထားတာ ဝင်သွားလိုက် တာနဲ့ နှင်ထုတ်ခံရမှာပဲ”
ရှီမာယူယူ အံ့အားသင့်သွားသည် “ဒါက လက်ဖက်ရည်ဆိုင်မဟုတ်ဘူး လား ငါက ဘာလို့ဝင်ဖို့ကို ပိတ်ပင်ခံထားရတာလဲ”
“ဒါက… အဟွတ်… ဘာလို့လဲဆိုတော့ သခင်မလေးက သရဖူမြို့တော် က… သခင်လေးနဲ့ ပျော်ပါးဖူးတယ်”
ရှီမာယူယူ “….”
သူမက သရဖူမြို့တော်က လာတဲ့သခင်လေးနဲ့တောင် ပျော်ပါးရဲတာပဲ။ အဲဒါကြောင့် မုရုန်ဟွေ့က သူမကို ရှောင်ခိုင်းနေတာကိုး…
“သခင်မလေး ပင်ပန်းရင် တခြားနေရာကိုသွားပြီး နားရအောင်” ထင်စန်း သည် ရှီမာယူယူ ဇွတ်တိုးဝင်သွားမည်ကို စိုးရိမ်ကာ ရူးမိုက်သည့် အလုပ်များ မလုပ်မိစေရန် ကာကွယ်သည့်အနေနှင့် လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
ရှီမာယူယူ “….”
သူမသည် သက်ပြင်းချပြီး ပြောလေသည် “ဒါဆိုလည်း တခြားဆိုင်ကို သွားကြတာပေါ့”
“ဟုတ်ပြီ” ထင်စန်းနှင့် ထင်ရွှေတို့သည် နောက်စက္ကန့်အနည်းငယ်တွင် နောင်တရစေမည့် ကိစ္စလုပ်လိုက်မည်ကို စိုးရိမ်သဖြင့် အမြန်ပင် သူမကို ခေါ်သွားသည်။
ပွဲကို ပျော်ရွှင်စွာကြည်ရန် စောင့်နေသည့် လူများသည် ထိတ်လန့်ကုန် ကြသည်။ သူတို့သည် သူမကို မမှတ်မိတော့သလိုပင်။
“ဒါတကယ်ပဲ ဝမ်းနည်းနေတဲ့တစ္ဆေလား”
“အဲလိုဟုတ်ပုံမရဘူး ဝမ်းနည်းနေတဲ့တစ္ဆေက ဒီလိုမျိုးထွက်သွားမှာလား”
“ဒါပေမဲ့ အနီးကပ်ကြည့်ရင်လည်း ဝမ်းနည်းနေတဲ့တစ္ဆေဟုတ်နေတာပဲ”
“သူက လုံးဝကို ပြောင်းလဲသွားသလိုပဲ အရမ်းကိုတိတ်ဆိတ်နေတယ် ကောင်းလိုက်တာ သူမ အစေခံမိန်းကလေးကို အပြစ်တင်မယ်ထင်နေတာ”
“ဝမ်းနည်းနေတဲ့တစ္ဆေက ထာဝရတောက်ပခြင်းမြို့တော်မှာတုန်းက အလိုက်ခံရပြီး ကမ်းပါးကနေပြုတ်ကျလို့ သေတော့မလိုဖြစ်သွားတယ်လို့ ကြား တယ်… နောက်တော့ သူမကို နယ်စားကြီးကကယ်လိုက်တယ် ဒါပေမဲ့ သူမ ခေါင်းကိုထိသွားပြီး အတိတ်မေ့သွားတယ်”
“အဲဒါအမှန်ပဲလား”
“အမှန်ပဲလေ ဒီသတင်းက နယ်စားအိမ်တော်ကလာတာ အတုဖြစ်မလား”
“အင်း ကြည့်ရတာ ဝမ်းနည်းနေတဲ့တစ္ဆေကတော့ တကယ်ပဲမတူတော့ ဘူး”
“အတိတ်မေ့တာက လူတစ်ယောက်ရဲ့ အကျင့်ကိုပြောင်းသွားစေလို့လား”
“ပြောင်းလဲသည်ဖြစ်စေ မပြောင်းလဲသည်ဖြစ်စေ ဒီလောက် အချိန်တို အတွင်းတော့ ဘာမှမမြင်နိုင်ဘူး သူမက ဟန်ဆောင်ပြီး ငါတို့ကိုလိမ်နေတာ လည်းဖြစ်နိုင်တာပဲ”
“ငါတို့ ဘာလိုက်မသွားရမှာလဲ”
“ဟုတ်တယ်”
သည်လိုနှင့် လူအများအပြားသည် ရှီမာယူယူနောက်လိုက်ကာ မျက်နှာ ချင်းဆိုင်သို့ သွားလေသည်။
