← Chapters

အခန်း ၁၆၈၁

Vol. 113 Ch. 1681

အခန်း ၁၆၈၁

Vol. 113 Ch. 1681

အပိုင်း(၁၆၈၁)

ကျွင်းချောင်ရှောင်း၏ စိတ်ကူးထဲမှာတော့ အင်ပါယာမြို့ဆိုသည်မှာ အလွန်ခမ်းနားပြီး ဆန်းကြယ် လွန်းလှသော တည်နေရာကြီးတစ်ခု ဖြစ်ရပေလိမ့်မည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ အုတ်ကျိုးအုတ်ပျက် များဖြင့် အဆောက်အဦများသာ တည်ရှိလို့နေခဲ့ပြီး လမ်းများသည်လည်း ချိုင့်များနှင့် ပြည့်နှက်နေခဲ့၏။ သူသည် အလုံးစုံ စိတ်ပျက်လျက်ရှိနေကြ၏။ ပိုမို၍ ဆွံ့အစရာအကောင်းဆုံးမှာ အင်ပါယာမြို့ထဲသို့ လျှောက်ဝင်လိုက် သည့်အချိန်တွင်တော့ အဓိကလျှောက်လမ်းကြီးများထဲတွင် လမ်းသွားလမ်းလာဟူ၍ တစ်ယောက်မှ မရှိခဲ့ချေ။ ဗလာဟင်းလင်းကြီးကဲ့သို့ပင်။

“လူကြီးမင်းကျွင်းကို ကြည့်ရတာ အရမ်းစိတ်ပျက်နေပုံပဲ။ ဟုတ်တယ်မလား။” ယုဖေးရက မေးလိုက်သည်။

“ဟုတ်ပါတယ်။”

ကျွင်းချောင်ရှောင်းသည် ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်၏။ “အရမ်းကို စိတ်ပျက်နေပါတယ်။”

ဤအရာသည် အင်ပါယာမြို့တစ်ခု မဟုတ်ပေ။ မြို့ပျက်ကြီးတစ်ခုကဲ့သို့ပင်။

ယုဖေးရက ပြောလိုက်သည်။

“အဓိကနိုင်ငံတွေက တစ်ခုပြီးတစ်ခု ဒီကနေ ထွက်ခွာသွားခဲ့တယ်လေ။ ဒီတော့ ကျွန်မတို့ လှိုင်းပြာ အင်ပါယာက ဒီမြို့တစ်ခုထဲကိုပဲ ထိန်းချုပ်ထားနိုင်တယ်။ ဒီမှာ ငွေရေးကြေးရေးအရ ဝင်ငွေဆိုတာလည်းမရှိ၊ ဒါကြောင့်မလို့ နှစ်ပေါင်းတစ်ရာအထိ ပြုပြင်ထားခြင်းမရှိတာပေါ့။”

“ဟမ်။ အဲ့လိုလား။”

“ဟုတ်တယ်။ လူပေါင်းသိန်းချီက ဒီကနေ ထွက်ခွာသွားခဲ့တယ်လေ။”

“……”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ လှိုင်းပြာအင်ပါယာသည် နာမည်သာ ကျန်ရှိတော့ကြောင်းကို သူသိရှိခဲ့၏။ သို့ပေမဲ့ ဤမျှ ဆိုးဝါးလိမ့်မည်ဟုတော့ မထင်မှတ်ခဲ့ချေ။ အင်ပါယာမြို့ တစ်ခုသည် ပြိုကျပျက်စီးလျက်ရှိနေ၏။

နေအုံး။ အင်ပါယာမြို့က ဒီလောက် စုတ်ပြတ်ပြီး ဆင်းရဲနေတယ်ဆိုမှတော့ အင်ပါယာနန်းတော်ထဲမှာ ရှိတဲ့ ဆေးပင်တွေရော ရှိရဲ့လား။

“မင်းသမီး”

ကျွင်းချောင်ရှောင်းသည် အားပျော့စွာနှင့် မေးလိုက်၏။ “ခင်ဗျား ပထမတန်းစား မီးကျောက် ၂၀၀၀ ကို ထုတ်ပေးနိုင်မလား။”

