← Chapters

အခန်း ၁၆၈၂

Vol. 113 Ch. 1682

အခန်း ၁၆၈၂

Vol. 113 Ch. 1682

အပိုင်း (၁၆၈၂)

လေပြင်းများတိုက်ခတ်ရုံလောက်နှင့် မီးခိုးရောင်ဝတ်စုံကြီး လွင့်စင်သွားဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ မျက်နှာ ပေါ်တွင် တပ်ထားသည့် မျက်နှာဖုံးဆိုလျှင် ပိုမို၍ ဆိုးဝါးလွန်းလှ၏။ ယခု မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည် ဆိုခြင်းမှာ ကျွင်းချောင်ရှောင်းတစ်ယောက် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းသာဖြစ်၏။

သူသည် အမှန်ပင် ဟန်ထုတ်ခဲ့ခြင်းပင်။ ဆိုးဝါးလွန်းလှသည့် ပုံပန်းသွင်ပြင်နှင့် အင်ပါယာနန်းတော်ကြီးကို မြင်ရသည့် အချိန်မှာတော့ ကုန်းရှန့်သည် အမှန်ပင် စိတ်လှုပ်ရှားမိ၏။ သူ အကူအညီပေးမှ ဖြစ်ပေတော့မည်။

သို့ပေမဲ့ အကြောင်းပြချက်တစ်ခုခုကို ရှာဖွေရန် လိုအပ်နေသေး၏။ သူသည် တည်ငြိမ်လေးနက်သည့် ယောက်ျားတစ်ယောက်ဖြစ်၏။ ရုတ်တရက် အမျိုးသမီးတစ်ယောက်ကို လိုလိုချင်ချင်နှင့် သွား၍ ကူညီလိုက်မည်ဆိုလျှင် တခြားသောသူများသည် သူ့အား မည်ကဲ့သို့ ကင်မွန်းတပ်တော့မည်နည်း။ ယောကျ်ား တစ်ယောက်ဖြစ်ရသည်မှာ ခက်ခဲလွန်းလှချေ၏။ ကူညီချင်တိုင်းတောင် ကူညီ၍ မရနိုင်ချေ။ ဤစာအုပ်၏ MC ဖြစ်ရခြင်းမှာ ပိုမို၍ပင် ဆိုးဝါးလွန်းလှ၏။

ကျွင်းချောင်ရှောင်းသည် စဉ်းစားနေရင်းမှ ပန်းချီကို သေသေချာချာ ကြည့်ရှုနေမိ၏။ ကြက်သွေးရောင် ငရဲလောကဆီသို့ ရောက်ရှိလာခဲ့ခြင်းသည် သူ၏ ကံကြမ္မာပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုမှတော့ ကယ်တင်ရှင် အဖြစ် ပြုမူဆောင်ရွက်ပေးရပေလိမ့်မည်။ ထိုကိစ္စများနှင့်ပတ်သက်၍ သူသည် အစောကြီးကတည်းက ရင်းနှီးပြီးသားလည်းဖြစ်နေသည်မဟုတ်ပါလား။ သူကူညီပေးရမည်။ သို့သော်လည်း သူ၏ အမူအကျင့်ကို အဆုံးရှုံးမခံနိုင်ခဲ့ ချေ။ ထို့ကြောင့် အရာကိစ္စအားလုံးပြီးသည်နှင့်အကျိုးကျေးဇူးများကို ရရှိရန် တောင်းဆိုနေခြင်းပင်။

ဟုတ်ပေ၏။ လှိုင်းပြာအင်ပါယာသည် လက်ရှိအခြေအနေမှာတော့ အလွန်တရာဆင်းရဲလွန်းလှ၏။ လိုချင်သည့် အရာများကို ပေးနိုင်သည်ဟု ယုဖေးရ ပြောဆိုခဲ့ခြင်းမှာ သူမကိုသာ လောကကြီးတစ်ခုလုံးအား ပြန်လည်စုစည်းပေးနိုင်ရန် ကူညီခဲ့သည်ဆိုပါက ကျိန်းသေပေါက် များပြားလှ သော ငွေကြေးများကို ရရှိတော့မည်ဖြစ်၏။ ထိုသို့ဆိုလျှင် သူမအနေနှင့် ကျိန်းသေပေါက် ပြန်လည်ကာ ပေးနိုင်စွမ်းရှိပေလိမ့်မည်။

