← Chapters

အခန်း ၁၆၈၃

Vol. 113 Ch. 1683

အခန်း ၁၆၈၃

Vol. 113 Ch. 1683

အပိုင်း (၁၆၈၃)

ကျွင်းချောင်ရှောင်းသည် ယုဖေးရအား ကူညီရန် ဆုံးဖြတ်ခဲ့၏။ သို့ပေမဲ့ သူသည် အပြင်လူတစ်ယောက်သာ ဖြစ်၏။ ထို့ကြောင့် နည်းလမ်းတစ်ခုကို စဉ်းစားလိုက်မိသည်။ သူမအား အင်ပါယာအဖြစ် နန်းပုလ္လင်ဆက်ခံပြီး သူ့အား စစ်သူကြီးချုပ်အဖြစ် တာဝန်ပေးအပ်ရန်ပင် ဖြစ်တော့သည်။ ဤနည်းဖြင့် သူသည် များပြားလှသော နိုင်ငံအသီးသီးကို ရိုက်နှက်ရန် အကြောင်းပြချက် ရသွားပေလိမ့်မည်။

ဟုတ်ပေသည်။ ကုန်းရှန့်အနေဖြင့် အစောကတည်းက သိုသိုသိပ်သိပ်ဖြင့် နေခဲ့ခြင်း ဖြစ်တော့၏။ သူသည် နတ်ဆိုးစစ်သည် နှစ်သိန်းကိုသာ ခေါ်ယူခဲ့ပြီး ကျန်သည့်လူများသည် ရွက်သင်္ဘောပေါ်တွင် ကျန်ရှိနေခဲ့၏။ မဟုတ်ပါက ဂြိုလ်တစ်ခုလုံးသည် သွေးကန်ထဲသို့ ရောက်ရှိသွားမှာ သေချာ၏။ ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း သည် အဘယ့်ကြောင့် များပြားလှသော ရွက်သင်္ဘောများကို တည်ဆောက်ချင်ရသနည်း။

များပြားလှသော နိုင်ငံအသီးသီးမှ သံတမန်များသည် စစ်သည်ပေါင်း နှစ်သိန်းကို မြင်ရသည့်အချိန်မှာတော့ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားမိ၏။ အထူးသဖြင့် အလွန်အားကောင်းလှသော နတ်ဆိုးချီများ ထွက်ပေါ်နေသည်ကို ခံစားမိသည့် အချိန်မှာတော့ ကြက်သီးမွှေးညင်းများပင် ထလျက်ရှိ၏။ သူတို့သည် စစ်သည်ပေါင်း သန်းချီကို အစောကတည်းက မြင်ခဲ့ဘူး၏။ သို့ပေမဲ့ အမြူတေပြောင်းလဲခြင်း အဆင့်ရှိသော စစ်သည်ပေါင်း နှစ်သိန်းကျော်ကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ထို့ပြင် ထိုသူတို့အားလုံးသည် ယောကျာ်းကြီး များသာ ဖြစ်ကြ၏။ အလွန်တရာ တောင့်တင်းလှပြီး အားကောင်းလွန်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေကြသည်။

မူလအားဖြင့် အတုန်လှုပ်ရဆုံးလူသည် ယုဖေးရပင် ဖြစ်၏။ ထို့ပြင် အင်ပါယာမြို့၏ အပေါ်ဖက်တွင် ရွက်သင်္ဘောဆယ့်တစ်စင်း က လွင့်မျောလျက် ရှိနေ၏။ ထိုအရာသည် သူမ၏ ကံကြမ္မာပန်းချီ နှစ်ဆယ့်လေးခုနှင့် တစ်ပုံစံတည်း တူညီလျက် ရှိနေ၏။ ကွားခြားချက်မှာ လူပေါင်းသိန်းချီတို့သည် အောက်တွင် ဒူးထောက်ကာ ခစားနေမှုပင်။

"အင်ပါယာအဖေ။ အမှန်ပဲ သမားတော်ကျွင်းက ကျွန်မတို့ လှိုင်းပြာအင်ပါယာကို ပြန်ပြီးတိုးတက်အောင် ကူညီပေးနိုင်လိမ့်မယ်။”

