အခန်း ၁၆၇၈+၁၆၇၉
Vol. 113 Ch. 1678+1679
အပိုင်း (၁၆၇၈ + ၁၆၇၉)
ကြက်သွေးရောင်ငရဲလောက၏ ပထမတန်းစား မီးကျောက်သည် စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုရန် အလွန်ပဲ သင့်တော်လွန်းသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် မဝယ်ယူခဲ့ပေ။ ပိုက်ဆံမရှိသောကြောင့်ပင်။
ဟုတ်ပေသည်။ တာအိုစိတ်ဝိညာဉ်ကျောက်တုံးဆိုသည်မှာ ပိုမိုကောင်းမွန်သည့် ကျောက်တုံးဖြစ်သော်လည်း မီးဓာတ်သဘာဝသာ ရှိသော ဤလောကတွင် ရောင်းချမည်ဆိုပါက မည်သူမှ ဝယ်ယူလိမ့်မည် မဟုတ်ချေ။
အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်း၏ လက်ရှိအားအင်အဆင့်အရ ဆိုလျှင် မည်သူမှ သူ့အားအနိုင်မယူနိုင်ပေ။ သို့ပေမဲ့ သူသည် လုယူရန် စိတ်မကူးချေ။ မဟုတ်ပါက ကြယ်တာရာ စိတ်ဝိညာဉ်လောကနှင့် ဘာထူးတော့မည်နည်း။
သူ ဖြတ်သန်းခဲ့ရာ ဘဝတစ်လျှောက်တွင် လုယက်မှုများ ပြုလုပ်ခဲ့ဖူးသည် ဆိုလျှင်တောင်မှ ကျိုးကြောင်းခိုင်လုံမှသာ လုပ်တတ်သည်။ ဉပမာအားဖြင့် စိတ်ဝိညာဉ်မိုင်းတွင်းမျိုးကို လုယက်ခြင်းပင်။ ထိုအရာများသည် ပိုင်ရှင်မရှိသောကြောင့် မည်သူ့ဆီကမှ လုယက်သည်ဟုလည်း မပြောဆိုနိုင်ပေ။
ထို့ကြောင့်သူ၏ ကိုယ်ပိုင်စွမ်းအင်ဖြင့် ယူဆောင်ခြင်းမှာ ဘာများမှားနေသနည်း။
ထို့အပြင် တားမြစ်တည်နေရာများဆိုလျှင်လည်း ထိုနည်းလည်းကောင်းပင်။ ကျွင်းချောင်ရှောင်းသည် တားမြစ် တည်နေရာတစ်ချို့အား ဖျက်ဆီးပြီး အားနည်းသောကျင့်ကြံသူလေးများ သေဆုံးမသွားစေရန်ပင် ကူညီခဲ့ဖူးသေးသည် ။
ဤကဲ့သို့သော ကောင်းမှုမျိုးကို ပြုလုပ်ခဲ့ဖူးသည် ဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ လူကောင်းဟု မသတ်မှတ်မိပေ။ အရာအားလုံးသည် မည်ကဲ့သို့ ဂုဏ်ဖော်ပြီး ပြောဆိုနေသည်ဖြစ်စေ အစစ်အမှန်တရားမှာတော့ သူ လုပ်သမျှသည် သူ၏ ဂိုဏ်းပိုမို အားကောင်းလာစေရန် ဖြစ်သောကြောင့်ပင်။
သူနှင့် ကြယ်တာရာ စိတ်ဝိညာဉ်လောကတို့ကြားကွာခြားချက်သည် ရယူလိုစိတ်ရှိသည်ဆိုလျှင်တောင်မှ တခြားဘက်ကို မျှော်တွေးပေးခြင်း ဖြစ်လေသည်။
…..
