အခန်း ၁၆၈၀
Vol. 113 Ch. 1680
အပိုင်း (၁၆၈၀)
"ဂိုဏ်းချုပ်ကျွင်း အခုဖြစ်နေတဲ့ ရောဂါက တစ်ကယ့်ကိုနေရာအနှံ့မှာ ဖြစ်နေတာလေ။ အဆင့်မြင့် အကြီးအကဲတွေရှိတဲ့ ဘုရင်နန်းတော်တွေထဲမှာတောင် ဒီလိုရောဂါတွေ ဖြစ်နေတယ်။ ဒါကိုကုသနိုင်တဲ့စွမ်းရည် ခင်ဗျားမှာ ရှိတယ်ဆိုတော့ ကျိန်းသေပေါက် အနာဂတ်မှာ အောင်မြင်မှုကိုရမှာ သေချာတယ်"
ကျွင်းချောင်ရှောင်းအနေဖြင့် ဂရုမစိုက်သည့် ပုံစံမျိုး ပြုလုပ်နေသော်လည်း နှလုံးသားထဲတွင်တော့ ကြိတ်ကာ ပျော်ရွှင်သွားမိ၏။ ရောဂါကပ်ရောက်သူများပြားနေမှ ပိုက်ဆံပိုမိုရရှိမှာ ဖြစ်သည်။
............
ကျွင်းချောင်ရှောင်းသည် မြို့တော်ဝန်အိမ်ရာတွင် ခနလောက် နေထိုင်၏။ ညရောက်သည့် အချိန်မှာတော့ သူသည် ခန္ဓာကိုယ်ထဲရှိ အရက်ဓာတ်များကို ပြန်လည်ထုတ်ပစ်လိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော ပထမတန်းစား မီးကျောက်တစ်တုံးကို ထုတ်ယူလိုက်၏။
"အလုပ်ဖြစ်လားဆိုတာ ကြည့်ရမယ်"
ဝှစ်
သူသည် မြေပေါ်တွင် ခြေချိတ်ကာ ထိုင်လိုက်ပြီးသည့်နောက် သူ၏စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်လိုက်သည်။ ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် မီးဓာတ်အမျိုးအစား ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ ထို့ပြင် သူ့၌နတ်မီးခန္ဓာကိုယ်နှင့် မီးစိတ်ဝိညာဉ်ကိုလည်း ပိုင်ဆိုင်၏။ ထို့ကြောင့် မီးဓာတ်အမျိုးအစား သိုင်းကျင့်ကြံရေးပစ္စည်းများကို စုပ်ယူသည့် နေရာတွင် အလုံးစုံ သင့်တော်လွန်းလှသည့် လူတစ်ယောက်ပင် ဖြစ်သည်။
ဝှစ် ဝှစ် …။
မီးဓာတ် စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲတွင် ရောက်ရှိလာပြီးသည့်နောက် ပင်မစွမ်းအင် အရင်းအမြစ်များနှင့် ပေါင်းစပ်သွားခဲ့၏။
ဟမ်
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိသွား၏။ ဤမီးကျောက်တွင် ပါဝင်သော စွမ်းအင်များသည် အလွန်တရာသန့်စင်လှသည့် ပုံပေါ်သော်လည်း ထူးခြားသော စွမ်းအင်တစ်ခုက ရောနှောပါဝင်လျက် ရှိနေသည်။
"မဖြစ်နိုင်တာ"