သူမသည် ပိုပို၍ ခံစားချက်များ ပြင်းထန်လာခဲ့၏။ ထို့ကြောင့် ပါးစပ်ကို ဖုံးကာကာဖြင့် မငိုမိအောင်ပင် မနည်းကြိုးစားနေရ၏။ သူမသည် နန်းပုလ္လင်ပေါ်တွင် တက်ထိုင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းအား စစ်သူကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ဘာတစ်ခုမှ ထပ်လုပ်စရာ မလိုတော့ချေ။ အေးအေးဆေးဆေးနှင့် ထိုင်ကာ ကြည့်ရှုနေရုံသာ ရှိတော့၏။

ရွှီ ရွှီ …..။

ထိုအချိန်မှာပဲ လီချင်းယန်ဦးဆောင်သော ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် ပျံသန်းထွက်ခွာလာခဲ့ကြ၏။ ၎င်းတို့သည် တိုက်ပွဲဝင်ချပ်ဝတ်များကို ဝတ်ဆင်ထားကြပြီး အေးစက်သည့် အကြည့်ဖြင့် တည်ရှိနေ၏။ အားလုံးသော သူတို့သည် တကယ့်ကို ကြီးကျယ်မြင့်မြတ်လှသော စစ်သူကြီးများကဲ့သို့ပင်။

"နိုင်ငံကို ဘေးဒုက္ခရောက်အောင် ပြုလုပ်နေတဲ့ ဒီသစ္စာဖောက်တွေကို ဖမ်းလိုက်တော့။ "

ကျွင်းချောင်ရှောင်းသည် အော်ဟစ်လိုက်၏။ ချက်ချင်းပဲ သူ၏စစ်သူကြီးချုပ် အော်ရာများသည် ဖြစ်တည်လာခဲ့၏။ ရာထူးတစ်ခုကို ရယူထားမှသော သူသည် ကျိန်းသေပေါက် ထိုအရာနှင့် ထိုက်တန်သည်များကို ပြုလုပ်ရပေတော့မည်။

"ကောင်းပါပြီ"

အမိန့်ကို လက်ခံရရှိပြီးသည့်နောက် တပည့်များသည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြ၏။

"ဘယ်သူလုပ်ရဲလဲ ကြည့်မယ်"

သံတမန်များထဲမှ တစ်ယောက်သည် ရှေ့ဆီသို့ လှမ်းတက်လာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။ ကြမ်းတမ်းလှသော မီးဓာတ်စိတ်ဝိညာဉ်များသည် သူ၏ခန္ဓာကိုယ်ထဲမှ ဖြစ်တည်လာပြီး သူ၏ အဝတ်အစားများပင် ပေါက်ကွဲထွက်ကုန်၏။ ပြည့်စုံလှသည့် ကြွက်သားများနှင့် ဝမ်းဗိုက်သားတစ်ခုက ပေါ်ပေါက်လာသည်။

"သံတမန်ရန်ရဲ့ မီးတိမ်ခန္ဓာကိုယ်က ထိပ်ဆုံးအဆင့်ကိုတောင် ရောက်နေပြီပဲ"

ဟမ့်

သံတမန်ရန်သည် အေးစက်သည့် လေသံဖြင့် ပြောလိုက်၏။ "ကျုပ်တို့ လှိုင်းပြာအင်ပါယာရဲ့ နန်းပုလ္လင်ကို ဘယ်ချိန်တုန်းက မိန်းမတစ်ယောက်က ဆက်ခံဖူးလို့လဲ။ ဒီနေ့မှာ ဒီအမျိုးသမီးက ဘိုးဘေးတွေရဲ့ ဥပဒေကို ချိုးဖောက်ချင်တယ် ဆိုမှတော့ ကျုပ် ရန်ချီက ကျိန်းသေပေါက် သဘောတူမှာ မဟုတ်ဘူး"