“လက်ခံသူက တကယ့်ကို စိတ်ထားမာကျောလှတဲ့ လူတစ်ယောက်ပဲ။ အခု မင်းသမီးတစ်ပါးက ဒူးထောက်ပြီး တောင်းပန်လိုက်တယ်ဆိုတာနဲ့ တစ်ခါတည်းပျော့ကျသွားတာပဲ။”

“တော်စမ်း” ကျွင်းချောင်ရှောင်းက ထကာ ဆဲဆိုလိုက်၏။

စနစ်သည် လိုရင်းအကြောင်းအရာကို ပြန်လည်ကာ ပြောဆိုလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀၀ ကျော်အတွင်းမှာဖြစ်ခဲ့တဲ့ အဓိကအဖြစ်အပျက်တွေအကုန်လုံးကို စာရင်းပြုလုပ် ထားလိုက်။ ဒါဆိုရင် အနာဂတ်ကို ခန့်မှန်းနိုင်တဲ့ ဒီပန်းချီတွေကို ဘယ်သူချန်ထားတာလဲဆိုတာက သိနိုင်ပြီ။”

“အမှန်ပဲ။”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီကိစ္စက မယုံကြည်နိုင်စရာပဲ။”

အထက်တွင် ရေးသားထားသော စာတမ်းများကို ကြည့်ရှုရမည်ဆိုလျှင် သူ့ကို ပြောဆိုနေခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိနိုင်၏။ အချိန်နှင့်တည်နေရာသည် တစ်ချက်ကလေးမှ အမှားအယွင်းမရှိခဲ့ချေ။ လှိုင်းပြာအင်ပါယာကြီးတစ်ခုလုံးကို တည်ထောင်ပေးခဲ့သည့် ဘိုးဘေးကြီးသည် သာမန်ထက်ပိုကာ ထူးချွန် လှသော အနာဂတ်ကံကြမ္မာဖတ်ခြင်းအတတ်ကိုပင် ကျွမ်းကျင်နေသည်လားမသိနိုင်ချေ။ သို့မဟုတ် အနာဂတ်မှ ရောက်ရှိလာခြင်းလည်းဖြစ်နိုင်သည်။

“လူကြီးမင်းကျွင်း”

ကျွင်းချောင်ရှောင်း၏ စကားကို ကြားရပြီးနောက် ယုဖေးရသည် ပျော်ရွှင်သွားမိ၏။ “လှိုင်းပြာအင်ပါယာရဲ့ အနီးအနားမှာရှိတဲ့ နိုင်ငံ၂ခုကတော့ လှိုင်းပြာအင်ပါယာကို လေးစားသမှုရှိသေးတယ်။ သမားတော်ကြီးကျွင်းအနေနဲ့ အဲ့ကိုသွားပြီးတော့ သူတို့ကို ပြောဆိုဆက်ဆံပြီး ဆွဲဆောင်သိမ်းသွင်းဖို့ ကူညီ ပေးပါ။”

“………..”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ တစ်ဖက်လူများ၏ ရောဂါကိုပျောက်ကင်း‌အောင် သွားရောက် ကုသပေးခြင်းအားဖြင့် သူ၏ စကားကို အားလုံးက နာခံလိမ့်မည်ဟု သူမ က တွေးထင်လို့နေသည်။ ဤမိန်းကလေးသည် ငယ်ရွယ်ကာ နုံအလွန်းလှချေသည်။

“မင်းသမီး”