သူသည် ကြယ်တာရာ စိတ်ဝိညာဉ်လောကဆီသို့ သွားရာလမ်းတွင် ရွက်သင်္ဘောကြီးများကို စွမ်းအင်ဖြည့်သွင်းရမှာ သေချာသည်။ ထို့ကြောင့် စွမ်းအင်များကို မည်သည့်နေရာက ရမလဲ ဆိုသည်ကို စတင်တွေးတောနေမိသည်။
ဘုန်း ....။
ဘုန်း …..။
ထိုအချိန်မှာပဲ အဝေးတစ်နေရာဆီမှ တိုက်ခိုက်သည့်အသံများထွက်ပေါ်နေပြီး အပူလှိုင်းများသည် တလိပ်လိပ် နှင့် ဖြစ်နေ၏။
“မြို့ထဲမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်မဟုတ်လား”
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်ချိန်မှာတော့ လမ်း၏ အဆုံးတစ်ဘက်တွင် မီးဓာတ်မျာအား စုစည်းပြီး တစ်ယောက်တည်း တိုက်ခိုက်နေသော ကျင့်ကြံသူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုသူသည် မျက်လုံးများ နီရဲလျက်ရှိပြီး ရူးသွပ်သွားသူလိုပင်။
“ဟင်း”
သူ၏ဘေးတွင် ရှိနေသော သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည် “နောက်တစ်ယောက် ရူးသွားပြန်ပြီ”
ထပ်ပြီး ရူးတာလား။
ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားနှင့် ဖြစ်သွားသည် “ရောင်းရင်း … ဒီလိူ ဘာဖြစ်တာလဲ။ နေမကောင်းတာလား,”
“မဟုတ်ဘူး”
“မဟုတ်ရင် ဘာလို့ သူက ဒီလိုဖြစ်နေတာလဲ”
သက်လတ်ပိုင်းလူသည် သူ့အား တစ်ချက်လှမ်းကြည့်လိုက်သည်။ ရိုးရှင်းသည့် ဝတ်စားဆင်ယင်ပုံကို မြင်တော့ တောသားတစ်ယောက်ကို ကြည့်သလို ကြည့်ရှပြီး ပြောလိုက်၏ “မီးကျောက်တွေကို ယူတဲ့သူတိုင်း အဲလိုဖြစ်သွားတာပဲ။ ဒါကို ခင်ဗျားမသိဘူးလား”
“……”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
“သေစမ်း”
“သေစမ်း”
လမ်း၏ အဆုံးဘက်မှာတော့ အနီရောင်မျက်လုံးများနှင့် သိုင်းကျင့်ကြံသူသည် အရူးကြီးတစ်ယောက်လိုပင် လမ်းထဲ၍ သောင်းကျန်း၍ နေလေသည်။ လမ်းသွားလမ်းလာများသည် အတတ်နိုင်ဆုံး ရှောင်ရှားသွားကြသည် ဆိုသော်လည်း ကပ်ဘေးကြီးကိုတော့ မရှောင်လွဲနိုင်တော့ချေ။
“မသေချင်ရင် လမ်းကနေရှောင်သွားတော့” သက်လတ်ပိုင်းလူသည် ခပ်တည်တည်ဖြင့် သတိပေးလိုက်သည်။ ၎င်းသည် ခပ်ဝေးဝေးသို့ ရောက်နှင့်နေပြီ ဖြစ်သည်။
အချိန်အနည်းငယ်အတွင်းမှာပဲ လမ်းတစ်လျှောက်တွင် ရှိနေကြသော သူများသည် ထိုအရူးအား ရှောင်သွားကြသည်။ အားလုံးသောသူတို့၏ မျက်နှာပေါ်တွင် စိုးရွံ့မှုများ ရှိနေသော်လည်း ကြီးကြီးမားမား ပြဿနာကြီး ဟု တွေးမထားကြချေ။ အဓိကအားဖြင့် ထိုသို့သော ကိစ္စမျိုးကို တွေ့ကြုံဖူးကြသောကြောင့် ရိုးနေပုံပင်။ ထို့အပြင် မကြာခင် အင်ပါယာအစောင့်အရှောက်များ ရောက်ရှိလာပြီး ထိုသူအား အမြန်ဆုံး သတ်ဖြတ်တော့မည်ကို သူတို့ကောင်းကောင်း သိကြ၏။
နေအုံး ....။
ဟိုမီးခိုးရောင်ဝတ်စုံနဲ့ လူက ဘာလို့ မရှောင်တာလဲ။
ကြိုတင်ကာ ရှောင်ရှားပြီးသောသူသည် မတ်မတ်ရပ်လျက်ရှိနေသေးသော ကျွင်းချောင်ရှောင်းအား လှမ်းကြည့်လိုက်သည်။
လူတစ်ချို့သည် သူ့အား သတိပေးလိုက်ချင်သည်။ သို့ပေမဲ့ ဟိုရူးနေသောသူ သတိပြုမိသွားမည်ကိုလည်း စိုးရိမ်မိကြ၏။ ထို့ကြောင့် အော်ဟစ်သတိပေးချင်စိတ်ကို မြိုသိပ်လိုက်ကြ၏။
“သေစမ်း”
“သေစမ်း”
ရူးသွပ်နေသူသည် လမ်းပေါ်ရှိတခြားသူများကို ပစ်မှတ်မထားတော့ချေ။ ကျွင်းချောင်ရှောင်းဆီ တိုက်ရိုက်ပြေး၍လာသည်။
………….