ဘုန်း

မြေပြင်တစ်ခုလုံးသည် ချိုင့်ဝင်သွားပြီး နေရာအနှံ့တွင် ဖုန်များဖြင့် ပြည့်နှက်နေ၏။

ရီရှင်းချန်သည် မျက်နှာထက်တွင် မောက်မာလှသည့် အကြည့်ဖြင့် လှမ်းလျှောက်ထွက်လာ၏။ သူသည် သံတမန်ရန်၏ ခြေထောက်ကို ခွေးသေကောင်တစ်ကောင်ကဲ့သို့ လက်တစ်ဖက်ဖြင့် ဆွဲယူလာခဲ့သည်။ "အမှိုက်တွေက အမှိုက်ကန်ထဲကို သွားရလိမ့်မယ်"

ညအင်ပါယာသည် စကားနည်းလှသော လူတစ်ယောက်ပင် ဖြစ်၏။

တိတ်ဆိတ်ငြိမ်သက်မှု။

ရန်ချီ၏ အားအင်အဆင့်ကို အားလုံးသော သံတမန်များက သိရှိကြ၏။ သို့ပေမဲ့ အေးစက်ပြီး မောက်မာလွန်းလှသော ပုံပေါ်သည့် လူငယ်တစ်ယောက်သည် ချက်ချင်းပဲ ရောက်ရှိလာကာ တစ်ချက်တည်း ရိုက်နှက်သွားခဲ့သည်။

ရီရှင်းချန်သည် သူ၏အော်ရာများကို ဖိနှိပ်ထားခဲ့ခြင်းသာ ဖြစ်၏။ မဟုတ်ပါက သူ၏လက်ရှိ အားအင်အဆင့်အရဆိုလျှင် ကြက်သွေးရောင် ငရဲလောက၏ ထိပ်တန်းကျွမ်းကျင်သူများထဲမှ တစ်ယောက်ဖြစ်နေမှာ သေချာ၏။

ကျွင်းချောင်ရှောင်းသည် ရှောင်ကျီ ပြင်ဆင်ပေးထားသော ထိုင်ခုံပေါ်တွင် ခြေချိတ်ထိုင်ကာ ပြောလိုက်သည်။ "ခင်ဗျားတို့ မပူးပေါင်းဘူးဆိုရင် နာကျင်မှုကို ခံစားရမယ်"

"အမှိုက်ကောင်"

သံတမန်တစ်ဦးသည် ပြောလိုက်၏။ "မင်းက မင်းသမီးကို နည်းလမ်းတစ်ချို့သုံးပြီး ထိန်းချုပ်ထားတာပဲ ဖြစ်ရမယ်။ လှိုင်းပြာအင်ပါယာက လူတွေအနေနဲ့ မင်းလုပ်ချင်တာလုပ်ဖို့ ဘာကြောင့်ခွင့်ပြုပေးရမှာလဲ"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကိုယ့်ကိုကိုယ် လှိုင်းပြာအင်ပါယာ နိုင်ငံသားတစ်ယောက်လို့ ပြောဖို့ မျက်နှာ ရှိသေးတယ်ပေါ့။ ဘယ်လောက် ရယ်ဖို့ကောင်းလိုက်လဲ"

ဝှစ် ဝှစ်

စုရှောင်မို၊ ရှောင်ချီနှင့် အခြားသော တပည့်များသည် ပျံသန်းလိုက်ကြ၏။ အားလုံးသောသူတို့သည် သံတမန်များကို စူးစိုက်ကြည့်ကာဖြင့် ဘာပြောမလဲကို စောင့်နေကြ၏။

"အားလုံးပဲ"

သံတမန်တစ်ယောက်က အော်ဟစ်လိုက်သည်။ "မင်းသမီးက ဒီလိုကိစ္စတွေ ပြုလုပ်ချင်နေမှတော့ ကျုပ်တို့ တားမှဖြစ်လိမ့်မယ်"

ပြောပြီးပြီးခြင်းမှာပဲ အားလုံးသောသူတို့သည် တုံ့ပြန်လာကြ၏။

အားလုံးသောသူတို့ဆီမှ တူညီသည့်အဖြေကို ရရှိပြီးနောက် လီချင်းယန်နှင့် အခြားသောသူများသည် လုပ်စရာရှိသည်များကို ဆက်လက်ကာ လုပ်ဆောင်တော့သည်။ ချက်ချင်းပဲ သူတို့အားလုံးကို ဖမ်းဆီးလိုက်သည်။

သံတမန် တော်တော်များများသည် မတိုက်ခိုက်ဘဲ ဖမ်းဆီးခြင်းကို ကျိန်းသေပေါက် ခံယူလိမ့်မည် မဟုတ်ချေ။ သူတို့၏ ကျင့်ကြံခြင်း အဆင့်များကို ထုတ်ဖော်ကာဖြင့် အလွန်ကြီးမားကျယ်ပြန့်လှသော အော်ရာများကို ထုတ်ဖော်တော့၏။

"……..."