ပထမတန်းစား မီးကျောက်ဆိုသည်မှာ အထက်နယ်မြေတွင် တာအိုကျောက်တုံးများနှင့် အဆင့်အတန်း တူညီ၏။ အင်ပါယာမိသားစုအနေနှင့် ထိုအရာလောက်ကိုတော့ ထုတ်ပေးနိုင်သေး၏။ သို့ပေမဲ့ သူသည် မယုံကြည်ရသလို ခံစားနေမိသည်။

“ဒုတိယအဆင့်လောက်ဆိုရင် မလုံလောက်ဘူးလား။”

“မရဘူး။”

ကျွင်းချောင်ရှောင်းသည် ဤအတောအတွင်း သေသေချာချာ စမ်းသပ်လေ့လာခဲ့ပြီးသားဖြစ်၏။ ပထမ အဆင့် မီးကျောက်ထဲတွင် ပါဝင်သော စွမ်းအင်များကသည်သာ သူ၏ရွက်သင်္ဘောကို မောင်းနှင်နိုင်စွမ်းရှိ၏။

“တောင်းပန်ပါတယ်။”

ယုဖေးရသည် ရှက်ရွံ့စွာဖြင့် ပြောလိုက်မိ၏။ “ကျွန်မဆီမှာ ဒုတိယအဆင့်နှင့် တတိယအဆင့် မီးကျောက်တွေပဲ ရှိတယ်လေ။ ပထမအဆင့် မီးကျောက် အစား အသုံးပြုလို့ ရနိုင်မလား။”

ကျွင်းချောင်ရှောင်းသည် မရဘူးဟု ပြောဆိုလိုက်ချင်သည်။ သို့ပေမဲ့ အင်ပါယာ၏ အရှင်မ မင်းသမီးတစ်ပါး သည် ဆင်းရဲစုတ်ပြတ်လွန်းလှသော အင်ပါယာမျိုးလေးထဲတွင် နေထိုင်နေရသည်မှာ ကြည့်ရှုပြီးနောက် သူသည် အမှန်ပင် သနားမိသွားသည်။

“ရပါတယ်။”

ကျေးဇူးပါပဲ။”

ယုဖေးရသည် ဖြစ်ညှစ်ကာ ပြုံးလိုက်၏။ သူမ၏ နှလုံးသားထဲတွင်တော့ နာကျင်လျက်ရှိနေ၏။ အင်ပါယာ မိသားစုတွင် မွေးဖွားလာခဲ့ပြီးသည့်နောက် သူမသည် ဇိမ်ကျလှသည့် ဘဝကြီးကို နေထိုင်ခဲ့ရ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သမားတော်ကို ပေးစရာပိုက်ဆံပင် မရှိခဲ့ချေ။ မည်မျှ ဆိုးဝါးလိုက်သနည်း။

“မင်းသမီး”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ်ကို အင်ပါယာမြို့ထဲ ခေါ်လာတာ တခြား ရည်ရွယ်ချက်တစ်ခုခု ရှိနေမှာ စိုးရွံ့မိတယ်။”

ကုန်းရှန့်၏ မျက်လုံးများသည် မစူးရှလှချေ။ သူသည် သူ့အနားပတ်ဝန်းကျင်တွင် မည်သည့်သိုင်းနည်းစနစ် ကိုမှ ထုတ်လွှင့်မထားခဲ့ချေ။ သို့ပေမဲ့ ယုဖေးရအား စိတ်လွတ်သွားသည်အထိ ဖိအားမျိုးကို ခံစားရစေသည်။

သူမသည် ခေါင်းကိုငုံ့ကာဖြင့် ပြောလိုက်၏။

“သမားတော်ကြီး၏ အကူအညီနှင့်အတူ လှိုင်းပြာအင်ပါယာကို ထပ်ပြီးတိုးတက်အောင် ပြုလုပ်နိုင်မလားလို့ ကျွန်မက မျှော်လင့်မိတာ။”