ကုန်းရှန့်က ခန့်မှန်းလိုက်မိ၏။ "ဒါကြောင့် ကြက်သွေးရောင်ငရဲလောကမှာရှိတဲ့ သိုင်းကျင့်ကြံသူတွေက မီးကျောက်တွေကို အသုံးပြုပြီးတဲ့နောက်မှာ ကုသရခက်တဲ့ ရောဂါမျိုး ဖြစ်လာတာကို။ ဒီလိုရောဂါမျိုးက လူတိုင်းဖြစ်နေတာဆိုတော့ အထက်ပိုင်းအကြီးအကဲတွေနဲ့ တော်ဝင်မျိုးနွယ်တွေကလည်း ပါဝင်ပတ်သက်လိမ့်မယ်။ "
မြို့တော်ဝန်ဝမ်၏ ပြောစကားအရဆိုလျှင် ဤအရာသည် သေချာသွားသည်။
"ငါဒီအရာကို မှတ်သားထားရမယ်"
အဆင့်မြင့် အကြီးအကဲများနှင့် တော်ဝင်မျိုးနွယ်တွေဆီမှ မီးကျောက်များကို ရရှိရန်မှာ လွယ်ကူလှပေမည်။ သာမန်လူများထံမှ ရရှိသည့် မီးကျောက်များထက် ပိုမိုကာ များပြားမည်မှာ သေချာ၏။ ထို့ပြင် မီးကျောက်ပမာဏ များများကို အသုံးပြုနိုင်လျှင် ရောဂါကို မြန်မြန် ကုသနိုင်မည်။
ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိသည်။ "ဒါကလူချမ်းသာရောဂါပဲ"
ဝှစ် ဝှစ် …..။
တွေးပြီးသည့်နောက် မီးဓာတ်စိတ်ဝိညာဉ်များသည် သူ၏ခန္ဓာကိုယ်အတွင်းပိုင်း၍ အသက်ဝင်သွားပြီး သူ၏ ဒန်ထျန်ထဲရှိ ဘာမှန်းမသိသည့် စွမ်းအင်များကို တစ်ခါတည်း သန့်စင်လိုက်၏။
"ရောဂါဖြစ်တဲ့ အကြောင်းအရင်းကို ရှာဖွေတွေ့ရှိပြီဆိုတော့"
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ဒါကို ကာကွယ်နိုင်တဲ့ ဆေးရည်ကို ဖန်တီးပြီးတော့ ရောင်းချမယ်ဆိုရင် တစ်ညတည်း ချမ်းသာသွားမှာ မဟုတ်လား"
"ဟောခန်းသခင်မြောင်"
ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်ကာ မေးမြန်းလိုက်၏။ "ဒီမီးအဆိပ်ကို ကြိုတင်ကာကွယ်လို့ ရနိုင်လား"
"ရတာပေါ့"
မြောင်စိုင်းဖန်က ပြောလိုက်သည်။ " အချိန်အနည်းငယ် ယူရမယ်။ "
"ဘယ်လောက်လောက် ကြာမှာလဲ"
"သုံးလကနေ ငါးလလောက်ပေါ့။ အမြန်ဆုံးဆိုရင် တကယ်လို့ နှေးမယ်ဆိုရင်တော့ သုံးနှစ်ကနေ ငါးနှစ်ပေါ့"
"ဒီမီးအဆိပ်က ကုသနိုင်တဲ့ ကိစ္စဖြစ်တယ်။ ဒီတော့ ဒီကိစ္စကို ခင်ဗျားဆီမှာပဲ တာဝန်ပေးလိုက်တော့မယ်။ မြန်နိုင်သမျှ ကာကွယ်နိုင်မဲ့ ဆေးလုံးကို ဖန်တီးထုတ်လုပ်တော့"
.............