လီချင်းယန်နှင့် အခြားသောသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်၏။ သူတို့သည် သက်သောင့်သက်သာနှင့် အေးအေးဆေးဆေး ပြီးသွားချင်သည့်စိတ်ကို ပိုင်ဆိုင်ချင်ကြ၏။ သို့ပေမဲ့ ……

ဝှစ် ဝှစ်

လက်ရွေးစင်တပည့်များသည် ထပ်မံကာ ဟန်မဆောင်ကြတော့ချေ။ ၎င်းတို့၏ အစစ်အမှန်ရှာဖွေခြင်းအဆင့် ကျင့်ကြံခြင်းများကို ထုတ်လွတ်လိုက်ပြီးနောက် များပြားလှသော သံတမန်များ ထုတ်ဖော်နေသည့် အော်ရာများကို ဖိနှိပ်လိုက်သည်။

သံတမန်များ၏ မျက်နှာအမူအရာသည် ချက်ချင်းပဲ ပြောင်းလံသွားခဲ့ကြ၏။ ၎င်းတို့သည် သွေးများပင် အန်ထွက်ခဲ့ကြ၏။ ဤလူတို့၏ အားအင်အဆင့်သည် မဆိုးလှချေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များရှေ့မှာတော့ ထိုသူတို့သည် အားနည်းလှသည့် ကြက်ပေါက်လေးများ ကဲ့သို့ပင်။

ဘုတ် ဘုတ်

ကြောက်မက်ဖွယ်ကောင်းသော အော်ရာများရှေ့မှာတော့ သံတမန်များသည် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ထိုင်ချလိုက်၏။ ၎င်းတို့သည် အလွန်တရာ နာကျင်မှုကို ခံစားနေရ၏။

"ဧကရီ"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒီလိုလူတွေကို ဆွဲဆောင်ဖို့က အကောင်းဆုံးနည်းလမ်းမဟုတ်ဘူး။ သူတို့ကို ချက်ချင်း ဒူးထောက်အောင် ပြုလုပ်လိုက်ခြင်းကသာ အကောင်းဆုံးနည်းလမ်းပါ”

"…...."

ယုဖေးရသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ အစောတုန်းက သူမသည် တော်ဝင်မိသားစုများအား ဆေးကုသပြီးနောက် ပြေပြေလည်လည်ဖြင့် သိမ်းသွင်းမည့် နည်းလမ်းကို စဉ်းစားခဲ့၏။ သို့ပေမဲ့ သမားတော်ကြီးသည် အချိန်ဖြုန်းသည်ဟု ပြောဆိုခဲ့သည်။ ချက်ချင်းပဲ သူလုပ်ချင်သည့် အရာကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့လေသည်။

ဝှစ် ဝှစ်

လီချင်းယန်နှင့် အခြားသောသူများသည် နတ်ဆိုးစစ်သည်များကို ခေါ်ဆောင်ကာဖြင့် အင်ပါယာမြို့တော်မှ နေရာအနှံ့ဆီသို့ ထွက်ခွာသွားခဲ့ကြ၏။ သံတမန်များသည် အခိုင်းအစေများသာ ဖြစ်၏။ ၎င်းတို့ကို ဒူးထောက်စေခြင်းဖြင့် အကျိုးမရှိလှချေ။ ထို့ကြောင့် နိုင်ငံ၏ ခေါင်းဆောင်များကို သွားရောက်ကာ ဒူးထောက်ခိုင်း မှ ဖြစ်ပေလိမ့်မည်။

"ဧကရီ"

ကျွင်းချောင်ရှောင်းသည် ရေနွေးတစ်ခွက်ကို သောက်ကာဖြင့် ပြုံးလိုက်မိ၏။ "ဒီမှာ နှစ်နာရီလောက် ငြိမ်ငြိမ်သက်သက် စောင့်လိုက်ကြတာပေါ့။ အင်ပါယာတွေ အကုန်လုံး ရောက်လာပါလိမ့်မယ်"

တယွမ်နိုင်ငံ၏ အဓိကဟောခန်း ….

