← Chapters

ဆူလိုက်ရတာ ခံစားချက်ကောင်းလိုက်တာ

Vol. 127 Ch. 1774

ဆူလိုက်ရတာ ခံစားချက်ကောင်းလိုက်တာ

Vol. 127 Ch. 1774

ရှီမာယူယူ၏ ပုံရိပ်သည် ဆိုင်၏တံခါးဝတွင်ပေါ်လာသည်။ နောက်တွင် လူတစ်စုလည်း ပါလာသည်။

ထိုလူများ၏ မျက်နှာမှ အပြုံးများကို မြင်သောအခါ ယွမ်ယွမ်သည် နှုတ်ခမ်းတွန့်လိုက်သည် “အခု ဒီမြို့မှာ သူမကို ကြိုဆိုတဲ့လုပ်ငန်းက အဲဒီဆိုင် တစ်ခုပဲရှိမယ်”

“ငါ တကယ်သိချင်တာက သူမက အဲဒီပစ္စည်းတွေကို ဘာလို့ဝယ်တာလဲ” မိုကျိ ရေရွတ်လိုက်သည်။

“သူမဘာသာ သုံးဖို့ဝယ်တယ်လို့ မင်းတွေးနေတာတော့ မဟုတ်ပါဘူး နော်” ယွမ်ယွမ်သည် အထင်သေးစွာဖြင့် ပြောလိုက်သည် “နယ်စားအိမ်တော် မှာ နယ်ပယ်အသီးသီးက ကျွမ်းကျင်တဲ့ သခင်တွေရှိပါတယ်ဟ”

“အဲဒါတွေနဲ့ ပတ်သက်ပြီးနားလည်မှပဲ ဝယ်လို့ရမှာလေ” မိုကျိ ပြော လိုက်သည်။

“သူမက အသုံးမှမဝင်တာ သူမမှာ ဝိညာဉ်စွမ်းအင်တောင် မရှိဘူး”

“ဟုတ်လား ဒါပေမဲ့ သူမက အဲလောက် မရိုးရှင်းဘူးလို့ ငါ့အာရုံက ပြော နေတယ်”

“မင်းက သူမရုပ်ရည်ကြောင့် ပါသွားတာမဟုတ်ဘူးမလား ဟေး မင်း ဘယ်သွားမလို့လဲ”

ယွမ်ယွမ် စကားမဆုံးခင်မှာပင် မိုယိထပြီး ထွက်သွားလေသည်။

“ငါက စိတ်ဝင်စားတာဆိုရင် ချက်ချင်းသွားစုံစမ်းလိုက်ရမှ” မိုကျိ၏ အသံ သည် ဝေးသွားကာ သူသည် လှေကားထောင့်တွင် ရောက်နေပြီဖြစ်သည်။

ယွမ်ယွမ်သည် ခေါင်းလှည့်ပြီး လမ်းပေါ်မှ ရှီမာယူယူကို ကြည့်လိုက် သည်။ ထိုအခိုက်တွင် သူသည် အလွန်စက်ဆုပ်ပြီး စိတ်မရှည်သလိုခံစားရ သဖြင့် သူ့ကိုယ်သူ စိတ်ငြိမ်အောင်ကြိုးစားကာ မလှုပ်မယှက်နေလိုက်သည်။

ရှီမာယူယူသည် လမ်းပေါ်မှလူများကို ကြည်ပြီး မျက်မှောင်ကြုတ်ကာ ထင်စန်းကို ပြောလိုက်သည် “ပြန်ရအောင်”

“အိုး ကြည့်ပါဦး ဘယ်သူပါလိမ့် ငါတို့ရဲ့အမှိုက်တဖြစ်လဲ ဝမ်းနည်းနေတဲ့ တစ္ဆေက ဘယ်တုန်းကမြို့ကိုပြန်လာတာလဲ” ကဲရဲ့လှောင်ပြောင်မှုများဖြင့် ပြည့်နေသည့် စူးရှရှအသံတစ်ခုကို ကြားလိုက်ရသည်။