ကျွင်းချောင်ရှောင်းသည် အသာလှည့်ကာ ပြောလိုက်၏။ “ကျုပ်ကကူညီဖို့ဆုံးဖြတ်ပြီးပြီဆိုမှတော့ ဒီလောက်ကြီး ဒုက္ခခံနေစရာမလိုတော့ပါဘူး။”

“လူကြီးမင်းကျွင်း ….. ရှင်”

၎င်း၏ အသွင်အပြင်သည် ပိုမိုကာ ငယ်ရွယ်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ ယုဖေးရ၏ အမူအရာ များသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားသည်။

“ဟင်း”

ထင်မှတ်ထားသည့်အတိုင်း သူသည် သူ၏ ချောမောလှပသည့် အသွင်အပြင်ကို ထုတ်ဖော်ပြသ၍ မဖြစ်နိုင်ချေ။

ထိုအချိန်မှာတော့ ယုဖေးရက ပြောလိုက်၏။ “ရှင့်ရဲ့ ဆံပင်တွေက ဘာဖြစ်နေတာလဲ။”

ပြိုင်စံရှားဂိုဏ်းနှင့် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့၏ ဂိုဏ်းချုပ်နှင့် တိုက်ခိုက်သည့်အချိန်တွင် သူ၏ ဆံပင်များသည် ဆုံးရှုံးသွားခဲ့၏။ ထို့ကြောင့် အထက်နယ်မြေက ထွက်ခွာသည့်အချိန်တွင် သူသည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသည့် ဆံပင်အတုကြီးကို ဝတ်ဆင်ခဲ့၏။ လက်ရှိအခြေအနေမှာတော့ ကုတ်အင်္ကျီကို ခါယမ်းပြီး မျက်နှာဖုံးကိုချွတ်လိုက်သည့်အခြေအနေမှာတော့ အားသုံးတာ များသွားခဲ့၏။ ထို့ကြောင့် ခေါင်းတုံးဖြစ်သွားခဲ့ပြန်သည်။

“မင်းသမီး”

စစ်သူကြီးသည် အလျင်အမြန်လျှောက်ဝင်လာခဲ့၏။ ကျွင်းချောင်ရှောင်း၏ အသွင်အပြင်ကို တစ်ချက်ကလေး မှ သတိမပြုမိချေ။ သူ၏ မျက်လုံးထဲတွင် ဒေါသတရားနှင့်ပြည့်နှက်စွာဖြင့် သတင်းလာရောက်ပေးပို့ခြင်းဖြစ်၏။ “နိုင်ငံအသီးသီးက သံတမန်တွေ ထပ်လွှတ်လိုက်ပြန်ပြီ။”

“ဘာလို့ သူတို့က ထပ်ရောက်လာပြန်တာလဲ။” ယုဖေးရသည် မျက်မှောင်ကုတ်မိလိုက်သည်။

ဤနိုင်ငံများသည် တော်ဝင်မိသားစုကို တစ်ချိန်လုံးစောင့်ကြည့်နေကြခြင်းသာဖြစ်၏။ အချိန်တိုင်းလိုလိုပင် လာရောက်ကာဒုက္ခပေးလျက်ရှိနေ၏။ သူမသည် ထိုအရာများနှင့်ပတ်သက်၍ အသားကျ၍ပင် နေလေ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူတို့က ဒီကျွင်းကို လာရှာတာပဲဖြစ်မှာပေါ့။”

“ဒီလိုလား။”

“ဒါဆိုရိုးရှင်းပါတယ်။ လက်ရှိမင်းသမီးရဲ့ အခြေအနေကိုတောင်မှ ဒီကျွင်းက မီးအဆိပ်ကို ကုသနိုင်စွမ်း ရှိတယ်ဆိုတော့ တစ်ခြားနိုင်ငံတွေကလည်း သေချာသိရှိသွားမှာပေါ့။ မဟုတ်ဘူးလား။”

“ဟုတ်ပါတယ်။ မှန်ပါတယ်။ သမားတော်ကြီး”