ဘုရင် ကျင်းယွမ်ရှုသည် ရှုပ်ထွေးလှသည့် မျက်နှာအမူအရာဖြင့် ပုလ္လင်ပေါ်တွင် ထိုင်လျက်ရှိ၏။ သူသည် ရုတ်တရက်ရောက်ရှိလာသည့် သတင်းပို့ချက်ကို လက်ထဲတွင် ကိုင်ဆောင်ထား၏။ အထဲတွင် ပါရှိသည့် အကြောင်းအရာသည် တော်ဝင်မင်းသမီး ယုဖေးရသည် မည်သည့် ခွင့်ပြုချက်ကိုမှ မယူဘဲနှင့် မိမိကိုယ်ကို အင်ပါယာအဖြစ် သတ်မှတ်ခဲ့ပြီး ကျွင်းချောင်ရှောင်းဆိုသူအား စစ်သူကြီးချုပ်အဖြစ် သတ်မှတ်ခဲ့ခြင်းပင်။

"အားလုံးပဲ"

သူသည် စာရွက်ကို အကြံပေးများဆီသို့ လှမ်းပစ်ပေးကာ မေးလိုက်၏။ "ဒီကိစ္စကို ဘယ်လိုထင်လဲ"

အားလုံးတို့သည် တစ်ယောက်ပြီးတစ်ယောက် ဖတ်ရှုပြီးနောက် သဘောမတူသည့် အရိပ်အယောင်များ မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။

"ကျွင်းချောင်ရှောင်းဆိုတာ ဘယ်သူလဲ"

"ဒီလူက အရေးမကြီးပါဘူး"

မုတ်ဆိတ်မွှေးများနှင့် အကြံပေးတစ်ယောက်သည် မုတ်ဆိတ်ကို လက်ဖြင့် ပွတ်သပ်ကာ ပြောလိုက်၏။

"လှိုင်းပြာအင်ပါယာကို ထူထောင်စဥ်ကတည်းက ယောကျာ်းလေးတွေကိုသာ အင်ပါယာအဖြစ် သတ်မှတ်ခဲ့ကြတာ။ မိန်းမတွေကို မဟုတ်ဘူးလေ။ ဒီတော့ ပုလ္လင်ကို ဆက်ခံမဲ့သူက မင်းသားတစ်ပါးပဲ ဖြစ်သင့်တယ်။ ကျုပ်တို့ တယွမ်နိုင်ငံက ဒီအခွင့်အရေးကို တခါတည်းယူပြီး အနာဂတ်မှာ ပြဿနာရှင်းတဲ့အနေနဲ့ သူမကို တစ်ခါတည်း သုတ်သင်လိုက်ကြရအောင်"

"ဒါကအမှန်ပဲ"

"ဒါက အခွင့်ရေးကောင်းတစ်ခုပဲ"

အားလုံးက သဘောတူညီလိုက်ကြသည်။

အခြားတစ်ဖက်မှာတော့ ကျင်းယွမ်ရှုသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်လာ၏။ သူသည် တကယ်တော့ ပျော်ရွှင်လျက် ရှိနေ၏။ ကြက်သွေးရောင် ငရဲလောကကြီး၌ သူသည် လှိုင်းပြာအင်ပါယာ၏ နေရာတွင် အစားထိုးဝင်ရောက်ချင်၏။ သူ၏ကိုယ်ပိုင်အင်ပါယာကို တည်ဆောက်ချင်စိတ်သည် နှလုံးသားထဲတွင် ဟုန်းဟုန်းထလျက် ရှိနေတော့၏။ သို့ပေမဲ့ တော်ဝင်မိသားစုက တည်ရှိနေသေး၏။ ထို့ကြောင့် သစ္စာဖောက်ဟု အမည်မတပ်ခံရစေရန်အတွက် အဆင်ခြင်မဲ့ ကိစ္စရပ်များကို ပြုလုပ်ရန် မဖြစ်နိုင်ချေ။ တခြားသော အဆင့်မြင့် နိုင်ငံများဆီမှ ဘုရင်များသည်လည်း ထိုကဲ့သို့ပဲ တွေးတောပြီးသား ဖြစ်တော့၏။