ရှီမာယူယူသည် အသံလာရာကိုကြည့်လိုက်ရာ လမ်းညာဘက်ခြမ်းတွင် အနီရောင်ဝတ်စုံဝတ်ထားသည့် မိန်းကလေး ဦးဆောင်လာသော အမျိုးသား တစ်သိုက်ကို တွေ့လိုက်ရသည်။

“ဟင်း အကြည့်တွေကတော့ မဆိုးပါဘူး မေးစေ့ကတော့ မိုးတောင်ထိုး တော့မယ်” ရှီမာယူယူ မှတ်ချက်ပေးလိုက်သည်။

လမ်းပေါ်မှလူများသည် ထိုလူအုပ်စုကိုမြင်သည်နှင့် ချက်ချင်းပင် နောက် ဆုတ်လိုက်ကြသည်။ ထိုလူများသည် အပြစ်လုပ်မိသည်ကို သည်းခံနိုင်သူများ မဟုတ်ကြပေ။ အထူးသဖြင့် ထိုလူနှစ်ယောက် အတူရှိလျှင် ဝင်ရောပါမသွားလို သဖြင့် အကုန်ပေးဆပ်ရမည်ကို ရှောင်လွှဲရန် ချင့်ချိန်ရသည်။

ရှီမာယူယူသည် အနားကပ်လာသော လူတစ်စုကိုကြည့်ပြီး မျက်တောင် ခတ်ကာ ထင်စန်းဘက်သို့ လှည့်မေးလိုက်သည် “ဒီပြောင်လက်နေတဲ့ ငကြွား တွေက ဘယ်သူတွေလဲ”

အားလုံးမှာ “…”

“သခင်မလေး အရှေ့ကဦးဆောင်လာတဲ့ အတောက်ပြောင်ဆုံးက သုန်းမျိုးနွယ်က အကြီးဆုံးသခင်မလေး သုန်းချီရှောင်းပါ ကျန်တဲ့လူတွေက သူမရဲ့ လက်ပါးစေတွေပါပဲ” ထင်စန်းသည် တည့်တိုးပင်ပြန်ဖြေသည်။

“သုန်းမျိုးနွယ်လား သူမက ငါ့ကိုလာရန်စရဲတယ်ပေါ့” ရှီမာယူယူသည် စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။

“သုန်းမျိုးနွယ်မှာက မင်းသားရဲ့ အချစ်ဆုံး ကြင်ယာတော် သခင်မလေး ရှိတယ်” ထင်စန်း ပြောလေသည် “အဲဒီကြင်ယာတော်ကြောင့် လျောင်ချန်မြို့ မှာ သုန်းမျိုးနွယ်ရဲ့ အဆင့်အတန်းက အများကြီးတိုးလာခဲ့တယ် သူမက သခင်မလေးကို အမြဲတမ်းအနိုင်ကျင့်ခဲ့တာ ဒါပေမဲ့ သခင့်ကို သုန်းမျိုးနွယ်နဲ့ အခက်တွေ့အောင် သခင်မလေးက မလုပ်ချင်လို့ သူမ အနိုင်ကျင့်တာ အမြဲခံရ တယ် ကျွန်မတို့ သခင့်ကိုလည်းမပြောရဘူး နောက်ဆုံးတော့ သူမက ပိုဆိုးလာ တာပဲ”

“အချစ်ဆုံးကြင်ယာတော်လေးလောက်က…” ရှီမာယူယူသည် ပြက်လုံး တစ်ခုလို ပြောလိုက်သည် “အဆိုတစ်ခု ကြားဖူးလား”

“ဘာအဆိုလဲ”

ရှီမာယူယူသည် သဲ့သဲ့ပြုံးလိုက်ပြီး သူမ၏ နီရဲသော နှုတ်ခမ်းများပွင့်ဟ လာသည် “လူတစ်ယောက်က အမြင့်ဆုံးကိုရောက်သွားရင် သူရဲ့ ကြက်ရော ခွေးရော ကောင်းကင်အထိ တက်သွားနိုင်တယ်တဲ့”