လက်ဖက်ရည်ဆိုင်၏ ဒုတိယအထပ် လမ်းဘက်ကိုမျက်နှာမူထားသော သီးသန့်အခန်းတွင် အဖြူရောင်ဝတ်ထားသော ချောမောခန့်ညားလှသည့် အမျိုးသားသည် အောက်မှ လှုပ်ရှားသံများကို ကြားသောအခါ လက်ဖက်ရည် ကို တစ်ကျိုက်သောက်လိုက်သည်။
“ဝမ်းနည်းနေတဲ့တစ္ဆေက ပြောင်းလဲသွားတယ်ဟုတ်လား ယွမ်ယွမ် ယုံလား” သူ ရယ်မောလိုက်သည်။
“သူမက ပြောင်းလဲမှာလား ဟား ဝက်တွေပဲပျံသွားလိမ့်မယ်” သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသာလူသည် ရုပ်ရည်ချောမောပြီး ပြေပြစ်သည်။ သို့သော် စကားပြောသည့် ဟန်ပန်မှာ အလွန်ပင် မသိမ်မွေ့သလိုရှိကာ စိတ် လည်း မရှည်သည့်ပုံပင်။ မုရုန်ရှီအကြောင်း စကားရောက်သွားသည်နှင့် သူ့ မျက်လုံးများသည် ရွံရှာမှုများဖြင့် ပြည့်နှက်သွားသည်။
“ငါ တကယ်သိချင်တာ မင်း သူမကို အဲလောက်မုန်းအောင် သူမက ဘာတွေများလုပ်ခဲ့တာလဲ” အဖြူရောင်ဝတ်အမျိုးသားသည် လက်ဖက်ရည် ခွက်ကို ချကာ သူ့ကိုပြုံးပြီးပြောလိုက်သည်။
“မိုကျိ မင်းက သခင်မိုယွိနဲ့ ဒီလောက်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာ သူမကို သတ်ဖို့ ငါ့ကိုဘာလို့မကူညီတာလဲ ဘယ်လိုပဲဖြစ်ဖြစ် သခင်မိုယွိနဲ့ဆိုရင် အဲလူ တွေက လာပြီးမထိရဲဘူးလေ ဘယ်လိုလဲ” ယွမ်ယွမ်သည် သူ့ကို မျှော်လင့်ချက် များစွာဖြင့် ကြည့်လေသည်။
ထိုလူကြည့်လိုက်သည် “မင်းက အသက်ဘယ်လောက်ရှိနေပြီလဲ မင်း အရှုပ်ထုပ်ကို ရှင်းဖို့ ကူညီဖို့လိုသေးတာလား”
“အာ.. ငါ စိတ်တိုလွန်းလို့ပါ သူမက လျောင်ချန်မြို့မှာမရှိဘူးဆိုတဲ့ သတင်းကြားလို့လာတာ သူမ ပြန်လာမယ်လို့ ထင်မထားမိဘူး” ယွမ်ယွမ်သည် စိတ်တိုတိုဖြင့် ပြောလေသည်။
“သူမက အဆင်ပြေတယ်ထင်တာပဲ ကြည့်ရတာ တည်ငြိမ်တဲ့မိန်းကလေး လိုပါပဲ” မိုကျိ ပြောလိုက်သည်။
“သူမကလား” ယွမ်ယွမ်သည် လက်ကိုဆန့်ထုတ်ကာ သူ၏ရှေ့တွင် အပေါ်အောက် ယမ်းသည် “မင်း ကန်းနေတာလား”
“ငါ ကန်းနေလို့ပဲ မင်းနဲ့တွေ့တာလေ” မိုကျိသည် ရက်စက်စွာပင် ပြန်ချေပသည်။
“ကျွတ်” ယွမ်ယွမ်သည် လက်ကိုပြန်ဆုတ်ကာ အေးစက်စွာ နှာမှုတ် သည်။ ထို့နောက် သူသည် လူများဝိုင်းနေကြသော လမ်းတစ်ဖက် မျက်နှာချင်း ဆိုင်ရှိ ဆိုင်ကိုကြည့်လိုက်သည်။ သူသည် ရှီမာယူယူ၏ ပုံရိပ်ကိုမြင်လိုက်ရခြင်း ကြောင့်လား သို့မဟုတ် သူမ သူ့အပေါ်လုပ်ခဲ့သည့် လုပ်ရပ်ကိုတွေးမိ၍လား မသိပေ… သူ၏မွေးညှင်းများ ထောင်လာတော့သည်။
မိုကျိသည် ထိုအဖြစ်မှ အကြည့်လွှဲကာ မေးသည် “သူမက အမှိုက်တစ်စ လို့မင်းပဲ မပြောဘူးလား သူမက ဆေးပစ္စည်းတွေ အဲလောက်အများကြီး ဘာလို့ ဝယ်နေတာလဲ”