ဝမ် ….
ထာဝရရွက်သင်္ဘာကြီးပေါ်ရှိ အလင်းမျက်နှာပြင်ပေါ်မှာတော့ ကျိုးဝူမြို့၏ လမ်းပေါ်ရှိ မြင်ကွင်း ပေါ်နေသည်။
“စွန်းပုကုံး”
ကျွင်းချောင်ရှောင်း၏ အသံသည် ထွက်ပေါ်လာ၏ “ဒီလူ နေမကောင်းဖြစ်နေတာလား”
စွန်းပုကုံးသည် အမြန်ပဲ ပုံကြီးချဲ့ကာ စစ်ဆေးလိုက်သည်။ သူ၏ မြင်ကွင်းမှာတော့ တစ်ဖက်လူ၏ နှာခေါင်းမွေးကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သို့ပေမဲ့ သူ မစစ်ဆေးရသေးခင်မှာဘဲ ဘေးတစ်ဖက်၌ လက်ဖက်ရည်သောက်နေသည့် မြောင်စိုင်းဖန် က ပြောလိုက်သည် “ဒီလူက မီးအဆိပ်သင့်နေတာ။ ၁၅ မိနစ်အတွင်း သေလိမ့်မယ်”
“မီးအဆိပ်လား”
ကျွင်းချောင်ရှောင်းက မေးလိုက်၏ “သူ့ကို ကယ်တင်ဖို့ နည်းလမ်းရှိလား”
“ဒီလိုအဆိပ်မျိုးက ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ သေးငယ်တဲ့ အချိန်မျိုးမှာပေါ့။ ပမာဏတစ်ခုထိ ဖြစ်တည်သွားရင် နတ်ဘုရားတောင် ဆင်းမကယ်နိုင်ဘူး”
“…….” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားသည်။
“ဒါပေမဲ့ ……”
မြောင်စိုင်းဖန်သည် ထပ်မံကာ ပြောလိုက်၏ “ဂိုဏ်းချုပ်ဆီမှာ မီးစိတ်ဝိညာဉ်ရှိတယ်လေ။ ဒါကို အတင်းဖယ်ပစ်လို့ရတယ်”
“နားလည်ပြီ”
ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘာကြီးနှင့် ချိတ်ဆက်ထားသော အထူးနေကာ မျက်နှာအား ချွတ်လိုက်ပြီး သူ့ဆီ ပြေးဝင်လာသော အရူးလို ကျင့်ကြံသူအား လှမ်းကြည့်လိုက်သည် “ကျုပ်နဲ့တွေ့တာ ကံကောင်းတယ် မှတ်လိုက်”
ရွှီး ….