“……..”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့်တုန်ယင်သွားခဲ့၏။ သူသည် ဆေးကုရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့် အင်ပါယာတစ်ခု၏ ဖြစ်တည်ခြင်းကို ကူညီရန် စွမ်းရည်မျိုး တည်ရှိနေရမည်နည်း။

ကုန်းရှန့်၏ အားအင်အဆင့်သည် မငြင်းပယ်နိုင်လောက်သည့် အခြေအနေမျိုးဖြစ်၏။ သို့ပေမဲ့ သူ့အနေနှင့် ကြက်သွေးရောင် ငရဲလောကဆီသို့ ရောက်ရှိလာခြင်းဆိုသည်မှာ ဖြတ်သွားဖြတ်လာ ဝင်ရောက်လာခြင်းသာဖြစ်သည်။ ဘာတစ်ခုမှ ပြုလုပ်ရန် မလိုအပ်ချေ။

အပြင်ဘက်တွင် ရွက်သင်္ဘောကြီး ၁၁ စင်းကိုလည်း သူက ထားရှိခဲ့ရသေး၏။ သူ့တပည့်များအားလုံးကို ခေါ်ဆောင်ကာ တိုက်ခိုက်လိုက်မည်ဆိုလျှင် အဓိကနိုင်ငံကြီး တော်တော်များများကို တိုက်ခိုက်ရန် လုံလောက်နေပြီဖြစ်၏။ သို့ပေမဲ့ သူသည် အခြားသူများ၏ အတွင်းရေးကိစ္စရပ်များ ကို အဘယ့်ကြောင့် ဝင်ရောက်ကာ ရှုပ်ထွေးရမည်နည်း။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ အပြင်လူတစ်ယောက်အဖြစ်သာ သဘောထား၏။ အရာအားလုံးကို လျစ်လျူရှုထားချင်မိသည်။ ထို့အပြင် သူ့၌ လုံလောက်သည့်စွမ်းအင်များ တည်ရှိနေသည်ဆိုလျှင်တောင်မှ ကြယ်တာရာစိတ်ဝိညာဉ် လောကဆီသို့ ရောက်ရှိရန် နှစ်အနည်းငယ် ကြာမြင့်အုံးမှာ ဖြစ်၏။ လမ်းတစ်လျှောက်တွင် ဖြတ်သွားရမည့် ဂြိုဟ်များသည် မည်မျှများပြားမည်နည်းဆိုသည်ကို သေသေချာချာ မသိနိုင်ပေ။ တစ်ချိန်လုံး အားနည်းသူ များအား လိုက်လံကူညီနေခြင်းဖြင့် သူ၏ အကျိုးကျေးဇူးကို တိုးတက်စေနိုင်သွားမည်လား။

“တောင်းပန်ပါတယ်။”

ကျွင်းချောင်ရှောင်းသည် ရည်ရွယ်ချက်ရှိရှိနှင့် ပြောလိုက်၏။ “ကျုပ်က သာမန်လူတစ်ယောက်ပါပဲ။ ဆေးလုံးတွေကို ဘယ်လိုဖော်စပ်ရမလဲဆိုတာပဲ သိတယ်လေ။ မင်းသမီးကို ကူညီပေးနိုင်ဖို့ဆိုတာက ခက်ခဲလွန်းလိမ့်မယ်။”

ယုဖေးရက ပြောလိုက်၏။

“သမားတော်ကြီးရဲ့ ဆေးလုံးက ကုသလို့မရနိုင်တဲ့ မီးအဆိပ်ကိုတောင်မှ ပျောက်ကင်းတယ်လေ။ များပြား လှတဲ့ မိသားစုတွေနဲ့ တော်ဝင်မျိုးဆက်တွေ၊ ဝန်ကြီးတွေအကုန်လုံးတောင်မှ ဒီကပ်ဘေးကြီးကို ကြီးကြီး မားမား ခံစားနေရတာ။ ရှင့်အနေနဲ့ သူတို့ကို ပျောက်ကင်းအောင် ကူညီနိုင်မယ်ဆိုရင် ကျွန်မတို့ လှိုင်းပြာ အင်ပါယာကို ထပ်မံတိုးတက်လာစေဖို့အတွက် အကူအညီကျိန်းသေပေါက်ဖြစ်မှာ။”