“ဘယ်သူသိမှာလဲ” ယွမ်ယွမ်သည် ရှီမာယူယူ ဝယ်လာသည့်အရာများကို စိတ်မဝင်စားပေ။
“ဟင်” မိုကျိသည် မျက်ခုံးပင့်လိုက်သည်။ သူ၏ မျက်လုံးများသည် ပို၍ သိချင်နေသည်။
“ဒီတစ်ခါရော ဘာကိစ္စလဲ” ယွမ်ယွမ်သည် သုန်မှုန်စွာမေးလေသည်။
မိုကျိသည် မုရုန်ရှီကို မည်သို့လူမျိုးဖြစ်သည်ကို စိတ်မဝင်စား၍မဟုတ် ပေ။ သူမသည် သူနှင့် လွတ်လွတ်လပ်လပ်ပျော်ပါးဖူးသောကြောင့်ပင်။ သူသည် ပြဇာတ်တစ်ပုဒ်ကို ကြည့်ချင်ရုံသာဖြစ်သည်။
သူသည် ဤမိန်းကလေးနှင့် ဤနေရာတွင် တွေ့ရမည်ဆိုပါက သူ့ကို ခေါ်လာမည်မဟုတ်ပေ။
မိုကျိသည် ထိုနေရာသို့ကြည့်ပြီးပြောလိုက်သည် “အဲဆိုင် ပထမအထပ် မှာ ဆေးနဲ့ဆေးပစ္စည်းတွေရောင်းတယ် ဒုတိယအထပ်မှာက လက်နက်ပစ္စည်း တွေ တတိယအထပ်က တည်ဆောက်မှုနဲ့ စတုတ္ထအထပ်မှာက ဝိညာဉ် ကျောက်တွေရောင်းတာမလား”
“အင်း ဟုတ်တယ်လေ ဘာဖြစ်လို့လဲ” ယွမ်ယွမ်သည် ထိုနေရာသို့ မကြည့်ချင်တော့ပေ။
“အဲဒီမုရုန်ရှီက ပထမအထပ်က ဆေးပစ္စည်းတွေ အများကြီးရွေးထား တယ် ပြီးတော့ ဒုတိယအထပ်ကိုသွားပြီး လက်နက်ပစ္စည်းကြည့်တယ် တတိယ အထပ်ကိုသွားပြီး တည်ဆောက်မှုကျောက်တုံးဝယ်ပြီး စတုတ္ထအထပ်ကိုသွား ဈေးကြီးတဲ့ ဝိညာဉ်ကျောက်တုံးတွေရှာပြီးယူနေတာ” မိုကျိသည် တစ်လုံးချင်း ပြောသည်။
“ကျွတ် သူမက အမှိုက်ပဲကို သူမဝယ်ပြီး သူများကို လုပ်ခိုင်းရုံပဲရှိမယ်” ယွမ်ယွမ်သည် စိတ်မရှည်စွာ ပြောသည် “ကဲ သူမ အကြောင်းမပြောနဲ့တော့ လက်ဖက်ရည်အရသာပျက်တယ်”
“ဟားဟား ငါတော့ သူမက ချစ်စရာကောင်းတယ်လို့ ထင်တာပဲ” မိုကျိ သည် ရယ်မောလေသည်။
“အင်း သူမက ကောင်းတယ်လို့ မင်းထင်ရင်လည်း သူမကိုသွားရှာလိုက် လေ ဒီမှာဘာလို့ ငါနဲ့လက်ဖက်ရည်သောက်နေသေးတာလဲ” ယွမ်ယွမ်သည် မပျော်မရွှင်ပြောလေသည်။
“ကဲပါ ငါ အဲအကြောင်းမပြောတော့ဘူး ဒီတစ်ခေါက် မင်းကိစ္စတွေ ဖြေရှင်းပြီးသွားရင် မိသားစုဆီပြန်တဲ့အချိန်ဆို ပိုလွယ်သွားပြီ” မိုကျိသည် သူ့ကို ထပ်မစတော့ပေ။
“မင်းက ဘယ်နေရာကိုထိရင် နာမလဲဆိုတာသိတာပဲ ကဲ လက်ဖက်ရည် သာသောက်စမ်းပါ” ယွမ်ယွမ်သည် လက်ဖက်ရည်နောက်တစ်ခွက်ထည့်ပြီး သက်ပြင်းချသည်။
“ငါက မင်းကို စိတ်ပူလို့ပဲမဟုတ်ဘူးလား”
“ငါတော့ စိုးရိမ်တယ်လို့မထင်ပါဘူး မင်းခိုးကြည့်နေတာပဲ သိတယ်” ယွမ်ယွမ်သည် အေးစက်စွာ နှာမှုတ်လေသည်။
“ငါကလား”
ထိုအချိန်တွင် မျက်နှာချင်းဆိုင် ဆိုင်မှအသံများထွက်လာပြီး ဆူဆူညံညံ အသံများကိုကြားလိုက်ရသည် “သခင်မလေးကောင်းကောင်းသွားပါ နောက် တစ်ခါလည်းလာခဲ့ပါဦး”
***