သူတို့၏ အသံမှာမကျယ်သော်လည်း တိုးညင်းမနေပေ။ ဝိညာဉ်စွမ်းအင် ရှိသူများသည် ရှင်းရှင်းလင်းလင်းကြားရသည်။

“မုရုန်ရှီ မင်း အဲဒါဘာအဓိပ္ပာယ်လဲ” သုန်းချီရှောင်းသည် သူမဆီသို့ လျှောက်သည်။ ထိုစကားကိုကြားလိုက်ရချိန်တွင် သူမ၏ မျက်နှာတစ်ခုလုံးမှာ အတော်ပင်ပျက်သွားသည်။

“ဒီလောက်ရှင်းတဲ့ စကားတွေကိုတောင် နားမလည်ဘူးလား” ရှီမာယူယူ သည် ပြုံးပြီးမေးလိုက်သည် “နောက်တစ်မျိုးအဆိုရှိသေးတာ မင်းသိမှာပဲ ကိုယ် လိုတာကို စားရမယ်တဲ့ ကြည့်ရတာ မင်း ဝက်ဦးနှောက်တွေ စားဖို့လိုနေတဲ့ပုံပဲ”

“ဟား…” ထိုလူများသည် ဤကဲ့သို့ ကျိန်ဆဲခြင်းမျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ရာ မုရုန်ရှီ၏ ဉာဏ်ရည်မြင့်မားလာသည်ဟု ခံစားရသည်။

မိုကျိသည် လက်ဖက်ရည်ဆိုင်ဝင်ပေါက်သို့ ရောက်လာသည်။ ထိုစကား ကိုကြားသောအခါ သူရပ်လိုက်သည်။ သူ ဖြတ်မသွားဘဲ ရောက်သည့်နေရာ တွင် ရပ်ကာ ထိုဘက်သို့ကြည့်လိုက်သည်။

“ငါ့မှာ ဦးနှောက်မရှိဘူးလို့ မင်းပြောရဲတယ်ပေါ့” သူမ ဆိုလိုရင်းကို သုန်းချီရှောင်း ဘယ်လိုလုပ်မသိဘဲနေမလဲ “မင်းကသာ ဦးနှောက်မရှိတာ”

“ဘယ်သူကရှိလဲ ဘယ်သူကမရှိလဲဆိုတာ အကုန်လုံး မြင်နေရတာပဲ ဟုတ်တယ်မလား” ရှီမာယူယူသည် သဲ့သဲ့ရယ်မောလိုက်သည်။

တစ်ယောက်မှာ ဒေါသထွက်ပြီး စိတ်မရှည်ဖြစ်နေသည်။ တစ်ယောက်မှာ တည်ငြိမ်ပြီး တင့်တယ်နေသည်။ ကြည့်လိုက်သည်နှင့် ရှင်းလင်းစွာမြင်ရသည်။

သုန်းချီရှောင်းသည် အတတ်နိုင်ဆုံး တည်ငြိမ်အောင်လုပ်ပြီး အသက် ပြင်းပြင်းနှစ်ချက်ရှုလိုက်သည်။ သူမသည် အေးစက်စွာ ပြောလိုက်သည် “ငါ မမြင်ရဘူး မင်းက တောင်မှာခဏလေး သွားနေလိုက်တာ လျှာစောင်းတွေ ထက်လာပါ့လား”

“မဟုတ်ဘူး ငါက အမြဲတမ်းဒီလိုပဲ အရင်က မင်းကို အာရုံစိုက်ဖို့ ပျင်းလွန်းလို့လေ” ရှီမာယူယူ ပြောလိုက်သည် “အရင်က ငါ ထက်မြက်လွန်း တယ် မင်းလိုလူက အာရုံစိုက်ဖို့မလိုဘူး အချိန်ကုန်တာပဲအဖတ်တင်တယ်”