ကျွင်းချောင်ရှောင်းသည် နားလည်သွားမိ၏။ ဤအမျိုးသမီးသည် သူ့အား ဆေးလုံးများကို အသုံးပြုကာဖြင့် တခြားသော အဓိကနိုင်ငံကြီးများကို ချည်နှောင်ရန် ကြိုးစားစေချင်ခြင်းပင်။ အကြံအစည်ကတော့ မဆိုးလှချေ။ သို့ပေမဲ့ သူမသည် တုံးအလွန်းခဲ့၏။

ကျွင်းချောင်ရှောင်းသည် ကြက်သွေးရောင်ငရဲနယ်မြေထဲတွင် အချိန်အတော်ကြာ နေခဲ့ဖူးသူတစ်ယောက် မဟုတ်သော်လည်း အခြေအနေကို ကောင်းကောင်းနားလည်လို့နေခဲ့၏။ အသီးသီးခွဲခြားသွားခဲ့သော နိုင်ငံ များသည် တစ်ဒါဇင်နီးပါးခန့်ရှိ၏။ ဤအမျိုးသမီးသည် အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်သည် ဆိုရင်တောင်မှ တစ်စုတစ်စည်းတည်းဖြစ်အောင် ပြုလုပ်ဖို့ဆိုသည်မှာ အလွန်တရာ ခက်ခဲပေလိမ့်မည်။ ထို့အပြင် လှိုင်းပြာအင်ပါယာတိုးတက်လာသည်ကို ကျန်သောအဖွဲ့အစည်းများအားလုံးက စိတ်လိုလက်ရနှင့် ထိုင်၍ ကြည့်ရှုနေမည်လား။

“မင်းသမီး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလိုကိစ္စမျိုးကို အမျိုးသမီးတစ်ယောက်အနေနဲ့ လုပ်လို့ရတာ မဟုတ်ဘူး။ ဒါကို အင်ပါယာနဲ့ လှိုင်းပြာ အင်ပါယာရဲ့ မင်းသားတို့က ဆက်ပြီးလုပ်ရမှာ ထင်တယ်။”

“အဖေက ထောင်ကျနေတယ်လေ။ ပြီးတော့ အစ်ကိုတွေအကုန်လုံးကလည်း သတ်ခံလိုက်ရတယ်။” ပြောနေရင်းမှာပဲ ယုဖေးရသည် မည်သို့မှမထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များပင် ဝိုင်းလာ၏။

“ဒါဆိုရင် အင်ပါယာမိသားစုရဲ့ တစ်ခြား အဖွဲ့ဝင်တွေက ဘယ်ရောက်သွားလဲ။”

“အဓိကနိုင်ငံအသီးသီးက အင်ပါယာမိသားစု ကျန်းမာရေးကောင်းကောင်းနဲ့ ဆက်လက်တည်ရှိနေဖို့ကို အလိုမရှိကြဘူး။ ကျွန်မကတော့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ တစ်နှစ်ပတ်လုံး ရောဂါကို ခံစားနေရ တာကြောင့် သူတို့က ဂရုမစိုက်ခဲ့ကြတာ။ အခု ကျွန်မက ကံကောင်းလို့ အသက်ရှင်နိုင်ခဲ့တာပဲ။” ယုဖေးရက ပြောလိုက်သည်။

“……..”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ အင်ပါယာမိသားစုနှင့် တော်ဝင်မိသားစုကို ဖျက်ဆီး သည်နှင့် ဘာများခြားနားနေသနည်း။

အဓိကနိုင်ငံကြီးတို့သည် သေဆုံးလောက်သည်အထိ တစ်နိုင်ငံနှင့် တစ်နိုင်ငံတိုက်ခိုက်လျက်ရှိနေ၏။ တစ်စုံတစ်ယောက်သည် ဤဂြိုဟ်ကြီးတစ်ခုလုံးကို စုစည်းအောင် ပြုလုပ် ချင်သည်ဆိုပါက ကျိန်းသေပေါက် ခက်ခဲပေလိမ့်မည်။