ကြက်သွေးရောင် ငရဲလောကကြီးကို စုစည်းရန်ဆိုသည်မှာ အလွန်ခက်ခဲလွန်းလှ၏။ တော်ဝင်မိသားစု၏ ခွင့်ပြုချက်မရှိဘဲ ဘာတစ်ခုမှပြုလုပ်နိုင်ချေ။ သို့ပေမဲ့ ယခုမှာတော့ ခြားနားသွားခဲ့၏။ လှိုင်းပြာအင်ပါယာ၏ ဘုရင်သည် အသက်ရှင်လျက်ရှိနေပြီး မင်းသမီးသည် နန်းပုလ္လင်ကို ဆက်ခံရန် စဉ်းစားလျက် ရှိနေသည်။ ဤအခွင့်အရေးကိုသာ အရယူ၍ သူမကို ရှင်းပစ်နိုင်လျှင် အခြားသူများသည် ကောလဟာလအဖြစ် အတင်းပြောဆို၍ မရနိုင်တော့ချေ။

"ဘုရင်"

အကြံပေးတစ်ယောက်က ပြောလိုက်၏။ "အချိန်က လူကိုမစောင့်ဘူးလေ။ လုပ်စရာရှိတာကို အရင်ဆုံး လုပ်ကြရအောင်"

"ဒါအမှန်ပဲ"

ကျင်းယွမ်ရှုသည် ချက်ချင်းပဲ မတ်တပ်ထရပ်ကာ ပြောလိုက်သည် "အင်ပါယာမြို့တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ စစ်သည်တွေကို စေလွှတ်လိုက်တော့။ ပြီးတော့ တော်ဝင်မင်းသမီးက နန်းပုလ္လင်ကို လုယက်တယ်ဆိုတဲ့ သတင်းကို အားလုံးသိအောင် ကြေညာလိုက်။

"ကောင်းပါပြီ"

ဘုန်း …..

သို့ပေမဲ့ အကြံပေးများသည် အမိန့်ကို လက်ခံပြီးသည့် အချိန်မှာပဲ နားကွဲလောက်စရာ ပေါက်ကွဲသံကြီးသည် အပြင်ဖက်ဆီမှ ထွက်ပေါ်လာပြီး အထိကဟောခန်းကြီးတစ်ခုလုံး တုန်ယင်သွားခဲ့၏။ ကျင်းယွမ်ရှုသည် မျက်မှောင်ကုန်ပြီးသည့်နောက် အားလုံးကိုဦးဆောင်ကာ ရှေ့ဆီသို့ လှမ်းထွက်လိုက်၏။ မြို့၏ အရှေ့ဖက်အစွန်တွင် ကြီးမားလှသော အစီအရင်ကြီးတစ်ခု ပေါ်ပေါက်လျက် ရှိနေသည်ကို မြင်လိုက်ရ၏။ မြို့၏ ဂိတ်တံခါးအတွင်းမှာတော့ တွင်းကြီးများ ဖြစ်ပေါ်လျက် ရှိ၏။

"ဘုရင်"

စစ်သူကြီးတစ်ယောက်သည် အလျင်အမြန်ဖြင့် ပြေးလာပြီးသည့်နောက် စိုးရိမ်ကြောင့်ကျစွာ ပြောလိုက်သည်။ "ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ စစ်သည်ပေါင်းနှစ်သိန်းက ပေါ်လာတယ်။ သူတို့က အဓိကမြို့ရဲ့ အကာအကွယ် အစီအရင်ကြီးကို ချိုးဖျက်ဖို့ စဉ်းစားနေကြတယ်"