ပြောရမည်ဆိုလျှင် ယုဖေးရသည် အင်ပါယာမြို့မှတဆင့် အလျင်အမြန်နှင့် ရောက်ရှိလာခဲ့ခြင်းမှာ ပန်းချီများပေါ်တွင် ရှိနေသည့် အကြောင်းအရာများကို အလုံးစုံယုံကြည်သောကြောင့်ပင်။ ထို့ကြောင့် သူမကို မျက်စိဒေါက်ထောက် စောင့်ကြပ်ကြည့်ရှုလျက်ရှိနေကြသည့် လူများအားလုံး၏ အကြည့်အောက်မှာပဲ ထွက်ခွာလာခဲ့ခြင်းဖြစ်၏။

မြို့တော်ဝန်ဝမ်သည် တော်ဝင်မိသားစုကို သစ္စာခံသော လူအနည်းငယ်များထဲမှ တစ်ယောက်လည်း ဖြစ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် စိတ်ချရသည်ဆိုလျှင်တောင်မှ တခြားသောသူများ၏ မျက်လုံးများကို ရှောင်ရှားသွား၍မဖြစ်နိုင်ပေ။ တနည်းမဟုတ် တနည်းဖြင့် သိပေလိမ့်မည်။

…

နန်းတော်၏ ဟောခန်း ….။

ပြောရမည်ဆိုလျှင် နာမည်အရသာ နန်းတော်၏ ဟောခန်းဟု ပြောဆိုရခြင်းဖြစ်ပြီး လေးဖက်လေးနံ နံရံများ ရှိသည့် အိမ်တစ်ခုဟုသာ သတ်မှတ်ရပေလိမ့်မည်။

များပြားလွန်းလှသော နိုင်ငံအသီးသီးမှ သံတမန်များ သည် ဘေးတစ်ဖက်တစ်ချက်တွင် ရပ်ကာဖြင့် ခေါင်းကိုမော့ ရင်ကိုကော့ထားကြ၏။ ၎င်းတို့သည် အမှန်ပင် မောက်မာဝင့်ကြွားလျက်ရှိ၏။

လွန်ခဲ့သည့် နှစ်ပိုင်းအတိုင်း ကြက်သွေးရောင်ငရဲ လောကကြီးတစ်ခုလုံးသည် စစ်မက် ဖြစ်ပွားနေခဲ့၏။ နိုင်ငံအသီးသီးတို့သည် တစ်ယောက်နှင့်တစ်ယောက်နှင့် ခေါင်းချင်းဆိုင်လိုက်သည်နှင့် ကျိန်းသေပေါက်တိုက်ခိုက်သည့် အခြေအနေမျိုး၌ တည်ရှိနေခဲ့၏။ ထို့ကြောင့် ရောက်ရှိလာခဲ့သည့် သံတမန်များသည် တစ်ယောက်နှင့်တစ်ယောက် မနှစ်သက်လှချေ။

“အားလုံးပဲ။”

ယုဖေးရသည် ဘေးတံခါးဆီမှ လျှောက်ထွက်လာခဲ့ပြီးသည့်နောက် သူမအဖေသာလျှင် ထိုင်ခွင့်ရှိသော အင်ပါယာပလ္လင်ပေါ်သို့ တက်ထိုင်လိုက်၏။ ဤအပြုအမူသည် တစ်လောကလုံးတွင် ရှိနေသည့် သံတမန်များ အားလုံးကို ဆွံ့အသွားစေခဲ့သည်။

“မင်းသမီး”

ထိုသူများထဲမှ တစ်ယောက်သည် အေးစက်သည့် မျက်နှာသွင်ပြင်နှင့် ပြောလိုက်၏။

“ရှေးတုန်းထဲက အင်ပါယာရဲ့ အကြီးမြတ်ဆုံး အုပ်စိုးသူတစ်ယောက်ကသာလျှင် ဒီပလ္လင်ပေါ်မှာ ထိုင်နိုင်စွမ်း ရှိတယ်လေ။ ခင်ဗျားအနေနဲ့ ဒီပေါ်မှာ ထိုင်ဖို့ဆိုတာ မသင့်တော်မှာ စိုးရိမ်ရတယ်။”