…

အင်ပါယာနန်းတော်သည် အလွန်တရာ ကြီးမားလှ၏။ သို့ပေမဲ့ များပြားလွန်းလှသော ခြုံနွယ်ပိတ်ပေါင်းများ တည်ရှိနေပြီး အထီးကျန်လည်း ဆန်လွန်းလှ၏။ ရံဖန်ရံခါဆိုသလို စစ်သည်အနည်းငယ်တို့သည် ကင်းသမား ပုံစံမျိုးနှင့် လှည့်လည်ကာ သွားလာနေကြသည်ဆိုသော်လည်း ရည်ရွယ်ချက်တော့ ကင်းမဲ့လွန်းလှ၏။ ကျွင်းချောင်ရှောင်းသည် လမ်းတစ်လျှောက်ထဲတွင် လျှောက်ကာဖြင့် ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။

“မင်းသမီး အပွင့်လင်းဆုံးပြောရမယ်ဆိုရင် လှိုင်းပြာအင်ပါယာရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် ခင်ဗျားအနေနဲ့ ဘာတစ်ခုမှ လုပ်နိုင်ဖို့ မလွယ်ဘူး။”

“ဒါအမှန်ပဲ။”

ယုဖေးရသည် ရုတ်တရက် ရပ်တန့်ကာပြောလိုက်၏။ “အရင်ကတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သမားတော်ကြီး ဒီမှာရှိနေတယ်ဆိုမှတော့ ဖြစ်နိုင်တာပေါ့။”

“……”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ကျုပ်က ရောဂါတွေကိုပဲ ကုသပေးနိုင်တယ်လေ။ လူတွေရဲ့ နှလုံးသားကို ကုသမပေးနိုင်ဘူး။”

ဟုတ်ပေသည်။ ဆေးလုံးသည် ပြန်လည်ကောင်းမွန်နိုင်အောင် ပြုလုပ်နိုင်စွမ်းရှိသော အစွမ်းရှိ၏။ သို့ပေမဲ့ ဤကဲ့သို့သော ကုသနိုင်သည်ဆိုသည့်အကြောင်းပြချက်နှင့် လှိုင်းပြာအင်ပါယာတစ်ခုလုံးကို ပြန်လည်ဖြစ် တည်လာအောင် မည်ကဲ့သို့ ကူညီရမည်နည်း။

“သမားတော်ကြီး”

ယုဖေးရက ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပါအုံး။”

သူတို့နှစ်ယောက်သည် အင်ပါယာနန်းတော်၏ တားမြစ်ထားသော တည်နေရာထဲသို့ လျှောက်ဝင်လိုက်၏။ ပြီးနောက် စည်းခတ်ထားသော ဟောခန်း၏ တစ်ခုရှေ့တွင် ရပ်တန့်လိုက်၏။ ဝင်ပေါက်တွင် အနာဂတ် ခန်းဆောင်ဟု ရေးသားထားသည့် စာလုံးများ တည်ရှိနေသည်။

“အနာဂတ်ခန်းဆောင်ဟုတ်လား။”

ကျွင်းချောင်ရှောင်းက ဇဝေဇဝါဖြစ်သွား၏။ “ဒါဘာကို ဆိုလိုတာလဲ။”

“ကျွန်မတို့ လှိုင်းပြာအင်ပါယာရဲ့ ဘိုးဘေးတွေက ကြက်သွေးရောင်ငရဲလောကကြီးကို တစ်စုတစ်စည်းထဲ ဖြစ်အောင်ပြုလုပ်နိုင်ခဲ့ကြတယ်။ ဘာလို့လည်းဆိုတော့ ကျွမ်းကျင်သူတစ်ယောက်ရဲ့ အကူအညီကြောင့်လေ။ သူထွက်မသွားခင်မှာ ပန်းချီကားအချပ် ၂၀ ကို ချန်ထားခဲ့တယ်။ အဲထဲမှာ ၂၃ ခုက မှန်ပြီးသွားပြီ။ ဒါပေမဲ့ တစ်ခုကတော့ အခုချိန်ထိ မမှန်သေးဘူး။”