သူသည် လှုပ်ရှားလိုက်၏။
ဖောက် .....။
သူသည် ရူးသွပ်နေသူအား လှမ်းကာ ဆွဲဖမ်းလိုက်သည်။
ဘုန်း ....။
သူ၏ ဘယ်လက်သည် ဖြည်းဖြည်းချင်း လှုပ်ရှားသွားပြီး တစ်ဖက်လူအား မြေပေါ်သို့ ဆွဲလှဲလိုက်သည်။ ပြီးနောက် ညာဘက်လက်ဖြင့် တစ်ဖက်လူ၏ ပါးစပ်ထဲ ဆေးတစ်လုံး ပစ်ထည့်လိုက်၏။
“အား …”
ရူးသွပ်နေသော ကျင့်ကြံသူသည် ဆိုးဆိုးရွားရွား အော်ဟစ်လိုက်သည်။
စောနတုန်းက ပြောခဲ့သော သက်လတ်ပိုင်းလူသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏ “ဒီလူ လုပ်ရည်ကိုင်ရည် ရှိတာပဲ”
လမ်းသွားလမ်းလာများကလည်း ဆွေးနွေးလျက်ရှိနေကြသည်။ အားနည်းပုံပေါ်သောလူ သည် အမှန်ပင် ရူးသွပ်နေသူကို နိုင်နင်းနေသည်။
“သေချာပြီ”
“ဒီလူ က လူတွေက ဆရာပဲ”
သို့ပေမဲ့ သူတို့အား ပိုမို၍ အံ့အားသင့်စေသည်မှာ စောနတုန်းက ရူးသွပ်နေသူသည် ဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာခဲ့သည်။ ထိုသူသည် အူကြောင်ကြောင်ဖြင့် မေးမြန်းလိုက်၏ “ကျုပ် ကျင့်ကြံနေတာ မဟုတ်လား။ ဘယ်လိုလုပ် လမ်းပေါ်ရောက်နေတာလဲ”
“သူ သတိရသွားပြီ”
“သူ သတိရသွားပြီ”
လမ်းပေါ်ရှိသူများသည် ထိတ်လန့်တကြား ပြောဆိုနေမိကြသည်။
ကျွင်းချောင်ရှောင်းသည် ထိုသိုင်းကျင့်ကြံသူအား ပြန်လည်ကောင်းမွန်အောင် ကူညီပေးပြီးနောက် ပြောလိုက်၏ “ခင်ဗျား က အဆိပ်မိနေတယ်။ ကျုပ်က လူကောင်းတစ်ယောက်မို့ ဆေးလုံးတစ်လုံးသုံးပြီး ကုသပေးလိုက်တာ”
“လာပြီ …”
စနစ်က ပြောလိုက်သည် “တစ်ခုခု လုပ်တော့မယ်”
ထိုသိုင်းကျင့်ကြံသူ သတိပြန်လည် ရရှိခြင်းသည် ဆေးလုံးကြောင့် မဟုတ်ပေ။ ကျွင်းချောင်ရှောင်းသည် မီးစိတ်ဝိညာဉ်၏ စွမ်းအင်များကို ဆေးလုံးထဲ ကြိုတင်ထည့်ထားခြင်းပင်။ ထို့ကြောင့် သောက်သုံးလိုက်သည်နှင့် စိတ်ကိုသက်ရောက်လျက် ရှိနေသည့် အဆိပ် သန့်စင်သွားခြင်း ဖြစ်၏။
ဤအရာသည် သာမာန်ဆေးလုံးတစ်လုံးသာ ဖြစ်သည်။ ကိုယ်ပေါ်ရှိ ဂျေးများကို လုံးကာ ဆေးလုံးပြုလုပ်သည်အထိ ကုန်းရှန့် မညစ်ပတ်ချေ။
ဤကဲသို့ ပြုလုပ်နိုင်ခြင်းသည် မြောင်စိုင်းဖန် ကြောင့်သာဖြစ်သည်။ သူမ၏ သုံးသပ်မှုသည်ပညာရှင်ဆန်လွန်းလှသည်။
တစ်ဖက်လူကို ကယ်တင်ပြီးသည့်နောက် သူသည် စီးပွားရေးအခွင့်အလမ်းတစ်ခုကို ချက်ချင်းပဲ မြင်တွေ့သွားခဲ့၏။ ဤဆေးလုံးအား ပုံမှန်အတိုင်း လိုက်ရောင်းနေလျှင်ပင် မည်သူမှ ဝယ်ယူချင်ကြမည် မဟုတ်ပေ။ သို့ပေမဲ့ ယခုပျောက်အောင် ကုနိုင်ကြောင်း အားလုံးမျက်မြင်မို့ ကျိန်းသေပေါက် ရောင်းရပေတော့မည်။