ဤအရာသည် အဓိပ္ပာယ်ပါပါပြောဆိုလိုက်ခြင်းဟု သတ်မှတ်ရမည်။

တခြားသော သံတမန်တစ်ယောက် ကလည်း နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “မင်းသမီးက နန်းပလ္လင်ကို ဆက်ခံပြီး အင်ပါယာနေရာကို ယူဖို့ စဉ်းစားထားတာလား။”

“အင်ပါယာက သစ္စာဖောက်တွေကြောင့် အပြင်ဘက်မှာ ဖမ်းချုပ်ခံထားရတယ်လေ။ ဆိုရိုးစကားရှိတယ်မလား။ အင်ပါယာကြီးတစ်ခုဆိုတာက အုပ်စိုးသူမရှိဘဲ တစ်ရက်တောင် နေလို့မရဘူး။ ဒီတော့ အင်ပါယာရဲ့ သွေးဆက်ကို ဆက်ခံထားတဲ့ မင်းသမီးတစ်ယောက်အနေနဲ့ ဒီပလ္လင်ပေါ်မှာ ထိုင်ဖို့ ဘာလို့ အရည်အချင်း မရှိရမှာလဲ။”

အသံတစ်သံ ထွက်ပေါ်လာသည်။

“ဘယ်သူလဲ”

အားလုံးသောသူတို့သည် အသာလှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ အပြင်ဘက်ဟောခန်းဆီမှ လှမ်းလျှောက်ဝင်လာခဲ့သည့် အသက် ၂၀ အရွယ် အဖြူရောင်အင်္ကျီနှင့် လူတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုသူသည် တံခါးကို အသာမှီကာဖြင့် ပြုံးလျက်ရှိနေ၏။ မျက်နှာကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် ရိုက်နှက်ချင်ဖွယ်ရာ ကောင်းလွန်းလှ၏။

အနည်းငယ် စိုးရွံ့မိနေသည့် ယုဖေးရသည် သမားတော်ကြီးကို မြင်ရသည့် အချိန်မှာတော့ စိတ်ထဲတွင် တည်ငြိမ်သွားခဲ့သည်။

ကျွင်းချောင်ရှောင်း၏ အကြံပြုချက်အတိုင်း သူမသည် ဖခင်၏ ပလ္လင်ပေါ်တွင် ထိုင်လိုက်ခြင်းသာဖြစ်၏။

အင်ပါယာကြီးတစ်ခုလုံးကို ပြန်လည်စုစည်းပြီး အာဏာ ရရှိရန် အလွယ်ကူဆုံးသောနည်းသည် တော်ဝင်အင်ပါယာအနေ နှင့် အင်ပါယာအသစ်တစ်တစ်ယောက်ကို ဆက်ခံလိုက်ပြီဖြစ်ကြောင်း အားလုံးကို ကြေညာခြင်းပင်ဖြစ်သည်။ ပြီးနောက် နိုင်ငံအသီးသီးဆီမှ ခေါင်းဆောင်များအားလုံးကို ဖိတ်ကြားကာဖြင့် အားလုံးကို အညံ့ခံရန် မေးမြန်းလိုက်ခြင်းက အထိရောက်ဆုံး နည်းလမ်းပင် ဖြစ်လေသည်။

တော်ဝင်မျိုးဆက်များကို ကုသခြင်းနှင့်ပတ်သက်၍တော့ အောင်မြင်မလား၊ မအောင်မြင်မလားဆိုသည်က အားလုံး၏ စိတ်ပေါ်တွင် မူတည်လျက်ရှိနေသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေနှင့် ဤမျှ အချိန်ပေး၍ ပြုလုပ်ရန် ရည်ရွယ်ချက်မရှိချေ။ လက်ရှိအခြေအနေမှာတော့ သူသည် ရိုးရှင်းပြီး ထိရောက်လွန်းလှသော နည်းလမ်းကို အသုံးပြုလိုက်ခြင်းပင်ဖြစ်၏။