“ဟမ်”

ကျွင်းချောင်ရှောင်းသည် အနည်းငယ်အံ့အားသင့်သွား၏။ “ဒါ… အဲလောက် မှော်ဆန်တာလား။”

“သမားတော်ကြီး ကြွပါအုံး။”

ကျွီ

ပိတ်ထားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် တံခါးဖွင့်လိုက်သည့်အချိန်တွင် ဆိုးဝါးသည့် အနံ့အသက်များနှင့် တံခါးဆီမှ ခြောက်ခြားဖွယ်ရာ အသံကြီးက ထွက်ပေါ်လာ၏။ ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်လိုက်ပြီးသည့်နောက် အထဲတွင်ရှိနေသော ထူးခြားလှသည့် အစီအရင်သည် အသက်ဝင်သွားခဲ့ပြီး မှောင်မဲလျက်ရှိနေသည့် ပတ်ဝန်းကျင်တစ်ခုလုံးက လင်းထိန်လာခဲ့၏။ ဤဟောခန်း၏ အရွယ်အစားသည် မသေးငယ်လှချေ။ နံရံများသည်လည်း မှင်များဖြင့် ရေးခြယ်ထားသည့် ပန်းချီများဖြင့် ပြည့်နှက်နေခဲ့သည်။

လှိုင်းပြာ ပြက္ခဒိန်ခုနှစ် ၁၀၂၁

ထူးဆန်းလှသည့်သားရဲကြီးများ အရှေ့ဘက်မှ ပေါ်ပေါက်လာမည်။

လှိုင်းပြာ ပြက္ခဒိန်ခုနှစ် ၂၄၅၁

ကောင်းကင်တိမ်နိုင်ငံသည် ပုန်ကန်မှုများ စတင်မည်။

လှိုင်းပြာ ပြက္ခဒိန်ခုနှစ် ၃၄၂၅

…

ကျွင်းချောင်ရှောင်းသည် ပန်းချီ ၂၄ ခု၏ရှေ့တွင် မတ်တပ်ရပ်ပြီးသည့်နောက် တစ်ခုချင်းကို လိုက်လံကာ ကြည့်ရှုနေ၏။ သူ၏ အမူအရာသည် လှိုင်းပြာခုနှစ် ၁၂၀၂၀ ရှေ့သို့ ရောက်ရှိသည့်အချိန်မှာတော့ ကျိုးဟူ မြို့တွင် မီးအဆိပ်ရောဂါကို ကျွမ်းကျင်စွာ ကုသနိုင်စွမ်းသည့် ကျွမ်းကျင်သူတစ်ယောက် ကျိန်းသေပေါက် ရောက်ရှိလာလိမ့်မည်။ ထိုလူသည် အင်ပါယာတစ်ခုလုံး၏ ပြိုလဲနေမှုကို ကူညီပြီး တော်ဝင်မိသားစုကို ကယ်တင်ပေးလိမ့်မည်။

“သမားတော်ကြီး”

ယုဖေးရသည် အသာလျှောက်လာပြီးသည့်နောက် ပြောလိုက်၏။

“ဒီ ပန်းချီတစ်ခုတည်းကပဲ အမှန်ဖြစ်မလာသေးတာလေ။ ရှင့်ကို ဘာလို့ အင်ပါယာမြို့ဆီကို ခေါ်ဆောင် လာခဲ့တယ်ဆိုတာကို အခုချိန်မှာ နားလည်ပြီလို့ ယုံကြည်မိတယ်။”