ကျွင်းချောင်ရှောင်းသည် မြို့တော်ဝန်အိမ်ရာတွင် ရက်အနည်းငယ်ကြာ နေထိုင်ခဲ့၏။ မြို့တော်ဝန်၏သား ရောဂါပျောက်ကင်းသွားပြီဟူသော သတင်းကို ကြားပြီးနောက် ကျော်ကြားလှသော အိမ်တော်အသီးသီးမှ လူများသည် လူနာများကို ခေါ်ဆောင်လာကြသည်။ လာရောက်သောသူတို့သည် ကုသစားရိတ်အဖြစ် ပထမတန်းစား မီးကျောက်တစ်ထောင်ကျော်တို့ကို ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။
အမှန်ပင် ဖြစ်သည်။ မီးအဆိပ်ကို ကုသခြင်းသည် ကျိန်းသေပေါက် ချမ်းသာခြင်းကို ရရှိမည့်အရာပင် ဖြစ်သည်။ ကျွင်းချောင်းရှောင်းသည် များပြားလှသော လူနာများကို ကုသခဲ့ပြီးပြီ ဖြစ်၏။ သို့ပေမဲ့ သာမာန်လူတန်းစာ ရောဂါသည်များကို တစ်ခါမှ မတွေ့ခဲ့ရချေ။ ချမ်းသာသည့် လူများသာလျှင် ကုသနိုင်သည့် အရာဖြစ်လို့နေသည်။
"လူကြီးမင်းကျွင်း"
တစ်ရက် …. သူစျေးဝယ်ထွက်ပြီး ပြန်လာချိန်မှာတော့ မြို့တော်ဝန်ဟန်သည် စိုးရိမ်တကြီး ရောက်ရှိလာကာ ပြောလိုက်၏။ "တော်ဝင်မျိုးနွယ်တစ်ယောက်က ခင်ဗျားဆီကို လာလည်တယ်"
"ဘယ်လိုတော်ဝင်မျိုးနွယ်လဲ"
"လှိုင်းပြာတော်ဝင်အင်ပါယာ မိသားစုထဲကပေါ့"
"……."
မြို့တော်ဝန်အိမ်ရာ၍ များပြားလွန်းသော အစောင့်များ ရောက်ရှိနေကြသည်။ ခြေလှမ်းငါးလှမ်း လှမ်းတိုင်းတွင် အစောင့်များ တည်ရှိနေ၏။
ကျွင်းချောင်ရှောင်းသည် မြို့တော်ဝန်အိမ်ရာ၏ အတွင်းဖက်သို့ ဝင်ပြီးသည့်နောက် စာကြည့်ခန်းဆီသို့ ရောက်ရှိသွားခဲ့၏။ အပေါက်ဝတွင်တော့ အရပ်ရှည်ရှည် ခပ်တောင့်တောင့်နှင့် လူတစ်ယောက်က တည်ရှိလို့ နေခဲ့၏။ ထိုသူ၏ ဝတ်စားဆင်ယင်မှုကို ကြည့်ရှုပြီးနောက် သူသည် စိတ်ထဲမှ ကြိတ်ကာ ရေရွတ်လိုက်မိသည်။
အင်ပါယာမိသားစုက ဆိုတဲ့အတိုင်းပဲ သူတို့ရဲ့ နေထိုင်ပြုမူပုံတွေက တကယ့်ကို ခမ်းနားတာပဲ။
မြို့တော်ဝန်သည် သူ့အား အင်ပါယာမိသားစုဆီမှ ရောက်ရှိလာကြောင်း ပြောသည်ကို ကြားရချိန်၌ အနည်းငယ် အံ့အားသင့်မိခဲ့၏။ ထို့ပြင် သူသည် ကြက်သွေးရောင် ငရဲလောကကြီးတွင် ရက်အနည်းငယ်သာ ကုသပေးခဲ့ရ၏။ အဘယ့်ကြောင့် ဤသတင်းသည် အင်ပါယာမိသားစုဆီသို့ ရောက်ရှိသွားရနိုင်သနည်း။
"လူကြီးမင်းကျွင်း"
ခပ်တောင့်တောင့်နှင့် လူသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ကျုပ်တို့လာတဲ့ သတင်းကို အပြင်မပေါက်ကြားပါစေနဲ့"