အားလုံးသောသူများကို ခေါ်ဆောင်ကာဖြင့် အညံ့ခံမလား၊ အညံ့မခံဘူးလားဆိုသည်ကို မေးမြန်းခြင်းသည် သူပြုလုပ်ခဲ့ဖူးသည့် အရာများလည်းဖြစ်လေသည်။

“ကောင်လေး။”

သံတမန်တစ်ယောက်သည် အေးစက်စက်နှင့် အော်ဟစ်လိုက်၏။ “မင်း ဘယ်သူလဲ”

ဘုတ်

ကျွင်းချောင်ရှောင်းသည် နန်းပလ္လင်ရှိရာသို့ ခပ်သွက်သွက်လျှောက်သွား၏။ ပြီးနောက် ထိုင်ခုံတစ်ခုကို အသာ ဆွဲကာဖြင့် ယုဖေးရ၏ ဘေးနားတွင် ထိုင်လိုက်၏။ သူသည် ခြေထောက်ကို ချိတ်ကာဖြင့် ပြောလိုက်သည်။ “လှိုင်းပြာအင်ပါယာရဲ့ စစ်သူကြီးချုပ် ကျွင်းချောင်ရှောင်း”

“စစ်သူကြီးချုပ်ဟုတ်လား။”

သံတမန်သည် နှာခေါင်းကို ရှုံ့လိုက်၏။ “ကျုပ်တို့ လှိုင်းပြာအင်ပါယာက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းထဲက တည်ဆောက်ထားခဲ့အရာလေ။ ဒါပေမဲ့ စစ်သူကြီးချုပ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။”

“အရင်က မရှိဘူး။”

ယုဖေးရက ပြောလိုက်သည်။ “အခုတော့ရှိတယ်။”

ပြောပြီးသည့်နောက် သူမသည် သူမအဖေ သူမအား ပေးခဲ့သည့် အင်ပါယာကျောက်စိမ်းစည်းတစ်ခုအား သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်၏။ ပြီးနောက် လေးနက်တည်ကြည်စွာဖြင့် ကြေညာလိုက်၏။

“လှိုင်းပြာအင်ပါယာရဲ့ စစ်သူကြီးချုပ် ကျွင်းချောင်ရှောင်း ဖြစ်ကြောင်း ကျွန်မကြေညာတယ်။”

ရွှီး …..။

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် အောက်ဆီသို့ အသာလျှောက်လိုက်ပြီးနောက် လက်သီးဆုပ်ကာ ပြောလိုက်သည်။

“ကျေးဇူးပါ ဧကရီ”

“ဧကရီ ဟုတ်လား။”

ဤအမျိုးသမီးသည် နန်းပလ္လင်ကိုပင် ဆက်ခံရဲနေသည်လား။

ဟားဟား ဟားဟား

နိုင်ငံတစ်ခုမှ သံတမန်သည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ “စစ်သည်နှင့် စစ်သူကြီးတွေ မရှိဘဲနဲ့ နန်းပလ္လင်ကို ဆက်ခံရဲတဲ့ မိန်းမတစ်ယောက်ဆိုတာက ထူးခြားလွန်းတယ်။ နှလုံးသားကို မီးအဆိပ် တိုက်စားတာများပြီး ဦးနှောက်တစ်ခုလုံး ပျက်သွားတာလည်း ဖြစ်နိုင်တယ်။”

“သံ …. သံတမန်ကြီး”

ထိုအချိန်မှာပဲ စစ်သည်အနည်းငယ်တို့သည် အထဲသို့ လျှောက်ဝင်လာပြီး ကြောက်ရွံ့နေသည့် လေသံဖြင့် ပြောလိုက်သည်။ “ကောင်းကင်မှာ မွန်းစတားတွေ အများကြီးပဲ။”

“မွန်းစတားတွေဟုတ်လား။”