ကျင်းယွမ်ရှုသည် ချက်ချင်းပဲ ဒေါသထွက်သွား၏။ တယွမ်မြို့ဆိုသည်မှာ အဓိကမြို့ကြီးတစ်ခု ဖြစ်ပြီး သူကိုယ်တိုင် အုပ်ချုပ်နေသည့်မြို့လည်းဖြစ်၏။ ထိုကဲ့သို့သော မြို့ကို လာရောက်ကာ တိုက်ခိုက်ရဲခြင်းမှာ အလွန်တရာ ရဲတင်းပြီး မိုက်မဲလွန်းလှချေ၏။ အဘယ့်ကြောင့် လာရောက်ကာ တိုက်ခိုက်သနည်း ဆိုသည်ကို စဉ်းစား၍လည်းမရချေ။

"သတင်းပို့ပါတယ်"

ထိုအချိန်မှာတော့ အစောင့်တစ်ယောက်သည် ပြေးလာကာ ပြောလိုက်၏။ "ငှက်ပျံမြို့ကိုလည်း သိမ်းပိုက်ခံထားရပါတယ်"

"ဘာ"

ကျင်းယွမ်ရှုသည် တည်နေရာမှာပင် တွေဝေငေးငိုင်လျက် ရှိနေ၏။ ငှက်ပျံမြို့ဆိုသည်မှာ တယွမ်နိုင်ငံ၏ အဓိကစစ်တပ်ရှိရာ မြို့လည်းဖြစ်၏။ လက်ရွေးစင် စစ်သည်များ အားလုံးသည် တစ်နှစ်ပတ်လုံး ထိုနေရာတွင် လေ့ကျင့်လျက် ရှိနေ၏။ ယခု အရေးကြီးလှသော မြို့ကြီးသည် ချက်ချင်းပဲ ကျဆုံးသွားခဲ့သည်လား။

"သတင်းပို့ပါတယ်။ ဟူပန်မြို့လည်း ကျဆုံးသွားပါပြီ"

"သတင်းပို့ပါတယ်။ ချီလုမြို့ကလည်း ကျဆုံးသွားပါပြီ"

"သတင်းပို့ပါတယ်။ .."

အချိန်တိုအတွင်းမှာပဲ တည်နေရာအနှံ့ဆီသို့ စေလွှတ်ထားခဲ့သော လူများဆီမှ သတင်းများသည် တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့၏။ ဟောခန်း၏ အပြင်ဖက် တည်နေရာ တစ်ခုလုံးသည်လည်း ပိုမိုကာ လေးနက်လာခဲ့သည်။

ဖူး

ခနလောက် ကြာပြီးသည့်နောက် ကျင်းယွမ်ရှုသည် သွေးများအန်ထွက်လာခဲ့၏။ သူသည် ရင်ဘတ်ကို ဆုပ်ကိုင်ကာဖြင့် အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။

တစ်ချိန်တည်းမှာပဲ များပြားလှသော မြို့များ ကျဆုံးခြင်းကို မည်သူက သည်းခံနိုင်မည်နည်း။ ထိုအချိန်မှာပဲ နောက်ထပ်နားကွဲလောက်စရာ အသံကြီး ထွက်ပေါ်လာ၏။ အလင်းတန်းများသည် စုဝေးကာ ရောက်ရှိလာပြီး မြို့၏ အကာအကွယ်အစီအရင်ကြီးကို ချိုးဖျက်နေလေသည်။

ခရွက် ခရွက်

အစီအရင်များသည် ချက်ချင်းပဲ ပြိုလဲသွားခဲ့၏။

"မဟုတ်ဘူး … မြို့ရဲ့ အကာအကွယ်အစီအရင်ကြီးက ကျိုးတော့မှာပဲ"

ဘုန်း ဘုန်း

ထိုအချိန်မှာပဲ နောက်ထပ် အလင်းတန်းများသည် ပျံသန်းလာပြီးနောက် အတားအဆီး အစီအရင်များကို ဆက်တိုက်ဆိုသလို ထိမှန်တော့သည်။ ဆက်တိုက် တိုက်ခိုက်မှုအောက်တွင် မည်သို့မျှ မခံနိုင်တော့ဘဲ အစီအရင်ကြီးသည် လေထဲမှာပင် ပျောက်ကွယ်သွားလေသည်။

ဝှစ် ဝှစ်

နတ်ဆိုးစစ်သည် နှစ်သိန်းကျော်တို့သည် မြန်မြန်ဆန်ဆန်ဖြင့် ပျံသန်းလာကြ၏။ ၎င်းတို့သည် မြို့၏အထက် လေထဲတွင် ရပ်တန့်လျက် ရှိနေပြီး အားကောင်းလှသော အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။