တဆက်တည်းမှာပဲ သူသည် စစ်သူကြီးဖြစ်ကြောင်း တခါတည်း မိတ်ဆက်လိုက်၏။
"နားလည်ပြီ"
မြို့ထဲတွင်ရှိနေသော စစ်သည်များသည် အထူးစောင့်ကြပ်တာမျိုးမလုပ်ဘဲ ပုံမှန်အတိုင်း နေထိုင်နေသည်ကို ပြန်လည်စဉ်းစားမိသည့်အခါမှာတော့ အင်ပါယာမိသားစုသည် တိတ်တဆိတ် ခိုးဝှက်လာခဲ့ခြင်းဖြစ်ကြောင်း သူနားလည်သွားမိ၏။
စစ်သူကြီးသည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ "အရှင် …. လူကြီးမင်းကျွင်း ရောက်လာပါပြီ"
"ဝင်ခဲ့ပါ ကျေးဇူးပြုပြီး" အားပျော့နေသည့် အသံတစ်ခုသည် ထွက်ပေါ်လာ၏။
ကျွင်းချောင်ရှောင်းသည် ဆေးပညာအကြောင်းနှင့်ပတ်သက်၍ နားမလည်လှသော်လည်း ယခုပြောဆိုနေသည့် လူသည် ကျိန်းသေပေါက် နေမကောင်းသည့်လူဖြစ်ကြောင်း တပ်အပ်ပြောနိုင်သည်။
ကျွင်းချောင်ရှောင်းသည် တံခါးကို အသာဖွင့်ပြီးနောက် အထဲကို ဝင်လိုက်၏။ အထဲတွင်တော့ နူးညံ့ပြီး လှပလှသော အမျိုးသမီးတစ်ယောက်က တည်ရှိနေ၏။ သူမသည် ထိုင်ခုံပေါ်တွင် ထိုင်လို့နေသည်။ ဖြူရော်နေသည့် မျက်နှာနှင့်အတူ မျက်လုံးများကလည်း တောက်ပမှုကင်းလို့နေ၏။ အလွန်တရာ နာကျင်နေသည့်ဟန်လည်း ပေါ်၏။
လှိုင်းပြာအင်ပါယာ တော်ဝင်မိသားစုကလား။ ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကြိတ်ကာ ရေရွတ်လိုက်မိ၏။
"ရုတ်တရက်ကြီး ရောက်လာမိတာ…. "
အမျိုးသမီးက ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ လူကြီးမင်းကျွင်း"
သူမ၏အသံသည် အားပျော့လွန်းလှသော်လည်း စကားပြောဆိုရာတွင် အထက်တန်းဆန်ကာ ယဉ်ကျေးလှ၏။ မြင့်မားလှသည့် ဂုဏ်ကျက်သရေကို ပိုင်ဆိုင်ထားသည့် လူဖြစ်ရုံသာမက အဆင့်မြင့် ပညာရေးကို တတ်ကျွမ်းထားသည့် လူလည်း ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် သူ့အတွက် ပြင်ဆင်ပေးထားသည့် ထိုင်ခုံပေါ်တွင် ထိုင်ကာ လက်သီးကို ဆုပ်လိုက်၏။ "ခင်ဗျားကို ကျုပ်ဘယ်လိုခေါ်ရမလဲ"
"ယုဖေးရလို့ ခေါ်လို့ရပါတယ်"
အမျိုးသမီးသည် စကားပြောသည့် နေရာတွင် အနည်းငယ် အားစိုက်ကာ ပြောနေရသည်ဆိုသော်လည်း သူမ၏ နာမည်ကိုတော့ ကောင်းကောင်း မိတ်ဆက်ပေးနိုင်သည်။
"လှိုင်းပြာအင်ပါယာရဲ့ အကြီးဆုံး မင်းသမီးပါ"
"မင်းသမီး ဟုတ်လား"