ကျွင်းချောင်ရှောင်းသည် ဘာတစ်ခုမှ မပြောချေ။ ထိုအစား မှင်ဖြင့် ရေးသားထားသည့် ပန်းချီများကို သေသေချာချာ စစ်ဆေးလျက်ရှိ၏။ သူ၏ စိတ်ထဲတွင်ရှိနေသော တုန်လှုပ်မှုသည် ပိုမိုကာ ပြင်းထန်လာခဲ့၏။ ဤဆေးပန်းချီထဲ၌ ကောင်းကင်ယံထက်တွင် ရွက်သင်္ဘောကြီးများ လွင့်မျောလျက်ရှိနေပြီး လူပေါင်း သိန်းချီတို့သည် အင်ပါယာမြို့၏ အပြင်ဘက်တွင် ဒူးထောက်ကာ ခစားလျက်ရှိ၏။

တစ် နှစ် သုံး

ကုန်းရှန့်သည် တစ်ခုချင်းစီကို ရေကြည့်လိုက်၏။ ပြီးသည့်နောက် သူ၏ မျက်နှာပြင်တစ်ခုလုံးသည် တုန်ယင် လျက်ရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် ပန်းချီထဲတွင် ရေးထိုးထားသော ရွက်သင်္ဘောများ၏ အရေအတွက်သည် ၁၁ စင်းတိတိ ဖြစ်နေသောကြောင့်ပင်။

ပထမဦးဆုံး မီးအဆိပ်ရောဂါကို ကုသနိုင်သည်ဟု ခန့်မှန်းခဲ့၏။ ပြီးနောက် ရွက်သင်္ဘောကြီး ၁၁ စင်းသည် အင်ပါယာမြို့၏ အပေါ်ဘက်တွင် လွင့်မျောလျက်ရှိနေသည်ကို ခန့်မှန်းခဲ့၏။ ထိုသို့ဆိုလျှင် ကျိန်းသေပေါက် တိုက်ဆိုင်ခြင်းမဟုတ်တော့ချေ။

ဘုတ်

ထိုအချိန်မှာပဲ ယုဖေးရသည် မျက်နှာပေါ်သို့ မျက်ရည်များစီးဆင်းလျက်ရှိနေပြီး ဒူးထောက်ကာ တောင်းပန် လိုက်၏။ “သမားတော်ကြီးကျွင်းက အရင်တုန်းက ကျွမ်းကျင်သူကြီးတစ်ယောက်ပြောခဲ့တဲ့ ဆန်းကြယ်ပညာရှင်ပဲ ဖြစ်လိမ့်မယ်။ ကျေးဇူးပြုပြီး ကျွန်မတို့ လှိုင်းပြာအင်ပါယာကို ကူညီပြီး လူပေါင်းသန်းချီတဲ့ စစ်ပွဲမီးတောက် ကြားကနေ ကယ်တင်ပေးပါ။”

ဝှစ်

လေများတိုက်ခတ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ မီးခိုရောင်ဝတ်စုံများသည် လေထဲတွင် လွင့်မျော နေ၏။ သူ၏ မျက်နှာပေါ်ရှိ မျက်နှာဖုံးသည် လွင့်စင်သွားခဲ့ပြီး သာမန်ထက်ပိုသည့် သူရဲကောင်းဆန်သည့် မျက်နှာသည် ပေါ်ပေါက်လာခဲ့၏။

“မင်းသမီး”

ကျွင်းချောင်ရှောင်းသည် သူမကို နောက်ကျောပေးကာ ပြောလိုက်သည်။ “ဒီကျွင်းက အင်ပါယာတစ်ခုလုံး ပြိုလဲမှုကို ကူညီပေးမယ်ဆိုရင် တော်ဝင်မိသားစုကို ကယ်တင်သလို ဖြစ်မယ်။ ဒီတော့ ခင်ဗျား ကျုပ်ကို ပထမတန်းစား မီးကျောက်တွေ ဆုလာဘ်အဖြစ် ပေးနိုင်မလား။”

“သမားတော်ကြီး ရှင်လိုချင်သလောက်ရပါမယ်။”

ဝှစ်

ကျွင်းချောင်ရှောင်း၏ အသံသည် အဓိက ဟောခန်းထဲမှ ထွက်ပေါ်လာခဲ့ပြီး အင်ပါယာမြို့တစ်ခုလုံးကို ပျံ့နှံ့သွား၏။

“ဒီကိစ္စကို ကျုပ် ကူညီမယ်။”

All Chapters