“နတ်သမားတော်”
“သူက နတ်သမားတော်ပဲ”
……
ရူးသွပ်နေသည့် ကျင့်ကြံသူအား ကုသပေးပြီးနောက် သတင်းသည် မြို့တစ်ခုလုံးကို ပျံ့နှံ့သွားပြီးနောက် မြို့တော်ဝန်သည်ပင် ကျွင်းချောင်ရှောင်းကို ညတွင်းချင်း လာရောက်တွေ့ဆုံလေသည်။
ပိုသည်ဟု ထင်စရာရှိသော်လည်း ဤမီးအဆိပ်သည် သူတို့၏ လောကကမ္မာတစ်ခုလုံးကို ဒုက္ခပေးနေသည်မှာ ကြာမြင့်နေပြီ ဖြစ်၏။
မြို့တော်ဝန်သည် မျိုးရိုးနာမည် ဝမ် ဖြစ်ပြီး အသက် ငါးဆယ် ၊ ခြောက်ဆယ် နီးပါးဖြစ်သည်။
စားသောက်ခန်းထဲသို့ လှမ်းဝင်လာပြီးနောက် လက်သီးကို ဆုပ်ကာ ရို့ရို့ကျိုးကျိုး ပြောလိုက်၏ “လူကြီးမင်းကျွင်း ….. ကျုပ်သားလည်း အဲလိုရောဂါဖြစ်နေပါတယ်။ ကျေးဇူးပြုပြီး ကူညီပေးပါ”
“ရောဂါသည်တွေကို ကုသတာ ကျုပ်ရဲ့ တာဝန်ပါပဲ”
ကုန်းရှန့်သည် သူ၏ ဂုဏ်သတင်း ပိုမိုတိုးတက်လာစေရန် လူနာများကို ကုသပေးရန် လိုအပ်နေသည်။ ယခုကဲ့သို့ အခွင့်အရေး မျိုးကို လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် မြို့တော်ဝန် အိမ်တော်သို့ တစ်ခါတည်း လိုက်ပါသွားသည်။ အမှောင်ခန်းထဲတွင် ပိတ်လှောင်ခြင်း ခံထားရသော မြို့တော်ဝန်သားသည် စိတ်ရောဂါသည် တစ်ယောက်ကဲ့သို့ တစ်ယောက်တည်း စကားပြောလျက်ရှိနေသည်။
ရွက်သင်္ဘောထဲတွင် ရှိနေသော မြောင်စိုင်းဖန်သည် နေကာမျက်မှန်မှတဆင့် လှမ်းကာ ပြောလိုက်သည် “ဒီလူက အခုမှ စဖြစ်တာ။ မြန်မြန်မကုရင် သေနိုင်တယ်”
“……”
စွန်းပုကုံးသည် မျက်ရည်ပင် ဝိုင်းနေမိ၏။ သူသည် သမားတော်ဖြစ်သည်။ သို့ပေမဲ့ ခန်းမသခင်မြောင်သည် လက်ရှိအချိန်၍ သူ့ထက်ပင် ပိုမိုကာ ထွန်းတောက်လျက်ရှိ၏။
“မြို့တော်ဝန်ဝမ် ….”
ကျွင်းချောင်ရှောင်းသည် နတ်သမားတော်တစ်ယောက်ကဲ့သို့ ဟန်ထုတ်ပြီး လူနာကို သေချာစစ်ဆေးလိုက်သည်။ “ခင်ဗျား သားရဲ့ ရောဂါက ဆေးတစ်လုံးနဲ့တင်ပျောက်တယ်”
မြို့တော်ဝန်ဝမ်သည် ပျော်ရွှင်သွားသည်။
“ဒါပေမဲ့ …”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏ “ဆေးလုံးကို ဖော်စပ်ရမယ့် ကုန်ကြမ်းတွေက အရမ်းဈေးကြီးတယ်။”
မြို့တော်ဝန်ဝမ်သည် လူရည်လည်လှသူဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း စကားမဆုံးသေးခင်မှာပဲဖြတ်ပြောလိုက်သည် “လူကြီးမင်းကျွင်း …. ကျုပ်ဝယ်ပါ့မယ်။ ဈေးကိုသာ ပြောပါ”
“ပထမတန်းစား မီးကျောက် ဆယ်တုံး …..”