"စစ်သူကြီးချုပ်က အမိန့်ပေးလိုက်တယ်"

ရှောင်ကျီသည် စစ်တပ်၏ ရှေ့တွင် မတ်မတ်ရပ်ကာဖြင့် ပြောလိုက်သည်။ "တယွမ်ဘုရင် ကျင်းယွမ်ရှု ချက်ချင်းပဲ အရှင်မင်းကြီးကို ဂါဝရပြုဖို့ အင်ပါယာမြို့ကို သွားပါ။ မလိုက်နာရင် အဆင်ခြင်မဲ့ သတ်ဖြတ်ခြင်းကို ခံရမယ်"

မြို့၏အပြင်ဖက် မြင်ကွင်းကို လှမ်းကာ ကြည့်ရှုလိုက်၏။ အပြင်ဖက် တောင်ကုန်းပေါ်တွင် အမြောက်များသည် နေရာအပြည့် ယူထား၏။ မြို့၏ အကာအကွယ်အစီအရင်ကို ဆတ်တိုက် တိုက်ခိုက်နေခြင်းသည် ထိုအမြောက်ကြီးနှင့် တိုက်ခိုက်နေခြင်းသာ ဖြစ်၏။

စနစ်၏ ထုတ်ကုန်သည် ပြောစရာမလိုအောင် အရည်အသွေး ကောင်းလွန်းလှ၏။ ဆက်တိုက် တိုက်ခိုက်လျှင် တည်နေရာကြီးတစ်ခုလုံးတောင် ရစရာမရှိ ဖြစ်သွားမှာ သေချာသည်။

................

တူညီသော မြင်ကွင်းသည် ချန့်ယွမ်နိုင်ငံ၏ အပြင်ဖက်တွင်လည်း ဖြစ်တည်နေခဲ့၏။

စုရှောင်မိုဦးဆောင်သော နတ်ဆိုးစစ်သည်များသည် ပျက်စီးလျက်ရှိသော မြို့၏အထက်တွင် လွင့်မျောလျက်ရှိ၏။ အလွန်အားကောင်းသော နတ်ဆိုးစွမ်းအင်များကို ထုတ်ဖော်ကာဖြင့် ဘုရင်ချန့်ယွမ်ကို ဖိနှိပ်ထားသည်။ အဆုံးစွန်သောစွမ်းအင်များကို ရင်ဆိုင်ရသည့်အခါမှာတော့ ကြက်သွေးရောင် ငရဲလောကမှ နိုင်ငံများသည် စက္ကူများကဲ့သို့ပင် ပါးရှလွန်းလှသည်။

"ကောင်းပြီ"

ဘုရင်ချန့်ယွမ်၏ လက်များသည် တုန်ယင်လျက် ရှိနေ၏။ "ကျုပ် အရှင်မင်းကြီးကို ဂါဝရပြုဖို့ ချက်ချင်းသွားပါမယ်"

သူ၏ လက်ရွေးစင်စစ်တပ်နှင့် မြို့ကြီးတစ်ခုလုံးသည် ချက်ချင်း ဖျက်စီးခြင်းကို ခံလိုက်ရ၏။ ယခုရောက်ရှိလာသော စစ်သည်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။ ထို့ကြောင့် ရွေးချယ်ခွင့်မရှိဘဲ သဘောတူညီလိုက်ရသည်။

" သူ့ကို ခေါ်သွားတော့" စုရှောင်မိုက အမိန့်ပေးလိုက်၏။

ဆွစ် ဆွစ်

နတ်ဆိုးစစ်သည် အနည်းငယ်တို့သည် အဓိကဟောခန်းရှေ့သို့ ပျံသန်းလာခဲ့ပြီး ဘုရင်ချန့်ယွမ် လက်မောင်းကို အသာဆွဲကိုင်ကာဖြင့် ထွက်ခွာသွားခဲ့သည်။

ဤအရာသည် ဖိတ်ခေါ်ခြင်းမဟုတ်ပေ။ အတင်းဆွဲခေါ်သွားခြင်းသာ ဖြစ်၏။

All Chapters