သူမကို စကားပြောတာ အချိန်ကုန်တယ်ပေါ့။

ရှီမာယူယူသည် သူမလို လူမျိုးနှင့် စကားမပြောချင်တော့ဘဲ ထင်စန်းနှင့် ထင်ရွှေတို့ကို ပြောလိုက်သည် “ပြန်ရအောင်”

“ရပ်လိုက်” သုန်းချီရှောင်းသည် သူရှေ့တွင် ဝင်တားလေသည်။

“ဘာလဲ” ရှီမာယူယူ မျက်ခုံးပင့်ကြည့်လိုက်သည် “ဒီနေ့ ငါမင်းကို ရန်မစ ဘူးလေ မင်း ငါနဲ့ရန်ဖြစ်ရင် မှားတဲ့လူကမင်းပဲ… မင်း အသက်မျှင်းမျှင်းလေးပဲ ကျန်တော့တဲ့အထိ ငါရိုက်ရင်တောင် မင်းရဲ့မိသားစုက ဘာပြောရဲဦးမှာလဲ မင်းမှာ ဆွေမျိုးတွေရှိချင်ရှိမယ် ဒါပေမဲ့ မမေ့လိုက်နဲ့ ငါ့အဖေက နယ်စားပဲ ပြီးတော့ မင်းတို့မျိုးနွယ်က ငါ့အဖေရဲ့ အုပ်ချုပ်မှုလက်အောက်မှာရှိနေတာ”

“မင်းက ငါ့ကိုရန်မစဘူး ဟုတ်လား မင်းက ငါတို့ သုန်းမျိုးနွယ်ကို ကြက် ခွေးလို့ခေါ်တယ်လေ အဲဒါက ရန်စတာမဟုတ်ဘူးလား” သုန်းချီရှောင်းသည် အပြစ်ရှာသလိုပြောသည် “မင်းစကားအတိုင်း ငါ ပြန်ပြောမယ် မင်းရဲ့ အသက် မျှင်းမျှင်းလေးပဲကျန်အောင် ငါရိုက်ရင်တောင် မင်းအဖေက ဘာမှပြောရဲမှာ မဟုတ်ဘူး”

“မင်းက တကယ်ပဲ တုံးတာလား” ရှီမာယူယူသည် သူမကို ငတုံးတစ် ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည် “ကျွန်မက ‘လူတစ်ယောက်က အမြင့်ဆုံးကိုရောက်သွားရင် သူရဲ့ ကြက်ရော ခွေးရော ကောင်းကင်အထိတက် သွားနိုင်တယ်’ ဆိုတဲ့ အဆိုကိုပဲ ဒီအတိုင်း ပြောလိုက်တာလေ မင်းတို့ သုန်း မျိုးနွယ်က ကြက်ပါခွေးပါလို့ ဘယ်တုန်းကပြောလို့လဲ သူတို့ သူမတို့များ ရည်ညွှန်းပြီးပြောလိုက်မိလို့လား ဘာလို့အဲလောက်တောင် စိတ်လှုပ်ရှားသွား တာလဲ… တကယ်ပဲ အဲလိုခံစားရရင် ငါ့ကိုအသာလွှတ်ထားလိုက်လေ… အဲလို မဟုတ်ရင်လည်း ခွေးလိမ္မာတစ်ကောင်က လမ်းမှာပိတ်မရပ်တတ်ဘူး”

ပြောပြီးနောက်တွင် သူမသည် သုန်းချီရှောင်းကို ဖြတ်ကျော်ပြီး ထွက်ခဲ့ လိုက်သည်။

ထင်စန်းနှင့် ထင်ရွှေတို့သည် အမြန်လိုက်လာကြသည်။ လူအုပ်ကို ဖြတ် လျှောက်လာပြီးနောက် သူတို့နှစ်ယောက်သည် ရယ်မောလိုက်ကြသည်။

သခင်မလေးက ဒီလိုမျိုးကျိန်ဆဲလိုက်တာ ဒေါသတကြီး ခုန်ပေါက်ပြီး ပစ္စည်းတွေ ဖျက်ဆီးလိုက်တာထက် ပိုမိုက်တယ်။