မြို့တော်ဝန်ဝမ်သည် ချက်ချင်းပဲ ကမ်းလှမ်းလိုက်သည် “ကျုပ်သားသာ ရောဂါပျောက်သွားရင် မီးကျောက် တစ်ထောင် နည်းဆုံး ပေးပါမယ်”
“.....”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့သည်။ သူ တောင်းတာ နည်းသွားခဲ့လေ၏။
မကြာခင်မှာပဲ သူသည် ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး မီးစိတ်ဝိညာဉ်နှင့် ပေါင်းစပ်ကာ မြို့တော်ဝန်သား၏ ပါးစပ်ထဲ ထိုးထည့်ပေးလိုက်သည်။
ခဏလောက်ကြာတော့ ထိုသူသည် ချက်ချင်းပဲ သတိပြန်ရလာ၏ “အဖေ …. သားဘာဖြစ်တာလဲ”
“ငါ့သား … မင်း .. မင်း သတိပြန်ဝင်လာပြီပေါ့”
မြို့တော်ဝန်ဝမ်သည် မျက်ရည်များပင် ဝိုင်းလျက်ရှိနေသည်။
သူ့တွင် မိန်းမပေါင်းများစွာ ရှိသည် ဆိုသော်လည်း သားဆိုသည်မှာတော့ တစ်ဦးတည်းသာ ရှိ၏။ ယခု တန်ဖိုးကြီးမားလှသော သူ၏ သား နေပြန်ကောင်းလာသည်ကို မြင်တော့ အမှန်ပဲ မျက်ရည်ဝိုင်းမိနေ၏။
“လူကြီးမင်းကျွင်း”
မြို့တော်ဝန်သည် ဦးညွတ်ကာ ပြောလိုက်သည် “ခင်ဗျားက နတ်သမားတော် အစစ်ပါပဲ”
ကျွင်းချောင်ရှောင်းက မှာကြားလိုက်၏ “ခင်ဗျားသားက အခုမှ ပြန်ကောင်းတာ။ လ အနည်းငယ်လောက် ပြန်ပြီး ဂရုစိုက်ဖို့ လိုမယ်။”
“နားလည်ပါပြီ …. နားလည်ပါပြီ”
မြို့တော်ဝန်အိမ်ရာရှိ သမားတော်များသည် ချက်ချင်းပဲ အသံပို့လွှတ်လိုက်သည် “မြို့တော်ဝန် …. သခင်လေးရဲ့ ခန္ဓာကိုယ်ထဲက ဟိုစွမ်းအင်တွေမရှိတော့ဘူး”
မြို့တော်ဝန်သား ပြန်ကောင်းသွားသည့် အထိမ်းအမှတ်အနေဖြင့် စားပွဲကျင်းပကြပြီး မြို့တော်ဝန်ဝမ်သည် ပထမတန်းစား မီးကျောက် တစ်ထောင်ကို ကိုင်ကာ ပြောလိုက်၏ “ဒီရောဂါက ကျုပ်တို့ကမ္ဘာလောကမှာ ဒုက္ခပေးနေတာကြာပြီ။ ခင်ဗျားက ကုသနိုင်တယ်ဆိုတော့ အနာဂတ်မျိုးဆက်တွေအတွက် ဂုဏ်ယူစရာပဲ”
“မြှောက်ပေးနေပါပြီ မြို့တော်ဝန်ဝမ်”
ကျွင်းချောင်ရှောင်းသည် ရို့ကျိုးစွာ ပြောလိုက်သည် “ကျုပ်က တောက သမားတော်လေးတစ်ယောက်ပါပဲ။ လူနာတွေကိုပဲ ကုသချင်တာပါ။”
မီးကျောက်တစ်ထောင်ကို အမြန်ဆန်ဆုံးနှုန်းဖြင့် သိမ်းဆည်းသွားသည်ကို မမြင်မိပါက မြို့တော်ဝန်ဝမ်သည် ထိုစကားကို ယုံကြည်လုမတတ်ဖြစ်မိပေလိမ့်မည်။