ဤတည်ရှိမှုသည် အမှန်ပင် ကြီးမားလွန်းလှ၏။ ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်၍ လေးစားသမှုဖြင့် ဂါရဝပြုလိုက်သည်။ "ဒီသာမန်လူ ကျွင်းချောင်ရှောင်းက မင်းသမီး ကို နှုတ်ဆက်ပါတယ်"
တခြားသူများ၏ တည်နေရာသို့ ရောက်စဉ်တွင် တခြားသူများ၏ လုပ်ရိုးလုပ်စဉ်အတိုင်း လိုက်နာရသည်မှာ သဘာဝပင် ဖြစ်၏။ ထို့ပြင် ဤတော်ဝင်လူနာဆီမှ များပြားလှသော ငွေကြေးများကို သူရရှိနိုင်စွမ်း ရှိသည်။ ထို့ကြောင့် နိမ့်ချရသည် ဆိုလျှင်တောင်မှ ပြဿနာမရှိချေ။
"ဒါဆိုလည်း ဒူးထောက်လိုက်လေ" စနစ်က ဝင်ကာ ရိလိုက်၏။
ယုဖေးရသည် နာကျင်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။
"ကျွန်မတို့ လှိုင်းပြာအင်ပါယာက အစောကြီးကတည်းက နေဝင်နေပါပြီ။ လူကြီးမင်း ထပြီး ဂါဝရပြုရတဲ့အထိ ထိုက်တန်လှတဲ့ လူတစ်ယောက် မဟုတ်တော့ပါဘူး"
လှိုင်းပြာအင်ပါယာဆိုသည်မှာ ဂုဏ်သိက္ခာကြီးမားလွန်းခဲ့သည်ဆိုသော်လည်း လက်ရှိအချိန်မှာတော့ နာမည်သာ ကျန်ရှိတော့၏။ ယခု အကြီးဆုံး မင်းသမီးပင်လျှင် သူ့ကိုယ်သူ အထင်အမြင်သေးလို့ နေသည်။ တောဝင်မိသားစုသည် အမှန်ပင် သိမ်ငယ်တတ်သည့် လူများ ဖြစ်နေသည်လား။
"မင်းသမီး"
ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။ "ဒီကိုလာတာ ရောဂါ ကုသဖို့လား"
"အမှန်ပါပဲ"
ယုဖေးရသည် စကားပြောသည့်နေရာတွင် အားစိုက်လာရ၏။ စကားနှစ်ခွန်းလောက် ပြောပြီးနောက် သူမသည် အားယူနေရ၏။
"လူကြီးမင်းကျွင်းက မီးအဆိပ်ကို ကုသနိုင်တယ်လို့ ကျွန်မကြားထားတယ်လေ။ ဒါကြောင့် ကုသမှုခံယူဖို့ လာခဲ့တာပါ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "မင်းသမီးကို ကြည့်ရတာ မီးအဆိပ် မိနေပုံ မပေါ်ဘူး"
"ကျွန်မက ဒါကိုဖိနှိပ်ထားနိုင်ဖို့ ထူးခြားတဲ့ ဆေးလုံးတွေကို အသုံးပြုခဲ့တာကြောင့်လေ။ အဆိပ်ပျံ့နှံ့တာ ရပ်သွားပေမဲ့ အကျိုးဆက်ကတော့ ခန္ဓာကိုယ်က တစ်နှစ်ပတ်လုံး အားနည်းနေခဲ့တာပေါ့" ယုဖေးအာက ပြောလိုက်၏။
"ကျုပ်နားလည်ပြီ"
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ နားလည်သွားမိ၏။ ပြီးနောက် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ "လူတွေကို ကယ်တင်ရတယ်ဆိုတာ ကောင်းမှုကုသိုလ် ပြုလုပ်တာပါပဲ။ မင်းသမီး ကျေးဇူးပြုပြီး ဒါကိုသောက်လိုက်ပါ။ မီးအဆိပ်တွေ ပျောက်သွားပါလိမ့်မယ်"