သုန်းချီရှောင်း တုံ့ပြန်နိုင်ချိန်တွင် ရှီမာယူယူသည် အဝေးတစ်နေရာသို့ ရောက်နေပြီဖြစ်သည်။ သူမသည် အံကြိတ်ကာ အော်လိုက်သည် “မုရုန်ရှီ”

ရှီမာယူယူသည် ထင်စန်းထင်ရွှေတို့နှင့်အတူ လမ်းထောင့်ကိုချိုးသွားပြီ ဖြစ်ကာ အားလုံးကို ပူပူလောင်လောင်နှင့် ထားခဲ့လေသည်။

မိုကျိသည် တံခါးတွင်ရပ်ပြီး ခေတ္တမျှစဉ်းစားနေသည်။ သို့သော် သူမကို လိုက်မရှာပေ။ သူ ရပ်နေသည့်နေရာမှ ရှီမာယူယူ ချိုးသွားသည့် လမ်းထောင့်ကို မြင်နေရကာ သူ လိုက်ကြည့်မိသည်။

ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးလဲ။

သူ ခဏနှင့်ပြန်လာသည်ကို ယွမ်ယွမ်မြင်သောအခါ မျက်ခုံးပင့်ပြီး ကြည့် သည် “သူမကို သွားမရှာဘူးလား”

“ရည်မှန်းချက်ပြည့်သွားပြီ” မိုကျိသည် သူ့နေရာတွင် ပြန်ထိုင်သည်။

“ဟင်” ယွမ်ယွမ် မျက်ခုံးများကိုပင့်လိုက်သည် “ဒါပေမဲ့ မင်း သူမကို မတွေ့ခဲ့ဘူးမလား”

“ဒါပေမဲ့ ငါ နားလည်လိုက်ပြီလေ” မိုကျိ ပြောလေသည် “လေးငါးနေရာ လောက်ပဲ ကြည့်လိုက်ရပေမဲ့ သူမက မင်းပြောတဲ့လူမဟုတ်ဘူးဆိုတာ ငါ သေချာသွားတယ်”

သူ အသေအချာပြောနေသည်ကို ကြည့်ပြီး ယွမ်ယွမ်သည် အနည်းငယ် အယုံအကြည်မရှိတော့ပေ “ခုနက သူမအပြုအမူကြည့်ရတာ တကယ်ပဲ ကွာခြားချက်တော့ရှိတယ် အရင်ကဆိုရင်သူမက သုန်းချီရှောင်းရဲ့ အနိုင်ကျင့် တာကိုခံရတယ် အခုတော့ စေ့စေ့စပ်စပ်ကိုပြောချလိုက်တာ”

“ဖြစ်နိုင်တာက သူမရဲ့အတိတ်မေ့တာက သူမကိုပြောင်းလဲပေးလိုက်တာ ပဲ” မိုကျိသည် အဓိပ္ပာယ်ပါပါပြောလိုက်သည်။

“အဲလိုဆိုရင်တော့ကောင်းတာပေါ့ သူမ ငါ့ကိုမနှောင့်ယှက်တော့ဘူး” ယွမ်ယွမ် ရေရွတ်လိုက်သည်။

မိုကျိသည် ခေါင်းငုံ့ပြီး လက်ဖက်ရည်သောက်လိုက်သည်။ သူ၏ နှုတ်ခမ်း တွင်တော့ အပြုံးမဟုတ်သော အပြုံးဖြစ်ပေါ်လာသည်။

လူတစ်ယောက်ရဲ့ မှတ်ဉာဏ်ပျောက်သွားတာက သူ့ရဲ့အကျင့်ကိုပါ ပြောင်းသွားစေတာလား။

သူသည် သူမနှင့် ပတ်သက်လျှင် မည်သို့ဖြစ်မည်ကို သူ သိချင်မိသည်။

ကြည့်ရသည်မှာ အစီအစဉ်ပြောင်းရတော့မည်နှင့် တူသည်….

***

All Chapters