အားလုံးက ဆွံ့အသွားခဲ့ကြသည်။ အားလုံးသောသူတို့သည် တစ်ယောက်ပြီးတစ်ယောက် ဟောခန်း၏ အပြင်ဘက်ဆီသို့ ပြေးထွက်လိုက်ကြ၏။ ခေါင်းကိုမော့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ၎င်းတို့၏ အမူအရာများအားလုံးသည် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်ကုန်၏။

သူတို့ဘာကို မြင်လိုက်သနည်း။ ကောင်းကင်ယံကြီးတစ်ခုလုံးတွင် ကြီးမားလှသည့် အားအင်အဆင့်နှင့် ဆွဲခွဲခြင်းခံလိုက်ရသလို အက်ကွဲကြောင်းကြီးတစ်ခုဖြစ်တည်လာပြီး ကြီးမားလွန်းလှသည့် ရွက်သင်္ဘောကြီး ၁၀ စင်း ကျော်တို့သည် ဖြေးညှင်းစွာဖြင့် ပေါ်ပေါက်လာ၏။ အရှိန်အဟုန်သည် ပြင်းထန်လွန်းပြီး ကောင်းကင်ကြီး တစ်ခုလုံးကိုပင် တုန်ခါစေသည်။

ဖြောက် ဖြောက် ဖြောက်

ရွက်သင်္ဘော၏ အောက်ခြေတစ်ခုလုံးသည် ပွင့်ထွက်သွားပြီးနောက် အလင်းတန်းတစ်ခု ထွက်လာ၏။ ထိုသူများအားလုံးသည် နန်းတော်၏ အတွင်း ခြံဝန်းထဲသို့ ညီညီညာညာ ဆင်းသက်လာ၏။ အားလုံးတို့သည် ဝတ်စုံအပြည့်ဝတ်ဆင်ထားသော အရပ်ရှည်ရှည်နှင့် စစ်သည်ပေါင်း ၂သိန်းတို့ပင် ဖြစ်၏။

သံတမန်များအားလုံးသည် အလုံးစုံ ဆွံ့အသွားခဲ့၏။ အပြင်ဘက်သို့ လျှောက်ထွက်လာခဲ့သော ယုဖေးရပင်လျှင် ဆွံ့အလျက်ရှိသည်။ နတ်ဆိုးစစ်သည် ၂ သိန်းတို့သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“နှုတ်ဆက်ပါတယ်အရှင်မင်းကြီး”

“နှုတ်ဆက်ပါတယ် စစ်သူကြီးချုပ်”

၎င်းတို့၏ အသံသည် ကျယ်လောင်လွန်းလှသောကြောင့် ကောင်းကင်ယံကြီးတစ်ခုလုံးကို လွင့်ပျံ့နေခဲ့၏။ ယုဖေးရနှင့် တခြားသောသံတမန်များအားလုံးတို့သည် ထိတ်လန့်အံ့အားသင့်မိနေကြ၏။

ရွှီ …။

ကျွင်းချောင်ရှောင်းသည် ပျံသန်းပြီးသည့်နောက် ထိုစစ်တပ်ကြီးရှေ့တွင် မတ်မတ်ရပ်လိုက်၏။ ပြီးနောက် သူသည် ချပ်ဝတ်ကို အသာထုတ်ဝတ်ကာဖြင့် လက်သီးကို ဆုပ်လိုက်သည်။

“စစ်သူကြီး ကျွင်းချောင်ရှောင်းက မီးနဲ့ရေတွေကို ဘယ်လောက်ကြီးမားတဲ့ အခက်အခဲပဲဖြစ်ဖြစ် ကျော်ဖြတ်ပြီး လှိုင်းပြာအင်ပါယာကို ပြန်လည်တည်ထောင်ပါ့မယ်။”

သူသည် ဟန်ဆောင်နေခြင်းမဟုတ်ပေ။ အစစ်အမှန် ယုဖေးရကို ကူညီနေခြင်းသာဖြစ်၏။

All Chapters