ယုဖေးရသည် ဤဆန်းကြယ်လွန်းလှသော မှော်ဆေးလုံးအကြောင်းကို ကြားခဲ့ဖူးပြီးပြီ ဖြစ်၏။ ထိုသတင်းကို ကြား၍ ဤနေရာသို့ ရောက်ရှိလာသောကြောင့် ဆေးလုံးနှင်ပတ်သက်၍ သံဃယမရှိတော့ချေ။ ချက်ချင်းပဲ ထိုအရာကို ဆွဲယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်၏။ ဆေးလုံးသည် ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပျော်ဝင်ပြီးသည့်နောက် အထဲတွင် ရှိနေသော မီးစိတ်ဝိညာဉ်၏ စွမ်းအင်များသည် မီးအဆိပ်များကို ရှင်းရှင်းလင်းလင်းနှင့် သန့်စင်ပစ်လိုက်တော့သည်။
ယုဖေးရ၏ စိတ်ဝိညာဉ်သည် ပိုမိုအားကောင်းလာခဲ့ပြီးနောက် သူမ၏မျက်လုံးများသည်လည်း ကြည်လင်ရှင်းလင်းလာခဲ့၏။ အင်ပါယာ၏ မင်းသမီးတစ်ပါး ဖြစ်သည်နှင့်အညီ ပုံပန်းသွင်ပြင်နှင့်ပတ်သက်၍ အထူးပြောနေစရာပင် မလိုအပ်ချေ။
တစ်နှစ်ပတ်လုံး ဖျားနာနေသောကြောင့် အားနည်းပြီး ဖြူရော်နေသည့်ပုံပေါ်သော်လည် မီးအဆိပ်များ ပျောက်ကွယ်သွားသည်နှင့် လှပလှသည့် ကိုယ်နေဟန်ထားကို ချက်ချင်း ရရှိခဲ့တော့၏။ သူမ မည်မျှလှပသနည်း ဆိုသည်ကို အထူးတလည် ပြောနေစရာ မလိုအပ်ချေ။ အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် အမျိုးသမီးများ ဆိုသည်မှာ ပုသည်၊ ဝသည်၊ ပိန်သည် ထိုမျှသာ ရှိ၏။ ဘာတစ်ခုမှ သိပ်ပြီးတော့ ကွဲပြားမနေချေ။ အတူတူပင်ဖြစ်သည်။
"ထင်ထားတဲ့ အတိုင်းပဲကို "
ယုဖေးရသည် ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ "လူကြီးမင်းကျွင်းရဲ့ ဆေးလုံးက တစ်ကယ်ပဲ မီးအဆိပ်တွေကို ကုသနိုင်တယ်"
"မင်းသမီး သောက်ခဲ့တဲ့ ဆေးလုံးက ဒီကျွင်းကိုယ်တိုင် ဖန်တီးထားတဲ့ ဆေးလုံးပဲလေ။ ဒီတော့ ပထမတန်းစား မီးကျောက်နှစ်ထောင် အရင်ဆုံးပေးပါ" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
"တော်ဝင်မင်းသမီး ဖြစ်တယ်ဆိုတာနဲ့ ချက်ချင်း စျေးမြင့်လိုက်ပါလား"
စနစ်က ပြောလိုက်သည်။ "အမြတ်ကြီးစားပဲ"
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ သူ့ကိုယ်သူ ကာကွယ်လျက် ရှိနေ၏။ "သာမန်လူဆိုရင် ကျိန်းသေပေါက် ငါအလကားပေးလိုက်တာပေါ့။ ဒါပေမဲ့ အင်ပါယာတစ်ခုရဲ့ မင်းသမီးဖြစ်နေပြီ ဆိုမှတော့ သူ့ရဲ့အသက်က တန်ဖိုးကြီးတယ်လေ။ နှစ်ထောင်တောင်းတာ အပြစ်လား"
ယုဖေးရ က ပြောလိုက်သည်။ "ကျွန်မ ပထမတန်းစား မီးကျောက်တော်တော်များများကို ယူမလာခဲ့ဘူး။ ဒီလိုလုပ်ရအောင် "
သူမသည် ခနရပ်တန့်ကာ ပြုံးလိုက်၏။ "ကျွန်မနဲ့အတူ အင်ပါယာမြို့ဆီကို လိုက်ခဲ့ပါလား။ ကျွန်မရှင့်ကို နှစ်ဆပေးပါ့မယ်"
ချီးတဲ့မှ …. ပိုက်ဆံမရှိဘူးဆိုရင် ဘယ်လိုလုပ်ပြီး ဆေးလာကုရတာလဲ။
"ဒါက စီးပွားရေးကိစ္စ သေးသေးလေးပါပဲ"
သူ့အနေဖြင့် အကြွေးကို လက်မခံကြောင်း ပြောလိုက်ချင်၏။ သို့ပေမဲ့ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိသောကြောင့် ချက်ချင်းပင် ပြောလိုက်မိ၏။
"မင်းသမီး သောက်ခဲ့တဲ့ ဆေးလုံးက ဆေးပင်တွေ အများကြီးနဲ့ ဖော်စပ်ရတာပါ။ တကယ်လို့ မီးကျောက်တွေသာ မရှိဘူးဆိုရင် တခြားလူတွေကို ဆက်ပြီးကုသနိုင်ဖို့ ခက်ခဲလိမ့်မယ်"
လိုရင်းမှာ ရိုးရှင်းလွန်းလှချေ။ သူ့အား အရင်ဆုံး ပိုက်ဆံပေးရပေမည်။ ကုန်းရှန့်သည် အမှန်ပင် လက်ပေါက်ကပ်လှသည့် လူတစ်ယောက်နှင့် ဆင်တူ၏။
"နန်းတော်ရဲ့ ဆေးဥယျာဉ်ထဲမှာ ဆေးပင်တွေ အများကြီးရှိတယ်လေ။ လူကြီးမင်းကျွင်းသာ လာမယ်ဆိုရင် ကြိုက်တာရွေးယူနိုင်ပါတယ်" ယုဖေးရက ပြောလိုက်သည်။
"ဒါက"
"စစ်သူကြီးချီ"
ယုဖေးရသည် လက်ဖျောက်တီးလိုက်၏။
ကျွီ
တောင့်တင်းလှသော ခန္ဓာကိုယ်နှင့် စစ်သူကြီးသည် အထဲသို့ လျှောက်ဝင်လာသည်။ "ရောက်ပါပြီ"
ယုဖေးရက ပြောလိုက်၏။ "လူကြီးမင်းကျွင်းကို ချက်ချင်း အင်ပါယာမြို့ဆီ ခေါ်ရအောင်။ သူ့ကို လမ်းတစ်လျှောက် သေချာဂရုစိုက်ထား။ မတော်မဆ တစ်ခုမှ မဖြစ်စေနဲ့ "
"ကောင်းပါပြီ"
စစ်သူကြီးချီသည် အမိန့်ကို လက်ခံပြီးသည့်နောက် ကျွင်းချောင်ရှောင်းကို ကြည့်လိုက်သည်။ ပြီးနောက် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ "လူကြီးမင်းကျွင်း ကျေးဇူးပြုပြီး ကြွပါ"
ကျွင်းချောင်ရှောင်း၏ အမူအရာသည် နဝေတိမ်တောင်နှင့် ဖြစ်နေ၏။ ဤအမျိုးသမီးသည် သူမ၏စကားကို ပြန်မရုတ်သိမ်းချေ။ ထိုအစား သူ့အား ဖြစ်နိုင်သမျှ အမြန်ဆုံး ခေါ်ဆောင်သွားရန် ပြင်ဆင်နေ၏။ ဖြစ်နိုင်သည်မှာ သူ့ကို မြင်မြင်ချင်း ကြိုက်နှစ်သက်သွားသောကြောင့်လား။